← Chapters

အခန်း (၃၂၇)

Vol. 32 Ch. 327

အခန်း (၃၂၇)

Vol. 32 Ch. 327

အပိုင်း။ ၃၂၇

နေ့ရောညပါမနား မိုင်းတွင်းဧရိယာအတွင်းရှိ လူပေါင်းရာနှင့်ချီကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ယန်ချန်းလန်သည်လည်း တောင်ဘက်နယ်စပ်ရှိ အမဲလိုက်စစ်သည်တော် အဖွဲ့ခွဲဆီသို့ အပြေးအလွှား သွားရောက်ခဲ့ပြီး၊ဟ ဒေသခံ တာဝန်ခံအား အကြီးအကဲတံဆိပ်ပြားကို ထုတ်ပြလိုက်သည်။ ထိုတံဆိပ်ပြားကို မြင်လိုက်ရသည်နှင့် အဖွဲ့ခွဲရှိလူများမှာ အကြီးအကဲကိုယ်တိုင် ရောက်ရှိလာသကဲ့သို့ ရိုသေလေးစားစွာဖြင့် ယန်ချန်းလန် ရှင်းပြသမျှကို နားထောင်ကြတော့သည်။ အမဲလိုက်စစ်သည်တော် အဖွဲ့ခွဲသည် အနီးနားတွင် တာဝန်ထမ်းဆောင်နေသော အဆင့် D နှင့် အထက်ရှိသည့် မုဆိုးစစ်သည်တော်ပေါင်း နှစ်ရာကျော်ကို ချက်ချင်းပင် စုရုံးစေခဲ့သည်။

ထိုညမှာပင် ယန်ချန်းလန်သည် ထိုထိပ်တန်း မုဆိုးစစ်သည်တော်များကို ဦးဆောင်ကာ မိုင်းတွင်းဧရိယာဆီသို့ ချီတက်လာခဲ့တော့သည်။

"နတ်ဆေးဆရာမလေး... ရှင့်စကားဆိုရင် ကျွန်မ ဘာမဆိုလုပ်ပါ့မယ်။ တခြားဘာမှ မတောင်းဆိုပါဘူး။ ကျွန်မရဲ့ သားလေး လျှိုကျိ ဘေးကင်းကင်းနဲ့ အပြင်ထွက်နိုင်ပြီး ကျွန်မတို့မျိုးဆက်ကို ဆက်ခံနိုင်ရင်ပဲ ကျေနပ်ပါပြီ"

သုံးရက်မြောက်သောနေ့တွင် လျှို့ဝှက်လူသားများ၏ အစားအစာထဲသို့ အဆိပ်သီးများကို ရောထည့်ရန် ယွင်ရှန်းက အကြံပြုခဲ့သည်။ လျှိုကျိ၏မိခင်မှာ ထိုသို့လုပ်ဆောင်ရသည့် အကြောင်းရင်းကို အသေးစိတ်မမေးမြန်းခဲ့ပေ။ သူမသည် စာမတတ်ပေမတတ် တောသူမတစ်ဦး ဖြစ်သော်လည်း အချို့သောကိစ္စများကို မမေးသင့်ကြောင်း သိရှိထားကာ ယွင်ရှန်းပေးသော အဆိပ်သီးများကို ဂရုတစိုက် ဝှက်ထားလိုက်သည်။

"အဒေါ် စိတ်ချပါ။ အဒေါ်တို့ မိသားစုတစ်ခုလုံး ဘေးကင်းကင်းနဲ့ အပြင်ထွက်နိုင်မှာပါ။ ဒီအတောအတွင်းမှာတော့ အဒေါ်နဲ့ ဦးလေးတို့ဘက်က ပူးပေါင်းကူညီပေးဖို့ လိုအပ်ပါတယ်"

ယွင်ရှန်းသည် လျှိုကျိ၏ဖခင်ကို ခေါ်ယူကာ စကားအချို့ကို တိုးတိုးလေး ပြောလိုက်ရာ သူသည် နားထောင်ရင်း ခေါင်းကို တရစပ် ငြိမ့်နေတော့သည်။

