နန်ယန်ဂိုဏ်း၏တပည့်
Vol. 43 Ch. 427
ကောင်းကင်ဓားဂိုဏ်းမှဟုဆိုသူ သက်လတ်ပိုင်း အမျိုးသား စကားပြောပြီးနောက်၊ အခြား တာအိုချပ်ပြားများ အနည်းငယ်တုန်ခါသွားပြီး နောက်ထပ်ပုံရိပ်ယောင်နှစ်ခု ထွက်ပေါ်လာသည်။
"ကျုပ်တို့လည်း ခင်ဗျားကို အလားတူအခွင့်အရေးတွေ ပေးနိုင်ပါတယ်။"
ဆန့်ကျင်ဘက်အနေဖြင့် ရှန်းယီနှင့် အခြားသူများကိုဦးစွာ ကြိုဆိုခဲ့သော လခြမ်းပုံတာအိုချပ်ပြားသည် ဤမြင်ကွင်းကိုမြင်သောအခါ စကားတစ်ခွန်းမှမပြောဘဲ ပြန်လည် တိတ်ဆိတ်သွားသည်။
ဤကဲ့သို့သော ထူးဆန်းသည့် မြင်ကွင်းကြောင့် နန်ယန်ဂိုဏ်းမှ ထွက်လာခါစ ကျင့်ကြံသူများစွာမှာ အနည်းငယ်ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။
သူတို့အတွက် ပြင်ပကမ္ဘာကြီးမှာ အလွန်စိမ်းသက်နေပြီဖြစ်ရာ ထွက်လာလာချင်းမှာပင် ဤမျှ အလုအယက်ဖြစ်ခံရမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
သူတို့သည် နဂါးအငွေ့အသက်ကို ပိုင်ဆိုင်ထားပြီး အကန့်အသတ်မရှိသော အနာဂတ်ရှိသူများဟု ထင်မှတ်ရလောက်သည်။
ကျူးကျွယ်သည် ဘေးနားရှိ ကျန်းချိုလန်လှမ်းကြည့်လိုက်သော်လည်း သူမထံမှ မည်သည့် စိတ်ခံစားမှုအပြောင်းအလဲမျှ မတွေ့ရပေ။
တစ်စုံတစ်ယောက်က တစ်ခုခုမှားနေသည်ဟု ခံစားရလျှင် ထိုသူမှာ သူသာဖြစ်လောက်မည်။
ကျူးကျွယ်သည် ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်းသိသည်။ သူသည် သိုင်းဝိဇ္ဇာအဆင့်မျှသာရှိပြီး ကျန်းချိုလန်သည်လည်း နတ်ဘုရားစိတ်ဝိညာဉ်သို့ မရောက်သေးပေ။
နန်ယန်ဂိုဏ်းအတွင်း၌ သူတို့သည် အရေးပါသော ပုဂ္ဂိုလ်များအဖြစ် ရေတွက်၍ ရကောင်းရနိုင်သော်လည်းအပြင်လောကတွင်တော့... ဝူထုံတောင် မှဘိုးဘေးပင် ငုံးတစ်ကောင်ကဲ့သို့ငြိမ်ကုပ်နေခဲ့ရသည် မဟုတ်ပါလော။
ဤကဲ့သို့ ထင်ကရပုဂ္ဂိုလ်များ၏
အမြင်အာရုံထဲ ဝင်ရောက်ရန် သူတို့၌မည်သည့်အရည်အချင်း ရှိသည်ကို သူ အမှန်တကယ် နားမလည်နိုင်ပေ။
"..."
