လျူလီကမ္ဘာသို့ တစ်ခေါက် ပြန်ရောက်ခြင်း
Vol. 33 Ch. 360
ထန်ထျန်း၏ ပုံရိပ်က ကမ္ဘာကြီး၏ ကောင်းကင်ထက်တွင် ပေါ်လာခဲ့၏။
အရောင်အသွေး စုံလင်လှသော ကမ္ဘာတစ်ခုအတွင်း၌ ထူထပ်လှသော အင်မော်တယ် စွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများ ရောနှောကာ မျက်နှာဆီသို့ တိုးဝင်လာခဲ့သည်။
တခြားအရာတွေကို ထည့်မပြောနဲ့ဦးတော့၊ ဒီလောက်အဆင့်ရှိတဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင်မျိုးကတော့ တစ်လောကလုံးမှာ ရှာဖွေကြည့်ရင်တောင် နောက်ထပ်တစ်ခု တွေ့ဖို့ မလွယ်လှပေ။
ဤနေရာမှာ စစ်မှန်သော လျူလီကမ္ဘာပင် ဖြစ်၏။
နှမြောစရာကောင်းသည်မှာ လျူလီကမ္ဘာ၏ နိယာမများမှာ မပြည့်စုံသေးခြင်းပင် ဖြစ်သည်။ ရှောင်မောက်က ဤကာလအတွင်း အများကြီး တိုးတက်လာခဲ့သည် ဆိုသော်လည်း အင်မော်တယ်အဆင့် ကျော်လွန်သော ကျင့်ကြံသူများ ကျင့်ကြံနိုင်ရန်အထိတော့ မပံ့ပိုးပေးနိုင်သေးပေ။
မဟုတ်ပါက ထန်ထျန်းသည် ဤနေရာ၌ပင် အင်မော်တယ်ဧကရာဇ် အဆင့်အထိ အေးအေးဆေးဆေး တက်လှမ်းနေနိုင်ပေလိမ့်မည်။
"နောက်ဆိုရင် ဒီလို ကလေးကလား မေးခွန်းတွေ မမေးနဲ့တော့"
"ငါက လျူလီကမ္ဘာပဲ၊ လျူလီကမ္ဘာကလည်း ငါပဲ။ မင်း ဝင်ချင်တယ်ဆိုရင် ငါက အချိန်မရွေး ခေါ်လာပေးလို့ ရတယ်"
ရှောင်မောက်က ထန်ထျန်း၏ ဘေးတွင် ပေါ်လာရင်း ပြောလိုက်၏။
ထန်ထျန်းက သူ၏ တောင်းဆိုချက်ကို ပြောလိုက်သည်နှင့် ရှောင်မောက်က လက်သည်းကို အသာလေး ဝှေ့ယမ်းကာ ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ထန်ထျန်းကို ခေါ်ပြီး ဝင်လာခဲ့ခြင်းပင်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါ မင်းကို အထင်သေးမိသွားတယ်။ "
"မင်းက တကယ်ကို အစွမ်းထက်ပါတယ်ကွာ"
ထန်ထျန်းက ပြုံး ရင်း ပြောလိုက်၏။
ရှောင်မောက်ကတော့ ထိုစကားကြောင့် အတိုင်းမသိ ပျော်ရွှင်သွားခဲ့သည်။
"မဟုတ်ပါဘူး... မင်းပြောသလောက်လည်း ငါက မတော်ပါဘူး"
၎င်းက ပါးစပ်ကြီး နားရွက်တက်ချိတ်မတတ် ပြုံးဖြဲဖြဲဖြင့် ပြန်ပြောနေပေသည်။
ထန်ထျန်းက ခေါင်းယမ်းလိုက်ပြီးနောက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
ဤကမ္ဘာငယ်လေးထဲသို့ ပြန်ရောက်လာသည့်အခါ သူက ရင်းနှီးသော ခံစားချက်မျိုး ခံစားလိုက်ရသည်။
သို့သော် ယခုတစ်ခေါက် ရောက်လာသည့်အခါ အရင်ကထက် အပြောင်းအလဲများစွာ ရှိနေသည်ကို သူ သတိထားမိလိုက်၏။
