← Chapters

ငါ မင်းကိုထောင်ချောက်ထဲ ခေါ်သွားပါရစေ

Vol. 43 Ch. 423

ငါ မင်းကိုထောင်ချောက်ထဲ ခေါ်သွားပါရစေ

Vol. 43 Ch. 423

"မင်း တကယ်တမ်း ဘာလုပ်ချင်နေတာလဲ"

ယဲ့ဝမ်ရွှမ်သည် ကောင်းကင်ယံတွင် ဖြည်းညှင်းစွာ ဝဲပျံနေပြီး၊နတ်ဆိုးတစ်ထောင်ဂူ၏နက်ရှိုင်းသော နေရာရှိပင်မခန်းမဆောင်ကြီးနှင့် နီးကပ်လာလေလေ၊ သူမ၏နှလုံးခုန်သံများတဖြည်းဖြည်း မြန်ဆန်လာလေလေပင်။

ခန်းမဆောင်အတွင်းမှ အရှိန်အဝါကို အာရုံခံမိသည်အထိပင်။

သူမ ရုတ်တရက် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှေ့ဆက်တိုးခြင်းကို ရပ်တန့်လိုက်၏။

"အရူးကောင်"

ဤအရာက ယဲ့ဝမ်ရွှမ် မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေသည်။ ဆွေးနွေးမှု သို့မဟုတ် ပြင်ဆင်မှုတစ်စုံတစ်ရာ မရှိဘဲ၊ ခွေးအိုကြီး နှင့် ဤမျှမဆင်မခြင် သွားတွေ့ရမည်လော။

တစ်ခုခု လွဲချော်သွားရင် မည်သို့လုပ်မည်နည်း။

သူမ နှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်သော်လည်း၊ နီကျွင်းဆက်လက် ပျံသန်းသွားသည်ကို သတိထားမိလိုက်သည်။ ဆိုလိုသည်မှာ ရှန်းယီ သည် ပင်မခန်းမဆောင်သို့ ချဉ်းကပ်နေဆဲပင်။

"အဲ့ဒါ ငါပင်ပင်ပန်းပန်းပြုစုပျိုးထောင်ထားတဲ့ တပည့်ပါ"

ယဲ့ဝမ်ရွှမ် လက်သီးကို ရုတ်တရက်ဆုပ်လိုက်သည်။ နီကျွင်းသည် နန်ယန်ဂိုဏ်းမှ ထွက်ခွာရန် သူမ၏တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ရှန်းယီသည် သူ့ကို ခွေးအိုကြီးထံသို့ တစ်ဆင့်ချင်း ခေါ်ဆောင်သွားနေသည်။

သူမ အချိန်အကြာကြီး တိတ်ဆိတ်နေလိုက်၏။

နီကျွင်း၏ပုံရိပ် မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွားသည့် အချိန်ကျမှသာ၊ သူမ ဒေါသတကြီး ခြေဆောင့်လိုက်ပြီး တိမ်တိုက်တစ်ခုစီးကာ သူ့နောက်သို့ လိုက်သွားတော့သည်။

ခမ်းနားထည်ဝါပြီး မပျက်မစီးရှိနေသော ပင်မခန်းမဆောင်ကြီးသည် တဖြည်းဖြည်းမြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။

ယဲ့ဝမ်ရွှမ် ခဏမျှ မှင်တက်သွားသည်။

အကြောင်းမှာ သူမစိတ်ကူးထားခဲ့သော ပြင်းထန်သည့် တိုက်ပွဲမြင်ကွင်းကို မတွေ့ရသောကြောင့်ပင်။

နီကျွင်းသည်လည်း ကောင်းကင်ယံတွင် တည်ရှိနေဆဲဖြစ်ပြီး၊ သူမကဲ့သို့ပင် ဇဝေဇဝါဖြစ်စွာဖြင့် အောက်ဘက်ရှိ မြေပြင်ကို စိုက်ကြည့်နေသည်။

