← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 24 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 24 Ch. 369-370

၃၆၉ ။ နောက်ထပ် ပြန်မဆုံကြေး

နေထွက်လာချိန်တွင် ဝံပုလွေအုပ်ကြီး ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် အလောင်းများစွာ ချန်ရစ်ခဲ့သလို၊ မွေးမြူရေးခြံအတွင်းရှိ နွားနှင့် သိုး ထက်ဝက်ကျော်ကိုလည်း ကိုက်သတ်၊ ဒဏ်ရာရစေခဲ့သည်။ နွားနှင့် သိုးအများအပြားမှာ ဝံပုလွေများ၏ ကိုက်ဖြတ်ခြင်းကို ခံရပြီးနောက် အစိတ်အပိုင်းများအဖြစ် အသယ်ဆောင်ခံလိုက်ရသည်။ မွေးမြူရေးခြံဝင်းအတွင်းရှိ နှင်းများထဲတွင် လူသွေး၊ ဝံပုလွေသွေးနှင့် တိရစ္ဆာန်သွေးများ ရောနှောနေသဖြင့် မြေပြင်တစ်ခုလုံးမှာ သွေးအိုင်ကြီး ဖြစ်နေတော့၏။

မြောက်ဘက်ဟူအမျိုးသမီး အများအပြားသည် ပုန်းခိုရာ မြေအောက်ခန်းများထဲမှ ထွက်လာပြီး ဤမြင်ကွင်းကို မြင်သောအခါ အော်ဟစ်ငိုယိုကြလေသည်။ အမျိုးသမီးများ ငိုကြွေးသဖြင့် ကလေးငယ်များလည်း လိုက်ငိုကြတော့သည်။

"ဘာလို့ ငိုနေကြတာလဲ" ဟု အုပ်ချုပ်ရေးမှူးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "လူတွေ အသက်ရှင်နေသေးတယ် မဟုတ်လား!"

အမျိုးသမီးများသည် အုပ်ချုပ်ရေးမှူး၏ ငေါက်ငန်းမှုကြောင့် မငိုရဲတော့ဘဲ သူတို့၏ ကလေးများ ပါးစပ်ကိုလည်း လှမ်းပိတ်လိုက်ကြသည်။

"အဲ့ဒီ ယုံနဉ်ကျွန်ကတော့ သေသွားပြီ၊ အလောင်းကိုလည်း ဝံပုလွေတွေ ဆွဲသွားကြတယ်" ဟု အုပ်ချုပ်ရေးမှူးက မျက်နှာပျက်ပျက်ဖြင့် ကြေညာလိုက်သည်။

မွေးမြူရေးခြံရှိ လူများသည် ထိုသတင်းကို ကြားသောအခါ မည်သို့မျှ မခံစားရသလို အမူအရာကင်းမဲ့နေကြသည်။ အုပ်ချုပ်ရေးမှူးမှလွဲ၍ ထိုယုံနဉ်ကျွန်၏ အထောက်အထားကို မည်သူမျှ မသိကြပေ။ ဝံပုလွေဘေးအန္တရာယ်ကြီးအပြီးတွင် ယုံနဉ်ကျွန်တစ်ယောက်၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဘယ်သူက ဂရုစိုက်နေမှာလဲ။

အုပ်ချုပ်ရေးမှူးသည် နောင်တစ်ချိန်တွင် မိုဒူးက သူ့စကားကို မယုံကြည်မည်စိုးသဖြင့် ဝံပုလွေအလောင်းများကို စုဆောင်းရန် အမိန့်ပေးလိုက်သည်။ ပျက်စီးနေသည်ဖြစ်စေ၊ မပျက်စီးသည်ဖြစ်စေ ဤဝံပုလွေအရေခွံအားလုံးကို တစ်ခုမကျန် ခွာယူထားရမည်ဖြစ်သည်။

....

မွေးမြူရေးခြံရှိ လူအားလုံးသည် နေ့မနား ညမနား အလုပ်လုပ်ကြပြီး ခုနစ်ရက်ကြာသောအခါမှသာ ခြံစည်းရိုးများကို အသစ်ပြန်လည် ပြုပြင်နိုင်ခဲ့ကြသည်။

အသစ်စက်စက် ပြန်လည်ပြင်ဆင်ထားသော ခြံစည်းရိုးနားတွင် ရပ်နေရင်း အုပ်ချုပ်ရေးမှူးသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ နှင်းများ ဆက်လက်ကျဆင်းနေဆဲ ဖြစ်၏။ လွန်ခဲ့သော ခုနစ်ရက်ကလောက် မများသော်လည်း ဤနှင်းများ ဆက်ကျနေပါက အစာမရှိသော ဝံပုလွေများ ထပ်မံရောက်လာဦးမည်။

ထိုစဉ် မြင်းတပ်တစ်စု မွေးမြူရေးခြံထဲသို့ ဒုန်းစိုင်းဝင်ရောက်လာသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော တပ်မှူးသည် မြင်းပေါ်မှနေ၍ အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။ "အုပ်ချုပ်ရေးမှူး ဘယ်မှာလဲ"

ထိုလူစု၏ ဝတ်စုံကို မြင်သည်နှင့် အုပ်ချုပ်ရေးမှူးသည် ဤသူများမှာ ဝံပုလွေဘုရင် မိုဒူး၏ ကိုယ်ရံတော်တပ်ဖွဲ့မှဖြစ်မှန်း သိလိုက်သဖြင့် ထိုတပ်မှူး၏ မြင်းရှေ့သို့ အပြေးအလွှား သွားလိုက်ကာ "ကျွန်တော်မျိုးက အုပ်ချုပ်ရေးမှူးပါ" ဟု ဆိုလေသည်။

"အဲ့ဒီ ယုံနဉ်ကျွန် ဘယ်မှာလဲ" ဟု တပ်မှူးက တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။ "သူ့ကို ခေါ်ထုတ်လာခဲ့၊ ငါ့မှာ ဝံပုလွေဘုရင်ရဲ့ အမိန့်စာ ပါလာတယ်၊ ဒီကျွန်ကို ငါခေါ်သွားရမယ်"

တပ်မှူးသည် လက်ကို မြှောက်လိုက်ပြီး မိုဒူး၏ အမိန့်စာကို အုပ်ချုပ်ရေးမှူး၏ ရင်ခွင်ထဲသို့ လှမ်းပစ်ပေးလိုက်သည်။

အုပ်ချုပ်ရေးမှူးသည် အမိန့်စာကို ဖမ်းယူပြီး အမြန်ဖတ်ကြည့်လိုက်ရာ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

