← Chapters

ဓားချက်တခု လက်ဝါးချက်နှင့် လွတ်မြောက်ရေး နည်းလမ်း

Vol. 6 Ch. 53

ဓားချက်တခု လက်ဝါးချက်နှင့် လွတ်မြောက်ရေး နည်းလမ်း

Vol. 6 Ch. 53

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၃)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

တန်ရော်ဝေက ဆရာဖြစ်သူ ပိုင်ချူးရန် ရှိရာသို့သွားကာ လက်ကမ်းပေး၍ ပြောသည်။

"ဟုတ်ပြီလေ ဒါဆိုလည်း ကြယ်ခုနှစ်ခု တောင်ထွဋ်ဆီ ပြန်လာတော့…"

"ဘာလုပ်မို့လဲ…"

ပိုင်ချူးရန်က ပြန်မေးလာ၏ ။

"ဒါက မင်းရဲ့ ဝောာင်းဆိုမှုလား…"

"ဘယ်ဟုတ်မလဲ… တပည့်က အဲ့လောက် မတုံးအပါဘူး…"

တန်ရော်ဝေက ပြန်ပြောနေသည်။

"ဒါပေမယ့် သဘောတူထားတာကို မေ့နေတာများလား… အဆင့်မြင့်ဓားပျံ ပြောထားတာ အခုလိုချင်တယ်… မြန်မြန်ပြန်ပြီးတော့ ဖန်တီးပေးပေါ့…"

ထို့နောက်တွင် ဆရာတပည့် နှစ်ဦးက ကြယ်ခုနှစ်ခု ဝောင်ထွဋ်သို့ ပြန်သွားကြသည်။ ထိုမြင်ကွင်းကြောင့် ချင်ယွမ်ကျီက ပြုံးကာ မှတ်ချက်ပေးသည်။

"ရော်ဝေက အထင်ကြီးစရာပဲ… နောက်ကျရင် ဘိုးဘေး ပူးပေါင်းဖို့ စိတ်မပါတဲ့ အချိန်တိုင်း သူ့ကို အကူအညီတောင်းလို့ရပြီလေ…"

"အကြံကောင်းပဲ…"

ကျူယွမ်ကျီက သဘောတူကြောင်း ခေါင်းညိမ့်လိုက်သည်။

……

ကြယ်ခုနှစ်ခု တောင်ထွဋ်သို့ ပြန်ရောက်ပြီးချိန်တွင် ဖြစ်၏ ။ တန်ရော်ဝေက ပိုင်ချူးရန်အား လက်နက်သန့်စင်ခန်းသို့ အလျင်စလို ခေါ်ဆောင်သွားသည်။

ပိုင်ချူးရန်က တပည့်ဖြစ်သူမှာ နိုင့်ထက်စီးနင်း ပြုကျင့်သည့်ဟုပင် ခံစားမိနေသည်။ သူ့အနေဖြင့် တပည့်ဖြစ်သူနှင့် မျက်နှာချင်းဆိုင်ချိန်တွင် ရှုံးနိမ့်သည့် ခံစားချက်အား ရရှိထားသည်။ သို့သော်လည်း သတိဝင်လာပြီးချိန်၌ လိုအပ်သည့်အရာများအား မီးပြင်းဖိုတွင် ထည့်ကာ တင်ပျဉ်ခွေထိုင်လိုက်သည်။

ယခုခံစားချက်မှာ အခြေတည်အဆင့်မှ ချီသန့်စင်ခြင်းအဆင့်အား စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းမျိုးပင်လော…

ပိုင်ချူးရန်၏ စိတ်၌ အလောင်းအစား ရှုံးနိမ့်ရခြင်းကေုာင့် ထိတ်လန့်မိနေသည်။ သို့သော်လည်း စကားပြောင်းတတ်သူ မဟုတ်သည့်အတွက် ကတိအတိုင်း လုပ်ဆောင်ပေးသည်။

ချူးရန်က လက်နက်သန့်စင်ရန် လိုအပ်သည့် အရာများအား တပည့်ဖြစ်သူ ချီသန့်စင်ခြင်း ပထမအဆင့်ကတည်းက ကြိုတင်စုဆောင်းထား၏ ။

