← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 24 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 24 Ch. 377-378

၃၇၇ ။ စစ်သူကြီးလောင်း ဖုန်းကျိုးသို့ ထွက်ခွာခြင်း

ယင်းလေသည် သူတို့လေးယောက်ထဲတွင် အရိုးသားဆုံးဖြစ်သဖြင့် ကျန်သုံးယောက် ဘာလုပ်ရမှန်း မသိဘဲ စဉ်းစားနေချိန်တွင် အကြီးဆုံးခင်လေးနဉ်ကို မေးလိုက်သည်။ "သခင်လေး... ဘယ်လိုသိတာလဲ"

အကြီးဆုံးခင်လေးနဉ် ပြုံးလိုက်သည်။ သူ့ညီမလေးနဲ့ နီးစပ်ခွင့်ရပြီး သူမရဲ့အချစ်ကို ရယူနိုင်မယ့်လူက လက်ချိုးရေလို့ရတယ်။ လိုကျစ်ကွေ့က အဖြစ်နိုင်ဆုံးပဲ။

ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် စက္ကန့်ပိုင်းလောက် ကြောင်နေပြီးမှ စားပွဲခုံကို မှောက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အဲ့ဒီ ခွေးကောင်ပဲ ဖြစ်ရမယ်"

နဉ်ရှောင်လော့လည်း ထိုင်ခုံပေါ်မှ ခုန်ထပြီး ပြောလိုက်သည်။ "သူက တမင်နောက်ကျအောင် လာပြီး ရှောင်ယောင်းကို သူပုန်တွေ၊ မြောက်ပိုင်းသားတွေလက်ထဲ အသေခံခိုင်းတာ။ ဒီကောင် ကျေးဇူးကန်းတယ်။ ကျွန်တော် သူ့ကို စတွေ့ကတည်းက လူကောင်းမဟုတ်ဘူးဆိုတာ သိတယ်"

"စစ်တိုက်မယ်" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် အကြီးဆုံးခင်လေးနဉ်ကို အမိန့်ပေးလိုက်သည်။ "ဒုတိယသားကို သွားပြောလိုက်။ လိုမျိုးရိုး ခွေးကောင်ကို တိုက်ဖို့ အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့ကို ဦးဆောင်သွားမယ်လို့"

ယင်းဖုန်းတို့: "..." စစ်တိုက်တော့မှာလား။

"ဟုတ်တယ်" နဉ်ရှောင်လော့ ထောက်ခံလိုက်သည်။ "မဟုတ်ရင် ယွဲ့ပြည်နယ်မြို့စားအိမ်တော်က လူမရှိဘူးလို့ ထင်သွားဦးမယ်"

အကြီးဆုံးခင်လေးနဉ် ထိုင်နေရာမှ မထဘဲ ပြောလိုက်သည်။ "လိုကျစ်ကွေ့ ကျွန်တော်တို့ဆီ လာလိမ့်မယ်"

"ဘာ" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် အော်ဟစ်လိုက်သည်။ "သူက လာရဲသေးတယ်လား"

"အသေခံဖို့ လာတာလား" နဉ်ရှောင်လော့ မေးလိုက်သည်။

"တိုင်းပြည်ကို သိမ်းချင်ရင် အနောက်တောင်ဘက် ခရိုင် ၉ခုကို လိုချင်မှာပေါ့" အကြီးဆုံးခင်လေးနဉ် တိုးတိုးလေး ပြောလိုက်သည်။

"သူက စစ်လာတိုက်ချင်သေးတယ်ပေါ့" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် မေးလိုက်သည်။

"ဘယ်လောက်တောင် အရှက်မရှိတဲ့လူလဲ" နဉ်ရှောင်လော့ ခြေဆောင့်လိုက်သည်။

အကြီးဆုံးခင်လေးနဉ် အေးစက်စွာ ရယ်မောလိုက်သည်။ "သူ့ကို လာခိုင်းလိုက်စမ်းပါ။ အနောက်တောင်ဘက် ၉ ခရိုင်က အလယ်ပိုင်းဒေသနဲ့ မတူဘူး။ အနက်ရောင်နှင်းခဲ မြင်းတပ် ဒီရောက်ရင် ကျွန်တော်နဲ့ ဒုတိယညီက တောတောင်ဒေသဆိုတာ ဘာလဲဆိုတာ ပြပေးလိုက်မယ်"

နဉ်ရှောင်လော့: "..." အစ်ကိုကြီးက သူ့ကို ချန်ထားပြန်ပြီ။

ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် စာကြည့်တိုက်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး နောက်ဆုံးတွင် အံကြိတ်ကာ ပြောလိုက်သည်။ "မနက်ဖြန် ငါကိုယ်တိုင် စစ်တပ်ထဲ သွားမယ်"

"သခင်ကြီး... စစ်တပ်ထဲ ဘာသွားလုပ်မလို့လဲ" ယင်းလေ မေးလိုက်သည်။

"စစ်ပြင်မယ်" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် စကားနှစ်လုံးတည်း ပြောလိုက်သည်။

ယင်းလေ မတ်တတ်ထရပ်လိုက်ပြီး "သခင်ကြီး... လိုကျစ်ကွေ့လာရင် ကျွန်တော် စစ်တပ်ထဲ ဝင်လို့ရမလား" ဟု မေးလိုက်သည်။ လိုကျစ်ကွေ့ကို တိုက်မယ်ဆိုရင် သူ့ကို ထည့်တွက်ပေးပါ။

ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ယင်းလေကို ကြည့်လိုက်သည်။ လူကောင်ထွားပြီး သဘောကောင်းမယ့်ပုံပဲ။ "ရတာပေါ့။ ရှောင်ယောင်းကလည်း မင်းတို့ကို စစ်တပ်ထဲ ဝင်စေချင်နေတာ။ ယင်းဖုန်း... မင်းတို့ရော ဘယ်လိုသဘောရလဲ"

ယင်းဖုန်း၊ ယင်းယွီ၊ ယင်းလေ သုံးယောက်စလုံး မတ်တတ်ထရပ်ပြီး "သဘောတူပါတယ်" ဟု ဖြေကြားလိုက်ကြသည်။

"ကောင်းပြီ" ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် ပြောလိုက်သည်။ "လိုကျစ်ကွေ့ကို စောင့်နေကြတာပေါ့။ လာရဲရင် ပြန်လမ်းမရှိစေရဘူး"

.....

