← Chapters

ကြယ်ဗဟိုဒေသမှ မုန်တိုင်းကြီး(၂) ... ။

Vol. 76 Ch. 905

ကြယ်ဗဟိုဒေသမှ မုန်တိုင်းကြီး(၂) ... ။

Vol. 76 Ch. 905

“ ဝှစ် ... ။ ”

သို့သော် စုရီသည် လက်လှိုင်းဖြင့် လေဟာနယ်ကိုချက်ချင်းပိတ်ဆို့ကာ သူ့ကို ပြန်လည်ဖမ်းယူလိုက်၏။

“ စုရွှမ်ကြွယ် ... မင်းဘာလုပ်တာလဲ ငါကသံတမန်တစ်ယောက်ပါ မင်းငါ့ကိုသတ်လို့ မရဘူး။ ”

မြေပြင်ပေါ် ပြုတ်ကျသွားသော ကုဝမ်ထျန်းတစ်ယောက် ကြောက်လန့်တုန်ရင် လာ၏။ ထိုခွေးအကြွင်းအကျန်များသည် သူ့ကို မသတ်ဝံ့သော်လည်း ဤဘီလူးစုမပါချေ။

အရိုင်းမြေကိုးပါး၌ ထိုအကြွင်းအကျန် ခွေးအိုကြီးများကို ကျိုးကြောင်းဆီလျော်မှုများ မရှိသော အရူးများဟုဆိုက ဤဘီးလူးစုသည် အရူးများ၏ ဘုရင်ဖြစ်သည်။

“ ကျင်းရှင်း ... သူတို့ကို ခေါ်သွားလိုက်ပါ ဒီညအတွက် အနားယူပါစေ။ ”

“ ဟုတ်ကဲ့ ဆရာ ... ။ ”

စုရီက ကျင်းရှင်းကိုလှည့်ကြည့်ကာ ဝမ်လင်ရွှယ်တို့အား အနားယူရန် အရင်ခေါ်သွားစေလိုက်၏။

ပြီးနောက် မိစ္ဆာဘုရင်ကုဝမ်ထျန်းကို လှည့်ကြည့်ကာ၊

“ မင်းလိုခွေးတစ်ကောင်ကို ငါမသတ်ဝံ့ဖူးလို့ထင်နေတာလား။ ”

-ဟု မေးမြန်းလိုက်၏။ ကူဝမ်ထျန်းခမျာ မျက်လုံးများပြူးလျက် အေးစက်သောချွေးများ စီးကျလာခဲ့သည်။

“ ဒါပေမယ့် ငါက အစေခံတစ်ယောက်ပဲ ဘီလူးစု ... ငါ့ကိုခွင့်လွှတ်ပါ မင်းမကျေနပ်ရင် သူတို့ဆီသွားနိုင်ပါတယ်။ ”

“ ရွံ့စရာကောင်းလိုက်တာ။ ”

အသတ်ခံရမည်ကို ကြောက်သဖြင့် မျက်နှာအမူအရာပြောင်းပြီး တောင်းပန်သည့် လုပ်ရပ်ကို ကြည့်ကာ အဆိပ်ဘုရင်ထျန်းဟူမှ တံတွေးထွေးထုတ်လိုက်၏။

ယင်းကြောင့် ကူဝမ်ထျန်းခမျာ ရှက်ရွံ့ဒေါသထွက်လာသော်လည်း အံကြိတ်ကာ ခေါင်းငုံ့လျက် စုရီထံမှ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့သည်။

“ ဟမ့် ... ငါမသွားဝံ့ဘူးလို့ မင်းထင်နေလား။ ”

စုရီက အေးစက်စွာနှာခေါင်းရှုံ့လျက်၊

“ မင်းငါမေးတာကို ဖြေရင် ဒီကနေ ထွက်သွားခွင့်ပြုမယ်။ ”

-ဟုဆိုကာ စတင်စစ်မေးတော့သည်။ တစ်နာရီခန့်အကြာတွင် စုရီ သိလိုက်ရသည်မှာ ဤတစ်ကြိမ်တွင် ကြယ်တာရာဟင်းလင်းပြင်မှ အဖွဲ့အစည်းပေါင်း တစ်ရာကျော် ပါဝင် ပတ်သက်နေခြင်းပေပင်။

“ ဒါက တကယ့်ကိုကြီးမားတဲ့စုဖွဲ့မှုပဲ။ ”

