← Chapters

အခန်း (၃၂၂)

Vol. 32 Ch. 322

အခန်း (၃၂၂)

Vol. 32 Ch. 322

အခန်း။ ၃၂၂

ထိုနေရာတွင် ရွာသားများ၏ ခန္ဓာကိုယ်ကို စစ်ဆေးရန်အတွက် အထူးတာဝန်ပေးထားသော လျှို့ဝှက်လူသား နှစ်ဦးရှိသည်။

"ဒါက ဘာလဲ"

စူးရှသောအော်ဟစ်သံနှင့်အတူ တုန်ရင်နေသော မိုင်းလုပ်သားတစ်ဦးမှာ လျှို့ဝှက်လူသားတစ်ဦး၏ ကြက်ကလေးတစ်ကောင်ကဲ့သို့ လည်ပင်းညှစ်ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ ထိုမိုင်းလုပ်သား၏ ဘောင်းဘီအတွင်းမှ လက်ညှိုးခန့် အထူရှိသော ခရမ်းရွှေရိုင်း တစ်တုံး လိမ့်ထွက်လာတော့သည်။

ယွင်ရှန်းက အနီးကပ်ကြည့်လိုက်ရာ ထိုသတ္တုရိုင်းမှာ ခရမ်းရောင်သလင်းကျောက်နှင့် ဆင်တူသော်လည်း လုံးဝကြည်လင်နေခြင်းမျိုးမဟုတ်ဘဲ ရွှေရောင်အစက်အပြောက်များ ရောယှက်နေသည်။ နေရောင်အောက်တွင် ခရမ်းရောင်နှင့် ရွှေရောင်တို့ အပြန်အလှန် ယှက်သန်းနေသည်မှာ အလွန်ပင် လှပလွန်းလှသည်။

၎င်းမှာ ဝူကျိတိုက်ကြီးပေါ်တွင် တန်ဖိုးအရှိဆုံးဖြစ်သော ခရမ်းရွှေရိုင်းပင်။ ဝူကျိတိုက်ကြီးပေါ်တွင် သုံးစွဲနေသော အဖိုးတန်ဆုံး ငွေကြေးများဖြစ်သည့် ခရမ်းရွှေဒင်္ဂါးနှင့် ခရမ်းရွှေကတ် များကို ဤအဖိုးတန်သတ္တုရိုင်းဖြင့်ပင် ပြုလုပ်ထားခြင်း ဖြစ်သည်။

ခရမ်းရွှေရိုင်း၏ အသုံးဝင်ပုံမှာ ထိုမျှမကသေးချေ။ ကျွမ်းကျင်သော လက်နက်ကိရိယာ ဖန်တီးရှင်များသည် ၎င်းကို အဆင့်မြင့် ချပ်ဝတ်တန်ဆာများအဖြစ် သွန်းလုပ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ခရမ်းရွှေရိုင်း ပမာဏမှာ တစ်တိုက်လုံးတွင် အလွန်ပင် နည်းပါးလှရာ ခရမ်းရွှေရိုင်းရှိသည့် သဲလွန်စကို တွေ့ရှိလိုက်သည်နှင့် နိုင်ငံကြီးများအားလုံးက ၎င်းကိုရရှိရန် လူအမြောက်အမြား စေလွှတ်၍ အသည်းအသန် ရှာဖွေကြစမြဲပင်။

ကျိုးနိုင်ငံ ဟ၏ ဧကရာဇ်မင်းသည်လည်း ခြွင်းချက်မဟုတ်ပေ။

လက်ညှိုးခန့်အထူရှိသော ခရမ်းရွှေရိုင်းတစ်တုံးမှာ ခရမ်းရွှေဒင်္ဂါး ၅ ပြားနှင့် ညီမျှပြီး ရွှေဒင်္ဂါးနှင့် ပြောင်းလဲတွက်ချက်ပါက ရွှေဒင်္ဂါး ၅၀ ခန့် တန်ဖိုးရှိသည်။ ၎င်းမှာ မိုင်းတွင်း၌ အလုပ်လုပ်နေရသော ရွာသားအများစု တစ်သက်လုံး ရှာဖွေလျှင်ပင် မရနိုင်သော ငွေကြေးပမာဏကြီး ဖြစ်သည်။

ရွာသားများ သတ္တုရိုင်းများကို ခိုးယူစုဆောင်းခြင်းမှ ကာကွယ်ရန်အတွက် ဂူအတွင်းသို့ ဝင်

