ငါးမျှားယူခြင်း ... ။
Vol. 76 Ch. 912
တစ်ဖက်တွင် စုရီသည် ဟင်းလင်းပြင် အတွင်း၌ တစ်စုံတစ်ရာကို စောင့်မျှော်သကဲ့သို့ ငြိမ်သက်စွာရပ်နေဆဲဖြစ်သည်။
“ ဘာလို့ ထွက်မလာသေးတာလဲ။ ”
“ ဝှစ် ... ။ ”
အဆုံး၌ သည်းမခံနိုင်တော့ဘဲ စကြာဝဠာနှလုံးသားဓားကို လွှဲရမ်းကစားလျက် ကြည့်တွေပြည့်နေသည့် ကောင်းကင်ကြီးထံ စိုက်ကြည့်လိုက်တော့၏။
“ မင်းထွက်မလာဘူးလား ... ကောင်းပြီ မင်းဘယ်သူလဲဆိုတာ ငါခန့်မှန်းကြည့်ရအောင် ကြယ်မြစ်ဂိုဏ်းရဲ့ တံငါသည်အတွက်ကတော့ သူ့လှေကိုငါ့ဓားနဲ့ နှိမ်နင်းခံထားခဲ့ရလို့ မထွ်ကလာနိုင်သေးဘူး ...
... ကောင်းကင်ကိုးပါးနန်းတော်က လူယုတ်မာကတော့ သူ့ကိုယ်သူပိတ်လှောင်ပြီး အတွင်းနတ်ဆိုးကို ချေဖြတ်နေရတယ် ...
... ဒီဘဝ သူ့အသိုက်ထဲကနေ ... ထွက်လာဖို့အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး ထိုက်ရီတောင်ရဲ့ အဲဒီတာအိုဘုန်းကြီးကလည်း ခြေတစ်လှမ်းမပေါ်လာဝံ့ဘူး ... မဟုတ်ရင် ရှေးဟောင်းပစ္စည်းရောင်းဝယ်သူက သူ့ကို အရင်ဆုံး အပြစ်ပေးလိမ့်မယ် ...
... အဲဒီသူရဲဘောကြောင်လွန်းတဲ့ ပန်းချီဆရာအိုကြီးအတွက်ကတော့ သူလာဝံ့ရင် သူ့ခေါင်းကိုဖြတ်ပြီး ခွေးစာကျွေးပစ်မယ်ဆိုတဲ့ ငါ့စကားတွေက သူ့တာအိုနှလုံးသားမှာ ...
... စွဲနေတုန်းပဲ ... ဘယ်လောက် သန်မာနေပါစေ သူငါ့ကို မျက်ဝန်းချင်းဆုံအောင် မကြည့်ဝံ့သေးဘူး ရွံ့စရာကောင်းတဲ့အဖိုးကြီး ... ဒါဆိုမင်းက အဲဒီအပ်ချုပ်သမားလား ... ။ ”
ဤနေရာအရောက်တွင် စုရီသည် ရုတ်တရက် တစ်ခုခုသတိရသွားကာ ချက်ချင်း ခေါင်းရမ်းလျက်၊
“ ဒါဆို မင်းလည်း မဟုတ်သေးဘူး မကြာသေးခင်ကပဲ အဲဒီဓားနဲ့ ငါပါးရိုက်ခဲ့တာမို့ မင်းထပ်ရိုက်ခံရမှာ ကြောက်နေလိမ့်မယ် ...