ဤသတင်းကြောင့် ပေ့ကျန်းသည်ပင် စိတ်မသက်မသာဖြင့် သက်ပြင်းချလေသည်။ အဆိပ်ဘုရင်ထျန်းဟူမှ၊

“ မှန်တယ် ... အဲဒီအင်အားစု တစ်ရာကျော်သာ တကယ်ရောက်လာရင် ငါတို့ အရိုင်းမြေတစ်ခုလုံး ပျက်စီးရလိမ့်မယ်။ ”

-ဟု ညည်းတွားလိုက်သည်။

သူတို့အားလုံးသည် အရိုင်းမြေကိုးပါးတွင် သက်ရှိရုပ်ကြွင်းများဖြစ်သော်လည်း တစ်ဖက် အင်အားစုသည် သူတို့အပေါ်အလွယ်တကူ နှိပ်စက်နိုင်နေသေး၏။ သို့သော် စုရီသည် တည်ငြိမ်စွာဖြင့်၊

“ အဲဒီအင်အားစု အဖွဲ့အစည်းပေါင်း တစ်ရာကျော်ဆိုတာက များပြားပေမယ့်လည်း ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

ဤသည်မှာ ကောင်းကင်ဘုံ ကိုးပါးနန်းတော်၊ နှလုံးသားပြခန်းနှင့် ကြယ်မြစ်ဂိုဏ်းတို့၏ လက်အောက်ခံ အင်အားစုများသာဖြစ်၏။

စစ်မှန်သော ပြဿနာသည် နယ်ပယ်ဘုရင်များပေပင်။ သို့သော် ရွှမ်ဟွမ် ကြယ်စု၏ ကောင်းကင်တာအိုသည် ထိုသူများ ဆင်းသက်ခြင်းကို တားဆီးထား၏။

သူတို့ဆင်းလာလိုသော် ကျင့်ကြံမှုကို ဧကရာဇ်အဆင့်အထိသို့ နှိမ့်ချရပေလိမ့်မည်။ မဟုတ်သော် ကြယ်စုပြင်ပတွင်သာ အံကြိတ် ရပ်ကြည့်နေရပေလိမ့်မည်။

ရွှမ်ဟွမ်ကြယ်စု၏ ကောင်းကင်တာအို ဥပဒေများသည် ကျိုးပျက်စီးနေသဖြင့် သူတို့ကို လှောင်အိမ်တစ်လုံးလို တားဆီးထားသကဲ့သို့ အကာအကွယ်လည်း ဖြစ်နေစေသည်။

“ ဒါကြောင့် ... သူတို့တွေ အင်အား ဘယ်လောက်များများလာပါစေ အားလုံးက ဧကရာဇ်အဆင့်တွေပဲ ... ငါ့အတွက်တော့ ပုရွက်ဆိတ်နဲ့မခြားပါဘူး။ ”

စုရီက အဆုံးသတ် ပြောကြား လိုက်တော့သည်။ ပေ့ကျန်းနှင့် သက်ရှိရုပ်ကြွင်း အဘိုးကြီးများမှာ ထိုစကားကို အနည်းငယ်မျှ ပြန်လည်သုံးသပ်ပြီးနောက် ခေါင်းညိတ်လျက် စိတ်သက်သာရာရသွားကြ၏။

“ အဖိုးကြီးစုပြောတာ မှန်တယ် ... ဒါကြောင့်လည်း ကြယ်တာရာဟင်းလင်းပြင်က အင်အားစုတွေရောက်နေပြီဆိုပေမဲ့ သူတို့က ... ငါတို့အပေါ် တိုက်ရိုက်မတိုက်ဝံ့ဘဲ ...

... အခုလိုခြိမ်းခြောက်နေတာကိုး ... သူတို့ရဲ့နယ်ပယ်ဘုရင်တွေကတော့ အရိုင်းမြေ ပြင်ပမှာ စောင့်ကြည့်နေမှာသေချာတယ်။ ”

နယ်ပယ်ဘုရင်တစ်ဦးသည် ရွှမ်ဟွမ်ကြယ်စုအတွင်း ဆင်းသက်လိုသော် ကျင့်ကြံမှုကို နှိမ့်ချထားရပေမည်။

ယင်းသည် ပြိုင်ဘက်အတွက် အားသာချက်ကိုလျော့ချပြီးဖြစ်၏။ သည့်ပြင် သူတို့အားလုံးသည် ရွှမ်ဟွမ်မိခင်ချီကို အနည်းနှင့်အများ သန့်စင်ထားကြသည်။