"အဲ့ဒီကျွန် ဘယ်မှာလဲ" တပ်မှူးက ထပ်မံ မေးမြန်းလိုက်သည်။

"အရှင် ရောက်လာတာ နောက်ကျသွားပါပြီ" အုပ်ချုပ်ရေးမှူးသည် ကိုယ်ကို ကိုင်းညွှတ်ကာ ပြောလိုက်သည်။ "ဒီကျွန်က လွန်ခဲ့တဲ့ ခုနစ်ရက်ကပဲ ဖျားပြီး သေသွားပါပြီ၊ အဲ့ဒီနေ့ညမှာပဲ ကျွန်တော်တို့ဆီမှာ ဝံပုလွေဘေး ဖြစ်ခဲ့တော့ အဲ့ဒီကျွန်ရဲ့ အလောင်းကို ဝံပုလွေအုပ်က စားသွားကြပါတယ်"

တပ်မှူးသည် အုပ်ချုပ်ရေးမှူး၏ စကားကို ကြားသောအခါ မြင်းပေါ်တွင် ခေတ္တမျှ မှင်တက်သွားပြီးနောက် ကြာပွတ်ဖြင့် အုပ်ချုပ်ရေးမှူး၏ မျက်နှာကို တရစပ် လှမ်းရိုက်လေတော့သည်။ အုပ်ချုပ်ရေးမှူးမှာ ချက်ချင်းပင် သွေးသံရဲရဲ ဖြစ်သွားကာ မြေကြီးပေါ်သို့ လဲကျသွားပြီး သေလုနီးပါး ဖြစ်သွားရသည်။

တပ်မှူးသည် မြင်းပေါ်မှ ဆင်းလာပြီး အုပ်ချုပ်ရေးမှူး၏ လက်ထောက်ကို လည်ပင်းမှ ဆွဲမကာ "အဲ့ဒီကျွန် နေခဲ့တဲ့နေရာကို ငါ့ကို ခေါ်သွားစမ်း!" ဟု အော်လိုက်သည်။

လက်ထောက်ဖြစ်သူမှာ မြေကြီးပေါ်တွင် လဲနေသော သူ၏သခင်ကို မကြည့်ရဲဘဲ တပ်မှူးတို့ လူစုကို မြေအောက်အကျဉ်းထောင်သို့ ခေါ်သွားလေသည်။

တပ်မှူးသည် မြေအောက်ထောင်ထဲသို့ ဆင်းကြည့်ပြီးနောက် ပြန်တက်လာကာ အုပ်ချုပ်ရေးမှူးကို ကြိုးဖြင့် တုပ်နှောင်ရန် အမိန့်ပေးလိုက်ပြီး "မင်းကတော့ ဝံပုလွေဘုရင်ရဲ့ အရေးကြီးတဲ့ ကိစ္စကို ဖျက်ဆီးလိုက်ပြီ!" ဟု ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

အုပ်ချုပ်ရေးမှူးမှာ မြင်းကျောပေါ်တွင် တင်ဆောင်ခံရပြီး အဖမ်းခံသွားရလေတော့သည်။ မွေးမြူရေးခြံရှိ လူများမှာမူ မှင်တက်ကျန်ရစ်ခဲ့ကြပြီး အစမှ အဆုံးအထိ ဘာတွေဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ကြပေ။

.....

နဉ်ရှောင်ယောင်းသည် ယခုအချိန်တွင် မျက်နှာကို ပဝါဖြင့် စည်းထားပြီး မျက်လုံးနှစ်လုံးသာ ဖော်ထားကာ ဝေ ကို ပြောလိုက်သည်။ "ငါတို့ သွားတော့မယ် လောင်ဝေ၊ ဒီရက်ပိုင်းအတွင်း ကျွန်မတို့ကို လက်ခံထားပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်"

ဝေက "မလိုပါဘူး၊ မင်းလည်း ငါ့ရဲ့ နောက်လိုက်တွေကို အများကြီး ကယ်ခဲ့တာပဲ" ဟု ဆို၏။

နဉ်ရှောင်ယောင်းသည် သူမ၏ ခြေထောက်ကို ဖက်တွယ်ကာ မလွှတ်ပေးသော ရှောင်ပိုင်ကို ငုံ့ကြည့်ရင်း စကားပြောချင်သော်လည်း ပြောရန် ခက်ခဲနေသလို ခံစားလိုက်ရသည်။

"ရှောင်ပိုင်" ဟု ဝေက သူ့သားငယ်ကို လှမ်းခေါ်လိုက်သည်။

ရှောင်ပိုင်သည် ဝေ၏အော်သံကို ကြားသောအခါ ဒီရက်ပိုင်းအတွင်း အနည်းငယ် ပိန်သွားသော သူ၏ကိုယ်လုံးလေးမှာ တုန်တက်သွားလေသည်။

"ငါ မင်းကို မေးမယ်" ဝေသည် ရှောင်ပိုင်ကို နဉ်ရှောင်ယောင်း၏ ခြေထောက်မှ တစ်ချက်တည်းနှင့် ပုတ်ထုတ်လိုက်ပြီး "မင်း ဝံပုလွေအုပ်ကနေ ထွက်သွားပြီး ရှောင်ယောင်းနောက် လိုက်သွားချင်တာလား" ဟု မေးလိုက်သည်။

"အင်း!" ရှောင်ပိုင်က ခေါင်းညိတ်လိုက်ရာ မျက်ရည်များပင် ထွက်လာတော့မတတ် ဖြစ်နေ၏။

"ကောင်းပြီလေ" ဝေက သူ၏ ခြေသည်းဖြင့် ရှောင်ပိုင်၏ခေါင်းကို ပုတ်လိုက်သည်။

"ဟင်?" နဉ်ရှောင်ယောင်း အံ့သြသွားရသည်။ "ရှောင်ပိုင် လိုက်လာလို့ ရတာလား"

"ဒါက ရှောင်ပိုင်ရဲ့ ရွေးချယ်မှုပဲ" ဝေးက နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ "ရှောင်ယောင်း... ရှောင်ပိုင်က မင်းကို ကာကွယ်ပေးလိမ့်မယ်"

နဉ်ရှောင်ယောင်း၏နှုတ်ခမ်းများ တွန့်သွားရသည်။ ကောင်းပြီလေ၊ ရှောင်ပိုင်က ဘာပဲဖြစ်ဖြစ် ဝံပုလွေတစ်ကောင်ပဲ မဟုတ်လား။

"ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့" ဝေက နဉ်ရှောင်ယောင်းကို နှုတ်ဆက်လိုက်သည်။

နဉ်ရှောင်ယောင်းသည် ထောင်ဇီကို ကြည့်လိုက်သည်။ ဤရက်ပိုင်းအတွင်း သူမ သတိပြုမိသည်မှာ ဝံပုလွေအုပ်စုအတွင်း အဆင့်အတန်းခွဲခြားမှုမှာ အလွန်တင်းကျပ်လှ၏။ ဝေ စကားပြောနေစဉ်တွင် ထောင်ဇီပင်လျှင် စကားဖြတ်ပြောလေ့ မရှိပေ။

"နှုတ်ဆက်ပါတယ် ရှောင်ယောင်း" ထောင်ဇီကလည်း နဉ်ရှောင်ယောင်းကို နှုတ်ဆက်လိုက်သည်။

ရှောင်ပိုင်သည် ရှေ့သို့ ပြေးတက်လာပြီး နဉ်ရှောင်ယောင်း၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူ့ကို ဒီကြောက်စရာကောင်းတဲ့နေရာကနေ အမြန်ဆုံး ခေါ်ထုတ်သွားပါတော့!