သည်ဖြစ်စေ ထွက်သည်ဖြစ်စေ ရွာသားအားလုံးကို အမြဲမပြတ် စစ်ဆေးကြခြင်း ဖြစ်သည်။ ယွင်ရှန်းသည် ဤအခြေအနေကို ကြိုတင်တွက်ဆထားပြီးဖြစ်ရာ သူမ၏ သိုလှောင်လက်စွပ်ကို ဂူအတွင်းရှိ လျှို့ဝှက်နေရာတစ်ခုတွင် စောစီးစွာပင် ဖုံးကွယ်ထားခဲ့ပြီး ဖြစ်သည်။

အဖမ်းခံရသည့် ရွာသားမှာ ခဏတာ လောဘဇောတက်မိသဖြင့် သတ္တုရိုင်းကို တိတ်တဆိတ် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အမိခံလိုက်ရသဖြင့် သူသည် တုန်တုန်ရင်ရင်ဖြင့် အဆက်မပြတ် အသနားခံတော့သည်။

"သခင်... ကျွန်တော် နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး။ ကျွန်တော် ခဏတာ မိုက်မဲသွားလို့ပါဗျာ"

"မိုက်မဲတယ် ဟုတ်လား ဟက်... တကယ့်ကို မိုက်မဲတာပဲ"

သတ္တုရိုင်းကို တွေ့ရှိသွားသော လျှို့ဝှက်လူသား၏ လက်မှာ အေးစက်စက် ဝင်းခနဲဖြစ်သွားပြီး ဓားတစ်လက်ဖြင့် ထိုရွာသား၏ လက်ညှိုးကို ဖြတ်ချလိုက်တော့သည်။

ထိုရွာသားမှာ ပြင်းထန်သော နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလှိမ့်နေပြီး ၎င်းကို မြင်လိုက်ရသော ပတ်ဝန်းကျင်ရှိ ရွာသားများမှာလည်း ထိတ်လန့်တကြားဖြစ်ကာ မည်သူမျှ ရှေ့သို့တိုး၍ မကူညီရဲကြချေ။

"မိုင်းတွင်းထဲမှာ လူအင်အား မလောက်သေးလို့သာပေါ့။ မဟုတ်ရင် မင်းခေါင်းကို ဖြတ်ပြီး မိစ္ဆာသားရဲကို ကျွေးလိုက်မှာ"

ထိုရွာသားကို ကန်ထုတ်လိုက်ပြီးနောက် လျှို့ဝှက်လူသားသည် ယွင်ရှန်းနှင့် အခြားသူများကို အထဲဝင်ရန် လက်ဟန်ပြလိုက်သည်။

ယွင်ရှန်းသည် တည်ငြိမ်စွာပင် လမ်းလျှောက်ဝင်သွားခဲ့သည်။

ယွင်ရှန်းက ခြေချင်းများကို ခတ်လျက် အထဲသို့ ဝင်သွားချိန်တွင် လျှို့ဝှက်လူသားတစ်ဦး၏ မျက်နှာဖုံးအောက်မှ မျက်လုံးများမှာ ဝင်းခနဲဖြစ်သွားပြီး အံ့အားသင့်ရိပ်များ ပေါ်ထွက်လာသည်။

သူမ ဘာလို့ ဒီကို ရောက်နေတာလဲ။

ယွင်ရှန်းတို့ ဂူအတွင်းသို့ ဝင်သွားပြီးနောက် လျှို့ဝှက်လူသားများထဲမှ ခေါင်းဆောင်က ကျန်ရှိသူများကို ပတ်ဝန်းကျင်အား ကင်းလှည့်ရန်နှင့် အခြေအနေကို စောင့်ကြည့်ရန် အမိန့်ပေးလိုက်သည်။

"ပိုင်မင်း... ငါ့မျက်လုံးတွေ မမှားပါဘူးနော်။ ခုနက တစ်ယောက်က နတ်ဆေးဆရာမလေး မဟုတ်လား"

အရပ်ရှည်ရှည် လျှို့ဝှက်လူသားတစ်ဦးက နောက်တစ်ဦး၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ ယွင်ရှန်းမှာ ယောင်္ကျားလေးအသွင် ဝတ်ဆင်ထားသော်လည်း သူတို့ကတော့ တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားကြသည်။

"သူမက နန်ယမြို့မှာ ရှိနေရမှာလေ။ အခု ဒီမှာ ဘာလာလုပ်နေတာလဲ။ တကယ့်ကို စိတ်လိုက်မာန်ပါ လုပ်တတ်တာပဲ"

