အရှင်မင်းကြီးက ပြောတယ်... ကမ္ဘာကြီးက ဒီလောက် မှောင်မိုက်နေတာ
Vol. 23 Ch. 359
"ပြန်ဆုတ်" နဉ်ရှောင်ယောင်း ဖေ့ယင်ကို ပွေ့ချီဖို့ ပြင်လိုက်ပေမယ့် ဖေ့ယင်က သူ့ဘာသာ ထလာနိုင်တာ တွေ့လိုက်ရလို့ လက်ပြန်ရုတ်လိုက်ပြီး ရှောင်ဟွေ့ ပေါ် ခုန်တက်လိုက်သည်။
"ဘယ်သွားမလို့လဲ" ဖေ့ယင် မေးလိုက်သည်။
"သူပုန်စခန်းထဲ ပြန်သွားမယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါ လျှို့ဝှက်ချက်တစ်ခု သိထားတယ်။ အဲ့ဒါကို ရှင်းရှင်းလင်းလင်း မသိရသေးရင် တစ်သက်လုံး စိတ်မချမ်းသာဘဲ နေလိမ့်မယ်"
ဖေ့ယင် ပြောလိုက်သည်။ "တိုင်းပြည်ပျက်သွားတာတောင် မင်း စိတ်မချမ်းသာတာ မတွေ့ရပါလား။ ဘာလျှို့ဝှက်ချက် သိထားလို့လဲ"
"တိုင်းပြည်အကြောင်း မပြောကြေးဆိုရင် ငါတို့ သူငယ်ချင်း ဆက်လုပ်လို့ရသေးတယ်" နဉ်ရှောင်ယောင်း ဖေ့ယင်ကို မျက်စောင်းထိုးလိုက်သည်။
"ပြောပါ" ဖေ့ယင် နဉ်ရှောင်ယောင်းကို ဖိတ်ခေါ်လိုက်သည်။
"တစ်ယောက်ယောက်က သခင်လေးကို သတ်ချင်နေတာ ငါ တွေ့ခဲ့တယ်" နဉ်ရှောင်ယောင်း အသံနှိမ့်ပြီး ဖေ့ယင်နှင့် ယင်းဖုန်းတို့ကို ပြောပြလိုက်သည်။
အားလုံး: "..." ဒါက တိုင်းပြည်ပျက်တာထက် ပိုအရေးကြီးတဲ့ ကိစ္စလား။
"သွားကြစို့" နဉ်ရှောင်ယောင်း ရှောင်ဟွေ့ ခေါင်းကို ပုတ်လိုက်ပြီး ရှေ့ဆက်သွားခိုင်းလိုက်သည်။
"မသေသေးတဲ့ကောင်တွေကို တစ်ချက်စီ ထပ်ခုတ်လိုက်" ဖေ့ယင်က ဘေးနားရှိ ယင်းလေကို အမိန့်ပေးလိုက်သည်။
နဉ်ရှောင်ယောင်း ခန္ဓာကိုယ် တောင့်တင်းသွားသော်လည်း ဘာမှမကြားသလို ဟန်ဆောင်ပြီး ရှေ့ဆက်သွားလိုက်သည်။
ဖေ့ယင် နဉ်ရှောင်ယောင်းဘေးနား လျှောက်လာပြီး အကဲခတ်ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း ပုံမှန်အတိုင်းဖြစ်နေတာ မြင်တော့မှ စိတ်အေးသွားသည်။ ရင်ဘတ်ကို စမ်းသပ်ကြည့်လိုက်တော့ အင်္ကျီပေါ်က သွေးတွေ မခြောက်သေးလို့ စေးကပ်ကပ်ဖြစ်နေပေမယ့် ဒဏ်ရာကတော့ ပျောက်ကင်းသွားပြီဖြစ်သည်။ "အရှင်မင်းကြီး... ဆေးပညာကို ဘယ်ဆရာဆီက သင်ထားတာလဲ" ဖေ့ယင် မေးလိုက်မိသည်။
"မဖြစ်မနေ ပြောပြရမှာလား" နဉ်ရှောင်ယောင်းက ဘေးပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြန်မေးလိုက်သည်။
"အရှင်မင်းကြီး မပြောချင်ရင်လည်း မမေးခဲ့ဘူးလို့ သဘောထားလိုက်ပါ"
"ဪ... မပြောချင်ဘူးလေ" နဉ်ရှောင်ယောင်း ဖေ့ယင်ဘက်လှည့်ပြီး သွားဖြူဖြူလေးတွေ ပေါ်အောင် ပြုံးပြလိုက်သည်။ ကြည့်ရတာ တော်တော်အူကြောင်ကြောင်နိုင်နေသည်။
ဖေ့ယင် ရင်ထဲ အောင့်သွားသည်။ အားနာပါးနာ မမေးလိုက်မိရင် ကောင်းသား။
"မြို့တော်ကို လှမ်းကြည့်မလား" နဉ်ရှောင်ယောင်း မြို့ရိုးဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
"သခင်လေးကိစ္စ ဘယ်လိုစုံစမ်းမလဲ" ဖေ့ယင် မြို့တော်ကို မကြည့်ဘဲ နဉ်ရှောင်ယောင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဪ... သိမ်းငှက်လေး သွားစုံစမ်းနေတယ်" နဉ်ရှောင်ယောင်း ဖြေလိုက်သည်။
ဖေ့ယင်: "..."