ထိုနေရာတွင် ရှန်းယီသည် ပင်မခန်းမဆောင်၏ ရှေ့၌တစ်ဦးတည်း ရပ်လျက် ခန်းမဆောင်ဘက်သို့ လှမ်းကြည့်နေသည်။

လူငယ်၏မျက်နှာထားမှာ တည်ငြိမ်နေပြီး၊ သူ၏ နက်မှောင်သော ဆံနွယ်များသည် လေတွင် ဖြည်းညှင်းစွာ လွင့်မြောနေသည်။

ခန်းမဆောင်ရှေ့တွင် လူသူကင်းမဲ့နေသော်လည်း၊ ယဲ့ဝမ်ရွှမ်သည် အတွင်း၌ဖုံးကွယ်ထားသော အစွမ်းထက်သည့် အရှိန်အဝါကို အာရုံခံမိနေဆဲ ဖြစ်၏။ ခွေးအိုကြီးသည် အတွင်း၌ရှိနေကြောင်း ထင်ရှားသည်။

"ဒါက" သူမ၏အံ့သြမှု ပိုမို ကြီးထွားလာသည်။

ခဏအကြာတွင် ရှန်းယီသည် မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီး လက်ဖဝါးများကိုဖြန့်ကျက်လိုက်ရာ၊ နတ်ဆိုးအငွေ့အသက်များ ပါဝင်သော ရွှေရောင်ကြိုးမျှင်များ သူ၏လက်ချောင်းထိပ်များမှ ထွက်ပေါ်လာသည်။

သူသည် ကျန်းလေ့ဖူ၏ ရှေ့တည့်တည့်၌ပင် အစီအရင်တစ်ခု စတင် ခင်းကျင်းလိုက်တော့သည်။

“…”

ယဲ့ဝမ်ရွှမ်သည် ပင်မခန်းမဆောင်ကို တစ်ချက်ကြည့်လိုက်၊ ရှန်းယီကို တစ်ချက်ကြည့်လိုက်နှင့် သူမ၏မျက်လုံးများ တဖြည်းဖြည်း ဝေဝါးလာ၏။

နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးသည် ခွေးအိုကြီး၏ရှေ့၌ ဤမျှ ရဲရဲတင်းတင်း လမ်းလျှောက်နေခြင်းမှာ သိုးကလေးတစ်ကောင် ကျားသိုက်ထဲသို့ ဝင်ရောက်သွားခြင်းနှင့် တူလှသည်။

သို့သော် ယခုအခါ ဂူထဲမှကျားရိုင်းကြီးသည် အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် တံခါးဝအထိလာပို့သော အသားတုံးကို လျစ်လျူရှုထားသည်။

သူမ၏ နှစ်ပေါင်းများစွာ နားလည်ထားမှုများ ရုတ်တရက် ပြိုကွဲစ ပြုလာ၏။

သူမ ရှေ့ရှိတိတ်ဆိတ်သော မြင်ကွင်းသည် သူမ၏ စိတ်ထဲရှိ ဝူထုံတောင်မှ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်မှုပုံရိပ်များနှင့် ပြင်းထန်စွာ ဆန့်ကျင်နေသည်။

နောက်ဆုံးတွင် ၎င်းအားလုံးသည် မယုံကြည်နိုင်ဖွယ်ရာသက်ပြင်းချသံတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။

"ဟူး"

ရှန်းယီသည် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူ၏ အကြည့်များမှာ ရှေးဟောင်းရေတွင်းကဲ့သို့ တည်ငြိမ်နေပြီး၊ လက်ချောင်းထိပ်များမှ ရွှေရောင်ကြိုးမျှင်များသာ လျင်မြန်စွာ လက်ခတ်နေသည်။

ရှုပ်ထွေးပွေလီသော သံစုတ်တံငွေချိတ်မဟာအစီအရင်ကို သူ၏လက်ထဲ၌ တိကျစွာ ပုံဖော်နေသည်။

ရှန်းယီ၏လက်ရှိ ဝိညာဉ်စွမ်းအားဖြင့် သူသည် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် အစီအရင်နှစ်ခုကို ခင်းကျင်းနိုင်ပြီး၊ နောက်ဆုံး တစ်ခုကိုမူ ထုံရှင်းချွမ်းအားအဆုံးသတ်စေရန် ရည်ရွယ်ထားသည်။