နဉ်ရှောင်ယောင်းသည် လိုကျင်းကို မြင်းလေးရှောင်ဟွေ့ပေါ်သို့ တင်ဆောင်လိုက်ပြီးနောက် ဝံပုလွေအုပ်စုကို တစ်ချက်ကြည့်ကာ မြင်းကို ပြောလိုက်သည်။ "ရှောင်ဟွေ့... သွားကြစို့"

ရှောင်ဟွေ့သည် နှာမှုတ်သံတစ်ခု ပေးလိုက်ပြီး ရှေ့သို့ ပြေးထွက်သွားလေသည်။

နဉ်ရှောင်ယောင်းတို့ လူစု ဝေးကွာသွားသည်ကို ကြည့်ရင်း ဝံပုလွေဂူထဲမှ ဝံပုလွေအူသံများ ထပ်မံ ထွက်ပေါ်လာသည်။

"ဝေတို့က ငါတို့ကို နှုတ်ဆက်နေကြတာ" ဟု နဉ်ရှောင်ယောင်းက ယင်းဖုန်းတို့ကို ပြောလိုက်သည်။

ယင်းဖုန်းတို့မှာမူ တိတ်ဆိတ်စွာနေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ပေ။ သူတို့က တိရစ္ဆာန်စကားမှ နားမလည်တာ!

"နှုတ်ဆက်ပါတယ်!" နဉ်ရှောင်ယောင်းက နောက်သို့ လှည့်၍ အော်ပြောလိုက်သည်။

"အူး——" ရှောင်ပိုင်ကလည်း တစ်ချက် အူလိုက်ပြီး သူ၏ မိဘ၊ အစ်ကိုများနှင့် မျိုးနွယ်စုကို နှုတ်ဆက်လိုက်လေသည်။

......

လိုကျင်းသည် ဤရက်ပိုင်းအတွင်း သေမတတ် ခံစားနေရသော နာကျင်မှုမျိုး မရှိတော့သော်လည်း သတိမှာမူ ဝေဝေဝါးဝါး ဖြစ်နေဆဲပင်။ ယခုအချိန်တွင် အကြီးဆုံးသခင်လေးလိုသည် တစ်စုံတစ်ဦးက သူ့အား မြင်းပေါ်တင်၍ ခေါ်ဆောင်သွားသည်ကို သိနေသော်လည်း ထိုလူမှာ မည်သူမည်ဝါဖြစ်ကြောင်း သေချာကြည့်ရန် အားအင်မရှိပေ။

"ဒီကနေ နယ်စပ်ကို ပြန်ရမယ့်လမ်းက အရမ်းဝေးတယ်၊ သူ ခံနိုင်ပါ့မလား" နဉ်ရှောင်ယောင်း၏ ဘေးတွင် မြင်းစီးလိုက်လာသော ယင်းဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။

နဉ်ရှောင်ယောင်းက "ကိစ္စမရှိပါဘူး၊ ငါ ရှိနေတာပဲ။ ငါသာ ဗိုက်ကြီးမနေရင် အစ်ကိုကြီးလိုကို ကုပေးလိုက်တာ ကြာလှပြီ!" ဟု ဆိုလေသည်။

"အစ်ကိုကြီး!"

အဖွဲ့အတွင်းမှ အလန့်တကြား အော်သံ ထွက်ပေါ်လာပြီး ယင်းဖုန်းသည် ပြေးလွှားနေသော စစ်မြင်းပေါ်မှ လိမ့်ကျသွားတော့သည်။

နဉ်ရှောင်ယောင်းမှာ ထိတ်လန့်သွားပြီး ရှောင်ဟွေ့ကို အမြန်ရပ်လိုက်ရသည်။ ဘာဖြစ်တာလဲဟင်?! (မေးနေသေးတယ်!)

ယင်းဖုန်းသည် မည်သူ့အကူအညီကိုမျှ မယူဘဲ မြေကြီးပေါ်မှ ကိုယ်တိုင်ထရပ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ကြည့်ကာ "မင်း ခုနက ဘာပြောလိုက်တာလဲ" ဟု မေးလိုက်သည်။

"ငါ အစ်ကိုကြီးလိုကို ကုပေးလိုက်တာ ကြာလှပြီလို့ ပြောတာလေ"

"မင်း ဗိုက်ကြီးနေပြီလို့ ပြောတာလား" ယင်းဖုန်းက အသံကုန်ဟစ်ကာ မေးလိုက်သည်။

"ဘာ?!" နဂါးကိုယ်ရံတော်လေးများ အားလုံး အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

"ဟုတ်တယ်လေ" နဉ်ရှောင်ယောင်းက သူမ၏ ဗိုက်ကို ပုတ်ပြလိုက်သည်။ "ဗိုက်ကြီးနေတာ ကြာလှပြီ၊ နင်တို့ မသိဘူးလား"

နဂါးကိုယ်ရံတော်လေးများမှာမူ... သူတို့က ဘယ်လိုလုပ် သိမှာလဲ?!