"သခင်လေးကို သေစေချင်တဲ့လူက လူနည်းစုလေးပါပဲ" နဉ်ရှောင်ယောင်း အတွေ့အကြုံရှိသူပီပီ ပြောပြသည်။ "နံပါတ်တစ် သံသယတရားခံက ရှန့်နုံ။ သူ ဒီသားကို မလိုချင်တော့တာ ဖြစ်နိုင်တယ်။ နံပါတ်နှစ် သံသယတရားခံက ရှန့်ဝမ်ဝမ်။ ကိုယ်မရရင် ဖျက်ဆီးပစ်မယ်ဆိုတဲ့ သဘောပေါ့။ နံပါတ်သုံး သံသယတရားခံကတော့ ဘယ်သူလဲ မသိရသေးဘူး။ ဒါပေမဲ့ သခင်လေးကို သေစေချင်တာက အာဏာကြောင့်ပဲ ဖြစ်ရမယ်။ သခင်လေးရဲ့ အာဏာက ဘယ်ကလာတာလဲ"
ဖေ့ယင် ဖြေလိုက်သည်။ "ရှန့်နုံဆီကပေါ့"
"ဟုတ်တယ်။ ဒါဆို ရှန့်နုံရဲ့ အာဏာကို ဘယ်လိုရယူမလဲ"
"ပုန်ကန်တာ၊ ဒါမှမဟုတ် ဆက်ခံတာ"
"ဒုသခင်လေးဖေ့... ပုန်ကန်တာ ဖြစ်နိုင်တယ်လို့ ထင်လား" နဉ်ရှောင်ယောင်း မေးလိုက်သည်။
ဖေ့ယင် ခေါင်းခါလိုက်သည်။ အခုလက်ရှိ သူပုန်တပ်ထဲမှာ အာဏာရှိတဲ့ စစ်သူကြီးတွေထဲမှာ ရှန့်နုံကို ယှဉ်နိုင်မယ့်သူ မရှိဘူး။
"ဒါဆို ဆက်ခံတာပဲ ဖြစ်နိုင်တော့မယ်" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒီလူရဲ့အိမ်မှာ သမီးတစ်ယောက်၊ ဒါမှမဟုတ် ညီမတစ်ယောက် ရှိနေလိမ့်မယ်။ အမတ်ချုပ်ကြီးရှဲ့လို ဖြစ်ချင်နေတာ နေမှာပေါ့"
ဖေ့ယင် မျက်ခုံးပင့်လိုက်သည်။
"ကမ္ဘာကြီးက ဒီလောက် မှောင်မိုက်နေတာ" နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
....