လူတစ်ရာခန့် ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် လျှို့ဝှက်လူသားများ၏ ခေါင်းဆောင်ငယ်မှာ အတော်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ ထိုအချိန်တွင် လျှိုကျိ၏ဖခင်က ရှေ့ထွက်၍ အကြံဉာဏ်ပေးရန် ကမ်းလှမ်းလိုက်သည်။

"သခင်... ကျွန်တော့်ကို အကြံတစ်ခု ပေးခွင့်ပြုပါ။ အကယ်လို့ ဒီအကြံက အသုံးဝင်တယ်ဆိုရင် မိုင်းတူးတာ ပြီးသွားတဲ့အခါ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုကို အသက်ရှင်ခွင့် ပေးပါဗျာ"

လျှိုကျိဖခင်က ခေါင်းဆောင်ငယ်အား သစ္စာရှိဟန်ဖြင့် အသနားခံလိုက်သည်။

ခေါင်းဆောင်ငယ်က ချက်ချင်းပင် သဘောတူလိုက်သော်လည်း စိတ်ထဲတွင်မူ မိုက်မဲတဲ့ကောင်တွေ မိုင်းတူးတာ ပြီးတဲ့နေ့က မင်းတို့ သေရမယ့်နေ့ပဲ ဟု လှောင်ပြောင်နေခဲ့သည်။

လျှိုကျိဖခင်၏ အကြံဉာဏ်မှာ အမှန်စင်စစ်တွင် အလွန်ရိုးရှင်းသည်။ ၎င်းမှာ မိုင်းလုပ်သားများ၏ လုပ်အားနှုန်းကို အဆမတန် မြှင့်တင်ရန်ပင်။

ပုံမှန်အားဖြင့် တစ်သုတ်လျှင် အယောက်နှစ်ဆယ်သာ တူးဖော်ရာမှ ယခုအခါ အယောက်တစ်ရာအထိ ရုတ်တရက် တိုးမြှင့်လိုက်ပြီး အသက်အရွယ်နှင့် ကျား၊ မ မရွေး အလုပ်လုပ်နိုင်သူမှန်သမျှကို ဂူအတွင်းသို့ စေလွှတ်လိုက်တော့သည်။

ကျန်ရှိသော လူတစ်ရာကိုလည်း တူးဖော်ပြီးသား သတ္တုရိုင်းများကို မှော်သယ်ယူပို့ဆောင်ရေးထံသို့ ချက်ချင်းသယ်ယူရန် တာဝန်ပေးလိုက်သည်။

"မြန်မြန်... အားလုံး မြန်မြန်လုပ်ကြ။ ငါးရက်အတွင်း သတ္တုရိုင်းအားလုံးကို အကုန်စုဆောင်းရမယ်"

ရလဒ်အနေဖြင့် လျှို့ဝှက်လူသားများသည်လည်း ရွာသားများကို နေ့ရောညပါ မနားတမ်း စောင့်ကြပ်ကြည့်ရှုရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

မိုင်းတွင်းဧရိယာတစ်ခုလုံးမှာ ယခင်ကမရှိဖူးသေးသော ပြင်းထန်သည့် လုပ်ငန်းခွင်အခြေအနေသို့ ဆိုက်ရောက်သွားတော့သည်။ အင်အားမလုံလောက်မှုကြောင့် လျှို့ဝှက်လူသားများသည် သူတို့၏ လုံခြုံရေးစောင့်ကြပ်မှုကိုလည်း အနည်းငယ် လျှော့ချလိုက်ရသည်။

ညဉ့်သန်းခေါင်ယံအချိန် ဝန်းကျင်တွင် ဂူအတွင်း၌ မိုင်းတူးသံများ ဆူညံနေဆဲဖြစ်ပြီး လျှို့ဝှက်လူသားအချို့မှာ သမ်းဝေရင်း ဂူအပြင်သို့ ထွက်လာကြသည်။

"ဒီလို ငရဲခန်းလိုနေ့တွေ ဘယ်တော့မှ ပြီးမှာလဲ။ ဒီအတိုင်းသာ ဆက်သွားရင် ရွာသားတွေတင်

မကဘူး။ ငါတောင် တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"

