← Chapters

မင်းရဲ့ခင်ပွန်းကို ပြုစုစောင့်ရှောက်ဖို့ ဇနီးကောင်းတစ်ယောက်အဖြစ် ဒီမှာနေခဲ့ပါ ...

Vol. 76 Ch. 903

မင်းရဲ့ခင်ပွန်းကို ပြုစုစောင့်ရှောက်ဖို့ ဇနီးကောင်းတစ်ယောက်အဖြစ် ဒီမှာနေခဲ့ပါ ...

Vol. 76 Ch. 903

ဆေးအိုးကိုးပါးမြို့တော်။ ဤမြို့သည် ရွှေခေတ်တွင် အင်အားစုများစွာမှပစ်မှတ်ထား ခံခဲ့ရသောကြောင့် ပျက်စီးခဲ့ဖူးသော်လည်း စည်းကားမှုများ ရှိနေဆဲပေပင်။

မြို့လယ်တွင် (၉၉)တောင်မြင့်သော ကျောက်သားရုပ်တုကြီးတစ်ခုကို အဝေးမှပင် မြင်နိုင်သည်။ ထိုရုပ်တုသည် လက်နှစ်ဖက်ကို နောက်ပို့ထားလျက် လောကကြီးကို အပေါ်စီးမှ ငုံ့ကြည့်နေသော စုရီ၏ ပုံတူပေပင်။

ဤသည်မှ ဧကရာဇ်ရှမှ စုရီ၏ ဂုဏ်သတင်းကို ချီးမြှောက်ပေးထားသော လုပ်ရပ်ဖြစ်သည်။ အရှားပါးဆုံး၊ တန်ဖိုးအရှိဆုံး ဝိညာဉ်ကျောက်တုံးများနှင့် ထုဆစ်ထားကာ တန်ဖိုးသည် မခန့်မှန်းနိုင်ချေ။

“ အဟက် ... အသက်ရှင်နေတဲ့လူကို ရုပ်တုတစ်ခုထုပြီး ကိုးကွယ်နေကြတာလား ဒါကမိစ္ဆာတစ်ကောင်ကို နတ်ကွန်းကြီး ဆောက်ပေးသလိုပါပဲ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ။ ”

လူအများက ထိုရုပ်တုကြီး‌ရှေ့တွင် ကြည်ညိုလေးစားစွာဖြင့် စကားစမြည်များ ပြောဆိုနေကြသည်။ ထိုစဉ် လှောင်ပြောင်သံ တစ်သံ ထွက်ပေါ်လာ၏။

ဤသည်မှာ ဝတ်ရုံဖြူဝတ်ဆင်ထားပြီး ကျောပြင်တွင် ရှေးဟောင်းဓားကြီးတစ်လက်ကို လွယ်ထားသော လူငယ်တစ်ဦးဖြစ်၏။

“ ဟမ့် ... မင်းကဘယ်သူလဲ ... ငါတို့ရဲ့အင်မော်တယ်စုကို စော်ကားနေတာ သေချင်လို့လား။ ”

သူ့စကားကြောင့် လူအများက ဒေါသတကြီးနှင့် လှည့်ကြည့်လိုက်သော်လည်း ထိုလူငယ်မှ အပြုံးမပျက်ခဲ့ချေ။

ကြောက်မက်ဖွယ် ဓားရောင်ဝါကို ထုတ်လွှတ်လျက် လူတိုင်းအပေါ် ပြန်လည် ဖိအားပေးကာ၊

“ မင်းတို့လိုလူတွေနဲ့စကားပြောဖို့ ငါဒီမှာ မဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်သည်။ သူ့စကားကြောင့် လူအုပ်ထဲမှ တစ်စုံတစ်ဦးက၊

“ မင်း တကယ်စွမ်းရင် ... အင်မော်တယ်စုနဲ့တိုက်ဖို့သွားပါ ရုပ်တုတစ်ခုကို စော်ကားမနေနဲ့ ... ။ ”

-ဟု တုန့်ပြန်သည်။

“ ဟမ့် ... မှတ်ထားကြ ... ငါ့နာမည်က လင်းခုံး ... ကောင်းကင်အလင်းကြယ်စုကနေ လာတယ် ... မင်းတို့ရဲ့ အဲဒီသူရဲကောင်းကြီးကို တွေ့ရင်ပြောလိုက် ...