... ကြည့်ရတာ ... မင်းတို့က ငါ့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့အတွက်တောင်မှ အရည်အချင်းမရှိကြတဲ့ ... အဲဒီတုန်းက အမှိုက်အချို့ဖြစ်မယ်ထင်တယ် ... ။ ”
အမှောင်ရိပ်အတွင်းမှ လူအများသည် သူ့စကားအပေါ် တိတ်ဆိတ်စွာ နားထောင်၏။ တုန့်ပြန်ခြင်းမပြုကြချေ။ ထိုကြောင့် တစ်ခုခုကို နားလည်သွားကာ စုရီမှရယ်လိုက်တော့၏။
“ ဟားဟားဟား ... ပျင်းစရာကောင်းလိုက်တာ။ ”
“ ခဏနေပါဦး။ ”
အဆုံး၌ခေါင်းခါလျက် စုရီကထွက်ခွာရန် ပြင်လိုက်တော့၏။ ထိုစဉ် လှံအလင်း တစ်ချက် လင်းလက်သွားပြီး ဟန့်တားသံပေါ်လာသည်။
“ ဝှစ် ... ။ ”
ဟင်းလင်းပြင်အက်ကွဲလျက် ဥက္ကာပျံကြီးအလား စူးရှသောရောင်ဝါတစ်ခု စုရီထံတိုးဝင်လာချေပြီ။ စုရီက လျစ်လျူရှုပြီး ရွှမ်ဟွမ်ကြယ်စုထံ ပျံသန်းလိုက်တော့၏။
“ ဝုန်း ... ။ ”
မူလသူရပ်နေသော ဟင်းလင်းပြင်၌ ရွှေရောင်နတ်သက်တံ ရုတ်ချည်းပေါ်လာကာ ပေါက်ကွဲသွားချေပြီ။
“ ဟမ့် ... တကယ်ပဲ လောကသခင်ရဲ့ စွမ်းအားကုန်သွားပြီပဲ သူလိမ်နေတာမဟုတ်ဘူး ဟားဟားဟား ... ။ ”
“ မှန်တယ် ဒီလိုပဲဖြစ်ရမယ် မဟုတ်ရင် ဘာလို့ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ဘဲ လှည့်ပြေးသွားရတာလဲ။ ”
အမှောင်ရိပ်အတွင်း စကားသံများ ထွက်ပေါ်လာပြီး ပုံရိပ်များစွာက ရုတ်တရက် ထွက်ပေါ်လာတော့သည်။
စုရီမှ လှည့်ကြည့်လိုက်သည်။ သို့သော် ထိုပုံရိပ်ရှင်များသည် ကြိုတင်သတိများစွာရှိပြီး ထိုအရပ်၌ပင် ချက်ချင်းရပ်တန့်သွား၏။ ဤသည်မှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးပေပင်။
“ ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ကောင်းကင်လွတ်မြောက်သူ မင်ယောင်းက လောကသခင်ကို နှုတ်ဆက်ပါတယ်။ ”
ဆံပင်ဖြူဖြူတာအိုဝတ်ရုံဝတ် အဖိုးကြီးတစ်ယောက် ရိုသေစွာဦးညွှတ်လိုက်ပြီး လက်ထဲရှိ ကျောက်စိမ်းပေတံကို အဆင့် ကိုင်ထားခဲ့သည်။ သူ့အမူအရာအရ စုရီအပေါ် ထိတ်လန့်စွာဖြင့် စောင့်ကြည့်နေဆဲဖြစ်ကြောင်း မြင်သာနေ၏။
“ လောကသခင် သေသွားပါပြီ မင်းဘာလို့ လောကသခင်လို့ခေါ်နေရတာလဲ။ ”
သူ့ဘေးရှိ အနက်ရောင်ဝတ် အမျိုးသားတစ်ယောက်က အေးစက်စက် ပြောကြားလိုက်လေသည်။
ဤလူသည် ယန်ချီဖြစ်ပြီး နှလုံးသား ပြခန်း၏ တန်ခိုးကြီးသောနယ်ပယ်ဘုရင်တစ်ပါး ဖြစ်၏။ သူ့လက်ထဲ စုတ်တံကိုင်ထားသည်။
“ တကယ်တော့ ဒီဘဝမှာ သူ့နာမည်က စုရီပါ ... သူ့အသက်က နှစ်ဆယ်ပဲရှိပါသေးတယ် ငါတို့လိုအဘိုးကြီးတွေရဲ့ တပည့်ဖြစ်ဖို့တောင် မထိုက်တန်တော့ပါဘူး။ ”
ခရမ်းရောင်ဝတ်အမျိုးသားက မျက်ဝန်းများ မှေးစင်းလျက် ပြောကြားလာသည်။ သူ့ခါးပေါ်၌ ဓားအိမ်တစ်လက် ချိတ်ဆွဲထား၏။