တစ်ဦးက ညည်းတွားလိုက်သည်။

"ငါတို့က ဘာလို့ ဒီလောက် ကံဆိုးရတာလဲ။ အကယ်လို့ ငါတို့သာ ကံကောင်းလို့ သတ္တုသန့်စင်တဲ့အဖွဲ့မှာ တာဝန်ကျခဲ့ရင် ဒီလောက် ဒုက္ခရောက်မှာ မဟုတ်ဘူး။ ငါကြားတာတော့ ဒီခရမ်းရွှေကြောက တူးဖော်တာ အတော်အောင်မြင်တယ်တဲ့။ ထိပ်တန်းအဆင့် ခရမ်းရွှေရိုင်း ပေါင်တစ်သောင်းကျော်တောင် ထွက်တယ်ဆိုပဲ။ တစ်တုံးလောက်ပဲ တိတ်တဆိတ် ဝှက်ထားနိုင်ရင်တောင် ငါတို့ရဲ့ ဆယ်နှစ်စာ လစာနဲ့ ညီမျှနေပြီ"

ထိုသူနှစ်ဦး စကားပြောနေစဉ်မှာပင် သူတို့၏ လည်ပင်းပေါ်၌ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ နောက်တစ်ခဏ၌ ဦးခေါင်းနှစ်လုံးမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။ သူတို့၏ မျက်လုံးများမှာ ပိတ်ရန်ပင် အချိန်မရလိုက်ကြချေ။

ယီပိုင်မင်းနှင့် ချန်ပိုင်တို့သည် သေဆုံးသွားသော ထိုလျှို့ဝှက်လူသား နှစ်ဦးထံမှ ခါးချိတ်တံဆိပ်ပြားများကို ကျွမ်းကျင်စွာ ဖြုတ်ယူလိုက်ကြသည်။

"မိုင်းကြောရဲ့ ၆၀ ကနေ ၇၀ ရာခိုင်နှုန်းလောက်အထိ တူးပြီးသွားပြီ။ အခုက စတင်လှုပ်ရှားဖို့ အချိန်ပဲ"

ယီပိုင်မင်းသည် မိုင်းတွင်းဧရိယာအတွင်း ခိုအောင်းနေခဲ့သည်မှာ ကြာပြီဖြစ်ရာ ယွင်ရှန်း ရုတ်တရက် ပေါ်လာခြင်းကြောင့် မိုင်းတွင်း၏ အခြေအနေမှာ ပုံမှန်မဟုတ်တော့ကြောင်း သူ အာရုံခံမိနေခဲ့သည်။

သူ၏ ထက်မြက်သော အာရုံခံစားမှုက သူ့ကို အမြန်ဆုံး လှုပ်ရှားရန် သတိပေးနေသည်။ သို့မဟုတ်လျှင်... ထိုတောကြောင်လေးက သူ၏ အစီအစဉ်များကို ဖျက်ဆီးပစ်လိမ့်မည်ဟု သူ စိုးရိမ်နေမိသည်။

သူတို့နှစ်ဦးသည် ပြင်ဆင်ထားသော ခရမ်းရွှေရိုင်းများကို ယူဆောင်ကာ မိုင်းတွင်း၏ သယ်ယူပို့ဆောင်ရေးဇုန်ဆီသို့ လျှောက်လှမ်းသွားကြသည်။ မိုင်းတွင်း၏ ခံစစ်နယ်မြေကို ဖြတ်သန်းစဉ် ယီပိုင်မင်းသည် အလွန်အမင်း အစွမ်းထက်လှသော မိုးကြိုးပေါက်ကွဲမှု မှော်စက်ကွင်းများကို လှမ်းကြည့်လိုက်သည်။

ထို့နောက် သူသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်တော့သည်။

"ဘာဖြစ်လို့လဲ"

သူ ရုတ်တရက် ရပ်လိုက်သည်ကို မြင်သောအခါ တစ်ခုခု မှားယွင်းနေပြီဟု ထင်မှတ်ကာ ချန်ပိုင်က မေးလိုက်သည်။

ယီပိုင်မင်းက ဘာမှပြန်မပြောပေ။ သူ၏လက်ကို မြှောက်လိုက်ရာ နက်မှောင်သော အမှောင်

ဓာတ် မှော်စွမ်းအားများ ထွက်ပေါ်လာသည်။ သူသည် မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ သူ၏လက်ကို မိုးကြိုးပေါက်ကွဲမှု မှော်စက်ကွင်းအတွင်းသို့ ထိုးသွင်းလိုက်သည်။ အခြားသူများ၏ အမြင်တွင် ပေါက်ကွဲအားပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသော ထိုမှော်

