← Chapters

တာအိုအဆင့်သို့ တက်လှမ်းခြင်းနှင့် ကျောက်တိုင် ခွေးအိုကြီး

Vol. 43 Ch. 430

တာအိုအဆင့်သို့ တက်လှမ်းခြင်းနှင့် ကျောက်တိုင် ခွေးအိုကြီး

Vol. 43 Ch. 430

ရှန်းယီသည် ပင်မဆောင်ကြီးထဲမှ ထွက်လာပြီး မိုးမြေ၏အရှိန်အဝါကို စုစည်းလိုက်သည်။

ကြက်သွေးရောင်ကောင်းကင်ယံသည် ပြန်လည် ပေါ်ပေါက်လာပြီး အနန္တအင်ပါယာနတ်ဆိုးနန်းတော်အဖြစ် စုစည်းသွားသည်။

သူသည် လက်ထဲရှိ မြင်းမြီးယပ်ကို ကြည့်လိုက်သည်။ ၎င်း၏အဆင့်အတန်းကို မသိရသလို၊ သစ်သားလူကလည်း ပိုပြီးမပြောပြလိုသော်လည်း... ခွေးအိုကြီးသည် နန်ယန်ဂိုဏ်း၏ ဂိုဏ်းစောင့်ရတနာ အားလုံးနီးပါးကိုစုဆောင်းခဲ့ပြီး ဖြစ်သည်။

ယခု ဤတစ်ခုတည်းသာ ကျန်ရစ်တော့သည် ဆိုခြင်းက ကျန်သောအရာများကို ၎င်းဖျက်ဆီးပစ်လိုက်ပြီ ဆိုသည့် သဘောပင်။

သို့တိုင်အောင် ဤပစ္စည်းလေးက ယခုအချိန်ထိ တည်တံ့နေခဲ့သည်။

နန်ယန်ရတနာနယ်မြေကို ဆက်ခံရန် ကံပါလာသော တိုက်ရိုက်တပည့်တစ်ဦး အနေဖြင့် လီရွှမ်ချင်း ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့သော ဂိုဏ်းစောင့် ရတနာ ဖြစ်သည့်အတွက် ၎င်းသည် ထိပ်တန်းရတနာ ဖြစ်နိုင်ချေ အလွန်များသည်။

ရှန်းယီသည် လက်ဝါးကို ဖြန့်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်၏။

နောက်တစ်ခဏတွင်... သူ့လက်ထဲမှ မြင်းမြီးယပ်သည် လေထဲသို့ တည့်တည့်ပျံတက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ၊ ဖူတုံပေါ်တွင်ထိုင်နေသော တာအိုနန်းတော်ပုံရိပ်၏ လက်ထဲသို့ ကျရောက်သွားသည်။

မြင့်မားသော သွေးပင်လယ်ကြီး၏နောက်ခံကြောင့် မြင်းမြီးယပ်သည်လည်း သွေးရောင်သမ်းသော အလင်းရောင် အနည်းငယ် ယှက်သန်းသွားသည်။

နတ်ဆိုးကိုးကောင်သည် ပုံရိပ်ယောင်အခြေအနေမှ ဒြပ်စင်ဝတ္ထုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာကြပြီး၊ မူလက ရက်စက်ကြမ်းကြုတ်သော အသွင်အပြင် သက်သက်သာရှိရာမှ ယခုအခါ သက်ရှိကဲ့သို့ တက်ကြွမှုအစက်အပျောက်များ ပေါ်လွင်လာကာ အပြည့်အဝအသက်ဝင်လာတော့မည့်ဟန် ရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျောက်တိုင်အချို့မှာမူ ပြောင်းလဲခြင်း မရှိဘဲ ကျန်ရစ်နေသည်။

ရှန်းယီ၏စိတ်အာရုံ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အနန္တအင်ပါယာနတ်ဆိုးနန်းတော် တစ်ခုလုံးသည် ချက်ချင်းပင် သူ့မျက်ခုံးနှစ်ခုကြားဆီသို့ တိုးဝင်လာပြီး၊ သူ၏ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွား၏။

မိုးမြေ၏အရှိန်အဝါဖြင့် ဖွဲ့စည်းထားသော ပေ ၅၀၀ ကျော်ရှိသည့် သွေးပင်လယ်ကြီးသည် ယခုအခါ ရှန်းယီ၏အခြေခံအုတ်မြစ် အဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။