စာကြည့်တိုက်ထဲမှ လူများ လိုကျစ်ကွေ့ကို ရန်ငြိုးဖွဲ့နေချိန်တွင် နဉ်ထောင်စူးဆိုတဲ့ ဝက်ပုတ်လေးကတော့ ယွဲ့ပြည်နယ်မြို့စားအိမ်တော် အမျိုးသမီးများ၏ အချစ်တော် ဖြစ်နေလေသည်။ ချစ်စရာကောင်းတဲ့ ကလေးလေးတွေကို ဘယ်သူမဆို ချစ်ကြတာပဲလေ။ မိန်းမတွေဆို ပိုဆိုးတာပေါ့။

မိခင်အရင်းနဲ့ မရီးတွေက နဉ်ထောင်စူးကို မလွှတ်တမ်း ဖက်ထားကြတာမြင်တော့ နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ ဒီဝက်ပုတ်လေးက စားစရာလိမ်တောင်းနေပြန်ပြီ။ အစားသောင်းကျန်းတာ ဘယ်သူနဲ့တူတာပါလိမ့်။

"ရော့... ပန်းကိတ်မုန့် စားကြည့်" ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းကို မုန့်တစ်ချပ် ကမ်းပေးလိုက်သည်။

နဉ်ရှောင်ယောင်း မုန့်တစ်ဝက်လောက် ကိုက်စားလိုက်ပြီး "ကောင်းလိုက်တာ" ဟု ပြောလိုက်သည်။

ကျီယွဲ့ရုံ နဉ်ရှောင်ယောင်း စားနေတာကိုကြည့်ရင်း ဗိုက်ဆာလာတာမို့ သူမလည်း တစ်ချပ်ယူစားလိုက်သည်။ "နဉ်မျိုးနွယ်မှာ ယောကျာ်းလေးတွေပဲ များနေတာ။ မိန်းကလေးလိုနေတာလေ။ အမေ ပျော်နေတာ ကြည့်ပါဦး"

"ဝက်ပုတ်မလေးအကြောင်း မပြောနဲ့တော့" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "အစ်မကျီ... ဒီရောက်နေရင် စစ်သူကြီးကျီရော။ အန်းယွမ်မှာ ကျန်ခဲ့တာလား"

"အဘိုးနဲ့ အစ်ကိုကြီး ငါနဲ့အတူ ပါလာကြတယ်" ကျီယွဲ့ရုံ တိုးတိုးလေး ပြောပြသည်။ "အစ်ကိုကြီး ရုတ်တရက် နေမကောင်းဖြစ်လာတာ သမားတော်တွေ ကုလို့မရဘူး။ အနောက်တောင်ဘက်မှာ မှော်သမားတော်တွေ ကုနိုင်တယ်ဆိုလို့ ဒီကို ရောက်လာကြတာ"

"အဲ့ဒါနဲ့ ရှောင်လော့နဲ့ တွေ့ပြီး သူက နင့်ကို အသည်းအသန် လိုက်တော့တာပေါ့။ နင်လည်း မငြင်းနိုင်တော့ဘဲ လက်ခံလိုက်တာလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

ကျီယွဲ့ရုံ ရယ်မောလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။ သူမ မှန်းတာ မှန်သွားပြီ။

ကျီယွဲ့ရုံ မုန့်တစ်ဝက်လောက် စားပြီးမှ အစ်ကိုဖြစ်သူအကြောင်း မေးခံရလို့ စားချင်စိတ် ကုန်သွားသည်။

"မှော်သမားတော် ရှာမတွေ့ဘူးလား" နဉ်ရှောင်ယောင်း မေးလိုက်သည်။

"အသုံးမဝင်ဘူး" ကျီယွဲ့ရုံ တိုးတိုးလေး ဖြေလိုက်သည်။

"မှော်သမားတော်က ဘယ်လိုသမားတော်မျိုးလဲ" နဉ်ရှောင်ယောင်း ပြောလိုက်သည်။ "ငါ မကြားဖူးပါဘူး"

ကျီယွဲ့ရုံ ပြောလိုက်သည်။ "ထားလိုက်ပါတော့။ အစ်ကိုကြီးက နေ့ရက်တွေကို ရေတွက်နေရတာ။ ဗိုက်ထဲက ကလေးကို မြင်ရပါ့မလား မသိဘူး"

နဉ်ရှောင်ယောင်း ပါးစပ်သုတ်လိုက်ပြီး ပြောလိုက်သည်။ "မှော်သမားတော် အသုံးမဝင်ရင် ငါ ရှိတယ်လေ"

ကျီယွဲ့ရုံ ခဏကြောင်သွားပြီးမှ သတိရသွားသည်။ ဒီကောင်မလေးက အစားပုတ်ပေမယ့် နတ်သမားတော်လေ။

"သွားကြစို့" နဉ်ရှောင်ယောင်း ထရပ်လိုက်သည်။ "နင့်အစ်ကိုကြီးကို သွားကြည့်ပေးမယ်။ စစ်သူကြီးကျီကိုလည်း နှုတ်ဆက်ချင်သေးတယ်"

သမီးဖြစ်သူက သားရဲ့ ယောက်ဖကို သွားကုပေးမယ်ဆိုတော့ သခင်မကြီးလီ မတားပါဘူး။ ခွင့်ပြုလိုက်ပါတယ်။

ညနေစောင်းလို့ နဉ်ရှောင်လော့ ဖခင်ဖြစ်သူရဲ့ စာကြည့်တိုက်ကနေ ထွက်လာပြီး ဇနီးသည်ကို ရှာတော့မှ နဉ်ရှောင်ယောင်းနဲ့အတူ မိဘအိမ် ပြန်သွားမှန်း သိလိုက်ရသည်။ နဉ်ရှောင်လော့ စိတ်မကောင်း ဖြစ်သွားသည်။ အပြင်သွားတာတောင် သူ့ကို မခေါ်ကြဘူး။ ပြောတောင်မပြောသွားကြဘူး။

.....

ဖုန်းကျိုးမြို့ရှိ ကျီအိမ်တော်တွင် စစ်သူကြီးကျီနှင့် နဉ်ရှောင်ယောင်းတို့ ကျီကျယ်၏ ကုတင်ဘေးတွင် ရပ်နေကြသည်။ ကျီယွဲ့ရုံက ကုတင်ဘေး ကုလားထိုင်ပေါ် ထိုင်နေသည်။

"အချိန်ကျပြီလား" စစ်သူကြီးကျီ နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်း ဘေးနားရှိ အမွှေးတိုင်အိုးကို ကြည့်လိုက်သည်။ အမွှေးတိုင် မကုန်သေးပေမယ့် အမွှေးတိုင် ၃ တိုင်ကြာအောင် စောင့်ရမယ်ဆိုတာ လျှောက်ပြောထားတာမို့ စစ်သူကြီးကျီ စိတ်မရှည်ဖြစ်နေတာမြင်တော့ "အင်း... ရပါပြီ" ဟု ပြောလိုက်သည်။

"ဘယ်လိုနေလဲ" စစ်သူကြီးကျီ မြေးဖြစ်သူကို မေးလိုက်သည်။

ကျီကျယ်က ရောဂါကြောင့် ပိန်ချုံးနေပြီ။ ခေါင်းခါပြလိုက်သည်။

နဉ်ရှောင်ယောင်း မျက်လုံးပေါ်က ပိတ်စကို ဖြည်လိုက်ပြီး "ပြဿနာမရှိလောက်ပါဘူး။ အစ်ကိုကြီးကျီ... မျက်လုံးဖွင့်ကြည့်ပါဦး" ဟု ပြောလိုက်သည်။

ကျီကျယ် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ မျှော်လင့်ချက်မရှိပေမယ့် အလင်းရောင်မြင်လိုက်ရတော့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"မြင်ရပြီလား" စစ်သူကြီးကျီ မေးလိုက်သည်။

နဉ်ရှောင်ယောင်း လက်ချောင်း ၃ ချောင်း ထောင်ပြလိုက်သည်။

ကျီကျယ်လည်း လက်ချောင်း ၃ ချောင်း ပြန်ထောင်ပြလိုက်သည်။

"ဟားဟားဟား" နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။ ပြဿနာမရှိတော့ဘူး။ မြင်ရပြီ။

စစ်သူကြီးကျီနဲ့ ကျီယွဲ့ရုံတို့ အချိန်အတော်ကြာ ကြောင်နေပြီးမှ ဝမ်းသာလွန်းလို့ ငိုကြွေးလိုက်ကြသည်။

ကျီကျယ်ကတော့ မယုံကြည်နိုင်သေးပေ။ အဘိုးနဲ့ ညီမလေးကို ကြည့်ပြီး မေးလိုက်သည်။ "ကျွန်တော် ကောင်းသွားပြီလား"

"ကောင်းသွားပါပြီ" နဉ်ရှောင်ယောင်း ပျော်ရွှင်စွာ ပြောလိုက်သည်။ "စိတ်ပူစရာ မလိုတော့ဘူး"

"ရှောင်ယောင်း" ကျီယွဲ့ရုံ နဉ်ရှောင်ယောင်းလက်ကို ဆွဲပြီး ငိုလျက် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စရာ မလိုပါဘူး။ ကျွန်မတို့က မိသားစုတွေပဲဟာ။ အားနာစရာ မလိုပါဘူး" နဉ်ရှောင်ယောင်း ပြောလိုက်သည်။

.....