ပထမအချက်မှာ ကျင့်ကြံခြင်း နိယာမများမှာ ပို၍ ပြည့်စုံလာခြင်း ဖြစ်သည်။ သေမျိုးအဆင့်မှ ရွှေအင်မော်တယ် အဆင့်အထိ ကျင့်ကြံနိုင်ရန် လုံလောက်နေပြီ ဖြစ်၏။
ဤကမ္ဘာမှ မွေးဖွားလာသည့် "မူလသက်ရှိ" များဆိုလျှင် အင်မော်တယ်ဘုရင် အဆင့်အထိပင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ထန်ထျန်းက အောက်ဘက်သို့ ဝေ့ဝဲကြည့်လိုက်ရုံဖြင့် အင်မော်တယ်ဘုရင်အဆင့်ရှိသော အင်မော်တယ်သားရဲ အတော်များများကို မြင်တွေ့လိုက်ရ၏။
တကယ်လို့ သူ ပထမဆုံးအကြိမ် လျူလီကမ္ဘာထဲ ဝင်လာတုန်းက ဒီလိုအခြေအနေမျိုးသာ ဆိုလျှင် ရှောင်မောက်ကို သူ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
ဒုတိယအချက်မှာ ကမ္ဘာ၏ ဧရိယာမှာ သိသိသာသာ ကျယ်ပြန့်လာခြင်း ဖြစ်သည်။
အထူးသဖြင့် လျူလီပင်လယ်မှာ အနက်ရော အကျယ်ပါ တိုးလာခဲ့၏။
အဆုံးမဲ့ ဝိညာဉ်စွမ်းအားများ စုစည်းနေသည်မှာ ကောင်းကင်ဘုံက အင်မော်တယ် ရေကန်ကြီးတစ်ခုအလားပင်။
ထိုအဆုံးမဲ့ ဝိညာဉ်စွမ်းအားများအပြင် လျူလီပင်လယ်၏ အောက်ခြေ၌ ရွှေရောင် ရေစီးကြောင်းများ ရှိနေသည်ကိုလည်း သူ တွေ့လိုက်ရ၏။
၎င်းမှာ အလွန်မြင့်မားသော အင်မော်တယ် စွမ်းအားများပင် ဖြစ်သည်။
ထန်ထျန်း၏ လက်ကောက်ဝတ်ရှိ လျှို့ဝှက်ကျောက်စိမ်းမှ ထွက်ပေါ်လာသော စွမ်းအားကို မမီသော်လည်း အပြင်လောကနှင့် ယှဉ်လျှင်တော့ အဆင့် အများကြီး ပိုမြင့်မားပေသည်။
တကယ်လို့ ဤစွမ်းအားတွေကို လျူလီပုတီးစေ့လိုမျိုး ဖိသိပ်နိုင်မည်ဆိုပါက အပြင်က ကျင့်ကြံသူတွေ ရူးသွပ်သွားကြမည်မှာ သေချာသည်။
အဘယ်ကြောင့်ဆိုသော် ထန်ထျန်းကဲ့သို့ အဆုံးမဲ့ အင်မော်တယ်စွမ်းအား ပိုင်ဆိုင်ထားသူမှာ မရှိသလောက် ရှားသောကြောင့် ဖြစ်၏။
"ငါ အဲဒါတွေ နည်းနည်း ယူမယ်ဆိုရင် ထိခိုက်မှု ရှိမလား"
ထန်ထျန်းက မေးလိုက်သည်။
ရှောင်မောက်က မှင်တက်သွားရင်း "ဘာကို ထိခိုက်မှာလဲ"
"ငါ့ကမ္ဘာမှာ အကုန်လုံး ရှားချင်ရှားမယ်၊ ဝိညာဉ်စွမ်းအားနဲ့ အင်မော်တယ်စွမ်းအားကတော့ မရှားဘူး။ "
"မင်း ကြိုက်သလောက်သာ ယူစမ်းပါ"
ရှောင်မောက်က အပိုင်ပြောလိုက်၏။
ခွင့်ပြုချက် ရလိုက်သည်နှင့် ထန်ထျန်း ဘာမှ ထပ်မပြောတော့ပေ။
သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် လက်ကို ဆန့်ထုတ်လိုက်၏။