၎င်းသည် သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး၊ ၎င်း၏အရှိန်အဝါသည် တာအိုဝိညာဉ်၏ အတွင်းအင်္ဂါငါးခုထဲသို့ ဖြည်းညှင်းစွာ စီးဝင်သွားသည်။

【လက်ကျန်သက်တမ်း - ၃၅၉၇၃ နှစ်】

သူ့စွမ်းအား တိုးတက်လာသည်ကို ဖယ်ထားလိုက်လျှင်၊ ရှန်းယီအတွက် အကြီးမားဆုံး ခံစားချက်မှာ သူ၏ကိုယ်ပိုင်သက်တမ်း တိုးလာခြင်းပင်။

ကိုယ့်ကိုယ်ကိုယ်ပြုစုပျိုးထောင်ရန် သီးခြား မိုးမြေရှိလာသောကြောင့် သူ့သက်တမ်းသည် နှစ်ပေါင်း သုံးသောင်းခန့် တိုက်ရိုက်ခုန်တက်သွား၏။

အကယ်၍ မတော်တဆမှုတစ်စုံတစ်ရာ မကြုံတွေ့ရပါက ဤအရာကို ထာဝရအသက်ရှင်သန်ခြင်းဟု သတ်မှတ်နိုင်ပေသည်။

...

လီရွှမ်ချင်းသည် မျက်လုံးများကို အနည်းငယ် ဖွင့်ကာ ခန်းမဆောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

သူတို့ စတွေ့တုန်းက တစ်ဖက်လူမှာ အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်သာ ရှိသေးပြီး၊ ယခု သူ့မျက်စိရှေ့မှာတင် ပြီးပြည့်စုံသောအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပြီ ဖြစ်သည်။

ဆိုလိုသည်မှာ တစ်ဖက်လူသည် အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့် ကတည်းက သူ့တာအိုနန်းတော်ကို အပြည့်အဝဖွဲ့စည်းပြီးသား ဖြစ်နေခြင်းပင်။

နန်ယန်ဂိုဏ်း၏အမွေအနှစ် အမှန်တကယ် ပြတ်တောက်သွားပြီး ကျင့်ကြံသူများ၏လမ်းကြောင်း လွဲချော်သွားစေသည် ဆိုသော အချက်အပြင်၊ ဤလူငယ် ဂိုဏ်းချုပ်၏ ပါရမီနှင့် ဉာဏ်ပညာကိုလည်း မီးမောင်းထိုးပြနေသည်။

သို့သော် ဤတာအိုနန်းတော်က... အဘယ်ကြောင့် သူ့အမြင်တွင် အနန္တအင်ပါယာတာအိုနန်းတော် နှင့် အနည်းငယ် ဆင်တူနေရသနည်း။

သူမှတ်မိတာ မမှားဘူးဆိုလျှင်၊ သူ ဤကျင့်ကြံခြင်းနည်းစနစ်ကို ပြန်ယူလာစဉ်က တပည့်များကို မကျင့်ကြံကြဖို့၊ ဗဟုသုတ တိုးပွားရုံလောက်သာ ကြည့်ရှုဖို့ သတိပေးချက် စာတိုလေးအထူးတလည် ရေးသားထားခဲ့သည်။

ထားလိုက်ပါတော့လေ၊ ဒါက အပေါ်ယံ ဆင်တူရုံသက်သက် ဖြစ်နိုင်ပါတယ်။

မည်သို့ပင်ဖြစ်စေ အနန္တအင်ပါယာဂိုဏ်းက လူတိုင်းဟာ နဂါးများကဲ့သို့ပင်၊ သူတို့၏လှုပ်ရှားမှုများက တရားမျှတမှုများနှင့် ပြည့်နှက်နေ၏၊ ယခုလို ကြမ်းတမ်းသော နတ်ဆိုးအငွေ့အသက်မျိုး မဟုတ်ပေ။

လီရွှမ်ချင်း လက်ကို အနည်းငယ်ယှက်လိုက်၏။ ဤအရာက ဂိုဏ်းချုပ်အဆင့်တက်သွားသည့်အတွက် ဂုဏ်ပြုသည့် သဘောထားမျှသာဖြစ်သည်။