အချိန်အကြာကြီး စောင့်ဆိုင်းနေသော်လည်း တုံ့ပြန်မှုမရသဖြင့် ကောင်းကင်ဓားဂိုဏ်းမှ သက်လတ်ပိုင်းအမျိုးသားသည် အောက်သို့ ပြန်ငုံ့ကြည့်လိုက်ရာ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
အမွေအနှစ်ပြတ်တောက်နေသော နယ်မြေတစ်ခုမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသော လူတစ်စုသာဖြစ်သည်။
သူတို့အထဲတွင် အသန်မာဆုံးမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ကို မနည်း ဝင်ရောက်ထားရုံသာရှိပြီး ကျန်ရှိသောလူများထဲတွင် သာမန် ချီကျင့်ကြံသူများပင် ပါဝင်နေသည်။ ထို့အပြင် သူတို့၏ဗဟုသုတက တိမ်ကောပြီး နည်းလမ်းများက ညံ့ဖျင်း၏။
ဂိုဏ်းအတွင်း၌ကျင့်ကြံခွင့်ပြုခြင်းကပင် ကြီးမားသောအခွင့်ထူးတစ်ခု ဖြစ်နေပြီဖြစ်၏။
သူတို့က မကျေနပ်ကြသေးဘူးလား။
သူ ခဏလောက် သေချာအကဲခတ်ကြည့်လိုက်ရာ လူတိုင်းနီးပါးသည် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ရှိ အဖြူရောင်ဝတ်ရုံဝတ် လူငယ်ကို တိတ်တဆိတ် ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။
အဖြူရောင်ဝတ်ရုံကိုပြန်ကြည့်လိုက်ရာ သက်လတ်ပိုင်း အမျိုးသားသည် သည်းမခံနိုင်သလိုဖြစ်သွားပြီး မျက်နှာအနည်းငယ် မည်းမှောင်သွား၏။
ဂိုဏ်းချုပ်၏ဂုဏ်ဒြပ်ကို ကိုယ်စားပြုသော ထိုကဲ့သို့သောဝတ်ရုံတော်မျိုးသည် ထိုလူ ညစ်နွမ်းစေနိုင်သော အရာမျိုးလော။
"..."
သူ ခဏမျှစဉ်းစားလိုက်ပြီးနောက် ရှန်းယီကို ကြည့်ကာ ပြောလိုက်၏။ "မင်းရဲ့ ပါရမီက ထူးချွန်တယ်။ မင်းကိုခြွင်းချက်အနေနဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခွင့်ပေးမယ်။ ငါ့ရဲ့ကောင်းကင်ဓားဂိုဏ်းမှာ ဒီအဆင့်အတန်းမျိုး ရဖို့ဆိုတာ အနည်းဆုံး ဟင်းလင်းပြင်လျှောက်လှမ်းခြင်း တတိယအဆင့် ဒါမှမဟုတ် အဲဒီအထက်ရှိမှ ရတာ။ ဘယ်လိုလဲ"
တစ်ဖက်လူအနေဖြင့် ကျေးဇူးတင်လွန်းအားကြီးပြီး ဝမ်းသာသွားလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။
မမျှော်လင့်ဘဲ ဤစကားများကို ကြားပြီးနောက် ရှန်းယီသည် အကြည့်ကိုဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်၏။
သူ့တွင် အားသာချက် မရှိပေ။ ဘဝနှစ်ခုစလုံးတွင် သူသည် သာမန်လူငယ်လေး တစ်ယောက်သာ ဖြစ်ခဲ့သည်။
သို့သော် သာမန်လူငယ်လေး ဖြစ်ခဲ့သောကြောင့်ပင် ဤကိစ္စရပ်များကို အလွန်အာရုံခံစားမိနိုင်ခြင်း ဖြစ်သည်။ ဤအရာက မျက်နှာသာပေးခြင်း လုံးဝ မဟုတ်ဘဲ သူ့ဆီမှတစ်စုံတစ်ခုကို တောင်းဆိုနေခြင်းနှင့် ပိုတူကြောင်း ရှင်းလင်းနေသည်။
အလွန် သိသာထင်ရှားသော အချက်တစ်ခုမှာ လခြမ်းပုံတာအိုချပ်ပြားပြောခဲ့သော ပထမဆုံး ဝါကျတွင် သူတို့ကိုတန်းတူညီမျှ မဟာမိတ်ဂိုဏ်းများအဖြစ် ဆက်ဆံခဲ့သည်။