အမွေအနှစ်အဆင့်ရှိသော အစားကြူး လျှို့ဝှက်ကျင့်စဉ် ကို နောက်တစ်ကြိမ် အစွမ်းကုန် လည်ပတ်လိုက်သည်။
အရင်တစ်ခေါက်တုန်းက သူသည် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်မှာပဲ ရှိသေးသဖြင့် ကျင့်စဉ်၏ စွမ်းရည် မှာ သာမန်သာ ဖြစ်၏။
သို့သော် ယခုတစ်ခေါက်တွင်မူ သူက ရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်သည်။
အစားကြူး လျှို့ဝှက်ကျင့်စဉ်ကို လည်ပတ်လိုက်သည်နှင့် လျူလီကမ္ဘာ၏ ကောင်းကင်ထက်တွင် ကြီးမားလှသော လေပြင်းမုန်တိုင်းကြီးများ ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဝဲဂယက်ကြီးတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာပြီးနောက် အောက်ဘက်ရှိ လျူလီပင်လယ်မှာ ဆူပွက်လာကာ မီတာ ရာနဲ့ချီသော လှိုင်းလုံးကြီးများ ထလာခဲ့၏။
အင်မော်တယ်သားရဲ အတော်များများမှာ ဤအခြေအနေကို မြင်သည်နှင့် အန္တရာယ်ကင်းရာသို့ အမြန်ပြေးကြတော့သည်။
အင်မော်တယ်အရှင်အဆင့်ရှိသော တည်ရှိမှုအချို့ကတော့ ဤမုန်တိုင်းက ဘယ်ကလာသလဲဆိုတာ သိချင်သဖြင့် ရပ်ကြည့်နေကြသော်လည်း ရှောင်မောက်၏ အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် ချက်ချင်းပင် ဝေးဝေးသို့ ရှောင်သွားကြ၏။
ကမ္ဘာ့အရှင်သခင်၏ ကိစ္စတွင် ဝင်ပါရန် သူတို့မှာ အရည်အချင်း မရှိပေ။
မည်သည့် အတားအဆီးမှ မရှိဘဲ ထန်ထျန်းက အစားကြူး လျှို့ဝှက်ကျင့်စဉ်ကို အစွမ်းကုန် အသုံးချလိုက်ရာ ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကြီးမားသည့် လေဆင်နှာမောင်းကြီးက ထန်ထျန်း၏ လက်ဝါးအတွင်းသို့ စီးဝင်လာခဲ့သည်။
များပြားလှသော ဝိညာဉ်စွမ်းအားများကို ခံစားမိသည်နှင့် ထန်ထျန်းက လက်ဟန်ကို ပြောင်းလဲလိုက်ရာ ပြင်းထန်သော ဖိအားတစ်ခု ချက်ချင်း ကျရောက်လာ၏။
သန့်စင်ပြီးသား ဝိညာဉ်စွမ်းအားများမှာ အစွမ်းကုန် ဖိသိပ်ခံလိုက်ရသဖြင့် အရွယ်အစားမှာ သိသိသာသာ သေးငယ်သွားခဲ့သည်။
ခဏချင်းအတွင်းမှာပင် ကြည်လင်တောက်ပသည့် ပုတီးစေ့ငယ် ရာနဲ့ချီ၍ ထန်ထျန်း၏ ရှေ့တွင် ပေါ်လာခဲ့၏။
ထန်ထျန်းက စိတ်အာရုံဖြင့် ထိုပုတီးစေ့အားလုံးကို သူ၏ အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။
ယခုတစ်ခေါက် သူပြုလုပ်လိုက်သော ဝိညာဉ်စုစည်းပုတီးစေ့မှာ ပါဝင်သည့် စွမ်းအားက ပို၍ ကြီးမားလှပေသည်။