စက်ကွင်းမှာ သူ၏ရှေ့တွင်မူ အစွမ်းမဲ့နေပုံပင်။

မှော်စက်ကွင်းအတွင်းရှိ မှော်ဓာတ်များမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး စက်ကွင်းမှာ အလုပ်မလုပ်တော့ပေ။ ယီပိုင်မင်း ရှေ့သို့ ဆက်လျှောက်သွားရင်း မိုးကြိုးပေါက်ကွဲမှု မှော်စက်ကွင်း ဒါဇင်ပေါင်းများစွာကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်။ စိတ်ထဲမှလည်း တောကြောင်လေး... မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ် ဟု တိုးတိုးလေး ရေရွတ်နေမိသည်။

ယီပိုင်မင်းနှင့် ချန်ပိုင်တို့သည် သယ်ယူပို့ဆောင်ရေးဇုန်အထိ လျှောက်လှမ်းလာခဲ့ကြသည်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ"

မှော်စက်ကွင်းများကို စောင့်ကြပ်နေသော မှော်ဆရာများက ထိုလျှို့ဝှက်လူသားနှစ်ဦးကို တားဆီးလိုက်ကြသည်။

"မိုင်းတွင်းထဲမှာ လူအင်အား မလုံလောက်လို့။ သတ္တုသန့်စင်ဖို့အတွက် သတ္တုရိုင်းတွေကို သယ်လာဖို့ အမိန့်ရထားတယ်"

ချန်ပိုင်က အထစ်အငေါ့မရှိ ချောမောစွာ ပြန်ပြောလိုက်သည်။

မှော်ဆရာနှစ်ဦးသည် သူတို့၏ ခါးချိတ်တံဆိပ်ပြားများကို စစ်ဆေးပြီးနောက် မှော်စက်ကွင်းအတွင်းသို့ ဝင်ခွင့်ပြုလိုက်ကြသည်။

မှော်စက်ကွင်းအတွင်း၌ မှော်ဓာတ်များ တဖိတ်ဖိတ်တောက်သွားပြီး ဟင်းလင်းပြင်မှော်၏ အစွမ်းကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ယီပိုင်မင်းနှင့် ချန်ပိုင်တို့သည် စိမ်းသက်သော နယ်မြေတစ်ခုသို့ ရောက်ရှိသွားကြတော့သည်။

ယီပိုင်မင်းသည် နှာခေါင်းကို အနည်းငယ်ရှုံ့ကာ လေထု၏အပူချိန်နှင့် ခြေဖဝါးအောက်ရှိ မြေသားထု ကွာခြားသွားသည်ကို အာရုံခံလိုက်မိသည်။ ဤမျှ ကောင်းမွန်လှသော ဟင်းလင်းပြင်မှော်ကို ကြည့်ခြင်းအားဖြင့် သူတို့သည် ယခုအခါ ကျိုးနိုင်ငံ၏ နယ်နိမိတ်အတွင်း၌ ရှိမနေတော့ကြောင်း သေချာသလောက် ရှိနေပြီဖြစ်သည်။

မှော်စွမ်းအားဖြင့် မိုင်ပေါင်းရာနှင့်ချီ ထောင်နှင့်ချီသော ခရီးကို တစ်ခဏချင်းအတွင်း ဆက်

သွယ်နိုင်ရန်မှာ တစ်ဖက်အုပ်စုတွင် အဆင့်မြင့် အချိန်နှင့်ဟင်းလင်းပြင်ဓာတ်ကို အသုံးပြုနိုင်သော မှော်ဆရာတစ်ဦး ရှိနေရမည်ဖြစ်သည်။

"ပိုင်မင်း... ဟိုမှာကြည့်ဦး"

ချန်ပိုင်၏ အကြည့်များ ပြောင်းလဲသွားပြီး မျက်နှာတွင် အံ့အားသင့်ရိပ်များ ပေါ်လာသည်။