ထိုစကားများ ပြောပြီးနောက် ကောင်းကင်ဓားဂိုဏ်းဆိုသည်မှာ အနည်းငယ် စိုးရိမ်သွားပုံရပြီး ထိုလူ၏စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်၏။
ရှန်းယီသည် သူ့တွင် မက်မောလောက်စရာ မည်သည့်အရာရှိသည်ကို မသေချာပေ။
တာအိုချပ်ပြားကြောင့် ဆိုလျှင်ပင် ဤလူများ၏ အင်အားဖြင့်ဆိုလျှင် အတင်းအဓမ္မလုယူလိုက်ရုံသာရှိ၏။ အဘယ်ကြောင့် ဆင်ခြေရှာနေဦးမည်နည်း။
စီးပွားရေးအရဆက်ဆံသည်ဆိုလျှင် အနည်းဆုံးတော့ သူ့တွင် မည်သည့်အရာရှိသည်၊ မည်မျှတန်ဖိုးရှိကြောင်း သိဖို့လိုပေ၏။
ရှန်းယီ ပြန်မဖြေနိုင်ခင်မှာပင် အနည်းငယ် တုန်ယင်နေသောကြည်လင်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။
"ခွင့်လွှတ်ပါ စီနီယာ၊ ကျွန်မက ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ဒုတိယအဆင့်ကို ရောက်ဖို့ တစ်လှမ်းပဲ လိုပါတော့တယ်။ ကျွန်မကို ခြွင်းချက်အနေနဲ့ အကြီးအကဲ ပေးလုပ်လို့ ရမလား"
ယဲ့ဝမ်ရွှမ်သည် သတ္တိမွေးပြီး ရှေ့သို့ တိုးလာ၏။
ထိုစကားကိုကြားတော့ ကောင်းကင်ဓားဂိုဏ်း အကြီးအကဲသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။
ဤကိစ္စကို တစ်ယောက်ယောက်ကတော့ စရမှာပဲလေ။ ခဏကြာတော့ သူက အသံတိုတိုလေး ပြုလိုက်သည်။
"အင်း။"
ထိုအရာကိုကြားလိုက်ရတော့ ယဲ့ဝမ်ရွှမ်၏ မျက်နှာသည် နတ်ဘုရားအမိန့်အာဏာ ရရှိလိုက်သကဲ့သို့ ဝင်းပသွားပြီး ချက်ချင်းဒူးထောက်ကာ ဂါရဝပြုလိုက်၏။ "တပည့် ယဲ့ဝမ်ရွှမ်က ကောင်းကင်ဓားဂိုဏ်းကို ဝင်ရောက်လိုပါတယ်"
သူမ မတုံးအပေ။
ဤတာအိုချပ်ပြားခြောက်ခုသည် တောင်ပိုင်းဟုန်၏ မဟာမိတ်ဂိုဏ်းများဖြစ်ကြောင်း ထင်ရှား၏။
သို့သော် တောင်ပိုင်းဟုန်၏အခြေအနေက မည်သို့ရှိသနည်း။ နတ်ဆိုးများ၊ ဘီလူးများ၏ဖျက်ဆီးမှုကို ခံထားရတာကြာလှပြီ၊ ဝိညာဉ်စွမ်းအင်များ ရှားပါးပြီးစီနီယာတစ်ယောက်မှပင် မကျန်တော့ပေ။
တကယ်တမ်းပြောရလျှင် သေဆုံးနေသည်နှင့်မခြားနားပေ။
ထို့အတူ တာအိုချပ်ပြားပေါ်ပုံရိပ်ယောင်တစ်ခုတည်းက ထုတ်လွှတ်နေသည့် အငွေ့အသက်မှာ သူမ တစ်ခါမှမမြင်ဖူးငည့်၊ စိတ်ပင်မကူးရဲသည့် အရာမျိုးပင်။
ရှန်းအမည်သည့်သူ အဘယ်ကြောင့် တုံ့ဆိုင်းနေလဲ သူမ မသိပေ။
ဟောင်းနွမ်းပျက်စီးနေတဲ့ နန်ယန်ဂိုဏ်းကိုပဲ စောင့်ကြပ်ချင်နေတာလား၊ ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး။
"ငါ မင်းကို စောင့်နေတာ ကြာပြီ။"
ကောင်းကင်ဓားဂိုဏ်းအကြီးအကဲသည် ယဲ့ဝမ်ရွှမ်ကို မကြည့်ဘဲ ရှန်းယီကိုသာ ဆက်လက် စိုက်ကြည့်နေသည်။
"ကျွန်တော်က ဒီကိုအသစ်ရောက်လာတာမို့ အခြေအနေကို နားမလည်ပါဘူး။ လောလောဆယ် ဂိုဏ်းဝင်ဖို့ အစီအစဉ်မရှိသေးပါဘူး။" ရှန်းယီက နှိမ့်ချခြင်း၊ မာန်တက်ခြင်း မရှိဘဲ မော့ကြည့်ကာ ပြောလိုက်၏။
"..."