နာရီဝက်ခန့် ကြာသောအခါ ကျီယွဲ့ရုံ၏ အိမ်တော်ထိန်းအဘွားကြီး ယွဲ့ပြည်နယ်မြို့စားအိမ်တော် ဧည့်ခန်းမဆောင်ထဲ ပြေးဝင်လာပြီး သခင်မကြီးလီ၊ ချန်ရှီ၊ ချူးရှီတို့ကို သတင်းပို့သည်။ "သခင်လေးကျီ ရောဂါပျောက်သွားပါပြီ။ မျက်လုံးလည်း ပြန်မြင်ရပါပြီတဲ့"

သခင်မကြီးလီနဲ့ ချွေးမနှစ်ယောက် ကြောင်သွားကြသည်။

"သခင်မလေးက ကုပေးလိုက်တာပါ" အိမ်တော်ထိန်းအဘွားကြီး ထပ်အော်လိုက်သည်။

"မြန်မြန်" သခင်မကြီးလီ ပြောလိုက်သည်။ "သခင်ကြီးတို့ကို သွားခေါ်ချေ။ ငါတို့ ကျီအိမ်တော်ကို လိုက်သွားမယ်"

"ဟုတ်ကဲ့" အစေခံမလေးတစ်ယောက် ပြေးထွက်သွားသည်။

....

ဒီလိုနဲ့ ယွဲ့ပြည်နယ်မြို့စားအိမ်တော်က စတုတ္ထသခင်မလေး ပြန်ရောက်လာပြီ၊ နတ်သမားတော်လည်း ဖြစ်တယ်ဆိုတဲ့သတင်း အနောက်တောင်ဘက် ၉ ခရိုင်မှာ ပျံ့နှံ့သွားသည်။

ဒီအချိန်မှာပဲ ရှန့်နုံခေါင်းပြတ်ကိုကိုင်ပြီး မြို့တော်ပြန်တက်လာတဲ့ လိုကျစ်ကွေ့က အစ်ကိုဖြစ်သူနဲ့ တူဖြစ်သူကို တွေ့ဆုံပြီး နဉ်ရှောင်ယောင်း မသေသေးဘူးဆိုတဲ့သတင်း ကြားလိုက်ရသည်။

"စုန့်ကျင်းနဲ့ ဖန်းထန်က မင်းနဲ့ လွဲသွားတာ ဖြစ်မယ်" လိုကျင်း စကားပြောရင်း လိုကျစ်ကွေ့ မျက်နှာပျက်နေတာ သတိထားမိပြီး မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

လိုကျစ်ကွေ့ လက်တုန်နေသော်လည်း ထိန်းထားလိုက်သည်။ "ဘာမှမဖြစ်ပါဘူး"

"အကြီးအကဲလီတို့ နန်းတက်ပွဲရက် သတ်မှတ်ပြီးပြီလား" လိုကျင်း မေးလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော် ဖုန်းကျိုးသွားရမယ်" လိုကျစ်ကွေ့ မော့ကြည့်ပြီး ပြောလိုက်သည်။ "နန်းတက်ပွဲကိစ္စ နောက်မှ ပြောကြတာပေါ့"

"အနောက်တောင်ဘက် ခရိုင် ၉ ခုကို အရင်သိမ်းပိုက်မလို့လား" လိုကျင်း မေးလိုက်သည်။

လိုကျစ်ကွေ့ ခေါင်းခါလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "အစ်ကို့ကို ကယ်ခဲ့တဲ့သူ ဘယ်သူလဲဆိုတာ ကျွန်တော် သိတယ်။ သူ့နာမည်က နဉ်ရှောင်ယောင်းတဲ့"

လိုကျင်း ကုတင်ပေါ် ထထိုင်လိုက်ပြီး "သူက မင်းသူငယ်ချင်းလား" ဟု မေးလိုက်သည်။

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းနဲ့ တွေ့ဆုံခဲ့ပုံကစပြီး မြို့တော်ပြန်ရောက်ချိန်၊ နဉ်ရှောင်ယောင်း ထွက်သွားချိန်၊ ပန်းခင်းထဲမှာ ကျောက်စိမ်းပြားလေး ကောက်ရချိန်အထိ အကုန်ပြောပြလိုက်သည်။

အကြာကြီး ပြောပြလိုက်သည်။ ရင်ဖွင့်ချင်နေတာ ကြာပြီကိုး။

လိုကျင်း နားထောင်ပြီးနောက် လိုကျစ်ကွေ့ပါးကို ရိုက်လိုက်သည်။

လိုကျစ်ကွေ့ ငြိမ်ခံနေလိုက်သည်။

"မင်း..." လိုကျင်း ဒေါသတကြီး ပြောလိုက်သည်။ "မင်း ဒီလောက်တောင် ယုတ်မာရလား"

"ရှောင်ယောင်း ဖုန်းကျိုးမှာ ရှိနေမှာ သေချာတယ်" လိုကျစ်ကွေ့ ပြောလိုက်သည်။ "သူ့ကို သွားရှာချင်တယ်"

လိုကျင်းက ညီဖြစ်သူကို ထွက်သွားခိုင်းချင်ပေမယ့် ညီရင်းမို့ မပြောရက်ပေ။

"ကျွန်တော် နောင်တရပါတယ်။ ဒါပေမဲ့ စစ်တပ်ခေါ်ပြီး ရောက်သွားတော့ သူ ထွက်သွားပြီ။ တစ်ရက်လေးပဲ နောက်ကျခဲ့တာပါ"

"တစ်ရက်ဆိုတဲ့ စကား မပြောနဲ့" လိုကျင်း ပြောလိုက်သည်။ "မင်း လမ်းမှာ ဘယ်နှရက်လောက် တုံ့ဆိုင်းနေခဲ့လဲ။ တိုင်းပြည်ရလာရင်တောင် မင်း လိပ်ပြာလုံပါ့မလား"

"မလုံပါဘူး" လိုကျစ်ကွေ့ ဖြေလိုက်သည်။ "ကျွန်တော်က လိုနန် အမြန်ကြီးပြင်းလာဖို့ပဲ မျှော်လင့်နေတာ"

"သူ့ကို ဧကရာဇ်ပေးလုပ်မလို့လား" လိုကျင်း အေးစက်စွာ ပြောလိုက်သည်။ "ပြီးရင် မင်းက သေမလို့လား။ သေပြီးမှ ရှောင်ယောင်းကို သွားတွေ့မလို့လား"