"တကယ်လား" ယင်းဖုန်းက မေးသည်။

"ဒါက လိမ်လို့ရတဲ့ ကိစ္စလား" နဉ်ရှောင်ယောင်းက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးလိုက်ပြီး "ငါတို့ နယ်စပ်ကို စောစောပြန်ကြရအောင်၊ စားစရာကောင်းကောင်းရှိတဲ့ နေရာတစ်ခုရှာပြီးမှ ကလေးမွေးချင်လို့" ဟု ဆို၏။

"ဘယ်သူ့ကလေးလဲ" ယင်းဖုန်းမှာ ကလေးမွေးခြင်းနှင့် အစားအသောက်ကောင်းတာတို့၏ ပတ်သက်မှုကို စဉ်းစားရန် အားမရှိတော့ဘဲ မျက်နှာပျက်ပျက်ဖြင့် နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်းက ပါးစပ်လေး အနည်းငယ် ဟသွားသည်။

ယင်းဖုန်းက ခေတ္တစဉ်းစားပြီးနောက် "လိုကျစ်ကွေ့ရဲ့ ကလေးလား" ဟု မေးလိုက်၏။

နဂါးကိုယ်ရံတော်လေးများကြားတွင် နောက်ထပ်တစ်ကြိမ် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ သူတို့၏ ဧကရာဇ်ကို မည်ကဲ့သို့သော အမူအရာဖြင့် ကြည့်ရမည်မှန်း မသိတော့ပေ။

"နင် ဘယ်တုန်းက ဒီလောက်အကင်းပါးသွားတာလဲ" နဉ်ရှောင်ယောင်းသည် ယခုမှပင် ရှက်ကိုးရှက်ကန်း ဖြစ်လာရသည်။

ယင်းဖုန်းသည် ခေါင်းမူးသွားပြီး ဒေါသထွက်ချင်သော်လည်း မည်သူ့ကို ထွက်ရမည်မှန်း မသိ၊ လူတစ်ယောက်ကို ထိုးကြိတ်ချင်သော်လည်း မည်သူ့ကို ထိုးရမည်မှန်း မသိတော့ပေ။ ယခုအချိန်တွင် စစ်သေနာပတိလိုချုပ်သာ ရှိနေပါက ယင်းဖုန်းသည် ထိုလူယုတ်မာကို အပိုင်းပိုင်း ခုတ်ထည့်လိုက်မည်မှာ သေချာလှ၏။

"ဒါပေမဲ့ လျှို့ဝှက်ထားပေးကြနော်" နဉ်ရှောင်ယောင်းက မြင်းပေါ်တွင် ထိုင်လျက် ပြောလိုက်သည်။ "စစ်သေနာပတိက ငါ့ကို ဖြတ်လိုက်ပြီလေ"

ယင်းဖုန်းသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် တဆစ်ဆစ် နာကျင်လာပြီး အောင့်မထားပါက သွေးပင် အန်တော့မတတ်ဖြစ်သွားရသည်။

"ဒီလူယုတ်မာကတော့..." ယင်းဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အရှင်မင်းကြီး... ငါတို့ သူ့ကို သွားရှာကြမယ်!"

နဉ်ရှောင်ယောင်းက ပုခုံးတွန့်ပြလိုက်ပြီး "ငါတို့ နယ်စပ်ကို ပြန်ရောက်ရင် သုံးလတောင် ကုန်သွားမှာ၊ အဲ့ဒီအချိန်ကျရင် စစ်သေနာပတိက ဧကရာဇ်တောင် ဖြစ်နေလောက်ပြီ။ လေအာ့ရေ... ငါတို့က ဧကရာဇ်ကို သွားသတ်ကြမှာလား"

"ဧကရာဇ်ဖြစ်နေရင်တောင် ငါ သူ့ကို သတ်ပစ်မယ်!" ယင်းလေက ဟိန်းဟောက်လိုက်သည်။

နဂါးကိုယ်ရံတော်လေးများ အားလုံးက ခေါင်းညိတ်ကြသည်။ ဤကိစ္စကို သည်းမခံနိုင်ပေ။

"ထားလိုက်ပါတော့" နဉ်ရှောင်ယောင်းက ဆိုသည်။ "ကလေးမွေးပြီးမှပဲ ပြောကြတာပေါ့၊ သာ့ဖုန်း... ငါတို့ သွားကြမလား"

ယင်းဖုန်းသည် စကားတစ်လုံးမျှ မဆိုဘဲ မြင်းပေါ်တက်လိုက်သည်။ ဤတစ်ကြိမ်တွင် ခေါင်းဆောင်ကြီးသည် မြင်းစီးလျက် နဉ်ရှောင်ယောင်း၏ ရှေ့မှနေ၍ လေဒဏ် နှင်းဒဏ်ကို ကာကွယ်ပေးလိုက်လေသည်။

"သာ့ဖုန်း?" နဉ်ရှောင်ယောင်းက လှမ်းခေါ်လိုက်သည်။

"ဘာမှမဖြစ်ဘူး" ယင်းဖုန်းက အတန်ကြာမှ ပြန်ဖြေသည်။ "လိုကျစ်ကွေ့ မရှိရင်လည်း အရှင် ကောင်းကောင်း နေနိုင်မှာပါ"

"ဟုတ်တယ်လေ" နဉ်ရှောင်ယောင်းက အမြန် ခေါင်းညိတ်လိုက်သည်။

"စကားမပြောနဲ့တော့" ယင်းဖုန်းက ဆို၏။ "အရှင်မင်းကြီး... ငါတို့ မြန်မြန် ခရီးနှင်ကြရအောင်" စိတ်ပင်ပန်းနေသော ယင်းဖုန်းမှာ နဉ်ရှောင်ယောင်းနှင့် စကားပြောရန် အားအင် မရှိတော့ပေ။

"အစ်မကြီး" ယင်းယွီက ရှေ့သို့ ပြေးတက်လာပြီး မေးလိုက်သည်။ "ဒါဆို ဒီ အကြီးဆုံးသခင်လေးလိုကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်ကို ပို့ပေးရမလဲ"

"အန်းယွမ်ကို ပို့ပေးရမှာပေါ့" နဉ်ရှောင်ယောင်းက ဆိုသည်။ "လိုအိမ်တော်က အဲ့ဒီမြို့မှာ ရှိတာ မဟုတ်ဘူးလား"

ယင်းယွီမှာ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း လိုကျင်းကို မကယ်ဘဲ ထားခဲ့ရန်လည်း မရက်စက်နိုင်ပေ။

.....

ထိုလူစုသည် လွင်ပြင်ကျယ်ကြီးထဲတွင် လေဒဏ် နှင်းဒဏ်ကို အန်တုကာ နှစ်လကြာအောင် ခရီးနှင်ခဲ့ပြီးမှသာ အန်းယွမ်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ယခုအချိန်တွင် နဉ်ရှောင်ယောင်း၏ ဗိုက်မှာ ကလေးရှိနေမှန်း သိသာနေပြီဖြစ်ကာ လိုကျင်းကိုမူ ယင်းဖုန်းက တွဲခေါ်လာခဲ့ရသည်။

"ရှောင်ယောင်း... ငါ စုံစမ်းပြီးပြီ" ယင်းယွီက သတင်းစုံစမ်းပြီး ပြန်ရောက်လာကာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။ "နောက်ထပ် လမ်းဆုံ သုံးခုကျော်ရင် လိုအိမ်တော်ကို ရောက်ပြီ"

