နယ်ပယ်ဘုရင်များ၏ ဆန္ဒဝိညာဉ်များနှင့် တိုက်ခိုက်ခြင်း။
Vol. 76 Ch. 908
ကောင်းကင်နှင့် မြေကြီးကြားတွင် သွေးမြူများ ဖုံးလွှမ်းလျက် မြစ်ပြင်လှုပ်ခတ် သွားချိန်တိုင်း သွေးရောင်များ လှိုင်းထလာ၏။
“ စီနီယာစု ... သူတို့ကိုသတ်။ ”
“ ကြယ်ဗဟိုဒေသက ဧကရာဇ်တွေ အရမ်းအားနည်းနေတာလား ။ ”
“ မဟုတ်လောက်ဘူး ... စီနီယာစုက သိပ်သန်မာလွန်းနေတာပါ။ ”
ဝေးလံသောအရပ်မှ ကြည့်ရှုနေသူများက စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ဘဲ ဟစ်ကြွေး လိုက်ကြတော့သည်။
စုရီဓားချက်အောက်တွင် အတုံးအရုံး ပေါက်ကွဲကုန်သည်မှာ မှောင်မိုက်လွန်းနေသည့် ကမ္ဘာကြီး၌ အလင်းပန်းများပွင့်လာသလိုပေပင်။
ယခင်က စုရီအပေါ် ရန်ငြိုးထားခဲ့ သူများသည်ပင် ယခုအခါတွင် ဆွံ့အလျက် မှင်သပ်နေကြရသည်။
ပေ့ကျန်းနှင့် အခြားသော သက်ရှိရုပ်ကြွင်းများက သက်ပြင်းချနိုင်ကြ သော်လည်း ဤသည်မှာ တိုက်ပွဲအစပျိုးရုံသာ ရှိသေးကြောင်း သိရှိထားကြ၏။
“ ဟမ့် ... မင်းတို့ပျော်တာ စောလွန်းသေးနေတယ်မဟုတ်လား စုရွှမ်ကြွယ် သေသွားတဲ့အခါ မင်းတို့ကိုတစ်ယောက်ချင်းစီ ငါစာရင်းရှင်းမှာ သတိထားပါ။ ”
တစ်ဖက်တွင် နတ်ဆိုးတောင်ထိပ်မှ ကုဝမ်ထျန်းက လှောင်ပြောင်အော်ဟစ်လိုက်ရာ လူအုပ်ကြီးသည်လည်း ပြန်လည် တိတ်ဆိတ်သွား၏။
“ စကားအရမ်းများတယ်။ ”
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
စုရီက လှည့်ကြည့်ပြီး ဓားအလင်းဖြင့် ပစ်ခတ်လိုက်ရာ ကုဝမ်ထျန်းတစ်ယောက်မှာ ထိတ်လန့်တကြား ရှောင်တိမ်းလိုက်ရသည်။ မူလသူရပ်နေသော တောင်ကုန်းသည် ထက်ပိုင်းပြတ်သွားတော့၏။
“ လူယုတ်မာ ဆင်းသွားစမ်း ... ထပ်ပြီးအရှက်မခွဲနဲ့ ... ။ ”
အေးစက်သော အသံနှင့်အတူ နှလုံးသားပြခန်းမှ အကြီးအကဲရွယ်ကျိနင်ပုံရိပ် ထွက်ပေါ်လာသည်။
သူမနှင့်အတူ နောက်ထပ် လူရိပ်ဆယ်ခုကျော်သည်လည်း ဟင်းလင်းပြင်၌ ရပ်တန့်နေကြ၏။
ဤသည်မှာ ကြယ်စုပြင်ပရှိ ဆန္ဒဝိညာဉ်များဖြစ်၏။ ထိုကြောင့် သူတို့၏ အရှိန်အဝါများမှာ ဧကရာဇ်အဆင့်ထက် များစွာ သာလွန်နေချေပြီ။