... ငါနဲ့လာတိုက်ဝံ့ရင် သူ့ကို ဓားသုံးချက် အသာပေးမယ် သူ့အသက်ကိုလည်း ချမ်းသာခွင့် ပေးမယ်။ ”

စကားဆုံးသည်နှင့် လူငယ်သည် အလင်းတန်းတစ်ခုအလား ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

လူအုပ်ထဲတွင် ရှိနေသော စုရီက ထိုလူငယ်ကိုတစ်ချက်ကြည့်ပြီးနောက် ရုပ်တုထ့ ပြန်ကြည့်ကာ ခေါင်းရမ်းလိုက်၏။

“ တကယ်ပဲ သက်ရှိတစ်ယောက်ကို ရုပ်တုအဖြစ်ထုပေးတာက ပြဿနာရှိနိုင်ပေမယ့် ဧကရာဇ်ရှရဲ့ စေတနာကိုတော့ မြင်နိုင်တယ်။ ”

ထို့နောက် သူသည်လည်း လူအုပ်အတွင်းမှ ပျောက်ကွယ်သွားတော့၏။ ကောင်းကင်တောင် နွေရာသီစံအိမ်အတွင်း လေထုသည် လေးလံ ထိုင်းမှိုင်းနေသည်။

ဖူစုရုံတစ်ယောက် သူမ၏သမီးဖြစ်သူ ရှချင်းယွမ်ကို ‘ခရမ်းရောင်လမြေခွေး’မျိုးနွယ်စု ရှိရာသို့ ခေါ်ဆောင်သွားရန် ထပ်မံရောက်ရှိ လာခြင်းပေပင်။

“ အဖေ ... သမီးလိုက်သွားပါ့မယ်။ ”

“ သမီး ... ။ ”

ချင်းယွမ်က အံကြိတ်လျက် မျက်ရည်များဝဲကာ ဆုံးဖြတ်ချက်ပေးလိုက်၏။ ဧကရာဇ်ရှတစ်ယောက် မိမိကိုယ်ကိုယ် နာကျည်းနေရုံမှတစ်ပါး အခြားမရှိချေ၊

ထိုမြင်ကွင်းကြောင့် ဖူစုရုံက ပြုံးလျက် ချင်းယွမ်၏အရည်အချင်းအရ ဧကရာရှသည် လမ်းညွှန်ပေးနိုင်တော့မည် မဟုတ်ကြောင်း ထပ်လောင်းပြောဆိုသည်။

ဤနည်းဖြင့် ပတ္တာမြားတစ်လုံးသည် နွံ့အတွင်းနစ်မြုပ်သွားနိုင်ကြောင်းနှင့် ထိုသို့ ဖြစ်မည်ကို မိခင်တစ်ယောက်အနေဖြင့် လက်မခံနိုင်ကြောင်းလည်း ထပ်လောင်း ပြောကြားလိုက်၏။

သူမဘေးရှိ ဖူယွီချွယ်ဆိုသည့် ဧကရာတစ်ပါးသည် စိတ်မရှည်တော့ဘဲ သူ့ကို စိုက်ကြည့်လိုက်၏။ ယင်းသည် ဧကရာဇ်တစ်ပါး ဖြစ်သောကြောင့် ဧကရာဇ်ရှခမျာ တစ်ကိုယ်လုံး အေးစက်တုန်ရင်လာချေပြီ။

“ မိန်းကလေးစုရုံ ... မင်းရဲ့ သမီးကိုခေါ်ပြီး သွားရအောင် အချိန်မဖြုန်းနဲ့ ... ။ ”

သူ့စကားကြောင့် ဖူစုရုံမှ သက်ပြင်းချလိုက်သည်။ ထို့နောက် ဧကရာဇ်ကို ပြန်ကြည့်ပြီး၊

“ မင်းမြင်တယ် မဟုတ်လား ... မင်းရဲ့မဟာရှဆိုတာ ဘယ်လောက်ရယ်စရာ ကောင်းပြီး သေးနုပ်နေလဲ ... မင်းကိုဘ်မင်း ဧကရာဇ်ရှဆိုပေမယ့် စစ်မှန်တဲ့ ...