လိုကျစ်ကွေ့ ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။

"ဖုန်းကျိုးသွားမယ်" လိုကျင်း ပြောလိုက်သည်။ "ငါ လိုက်ခဲ့မယ်"

"အစ်ကိုကြီး လိုက်မလို့လား"

"ယွဲ့ပြည်နယ်မြို့စားအိမ်တော်သခင် သားအဖတွေက" လိုကျင်း ပြောလိုက်သည်။ "မင်း ဒီလိုလုပ်ထားတာ သူတို့က ရှောင်ယောင်းကို မင်းဆီ ပြန်ထည့်ပေးပါ့မလား"

လိုကျစ်ကွေ့ ဘာမှပြန်မပြောနိုင်တော့ပေ။

"လိုနန်က မြို့တော်ကို ကြည့်ပေးထားလိမ့်မယ်" လိုကျင်း ပြောလိုက်သည်။ "ရှောင်ယောင်း ပြန်လာမလာဆိုတာ မင်းကံတရားပဲ။ ရှောင်ယောင်း သဘောမတူရင် မင်း ဘာမှပြောခွင့်မရှိဘူး။ ကိုယ်လုပ်တဲ့ကံ ကိုယ်ခံရမှာပဲ"

"ဒါဆို ဖုန်းကျိုးမှာပဲ နေလိုက်တော့မယ်" လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

"ဖုန်းကျိုးက မင်းနေချင်တိုင်း နေလို့ရတဲ့နေရာလား" လိုကျင်း ရယ်မောလိုက်သည်။ "နဉ်သားအဖက ခွင့်ပြုပါ့မလား။ မင်း ဧကရာဇ်မဖြစ်သေးရင်တောင်၊ ဧကရာဇ်ဖြစ်လာရင်တောင် နဉ်သားအဖက အကျဉ်းသားချေမှုန်းရေးတပ်ဖွဲ့ကို ပိုင်ဆိုင်ထားတာ မင်းကို ကြောက်မယ်ထင်လို့လား"

လိုကျစ်ကွေ့ မျက်ရည်ဝဲလာသည်။

"ဘာလဲ... ငိုချင်နေတာလား" လိုကျင်း ဒေါသထွက်သွားသည်။ "ငါ့ရှေ့လာငိုနေလို့ ဘာထူးမှာလဲ"

***

ဆိုးသွမ်းသော ဆေးဧကရီလေး (UPXY)

အခန်း ၃၇၈ ။ အကြီးဆုံးသခင်လေးနဉ်နှင့် ဒုတိယသခင်လးနဉ်

လိုကျစ်ကွေ့ ဖုန်းကျိုးသို့ သွားမည့်သတင်းသည် လဝက်အကြာတွင် အနောက်တောင်ဘက်သို့ ရောက်ရှိလာခဲ့၏။ ယွဲ့ကော်ကုန်းအိမ်တော်၏ ဒုတိယသခင်လေး နဉ်ရှောင်ရှောင်းသည် သတင်းလာပို့သူအား တစ်ချက်ကြည့်လိုက်သည်။ သတင်းလာပို့သူမှာ အမှားမလုပ်မိသော်လည်း ဒုတိယသခင်လေးနဉ်၏ စိုက်ကြည့်မှုကို ခံလိုက်ရသဖြင့် ချက်ချင်းပင် စိတ်အားငယ်ကာ ခြေများလက်များ ပျော့ခွေသွားပြီး ကိုယ်တိုင် အမှားတစ်ခုခု လုပ်မိသကဲ့သို့ ခံစားလိုက်ရလေသည်။

"ဆုသွားထုတ်ချေ။" ဒုတိယသခင်လေးနဉ်က လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။

စာလာပို့သည့်အမျိုးသားသည် ဆုကြေးငွေပင် မတောင်းရဲဘဲ ခန်းမဆောင်ထဲမှ အလျင်အမြန် ဆုတ်ခွာသွားလေသည်။ အနောက်တောင် ခရိုင် ၉ ခုလုံးတွင် ဒုတိယသခင်လေးနဉ်၏ ဆုကို မည်သူမျှ မလိုချင်ရဲကြပေ။

ထိုနေ့ညတွင် ဒုတိယသခင်လေးနဉ်သည် စစ်တပ်စခန်းမှ ထွက်ခွာလာခဲ့၏။ ဤဘေးဆိုးကြီး၏ ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းကြောင့် သူ၏နောက်မှလိုက်ပါလာသော ကိုယ်ရံတော်များသည် လမ်းတစ်လျှောက်လုံးတွင် ဒုတိယသခင်လေး ဘယ်ကိုသွားမှာလဲဟူ၍ မမေးရဲကြချေ။ ယွဲ့ကော်ကုန်းအိမ်တော်ရှေ့၌ မြင်းများ ရပ်တန့်လိုက်မှသာ ဒုတိယသခင်လေး အိမ်ပြန်လာမှန်း ကိုယ်ရံတော်များ သေချာသွားကြတော့သည်။

အိမ်တော်တံခါးဝမှ အစောင့်များသည် ဤဘေးဆိုးကြီး အိမ်ပြန်လာသည်ကို မြင်လိုက်ရသောအခါ ခါးများကို အလိုအလျောက် မတ်လိုက်မိကြပြီး အသက်ရှူပင် ရပ်တန့်သွားကြလေသည်။

ဒုတိယသခင်လေးနဉ်သည် အိမ်တော်တံခါးမှ ဝင်လာပြီးနောက် အနောက်ဘက်ဆောင်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

"ရှောင်ထောင်စူး၊ ဦးလေး ၃က သမီးကို သကြားရုပ် လိုက်ဝယ်ကျွေးမယ်လေ၊ ပျော်လားဟင်"

နဉ်ရှောင်လော့သည် နဉ်ထောင်စူးကို ပခုံးပေါ်တွင် ခွထိုင်စေလျက် ဤဝတုတ်တုတ် ကလေးမလေး ပျော်ရွှင်စေရန် ချော့မြှူရင်း အိမ်တော်တံခါးဝဆီသို့ လျှောက်လာခဲ့သည်။

"အာ..." နဉ်ထောင်စူးက လက်ခုပ်တီးလိုက်သည်။

"ဟုတ်ပြီ၊ ငါတို့ သကြားရုပ်သွားစားကြမယ်၊ ငါတို့..."