ဤသည်မှာ ကြယ်မြစ်ဂိုဏ်းမှ ကျိုက်ကျိရှောင်ပေပင်။ သူ့ဘေးတွင် မြွေစိမ်းကို ပခုံးပေါ်တင်လျက် ဟဲမင်လျူဟူသော အမျိုးသမီးတစ်ဦးရပ်နေ၏။
ထိုက်ရီဂိုဏ်းမှ အကြီးအကဲတစ်ပါးပေပင်။ သူတို့လေးယောက်ထဲတွင် ကျင့်ကြံမှုအနိမ့်ဆုံး လူသည် ပေါင်းစည်းခြင်းအဆင့်တွင် ရှိနေပြီး အသန်မာဆုံးလူသည် ဉာဏ်အလင်းပွင့်ခြင်း အဆင့်တွင်ရှိလေသည်။
သို့သော် သူတို့အားလုံးသည် အလွန်သတိထားနေကြပြီး အဝေးတွင်ရပ်ကာ ချဉ်းကပ်မလာကြချေ။ စကားပြောလျက်ဖြင့် အချိန်ဆွဲလိုနေပုံရသည်။
“ မင်းတို့စကားပြောချင်ရင် ဒီမှာစကားပြောပြီးနေခဲ့ပါ တောင်းပန်ပါတယ်၊ ငါ မင်းတို့ကိုအဖော်မပြုနိုင်ဘူး။ ”
စုရီက ချက်ချင်းလှည့်ထွက်သွား၏။ ထို့ကြောင့် မင်ယောင်၊ ယန်ချီ၊ ဟဲမင်လျူနှင့် ကျိုက်ကျိရှောင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ပြီးနောက် သူတို့အားလုံးသည် တညီတညွတ်တည်း ဆုံးဖြတ်ချက်ချသကဲ့သို့ ချက်ချင်းတိုက်ခိုက်လိုက်ကြ၏။
မင်ယောင်၏ ကျောက်စိမ်းပေတံမှ မီးခိုးရောင်ဥပဒေစည်းမျဉ်းတစ်ခု ထွက်လာပြီး လှံအဖြစ်ပေါင်းစည်းကာ စုရီထံဝင်သွားသည်။
ယန်ချီ၏ စုတ်တံမှ ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ဝါးမျိုလိုနေသော မိုးကြိုး ပင်လယ်ကြီးတစ်စင်းပေါ်လာ၏။
“ ရွှီး ...။ ”
ဟဲမင်လျူပခုံးပေါ်မှ မြွေစိမ်းသည် ဟင်လင်းပြင်အတွင်းခုန်ဝင်လျက် အပြာရောင် ဥပဒေစည်းမျဉ်းများကို သံကြိုးအဖြစ် ဖန်တီးလိုက်၏။
ကျိုက်ကျိရှောင်မှာမူ ရိုးရင်းသော ဓားတစ်ချက် ထုတ်ဖော်လာသည်။ အာကာပြင် တစ်ခုလုံး ဆူပွက်လျက် အရပ်မျက်နှာအသီးသီး ကန့်သတ်ပိတ်လှောင်လိုသည့် စွမ်းအားများ ကျဆင်းလာခဲ့၏။
မည်သူမဆို ခွန်အားကို ထိန်ချန်ရန် ဆန္ဒမရှိကြချေ။ ထို့ကြောင့် တာအိုဥပဒေများကို အထွတ်အထိပ်အထိ တွန်းပို့ထားခဲ့သည်။
သို့သော် အရာအားလုံး အချည်းနှီးပေပင်။ စုရီသည် ပြုံးလျက် မူလနေရာမှသည် ရုတ်ချည်း ပျောက်ကွယ်သွားပြီဖြစ်၏။
“ ဘန်း ... ။ ”
သူရပ်နေသော အာကာပြင်သည် နဘ်ပယ်ဘုရင်လေးပါး တိုက်ခိုက်မှုများကြောင့် ချက်ချင်းကွဲကြေသွားတော့သည်။ ယင်းသည် ရွှမ်ဟွမ်ကြယ်စု၏ ကောင်းကင်ကိုပင် အက်ကြောင်းကြီး ဖြစ်လာစေ၏။
နတ်ဆိုးတောင်တန်းမှ မော့ကြည့်နေသော လူအုပ်ကြီးသည် အာကာသထဲရှိ ထိုမြင်ကွင်းထံ ဖျပ်ခနဲမြင်လိုက်ရချေပြီ။
“ သူတို့ ... ။ ”
မင်ယောင်၊ ယန်ချီနှင့် အခြားသော နယ်ပယ်ဘုရင်များသည် တန်ခိုးရှင်များအလား ကြီးစိုးနေသော်လည်း တစ်စုံတစ်ရာမှားယွင်း နေကြောင်းကို အဝေးမှပင် မြင်နိုင်သည်။
“ မြန်မြန် ... ။ ”
“ အဲဒီလူယုတ်မာ ... လှည့်စားတာ ငါတို့ခံရပြီ။ ”
ထိုစဉ်နယ်ပယ်ဘုရင်ကြီးလေးပါးသည် ကောင်းကင်အက်ကွဲကြောင်းကြီး ပြန်မပိတ်ခင် အရပ်လေးမျက်နှာသို့ ဦးတည်ကာ လျှပ်စီးများ အလား လှည့်ပြေးနေသည်ကို မြင်လိုက်ရ၏။