... ဧကရာဇ် တစ်ပါးရှေ့မှာ မင်းက ယင်ကောင်လေးတစ်ကောင်လိုပါပဲ မင်းဘာတွေ ပြောနေပါစေ ဘဘ်သူက ဂရုစိုက်မှာလဲ ... ဒီလို နိမ့်ကျတဲ့ကမ္ဘာလေးမှာ သမီးရဲ့အနာဂါတ်ကို မင်းမြှုပ်နှံချင်နေတာလား ...

... ဝိညာဉ်တာအိုနယ်ပယ် မင်းရဲ့သက်တမ်းလေးနဲ့ ဘယ်လိုခမ်းနားတဲ့ အနာဂါတ်မျိုးဖန်တီးနိုင်မှာလဲ ... ။ ”

-ဟု အထင်သေးစွာ ပြောကြာလိုက်သည်။

“ လုံလောက်ပြီ ... ။ ”

တစ်ဖက်တွင် သူမဖခင်ကို လှောင်ပြောင် စော်ကားနေသည့်စကားများအပေါ် သည်းမခံ နိုင်တော့ဟန်ဖြင့် ရှချင်းယွမ်မှ ဒေါသတကြီး အော်ဟစ်လိုက်၏။

“ ငါမင်းတို့နဲ့ လိုက်ခဲ့မယ် ... သွားရအောင်။ ”

ရှချင်းယွမ်က အံကြိတ်လျက် ချက်ချင်း လှည့်ထွက်သွား၏။ သူမသည်သာ အချိန်ဆွဲနေ မိခဲ့သော် ဖခင်သည်ပင် အရှက်ရပေမည်။

“ မိန်းကလေးချင်းယွမ် ... မင်းကို ဘယ်သူမှအတင်းအကျပ် ခေါ်ဆောင်သွားလို့ မရဘူးဆိုတဲ့ ငါ့စကားက ဒီနေ့အထိအကျုံးဝင် နေပါသေးတယ်။ ”

သို့သော် ခြေလှမ်းမလှမ်းမီမှာပင် ခန်းမထဲဝင်ရောက်လာသော လူရိပ်ကြောင့် အံ့အားသင့်ပြီး တုန်လှုပ်သွားလေသည်။

“ အစ်ကိုစု ... ။ ”

စုရီမှ ခေါင်းညိတ်လျက် လက်နှစ်ဖက်နောက်ပို့ပြီး ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသည်။

“ ပြောပါ ... မင်းသာဆန္ဒမရှိရင် ... မြေခွေးလေးတစ်အုပ်မဆိုနဲ့ ကောင်းကင်က နတ်ဘုရားတစ်ပါး ဆင်းလာခဲ့ရင်တောင် မင်းကို မခေါ်သွားနိုင်စေရဘူး။ ”

ဧကရာဇ်ရှတစ်ယောက် မျက်ဝန်းများ ရစ်ဝဲနေခဲ့သော မျက်ဝန်းများဖြင့် ချက်ချင်းပင် လှည့်ကြည့် လိုက်လေသည်။ ဤသည်မှာ သူ့အတွက် နတ်ဘုရားပေပင်။

“ တာအိုစု ... ။ ”

နှစ်ပေါင်းမည်မျှကြာပါစေ အသံကို ကြားလိုက်သည်နှင့် ပြဿနာများပြီးဆုံးပြီ ဖြစ်ကြောင်း ယုံကြည်လာချေပြီ။