ထို့ကြောင့် ထိုသူများသည်သာ သက်ဆိုင်ရာကြယ်ဥပဒေ စည်းမျဉ်းများအပေါ် အသုံးချလာသော်မှ ကြောက်လန့်နေစရာ မလိုတော့ချေ။

ထိုအတွေးက ဘိုးဘေးကြီးများကို အနည်းငယ် စိတ်သက်သာရာ ရသွားစေသည်။ တစ်ဖက်တွင် မိစ္ဆာဘိုးဘေးယွဲ့ရင်ကမူ၊

“ ဒါပေမဲ့ ပေါ့ဆလို့တော့ မရသေးဘူး ... အဘိုးကြီးစုအညံ့မခံရင် သူနဲ့ပတ်သက်ဖူးတဲ့ အင်အားစုတိုင်းကို အမြစ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတယ် ...

... သူတို့သာတကယ် စိတ်ပိုင်းဖြတ်ပြီး လုပ်ခဲ့မယ်ဆိုရင် မခန့်မှန်းနိုင်တဲ့ ဘေးဒုက္ခတွေ ကျရောက်လာနိုင်တယ် ငါတို့သားမြေးတွေ အတွက် ကြိုတင်စီစဉ်ထားသင့်တယ်။ ”

-ဟု သတိပေးလာသည်။ လူတိုင်းက သူ့စကားကိုထောက်ခံကာ ခေါင်းညိတ်လိုက်၏။ ထိုစဉ် ကုဝမ်ထျန်းသည် သူ့ကိုလျစ်လျူရှုကာ ဆွေးနွေးနေသော လူအုပ်ကြီးကြောင့်၊

( ဟမ့် ... မင်းတို့အခုချိန်မှာတော့ မောက်မာနေကြဦးပေါ့ ... မုန်တိုင်းကြီးတကယ် တိုက်ခတ်လာရင်တော့ မင်းတို့အားလုံး ခွေးလို သေရလိမ့်မယ်။ )

-ဟု စိတ်ထဲမှ လှောင်ပြောင် ကျိန်ဆဲနေခဲ့သည်။ စုရီက ကုဝမ်ထျန်းထံ အေးစက်စွာငုံ့ကြည့်လျက်၊

“ ပြန်သွားပြီး သူတို့ကို ပြောလိုက် ... ဆယ်ရက်အတွင်း ငါကိုယ်တိုင် ဟုန်းချန်မိစ္ဆာ နန်းတော်ကို လာခဲ့မယ် ... သူတို့လည်ပင်းတွေ ဆေးကြောပြီး အသင့်ပြင်ထားပါစေ။ ”

-ဟု ပြောကြာလိုက်သည်။

ဘိုးဘေးကြီးများမှာ စုရီ၏ ဆုံးဖြတ်ချက်ကြောင့် မျက်ခုံးပင့် တိတ်ဆိတ် သွားတော့၏။ ကုဝမ်ထျန်းသာလျှင် စိတ်ထဲမှ ရွှင်မြူးလျက်၊

“ မင်း ... မင်းတကယ်ပြောနေတာလား။ ”

-ဟု ထပ်မံမေးမြန်းသည်။

“ ထွက်သွား ... လှိမ့်ထွက်သွားပါ ... ။”

စုရီက ပြန်မဖြေဘဲ ခွေးမောင်းသလို မောင်းထုတ်လာ၏။ ကုဝမ်ထျန်းတစ်ယောက် ဒေါသတကြီးဖြင့် တုန့်ပြန်ရန်ပြင်လိုက်သည်။

သို့သော် စုရီထံမှလူသတ်လိုသော ဆန္ဒများကိုခံစားရသဖြင့် ဘောလုံးတစ်လုံးကဲ့သို့ ချက်ချင်းခွေလိပ်ကာ အမှန်တကယ်ပင် လိမ့်ထွက်ပြေးလိုက်ရတော့သည်။

“ ဟား ဟား ဟား ... ။ ”

“ ဟား ဟား ဟား ... ။ ”

“ ကုဝမ်းထျန် ... မင်းက တကယ်လိမ္မာတဲ့ ခွေးတစ်ကောင်ပဲ ဟား ဟား ဟား ... ။”

ဘိုးဘေးကြီးများသည် ထိုမြင်ကွင်းကို ကြည့်ပြီး လှောင်ပြောင်ရယ်မောလိုက်ကြ၏။ သို့တိုင် စိုးရိမ်စိတ်မှာ လျော့မသွားနိုင်ချေ။