ဆယ်စေ့ခန့် ရှိရုံဖြင့် တက်လှမ်းခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ဦးကို တစ်ဆင့်လုံး ချောချောမောမော ဖြတ်ကျော်သွားစေနိုင်၏။
ရှောင်မောက်၏ ခွင့်ပြုချက် ရထားသဖြင့် ထန်ထျန်းက အရှိန်ကို ထပ်မြှင့်လိုက်သည်။
ပင်လယ်ရေ အမြောက်အမြားကို သူက စုပ်ယူလိုက်ပြီး ဝိညာဉ်စုစည်းပုတီးစေ့ငယ်များအဖြစ် ပြောင်းလဲကာ နေရာလွတ်ထဲသို့ ပို့ဆောင်လိုက်၏။
တစ်သိန်း... တစ်သန်း... သန်း တစ်ရာ
တစ်နာရီခန့် ကြာပြီးနောက် ထန်ထျန်းက အလွန်သန့်စင်သော ဝိညာဉ်စုစည်းပုတီးစေ့ သန်း ပေါင်း ရာနဲ့ချီ၍ ပြုလုပ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
ဤသို့ အမြောက်အမြား ထုတ်ယူလိုက်သည့်အတွက် လျူလီပင်လယ်မှာ ဧရိယာ ကျယ်ပြန့်လှသည် ဆိုသော်လည်း ပင်လယ်ရေမျက်နှာပြင်မှာ တစ်မီတာခန့် ကျဆင်းသွားသည်မှာ ရှောင်လွှဲ၍ မရပေ။
တွက်ချက်ကြည့်လျှင် သူ သုံးစွဲလိုက်သော "ပင်လယ်ရေ" ပမာဏမှာ အလွန်ပင် ကြောက်စရာကောင်းလှ၏။
ဝိညာဉ်စုစည်းပုတီးစေ့ အရေအတွက် ဘီလီယံ ၂၀ ပြည့်သွားသည့်အခါမှ ထန်ထျန်းက ရပ်တန့်လိုက်သည်။
သို့သော် သူ ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ ပြုလုပ်ပြန်၏။
သို့သော် ယခုတစ်ခေါက် ပြုလုပ်သော ပုတီးစေ့မှာ အာနိသင်က အနည်းငယ် နိမ့်ပါးပြီး ပါဝင်သော ဝိညာဉ်စွမ်းအားမှာ အရှေ့က ပုတီးစေ့၏ ငါးပုံတစ်ပုံခန့်သာ ရှိပေသည်။
ဘာပဲဖြစ်ဖြစ် ဒါက ရောင်းကုန်ပစ္စည်းအဖြစ် သုံးမှာဆိုတော့ အဆင့်ခွဲထားတာက ပိုကောင်းပေလိမ့်မည်။
အရင်က ကျန်နေတဲ့ ဘီလီယံ ပေါင်းများစွာကတော့ "အဆင့်နိမ့်" ဝိညာဉ်စုစည်းပုတီးစေ့ပေါ့။
အခု လုပ်နေတာက "အလယ်အလတ်အဆင့်" ဖြစ်၏။
အရှေ့က ဘီလီယံ ၂၀ ကတော့ "အဆင့်မြင့် " ဖြစ်ပေလိမ့်မည်။
ဤသို့ဆိုလျှင် အမှတ်တံဆိပ် ထုတ်ကုန်တစ်ခုက သုံးမျိုး ဖြစ်သွားပြီ မဟုတ်လား။
ထန်ထျန်းက သူ၏ ဉာဏ်ကောင်းမှုကို ကိုယ်တိုင် လက်ခုပ်တီး ချီးကျူးလိုက်မိ၏။
ထို့နောက် သူက အလယ်အလတ်အဆင့် ဝိညာဉ်စုစည်းပုတီးစေ့ ဘီလီယံ ပေါင်း ဆယ်ဂဏန်းခန့် ထပ်မံ ပြုလုပ်ပြီးနောက် ရပ်နားလိုက်သည်။
ဤမျှဆိုလျှင် လုံလောက်ပြီ ဖြစ်၏။
သူတို့၏ အဓိက အမှတ်တံဆိပ်ကတော့ အင်မော်တယ် ဝိညာဉ်ပုတီးစေ့ သာ ဖြစ်ရပေမည်။