ထိုမြင်ကွင်းက ဖူစုရုံကို မျက်နှာ ပျက်ယွင်းသွားစေသည်။ ဤမျှအရေးကြီးသော အချိန်တွင် ထိုသူကောင်းသား ရောက်ရှိလာ သည်မှာ ကောင်းသောအရာမဟုတ်ချေ။

“ ဟမ့် ... မင်းက ဘဘ်သူလဲ ... ခရမ်းရောင်လမြေခွေးမျိုးရိုးရှေ့မှာ မောက်မာ ဝံ့သလား အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ ”

ဖူယွီချွယ်မှ ဒေါသထွက်လာပြီး ခရမ်းရောင်လမြေခွေးမျိုးရိုး ဂုဏ်သတင်းကို သုံးကာ အော်ဟစ်ခြိမ်းခြောက်လိုက်သည်။

ယနေ့အတွက် ကိစ္စများကို အဆုံးသတ်လိုပြီဖြစ်၏။ အပိုင်းပိုင်းဖြစ်နေသည့် ကောင်းကင်တာအိုကြောင့် ဤကမ္ဘာကြီးတွင် အချိန်မဖြုန်းလိုတော့သည်မှာ သဘာဝပေပင်။

“ ဝှစ် ... ။ ”

“ ဘုန်း ... ။ ”

သို့သော် ရုတ်တရက် တစ်ဖက်လူမှ စကားပင်မပြောဘဲ တိုက်ခိုက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တစ်ချက်တည်းဖြင့် နံရံသို့ လွင့်စင်ကာ အရိုးများ ကျိုးကြေကုန်၏။

“ တာအိုစု ... ဒါက ငါတို့မိသားကိစ္စပါ။ ”

ဖူစုရုံက ဖူယွီချွယ်အတွက် လက်စားချေရန် စိတ်ကူးမရှိချေ။ ယင်းအစား ထိတ်လန့်တကြား စုရီနှင့် ကျိုးကြောင်းဆီလျော်ဆင်ခြင်နိုင်ရန် ကြိုးစားလိုက်၏။

“ တာအိုစု သူတို့မှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ပါလာတယ်။ ”

ဧကရာဇ်ရှကလည်း စုရီကို ခပ်တိုးတိုး သတိပေးသည်။ ထိုစဉ် နန်းဆောင်အပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာ၏။

“ ဟမ့် ... ဒီကမ္ဘာကြီးမှာ ဘယ်သူက ခရမ်းရောင်လမြေခွေးမျိုးရိုးကို ဒဏ်ရာရအောင် လုပ်ဝံ့တာလဲ သေချင်နေပြီလား။ ”

တစ်ဆက်တည်းမှာပင် ခန့်ညားသော အဖြူရောင်ဝတ်လုံနှင့် လူငယ်တစ်ဦး ဝင်ရောက် လာတော့သည်။ ဤကား အခြားသူမဟုတ်ချေ။

စုရီရုပ်တုရှေ့တွင် ဓားသုံးချက် အသာပေးမည်ဟု ကြုံးဝါးခဲ့သောလင်းခုံးပေပင်။ သူ့မျက်ဝန်းများက ဓားကဲ့သို့ စူးရှနေခဲ့ပြီး စုရီထံ စိုက်ကြည့်လိုက်တော့၏။

“ မင်းက ... ။ ”

လက်နှစ်ဖက်နောက်ပို့လျက် တည်ငြိမ်စွာဖြင့် သူ့ကိုလှည့်ကြည့်လာသော စုရီ ရုပ်သွင်ကြောင့် လင်းခုံးခမျာ မျက်ခုံးပင့် သွားလေသည်။

“ အကြီးအကဲလင်း ... စိတ်လျှော့ပါ သူက စုရီပဲ။ ”