သူ့ဒုတိယအစ်ကို မလှမ်းမကမ်းတွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ တတိယသခင်လေးနဉ်၏ မျက်နှာပေါ်မှ အပြုံးများ တောင့်ခဲသွားလေသည်။

ဒုတိယသခင်လေးနဉ်၏ ရုပ်ရည်မှာ အကြီးဆုံးသခင်လေးနဉ်နှင့် တော်တော်လေး ဆင်တူသော်လည်း အကြီးဆုံးသခင်လေးက လူများကို နွေးထွေးနူးညံ့သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ဤဒုတိယသခင်လေးကမူ လူတိုင်းကြောက်ရသည့် ဘေးဆိုးကြီးဖြစ်ပြီး မိဘအရင်းခေါက်ခေါက်ကိုပင် ပြုံးပြလေ့မရှိသူ ဖြစ်သည်။

"ကို... အစ်ကိုလတ်..." တတိယသခင်လေးနဉ်မှာ ခါးကိုမတ်လိုက်ပြီး ရိုရိုကျိုးကျိုးပင် နှုတ်ဆက်လိုက်သည်။

"အစ်ကို ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

ဒုတိယသခင်လေးနဉ်သည် တတိယညီလေး၏ ရှေ့သို့ ရောက်လာသော်လည်း ညီဖြစ်သူကို မကြည့်ဘဲ ဝတုတ်တုတ်ကလေး နဉ်ထောင်စူးကိုသာ ကြည့်လိုက်သည်။

"အီး... ယာ..." နဉ်ထောင်စူးက ပါးစပ်ဖြဲကာ ရယ်မောနေဆဲပင်။

"ငါ့ကို မှတ်မိသေးတာလား" ဒုတိယသခင်လေးနဉ်က မေးလိုက်သည်။

"အစ်ကိုလတ်ရာ..." တတိယသခင်လေးနဉ်မှာ သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။

"ကျွန်တော်တို့ တူမလေး ကြောက်သွားပါဦးမယ်၊ စကားကို အဲဒီလို အေးစက်စက်ကြီး မပြောပါနဲ့လား၊ အစ်ကိုကလည်း..."

ဒုတိယသခင်လေးနဉ် ခေါင်းငုံ့လိုက်သည့်အချိန်တွင် တတိယသခင်လေးနဉ်မှာ ဆက်ပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။

"အာ..." နဉ်ထောင်စူးက ဒုတိယသခင်လေးနဉ်ဆီသို့ လက်လှမ်းလိုက်သည်။

ဒုတိယသခင်လေးနဉ်သည်လည်း အားနာမနေဘဲ လက်လှမ်းကာ နဉ်ထောင်စူးကို တတိယသခင်လေးနဉ်၏ ပခုံးပေါ်မှ ပွေ့ချီလိုက်ပြီး ပြောလိုက်သည်။

"တကယ်ကြီး ငါ့ကို မှတ်မိနေတာပဲ"

နဉ်ရှောင်ယောင်း အိမ်ပြန်လာ၍ ယွဲ့ကော်ကုန်းမှ မိသားစု စားပွဲဝိုင်းပြုလုပ်သည့်နေ့က ဒုတိယသခင်လေးနဉ်သည် ဖုန်းချန်စစ်စခန်းမှ အိမ်သို့ ပြန်လာခဲ့ရာ ထိုတစ်ခေါက်သာ နဉ်ရှောင်ယောင်းဆိုသည့် ညီမလေးနှင့် နဉ်ထောင်စူးဆိုသည့် တူမလေးကို တွေ့ဆုံဖူးခြင်းဖြစ်သည်။ နဉ်ထောင်စူးက သူ့ကို မှတ်မိနေလိမ့်မည်ဟု ဒုတိယသခင်လေးနဉ် ထင်မထားခဲ့မိပေ။

"ယာ..."

နဉ်ထောင်စူးက အလွန်ဖော်ရွေတတ်ပေသည်။ လက်သေးသေးလေးများဖြင့် ဒုတိယသခင်လေးနဉ်၏ ကော်လာစကို ဆွဲကိုင်ကာ လည်ပင်းကို ဆန့်ထုတ်ပြီး ဒုတိယသခင်လေးနဉ်၏မျက်နှာကို တိုက်ရိုက်ပင် ကိုက်လိုက်လေတော့သည်။

ဒုတိယသခင်လေးနဉ်နှင့် ချူးရှီတို့တွင် သားနှစ်ယောက်ရှိသော်လည်း ထိုသားနှစ်ယောက်ကို သူ တစ်ခါမှ မပွေ့ဖက်ဖူးပေ။ ဒုတိယသခင်လေးနဉ်၏ စိတ်ထဲတွင် ထိုသားနှစ်ယောက်သည် သူ့ကိုမြင်လျှင် သရဲတစ္ဆေကို မြင်ရသကဲ့သို့ ဖြစ်နေတတ်ပြီး သူ ပျောက်ကွယ်သွားရန် ဆုတောင်းနေကြသည် သို့မဟုတ် သူတို့ဘာသာ အမြန်ဆုံး ပျောက်ကွယ်သွားချင်နေကြသည်ဟု ထင်မြင်မိသည်။ နူးညံ့အိစက်နေသော ကလေးလေးတစ်ယောက်၏ နမ်းရှိုက်မှုကိုခံရခြင်းမှာ ဒုတိယသခင်လေးနဉ်အတွက်တော့ ဘဝ၏ ပထမဆုံး အတွေ့အကြုံပင် ဖြစ်ပေသည်။

နဉ်ထောင်စူးမှာ ပျော်ရွှင်မြူးထူးနေပြီး ဒုတိယသခင်လေးနဉ်ထံမှ တုံ့ပြန်မှုမရှိသည်ကို တွေ့သောအခါ တပြွတ်ပြွတ်နှင့် အချက်ပေါင်းများစွာ ထပ်မံနမ်းရှိုက်လိုက်လေသည်။ သမီး ဦးဦးကို နမ်းပြီးပြီလေ၊ မုန့်ကျွေးတော့လေ...

ဒုတိယသခင်လေးနဉ် ပြုံးလိုက်မိသည်။ နဉ်ထောင်စူး၏ ပါးလေးကို တစ်ချက်ပြန်နမ်းလိုက်ပြီး ဝတုတ်တုတ် ကလေးမလေးကို ပွေ့ချီလျက် အတွင်းသို့ ဝင်သွားလေသည်။

နဉ်ရှောင်လော့မှာ မူလနေရာတွင် အကြာကြီး ရပ်ကျန်နေရစ်ခဲ့သည်။ သူ နားကြားများ မှားသွားသလား။ မိခင်ဝမ်းဗိုက်ထဲမှ ထွက်လာကတည်းက မငိုခဲ့ဖူးသော၊ ငယ်စဉ်မှ အခုထိ တစ်ခါမှ မပြုံးခဲ့ဖူးသော ဘေးဆိုးကြီးက အခုလေးတင် ပြုံးလိုက်တာလား။

နဉ်ထောင်စူးမှာ မုန့်စားခွင့်မရလိုက်သော်လည်း ဝတုတ်မလေး၏ စိတ်သဘောထားမှာ အလွန်ကောင်းမွန်လှသည်။ ဒုတိယသခင်လေးနဉ်က သူ့ကို အစာမကျွေးသော်လည်း သူက စိတ်မဆိုးပေ။ ပျော်ရွှင်စွာပင် သူ့ပါးလေးဖြင့် ဒုတိယဦးလေး၏ မျက်နှာကို ပွတ်သပ်နေကာ ဒုတိယသခင်လေးနဉ်အပေါ် အလွန်ရင်းနှီး ချစ်ခင်နေပုံရသည်။ ဤကလေးမလေးသည် မွေးရာပါ လူချစ်လူခင်ပေါများအောင် နေတတ်သူလေး ဖြစ်ပေသည်။

ဒုတိယသခင်လေးနဉ်သည် နဉ်ထောင်စူးကို ပွေ့ချီလျက် ယွဲ့ကော်ကုန်း၏ စာကြည့်ဆောင်ထဲသို့ ဝင်သွားလေသည်။ အိမ်တော်ဝင်းမှ ကိုယ်ရံတော်များနှင့် တံခါးဝမှ စာကြည့်ဆောင်အမှုထမ်းကလေးများသည် ဤပုဂ္ဂိုလ်ကို မြင်သောအခါ စကားပင် မပြောရဲကြရာ တားဆီးရန်သော်လည်းကောင်း၊ စာကြည့်ဆောင်ထဲသို့ အသံကုန်ဟစ်၍ အကြောင်းကြားရန်သော်လည်းကောင်း မည်သူမျှ မဝံ့ရဲကြချေ။

"အာ!"