ကောင်းကင်ဓားဂိုဏ်း အကြီးအကဲသည် လူငယ်ကို ဂရုမစိုက်သလိုစိုက်ကြည့်ရင်း ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ့နောက်ကလူတွေက ဘာမှ မငြီးငြူကြတာတွေ့တော့ သူက အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ "ကောင်းပြီလေ။"
ထို့နောက် ပုံရိပ်ယောင်ပျောက်ကွယ်သွားပြီး ဓားရှည်ပုံစံထွင်းထုထားသော တာအိုချပ်ပြားသည် အဝေးသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
ဤအရာကိုမြင်တော့ ယဲ့ဝမ်ရွှမ်သည် အနာဂတ် ပျောက်ဆုံးသွားမည်ကို ကြောက်ရွံ့သဖြင့် အလျင်အမြန်ထကာ တိမ်စီးပြီးနောက်မှ လိုက်သွားလေသည်။
အခြား တာအိုချပ်ပြားများလည်း တစ်ခုပြီးတစ်ခု လူစုခွဲသွားကြ၏။
လခြမ်းပုံတာအိုချပ်ပြားသာ ကျန်ရစ်ပြီး တင်းမာသောအသံကို အနည်းငယ် လျှော့ကာ ပြောသည်။
"ကျုပ်တို့အားလုံးက နန်ဟုန်ဂိုဏ်းခုနစ်ဂိုဏ်းပါပဲ။ မင်းအကူအညီ လိုအပ်ရင် တာအိုချပ်ပြားကို သုံးပြီး ချင်းယွဲ့ဂိုဏ်းဆီ သတင်းပို့လို့ ရတယ်။"
"ကျေးဇူးတင်ပါတယ် စီနီယာ။" ရှန်းယီက လက်နှစ်ဖက် ဆုပ်ကိုင်အရိုအသေပြုလိုက်၏။
လခြမ်းပုံတာအိုချပ်ပြားက ပြုံးလိုက်သည်။ "စီနီယာလို့ခေါ်စရာ မလိုပါဘူး... စည်းမျဉ်းအရဆိုရင် ကျုပ်က မင်းကိုနန်ယန်ဂိုဏ်းချုပ်လို့ ခေါ်ရမှာ။"
ရှန်းယီသည် ချင်းယွဲ့ဂိုဏ်းအပေါ် အမြင်ကောင်းရှိသွားပြီး နောက်ထပ်။မေးခွန်းတစ်ခု မေးရန် အခွင့်အရေး ယူလိုက်၏။
"နန်ယန်ဂိုဏ်းက ကျင့်ကြံသူတွေဘယ်ရောက်ကုန်ကြလဲဆိုတာ မေးလို့ ရမလားခင်ဗျာ"
ထိုစကားကိုကြားလိုက်ရတော့ တာအိုချပ်ပြား ရုတ်တရက် ရပ်တန့်သွားသည်။
ပြီးနောက် ကမ်းပါးစွန်းရှိ သစ်သားလူဆီသို့ လှည့်ကြည့်လိုက်၏။
ခဏကြာတော့ သက်ပြင်းချလိုက်သည်။ "မမေးပါနဲ့၊ မလိုအပ်ပါဘူး။"