တာအိုအဆင့်၏ပထမအလွှာလောက်သာ ရှိသေးလျှင်ပင်။

ဤလူစုကို နန်ယန်ဂိုဏ်းသားများအဖြစ် အမှန်တကယ်သဘောထားရန်အတွက်တော့... သူတို့သည် ယခင်နန်ယန်တပည့်များနှင့် မပတ်သက်ရုံသာမက၊ သူတို့၏ကျင့်ကြံခြင်း လမ်းစဉ်ကလည်း များစွာကွာခြားလွန်းလှသည်။

ချင်းယွဲ့ဂိုဏ်းသို့ ခရီးတစ်ခေါက် သွားလိုက်ခြင်းက ဤလူငယ်များကိုလက်တွေ့ဘဝအား အနည်းငယ်ခန့်သဘောပေါက်သွားသေရန် ကူညီပေးနိုင်လောက်ပေ၏။

လီရွှမ်ချင်းသည် နန်ယန်ဂိုဏ်းကို ပြန်လည်တည်ထောင်ရန် ကိစ္စကိုလက်လျော့ထားသည်မှာ ကြာပြီဖြစ်သည်။

သူက အိမ်ပြန်ချင်ရုံ၊ သူ့ဘိုးဘေးကို ပြန်တွေ့ချင်ရုံ၊ ဤမွေးရပ်မြေတွင်သာ နေရစ်ပြီး သူ၏လက်ကျန်ဝိညာဉ်ပျောက်ကွယ်သွားမည့် အချိန်ကိုတိတ်ဆိတ်စွာ စောင့်ဆိုင်းချင်ရုံသာ ဖြစ်သည်။

ထိုအချိန်မှာပင် ပင်မဆောင်ကြီး အပြင်ဘက်၌တာအိုနန်းတော်၏အာဟာရ ဖြည့်တင်းပေးမှုအောက်တွင် ရှန်းယီ၏ဝိညာဉ်သည် တဖြည်းဖြည်း အားကောင်းလာပြီး၊ သူ၏ဝိညာဉ်ပင်လယ်သည် အတင်းအဓမ္မချဲ့ထွင်ခြင်း ခံလိုက်ရသည်။

ဤကဲ့သို့ လက်တွေ့ကျပြီး မြင်သာထင်သာရှိသော တိုးတက်မှုမျိုးက လူတွေကိုအမြဲတမ်း နှစ်ခြိုက် စီးမျောသွားစေသည်။

သူ့ရရှိမှု အားလုံး၏နောက်ဆုံး အပိုင်းအစလေးကို ချေဖျက်ပြီးသည့် အချိန်ကျမှ ရှန်းယီနောက်ဆုံးတွင် မျက်လုံးဖွင့်လိုက်ပြီး ရှေ့သို့ တိုးထွက်လိုက်၏။

သူသည် သူ၏စနစ်မျက်မှာပြင်ကိုလည်း ဖွင့်လိုက်သည်။

သူ အနည်းငယ် တုံ့ဆိုင်းနေ၏။

အရိုးသားဆုံးပြောရလျှင်၊ ထိုကျောနက်ခွေးဝါကြီးကို ကျောက်တိုင်အဖြစ် ပြန်လည် ပုံသွင်းခြင်း မပြုလုပ်ချင်ပေ။

တစ်ဖက်လူသည် ဆေးစွမ်းအာနိသင်သက်သက်ဖြင့် စွမ်းအားစုဆောင်းထားသော နတ်ဆိုးတစ်ကောင် ဖြစ်နေပြီး၊ ၎င်း၏ပါရမီကလည်း သူ့ထက် သိပ်မပိုလောက်ပေ။

အကယ်၍ သူသာ အနည်းငယ် ပိုပုံမှန်ကျသော တစ်ကောင်ကောင်ကို ရွေးချယ်ခဲ့လျှင်၊ နန်ယန်ဂိုဏ်း၏စုဆောင်းထားသမျှကို ဝါးမြိုပြီးနောက် တာအိုပေါင်းစပ်ခြင်းအဆင့်ကို ထည့်မပြောလျှင်ပင် အနည်းဆုံးတော့ကျောက်စိမ်းဖြူမြို့တော်အဆင့်လောက် ဖြစ်လာနိုင်၏။

သို့သော်လည်း ယခုကြည့်ရသည်မှာ နန်ယန်ဂိုဏ်းက ရှန်းယီအတွက် ဘာမှသိပ်မချန်ထားခဲ့သလိုပင်။

