← Chapters

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်နှင့် ကောင်းကင်ဘုံသို့ လမ်းစ

Vol. 43 Ch. 429

ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်နှင့် ကောင်းကင်ဘုံသို့ လမ်းစ

Vol. 43 Ch. 429

လီရွှမ်ချင်းသည် ကိစ္စရပ်အပေါ် သိပ်ပြီး အကောင်းမြင်ပုံမရသော်လည်း ရှန်းယီအား အကြံဉာဏ်အချို့ ပေးလိုက်သည်။

"နန်ဟုန်သားတော်ခုနစ်ပါးက အတူတကွ ရှင်တွဲသေဆုံးကြမယ့် သူတွေဖြစ်ပေမယ့်၊ မင်းရဲ့နန်ယန်ရတနာမြေကိုလိုချင်လာရင် တရားမျှတမှုကြီးတို့ စည်းမျဉ်းစည်းကမ်းတို့ကို ကိုးကားပြီး ယူဆောင်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။"

"ချင်းယွဲ့ဂိုဏ်းက တစ်ချိန်တုန်းက နေနဲ့ လ လိုပဲ နန်ယန်ဂိုဏ်းနဲ့ အရင်းနှီးဆုံး ဖြစ်ခဲ့ဖူးတယ်။ မင်းမှာ ပြဿနာ တစ်စုံတစ်ရာရှိရင် သူတို့ကို လွတ်လပ်စွာ သွားရှာလို့ ရတယ်။"

"..."

ရှန်းယီသည် သူ့လက်ထဲရှိ တာအိုချပ်ပြားကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ သက်ပြင်းချလိုက်၏။

"ဟူး"

ဤအရာက အလွန် ခက်ခဲသောတာဝန်တစ်ခုမှန်း သူသိလေ၏။သို့သော်အနည်းဆုံးတော့ သူ့ကံကြမ္မာကို သူကိုယ်တိုင်ထိန်းချုပ်ခွင့်ရရှိထားပြီဖြစ်၏။

ဤအရာက အခြားသူများအိပ်မက်သာ မက်နိုင်သည့်အရာမျိုးပင်။

"ကျွန်တော်တို့ အခုပြန်လို့ရပြီလား" လီရွှမ်ချင်းက အစီအရင်ဘက်သို့ လှမ်းကြည့်လိုက်၏။

"ခဏလောက် စောင့်ပါဦး"

ရှန်းယီသည် လက်ထဲရှိ တာအိုချပ်ပြားကို လက်စွပ်ထဲသို့ထည့်လိုက်ပြီး ကောင်းကင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။

"ဘာကို စောင့်ရမှာလဲ" လီရွှမ်ချင်း စကားမဆုံးမီမှာပင် လူငယ်၏ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါ ပြောင်းလဲသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ဝတ်ရုံဖြူအောက်ရှိခန္ဓာကိုယ်သည် လောကကြီးနှင့် တဖြည်းဖြည်းချင်းပေါင်းစပ်သွားသကဲ့သို့ပင်။

နတ်ဘုရားစိတ်ဝိညာဉ်ပြီးပြည့်စုံခြင်းအဆင့်။(အထွတ်အထိပ်အဆင့်နဲ့အတူတူဘဲနော်)

ရှန်းယီသည် အခြားကျင့်ကြံသူများနှင့် မတူပေ။ သူ့ကျင့်ကြံချိန်က တကယ်တမ်း အလွန်တိုတောင်းပြီး၊ သူ့မှာ ထွေထွေထူးထူးစွဲလမ်းမှုတွေလည်း မရှိပေ။

ပြောရမည်ဆိုလျှင် ဖိအားသိပ်မရှိဘဲ နေထိုင်ချင်သူပင်။

ယခုမူ သူသည် ရှေ့ဆက်ရမည့်လမ်းကို ရှင်းလင်းစွာမြင်တွေ့လိုက်ရပြီး သူ့အတွက် အသင့်တော်ဆုံး လမ်းကြောင်းကို မတုံ့ဆိုင်းဘဲ ရွေးချယ်လိုက်ပြီ ဖြစ်သည်။

ဤအရာက ရှန်းယီအတွက် အသက်သာဆုံး အဆင့်တက်ရောက်ခြင်း ဖြစ်နိုင်ပြီး၊ လွတ်လပ်သောကျင့်ကြံသူကဲ့သို့ လူများ၏ကျင့်ကြံခြင်းခံစားချက်မျိုးကို ခံစားလိုက်ရသည်ဟုဆိုနိုင်ပေသည်။