ထိုသို့ပြောပြီးနောက် ရှန်းယီက အဖြေကို အတင်းမေးမြန်းမည် စိုးရိမ်သည့်အလား ကောင်းကင်ပေါ်သို့ တန်းတန်းမတ်မတ် ပျံတက်သွားပြီး ထွက်ခွာသွားလေသည်။
အသံ မပျောက်ကွယ်မီမှာပင် ကြောက်မက်ဖွယ်ကောင်းသောအငွေ့အသက်တစ်ခုသည် နန်ယန်ပလက်ဖောင်းပေါ်သို့ ဖြည်းညှင်းစွာ ပျံ့နှံ့လာသည်။ ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ် သေးငယ်သောအောင်မြင်မှုအဆင့်ရှိသော ရှန်းယီပင်လျှင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရ၏။
စပျစ်နွယ်ပင်များ ဖုံးလွှမ်းနေသော သစ်သားလူသည် မျက်လုံးများဖွင့်လာသည်။ မျက်လုံးများကပင် ဓားဖြင့် ထွင်းထုထားသော သစ်သားပုတီးစေ့များနှင့် တူနေသည်။
သူသည် ဂျွတ်ကနဲ အသံမြည်လျက် မတ်တတ်ရပ်လိုက်၏။
လူအုပ်ဆီသို့ တစ်လှမ်းချင်း လျှောက်လာပြီး နောက်ဆုံးတွင် တာအိုချပ်ပြားကိုင်ထားသော ရှန်းယီရှေ့၌ ရပ်လိုက်သည်။
သူ့အသံက အက်ရှပြီး နားခါးစရာကောင်းနေကာ ထိုင်းမှိုင်းသောအရိပ်အယောင် ပါဝင်နေသည်။
"ကျွန်တော်က နန်ယန်ဂိုဏ်းရဲ့တိုက်ရိုက်တပည့်ပါ။ ကျွန်တော် အိမ်ပြန်ချင်တယ်။"
"အာ။"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နီကျွင်းပင်လျှင် တစ်ကိုယ်လုံး တင်းမာနေသည်။
ရှန်းယီသည် တာအိုချပ်ပြားကို ဆုပ်ကိုင်ထားလိုက်သည်။ ခွေးအိုကြီးကို သတ်လိုက်ရသည့် စိတ်လှုပ်ရှားမှုမှ ပြန်လည်သတိဝင်လာ၏။
ပြင်ပကမ္ဘာကြီးသည် သူ ထင်ထားသည်ထက် ပို၍ ကြောက်စရာ ကောင်းပုံရသည်။
သူသည် ထူးဆန်းသော လူကို စိုက်ကြည့်လိုက်သော်လည်း တစ်ဖက်လူ ဆက်ပြောသည်ကို ကြားလိုက်ရ၏။
"ကျွန်တော့်ကို... အိမ်ပြန်... ခေါ်သွားပေးနိုင်မလား..."
သစ်သားလူသည် အစီအရင်၏အလယ်ဗဟိုတွင် ကျွမ်းကျင်စွာ ရပ်လိုက်သည်။ သူ့၏တောင့်တင်းနေသော သစ်သားမျက်နှာပေါ်တွင် မျှော်လင့်ခြင်းနှင့် တောင်းပန်ခြင်းအရိပ်အယောင်များ အမှန်တကယ် ပေါ်ထွက်လာ၏။
"..."