“ စုရွှမ်ကြွယ် ... ငါတို့အားလုံးက နယ်ပယ်ဘုရင်တွေရဲ့ ဆန္ဒဝိညာဉ်တွေပဲ ... အတူတူပေါင်းလိုက်ရင် နယ်ပယ်ဘုရင်တစ်ပါးနဲ့ မခြားဘူး ... မင်းက ဒီလိုအခြေအနေမျိုးမှာ ရှင်သန်နိုင်မယ်များ ထင်နေလား။ ”
ရွယ်ကျိနင်က အေးစက်စွာ မေးမြန်းလိုက်လေသည်။ စုရီမှ ဂရုစိုက်ခြင်း မရှိဘဲ၊
“ အမှန်အတိုင်းပြောရရင် ... မင်းတို့အားလုံးပေါင်းရင်တောင် သေခြင်း တရားက မလွဲမသွေပါပဲ။ ”
-ဟု ပြန်ဖြေလိုက်၏။
“ ဟားဟားဟား ခေါင်းမာနေတုန်းလား ... ကောင်းပြီ မင်းရဲ့လျှို့ဝှက်ချက်တွေအားလုံးကို အပ်ချုပ်သမားက စုံစမ်းစစ်ဆေးထားပြီးပြီမို့ ဒီတစ်ခါတော့ ... မင်းကံဆိုးပြီ။ ”
ထို့နောက် ရွယ်ကျိနင်မျက်ဝန်းများက သူမဘေးရှိ ဆယ်ဂဏန်းခန့်ရှိသော ပုံရိပ်များထံ ဝေ့ကြည့်လိုက်ပြီး၊
“ အားလုံးပဲ ... ဂရုစိုက်ကြပါ မင်းတို့တိုက်ခိုက်တဲ့အခါ ... အင်အားအပြည့်နဲ့ မြန်မြန်အဆုံးသတ်ကြ ... ။ ”
-ဟု သတိပေးလိုက်၏။
တစ်ဆက်တည်းမှာပင် လက်ကို ညင်သာစွာဝှေ့ယမ်းလျက်ဖြင့် မှိန်ဖျော့ဖျော့ အလင်းများထွက်လာစေသော စာလိပ်တစ်ခု ရုတ်တရက် ထုတ်ယူလိုက်သည်။
စာလိပ်အတွင်းမှ မရေမတွက်နိုင်သော သွေးနီရောင်ဓားစွမ်းအင်များ မြည်ဟည်းလျက် လေးလံသောဖိအားတစ်ခု ထွက်ပေါ်လာ၏။
“ ဝှစ် ... ။ ”
ထို့နောက်တွင် ဓားစွမ်းအင်များသည် ကောင်းကင်တခွင် မုန်တိုင်းကြီးတစ်စင်းကဲ့သို့ ပျံ့နှံ့သွားပြီး စုရီထံခုတ်ထစ်လာလေသည်။
ထိုအချိန်တွင် ဓားစွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ငရဲဘုံကြီးတစ်ခုပေါ်လာပြီး စုရီကိုဝါးမျိုရန် အသင့်ဖြစ်နေသကဲ့သို့ပင်။
စုရီတစ်ယောက် အလွန်အမင်း လေးလံလှသောဖိအားများ ခံစားလိုက်ရပြီး အရေပြားအနည်းငယ် စူးရှလာတော့၏။
“ ရွှပ် ... ။ ”
ထို့ကြောင့် မျက်ခုံးပင့်လျက် တွန့်ဆုတ်ခြင်းမရှိဘဲ စကြာဝဠာနှလုံးသား ထုတ်ယူကာ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်သည်။
“ ဝုန်း ... ။ ”
လေဟာနယ်ပြိုကျလျက် ဓားအလင်းရောင်များ ပေါက်ကွဲသွားပြီးနောက် သွေးနီရောင်ဓားစွမ်းအင်များ အရပ်ရပ်သို့ ရိုက်ခတ်သွားခဲ့၏။
အကျိုးဆက်အနေဖြင့် စုရီတစ်ယောက် ခန္ဓာကိုယ်ယိမ်းယိုင်လျက် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်သော်လည်း နောက်ကျသွားပြီး သွေးများ ဖြာခနဲပန်းထွက်သွားသည်။