အခြားသူများ၏မျက်လုံးထဲတွင် အဓိပ္ပာယ်မရှိသော လုပ်ရပ်ဟု ထင်ရသော်လည်းလက်တွေ့တွင် ၎င်းကို ရှန်းယီက သေချာစွာ စဉ်းစားသုံးသပ်ထားပြီးဖြစ်သည်။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ရှိ မဟာနတ်ဆိုးကြီးတစ်ကောင်အနေဖြင့်၊ နန်ယန်ဂိုဏ်း၏ ရတနာများအားလုံးနီးပါးကို လုယူထားသဖြင့် ခွေးအိုကြီး၏အခြေခံအုတ်မြစ်မှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ဖြစ်သည်။

ထိုကဲ့သို့သော မဟာနတ်ဆိုးကြီးသာ ထွက်လာလိုစိတ်ရှိလျှင် မည်သူကများ သူ့ကို ထိန်းချုပ်နိုင်မည်နည်း။

ထို့ကြောင့် ရှန်းယီသည် လွန်ခဲ့သော နှစ်အနည်းငယ်က ချန်ချမ်ခွင်းအကြောင်းကို ရုတ်တရက် သတိရလိုက်၏။

ထိုစဉ်ကလည်း အလားတူအခြေအနေပင်။

ယန်ချွန်းမြစ်ထဲမှ ရေနဂါးအိုကြီးသည် မြစ်ထဲမှ အချိန်မရွေး ထွက်လာနိုင်ပြီး၊ အဘိုးကြီးချန်မှာ အလုပ်များလွန်းသဖြင့် လင်းကျန်းစီရင်စုကို လုံးဝ စောင့်ရှောက်နိုင်ခြင်း မရှိခဲ့ပေ။

ယခု ခွေးအိုကြီးနှင့် အတူတူပင်။

ရှန်းယီ၏အင်အားဖြင့် ခွေးအိုကြီးကို နေ့ရောညပါ စောင့်ကြည့်နေရန် မဖြစ်နိုင်ပေ။ အကယ်၍ တစ်ဖက်လူသာ ဆန္ဒရှိလျှင်၊ သူ့မြင်ကွင်းမှ လွတ်မြောက်မည့် နည်းလမ်းများကို အသုံးပြု၍ မဟာချန်တစ်ခုလုံးကို သတ်ဖြတ်ရန်မှာ လွယ်ကူလှသည်။

ထိုစဉ်က ရှန်းယီ၏ရွေးချယ်မှုမှာ အဘိုးကြီးချန်ကို ငါးစာအဖြစ် အသုံးပြု၍ ထိုရေနဂါးကို မျှားခေါ်ရန် ဖြစ်သည်။

ယခုလည်း အခြေအနေမှာပြောင်းလဲခြင်း မရှိပေ၊ ရှန်းယီက သူ့ကိုယ်သူငါးစာအဖြစ် အသုံးပြုရန် ရွေးချယ်လိုက်ခြင်းသာ ကွာခြားသွား၏။

လွန်ခဲ့သော တစ်ချိန်က ခြင်္သေ့ဧကရာဇ်၏ အထောက်အထား ပေါ်ပေါက်ခဲ့စဉ်က သူသည် လက်သည်းချက်တစ်ချက် မိခဲ့ဖူးသည်။ ထိုကဲ့သို့ ပြင်းထန်စွာ ဒဏ်ရာရနေသော အခြေအနေတွင်၊ ရှန်းယီသည် အစွမ်းကုန်ထွက်ပြေးလျှင်ပင်၊ ခွေးအိုကြီးသာ ထွက်လာလိုစိတ် ရှိပါက သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