ဖူစုရုံက ကြားမှ ဝင်ရောက်ဖျန်ဖြေဟန် သတိပေးလိုက်သည်။ သူမသည် ဆက်ဆံရေး ပိုမိုဆိုးရွားသွားပြီးနောက် သမီးဖြစ်သူအမုန်းကို မခံယူလိုချေ။ ဤစုရီသည် သူမသမီးအတွက် အရေးပါသူတစ်ဦးလည်းဖြစ်၏။

“ငါသိတယ် သူ့က အင်မော်တယ်စုဆိုပြီး လူတွေရဲ့ကိုးကွယ်မှုကို ခံယူနေတာ ငါပြောတာ မှန်တယ်မဟုန်လား။ ”

သို့သော် လင်းခုံးမှ ဂရုမစိုက်ဘဲ လျစ်လျူရှုဟန်ဖြင့် တုန့်ပြန်ပြောကြားလိုက်၏။ တစ်ဖက်တွင် စုရီသည် စိတ်ဝင်စားမှု ပျောက်ဆုံးနေပြီး ရှချင်းယွမ်ထံ ပြန်ကြည့်ကာ မေးမြန်းလိုက်သည်။

“ ဘယ်လိုလဲ ... မင်းဆုံးဖြတ်ပြီးပြီလား။ ”

“ ..... ။ ”

ရှချင်းယွမ်မှ ချက်ချင်း ပြန်မဖြေနိုင်ချေ။ ထို့ကြောင့် စုရီမှ ပြုံးလျက်၊

“ မေ့လိုက်ပါ ... မင်းငါ့ကို နောင်မှ အဖြေပြန်ပေးလည်းရတယ် အခုတော့ အနားယူ လိုက်ပါဦး။ ”

-ဟု နူးညံ့စွာပြောကြားလိုက်၏။

ဤသို့ လျစ်လျူရှုပြီး မောက်မာသော သဘောထားမျိုးသည် ခရမ်းရောင်လမြေခွေး၏ ဘိုးဘေးလင်းခုံးကို ဒေါသများ အထွတ်အထိပ် ရောက်ရှိသွားစေကာ၊

“ ဟမ့် ... ငါပြောခဲ့သလိုပဲ ... မင်းငါနဲ့တိုက်ဝံ့ရင် မင်းကိုဓားသုံးချက် အသာ ပေးလိုက်မယ် မင်းအသက်ကိုလည်း ငါ ချမ်းသာခွင့်ပေးမယ် ဘယ်လိုလဲ။ ”

-ဟု စိန်ခေါ်လာစေသည်။

စုရီက ပျင်းရိစွာဖြင့် လင်းခုံးကို တစ်ချက်လှည့်ကြည့်ကာ ခေါင်းရမ်းလိုက်၏။

“ မင်းက ... ငါ့ကိုဓားသုံးချက် လှုပ်ရှားခွင့်ပေးမယ်လား စိတ်မကောင်းစရာပဲ ... မင်းက ငါ့ရှေ့မှာ ဓားဆွဲထုတ်ဖို့အတွက်တောင် အရည်အချင်း မပြည့်မီဘူး။ ”

“ မင်း ... ဟား ဟား ... ။ ”

လင်းခုံးတစ်ယောက် မျက်ဝန်းများ ပြူးလျက်လျက် ဒေါသတကြီး ရယ်မောပစ်ရန် ပြင်နေစဉ်မှာပင် စုရီကညာဘက်လက်ကို လေထဲမြှောက်ကာ ခပ်ဖွဖွဖိချလာ၏။

ရုတ်ချည်း သဏ္ဍန်မဲ့ စွမ်းအားများ ကောင်းကင်မှကျဆင်းလာကာ လင်းခုံး၏ အပြုံးများကို အေးခဲသွားစေ၏။ သူက ဓားကို ဆွဲထုတ်ရန် ကြိုးစားလိုက်သော်လည်း အချိန်မမီတော့ချေ။

“ ဘုန်း .. .။ ”