နဉ်ထောင်စူးသည် စာကြည့်ဆောင်ထဲသို့ ရောက်သည်နှင့် အော်ဟစ်လိုက်သည်။

ယွဲ့ကော်ကုန်းက ထိုအသံကို ငါ့အိမ်က ဝတုတ်မလေး ငါ့ကို အဘိုးလို့ ခေါ်နေတာပဲဟု နားလည်လိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က ထိုအသံကို ငါ့အိမ်က ဝတုတ်မလေး ငါ့ကို ဦးဦးကြီးလို့ ခေါ်နေတာပဲဟု နားလည်လိုက်သည်။

"မင်း ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"

ယွဲ့ကော်ကုန်းက ထရပ်ပြီး နဉ်ထောင်စူးကို ပွေ့ချီရန် ပြင်လိုက်သော်လည်း မထင်မှတ်ထားသည်မှာ သူ၏ ဒုတိယသားက သူ့ကို ဂါရဝပြုပြီးသည်နှင့် ဝတုတ်မလေးကို ပွေ့ချီလျက် ဘေးနားရှိ ကုလားထိုင်ပေါ်သို့ ဝင်ထိုင်လိုက်ခြင်းဖြစ်သည်။ ယွဲ့ကော်ကုန်းခမျာ လေကိုသာ ဖက်လိုက်ရလေသည်။

"လိုကျစ်ကွေ့ လာတော့မယ်။" ဒုတိယသခင်လေးနဉ်က ထိုင်လိုက်ပြီးနောက် ထိုစကားတစ်ခွန်းကို ပြောလိုက်၏။

ယွဲ့ကော်ကုန်း၏မျက်နှာ မည်းမှောင်သွားကာ မေးလိုက်သည်။

"လိုကျစ်ကွေ့က စစ်တပ်နဲ့ ချီတက်လာတာလား"

"သူနဲ့ လိုကျင်း အတူလာတာ၊ စစ်တပ်မပါဘူး။" ဒုတိယသခင်လေးနဉ်က နဉ်ထောင်စူး၏ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ရင်း ပြောလိုက်သည်။

လိုအိမ်တော်အကြီးဆုံးသခင်လေး မသေဆုံးသေးသည့်ကိစ္စကို နဉ်ရှောင်ယောင်းနှင့် ယင်းဖုန်းတို့က ထုတ်မပြောခဲ့သော်လည်း ထိုသတင်းမှာ တိုင်းပြည်အနှံ့ ပျံ့နှံ့နေပြီဖြစ်ရာ နဉ်မိသားစုအနေဖြင့် မသိဘဲနေစရာ အကြောင်းမရှိပေ။

"သူတို့နှစ်ယောက်တည်းလား" ယွဲ့ကော်ကုန်းက မေးလိုက်သည်။

"ကိုယ်ရံတော်တွေနဲ့ အစေခံတွေတော့ ပါမှာပေါ့။ လိုကျင်းက ကျန်းမာရေးမကောင်းဘူးလို့ ကျွန်တော် ကြားတယ်" ဟု ဒုတိယသခင်လေးနဉ်က ပြောလိုက်သည်။

"လိုကျစ်ကွေ့က ဘာလုပ်ချင်တာလဲ" ယွဲ့ကော်ကုန်းက မေးပြန်သည်။

ဒုတိယသခင်လေးနဉ်က ထိုကိစ္စကို ခေါင်းထဲမထည့်ဘဲ "ကျွန်တော် လူသွားခေါ်ပြီး လမ်းခုလတ်ကနေ လိုကျစ်ကွေ့ကို သွားသတ်ပေးရမလား" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်း၏ မျက်လုံးထောင့်များ လှုပ်ခါသွားပြီး နှုတ်ခမ်းများ တွန့်သွားလေသည်။ သူ့သားက လူသတ်တာကလွဲပြီး ဒီတစ်သက် တခြားအလုပ် ဘာမှမတတ်တော့ဘူးလား။

"အစ်ကိုကြီး... ဘယ်လိုလဲ" ဒုတိယသခင်လေးနဉ်က အကြီးဆုံးသခင်လေးနဉ်ကို ကြည့်လိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က ချက်ချင်း စကားပြန်မပြောပေ။

ယွဲ့ကော်ကုန်းကလည်း ဘယ်နေရာမှာ လုပ်ကြံရင် ကောင်းမလဲဟု တွေးတောနေလေသည်။

"ရှောင်ယောင်းက ဒီရက်ပိုင်း တောင်ပေါ်တက်ပြီး နတ်သမားတော်နဲ့ ဘဝအကြောင်း ဆွေးနွေးချင်တယ်လို့ ပူဆာနေတယ်လေ"

အကြီးဆုံးသခင်လေးနဉ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံးလျက် ပြောလိုက်သည်။

"မနက်ဖြန်ကျရင် တုန်ဖူကို ရှောင်ယောင်းနဲ့အတူ တောင်ပေါ်လွှတ်လိုက်မယ်"

ယွဲ့ကော်ကုန်းက "မင်းရဲ့ တတိယခယ်မလေးက ကိုယ်ဝန်နဲ့လေ၊ ဒီအချိန်မှာ တုန်ဖူက လိုက်သွားလို့ ဖြစ်ပါ့မလား" ဟု ပြောလိုက်သည်။

"တတိယခယ်မလေးရယ်၊ သခင်ကြီးကျီရယ်၊ ကျီကျယ်ရယ် အတူတူ တောင်ပေါ်လွှတ်လိုက်မယ်လေ"

အကြီးဆုံးသခင်လေးနဉ်က ဆက်ပြောလိုက်သည်။

"ကျီမိသားစုနဲ့ လိုမိသားစု ဆက်ဆံရေးက မဆိုးပါဘူး။ ဒီတစ်ခါ သခင်ကြီးကျီ မိသားစုလိုက် အန်းယွမ်ကနေ ထွက်ခွာလာတာ လိုကျစ်ကွေ့ကို မကျေနပ်တဲ့အချက် ပါဝင်ပေမယ့် ကျွန်တော်တို့ နဉ်မိသားစုနဲ့ လိုမိသားစုကြားက ကိစ္စတွေက သူတို့ကို အနေရခက်စေမှာပဲ"

"ကျီရှီက ကိုယ်ဝန်ကြီးနဲ့ တောင်ပေါ်တက်လို့ ရပါ့မလား" ယွဲ့ကော်ကုန်းက စိတ်မချစွာ မေးလိုက်သည်။

"ရှောင်ယောင်း ရှိနေတာပဲ၊ ကျီကျယ် မျက်လုံးကွယ်နေတာ နှစ်ပေါင်းများစွာကြာတာတောင် ပြန်မြင်အောင် ကုပေးနိုင်သေးတာပဲ။ အဖေက ရှောင်ယောင်း တတိယခယ်မလေးကို ကောင်းကောင်းမစောင့်ရှောက်နိုင်မှာကို ပူနေသေးတာလား"