သို့သော် တစ်ဖက်လူ ထွက်မလာခဲ့ပေ။

ယခုတစ်ကြိမ်တွင် ရှန်းယီသည် မူလက ဝူထုံတောင်မှ လူအနည်းငယ်ကိုသာ ရတနာများကို ခွဲခြားရာတွင် ကူညီရန် ခေါ်လာလိုသော်လည်း၊ နောက်ဆုံးတွင် မဟာချန်နှင့် ရွှီမိသားစုဝင်များ လိုက်ပါလာခြင်းကို ငြင်းပယ်ခြင်း မပြုခဲ့ပေ။

အကြောင်းရင်းမှာ ခွေးအိုကြီးသည် ရန်စမှုကြောင့် ပင်မခန်းမဆောင်မှ ထွက်လာမလာ ဆိုသည်ကို စမ်းသပ်လိုသောကြောင့်ပင်။

ထိပ်တိုက်တွေ့ဆုံမှုမှာ ရှောင်လွှဲ၍ မရပေ။

ထို့ကြောင့် ပြိုင်ဘက်၏နယ်မြေတွင် တိုက်ခိုက်ခြင်းထက် ၎င်းကို အပြင်သို့မျှားခေါ်ခြင်းက ပိုကောင်းသည်။

ရှန်းယီ၏ ကောင်းကင်ဘုံဖီးနစ်ထာဝရမူခန္ဓာကိုယ် သည် ယခုအခါအတော်အတန် ပြည့်စုံလာပြီ ဖြစ်သည်။ သူသည် ခွေးအိုကြီးကို အနိုင်ယူနိုင်မည်ဟု မဆိုလိုသော်လည်း၊ အနည်းဆုံး အချိန်ဆွဲထားရန်မှာ ပြဿနာ မရှိပေ။

မဟာချန်နှင့် အခြားသူများသည် အစွန်အဖျားတွင် ရှိနေကြသဖြင့်၊ ထိုအချိန်တွင် နတ်ဆိုးတစ်ထောင်ဂူမှ ထွက်ခွာရန် အချိန်လုံလောက်စွာ ရရှိကြလိမ့်မည်။

ထို့အပြင် ဤအချိန်တွင် ဝူထုံတောင်မှ လူများသည် အရူးများမဟုတ်ကြပါက၊ တာအိုချပ်ပြားကို သွားရောက် ထားရှိကြလိမ့်မည်မှာ သေချာသည်။

ရှန်းယီသည် သူကိုယ်တိုင်က ဘက်နှစ်ဖက်လုံး၏ အစီအစဉ်ထဲတွင် မပါဝင်သော ကိန်းရှင်တစ်ခုဖြစ်ကြောင်းကောင်းစွာ သိရှိထား၏။

သို့သော်... ဤပင်မခန်းမဆောင်ရှေ့သို့ ရောက်ရှိလာပြီးသည့်တိုင် ခွေးအိုကြီးသည် လှုပ်ရှားမှု မရှိသေးပေ။

နောက်ဆုံးတွင် ရှန်းယီလက်တွေ့ကို လက်ခံလိုက်ရ၏။ ဤခွေးက သူထင်ထားတာထက်ပင် ပိုပြီး သည်းခံနိုင်စွမ်း ရှိသည်။ တစ်ဖက်လူက အချိန်ကောင်းဟု ယူဆသောအခါ၊ နောက်ဆက်တွဲ လက်တုံ့ပြန်မှုသည် သူ စိတ်ကူးထားသည်ထက် ပိုမိုရက်စက်ကြမ်းကြုတ်မည်မှာ သေချာသည်။

ဝူထုံတောင်မှ ဘိုးဘေးကြီးကဲ့သို့ ပြင်ပအရာများကို ဖုန်မှုန့်သဖွယ်သဘောထားပြီး၊ မိတ်ဆွေဟောင်းများအားလုံး သေဆုံးသွားသည့်တိုင် တည်ငြိမ်အေးဆေးစွာနေနိုင်သူမျိုး ဖြစ်မလာနိုင်သမျှ ကာလပတ်လုံး၊ သူသည် ဤခွေးနှင့် အမှန်တကယ် တိုက်ခိုက်ရပေလိမ့်မည်။