ချက်ချင်း ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြုတ်ကျသွားတော့၏။ ကျောက်ပြားများအက်ကွဲလျက် ဒူးဆစ်ရိုးများ ကြေမွကုန်ချေပြီ။

“ အား ... ။ ”

ဦးခေါင်းသည်လည်း ကြမ်းပြင် ဆောင့်လျက်သားပြုတ်ကျကာ နာကျင်စွာ ညည်းတွားလျက် စုရီကိုကန်တော့နေ၏။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။ ဖူစုရုံသည် မှင်သပ်နေခဲ့၏။ လင်းခုံးမှ ရှက်ဒေါသများဖြင့် တုန်ရီလာပြီး၊

“ မင်း ... မင်းဘယ်သူလဲ။ ”

-ဟု မေးမြန်းလိုက်သည်။ ထိုစဉ် နန်းဆောင်ပြင်ပမှ အာဏာစက်ပြင်းထန်သော မိုးခြိမ်းသံကြီး ဝင်ရောက်လာ၏။

“ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ ... လင်းခုံး မင်းဘာလို့ကြမ်းပြင်မှာအိပ်နေရတာလဲ ဘယ်သူ ငါ့မျိုးရိုးကိုစော်ကားဝံ့တာလဲ။ ”

ဤသည်မှာ ခရမ်းရောင်ဝတ်လုံကို ဆင်းမြန်းထားခဲ့သော အဖိုးအိုတစ်ဦးပေပင်။ သူက ကြမ်းပြင်တွင်ဒူးထောက်နေသော လင်းခုံး အသွင်ကြောင့် လူသတ်လိုသော ဆန္ဒများ ချက်ချင်းပေါက်ကွဲလာခဲ့၏။

ထို့ကြောင့် အခန်းအတွင်းသို့ ဝေ့ဝဲကြည့်လိုက်သောအခါ စုရီကိုမြင်ပြီးနောက် ချက်ချင်းမျက်လုံးပြူးသွားသည်။

ရုတ်ချည်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ သွေးလည်ပတ်မှုများအေးခဲသွားပြီး ဒေါသများ ပျောက်ကွယ်သွားကာ တုန်တုန်ရင်ရင်ဖြင့် ခွေးလေးတစ်ကောင် ဖြစ်လာခဲ့၏။

လူတိုင်း အံ့အားသင့်နေစဉ်မှာပင် ထိုအဖိုးအိုသည်အမြန်ပြေးလာကာ စုရီရှေ့တွင် အလွန်အမင်းရိုကျိုးစွာ ဦးညွှတ်လျက်၊

“ ခရမ်းရောင်လမြေခွေးမျိုးရိုးက အဖိုးကြီးဖူရှန့်ယွမ်က သခင်စုကို ဂါရဝပြုပါတယ်။ ”

-ဟု ခေါင်းငုံ့ချလိုက်တော့သည်။

စုရီမှ တုန့်ပြန်ခြင်းမပြုချေ။ ထို့ကြောင့် အဖိုးကြီးဖူရှန့်ယွမ်ခမျာ ခေါင်းပြန်မဖော်ဝံ့ဘဲ ပို၍တုန်ယင်လာခဲ့သည်။

တစ်ဖက်တွင် ဖူစုရုံသည် မယုံနိုင်အောင် ဖြစ်လာသည်။ ကြမ်းပြင်ရှိ မျှော်လင့်ချက်များနှင့် မော့ကြည့်နေသော လင်းခုံခမျာ နားမလည် နိုင်တော့ဘဲ ရှုပ်ထွေးလာခဲ့၏။

ဤမတိုင်မီ ခန်းမအပြင်မှ မိုးကြိုးမုန်တိုင်းကြီးတစ်စင်း အရှိန်အဟုန်ဖြင့် ဝင်ရောက်လာခဲ့သည် မဟုတ်လော။

အဘယ့်ကြောင့် မျက်စိတမှိတ်အတွင်း လေပြေလေညင်းအဖြစ် ရောက်ရှိလာသနည်း။ ဖူစုရုံမှ သည်းမခံနိုင်တော့ဘဲ၊