လူတိုင်းက ယခုအခါ သူမကို 'ရှောင်ယောင်း' ဟု ပြောင်းလဲခေါ်ဆိုကြသဖြင့် နဉ်ရှောင်ယောင်းမှာ အလွန်ပင် ပျော်ရွှင်နေမိသည်။ သူမ ခေါင်းညိတ်ပြလိုက်ပြီး "သာ့ဖုန်း ပြန်လာရင် ငါတို့ လိုအိမ်တော်ကို သွားကြမယ်" ဟု ဆိုလေသည်။

မကြာမီတွင် နယ်စပ်သတင်းများကို စုံစမ်းရန် သွားသော ယင်းဖုန်း ပြန်ရောက်လာသည်။

"ဘယ်လိုနေလဲ" ယင်းလေက အလောတကြီး မေးလိုက်သည်။

"မြောက်ဘက်ဟူလူမျိုးတွေ ရှုံးသွားပြီ" ယင်းဖုန်းက ပြောပြသည်။ "လိုကျစ်ကွေ့ရဲ့ အနက်ရောင်နှင်းခဲမြင်းတပ်က မြို့တော်ကို သိမ်းပိုက်လိုက်ပြီ။ ကျန်းနန်က ချင်းရွှမ်း၊ ကျိုးမိသားစုတပ်၊ ပြီးတော့ မြို့တော်စောင့်တပ် ၃၆ တပ်စလုံးက သူ့လက်အောက်ကို ရောက်သွားပြီ"

"ဘုရားရေ" နဉ်ရှောင်ယောင်းက ဆိုသည်။ "ခြောက်လတောင် မပြည့်သေးဘူး၊ စစ်သေနာပတိက ဧကရာဇ်ဖြစ်တော့မယ့် အရှိန်အဟုန်ပဲ"

"မင်းသားဖူ ထွက်ပြေးသွားပြီ" ယင်းဖုန်းက ဆက်ပြောသည်။ "ပင်လယ်ထဲကိုထွက်ဖို့ သင်္ဘောဝယ်ထားတယ်လို့ ပြောကြတယ်"

ပင်လယ်ထဲ ထွက်သွားပြီဆိုတော့ မင်းသားဖူလည်း ဘေးကင်းသွားပြီပေါ့၊ နဉ်ရှောင်ယောင်း စိတ်အေးသွားရသည်။

"ရှန့်ထျန်းကောလည်း လိုကျစ်ကွေ့ဆီမှာ ခိုလှုံလိုက်ပြီ၊ ဖေ့အိမ်တော်လည်း ပါတယ်" ယင်းဖုန်းက နဉ်ရှောင်ယောင်းကို ကြည့်ရင်း ပြောလိုက်သည်။

နဉ်ရှောင်ယောင်းမှာမူ ဘာမျှမဖြစ်သလိုပင်။ လူဆိုသည်မှာ အမြင့်သို့ တက်လှမ်းချင်ကြသည် မဟုတ်ပါလား။ လိုကျစ်ကွေ့က ဧကရာဇ်ဖြစ်ရန် အခွင့်အရေးရှိနေသဖြင့် ရှန့်သခင်လေးနှင့် ဒုသခင်လေးဖေ့တို့ လိုကျစ်ကွေ့ထံ ခိုလှုံခြင်းမှာ မှန်ကန်သော ဘဝရွေးချယ်မှုပင် ဖြစ်သည်။

"ဒါဆို ငါတို့ ဘယ်ကို သွားကြမလဲ" ယင်းယွီက မေးလိုက်သည်။ သတင်းများစွာ ကြားရပြီးနောက် ယင်းသုံးခေါင်းဆောင်၏ စိတ်ထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်လာရသည်။

"လိုအိမ်တော်ကို အရင်သွားမယ်" နဉ်ရှောင်ယောင်းက ဆိုသည်။ "အစ်ကိုကြီးလိုကို လိုမိသားစုဆီ အပ်နှံပြီးရင် ငါတို့ ကျန်းနန်ကို သွားကြရင် မကောင်းဘူးလား"

ယခုအချိန်တွင် ဆောင်းရာသီမှာ ကုန်ဆုံးတော့မည်ဖြစ်ရာ နွေဦးရာသီ ရောက်ခါနီးတွင် ကျန်းနန်သို့ သွားရန်မှာ တကယ်ပင် ကောင်းမွန်သော အကြံဉာဏ်ဖြစ်၏။ နဂါးကိုယ်ရံတော်လေးများ အားလုံးက ယင်းဖုန်းကို ကြည့်လိုက်ကြသည်။ သူတို့ သွားကြမှာလား။

"ကျန်းနန်မှာ စစ်ပွဲမရှိသရွေ့တော့..." ယင်းဖုန်းသည် နဉ်ရှောင်ယောင်းကို ကြည့်ကာ မပြုံးသော်လည်း အသံကို နူးညံ့စွာထား၍ ပြောလိုက်သည်။ "ငါတို့ ကျန်းနန်ကိုပဲ သွားကြတာပေါ့"

"လမ်းကြုံရင် မြို့တော်ကို ခဏဝင်ရအောင်" နဉ်ရှောင်ယောင်းက ထပ်ပြောသည်။ "သခင်မလေး ၅ကို သွားခေါ်ချင်လို့"

"လိုကျစ်ကွေ့နဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ" ယင်းတျန့်က စိုးရိမ်တကြီး မေးလိုက်သည်။

"ငါ တစ်ယောက်တည်း သွားမယ်" ယင်းဖုန်းက ဆိုသည်။ "မင်းတို့က ရှောင်ယောင်းကို ကျန်းနန်အထိ လိုက်ပို့ပေးလိုက်"

"တကယ်တော့ တွေ့ရင်လည်း တွေ့တာပေါ့၊ ငါ သူ့ကို မကြောက်ပါဘူး" နဉ်ရှောင်ယောင်းက ဆိုသည်။

ယင်းဖုန်းက ခေါင်းခါလိုက်ပြီး "မတွေ့ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် လိုကျစ်ကွေ့ကို မင်းနဲ့ ပြန်ဆုံဖို့ အခွင့်အရေး မပေးပါနဲ့တော့" ဟု ဆိုလေသည်။ ဧကရာဇ်၏ အာဏာဆိုသည်မှာ မည်သို့ရှိကြောင်း ယင်းဖုန်းသည် နှစ်ပေါင်း ၂၀ ကျော်ကြာ ထိတွေ့ခံစားဖူးသဖြင့် ခေါင်းဆောင်ကြီး နားလည်ထားသည်။ ဧကရာဇ်ဖြစ်သွားသော လိုကျစ်ကွေ့နှင့် သူတို့ ဝေးဝေးနေကြသည်မှာ အကောင်းဆုံးပင် ဖြစ်သည်။ တစ်သက်လုံး နောက်ထပ် ပြန်မဆုံကြေး...။