ထိုမြင်ကွင်းက ကြည့်နေသူများ အားလုံး၏မျက်နှာကို အမူအရာများ ပြောင်းလဲ သွားစေတော့၏။
တစ်ချက်တည်းဖြင့်ပင် စုရီသည် ဒဏ်ရာရှိသွားသဖြင့် အခြားသောနယ်ပယ်ဘုရင် များသာ တပြိုင်နက်တည်းဝင်ရောက်လာသော် လွယ်ကူမည် မဟုတ်ချေ။
“ အထင်ကြီးစရာပဲ ... မင်းလိုလူကို ကိုင်တွယ်ဖြေရှင်းဖို့ ... ဧကရာဇ်နယ်ပယ်မှာ ပြိုင်ဘက်မရှိဘူးဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ ”
တစ်ဖက်တွင် ရွယ်ကျိနင်သည် ရလာဒ်အပေါ်အံ့အားသင့်စွာဖြင့် မှတ်ချက် ပေးလိုက်သည်။
“ ဟမ့် ... မင်းတို့ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒါကကိုယ်ပွားတစ်ခုပါပဲ။ ”
စုရီက နှာခေါင်းရှုံ့လျက် ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့လှမ်းတက်လာ၏။ ယင်းကြောင့် ရွယ်ကျိနင်မှ မျက်မှောင်ကြုတ် လိုက်ပြီး၊
“ အားလုံးအတူတူ တိုက်ခိုက်ရအောင်။ ”
-ဟု အမိန့်ပေးလိုက်သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လှသော ကမ္ဘာ့ဘုရင်နယ်ပယ် ကိုယ်ပွား(၁၀)ယောက် ကျော်သည် ပြင်းထန်သောတိုက်ခိုက်မှုများကို စတင်လာခဲ့ကြသည်။
“ ဝုန်း ... ။ ”
ကောင်းကင်နှင့်မြေကြီး တုန်ခါသွားပြီး အရာအားလုံးပြိုကွဲသွားကာ တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာ၏။
ချက်ချင်းပင် လေဟာနယ်ပြိုကျသွားကာ တာအိုဥပဒေများ ကြီးစိုးစွာ ထွက်ပေါ်လာသည်။ ထိုဖိအားသည် လူအုပ်ကြီးအပေါ် ပြင်းစွာ ထိတ်လန့်လာစေ၏။
“ မြန်မြန်ဆုတ်ခွာ ... ။ ”
အဝေးမှ ထိတ်လန့်တကြား အော်ဟစ်သတိပေးသံများ ထွက်ပေါ်လာသည်။ လေထုအတွင်း ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းများဖြင့် လုံးဝပြည့်နှက်လာ၏။
မရေမတွက်နိုင်သော လူအုပ်ကြီးသည် ထိတ်လန့်တကြားနှင့် တိုက်ပွဲကြီးလွတ်ရာသို့ ဆုတ်ခွာလိုက်ကြတော့သည်။
အချို့သော ကျင့်ကြံသူများသည် အချိန်မီ မလွတ်မြောက်နိုင်ဘဲ ချက်ချင်း ပြာကျသွား၏။ ထိုသို့ကြောက်မက်ဖွယ် မြင်ကွင်းများကြောင့် ဧကရာဇ်အိုကြီးများသည်လည်း ထပ်မံ ဆုတ်ခွာလိုက်ကြသည်။
“ ဘယ်လောက် ပြင်းထန်လိုက်လဲ။ ”