အကြီးဆုံးသခင်လေးနဉ်က ရယ်မောကာ ပြောလိုက်သည်။

"သူတို့ကို တောင်ပေါ်မှာ အပျော်ခရီးထွက်သလို သွားနေခိုင်းလိုက်မယ်လေ၊ ထောင်စူးကိုပါ ထည့်ပေးလိုက်မယ်"

ဒုတိယသခင်လေးနဉ်က "အစ်ကိုကြီးက လိုကျစ်ကွေ့ကို ဒီရောက်အောင် လွှတ်ပေးပြီးမှ သတ်ပစ်မလို့လား" ဟု မေးလိုက်သည်။

"မင်း ထောင်စူးကို ပွေ့ထားပြီးတော့ လူသတ်မယ့်အကြောင်း မပြောဘဲ မနေနိုင်ဘူးလား" ယွဲ့ကော်ကုန်းက ခေါင်းကိုက်စွာဖြင့် ပြောလိုက်သည်။

"အာ..." နဉ်ထောင်စူးက ဒုတိယသခင်လေးနဉ်ကို အော်ခေါ်လိုက်သည်။

"ဒါ ကျွန်တော့် နဉ်မိသားစုရဲ့ ကလေးပဲ"

ဒုတိယသခင်လေးနဉ်က နဉ်ထောင်စူးကို ပွေ့ကာ မြှောက်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော်က လိုမျိုးရိုးကို သတ်တာနဲ့ ထောင်စူးနဲ့ ဘာဆိုင်လို့လဲ"

ကိုယ့်အဖေအရင်းကို သတ်မည့် ဒုတိယဦးလေးက ပွေ့ချီထားသော်လည်း နဉ်ထောင်စူးမှာ ပျော်ရွှင်မြူးထူးနေသည့် ပုံစံလေးဖြင့် ဒုတိယသခင်လေးနဉ်ကို ရံဖန်ရံခါ နမ်းရှိုက်လိုက်သေးသည်။ ကလေးကို မုန့်ကျွေးပါဦးလို့!

"ဒုတိယဦးလေးကို ချစ်လား"

ဒုတိယသခင်လေးနဉ် ကျေနပ်သွားသည်။ ဤလောကတွင် သူ့ကိုမကြောက်သော ကလေးတစ်ယောက် ရှိလာပြီဖြစ်ရာ အဓိကအချက်မှာ ထိုကလေးသည် သူ့တူမလေး ဖြစ်နေခြင်းပင်။

"ဒုတိယဦးလေးကလည်း သမီးကို ချစ်တယ်" ဒုတိယသခင်လေးနဉ်က နဉ်ထောင်စူးကို ပြောလိုက်သည်။

နဉ်ထောင်စူးက ရယ်ပြလေသည်။

ဒုတိယသခင်လေးနဉ်က လက်ဖက်ရည်ပွဲတွင် တည်ခင်းထားသော ပြောင်းဖူးချောင်း ပန်းကန်ကို ကြည့်လိုက်ပြီး တစ်ချောင်းယူကာ နဉ်ထောင်စူးကို ပေးလိုက်သည်။

နဉ်ထောင်စူးမှာ နောက်ဆုံးတော့ မုန့်စားရပြီဖြစ်၍ စိတ်လှုပ်ရှားစွာဖြင့် ဒုတိယသခင်လေးနဉ်ကို နှစ်ချက်ခန့် ထပ်နမ်းလိုက်ပြီးမှ အခုလေးတင် ပေါက်ခါစ နို့သွားသေးသေးလေးဖြင့် ပြောင်းဖူးချောင်းကို ကိုက်စားလေတော့သည်။

ယွဲ့ကော်ကုန်းက နဉ်ထောင်စူး၏ခေါင်းလေးကို ပုတ်ကာ "ဒီကလေးက သူ့အမေလိုပဲ၊ အစာကျွေးရ လွယ်တယ်" ဟု ချီးမွမ်းလိုက်သည်။

ဒုတိယသခင်လေးနဉ်က သူ့အဖေကို မော့ကြည့်လိုက်သည်။

ယွဲ့ကော်ကုန်းမှာ ငါ စကားမှားပြောမိပြန်ပြီလားဟု အလျင်အမြန် တွေးလိုက်မိသည်။

"အစ်ကိုကြီး ဘယ်လိုစဉ်းစားထားလဲ" ဒုတိယသခင်လေးနဉ်က သူ့အစ်ကိုကို မေးလိုက်သည်။ "အကြံမရှိရင် ကျွန်တော့်သဘောအတိုင်း လုပ်လိုက်တော့မယ်"

အကြီးဆုံးသခင်လေးနဉ်က "လိုကျစ်ကွေ့ကို သတ်လိုက်ရင် သူ့လက်အောက်ငယ်သားတွေက ဒီအတိုင်း ငြိမ်နေပါ့မလား"

"ဒါဆိုလည်း စစ်တိုက်ကြတာပေါ့။" ဒုတိယသခင်လေးနဉ်က ပြောလိုက်သည်။

"ဒါပေမဲ့ ငါတို့ဘက်က အဆင်သင့် မဖြစ်သေးဘူး" အကြီးဆုံးသခင်လေးနဉ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ပြီးတော့ လိုကျစ်ကွေ့က ငါတို့ အနောက်တောင် ခရိုင် ၉ ခုထဲကို စစ်တပ်မပါဘဲ ဝင်လာတယ်ဆိုတာ ငါတို့နဲ့ သူ စစ်မတိုက်ချင်ဘူးလို့ ပြောနေတာပဲ"

"သူ စစ်မတိုက်ချင်တိုင်း ငါတို့က စစ်မတိုက်ရတော့ဘူးလား" ဒုတိယသခင်လေးနဉ်က အေးစက်စွာ ပြောလိုက်သည်။ "ဒီကိစ္စကို သူကပဲ ဆုံးဖြတ်ရမှာလား"

"သူက ရှောင်ယောင်းကို လာရှာတာ" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။

"ဒါဆိုရင်ကော" ဒုတိယသခင်လေးနဉ်က ပြန်ပြောသည်။ "ရှောင်ယောင်းကို သူ့နောက် လိုက်သွားခိုင်းမလို့လား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ယွဲ့ကော်ကုန်းက ဒေါသထွက်သွားသည်။ "အကြီးကောင်... မင်း စကားအများကြီး ပြောမနေနဲ့တော့၊ အလတ်ကောင်... မင်း ပြန်လိုက်တော့၊ ငါတို့ စစ်တိုက်ဖို့ ပြင်ဆင်ကြမယ်။ အနက်ရောင်နှင်းခဲမြင်းတပ်က အစွမ်းထက်တယ်ဆိုပေမယ့် ငါ့နဉ်မိသားစုရဲ့ အကျဉ်းသားချေမှုန်းရေးတပ်က စက္ကူနဲ့ လုပ်ထားတာ မှတ်နေလား"

ဒုတိယသခင်လေးနဉ်က နဉ်ထောင်စူးကို ပွေ့လျက် ထရပ်လိုက်သည်။

အကြီးဆုံးသခင်လေးနဉ်က ဒုတိယသခင်လေးနဉ်ကို ဖိချလိုက်ပြီး ပြောလိုက်သည်။

"ဒါဆို လိုကျင်းကော... မင်း လိုကျင်းကို ဘယ်လိုလုပ်မလဲ"