"ကောင်းပြီ၊ သွားကြစို့"

ရှန်းယီ လှည့်လိုက်ပြီး အခြားသူများဆီသို့ လျှောက်သွားလိုက်သည်။ တုံ့ဆိုင်းနေခြင်း မရှိတော့ပေ။

ရိုးရိုးသားသားပြောရရင် သူဒီမှာ အကန့်အသတ်မရှိ နေထိုင်ပြီး ပြန်မသွားဖို့ စီစဉ်ထားတာ မဟုတ်ရင်၊ အစီအရင်ကို ဖွင့်လိုက်တာနဲ့ တခြားလူတွေ ဝင်လာတာကို တားဆီးနိုင်စွမ်း သူ့မှာ မရှိဘူး။

အကန့်အသတ်မရှိနေထိုင်မည် ဆိုလျှင်လည်း၊ အပြင်ဘက်တွင် ဤမျှထိကြာမြင့်စွာစောင့်နေခဲ့သော ဤသစ်သားလူထက် မည်သူက ပိုပြီးခံနိုင်ရည်ရှိမည်နည်း။

ရှန်းယီ လုပ်နိုင်သည့်အရာမှာ စကားပြောဆိုမှုများမှတဆင့် လီရွှမ်ချင်း၏အထောက်အထားကို ခန့်မှန်းဖို့ပင်။ ဤစကားပြောပြီးတဲ့နောက်တွင် တစ်ဖက်လူသည် သူနှင့် သူ့အပေါင်းအပါများထက် နန်ယန်ဂိုဏ်းသား ပိုဆန်နေပေသည်။

သူ လက်ဝါးကို မြှောက်လိုက်သည်နှင့် နန်ယန်ရုပ်ကြွသည် ရွှေရောင်အလင်းတန်းများဖြင့် ချက်ချင်း လွှမ်းခြုံသွားသည်။

ကံကောင်းထောက်မစွာပင် နီကျွင်းယခင်က ထည့်သွင်းထားသော အရှိန်အဝါ ရှိနေသေး၍ သို့မဟုတ်ရင် ဂိုဏ်းချုပ်အနေနှင့် ကိုယ့်ဂိုဏ်းတံခါးမကြီးကိုပင် ဖွင့်နိုင်မည်မဟုတ်ပေ။

အလင်းအကာပျောက်ကွယ်သွားပြီးနောက် ရုပ်ကြွပေါ်ရှိ လူတိုင်း မူလနေရာမှပျောက်ကွယ်သွားပြီး... မှိန်ဖျဖျလင်းနေသော ပင်မဆောင်ကြီးထဲသို့ ရောက်ရှိသွားကြသည်။

လီရွှမ်ချင်းသည် လူတိုင်း၏အကြည့်အောက်တွင် ရင်းနှီးနေသော်လည်း သက်မဲ့ဖြစ်နေသော ပတ်ဝန်းကျင်မှ ပရိဘောဂများကို ငေးမော ကြည့်ရှုနေသည်။

သူ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ဂိုဏ်းချုပ်ဘိုးဘေးရုပ်တုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွား၏။

သူ့ခန္ဓာကိုယ်ပေါ်မှ သစ်ကိုင်းသုံးချောင်းကို ချိုးလိုက်ပြီး၊ လက်ကို ဝှေ့ယမ်းကာ မီးညှိလိုက်ကာ အမွှေးတိုင်အိုးထဲသို့ လေးလေးစားစား ထိုးစိုက်လိုက်သည်။

ဤအရာများအားလုံးလုပ်ပြီးတဲ့နောက် သူ ဖူတုံပေါ်မှာ တိုက်ရိုက်ဒူးထောက်လိုက်ပြီး၊ မျက်လုံးများကို မှိတ်လိုက်ရာသစ်သားတုံးတစ်တုံး အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသကဲ့သို့ပင်။

"ဟမ်"

နီကျွင်းသည် ရှန်းယီကို တိတ်ဆိတ်စွာ ကြည့်လိုက်၏။

မူလက ဒါဟာ နန်ယန်ဂိုဏ်းအတွက် အကူအညီကောင်း ဖြစ်လာလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့်၊ ဒူးထောက်ပြီးတာနဲ့ ဘာလို့ မလှုပ်မယှက် ဖြစ်သွားရတာလဲ။

ဂိုဏ်းချုပ်ရှန်းကိုတောင် မျက်လုံးထဲ ထည့်ပုံမရဘူး။

"..."