အမျိုးသားက အသံနှိမ့်၍ ပြောလိုက်ရာ သူ၏မျက်လုံးများထဲတွင် မကျေနပ်ရိပ်များ ပြည့်

နှက်နေသည်။ ဤ တောကြောင်လေးကတော့ တကယ့်ကို လူကို အခက်တွေ့စေတာပဲ။

ယီပိုင်မင်းသည် မည်သည့်နည်းလမ်းကို သုံးလိုက်သည်မသိ သူ၏ မီးခိုးရောင်မျက်လုံးများမှာ ယခုအခါ အညိုရင့်ရောင်သို့ ပြောင်းလဲနေသည်။ ချန်ပိုင်၏ အသားအရည်မှာလည်း ပျားဖယောင်းရောင် ဆိုးထားသည့်အပြင် သူတို့နှစ်ဦးလုံး မျက်နှာဖုံးများ စွပ်ထားကြသည်။ သူတို့၏ လက်ရှိပုံစံမှာ မိုင်းတွင်းရှိ အခြားလျှို့ဝှက်လူသားများနှင့် ဆင်တူနေသဖြင့် ယွင်ရှန်းကိုယ်တိုင်ပင် အနီးကပ် သေသေချာချာ မကြည့်လျှင် မှတ်မိနိုင်မည် မဟုတ်ပေ။

ဤကဲ့သို့သော လူစုံလှသည့် မိုင်းတွင်းနေရာမျိုးသို့ သူမတစ်ယောက်တည်း လာရဲသည်မှာ တကယ့်ကို အံ့ဩစရာပင်။

ယန်ချန်းလန်နှင့် ကျုံးရန်တို့ကရော ဘယ်ရောက်သွားကြတာလဲ။

"ငါတို့ အခု ဘာလုပ်ကြမလဲ။ အစီအစဉ်အတိုင်း ဆက်သွားမှာလား"

အရပ်ရှည်ရှည် လျှို့ဝှက်လူသားမှာ အခြားသူမဟုတ်ပေ။ ရုပ်ဖျက်ထားသော ယီပိုင်မင်းနှင့် ချန်ပိုင်တို့ပင်။ လွန်ခဲ့သော ရက်အနည်းငယ်က ယီပိုင်မင်း၊ ချန်ပိုင်နှင့် ပုကျိုရှောင်တို့သည် ဤလျှို့ဝှက်လူသားအုပ်စုအတွင်းသို့ စိမ့်ဝင်ခဲ့ကြခြင်း ဖြစ်သည်။ ဤမိုင်းတွင်းဧရိယာသည်လည်း သူတို့၏ ယခုခရီးစဉ်အတွက် အဓိကပစ်မှတ်ပင်။

"အစီအစဉ်အတိုင်း ဆက်လုပ်မယ်။ တောကြောင်လေး ကိစ္စကိုတော့ ငါကိုယ်တိုင်ပဲ ကိုင်တွယ်

မယ်။ ကျိုရှောင်ရဲ့ အခြေအနေအရဆိုရင်တော့ ဒီလျှို့ဝှက်လူသားတွေရဲ့ နောက်ခံက ထန်ယွမ်

နိုင်ငံနဲ့ အများကြီး ပတ်သက်နေတယ်ဆိုတာ သူ သိလုနီးပါး ဖြစ်နေပြီ။ ဒီတစ်ခါတော့ သူတို့ကို သူတို့ထောင်ချောက်ထဲမှာပဲ ပြန်ဖမ်းရမယ်"

ယီပိုင်မင်း၏ မျက်လုံးများမှာ အေးစက်သွားသည်။ သူသည် ဤခရမ်းရွှေရိုင်းအစုအပုံကို ရရှိရန် ဆုံးဖြတ်ထားပြီးဖြစ်ရာ အခြားနိုင်ငံများ ဝင်ရောက်စွက်ဖက်သည်ကို လုံးဝခွင့်ပြုမည်မဟုတ်ပေ။

ယွင်ရှန်းမှာမူ သူမနှင့် ယီပိုင်မင်းတို့သည် လမ်းကြောင်းတစ်ခုတည်းပေါ်သို့ မသိမသာ ရောက်ရှိနေကြသည်ကို မသိရှိရှာပေ။ သူမသည် လေးလံလှသော ခြေချင်းများကို ဆွဲလျက် မိုင်းတွင်းဂူအတွင်းသို့ ဝင်လာခဲ့ရာ ဝင်ဝင်ချင်းမှာပင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်သက်သွားရတော့သည်။