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၇၀ ။ ငါ သူ့ကို မကြိုက်တော့ဘူး

"လိုအိမ်တော်က လူတွေက လိုကျင်းကို မမှတ်မိတော့ရင် ဘယ်လိုလုပ်မလဲ" လိုအိမ်တော်နား ရောက်လာလေ နဉ်ရှောင်ယောင်း ပိုစိုးရိမ်လေ ဖြစ်နေသည်။

ယင်းဖုန်းက "ကျွန်တော်တို့ လုပ်နိုင်တာ လုပ်ပြီးပြီ" လို့ ပြောချင်ပေမယ့် နဉ်ရှောင်ယောင်းရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို မြင်တော့ စကားပြန်မြိုချလိုက်ရသည်။

လိုကျင်းရဲ့ မျက်နှာက ပုံမှန်နီးပါး ပြန်ဖြစ်နေပြီ။ လိုကျစ်ကွေ့နဲ့ တော်တော်တူပေမယ့် လိုကျစ်ကွေ့လောက်တော့ မျက်နှာပေါက် မပြတ်သားဘူး။ ပြတ်တောက်သွားတဲ့ ကြွက်သားတွေ၊ အကြောတွေလည်း နဉ်ရှောင်ယောင်းရဲ့ ကုသမှုကြောင့် ပြန်ကောင်းလာပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာကတော့ အားနည်းနေတုန်းပဲ။ အရာရာကို နှေးကွေးစွာ တုံ့ပြန်နေပြီး စဉ်းစားလိုက်ရင် ခေါင်းကိုက်လာတတ်တယ်။ ယင်းဖုန်းတို့က တမင်ဖုံးကွယ်ထားလို့ လိုကျင်းက သူ့ကို ဘယ်သူကယ်ခဲ့လဲဆိုတာ မသိဘူး။ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေကိုပဲ မြင်ခဲ့ရတာ။

ယင်းဖုန်းရဲ့ရည်ရွယ်ချက်ကတော့ လိုကျစ်ကွေ့ကို သူတို့အကြောင်း သဲလွန်စ လုံးဝမပေးချင်တာပါပဲ။

"အိမ်တော်ထဲက အသက်ကြီးကြီးတစ်ယောက်ယောက်ကို သွားခေါ်ခဲ့" ယင်းဖုန်းက ယင်းယွီနဲ့ ယင်းလေကို အမိန့်ပေးလိုက်သည်။ "လူငယ်တွေက သခင်လေးကို မမှတ်မိလောက်ဘူး။ လူကြီးတွေဆိုရင် မှတ်မိမှာပါ"

"ဟုတ်ကဲ့" ယင်းယွီနဲ့ ယင်းလေ ခေါင်းညိတ်လိုက်ကြသည်။

"လိုအိမ်တော်က လုံခြုံရေး တင်းကျပ်မှာ သေချာတယ်။ ဂရုစိုက်ကြနော်" ယင်းဖုန်း ထပ်သတိပေးလိုက်သည်။

"ငါ သွားလိုက်မယ်လေ" နဉ်ရှောင်ယောင်း လက်မြှောက်လိုက်သည်။ ဘယ်လောက် လုံခြုံရေးတင်းကျပ်ကျပ် သူမအတွက်တော့ အလွယ်လေးပဲလေ။

ယင်းဖုန်း နဉ်ရှောင်ယောင်းရဲ့ ဗိုက်ကို ကြည့်လိုက်သည်။

နဉ်ရှောင်ယောင်း လက်ပြန်ချလိုက်ပြီး ပါးစပ်ပိတ်ထားလိုက်သည်။

"ဗိုက်ကြီးသည်ဆိုတာ သတိရဦး" လောင်တ နဉ်ရှောင်ယောင်းကို လှမ်းကုတ်လိုက်သည်။

"ဟုတ်တယ် ရှောင်ယောင်း" ရှောင်ပိုင်လည်း ထောက်ခံလိုက်သည်။

နဉ်ရှောင်ယောင်း စိတ်ပျက်သွားသည်။ ရှောင်ပိုင်တောင် သူမကို ဆရာလုပ်နေပြီလား။

ယင်းယွီနဲ့ ယင်းလေ မြင်းစီးထွက်ခွာသွားကြသည်။

ယင်းဖုန်းက လိုအိမ်တော်နားက လမ်းကြားလေးတစ်ခုကို ရွေးပြီး စောင့်နေကြသည်။

၁၅ မိနစ်လောက်ကြာတော့ ယင်းယွီနဲ့ ယင်းလေက လိုအိမ်တော်အိမ်တော်ထိန်းကြီးကို ဆွဲခေါ်လာကြသည်။ အိမ်တော်ထိန်းကြီးကို လိုကျင်းရှေ့ တွန်းပို့လိုက်ကြသည်။

မျက်နှာဖုံးစွပ်ထားတဲ့ ယင်းဖုန်းက အိမ်တော်ထိန်းကြီးကို မေးလိုက်သည်။ "သူ့ကို သိလား"

အိမ်တော်ထိန်းကြီးက အသက်ကြီးနေပြီ။ မျက်လုံးမှေးပြီး လိုကျင်းကို ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ "သခင်ကြီး" လို့ အော်ဟစ်လိုက်သည်။

နဉ်ရှောင်ယောင်းနဲ့ နဂါးအစောင့်တပ်သားတွေ သက်ပြင်းချလိုက်ကြသည်။ မှတ်မိတဲ့လူ တွေ့ပြီ။

"ကျွန်တော်တို့က နယ်စပ်ထွက်မယ့် ကုန်သည်တွေပါ" ယင်းဖုန်းက အိမ်တော်ထိန်းကြီး ကြားကြား မကြားကြား ပြောပြလိုက်သည်။ "သူ့ကို ဝံပုလွေဖြူတောင်ကြားက အမဲလိုက်စခန်းမှာ တွေ့ခဲ့တာ။ လိုအိမ်တော်က သခင်ကြီးပါလို့ ပြောလို့ လိုက်ပို့ပေးတာပါ"

အိမ်တော်ထိန်းကြီး လိုကျင်းရှေ့ ဒူးထောက်ချလိုက်ပြီး လက်ကို ကိုင်ကာ ငိုကြွေးတော့သည်။