သို့သော် သူ့အသက်ကတော့ လုံခြုံသွားပြီဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူ ပြဿနာနှင့် ကြုံလာရင် နန်ယန်ဂိုဏ်းထဲတွင်ပုန်းနေ၍ရပြီး၊ တာအိုပေါင်းစပ်ခြင်းအဆင့်ကျင့်ကြံသူမှလွဲ၍ မည်သူကမှ သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ပေ။

အကယ်၍ သူက တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူကို တကယ်သွားရန်စမိလျှင်ပင် တောင်ဘက်ဟုန်သားတော်ခုနစ်ပါးသည် သေအတူရှင်အတူဟုဆိုပေ၏။

တခြား ဂိုဏ်းချုပ်များက တစ်စုံတစ်ယောက် လာတိုက်ခိုက်ပြီး ဤရတနာမြေကို အတင်းအဓမ္မ ဖျက်ဆီးပစ်မှာကို ဤအတိုင်း လက်ပိုက်ကြည့်နေမှည်မထင်ပေ။

သို့သော် မဟာအစီအရင်ကြီးကိုနောက်ဆုံးမှာ ဖွင့်နိုင်ခဲ့ပြီးနောက်၊ အပြင်လောကတွင် တစ်ချိန်က စိတ်ကူးပင်မယဉ်နိုင်ခဲ့သည့် ရတနာများအပြည့်ရှိနေပေမယ့် သူ့မှာ ရှာဖွေဖို့ အရည်အချင်း မရှိသေးပါဘူး။

သူ ထာဝရ ပုန်းနေ၍မရပေ။

ထိုသစ်သားရုပ်က သူတို့ကိုလူရင်းများအဖြစ် မသတ်မှတ်တာ ထင်ရှားသည်။ လီရွှမ်ချင်းကို ဖယ်လိုက်ရင်၊ ရှန်းယီ ယခုရှာတွေ့နိုင်သည့် အကြီးမားဆုံးအကူအညီမှာ ထိုခွေးကြီးပင်။

ဤအတွေးနှင့်အတူ သူ မတုံ့ဆိုင်းတော့ပေ။

【လက်ကျန် နတ်ဆိုးသက်တမ်း - ၁၉၃၀၀၀ နှစ်】

ရှားပါးဆေးဝါးအများအပြားနှင့်အသီးများ၏ အားဖြည့်ပေးမှုအောက်တွင် သာမန် ဝိညာဉ်သားရဲခွေးတစ်ကောင်၏သက်တမ်းသည် ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်ထက်ပင် ကျော်လွန်နေပြီး၊ရှန်းယီအား နတ်ဆိုးသက်တမ်း နှစ်ပေါင်း လေးသောင်းငါးထောင် တိတိ ပေးစွမ်းနိုင်သည်။

သူသည် ကျောက်တိုင်တစ်ခုကို တည်ထောင်လိုက်ပြီး၊ ကျောနက်ခွေးအိုကြီး၏ အသွေးအသားအားလုံးကို ထိုအထဲသို့ စုပ်ယူလိုက်သည်။

ထို့နောက် နတ်ဆိုးမူလဖြင့် နတ်ဆိုးဝိညာဉ်ကို ပြန်လည် ပုံဖော်လိုက်သည်။

ကျန်သည့်အရာများ ထားလိုက်ပါ၊ ဤခွေးအိုကြီးမှာ ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်နှင့် တူညီသည့်အချက်တစ်ချက် ရှိပေ၏။ နှစ်ပေါင်း တစ်သိန်းနီးပါးအသက်ရှင်ခဲ့သော်လည်း ထိုအချိန် အများစုကို အိပ်စက်ခြင်းဖြင့်သာကုန်ဆုံးခဲ့ခြင်းဖြစ်သည်။

သတ္တမမြောက် နတ်ဆိုးမူလကို လောင်းထည့်ပြီးနောက် လုံးဝ ပုံဖော်ပြီးစီးသွားသည်။

ရှန်းယီသည် ခွေးအိုကြီးကို နတ်ဆိုးဖိနှိပ်ကျောက်တိုင်ထဲသို့ ထည့်လိုက်ပြီး၊ ၎င်းအပေါ်မှ အလင်းရောင် ဖြည်းညှင်းစွာပြန့်ကားသွားသည်ကို ကြည့်နေလိုက်သည်။

ထိုအချိန်တွင် ရုပ်တု၏ဝမ်းဗိုက်ထဲ၌ တောက်ပသောစက်လုံးတစ်ခု ရှိနေသည်ကို မြင်လိုက်ရပြီး၊ ခွေးအိုကြီး၏မျက်လုံးများ ပွင့်မလာသေးပေ။

ရုပ်တုတစ်ခုလုံးသည် အာဟာရကို မျှော်လင့်တကြီးစောင့်စားနေသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

...