ခရမ်းရွှေဆိုသည်မှာ အမှန်ပင် တိုက်ကြီးပေါ်ရှိ အလှပဆုံးသော မိုင်းတွင်းဟူသော ဘွဲ့ထူးနှင့် ထိုက်တန်လှသည်။ နေ့ဘက်ဖြစ်စေ ညဘက်ဖြစ်စေ ဂူအတွင်း၌ ပိုးစုန်းကြူးများကဲ့သို့ လှပသော အလင်းရောင်များ တဖျတ်ဖျတ် တောက်ပနေပြီး ခရမ်းရောင်နှင့် ရွှေရောင်တို့မှာ တစ်ခုနှင့်တစ်ခု ရောယှက်လျက် နှစ်ရောင်စပ် သက်တန့်များအလား မျက်စိကျိန်းမတတ် လင်းလက်နေသည်။

ဤနေရာသည် အဆင့်မြင့်အရည်အသွေးရှိသော မိုင်းတွင်းဧရိယာတစ်ခုဖြစ်ကြောင်း ပြောရပေလိမ့်မည်။ ဧရိယာတစ်ခုလုံး၏ ငါးပုံလေးပုံမှာ ခရမ်းရွှေရိုင်းများဖြစ်ပြီး ကျန်ငါးပုံတစ်ပုံမှာမူ ကြမ်းတမ်းသော ဘဆော့ကျောက်များသာ ဖြစ်သည်။ ၎င်းမှာ သဘာဝအတိုင်း ဖြစ်ပေါ်နေသော မိုင်းတွင်းဂူတစ်ခုဖြစ်ပြီး ခရမ်းရွှေရိုင်း အမြောက်အမြားမှာ မြေပြင်ပေါ်၌ ပေါ်ထွက်နေကာ အရွယ်အစားမျိုးစုံရှိသော ခြောက်မြှောင့်ပုံ သလင်းကျောက်များအဖြစ် တည်ရှိနေကြသည်။

အချို့မှာ ဒင်္ဂါးပြားခန့်သာ ရှိသော်လည်း အချို့မှာမူ မြေပြင်မှ ထိုးထွက်နေသော ကျောက်တိုင်ကြီးများအလား ရှိနေကြသည်။ ၎င်းတို့သည် မြေပြင်ပေါ်ရှိ ကျောက်တုံးများကြားမှ သန်စွမ်းသော သစ်ပင်ကြီးများကဲ့သို့ ပေါက်ရောက်နေကြပြီး ဂူ၏ အမိုးမျက်နှာကြက်အထိ မီတာပေါင်းများစွာ မြင့်မားစွာ တက်လှမ်းနေကြသည်။ ဤအဖိုးတန် သတ္တုရိုင်းများမှ ခရမ်းရောင် မြူခိုးပါးပါးလေးများ ထွက်ပေါ်နေပြီး မိုင်းတွင်းလေထုအတွင်း လွင့်မျောနေခြင်းက တစ်ဂူလုံးကို ပို၍ပင် ခန့်ညားထည်ဝါစေသည်။

မိုင်းတွင်းသို့ စတင်ဝင်ရောက်လာသော ရွာသားတိုင်းမှာ ဤအံ့မခန်း မြင်ကွင်းကြောင့် မှင်သက်မိနေကြသည်။

"ဒီအတိုင်း ငေးမနေကြနဲ့ဦး။ ကိုယ့်ဥစ္စာမဟုတ်တဲ့ စည်းစိမ်အပေါ်မှာ မကောင်းတဲ့ စိတ်ကူးတွေ မယဉ်မိဖို့ လိုတယ်"

ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေသော ယွင်ရှန်းနှင့် လျှိုကျိတို့ကို ကြည့်ကာ လျှိုကျိဖခင်က ခေါင်းခါရင်း သတိပေးလိုက်သည်။

မိုင်းတွင်းသို့ စတင်ဝင်လာသော ရွာသားအများစုမှာ ဤကဲ့သို့ အမူအရာမျိုး ပြသတတ်ကြသော်လည်း တစ်နေ့တာအတွင်း လုံလောက်သော သတ္တုရိုင်းများကို မတူးဖော်နိုင်ပါက ရက်စက်လှသော နှင်တံဒဏ်က သူတို့ကို စောင့်ကြိုနေမည်ပင်။ လျှိုကျိဖခင်၏ သတိပေးချက်ကြောင့် ယွင်ရှန်းသည် သူမ၏ စူးစမ်းလိုစိတ်ကို သိမ်းဆည်းလိုက်ပြီး အလုပ်စရန် ပြင်ဆင်လိုက်တော့သည်။

All Chapters