“ အကြီးအကဲ ... ဒါကဘာဖြစ်တာလဲ ... ။ ”

-ဟု မေးမြန်းလိုက်သည်။

ဖူရှန့်ယွမ်ဆိုသူသည် သူတို့မျိုးနွယ်စု၏ အဆင့်မြင့်အကြီးအကဲ ရွှမ်ယုအဆင့် ဧကရာဇ် တစ်ပါးပေပင်။ လင်းခုံးထက်ပင် အဆင့်မြင့်ပြီး သန်မာသော်လည်း လူငယ်တစ်ဦးရှေ့တွင် ကြောက်လန့်နေချေပြီ။

အဖိုးကြီး ဖူရှန့်ယွမ်မှ သူမစကားကို ပြန်မဖြေဝံ့သေးဘဲ စုရီထံမှ မှတ်ချက်အပေါ်သာ ချွေးများစီးကျလျက် စောင့်ဆိုင်းနေ၏။

“ မင်း ငါ့ကို သိသလား။ ”

စုရီက မေးသည်။ ဖူရှန့်ယွမ်မှ ခေါင်းမဖော်ဝံ့ဘဲ၊

“ သခင်စုရဲ့ ထျန်းဝူတောင်တိုက်ပွဲကို ဒီအဖိုးကြီးမြင်ခဲ့ပါတယ် ဒီနေ့ဒီလိုနေရာလေးမှာ သခင်စုနဲ့ဆုံရတာ တကယ့်ကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ”

-ဟု ပြန်ဖြေသည်။ စုရီက ခေါင်းညိတ်ပြီး၊

“ မင်းတို့မျိုးရိုးနဲ့ ငါ့ကြားမှာ ရန်ငြိုးကြီးကြီးမားမားမရှိပါဘူး ဒါပေမဲ့ဒီလူ့ကို ဘယ်လိုအပြစ်ပေးသင့်တယ်လို့ မင်းထင်လဲ။ ”

အဖိုးကြီးဖူရှန့်ယွမ်က တုန်ရီစွာဖြင့်၊

“ သခင်စု ... ဆန္ဒအတိုင်းပါပဲ ... သူ့ရဲ့ရှင်သန်မှုကို ဒီနေ့နောက်ဆုံးပဲမြင်ချင်တယ် ဆိုရင်တောင် ဒီအဖိုးကြီး ဘာမှမပြောဝံ့ပါဘူး။ ”

ထိုစကားကြောင့် စုရီမှ လင်းခုံထံ ပြန်ကြည့်ကာ၊

“ မင်းမြို့ထဲက ငါ့ရုပ်တုရှေ့မှာ သုံးရက်တိတိဒူးထောက်နေပါ ထခွင့်မရှိဘူး။ ”

-ဟု အမိန့်ချပေးလိုက်၏။ ဒူးထောက်နေခဲ့သော လင်းခုံးခမျာ တစ်ခုခုကို ချက်ချင်းသတိရသွားပြီး၊

“ နတ်ဓားရှင် ... ။ ”

ဟု အော်ဟစ်လိုက်တော့သည်။

“ ဖြန်း ... ။ ”

“ ပါးစပ်ပိတ်ထား သခင်စုရဲ့ဘွဲ့ကို မင်းလိုလူကဒီလိုခေါ်ဝံ့သလား ရိုင်းလိုက်တာ သခင်စုကို အမြန်တောင်းပန်စမ်း ... ။ ”

အဖိုးကြီးဖးရှန့်ယွမ်က အနည်းငယ် စိတ်သက်သာရာရသွားပြီး လင်းခုံးအပေါ် ပါးရိုက် အပြစ်ပေးလိုက်သည်။

နတ်ဓားရှင်ဟူသောအမည်ရှေ့တွင် သူတို့မျိုးနွယ်၏ဘိုးဘေးသည်ပင် မြေခွေးအမြီး မလှုပ်ဝံ့ချေ။ အလွန်ရိုသေရချေပြီ။