ယင်းဖုန်း နဉ်ရှောင်ယောင်းကို သွားကြစို့လို့ အချက်ပြလိုက်သည်။

"လူတွေ လာနေပြီ" နဉ်ရှောင်ယောင်း သတိပေးလိုက်သည်။

ယင်းဖုန်း လမ်းကြားဝကို လှမ်းကြည့်လိုက်သည်။

ခြေသံများ ကြားလိုက်ရပြီး လိုအိမ်တော်အစောင့်တစ်တပ် လမ်းကြားထဲ ပြေးဝင်လာကြသည်။

"မြန်လိုက်တာ" ယင်းယွီ တံတွေးထွေးလိုက်သည်။

"အဘိုး" လိုနန် အော်ဟစ်လိုက်သည်။

အိမ်တော်ထိန်းကြီး သတိဝင်လာပြီး မတ်တတ်ထရပ်လိုက်ကာ ပြန်ဒူးထောက်လိုက်သည်။ "သခင်လေး... လာပါဦး။ သခင်ကြီး... သခင်ကြီး ပြန်လာပြီ။ သခင်ကြီး အသက်ရှင်နေသေးတယ်"

အိမ်တော်ထိန်းကြီး အော်သံကြောင့် အစောင့်တွေ အံ့ဩသွားကြသည်။

နဉ်ရှောင်ယောင်း လမ်းကြားဝမှာ ၁၀ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ လူကောင်သေးသေး ခေါင်းကြီးကြီး၊ နှုတ်ခမ်းပြာပြာ၊ လက်ချောင်းထိပ်တွေ ကြီးနေတာ တွေ့လိုက်ရသည်။ "မွေးရာပါ နှလုံးရောဂါ" နဉ်ရှောင်ယောင်း တီးတိုးရေရွတ်လိုက်သည်။

"ဘာလဲ" ယင်းလေ နားမလည်လို့ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး။ အဲ့ဒီကလေးက လိုနန်ပဲ" နဉ်ရှောင်ယောင်း ဖြေလိုက်သည်။

ယင်းလေ လိုနန်ကို ကြည့်ပြီး "ရောဂါသည်လေးနဲ့ တူလိုက်တာ" ဟု ပြောလိုက်သည်။

လိုနန်က အမောတကြီး ပြေးလာပြီး လိုကျင်းကို ကြည့်လိုက်သည်။ အဖေကို မမှတ်မိတော့ အိမ်တော်ထိန်းကြီးကို မေးလိုက်သည်။ "အဘိုး?"

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး လိုနန်ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "သခင်လေး... သခင်လေးအဖေကို ပြန်ကယ်လာခဲ့ပါပြီ"

"သခင်လေး... ဒါ သခင်ကြီးပါ" အိမ်တော်ထိန်းကြီး ငိုပြီး ပြောလိုက်သည်။

နဉ်ရှောင်ယောင်း အားကုန်သွားသလို ခံစားလိုက်ရပြီး မူးဝေသွားသည်။ ယင်းဖုန်းက လှမ်းထိန်းပေးလိုက်သည်။ "သွားကြစို့"

"သွားကြစို့" ယင်းဖုန်း ညီနောင်များကို ပြောလိုက်သည်။

နဉ်ရှောင်ယောင်းတို့ ထွက်သွားတော့မယ်ဆိုတာ သိတော့ အိမ်တော်ထိန်းကြီး မတ်တတ်ထရပ်ပြီး "ကျေးဇူးရှင်တို့ နေပါဦး" ဟု တားလိုက်သည်။

ယင်းဖုန်း နဉ်ရှောင်ယောင်းကို မြင်းပေါ်တင်ပေးလိုက်ပြီး အိမ်တော်ထိန်းကြီးဘက် လှည့်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့ လုပ်နိုင်တာ ဒီလောက်ပါပဲ။ သခင်ကြီးက အားနည်းနေတော့ ကောင်းကောင်း ပြုစုပေးကြပါ"

"ဟုတ်ကဲ့... ဟုတ်ကဲ့" အိမ်တော်ထိန်းကြီး ခေါင်းညိတ်လိုက်သည်။ "ကျေးဇူးရှင်တို့ နာမည်လေး ပြောပြပါလား"

"ရေစက်ပါရင် ပြန်တွေ့ကြမှာပါ။ နာမည် သိစရာ မလိုပါဘူး" ယင်းဖုန်း နှုတ်ဆက်လိုက်ပြီး မြင်းပေါ်တက်ကာ "သွားမယ်" ဟု အမိန့်ပေးလိုက်သည်။

နဉ်ရှောင်ယောင်း ရှောင်ဟွေ့ကိုစီးပြီး ထွက်ခွာသွားသည်။ လောင်တခေါင်းပေါ်မှာ ယိုကွမ့်ထိုင်နေပြီး နှစ်ကောင်သား နဉ်ရှောင်ယောင်းကို စိုးရိမ်တကြီး ကြည့်နေကြသည်။

"ကိစ္စမရှိပါဘူး။ ခဏနေရင် ကောင်းသွားမှာပါ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။

လောင်တ ဖင်လှည့်ထိုင်လိုက်သည်။

နဉ်ရှောင်ယောင်း စိတ်ထဲ ဘာလုပ်မိလို့ ဒီကြောင်ဝတုတ် စိတ်ဆိုးသွားလဲ မသိပေမယ့် မေးဖို့ အားမရှိတော့ပေ။

လိုကျင်းက နဉ်ရှောင်ယောင်းတို့ကို တားချင်ပေမယ့် အသံမထွက်နိုင်ရှာပေ။

လိုအိမ်တော်သားတွေ ငိုကြွေးနေကြလို့ ဘယ်သူမှ ကျေးဇူးရှင်တွေနောက် လိုက်ဖို့ သတိမရကြပေ။

သခင်လေးလိုနန်ကတော့ အဖေ အသက်ရှင်လျက် ပြန်ရောက်လာတာကို ကြောင်ကြည့်နေသလို သူ့ရောဂါ သက်သာသွားတာကိုလည်း သတိမထားမိပေ။

နဉ်ရှောင်ယောင်း အန်းယွမ်မြို့ပြင် ရောက်တော့မှ လေကောင်းလေသန့်ကို ရှူရှိုက်လိုက်သည်။ သူမ လုပ်စရာရှိတာတွေ လုပ်ပြီးပြီ။ အခု သူမကလေးလေးနဲ့ ယင်းဖုန်းတို့နဲ့အတူ ကမ္ဘာပတ်ဖို့ပဲ ကျန်တော့တယ်။

"ကျန်းနန်ကို သွားကြစို့" နဉ်ရှောင်ယောင်း ယင်းဖုန်းတို့ကို ပြုံးပြလိုက်သည်။

ယင်းဖုန်းလည်း ပြုံးလိုက်ပြီး "ကောင်းပြီ" ဟု ဖြေလိုက်သည်။

"ကျန်းနန်မှာ စားစရာကောင်းတွေ အများကြီး ရှိတယ်" နဉ်ရှောင်ယောင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