ပေ့ကျန်းကဲ့သို့သော အကြွင်းအကျန်အိုကြီးများမှာ နောက်ဆက်တွဲ လှိုင်းများကိုပျက်ပြယ်စေရန် ကျင့်ကြံမှုများကို အသက်သွင်းလိုက်ရ၏။
“ အရင်က ဘီလူးစုက ... ငါတို့ကို ပါဝင်ပတ်သက်မှုမပြုဖို့အတွက် တားဆီးခဲ့တာ ယဉ်ကျေးလွန်နေပါပြီ ... အမှန်အတိုင်းသာ ဝန်ခံရရင် ငါတို့မှာဝင်ရောက်စွက်ဖက် ပိုင်ခွင့်တောင် မရှိဘူး ... ။ ”
အဆိပ်ဘုရင်ထျန်းဟူမှ ခါးသီးစွာ ပြောကြားလိုက်သည်။ ဤအဆင့်တိုက်ပွဲကြီးမှာ ဧကရာဇ်နယ်ပယ်ထက် ကျော်လွန်နေချေ၏။
တိုက်ပွဲမှ ပြန့်လွင့်သောအကြွင်းအကျန် စွမ်းအင်လှိုင်းများသည်ပင် မခံမရပ်နိုင်အောင် ပြင်းထန်လွန်းချေပြီ။
“ ကူညီချင်ပေမယ့် ကူညီဖို့တောင် အင်အားမရှိတာက တကယ်ကို စိတ်ပျက်စရာ ပါပဲ ... ။ ”
မိစ္ဆာဘုရင်ယွဲ့ရင်တစ်ယောက် လက်သီးဆုပ်လျက် မျက်နှာတွင် မကျေမနပ်နှင့် အကူအညီမဲ့မှုများ ထင်ဟပ်နေခဲ့သည်။
သူတို့အားလုံးသည် အရိုင်းမြေတွင် ထိပ်တန်းတည်ရှိမှုများ ဖြစ်သော်လည်း ယနေ့ တိုက်ပွဲကြီးတွင် အရေးမပါကြောင်း ရုတ်တရက် သဘောပေါက်လာ၏။
ဤထိုးနှက်ချက်သည် များစွာပြင်းထန်လွန်းပြီး စိတ်ပျက်အားငယ်မှု အတွက်ပင် နေရာမချန်ထားချေ။
“ ဝုန်း ... ။ ”
တိုက်ပွဲမှာ ပြင်းထန်နေခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ပြိုကွဲသွားကာ လေဟာနယ်ပြိုကျနေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် စုရီ၌ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားပြီး သွေးများ ရွှဲနစ်လာတော့သည်။
“ အစ်ကိုစု ... ။ ”
“ ဝှစ် ... ။ ”
ရုတ်တရက် မီးလျှံကဲ့သို့ နီရဲနေသော ပုံရိပ်တစ်ရိပ် တိုက်ပွဲအတွင်း အပြေးအလွှား ဝင်ရောက်ရန် ကြိုးစားလာချေပြီ။
ဤသည်မှာ ကောင်းကင်နတ်ဆိုး ဧကရာဇ်ပေပင်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင် သတ်ဖြတ်လိုစိတ်များ ပေါက်ကြားလာ၏။
သို့သော် သူမတိုက်ပွဲအတွင်းသို့ မရောက်ခင်မှာပင် ကျောက်တုံးနှလုံးသားမှ အလျင်အမြန် တားဆီးလာခဲ့သည်။
“ တာအိုမိတ်ဆွေ ... မင်းပေါ့ပေါ့ဆဆ မလုပ်ပါနဲ့ ဒါကမီးလျှံဆီတိုးဝင်နေတဲ့ပိုးဖလံနဲ့ ဘယ်လိုလုပ် ကွာခြားတော့မှာလဲ။ ”