ရှန်းယီ ခေတ္တမျှ စဉ်းစားလိုက်သည်။
နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ဂိုဏ်းချုပ်တစ်ယောက်တွင် ဤမျှထိစွမ်းအားကြီးသည့် တိုက်ရိုက်တပည့်ရှိနေသည်က... အနည်းငယ်တော့ ထူးဆန်းသလိုပင်။
သူ ခဏလောက် စဉ်းစားပြီးနောက် တစ်ဖက်လူကို လက်ယပ်ခေါ်လိုက်၏။ "ငါ့နောက် လိုက်ခဲ့။"
ရှန်းယီ ပြောပြီးနောက် ကမ်းပါးစွန်းဆီသို့ လျှောက်သွားလိုက်သည်။
သစ်သားလူသည် ဝန်လေးနေပုံရသော်လည်း သူ့နောက်သို့လိမ်လိမ်မာမာပင် လိုက်ပါလာသည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
ရှန်းယီသည် တစ်ဖက်လူကို စစ်မေးရန် ရည်ရွယ်ချက် မရှိပေ။ ဤမျှစွမ်းအားကြီးပြီး ထိန်းချုပ်ရခက်သော ဖြစ်တည်မှုတစ်ခုကို ဟောင်းနွမ်းပျက်စီးနေသော နန်ယန်ဂိုဏ်းသို့ ပြန်ခေါ်သွားခြင်းကကြီးမားသော အန္တရာယ်များနှင့် ပတ်သက်နေသောကြောင့်သာ ဖြစ်သည်။
"ကျွန်တော့် နာမည်က... လီရွှမ်ချင်း ပါ" ဟု သစ်သားလူကရိုးသားစွာ ဖြေလေ၏။
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"
ရှန်းယီက စူးစမ်းလိုစိတ်ဖြင့် ဘေးတိုက် ကြည့်လိုက်သည်။ နီကျွင်းနှင့် လင်းရှီအပါအဝင် အခြားသူများလည်း မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ဤမျှထိအားကောင်းသော အငွေ့အသက် ထုတ်လွှတ်နိုင်ရန်အတွက် မည်သို့သောအဆင့် ရှိရမည်ကို သူတို့လည်းသိချင်ကြသည်။
သစ်သားလူက ခဏလောက် စဉ်းစားပြီး ဖြည်းဖြည်းချင်း ပြော၏။ "ကျွန်တော် ကျောက်စိမ်းဖြူမြို့တော်ကို တက်လှမ်းခဲ့ဖူးတယ်၊ ဒါပေမဲ့ နောက်ပိုင်းအသက်ရှင်ဖို့အတွက် သစ်သားခန္ဓာကိုယ်ကိုပြန်ပုံဖော်ခဲ့ရတယ်။ ကျွန်တော့်အဆင့် ကျသွားတယ်၊ သုံးလေးဆင့်လောက် ဖြစ်မယ်၊ ဒါမှမဟုတ် ရှစ်ဆင့် ကိုးဆင့်လောက်လား မသိဘူး။ ကျွန်တော်မတိုက်ခိုက်ဖူးတော့ သိပ်မသေချာဘူး။"
ရှ
န်းယီသည် မျက်နှာထား မပြောင်းလဲဘဲ လက်သီးကို ဖြည်းဖြည်းချင်း ဆုပ်လိုက်၏။
ဒီကွာဟချက်က အရမ်းများမနေဘူးလား။ ပြီးတော့ ကျောက်စိမ်းဖြူမြို့တော်ဆိုတာ ဘာလဲ။
သို့သော်လည်း ခုနက လခြမ်းပုံတာအိုချပ်ပြား၏ အမူအရာကိုကြည့်လျှင် ဤသစ်သားလူနှင့် ပတ်သက်ပြီး အတော်လေးစိတ်အေးလက်အေး ရှိပုံရသည်။
အမှန်တကယ်တော့ ချင်းယွဲ့ဂိုဏ်းဆိုတာကိုလည်း အပြည့်အဝ ယုံကြည်လို့ မရပေ။
သို့သော် ယခု သူသည် နန်ယန်ဂိုဏ်းမှထွက်လာခါစဖြစ်သဖြင့် လမ်းပြတစ်ဦးကို အမှန်တကယ် အရေးတကြီး လိုအပ်နေသည်။