ထန်ထျန်းက အောက်ဘက်ရှိ လျူလီပင်လယ်ကို လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် ပင်လယ်ရေမျက်နှာပြင်မှာ နှစ်မီတာထက်မက ကျဆင်းသွားသဖြင့် ရွှေရောင် သဲသောင်ပြင်ကြီးမှာ ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။
ရှောင်မောက်ကို ခိုးကြည့်လိုက်ရာ ၎င်းက ဘေးနားတွင် အေးအေးဆေးဆေး အမွေးလျက်နေပြီး သိပ်ပြီး ဂရုမစိုက်သလို ရှိနေသဖြင့် ထန်ထျန်းက ဒုတိယ တာဝန်ကို စတင်လိုက်တော့သည်။
အင်မော်တယ် ဝိညာဉ်ပုတီးစေ့ ပြုလုပ်ခြင်း ပင် ဖြစ်၏။
ပင်လယ်ရေမျက်နှာပြင် ကျဆင်းသွားသည့်အတွက် လျူလီပင်လယ်အောက်ခြေရှိ အင်မော်တယ် စွမ်းအား ရေစီးကြောင်းများမှာ ရှင်းလင်းစွာ မြင်နေရပြီ ဖြစ်သည်။
ထန်ထျန်းက အရင်အတိုင်းပင် ထိုစွမ်းအားအားလုံးကို စုပ်ယူလိုက်၏။
အဆင့်နိမ့် အင်မော်တယ် ဝိညာဉ်ပုတီးစေ့မှာ သာမန် အင်မော်တယ်တစ်ဦး၏ စွမ်းအားအားလုံးကို ပံ့ပိုးပေးနိုင်ပြီး အရည်အသွေးမှာ အထူးကောင်းမွန်၏၊ စုစုပေါင်း ၁၀ ဘီလီယံ ။
အလယ်အလတ်အဆင့် အင်မော်တယ် ဝိညာဉ်ပုတီးစေ့မှာ သာမန် ကောင်းကင် အင်မော်တယ် တစ်ဦး၏ စွမ်းအားအားလုံးကို ပံ့ပိုးပေးနိုင်ပြီး အရည်အသွေးမှာ အဆင့်မြင့်မားလှ၏၊ စုစုပေါင်း ငါး ဘီလီယံ ။
အဆင့်မြင့် အင်မော်တယ် ဝိညာဉ်ပုတီးစေ့မှာတော့ သာမန် ရွှေအင်မော်တယ် တစ်ဦး၏ စွမ်းအားအားလုံးကို ပံ့ပိုးပေးနိုင်ပြီး အရည်အသွေးမှာ အကောင်းဆုံး ဖြစ်၏၊ စုစုပေါင်း တစ် ဘီလီယံ
မျက်စိတစ်ဆုံး မြင်နေရသော အင်မော်တယ် စွမ်းအား ရေစီးကြောင်းအားလုံးကို ထန်ထျန်းက အကုန် စုပ်ယူလိုက်ခြင်း ဖြစ်သည်။
လျူလီပင်လယ်၏ ရေမျက်နှာပြင်မှာ နောက်ထပ် နှစ်မီတာခန့် ထပ်မံ ကျဆင်းသွားခဲ့၏။
အင်မော်တယ်သားရဲ အတော်များများမှာ သဲသောင်ပြင်ပေါ်မှာ ဝပ်နေရင်း ဝေးကွာသွားသော ပင်လယ်ရေပြင်ကို ကြည့်ကာ မျက်လုံးအဝိုင်းသား ဖြစ်နေကြပေသည်။
"အမေရေ... ဘာတွေ ဖြစ်ကုန်တာလဲ" ဆိုသည့် ပုံစံမျိုးဖြင့် သူတို့ ဘယ်လိုမှ စဉ်းစားလို့ မရနိုင်ကြပေ။
ထန်ထျန်းလည်း အောက်ဘက်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။
သွားပြီ... ပင်လယ်ရေကို စုပ်ယူတာ အရှိန်လွန်သွားပြီး နည်းနည်းတော့ လွန်သွားပြီ ထင်တယ်။
ထိုအချိန်တွင် ရှောင်မောက်ကလည်း အမွေးလျက်လို့ ပြီးသွားခဲ့ပြီး ထန်ထျန်းကို လှမ်းမေးလိုက်၏။ "မင်း လုပ်စရာရှိတာ ပြီးပြီလား"
ထို့နောက် ၎င်းက ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်တော့သည်။