“ ခေါင်းတုံးကောင် မြည်းအိုကြီး၊ ငါ့လမ်းကနေဖယ်စမ်း။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်၏ မျက်ဝန်းများထဲတွင် မိုးကြိုးမုန်းတိုင်းကြီးများ တောက်လောင်လျက် ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲလာ၏။
“ တာအိုမိတ်ဆွေ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ ငါ့အမြင်အရတော့ အဖိုးကြီးစု အဆင်ပြေသွားပါလိမ့်မယ် ဒီတိုက်ပွဲက သူ့အတွက် မီးနဲ့ကစားနေတာပါ။ ”
ဤတစ်ကြိမ်တွင် ကောင်းကင်နတ်ဆိုး ဧကရာဇ်သည် အံ့အားသင့်သွားပြီး ကျောက်စိမ်း ကဲ့သို့ မျက်နှာ၌ အလင်းနှင့်အမှောင် တလှည့်စီ ပြောင်းလဲသွားခဲ့၏။
“ တကယ်လား ... ။ ”
“ ငါ မညာပါဘူး ... မင်းစိုးရိမ်နေတာပါ အဖိုးကြီးစုအကြောင်း မင်းနားလည်ရင် သူက ပေါ့ဆတဲ့သူ မဟုတ်ဘူးဆိုတာကို ဘယ်လိုလုပ် မင်းမေ့နေတာလဲ။ ”
“ ဒါတော့မှန်တယ် ... ။ ”
ကောင်းကင်နတ်ဆိုးဧကရာဇ်က အနည်းငယ်ငြိမ်သက်သွား၏။ သို့တိုင်တိုက်ပွဲထံ စူးစိုက်ကြည့်နေဆဲပေပင်။ စုရီသည်သာ တစ်စုံတစ်ရာ အခက်တွေ့ခဲ့ပါက သူမ၏ အသက်ကိုပေးရန် အသင့်ရှိနေချေပြီ။
“ ဒီဘုန်းကြီးပြောတာမှန်တယ် ဘီလူးစုကငါတို့နဲ့မတူဘူး သူက လူဝင်စားပြီး ရွှမ်ဟွမ်မိခင်ချီကို သန့်စင်ထားတယ် ...
... အရေးကြီးဆုံးက သူ့မူလက ကြယ်ဗဟိုဒေသမှာတောင် ကြီးစိုးလွန်းနေတဲ့ လောကသခင်ပဲ မဟုတ်လား။ ”
အစားကြူးသူဂျပိုးအိုကြီးက ဝင်ရောက်ပြောကြားလာ၏။ ပေ့ကျန်းမှလည်း ခေါင်းညိတ်လျက်၊
“ မှန်တယ် ... သူ့လိုလူမျိုးက တကယ် သတ်ဖို့ခက်တယ်။ ”
-ဟု ပြောကြားလိုက်တော့သည်။
သံသယများဖြင့် ရုန်းကန်နေခဲ့ရသော ကောင်းကင်နတ်ဆိုးဧကရာဇ်မှာ တဖြည်းဖြည်း တည်ငြိမ်မှု ပြန်လည်ရရှိသွား၏။
တိုက်ပွဲအတွင်း စုရီသည် ခန္ဓာကိုယ်အနှံ့သွေးများ ပေကျံနေပြီး ဆိုးရွားစွာ ပြိုလဲတော့မည့်ပုံ ပြသနေချေပြီ။
သို့သော် အံ့သြစရာကောင်းသည်မှာ စုရီမှခြေတစ်လှမ်း ဆုတ်လိုက်တိုင်း တိုက်ပွဲဝင် ဆန္ဒများ ပိုမိုတောက်လောင်လာခဲ့၏။
“ တကယ်ပဲ အစ်ကိုစုမှာ နောက်ထပ် လျှို့ဝှက်ချက်တွေ ရှိနေတာလား။ ”
ထိုမြင်ကွင်းကြောင့် ကောင်းကင် နတ်ဆိုးဧကရာဇ်၏ ကြယ်ရောင်မျက်လုံးများ တဖျတ်ဖျတ်လက်သွားတော့သည်။
***