နာရီဝက်လောက်ကြာတော့ မိုဒူး စစ်စခန်းထဲ ပြန်ရောက်လာသည်။ ဒီနေ့ည ကောင်းကင်မှာ လသာနေပေမယ့် မီးငြှိမ်းသတ်ပေးမယ့် မိုးမရွာတော့ဘူး။ မီးက ရိက္ခာစခန်းတစ်ခုလုံးကို ဝါးမြိုလိုက်ပြီး လေတိုက်လို့ ပိုကြီးလာကာ စစ်စခန်းတစ်ခုလုံး ပျက်စီးတော့မလို ဖြစ်နေပြီ။
"မီးငြှိမ်းကြ" မိုဒူး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဒီမီးကို ငြှိမ်းကြစမ်း"
စစ်သူကြီးအချို့က မီးထဲပြေးဝင်မယ့် မိုဒူးကို ဝိုင်းဆွဲထားကြသည်။ ဒီလိုမီးမျိုး ငြှိမ်းလို့မရမှန်း သိပေမယ့် ဒေါသထွက်နေတဲ့ ဝံပုလွေဘုရင်ကို ဘယ်သူမှ မပြောရဲကြဘူး။
မိုဒူး မီးခိုးမွှန်ပြီး ချောင်းဆိုးနေသည်။ တဖြည်းဖြည်း စိတ်ငြိမ်သွားမှ သူ့နောက်လိုက်စစ်သူကြီးတွေကို ကြည့်ပြီး ပြောလိုက်သည်။ "သူပုန်စခန်းကို သွားကြမယ်"
ငါ့စခန်းကို မီးရှို့ရင် မင်းတို့သူပုန်တွေကို သတ်ပစ်မယ်။ ဝံပုလွေဘုရင် မိုဒူးက အဲ့လိုစိတ်ဓာတ်မျိုး ရှိတယ်။ အစားမခံဘူး။
....
နဉ်ရှောင်ယောင်း ရှန့်ထျန်းကောရှေ့မှာ ရပ်နေကာ ဖေ့ယင်နဲ့ အကြည့်ချင်း ဖလှယ်လိုက်သည်။ "ငါပြောသားပဲ" ဆိုတဲ့ အကြည့်မျိုးပေါ့။ ရှန့်ထျန်းကောကို ကြည့်ပြီး "အို..." ဟု ပြောလိုက်သည်။ "စစ်ဗျူဟာမှူးနျူမှာ သမီးတစ်ယောက် ရှိတာပဲ"
ရှန့်ထျန်းကော ခေါင်းညိတ်လိုက်သည်။
"ဒီနျူမျိုးရိုးက သူ့သမီးက အရှင်မင်းကြီးအတွက် သားမွေးပေးနိုင်မယ်လို့ ယုံကြည်နေတာလား" ဖေ့ယင် လှောင်ပြောင်လိုက်သည်။
"ဟုတ်တာပေါ့" နဉ်ရှောင်ယောင်း လက်သီးပင့်လိုက်သည်။ "ဒီကိစ္စကို ဒီတိုင်း ထားလို့မရဘူး။ သခင်လေး... မင်းအဖေဆီ သွားပြောရအောင်"
ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို လှမ်းဆွဲလိုက်သည်။ "အခု ရန်သူတွေ ရောက်နေပြီ။ ဒီကိစ္စကို..."
"မင်း လက်လျော့လိုက်တော့မလို့လား" နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။ "စစ်ဗျူဟာမှူးက မင်းတစ်ယောက်တည်းကို ဒုက္ခပေးချင်တာ မဟုတ်ဘူး။ ငါတို့အားလုံးကို သတ်ချင်နေတာ"
နဉ်ရှောင်ယောင်း လက်ဝိုက်ပြလိုက်သည်။ သူမဘက်က လူတွေရော၊ ရှန့်ထျန်းကောရဲ့ လူတွေရော အကုန်ပါသွားပြီ။
ရှန့်ထျန်းကောရဲ့လူတွေ ဘာမှမပြောကြပေမယ့် မကျေမနပ် ဖြစ်နေကြသည်။
"ငါနဲ့ လိုက်ခဲ့" နဉ်ရှောင်ယောင်း ရှန့်ထျန်းကောလက်ကို ပြန်ဆွဲပြီး ခေါ်သွားသည်။
ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို အားမယှဉ်နိုင်သဖြင့် ပါသွားသည်။ နဉ်ရှောင်ယောင်းကို အခု စစ်တိုက်ဖို့ အရေးကြီးတယ်၊ စစ်ဗျူဟာမှူးနျူကိစ္စ နောက်မှရှင်းမယ်လို့ ပြောမလို့ လုပ်တုန်း စစ်သည်တစ်တပ် သူတို့ရှေ့ ရောက်လာသည်။