မီးခိုးမည်းများလွှမ်းခြုံထားသော ရွှေရောင်ကြိုးမျှင်များသည် လျင်မြန်စွာကျဆင်းလာပြီး တဖြည်းဖြည်း ပုံဖော်လာ၏။

“…”

ပင်မခန်းမဆောင် အတွင်း၌ကူရှင်ပေါ်တွင် ဝပ်တွားနေသော ခွေးအိုကြီးသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ကျန်းလေ့ဖူ သည် တစ်စုံတစ်ဦး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ တက်လှမ်းသွားခြင်းနှင့် တာအိုချပ်ပြားအသုံးပြုနေသည့် အရှိန်အဝါကို ယခင်က အာရုံခံမိခဲ့သည်။

ထိုကဲ့သို့ သိသာထင်ရှားသော လုပ်ရပ်များသည် သူ့ကို အရူးတစ်ယောက်လို ဆက်ဆံနေခြင်းပင်။

ဤအောက်တန်းကျသော လူသားများက မည်သို့သောထောင်ချောက်ကို ပြင်ဆင်ထားသည်ကို သူ မသိသော်လည်း၊ မည်သို့ပင်ဖြစ်စေ သူသည် ဘယ်တော့မှ ငါးစာဟပ်မည် မဟုတ်ပေ။

ကျန်းလေ့ဖူသည် ဤလူများ၏စစ်မှန်သော ရည်ရွယ်ချက် မည်သည့်အရာဖြစ်ကြောင်း အခြားမည်သူထက်မဆို ပိုသိသည်။

အကယ်၍ သူသာအလိမ်ခံလိုက်ရပါက၊ ထာဝရ ကျဆုံးခြင်းချောက်ကမ်းပါးထဲသို့ ကျရောက်သွားမည်မှာ သေချာသည်။ ဤကဲ့သို့သော အချိန်မျိုးတွင်စွန့်စားရမည့် အကြောင်းရင်း လုံးဝ မရှိပေ။

အချိန်များဖြည်းညှင်းစွာ ကုန်ဆုံးသွားသော်လည်း ပင်မခန်းမဆောင် ဝန်းကျင်သည် အေးခဲနေသကဲ့သို့ပင်။

ရှန်းယီ၏လက်ချောင်းထိပ်များရှိ ရွှေရောင်ကြိုးမျှင်များသာ လှုပ်ရှားနေ၏။

သူ့ခါးရှိ ဆက်သွယ်ရေး ကျောက်စိမ်းပြား အနည်းငယ် တုန်ခါသွားချိန်တွင်၊ ထုံရှင်းချွမ်းသည် နောက်ဆုံး၌ တားမြစ်အစီအရင်ကို အလွန် တောင့်တင်းသော နည်းလမ်းဖြင့် မှတ်သားနိုင်ခဲ့သည်။ နားလည်သဘောပေါက်ရန် မကြိုးစားဘဲ ပြန်လည်ကူးယူနိုင်ရန်သာ ရည်ရွယ်ခဲ့သည်။

“…”

နီကျွင်းသည် ဂျူနီယာညီလေးထုံ အဝေးမှနေ၍ ပင်မခန်းမဆောင် အဝင်ဝသို့လျှောက်သွားပြီး၊ ဝိညာဉ်သန့်စင်ကောင်းကင်ပိုးမျှင်ဖြင့် အစီအရင် စတင် ခင်းကျင်းသည်ကို မျက်လုံးပြူးကာ ကြည့်နေသည်။

သူ ကောင်းကောင်း နားမလည်နိုင်ပေ။

ရှန်းယီက မဟာအစီအရင်တစ်ခုခုကို သုံးပြီး ခွေးအိုကြီးကို ဤနေရာတွင် ထာဝရပိတ်လှောင်ထားရန် ရည်ရွယ်သည်လော။