လင်းခုံးမှ မျက်နှာပျက်သွားသော်လည်း စုရီ၏ဂုဏ်သတင်းကြောင့် ငြင်းဆန်ခြင်းမပြုဘဲ ချက်ချင်း တောင်းပန်လိုက်ရတော့သည်။

အဆုံးတွင် ရှချင်းယွမ်သည် သူမ၏ ဆုံးဖြတ်ချက်အတိုင်း ဖခင်နှင့်မဟာရှတွင်သာ ဆက်လက်နေထိုင်ရန် ရွေးချယ်ခဲ့သည်။

အဖိုးကြီးဖူရှန့်ယွမ်နှင့် ကျန်ရှိနေသော ခရမ်းရောင်လမြေခွေး မျိုးနွယ်စုဝင်များသည် စုရီကိုကြောက်ရွံ့သဖြင့် လက်ခံလိုက်ရ၏။

တစ်ဆက်တည်းမှာပင် နောင်တွင် ဧကရာဇ်ရှနှင့် ရှချင်းယွမ်ကို ဒုက္ခမပေးတော့ဘဲ အကာအကွယ်ပေးရန်ပင် လိုလိုလျားလျား ကတိပြုလာသည်။

“ စုရုံ ... မင်းရဲ့ ခင်ပွန်းကို ကောင်းကောင်းအလုပ်အကြွေးပြုပါ မင်းငါတို့ ခရမ်းရောင်လမြေခွေးမျိုးရိုးဆီ ပြန်လိုက်စရာ မလိုတော့ပါဘူး ...

... ဒီမှာမင်းရဲ့ဂုဏ်သိက္ခာရှိတဲ့ ခင်ပွန်းကိုမြင့်မားတဲ့ လမ်းဆီရောက်အောင် ကူညီပေးပါ ... တစ်ခုခု လိုအပ်တာရှိရင် ...

... ငါတို့ရဲ့ မဟာအကြီးအကဲဆီ တိုက်ရိုက်ဆက်သွယ်ပြီး တောင်းဆိုနိုင်ပါတယ် မဟုတ်သေးဘူး ... ငါတို့ရဲ့ဘိုးဘေးကြီးဆီ ချက်ချင်း ဆက်သွယ်နိုင်ပါတယ် ဒီမှာ တံဆိပ်ပြားပါ...

... မင်းရဲ့ခင်ပွန်းနဲ့ သခင်မလေးအတွက် လိုအပ်တဲ့ အရင်းအမြစ်၊ ရတနာ‌နဲ့ ဘာမဆို မင်း တောင်းဆိုနိုင်ပါတယ် ... လင်းခုံးကိုလည်း မင်းအတွက် ထားခဲ့ပေးမယ် ...

... သခင်စုရုပ်တုကို မင်းကိုယ်စား သူ နေ့တိုင်းသန့်ရှင်းရေးလုပ်ပါစေ ပြီးတော့ မင်းရဲ့ ခင်ပွန်းနဲ့သခင်မလေးသာ လာလည်ချင်ရင် ဘိုးဘေးက ကြိုဆိုနေမှာပါ။ ”

အဖိုးကြီးဖူရှန့်ယွမ်က စုရီရှေ့မှာပင် အမိန့်များတရစပ်ချမှတ်နေခဲ့သည်။ ယင်းသည် စုရီတစ်ယောက်ကျေနပ်စေရန် အလိုအလျောက် ပေးအပ်နေသည့် ကတိများဖြစ်၏။

ဖူစုရုံအတွက်မူ တစ်ချိန်က သူမ အထင်သေးခဲ့သော ဤလူသည် ချက်ချင်းပင် မျိုးနွယ်စုအနာဂတ်အပေါ် ဆုံးဖြတ်နိုင်သည် အထိ အရေးပါလာသည်ကို ခါးသီးစွာ လက်ခံလိုက်ရတော့သည်။

***

All Chapters