ရှန်းယီ ခဏတာတိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်တစ်စုံတစ်ခုကို နားလည်သွား၏။

သူသည် ဤကျောက်တိုင်ထဲသို့ နတ်ဆိုးသက်တမ်းများလောင်းထည့်ရန် ကြိုးစားလိုက်သည်။

သက်တမ်းများ လျင်မြန်စွာလျော့ကျသွားသည်နှင့်အမျှ ခွေး၏ဝမ်းဗိုက်ထဲရှိ တောက်ပသော စက်လုံးသည် တဖြည်းဖြည်းကြီးထွားလာသည်။

နောက်ထပ် နှစ်ပေါင်း လေးသောင်းငါးထောင် ကုန်ဆုံးသွားသည်၊ ခွေးအိုကြီး၏သက်တမ်း ကန့်သတ်ချက်ကို ရောက်ရန်လုံလောက်ရုံပင်။

၎င်း၏မျက်လုံးများ ပွင့်လာသောအခါ အားကောင်းသော အရှိန်အဝါတစ်ခု ချက်ချင်း လွင့်ပျံထွက်ပေါ်လာ၏။

"လေ့ဖူ သခင်ကို ဂါရဝပြုပါတယ်"

ကျန်းလေ့ဖူသည် ရှန်းယီ၏မျက်ခုံးကြားမှ ပြေးထွက်လာပြီး သူ့ခြေထောက်ဘေးတွင် ထိုင်ချကာ၊ ခေါင်းဖြင့် သူ့အဝတ်အစားများကို ပွတ်သပ်နေသည်။

နတ်ဆိုးဝိညာဉ်ကို ပြန်လည်ပုံဖော်ပြီးသည့်တိုင် နတ်ဆိုးများသည် ယခင်ဘဝမှ အမှတ်ရစရာများကို မှတ်မိနေဆဲပင်။

၎င်း၏ကိုယ်နေဟန်ထားသည် နှလုံးသားအောက်ခြေမှ စစ်မှန်သော ကျေးဇူးတင်ရှိမှုကို ရှင်းလင်းစွာ ပြသနေသည်။

"မင်း အခု ဘယ်အဆင့် ရောက်နေပြီလဲ"

ရှန်းယီ သိချင်သည်မှာ သူ့ဘက်မှ ပေးလိုက်ရသော နတ်ဆိုးသက်တမ်း ၁၂၅၀၀၀ နှင့် လဲလှယ်ပြီး မည်သည့်အရာ ပြန်ရလိုက်သနည်းဆိုတာပင်။

【လက်ကျန် နတ်ဆိုးသက်တမ်း - ၆၈၀၀၀ နှစ်】

"နည်းနည်းလေး လိုပါသေးတယ်၊ ဒါပေမဲ့ ကျွန်တော်က တာအိုအဆင့်ငါးဆင့်မြောက် ကျင့်ကြံသူနဲ့ ယှဉ်လို့ရပါတယ်" ဟု ကျန်းလေ့ဖူက ရှက်ရွံ့စွာ ခေါင်းငုံ့လျက်ပြောလိုက်သည်။

...

ရှန်းယီသည် ကံဆိုးမှုချင်း တူညီနေသလို ခံစားချက်ဖြင့် ဤခွေးအိုကြီးကို တိတ်ဆိတ်စွာကြည့်လိုက်၏။

နှစ်ပေါင်း တစ်သိန်းကျော်ကြာခဲ့ပြီ၊ အဖိုးတန်ဆေးဝါးတွေအများကြီး စားခဲ့ပြီးပြီ၊ ဒါတောင် ဒီအဆင့်လောက်ပဲ ကျင့်ကြံနိုင်သေးတာ၊ တကယ်ကို သနားစရာ ကောင်းလွန်းတယ်။

အကယ်၍ ဤအဖိုးတန်ဆေးဝါးများကိုသာ ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်ကို ပေးခဲ့မည်ဆိုလျှင်၊ ဤလောက်များသော သက်တမ်းနှင့် ပေါင်းလိုက်လျှင် တာအိုပေါင်းစပ်ခြင်းအဆင့်နှင့် ယှဉ်နိုင်တာ ကြာလှပြီဖြစ်၏။

"ပြန်လာခဲ့တော့"