“ ဘာတွေဖြစ်နေတာလဲ ... ။ ”
“ အဲဒီတန်ခိုးကြီးတဲ့ လူတွေက အဖိုးကြီးစုလက်ကနေ ထွက်ပြေးနေတာလား သူတို့ကို လိုက်သတ်တာ ခံနေရတာလား။ ”
အဆိပ်ဘုရင်ထျန်းဟူမှ မျက်ခုံးပင့်လျက် ရှုပ်ထွေးသွားလေသည်။ ကျောက်တုံးနှလုံးသား၊ ယွဲ့ရင်၊ ပေ့ကျန်းနှင့် ကောင်းကင်နတ်ဆိုး ဧကရာဇ်သည် ခန့်မှန်းချက်အချို့ရှိနေပြီး စိတ်လှုပ်ရှားလာတော့၏။
“ ဟားဟားဟား ... မင်းတို့တွေ နောက်ကျသွားပြီ ငါ့ရှေ့ကိုပေါ်လာဝံ့နေမှတော့ မင်းတို့ရဲ့ ကံကြမ္မာအပေါ် သတ်မှတ်ပြီးပါပြီ။ ”
ရုတ်တရက် စုရီအသံပြန်ပေါ်လာပြီး ဓားရောင်ဝါကြီးဒီရေအလား ကောင်းကင်တခွင် ပြည့်နှက်သွားလျက် နက်ပြာရောင် အာကာပြင် တစ်လျှောက် လင်းထိန်သွား၏။
“ ဟမ့် ... ။ ”
မင်ယောင်ပုံရိပ် ချက်ချင်းပြန်ပေါ်လာပြီး ကျောက်စိမ်းပေတံဖြင့် လှည့်၍ခုခံလိုက်ရသည်။ သို့သော် ပြင်းထန်လွန်းသည့် စွမ်းအားကြောင့် ခန္ဓာကိုယ်အနှံ့အပြား သွေးစွန်းသွားကာ ဆံပင်များ ဖရိုဖရဲဖြစ်ကုန်၏။
တစ်ချိန်တည်းမှာပင် ယန်ချီ၊ ကျိုက်ကျိရှောင်နှင့် ဟဲမင်လျူတို့သည်လည်း ကြောက်စရာကောင်းသော ဓားလှိုင်းများဖြင့် အုပ်မိုးခြင်းကြုံလိုက်ရလေသည်။
“ မကောင်းတော့ဘူး ... မြန်မြန်။ ”
“ ကလန် ... ကလန် ... ။ ”
ဓားစွမ်းအင်များ အဆုံးမရှိတွင်းနက်ကြီး ကဲ့သို့ လည်ပတ်နေပြီး သူတို့ကို အဆက်မပြတ် ခုတ်ထစ်လာချေပြီ။
ယင်းသည် ဓားကမ္ဘာအတွင်း ပိတ်မိနေသည့်အလား မျက်စိတစ်ဆုံးဓားများ အပြည့်တောက်ပနေ၏။ များမကြာခင်မှာပင် ယန်ချီနှင့်အဖွဲ့သည် ဒဏ်ရာများရရှိကုန်သည်။
“ ဟမ့် ... ဂုဏ်သိက္ခာကြီးမားတဲ့ လောကသခင်က ဒီလိုလှည့်စားတဲ့နည်းလမ်းနဲ့ တကယ်အနိုင်ယူချင်တာလား ... တကယ့်ကို ရှက်စရာကောင်းတယ်။ ”
ကျိုက်ကျိရှောင်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ နာရီဝက်ကြာအောင်သာ သူ့စွမ်းအားခံမည်ဟူသော စကားသည် လိမ်ညာခြင်းသာဖြစ်၏။
စုရီက ပြုံးလျက် ထိုဓားဒိုမိန်းကြီးအတွင်း ပေါ်လာသည်။ ဓားရောင်ဝါများသည် လှိုင်းများ အလား သူ့အနောက်မှ လိုက်ပါလာ၏။
ယင်းမြင်ကွင်းသည် စကြာဝဠာအတွင်း ဓားတစ်သောင်းဖြင့် ခရီးသွားနေသလိုပေပင်။
“ ချိုးဖြတ် ... ။ ”
မင်ယောင်က သူ့အသက်အတွက် တိုက်ပွဲဝင်နေရသဖြင့် အော်ဟစ်လိုက်ပြီး ဝှက်ဖဲ များကို ထုတ်ဖော်လိုက်တော့သည်။
လူတိုင်းသည်လည်း သူ့နည်းတူ ဝှက်ဖဲများထုတ်လျက် ဓားဒိုမိန်းကြီးအတွင်းမှ ဖောက်ထွက်ရန် ကြိုးစားလိုက်ကြ၏။
“ ဝုန်း ... ။ ”
သို့သော် အဆုံးမရှိသော ဓားစွမ်းအင်များ ကြိတ်ဆုံကြီးတစ်ခုလို လည်ပတ်လျက် သူတို့၏ တိုက်ခိုက်မှုများကို ဖျက်ဆီးသွားတော့သည်။
***