"ဘာလုပ်တာလဲ" နဉ်ရှောင်ယောင်း ရိပ်မိလိုက်သည်။ ဒီလူတွေ ရန်ရှာဖို့ လာတာပဲ။
"သခင်လေး" အသက် ၄၀ ကျော်အရွယ် စစ်သူကြီးတစ်ဦး မြင်းပေါ်မှမဆင်းဘဲ အေးစက်စွာ ပြောလိုက်သည်။ "အရှင်မင်းကြီး ခေါ်နေပါတယ်"
"အရှင်မင်းကြီး ဘာကိစ္စရှိလို့လဲ" နဉ်ရှောင်ယောင်း မေးလိုက်သည်။
"သခင်လေး" စစ်သူကြီးက နဉ်ရှောင်ယောင်းကို ဂရုမစိုက်ဘဲ ရှန့်ထျန်းကောကို ထပ်ခေါ်လိုက်သည်။ "အရှင်မင်းကြီး ခေါ်နေပါတယ်"
ရှန့်ထျန်းကော မေးလိုက်သည်။ "အဖေက ဘာကိစ္စရှိလို့လဲ"
စစ်သူကြီးက လက်အောက်ငယ်သားများကို လက်ပြလိုက်သည်။
တပ်သားများ ဓားဆွဲထုတ်ပြီး သူတို့ဆီ ဝင်လာသည်ကိုမြင်တော့ နဉ်ရှောင်ယောင်း ကျောက်ခဲကောက်ပြီး ပစ်ပေါက်လိုက်သည်။ စစ်သူကြီး ခေါင်းထိပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။
တပ်သားများ ကြောင်သွားကြသည်။
ယင်းဖုန်း ရှေ့ထွက်သွားပြီး တပ်သားတစ်ယောက်ကို ဆွဲခေါ်လာကာ နဉ်ရှောင်ယောင်းရှေ့ ဒူးထောက်ခိုင်းလိုက်သည်။
"ပြောစမ်း" နဉ်ရှောင်ယောင်း ဓားဖြင့်ချိန်ပြီး မေးလိုက်သည်။ "အရှင်မင်းကြီးက သခင်လေးကို ဘာကိစ္စ ခေါ်တာလဲ"
တပ်သား ဘာမှမပြောပေ။
ဖေ့ယင် အနောက်ကို ကြည့်လိုက်သည်။ နဂါးအစောင့်တပ်သားများ ရှေ့ထွက်လာပြီး တပ်သားကို ဝိုင်းထိုးကြသည်။
"ပြောရင် မထိုးတော့ဘူး" နဉ်ရှောင်ယောင်း မျက်နှာသေဖြင့် ကြည့်နေသည်။
"စစ်ဗျူဟာမှူးက သခင်လေး အကျိုးလိုလို့ စစ်တပ်ခိုးထုတ်သွားတယ်လို့ လျှောက်တင်လိုက်တာ" ဝိုင်းထိုးခံရသော တပ်သားက ခေါင်းကိုအုပ်ပြီး ဖြေလိုက်သည်။ "အရှင်မင်းကြီး စိတ်ဆိုးပြီး သခင်လေးကို အပြစ်ပေးမလို့ ခေါ်ခိုင်းလိုက်တာ"
"လူဆိုးက အရင်တိုင်တာပဲ" ဖေ့ယင် ရှန့်ထျန်းကောကို ပြောလိုက်သည်။
"စာပေပညာရှင်ဆိုပြီးတော့" နဉ်ရှောင်ယောင်း ဒေါသထွက်သွားသည်။ "ဒီလောက် အရှက်မရှိတဲ့ကိစ္စ လုပ်ရက်တယ်ပေါ့။ သွားမေးကြမယ်"
ရှန့်ထျန်းကော နဉ်ရှောင်ယောင်းလက်ကို ဆွဲထားလိုက်ပြန်သည်။
"တကယ်ကြီးလား" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ဒီလိုဖြစ်နေတာတောင် လက်လျော့လိုက်ဦးမလို့လား"
ရှန့်ထျန်းကော ဘာမှမပြောရသေးခင် သူ့လူတွေ ပေါက်ကွဲကုန်ကြသည်။ နျူနန်နင်က တော်တော် ယုတ်မာတာပဲ။
"သွားကြစို့" နဉ်ရှောင်ယောင်း ရှန့်ထျန်းကောလက်ကို ဖြုတ်ချလိုက်ပြီး သူ့လူတွေကို ပြောလိုက်သည်။ "အဲ့ဒီ နျူမျိုးရိုး ကောင်စုတ်ကို သွားရှာကြမယ်"
"မြောက်ပိုင်းသားတွေ လာနေပြီ" လူအုပ်ကြီး ဒေါသထွက်ပြီး စစ်ဗျူဟာမှူးနျူကို သွားရိုက်ဖို့ ပြင်နေစဉ် အနောက်ဘက်မှ အော်ဟစ်သံ ထွက်ပေါ်လာသည်။