လောင်တ လှည့်ကြည့်ပြီး ပြောလိုက်သည်။ "ရှောင်ယောင်း... စစ်သေနာပတိချုပ်က လူဆိုးကြီး။ နောက်ဆို သူ့ကို ဂရုမစိုက်နဲ့တော့"

နဉ်ရှောင်ယောင်း: "..." ဒီကြောင်ဝတုတ် လိုကျစ်ကွေ့အကြောင်း မကောင်းပြောတာ လဝက်လောက် ရှိပြီ။

"ငါ သူ့ကို မကြိုက်တော့ဘူး" လောင်တ ပြောလိုက်သည်။

"အင်း... ငါလည်း မကြိုက်တော့ဘူး" နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

လူတစ်ယောက်နဲ့ ကြောင်တစ်ကောင် သဘောတူညီမှု ရသွားကြသည်။

"ညကျရင် လမ်းမှာ တည်းခိုခန်းရှာပြီး နားကြမယ်" ယင်းဖုန်း အကြံပြုလိုက်သည်။ "ရှေ့မှာ တည်းခိုခန်းတွေ ရှိတယ်လို့ ကြားတယ်"

"ကောင်းပြီ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါတို့ တောင်ဘက်သွားရင် မြို့တော်ကို ဖြတ်သွားရမှာပဲ။ သာ့ဖုန်း... နင် ရှဲ့သခင်မလေးကို သွားခေါ်လိုက်။ ငါ လမ်းမှာ စောင့်နေမယ်"

"ကောင်းပြီ" ယင်းဖုန်း သဘောတူလိုက်သည်။

"ဒါဆို ဆုံးဖြတ်လိုက်ပြီနော်" နဉ်ရှောင်ယောင်း လက်ခုပ်တီးလိုက်သည်။ အားလုံး အဆင်ပြေသွားပြီ။

....

"သခင်ကြီးကို အိမ်ထဲ ခေါ်သွားကြ" အန်းယွမ်မြို့ထဲတွင် အိမ်တော်ထိန်းကြီး အမိန့်ပေးလိုက်သည်။

"အဖေ ဘာဖြစ်တာလဲ" လိုနန် ငိုပြီး မေးလိုက်သည်။ အဖေက မျက်လုံးတွေ သေနေသလိုပဲ။ စကားလည်း မပြောဘူး။

"သခင်လေး မငိုပါနဲ့" အိမ်တော်ထိန်းကြီး နှစ်သိမ့်ပေးလိုက်သည်။ သခင်ကြီးက အရင်တုန်းက ချောမောခန့်ညားခဲ့ပေမယ့် အခုတော့ ပိန်ချုံးပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ မြင်ဖူးတဲ့လူတိုင်း စိတ်မကောင်း ဖြစ်ရမှာပဲ။

"အဖေ ဘာရောဂါဖြစ်နေတာလဲ" လိုနန် အိမ်တော်ထိန်းကြီး အင်္ကျီစကို ဆွဲပြီး မေးလိုက်သည်။

"အားစန်းတို့ သမားတော်သွားပင့်နေပြီ" အိမ်တော်ထိန်းကြီး ရှင်းပြသည်။ "သခင်ကြီးက အိမ်နဲ့ဝေးနေတာ ကြာလို့ပါ။ ကုသလိုက်ရင် ကောင်းသွားမှာပါ။ သခင်လေး မငိုပါနဲ့။ သခင်ကြီး စိတ်မကောင်းဖြစ်လိမ့်မယ်"

အိမ်တော်ထိန်းကြီးပြောမှ လိုနန် မျက်ရည်သုတ်လိုက်သည်။ "သား မငိုတော့ပါဘူး"

အိမ်တော်ထိန်းကြီး လိုကျင်းကို လိုကျစ်ကွေ့အိပ်ခန်းထဲ နေရာချပေးလိုက်သည်။

မြို့ထဲက သမားတော်တွေ အကုန်ရောက်လာကြသည်။ သေပြီထင်ထားတဲ့ လိုအိမ်တော်သခင်ကြီး ပြန်ရောက်လာတယ်ဆိုတော့ အံ့ဩနေကြသည်။ အားလုံး ဝိုင်းစမ်းသပ်ကြသည်။

လိုနန် ကုတင်ဘေးမှာ ရပ်ပြီး ကြည့်နေသည်။

သမားတော်တွေ တိုင်ပင်ဆွေးနွေးပြီးနောက် အဖြေထွက်လာသည်။ သခင်ကြီးက အားနည်းနေတာပါ။ နှစ်နည်းနည်းလောက် အနားယူလိုက်ရင် စစ်မတိုက်နိုင်ရင်တောင် ပုံမှန်လူလို ပြန်နေနိုင်မှာပါတဲ့။

အိမ်တော်ထိန်းကြီး ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောလိုက်သည်။ စစ်တိုက်ဖို့ မလိုပါဘူး။ အသက်ရှင်နေရင် ပြီးတာပါပဲ။

သမားတော်တွေလည်း စိတ်မကောင်းဖြစ်နေကြသည်။ လိုအိမ်တော် အသုဘအခမ်းအနားကြီးကို သူတို့ မှတ်မိနေကြသေးသည်။

"ဝမ်းသာစရာပါပဲ" သမားတော်ကြီးကျီက လိုနန်ကို ပြောလိုက်သည်။ "သခင်လေး ဝမ်းသာသင့်ပါတယ်"

လိုနန် ခေါင်းညိတ်လိုက်သည်။ အဖေကို ကြည့်ပြီး ပြောလိုက်သည်။ "ဒါပေမဲ့ အဖေက စကားမပြောဘူး"

"အားရှိလာရင် ပြောလာမှာပါ" သမားတော်ကြီးကျီ လိုကျင်းကို မကြည့်ဘဲ လိုနန်ကို သေချာကြည့်လိုက်သည်။ သခင်လေးရဲ့ မျက်နှာအသွေးအရောင်က ဘာလို့ ဒီလောက် ကောင်းနေရတာလဲ။

သမားတော်ကြီးကျီ လိုနန်ကို ဘေးခေါ်ထုတ်သွားပြီး သွေးခုန်နှုန်း စမ်းသပ်ကြည့်လိုက်သည်။

"ဆရာကြီး... သား ဘာမှမဖြစ်ပါဘူး" လိုနန် ပြောလိုက်သည်။

သမားတော်ကြီးကျီ အကြာကြီး စမ်းသပ်ပြီးမှ ကြောင်ငေးနေမိသည်။ ဆေးလည်း မပြောင်းဘဲနဲ့ သခင်လေး ရောဂါက ဘယ်လိုလုပ် သက်သာသွားရတာလဲ။

***

All Chapters