မှော်စက်ကွင်း၏ အခြားတစ်ဖက်တွင် အလွန်ကြီးမားသော သတ္တုချက်စက်ရုံကြီးတစ်ခု ရှိနေပြီး ထိုနေရာမှာ ယခုအချိန်တွင် အလွန်ပင် စည်ကားရှုပ်ထွေးနေသည်။ မှော်ဝတ်ရုံ ဝတ်ဆင်ထားသော မှော်ဆရာရာပေါင်းများစွာမှာ အလုပ်များပြားနေကြသည်။

မှော်စက်ကွင်းမှတစ်ဆင့် သယ်ယူလာသော ခရမ်းရွှေရိုင်းများမှာ ဘေးတစ်ဖက်တွင် ပုံလာတော့သည်။ ပထမဦးစွာ မိုးကြိုးဓာတ်မှော်ဆရာများက ခရမ်းရွှေရိုင်းတုံးကြီးများကို ရိုက်ခွဲကြပြီးနောက် လေဓာတ်မှော်ဆရာများက ထိုကျောက်တုံးများကို ဘက်စကက်ဘောကွင်း နှစ်ကွင်းစာခန့်ရှိသော ဧရာမ သတ္တုချက်ဖိုကြီးဆီသို့ သယ်ဆောင်သွားကြသည်။

ထိုနေရာတွင် မီးဓာတ်မှော်ဆရာအယောက်သုံးဆယ်ရှိပြီး သူတို့အားလုံးမှာ မီးဓာတ်မှော်ကို တစ်ပြိုင်တည်း အသုံးပြုနေကြသည်။ ခရမ်းရွှေရိုင်းများကို မှော်မီးဖြင့် အမြန်အရည်ဖျော်လိုက်ပြီးနောက် အအေးခံကန်အတွင်းသို့ ပို့ဆောင်ပေးသည်။

မှော်စွမ်းအားဖြင့် သန့်စင်ချက်လုပ်ထားသော ခရမ်းရွှေမှာ မူလအရွယ်အစားထက် ထက်ဝက်ကျော် သေးငယ်သွားသော်လည်း ၎င်း၏အရောင်မှာ ပိုမိုတောက်ပလာကာ လှည့်လည်သုံးစွဲမည့် ဒင်္ဂါးပြားများအဖြစ် သွန်းလုပ်ရန် အသင့်ဖြစ်နေသော ထိပ်တန်းအဆင့် ခရမ်းရွှေများ ဖြစ်လာတော့သည်။ အကြမ်းဖျင်း တွက်ချက်ကြည့်ရုံနှင့်ပင် လွန်ခဲ့သော ဆယ်

ရက်အတွင်း ဤနေရာသို့ ပို့ဆောင်ခဲ့သော ခရမ်းရွှေရိုင်းများဖြင့် ခရမ်းရွှေင်္ဒဂါးပေါင်း ဆယ်သန်းကျော် သွန်းလုပ်နိုင်သည်။

အလုပ်များနေသော မှော်ဆရာများသည် စက်ရုံအတွင်းသို့ လူစိမ်းနှစ်ဦး ရောက်ရှိလာသည်ကို သတိပင်မပြုမိကြချေ။

"ဒါက အကြီးစား မှော်သတ္တုသန့်စင်စက်ရုံတစ်ခုပဲလား"

ကျိုရှောင်တစ်ယောက် ဤနေရာသို့ စိမ့်ဝင်ထားပြီး ဖြစ်သော်လည်း ဤလျှို့ဝှက်လူသားများ၏ နောက်ကွယ်တွင် ဤမျှ အစွမ်းထက်သော မှော်ဆရာတပ်ဖွဲ့ကြီး ရှိနေလိမ့်မည်ဟု ယီပိုင်မင်းနှင့် ချန်ပိုင်တို့ မမျှော်လင့်ထားခဲ့မိပေ။

ယီပိုင်မင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။ ဤလျှို့ဝှက်လူသားအုပ်စု၏ အထောက်အထားအစစ်အမှန်မှာ သူ စောစောကတည်းက ခန့်မှန်းထားသင့်သော အရာပင်။

တစ်တိုက်လုံးတွင် တန်ယွမ်နိုင်ငံမှလွဲ၍ အခြားမည်သည့်နိုင်ငံကမျှ ဤမျှအစွမ်းထက်သော မှော်ဆရာများ၏ အကူအညီကို မရရှိနိုင်ပေ။

All Chapters