"စစ်တိုက်ကြမယ်" ရှန့်ထျန်းကော နဉ်ရှောင်ယောင်းကို ကာကွယ်ပေးလိုက်သည်။
နှစ်ဖက်တပ်များ ရောနှောတိုက်ခိုက်ကုန်ကြသည်။
စစ်စခန်းထဲတွင် တစ်နေကုန်နေခဲ့သော အားမင် နဉ်ရှောင်ယောင်းကို ရှာတွေ့ပြီး ပခုံးပေါ် နားလိုက်သည်။ "ရှောင်ယောင်း... အဲ့ဒါ စစ်ဗျူဟာမှူးနျူပဲ"
နဉ်ရှောင်ယောင်း ယင်းဖုန်းတို့ ကာကွယ်မှုအောက်တွင်ရှိနေသဖြင့် မြောက်ပိုင်းသားများနှင့် မတိုက်ခိုက်ရပေ။ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အင်း... ငါ သိပြီးပြီ"
အားမင် ဆက်ပြောသည်။ "စစ်ဗျူဟာမှူးနျူရဲ့ သမီးက ကိုယ်ဝန်ရှိနေပြီ။ ရှန့်နုံနဲ့ ရတာတဲ့"
နဉ်ရှောင်ယောင်း မြေကြီးပေါ် တံတွေးထွေးလိုက်ပြီး ဖေ့ယင်တို့ကို ပြောလိုက်သည်။ "စစ်ဗျူဟာမှူးနျူ သမီးက ရှန့်နုံနဲ့ ကိုယ်ဝန်ရနေပြီတဲ့"
"ဒါကြောင့်ကိုး" ယင်းယွီ ပြောလိုက်သည်။ "သားအရင်းရပြီဆိုတော့ မွေးစားသားကို သတ်လို့ရပြီပေါ့"
"သားလို့ ဘယ်သူပြောလဲ" နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ "စောလွန်းအားကြီးသေးတယ်"
ဖေ့ယင် တိုက်ပွဲဖြစ်နေသော လူအုပ်ထဲ ကြည့်လိုက်ပြီး မြောက်ပိုင်းတပ်မှူးတစ်ဦးရှေ့ ရောက်သွားကာ မြောက်ပိုင်းစကားဖြင့် မေးလိုက်သည်။ "ရာထူးကြီးကြီး လိုချင်လား"
တပ်မှူး လန့်သွားသည်။
"ရှန့်နုံ ဘယ်မှာလဲဆိုတာ ငါ သိတယ်" ဖေ့ယင် တိုးတိုးလေး ပြောလိုက်သည်။ "ငါ လမ်းပြပေးမယ်"
"ငါက မင်းကို ဘာလို့ ယုံရမှာလဲ" တပ်မှူး မေးလိုက်သည်။
"ငါ သူ့ကို မုန်းလို့လေ" ဖေ့ယင် ပိုးသားအိတ်တစ်အိတ်ကို တပ်မှူးလက်ထဲ ထည့်ပေးလိုက်သည်။ "လက်ဆောင်ပါ"
တပ်မှူး အိတ်ကို ဖွင့်ကြည့်လိုက်တော့ ကျောက်မျက်ရတနာတွေ အပြည့်ပါနေသည်။
"ကိစ္စပြီးရင် နောက်တစ်အိတ် ထပ်ပေးမယ်" ဖေ့ယင် ကမ်းလှမ်းလိုက်သည်။
ပိုက်ဆံရှိရင် ဘာမဆို ဖြစ်နိုင်တယ်။ တပ်မှူးကလည်း သူက ရာထူးငယ်သေးတယ်ဆိုတော့ ဒီမျက်နှာပေါ်ပတ်တီးစည်းထားတဲ့လူက သူ့ကို လိမ်စရာအကြောင်း မရှိဘူးလို့ တွေးလိုက်သည်။ ကျောက်မျက်ရတနာအိတ်ကို စမ်းသပ်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "ကိစ္စပြီးရင် နောက်တစ်အိတ် ပေးရမယ်နော်"
ဖေ့ယင် ခေါင်းညိတ်ပြလိုက်သည်။ သူ့မှာ ဒုတိယအိတ် မရှိတော့ဘူး။ ဒီအိတ်တောင် စောစောက အရှင်မင်းကြီး သူ့ဆီ လာအပ်ထားတာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒုတိယအိတ် ပေးဖို့ စိတ်ကူးမှ မရှိတာ။ (အရှင်မင်းကြီးကတော့ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး...)
