← Chapters

ဝမ်းနည်းမှု၌ နစ်မြောခြင်း(၁)

Vol. 6 Ch. 52

ဝမ်းနည်းမှု၌ နစ်မြောခြင်း(၁)

Vol. 6 Ch. 52

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၂)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ကျူယွမ်ကျီက အင်မော်တယ်ဝိုင်များ ကုန်ဆုံးသွားနေသည်ကို မြင်နေရသည်။ ထိုအင်မော်တယ်ဝိုင်များမှာ သူ၏ ပိုင်ဆိုင်မှုများ မဟုတ်သော်လည်း အဖိုးတန်သည့် အရာများ ကုန်ဆုံးမှုအား မြင်နေရသည့်အတွက် ရင်နာနေမိသည်။ ထို့ကြောင့် မျက်ကွယ်ပြုနေခြင်းက နာကျင်မှု ကင်းမည်ဟု ယူဆကာ တံခါးအပြင်သို့ ထွက်လိုက်သည်။

ခဏကြာပြီးချိန်၌ အကြီးအကဲခြောက်က တန်ရော်ဝေအား တောင်ထိပ်သို့ ခေါ်ဆောင်လာသည်။ ဧည့်သည်နှစ်ဦးအား မြင်ရချိန်တွင် ကျူယွမ်ကျီ၏ မျက်လုံးများ လင်းလက်သွားတော့သည်။

"ဂျူနီယာ ညီမလေး စီနီယာဒေါ်လေး ရော်ဝေ နောက်ဆုံးတော့ ရောက်လာပြီပေါ့…"

စီနီယာများ၏ ဆက်နွယ်မှုများကြောင့် လက်တလောတွင် ပိုင်ချူးရန်၏ တပည့်ဖြစ်သော တန်ရော်ဝေမှာ အဆင့်အတန်း အမြင့်ဆုံးဟုပင် ဆိုနိုင်သည်။ မဟာအကြီးအကဲ အနေဖြင့်ပင် စီနီယာဒေါ်လေးဟု ခေါ်ဝေါ်ရမည် ဖြစ်၏ ။

"ဂိုဏ်းခေါင်းဆောင်…"

တန်ရော်ဝေက အခြေအနေအား ကောင်းစွာနားလည်ထားသည်။ သို့သော်လည်း မာနမထားနေချေ။ ထို့အစား ကျူယွမ်ကျီအား ယဉ်ကျေးစွာဖြင့် ဆရာဖြစ်သူ ရှိမည့် နေရာကို မေးမြန်းသည်။

"ဆရာ ဘယ်မှာများလဲ…"

"ခြံဝန်းထဲမှာ ဝိုင်သောက်ပြီး ငိုနေတယ်…"

ထိုစကားအဆုံး၌ ကျူယွမ်ကျီက ဝိုင်အကြောင်း တွေးမိကာ ရင်နာနေပြန်သည်။

"ဘိုးဘေး ရောက်လာကတည်းက အခုအထိ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသောင်းတန်တဲ့ အင်မော်တယ် ဝိုင်တွေပဲ သောက်နေတော့တာ…"

"ဘယ်လိုတောင်… တော်တော့်ကို ဖြုန်းတီးတာပဲ… ဆရာက ကလေးဆန်လွန်းတယ်…"

တန်ရော်ဝေက ဝတ်ရုံလက်များ လိပ်တင်ကာ ခြံဝန်း အရှေ့ဘက်သို့ လျှောက်သွားလိုက်သည်။

"ဆရာ့ကို သတိပေးရသေးတာပေါ့…"

"အယ်… အာ…"

ကျူယွမ်ကျီက အလျင်အမြန် ခေါင်းညိမ့်၍ လက်မထောင်ပြကာ လမ်းပြပေးလိုက်သည်။

"စီနီယာ ဒေါ်လေး ရော်ဝေက တကယ် အားကိုးရတာပါလား…"

အသက်အရွယ် ကွာဟချက်ကြောင့် ကျူယွမ်ကျီတို့၏ မျိုးဆက်များမှာ ပိုင်ချူးရန်၏ စောင့်ရှောက်မှုတွင် ကြီးပြင်းလာရသည်။ သို့သော်လည်း ဘိုးဘေးငယ်၏ ရိုက်ပုတ်မှုများသာ မြင်ရဖူးသည့်အတွက် ဘိုးဘေးငယ် အနေဖြင့် နူးညံ့တတ်မည်ဟုပင် ထင်မထားကြချေ။ အမျိုးသမီး အကြီးအကဲများ ဖြစ်ကြသည့် အကြီးအကဲခြောက်နှင့် အကြီးအကဲ ခုနှစ်တို့ပင် သက်ညှာမှု မရကြချေ။