ရှန်းယီ လှည့်ပြီး ခန်းမဆောင် အပြင်ဘက်သို့ ထွက်လာခဲ့၏။ အနည်းဆုံးတော့ ဤသစ်သားလူသည် ပြဿနာမရှာပေ၊ ဤအရာက ကောင်းသောအချက်ပင်။ ဒီမှာထားလိုက်ရင် တံခါးစောင့်နတ်အဖြစ် အသုံးဝင်ရုံ ရှိသေး၏။

"ဂိုဏ်းချုပ်၊ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ"

လီချင်းဖုန်း သည် သူ့ဘေးသို့ လျင်မြန်စွာ လျှောက်လာပြီး အာလုပ်စကားပြောင်းလဲမှုမှာ အလွန် လျင်မြန်လှသည်။

သူတို့အားလုံး သူ့ဆရာသခင်၏လုပ်ရပ်များနှင့် လီရွှမ်ချင်း၏စကားများကို မြင်တွေ့ကြားသိ မှတ်သားထားကြသည်။

သို့သော် ရှန်းယီနှင့် အရင်းနှီးဆုံး မဟုတ်သော ယွီချောင်အန်းပင်လျှင် ဤကိစ္စနှင့် ပတ်သက်ပြီး သံသယ မဝင်ခဲ့ပေ။

သူတို့အားလုံး နန်ယန်မှာ မွေးဖွားခဲ့ကြသူတွေမို့ ဤနေရာကနေ လွယ်လွယ်ကူကူထွက်ခွာသွားဖို့ ဘယ်လိုလုပ် စိတ်ကူးနိုင်မည်နည်း။

ရှန်းယီထံ သူတို့အသက်ကို ပုံအပ်ခြင်းနှင့် ပတ်သက်၍မူ၊ ဂိုဏ်းချုပ်ရှန်းက လောလောဆယ် နတ်ဘုရားစိတ်ဝိညာဉ်အဆင့်သာ ရှိသေးပြီး ကျောက်စိမ်းဖြူမြို့တော် ဆိုသည့်အရာနှင့် မိုင်တစ်သိန်းရှစ်သောင်း ဝေးကွာနေသေးသည်ကို ထားလိုက်ပါ၊ သူဤနေရာနှင့် တကယ် ပေါင်းစည်းသွားလျှင်ပင်။

အစောက ကောင်းကင်ယံမှ သွေးထွက်သံယို မြင်ကွင်းကိုမြင်တွေ့ပြီးနောက်၊ ဤကမ္ဘာတွင် ရှန်းယီထက်ပိုယုံကြည်ရသည့်သူ ရှိမည်မထင်တော့ပေ။

မည်သို့ပင်ဖြစ်စေ ယခုလို အန္တရာယ်များသည့် အခြေအနေတွင် သူက သူတို့အား စွန့်ပစ်မသွားခဲ့ဘူးမဟုတ်လော။

"အရင်ဆုံး ကျင့်ကြံခြင်းဂူတွေ အားလုံးကို ရှင်းထုတ်လိုက်၊ပြီးရင် ရတနာမြေထဲက အသုံးဝင်တဲ့ ပစ္စည်းတွေ အားလုံးကိုပင်မဆောင်ဆီပို့လိုက်"

တခြားဂိုဏ်းများနှင့် ယှဉ်လျှင် ဆင်းရဲသော်လည်း၊ ဒေသခံ နန်ယန်ကျင့်ကြံသူများအတွက်တော့ ဤရတနာများက သူတို၏ကျင့်ကြံခြင်းကို များစွာ အထောက်အကူ ပြုနိုင်ပေ၏။

ရှန်းယီ တာအိုချပ်ပြားကို ထုတ်လိုက်ပြီး အကြိမ်အနည်းငယ်ပွတ်သပ်လိုက်ရာ ချက်ချင်းပင် နတ်ဆိုးတစ်ထောင်ဂူ တစ်ခုလုံးတွင် ကြည်လင်သော အလင်းရောင်များ အဆက်မပြတ် ထွက်ပေါ်လာသည်။

တင်းကျပ်စွာပိတ်ထားသော ကျင့်ကြံခြင်းဂူဗိမာန်များသည် နောက်ဆုံးတွင် နေ့အလင်းရောင်ကို ပြန်လည် မြင်တွေ့ရပြီ ဖြစ်သည်။

ဤအရာကိုမြင်တော့ လီချင်းဖုန်း ချက်ချင်း စိတ်လှုပ်ရှားသွား၏။ "ကျွန်တော်တို့ ကြိုက်တဲ့ တပည့်ဂူဗိမာန်ကို ရွေးပြီး နေလို့ရလား"