သို့သော် ဤမျှထိပေါ်တင်ကြီး အစီအရင်ခင်းနေသည်ဖြစ်ရာ မည်သည့်ငတုံးငအက ဝင်တိုးမည်နည်း။

"ငါ အောင်မြင်သွားပြီလား"

ထုံရှင်းချွမ်းသည် ချွေးများဖြင့် ရွှဲနစ်နေပြီး၊ လက်ချောင်းထိပ်များ တုန်ရီနေသည်အထိ စိတ်လှုပ်ရှားနေ၏။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် အစီအရင် ခင်းကျင်းမှုတွင် သူ ပထမဆုံးအကြိမ် ပါဝင်ခြင်း ဖြစ်သည်။

ရှန်းယီ၏နည်းလမ်းများမှာ အလွန်ပင် အံ့သြဖွယ်ကောင်းလှသည်။

လွန်ခဲ့သော တစ်ခေါက်က တစ်ဖက်လူ အစီအရင် ခင်းကျင်းသည်ကို မြင်ရစဉ်က နတ်ဆိုးစွမ်းအင်ဖြင့် ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူ့အတွက် အဆင်ပြေစေရန် ဝိညာဉ်သန့်စင်ကောင်းကင်ပိုးမျှင်ကို မီးစွမ်းအင်သို့ ပြောင်းလဲပေးခဲ့သည်။

"ဝေးဝေးမှာ သွားနေဖို့ ကြိုးစားပါ"

ရှန်းယီက ခေါင်းကို ညင်သာစွာညိတ်ပြလိုက်သောအခါ၊ ထုံရှင်းချွမ်းသည် နောက်ဆုံး၌ သက်ပြင်းချနိုင်ခဲ့သည်။ ထို့နောက် ရှန်းယီက သူ၏ ဝတ်ရုံနက်ကို ချွတ်ပြီးကမ်းပေးလိုက်သည်ကို တွေ့လိုက်ရ၏။

"ဒါ... သူ တိုက်ခိုက်ဖို့ ပြင်နေတာလား"

ထုံရှင်းချွမ်း တံတွေးကို အတင်းမျိုချလိုက်၏။ သူ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် တိုက်ပွဲတစ်ခုတွင် အမှန်တကယ် ပါဝင်ခွင့်ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ပေ။

သူ ပြောနေစဉ်မှာပင် အလင်းတန်းတစ်ခုသည် ငွေရောင်သံချပ်ကာနှင့်နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံအဖြစ်ပြောင်းလဲသွားပြီး၊ သတ္တုချင်း ရိုက်ခတ်သံနှင့်အတူ ရှန်းယီ၏ခန္ဓာကိုယ်ပေါ်တွင် ချိတ်ဆက်သွားသည်။

ရက်ပေါင်းများစွာ နေရာမှာပင် ထိုင်နေခဲ့သော လူငယ်သည် နောက်ဆုံး၌ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။

ရှန်းယီသည် သူ၏လက်ကောက်ဝတ် သံချပ်ကာကို ဆုပ်ကိုင်ပြီး အနည်းငယ်ညှိယူလိုက်ပေသည်။

သူ၏ရိုးရှင်းသော ဤလှုပ်ရှားမှုသည် နီကျွင်းနှင့် ယဲ့ဝမ်ရွှမ်တို့၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်၏။

သူတို့၏တင်းမာပြီး မယုံကြည်နိုင်သော အကြည့်များအောက်တွင်ရှန်းယီသည် ကြီးမားသော ကျောက်လှေကားထစ်များကိုဖြည်းညှင်းစွာ တက်လှမ်းသွားပြီး၊ နေမင်းရုပ်ကြွကြီးကို ဖြတ်ကျော်ကာ ပင်မခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသည်။

သူ့နောက်တွင် သံစုတ်တံငွေချိတ်မဟာအစီအရင်သည် ရုတ်တရက်လင်းလက်လာ၏။

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် အရှိန်အဝါသည် ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။

All Chapters