နဉ်ရှောင်ယောင်းပခုံးပေါ်က အားမင်ကို လက်ပြခေါ်လိုက်သည်။ "လာခဲ့"
အားမင် ခဏစဉ်းစားပြီး ဖေ့ယင်ပခုံးပေါ် ပြောင်းနားလိုက်သည်။
"ရှန့်နုံရှိတဲ့နေရာ ခေါ်သွားပေးပါ" ဖေ့ယင် အားမင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ "မင်း ငါပြောတာ နားလည်မယ်လို့ ထင်ပါတယ်"
အားမင် ပျံတက်သွားပြီး ဖေ့ယင်ခေါင်းပေါ် တစ်ပတ်ဝဲကာ စစ်စခန်းထဲ ဦးတည်ပျံသန်းသွားသည်။
"ငါ့နောက်လိုက်ခဲ့" ဖေ့ယင် မြောက်ပိုင်းတပ်မှူးကို ခေါ်လိုက်သည်။
တပ်မှူးက သူ့လူတွေကိုခေါ်ပြီး ဖေ့ယင်နောက် လိုက်သွားသည်။
နဉ်ရှောင်ယောင်း ဖေ့ယင်တို့ ထွက်သွားတာကို ကြည့်ပြီး ရှန့်နုံ သေသွားရင် ကောင်းမယ်လို့ တွေးမိလိုက်ကာ ပါးစပ်ပိတ်ထားလိုက်သည်။
ဖေ့ယင် အားမင်နောက်လိုက်ပြီး စစ်စခန်းထဲ ဝင်သွားသောအခါ အားမင်ကို လက်ပြခေါ်လိုက်ပြန်သည်။
အားမင် ဖေ့ယင်ပခုံးပေါ် ပြန်နားလိုက်သည်။
"စစ်ဗျူဟာမှူးနျူရဲ့ သမီးရှိတဲ့နေရာ လိုက်ပို့ပေးပါ" ဖေ့ယင် အသံကို အတတ်နိုင်ဆုံး နှိမ့်ပြီး ပြောလိုက်သည်။
ဒုသခင်လေးဖေ့ ဘာလို့ စိတ်ပြောင်းသွားလဲ နားမလည်ပေမယ့် အားမင် စိတ်မဝင်စားပါဘူး။ ပျံတက်သွားပြီး ဖေ့ယင်ကို လမ်းပြခေါ်ဆောင်သွားသည်။
နျူနန်နင်၏ သမီးငယ်လေး အသက် ၁၆ နှစ်သာ ရှိသေးသည်။ အလှပဂေး မဟုတ်သော်လည်း ငယ်ရွယ်နုပျိုနေသည်။ ဖခင်၏ လက်အောက်ငယ်သားက အရှင်မင်းကြီး ဒေါသထွက်နေပြီး ရှန့်ထျန်းကောကို အလွတ်ပေးမှာမဟုတ်ဘူးလို့ လာပြောတော့ ဝမ်းသာသွားသည်။ ရှန့်ထျန်းကော သေသွားရင် သူမ သားမွေးပြီး နေရမယ့်ဘဝကို တွေးပြီး ရယ်မောမိလိုက်သည်။
"အဲ့ဒီနေရာပဲ" တဲအပြင်ဘက် မလှမ်းမကမ်းတွင် ဖေ့ယင် မြောက်ပိုင်းတပ်မှူးကို ပြောပြလိုက်သည်။
တပ်မှူးက တဲအပြင်ဘက်မှ အစောင့်များကို ကြည့်ပြီး "အစောင့်တွေ များလိုက်တာ" ဟု ပြောလိုက်သည်။
"မီးရှို့လိုက်ရင် ရပြီ" ဖေ့ယင် ပြောရင်း မလှမ်းမကမ်းရှိ တဲကို မီးမြှားဖြင့် ပစ်လိုက်သည်။
ရှန့်နုံက သူ့သားကို ရှန့်ထျန်းကောရဲ့ "ယောက်ဖ" က မြောက်ပိုင်းသားတွေနဲ့ပေါင်းပြီး သတ်လိုက်တယ်ဆိုတာ သိရင် ဘယ်လိုတုံ့ပြန်မလဲ။
မီးလောင်နေသော တဲကိုကြည့်ပြီး ဖေ့ယင်၏မျက်လုံးများ အေးစက်သွားသည်။ ဒီသူပုန်တွေ အချင်းချင်း သတ်ကြပါစေတော့။
***