ဒုတိယသခင်လေးနဉ်က အေးစက်စွာပင် "လိုကျစ်ကွေ့ရဲ့ အစ်ကိုကြီးက ငါနဲ့ ဘာဆိုင်လို့လဲ။ သူ အသက်ရှင်ချင်ရင် ရှင်မယ်၊ သေချင်ရင် သေမယ်၊ ငါက မတားဘူး" ဟု ပြောလိုက်သည်။

ယွဲ့ကော်ကုန်းမှာမူ တွေဝေသွားပြီး "လိုကျင်းက လူကောင်းတစ်ယောက်ပါ၊ အကြီးကောင်နဲ့လည်း တွေ့ဖူးတယ်မလား။ လိုသားအဖ စစ်ပွဲမှာ ကျဆုံးတုန်းကဆို ငါ တော်တော် ဝမ်းနည်းခဲ့ရတာ" ဟု ပြောလိုက်သည်။

"လိုကျင်းက အရေးကြီးလား၊ ရှောင်ယောင်းက အရေးကြီးလား" ဒုတိယသခင်လေးနဉ်က ယွဲ့ကော်ကုန်းကို မေးလိုက်သည်။

ဒါက ရွေးစရာ လိုသေးလို့လား။ ကိုယ့်သမီးက ပိုအရေးကြီးတာပေါ့။ ယွဲ့ကော်ကုန်းက "ငါက ဒီလိုပဲ ပြောကြည့်တာပါကွာ" ဟု ပြောလိုက်သည်။

"မလိုပါဘူး"

အကြီးဆုံးသခင်လေးနဉ်က ဝင်ပြောလိုက်သည်။

"ကျွန်တော်တို့လက်ထဲက ရိက္ခာနဲ့ ငွေကြေးက ကောင်းကင်အောက်ကို သိမ်းပိုက်ဖို့ လုံလောက်တဲ့ အင်အားမရှိသေးဘူး။ ဒါကြောင့် လိုကျစ်ကွေ့နဲ့ ကျွန်တော်တို့ သေမလား ရှင်မလား တိုက်ခိုက်စရာ မလိုသေးဘူး"

ဒုတိယသခင်လေးနဉ်က မျက်နှာတည်ဖြင့် "အစ်ကိုကြီး ကြောက်နေတာလား" ဟု မေးလိုက်သည်။

"ကြောက်တာ မဟုတ်ဘူး" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။

"မလိုအပ်ဘူးလို့ ခံစားရလို့ပါ။ လိုကျစ်ကွေ့ကို ရှောင်ယောင်းနဲ့ မတွေ့ခိုင်းသရွေ့ သူ လိမ်လိမ်မာမာနဲ့ ပြန်လှည့်သွားရလိမ့်မယ်။ ငါတို့နဲ့ အချိန်ဖြုန်းနေဖို့ သူ့မှာ အချိန်မရှိဘူး။ ရှောင်ယောင်းက သူပြောနေတဲ့ သူပါလို့ ငါတို့ဘက်က ဝန်မခံသရွေ့ လိုကျစ်ကွေ့က ဘာတတ်နိုင်မှာလဲ"

ဒုတိယသခင်လေးနဉ်က "အစ်ကိုကြီးက သူ့ကို မသိချင်ယောင်ဆောင်ပြီး ဂျစ်တိုက်မလို့လား" ဟု မေးလိုက်သည်။

"ထီးနန်းနဲ့ မိန်းမပျို" အကြီးဆုံးသခင်လေးနဉ်က ပြုံးလိုက်ပြီး ပြောလေသည်။

"ထီးနန်းကိုလည်း ရထားတယ်၊ ဒီအချိန်မှာ မိန်းမပျိုကလည်း အသက်ရှင်နေသေးတယ်ဆိုတော့ ကောင်းကင်ဘုံက သူ့ကို မျက်နှာသာပေးတယ်လို့ လိုကျစ်ကွေ့ ထင်နေမှာ သေချာတယ်"

"ဟွန်း... တောက်!" ယွဲ့ကော်ကုန်းက ပြောလိုက်သည်။ "သူ အိပ်မက်မက်နေတာပဲ"

"ရှောင်ယောင်းက သူ့ကို ဆဲဆိုရိုက်နှက်ရင်တောင် လိုကျစ်ကွေ့က ခံယူနေမှာပဲ။ သူ သည်းမခံနိုင်တဲ့ တစ်ခုတည်းသောအရာက ရှောင်ယောင်းက သူ့ကို သူစိမ်းတစ်ယောက်လို ဆက်ဆံတာပဲ။ အဖေနဲ့ ဒုတိယညီ... ကျွန်တော့်စကားကို ယုံစမ်းပါ။ ဒါကမှ သူ့ကို သေတာထက်ဆိုးတဲ့ ဒုက္ခကို ပေးနိုင်မှာ"

ယွဲ့ကော်ကုန်းမှာ... သူ့အိမ်က သားကြီးက သားလတ်ထက် ပိုရက်စက်တာပဲဟု တွေးလိုက်မိသည်။ သားလတ်က လူသတ်ရုံနဲ့ ပြီးသွားပေမယ့် သားကြီးကတော့ တဖက်လူကို သေတာထက်ဆိုးတဲ့ ဒုက္ခမရောက်မချင်း မကျေနပ်နိုင်ပေ။

"သူ အဲဒီလိုဖြစ်လာမယ်လို့ အစ်ကိုကြီး ဘယ်လိုလုပ် သေချာနေတာလဲ" ဒုတိယသခင်လေးနဉ်က မေးလိုက်သည်။ "ရှောင်ယောင်း သေသွားတာကို သူ လက်ပိုက်ကြည့်နေနိုင်တယ်လေ"

"ဟုတ်မဟုတ် ငါတို့ စောင့်ကြည့်ကြတာပေါ့" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။ "သူ သေတာထက်ဆိုးတဲ့ ဒုက္ခရောက်ရောက်၊ မရောက်ရောက် ငါတို့ဘက်က ဘာနစ်နာစရာရှိလို့လဲ"

"နစ်နာစရာတော့ မရှိပါဘူး" ဒုတိယသခင်လေးနဉ်က ပြောလိုက်သည်။ "ဒါပေမဲ့ ငါက ဘာကိစ္စ ဒီပြဇာတ်ကို ထိုင်ကြည့်နေရမှာလဲ။ ငါ မကြည့်ချင်ဘူး"

ယွဲ့ကော်ကုန်းသည် သားလတ်ကို ကြည့်လိုက်၊ သားကြီးကို ကြည့်လိုက် လုပ်နေသည်။ ဟုတ်သားပဲ၊ အလတ်ကောင်က ဒီပြဇာတ်ကို မကြည့်ချင်ပါဘူးဆိုနေမှ မင်းက ဘယ်လိုလုပ်မလဲ။

"အစ်ကိုကြီး အမှန်အတိုင်း ပြော" ဒုတိယသခင်လေးနဉ်က ပြောလိုက်သည်။ "ကျွန်တော့်ကို မြှူဆွယ်မနေနဲ့"

"မင်းက မကြည့်ချင်ပေမယ့် ငါက သူ့ကို နှိပ်စက်ချင်တယ်လေ" အကြီးဆုံးသခင်လေးနဉ်က ပြောလိုက်သည်။ "ဒီအဖြေကို မင်းကျေနပ်လား"

ဒုတိယသခင်လေးနဉ် တိတ်ဆိတ်သွားသည်။ သူ့အစ်ကိုကြီးက ထမင်းစားပြီး အားယားနေတာများလား။

***

All Chapters