ရှန်းယီက မူလကတည်းက သိပ်ပြီးမျှော်လင့်ချက်ကြီးကြီးမားမား မထားခဲ့ပေ။ ယခု ခွေးအိုကြီး၏ ကျင့်ကြံခြင်း အနည်းငယ်မြင့်လာရာ သူ့တွင် ဝှက်ဖဲတစ်ခု ပိုရလာပြီဖြစ်သည်။

သူ ကျန်းလေ့ဖူကို သူ့မျက်ခုံးကြားထဲ ပြန်ခေါ်လိုက်သည်။

သူ ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်လိုက်ပြီး လူတိုင်းဆီသတင်းပို့လိုက်၏။ "ငါ ချင်းယွဲ့ဂိုဏ်းကို သွားကြည့်ဖို့ စီစဉ်ထားတယ်။ မင်းတို့ထဲက စိတ်ဝင်စားတဲ့သူ ရှိလား"

ရှန်းယီမှာ အနည်းငယ်အမြင်ကျယ်လာရုံရှိသေး၏။

သူ့အမြင်နှင့် ဗဟုသုတအရသူသွားလျှင်ပင် တကယ်တန်ဖိုးရှိသည့် အရာများကို ခွဲခြားသိမြင်နိုင်မည် မဟုတ်လောက်ပေ။

မကြာခင်မှာပဲ ကျောက်စိမ်းပြားထဲတွင် လူတိုင်းဆီက တုံ့ပြန်မှုများ ရောက်လာ၏။

ကျန်းချိုလန်သည် အခြေတည်ဝိညာဉ်အဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အာရုံစိုက်ရဦးမှာ ဖြစ်ပြီး၊ တခြားသူများကလည်း အတူတူဖြစ်လေ၏။ သူတို့ လိုအပ်သည့်အရာများကိုရှာတွေ့ထားပြီး အချိန်ယူ ချေဖျက်ဖို့ လိုနေသေးသည်။

ထုံရှင်းချွမ်းကတော့ အစီအရင်ပြဿနာတချို့ ရှိနေသောကြောင့် ဂိုဏ်းချုပ်ရှန်းကို မေးမြန်းချင်သောကြောင့် ချက်ချင်းပြေးလာခဲ့သည်။

ချင်းယွဲ့ဂိုဏ်းကို တကယ် သွားချင်သည့်သူကတော့ ရွှီချင်းအာ နှင့် လီချင်းဖုန်း နှစ်ယောက်သာ ရှိ၏။သူတို့၏စူးစမ်းလိုစိတ်က လျှံကျမတတ်ဖြစ်နေပြီဖြစ်သည်။

"အတော်ပဲ"

ရှန်းယီ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။ ရွှီချင်းအာက အသစ်အဆန်းများကို မှတ်တမ်းတင်ရတာ ကြိုက်ပြီး၊ လီချင်းဖုန်းက တခြားသူများနှင့် ဆက်ဆံရာတွင် အတော်ဆုံးပဲင်။ သူတို၏ကျင့်ကြံခြင်းအဆင့်နိမ့်သည်ကို ဖယ်လိုက်လျှင်၊ သူတို့ဟာ တကယ်ကိုအသုံးဝင်သော ပါရမီရှင်များပင်။

သူတို့သုံးယောက် စုစည်းလာသည်အထိ သူ နေရာမှာသာ ခဏစောင့်လိုက်ပေသည်။

ထို့နောက်မှ ရှန်းယီက တာအိုချပ်ပြားကို ထုတ်ပြီး သူ့မျက်စိရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ဖွင့်လိုက်၏။

ကျွတ်

အခု သူ တာအိုအဆင့်ကို ရောက်လာပြီဆိုတော့ ဂိုဏ်းရဲ့မဟာအစီအရင်ကို ပြန်လည် ဖွဲ့စည်းဖို့ အချိန်တန်ပြီ။ မဟုတ်ရင် တစ်ယောက်ယောက် ဝင်လာတာနဲ့ဘိုးဘေးရုပ်တုရှိတဲ့ ပင်မဆောင်ကြီးဆီ တန်းရောက်လာလိမ့်မယ်။ အဲ့ဒါက ဧည့်သည် အလည်လာတာကို အိပ်ခန်းထဲတိုက်ရိုက် ဆွဲခေါ်သွားတာနဲ့ ဘာကွာခြားမှု ရှိတော့မလဲ။

All Chapters