သို့သော်လည်း တန်ရော်ဝေမှာ ထိုသို့သော အပြုအမူများ ကြုံတွေ့ဖူးခြင်း မရှိသူဖြစ်၏ ။ ဆရာတပည့် ဆက်ဆံရေးအား ထောက်ထားခြင်းကြောင့်ဟုလည်း ဆိုနိုင်သည်။ ကျားမ တန်းတူဟူသည့် ဆောင်ပုဒ်အား ဆွဲကိုင်ထားသူဖြစ်သည့် ပိုင်ချူးရန်မှာ သွေးနတ်ဘုရား ဂိုဏ်းခေါင်းဆောင်နှင့် ကာမသုကြာ ဂိုဏးခေါင်းဆောင်တို့ကိုပင် ညှာတာထောက်ထားမှု မရှိသော်လည်း တပည့်ဖြစ်သူ တန်ရော်ဝေအား ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခြင်း မပြုလုပ်ပေ။

ဆရာတပည့် နှစ်ဦးသားက တဦးနှင့်တဦး အားနည်းချက်များ ထိုးနှက်ကြခြင်းမှာ သာမန်အလေ့အထ တခုပင် ဖြစ်လာသည်။

ထို့ကြောင့်လည်း ပိုင်ချူးရန် ကြေကွဲဝမ်းနည်းနေချိန်၌ တန်ရော်ဝေမှ လာရောက်ကာ နားချရဲခြင်း ဖြစ်သည်။ ထိုသို့သော အပြုအမူအား တန်ရော်ဝေ မှတပါး တခြားသူပြုလုပ်နိုင်မည် မဟုတ်ချေ။ မဟာအကြီးအကဲပင် ကိုယ်တိုင် လာရောက် နားချပါက ရိုက်နှက်ခံရနိုင်သည်။

ကျူယွမ်ကျီနှင့် ချင်ယွမ်ကျီတို့၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် တန်ရော်ဝေက ခြံဝန်းတံခါးအား တွန်းဖွင့်လိုက်သည်။ ထိုခဏ၌ မွှေးကြိုင်လှသည့် ရနံ့တခုကိုလည်း ရှုရှိုက်မိလိုက်သေးသည်။

ဝိုင်ရနံ့ ရလိုက်ချိန်၌ တန်ရော်ဝေ၏ ကိုယ်တွင်းမှ အစစ်အမှန်ချီပင် တည်ငြိမ်သွားတော့၏ ။ သို့ဖြစ်ရာ ဝိုင်၏ အဖိုးတန်မှုမှာ မြင်သာလွန်းလှသည်။ တန်ရော်ဝေက ခြံဝန်းအတွင်း၌ ဝိုင်ကရားလွတ်များစွာကိုလည်း မြင်လိုက်သေးသည်။ ထို့အပြင် ဆံဖြူရှင် ဆရာမှာ ဝိုင်ကရားအား ကိုင်ဆောင်၍ မော့သောက်နေကာ ကောင်းကင်သို့ မော့ကြည့်ပြီး ရေရွတ်နေသေးသည်။

"အာ ရော်ဝေ…"

တံခါးပွင့်သွားချိန်၌ ပိုင်ချူးရန်၏ မျက်ဝန်း၌ မျက်ရည်စများ ရှိနေသည်။

"မင်းက အခြေတည်အဆင့် တက်သွားပြီ မဟုတ်လား… တကယ်ပဲ… တကယ့်ကို ဂုဏ်ယူပါတယ်…"

ဆရာဖြစ်သူ၏ အခြေအနေအား မြင်ရချိန်၌ တန်ရော်ဝေမှာ ဒေါသဖြစ်ကာ အော်လိုက်၏ ။

"ရူးနေတာလား… တပည့်က ဆရာ့တပည့်လေ… တပည့် အဆင့်တက်တာ ဆရာ့ရဲ့ သင်ကြားမှုကောင်းလို့ပဲ ပျော်နေသင့်တာ မဟုတ်လား… ဒီနေရာကို လာပြီး ဝိုင်သောက်လိုက် ငိုလိုက် လုပ်နေတာလား…"

တန်ရော်ဝေ၏ ကြိမ်းမောင်းသံကြောင့် တံခါးနောက်၌ ပုန်းနေကြသည့် ကျူယွမ်ကျီတို့ နှစ်ဦးက ထိတ်လန့်ကာ ထခုန်မိကြသည်။ ထို့နောက်တွင် ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲတို့က စီနီယာ ဒေါ်လေးဖြစ်သူအား အားကျစွာဖြင့် စိုက်ကြည့်မိကြသည်။

"ငါပျော်ပါတယ်…"

ပိုင်ချူးရန်က မျက်နှာအား ဖုံးကွယ်၍ ခေါင်းရမ်းလိုက်ကာ…

"ပျော်လို့ မျက်ရည်တောင် ကျနေပြီလေ…"

"ဒါဆို အလောင်းအစားက အကျုံးဝင်သေးလား…"

တန်ရော်ဝေက မျက်ခုံးပင့်ကာ မေးခွန်းထုတ်လိုက်သည်။

"ကျိန်းသေပေါက်ပဲပေါ့…"

ပိုင်ချူးရန်က မျက်နှာအား ဖုံးကွယ်ထားဆဲဖြစ်၏ ။

"ငါဆိုတဲ့ ပိုင်ချူးရန်က စကားကို ဗလောင်းဗလဲ လုပ်တတ်တဲ့သူ မဟုတ်ဘူး…"

All Chapters