“ အဘိုးကြီးစု ... မင်း ဆုံးဖြတ်ပြီးမှတော့ ငါတို့လည်း တားမနေတော့ဘူး အဲဒီနေ့ကျရင် ငါတို့အားလုံး မင်းနဲ့အတူလိုက်ခဲ့မယ်။ ”

ကုဝမ်ထျန်းအသွင် ပျောက်ကွယ်သွားသည်နှင့် ပေ့ကျန်းသည် လေးနက်စွာကတိပေးလာသည်။

စုရီသည် သူ့မိတ်ဆွေများ၏ စိုးရိမ်မှုကို နားလည်သော်လည်း သူတို့အားအန္တရာယ်ထဲသို့ ဆွဲမသွင်းလိုချေ။ ထို့ကြောင့် ခေါင်းရမ်းကာ၊

“ ဒီပွဲက ငါသေဖို့သွားတာမဟုတ်ဘူး ဒီလောက်လည်း စိုးရိမ်မနေကြနဲ့ အဲဒီနေ့ကျရင် မင်းတို့တွေ အဝေးကနေပဲ ကြည့်နေပါ။ ”

-ဟု ပြောကြားလိုက်၏။ စုရီမှ ထိုသို့ ပြောဆိုရခြင်းသည် အကြောင်းမဲ့မဟုတ်ချေ။ သူ မထွက်ခွာခင် ထိုသို့သောခွေးများနှင့် ပြင်ပမှ အင်အားစုများကို အပြီးသတ်ရပေမည်။

ဤမတိုင်မီ ထိုသူများကို တစ်ဦးချင်း လိုက်လံရှင်းလင်းပစ်ရန် ကြံရွယ်ထားလေရာ ယနေ့ဖိတ်ခေါ်မှုသည် သူ့အားများစွာ အချိန်ကုန်သက်သာစေသည်။

ထိုညတွင် စုရီသည် သူ့တပည့်များဖြစ်သော ကျင်းရှင်းနှင့်ဝမ်ချွယ်ကိုခေါ်ယူကာ အရေးပေါ် အစီအမံများ ပြုလုပ်ခဲ့၏။

မိုးပြာမျိုးစေ့ကို ကျင်ရှင်းထံပေးအပ်ပြီး ဝမ်လင်ရွယ်နှင့် သူ့မိတ်ဆွေများအားလုံးကို ‘နတ်ဘုရားသင်္ချိုင်းမြေ’သို့ ခေါ်ဆောင်ကာ ပုန်းအောင်းနေရန် ညွှန်ကြားလိုက်၏။

“ မုန်တိုင်းမလာခင် ကြိုတင် ပြင်ဆင်ထားတာအကောင်းဆုံးပဲ အရင်ဘဝက ငါ့ရဲ့ပြန်လည်ဝင်စားခြင်းက အရမ်းအလျင်စလို ဖြစ်ခဲ့ခွန်းလို့ အားနည်းချက်တွေအများကြီး ရှိခဲ့ဖူးတယ် ဒီတစ်ခါတော့ အဲဒီလိုအမှားမျိုး ထပ်မဖြစ်စေရဘူး။ ”

စုရီက မှာကြားလိုက်သည်။ ကျင်းရှင်းနှင့် ဝမ်ချွယ်သည် လက်ခံရုံမှတပါး အခြားမရှိချေ။ သူတို့သည် အားနည်းလွန်းသဖြင့် ဆရာအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုသည်မှာ သဘာဝပေပင်။

စုရီက လိုအပ်ပါက ထာဝရအင်မော်တယ်တံဆိပ်ကို အသုံးပြုရန် မှာကြားလိုက်၏။

ထိုညမှာပင် ကြယ်ဗဟိုဒေသမှ မုန်တိုင်းကြီးသည် အရိုင်းမြေကိုးပါးသို့ ရောက်ရှိ လာပြီဟူသောသတင်းသည် ညတွင်းချင်း ပျံ့နှံ့သွားခဲ့သည်။

ထိုသတင်းကြောင့် အင်အားစုတိုင်း တုန်လှုပ်ချောက်ချားသွားခဲ့ကြပြီး အရိုင်းမြေ၏ အနာဂတ်ကံကြမ္မာသည် မည်သို့ ဆက်ဖြစ်လာ မည်ကို စိုးထိတ်လာတော့၏။

***

All Chapters