သူက အကြီးကဲဂူဗိမာန်များနှင့် မဟာရတနာနယ်မြေ ၁၀ ခုကို ထည့်မပြောခဲ့ပေ။

နန်ယန်ဂိုဏ်းကို ပြန်လည်တည်ထောင်နေသည်ဖြစ်သည့်အတွက် ဤစည်းကမ်းများကို ပိုပြီးဂရုပြုဖို့ လိုအပ်သည်။

သို့မဟုတ်လျှင် အခြားဂိုဏ်းက အကြီးကဲများ အကုန်လုံးက ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် မဟာကျင့်ကြံသူကြီးများ၊ ကျောက်စိမ်းဖြူမြို့တော်များ ဖြစ်နိုင်ချိန်တွင်၊ ကိုယ့်ဘက်က နတ်ဘုရားစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများနှင့် ပြည့်နှက်နေလျှင် မည်ကဲ့သို့ကြည့်ကောင်းတော့မည်နည်း။

"သွားလုပ်ကြပါ"

ရှန်းယီ ခေါင်းအနည်းငယ်ကိုက်သလို ခံစားလိုက်ရ၏။ သူက ယခုလိုကိစ္စများတွင် အမှန်တကယ်ကို မကျွမ်းကျင်ပေ။

သူနှင့်ယှဉ်ရင် ဝူထုံတောင်က မသေမျိုးဂိုဏ်းသားများဖြစ်စေ၊ မဟာချန်ကို စီမံခန့်ခွဲဖူးသည့် သိုင်းဘုံကျောင်းက လူများဖြစ်စေ၊ ရွှီမိသားစုပင်လျှင် သူ့ထက်ပိုကောင်းအောင် ကိုင်တွယ်နိုင်လောက်ပေသည်။

လူတိုင်း လူစုခွဲသွားကြတာကို ကြည့်ပြီးနောက်၊ ရှန်းယီက သူ့လက်စွပ်ထဲမှာ အရင်သိမ်းထားတဲ့ ပစ္စည်းတွေကို ကြည့်လိုက်၏။

သူ မှတ်မိတာမမှားဘူးဆိုလျှင် ခွေးအိုကြီးက ဂိုဏ်းကာကွယ်ရေးရတနာတွေအကုန်လုံးကို စုဆောင်းထားခဲ့သည်။

သူ ပင်မဆောင်ထဲပြန်ဝင်သွားပြီး လီရွှမ်ချင်း၏ ပခုံးကို ပုတ်လိုက်သည်။ "ထတော့"

သူက နန်ယန်ဂိုဏ်း၏တိုက်ရိုက်တပည့် ဖြစ်ခဲ့သည်ဆိုတော့ ဂိုဏ်းချုပ်ကိုအကြံဉာဏ်ပေးရန်အတွက် အတော်လေး သင့်လျော်ပေ၏။

သူ တစ်ဖက်လူ၏ရှေ့တွင် ရတနာဆယ်ခုကျော်လောက် ချပေးလိုက်သည်။

"ကျုပ် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်ချင်လို့။ ဘယ်တစ်ခု သုံးရင် ပိုကောင်းမလဲ"

"..."

လီရွှမ်ချင်းမျက်လုံးဖွင့်လိုက်ပြီး စဉ်းစားမနေဘဲ ထိုအရာများထဲမှ အထင်ရှားဆုံး မဟုတ်သော မြင်းမြီးယပ်တစ်ချောင်းကို လက်ညှိုးထိုးပြလိုက်၏။ "ဒီတစ်ခုပဲ ဂိုဏ်းကာကွယ်ရေးရတနာပဲ။ ရွှမ်ချင်းက အရင်တုန်းက တပည့်တစ်ယောက်အတွက် ရှာပေးခဲ့တာ"

ပြောနေရင်းဖြင့် သူသည် မြင်းမြီးယပ်၏ သစ်သားလက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်။ ထိုအပေါ်မှာ ဖျော့တော့သောလက်သည်းရာ အချို့ ရှိနေပြီး၊ တစ်စုံတစ်ယောက်က ဖျက်ဆီးရန်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့သည့်ဟန်ပင်။

လီရွှမ်ချင်း လက်မြှောက်လိုက်သည်နှင့် မြင်းမြီးယပ်သည် ချက်ချင်းပင်မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ သူ ပစ္စည်းကို ပြန်ကမ်းပေးလိုက်၏။

ရှန်းယီ မြင်းမြီးယပ်ကို လှမ်းယူလိုက်တော့မည့် ဆဲဆဲတွင် တာအိုချပ်ပြား ရုတ်တရက် တုန်ခါသွားသည်ကို တွေ့လိုက်ရသည်။

ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ပြန်လည် အသက်သွင်းပြီးနောက်၊ နန်ယန်ဂိုဏ်းအတွင်းတွင် ရှိနေလျှင်ပင် အပြင်ဘက်မှ သတင်းစကားများကို လက်ခံရရှိနိုင်ပြီ ဖြစ်သည်။

"နန်ယန်က ကြီးမားတဲ့အပြောင်းအလဲနဲ့ ကြုံတွေ့ခဲ့ရပြီး အမွေအနှစ်ပြတ်တောက်သွားခဲ့ပြီ။ ဂိုဏ်းချုပ်သဘောမကျဘူးဆိုရင် တပည့်တွေကို ခေါ်ပြီး ချင်းယွဲ့ဂိုဏ်းကို လာရောက် လေ့လာနိုင်ပါတယ်။ ကျုပ်အရာအားလုံး စီစဉ်ထားပြီး ခင်ဗျားတို့ရောက်လာမယ့်အထိ စောင့်နေပါမယ်။"

ရှန်းယီ မြင်းမြီးယပ်ကို ယူလိုက်ပြီး သစ်သားလူကို ကြည့်လိုက်၏။

၎င်းက ချင်းယွဲ့ဂိုဏ်း၏အကြီးအကဲမှန်း ထင်ရှားနေပေ၏။

"တကယ်လို့ ဂိုဏ်းချုပ်က နန်ယန်ကိုပြန်လည် တည်ထောင်ဖို့ ရည်ရွယ်တယ်ဆိုရင် သွားကြည့်လို့ ရပါတယ်။ ရွှမ်ချင်းက တစ်ချိန်တုန်းက တိုက်ရိုက်တပည့်ဖြစ်ခဲ့ပေမယ့် ဂိုဏ်းဝင်ကတည်းက ကျင့်ကြံခြင်းကိုပဲအာရုံစိုက်ခဲ့ပြီး အရေးမပါတဲ့ ကိစ္စတွေမှာ ဝင်မပါခဲ့သလို၊ ကိုယ်တိုင်လည်း တပည့်ကိုမသင်ပေးဖူးဘူး။ အခုချိန်မှာ ကျွန်တော်က အရိုအသေပေးတာနဲ့ နောင်တရဖို့ လိုအပ်နေသေးလို့ ခင်ဗျားကို သိပ်ပြီးကူညီမပေးနိုင်ပါဘူး။"

"ဒါပေမဲ့ ခင်ဗျားဟင်းလင်းပြင်လျှောက်လှမ်းခြင်အဆင့်ကို မရောက်သေးဘူးဆိုရင်၊ ချင်းယွဲ့ဂိုဏ်းကို ရောက်ဖို့ပြင်ပအကူအညီ လိုအပ်ပါလိမ့်မယ်။"

ထိုသို့ ပြောပြီးနောက် လီရွှမ်ချင်း မျက်လုံး ပြန်မှိတ်သွားသည်။

"..."

ပြင်ပဂိုဏ်းများအကြောင်း ရှန်းယီ၏အနက်ရှိုင်းဆုံးနားလည်မှုသည် ဝိညာဉ်အသွင်ပြောင်းဆေးလုံး ဆေးညွှန်းမှသာရှိသည်။

ထိုအရာပေါ်က မှတ်တမ်းများအရ စစ်မှန်သည့်ပါရမီရှင်တပည့်များအားလုံးသည် နှစ် ၁၀၀ အတွင်းမှာ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ကို ရောက်ရှိကြပြီး၊ သူတို့၏ဝိညာဉ်အမြစ်များကိုပင် ကိုယ်တိုင် စုစည်းဖွဲ့စည်းကြပေ၏။

ဤအရာက နန်ယန်ဂိုဏ်းအတွင်းမှ ကျင့်ကြံသူများအတွက်တော့ စိတ်ကူးပင် မယဉ်ရဲသည့်စွမ်းဆောင်ရည်မျိုးဖြစ်လေသည်။

သူ၏ စနစ်မျက်နှာပြင်ဖြင့်ပင်။

အကယ်၍အပြင်က ကျင့်ကြံသူများ မည်ကဲ့သို့ဆလ့ကျင့်ကြောင်း ကိုယ်တိုင်သွားကြည့်နိုင်မည်ဆိုလျှင်၊သေချာပေါက် အားစိုက်ထုတ်မှုထက်ဝက်နှင့် ရလဒ်နှစ်ဆ ထွက်မှာအမှန်ပင်။

All Chapters