အနောက်ပိုင်းမြေဆီမှ မီးတောင်ကျောက်၊ ကောင်းကင်ပြင်မှ ဆန်းကြယ် သလင်းကျောက်နှင့် ဖုန်းဆိုးမြေရှိ နတ်ဆိုး ဉက္ကာခဲ စသည်တို့်မှာ ကျင့်ကြံခြင်းလောက၌ ရှားပါးအဖိုးတန်လှသည့် အရာများဖြစ်၏ ။ ပိုင်ချူးရန်က တပည့်ဖြစ်သူအတွက် ထိုအရာများအား စုဆောင်းထားသည်။

ပိုင်ချူးရန်က လက်ချောင်းထိပ်မှ မီးလျံတခု ဖန်တီးလိုက်၏ ။ ထိုမီးတောက်မှာ ရဲရဲနီနေသော်လည်း အတွင်းပိုင်း၌ နက်မှောင်နေသည်။

ထိုအရာမှာ ပိုင်ချူးရန် ဖန်တီးထားသည့် ထာဝရမီးတောက်ပင်။ ချူးရန်အနေဖြင့် ချီသန့်စင်ခြင်းအဆင့်၌သာ ရှိနေသေးသည့်အတွက် အခြေတည်အဆင့်များ အသုံးပြုသည့် စွမ်းရည်များအား အသုံးပြုနိုင်ခြင်း မရှိသည့်အတွက် ဖန်တီးထားရခြင်း ဖြစ်သည်။

တိုက်ခိုက်မှု စွမ်းရည် မြင့်တင်ရန်နှင့် ကျင့်ကြံသူတဦးဖြင့် ဆင်တူစေရန် ချူးရန်က ကျင့်ကြံမှု အခြေခံမလိုအပ်သည့် စွမ်းရည်များစွာကို လေ့လာထားသည်။ လက်စည်းတံဆိပ်များမှာ ထိုလေ့လာမှုများမှ တခုဖြစ်သည်။

လက်စည်းတံဆိပ်များအား အသုံးပြု၍ လောကဉပဒေသများဖြင့် ဆက်နွယ်သည့် သက်ဆိုင်ရာ စွမ်းရည်များ အသုံးပြုနိုင်သည်။ စည်းတံဆိပ်၏ စွမ်းရည်မှာ မန္တန်များအောက် နိမ့်ကျခြင်း မရှိသော်လည်း လေ့လာရန်အတွက် အချိန်နှင့် စွမ်းရည် အမြောက်အများ အသုံးပြုရသည်။ ထို့အပြင် တိုက်ကွက်စွမ်းအားသည်လည်း စွမ်းအင်အမြု‌ေတပေါ်၌ အခြေခံနေသေးသည်။

သို့သော်လည်း ပိုင်ချူးထံ၌ အမြောက်အများရှိနေသည့် အရာမှာ အချိန်နှင့် စွမ်းအင်ပင် မဟုတ်လော။ ထို့ကြောင့်လည်း အကောင်းဆုံးသော စွမ်းအင် အမြုတေများအား နှစ်ပေါင်းများစွာ အချိန်ပေး၍ ရှာဖွေထားနိုင်သည်။

ဉပမာအားဖြင့် မီးစည်းတံဆိပ်မှာ တောရိုင်းအတွင်းမှ မီးငှက်၏ အသက်ဓာတ်ပါဝင်နေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ချူးရန်က မီးငှက်အား ဖမ်းဆီး၍ အမြုတေအန်ထုတ်စေကာ ထာဝရ မီးဝောက်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။

မီးစည်းတံဆိပ် ရှိနေခြင်းကြောင့် ရွှေအမြုတေအဆင့်မှ အသုံးပြုနိုင်သည့် မူလမီးဓတ်ဖြင့် ဖန်တီးပြုလုပ်နိုင်သည့် အရာများထက် သာလွန်သည့် အရာများအား ပြုလုပ်နိုင်သည်။ သာဓကအားဖြင့် လက်နက် သန့်စင်ခြင်းနှင့် လက်နက် ဖန်တီးခြင်းတို့ ဖြစ်သည်။

လက်ချောင်းထက်မှ ထာဝရ မီးတောက်အား မီးပြင်းဖိုအတွင်း ထည့်သွင်းပြီးနောက်တွင် ပိုင်ချူးရန်က တပည့်ဖြစ်သူအတွက် ဓားပျံသွန်းလုပ်ခြင်း စတင်တော့သည်။

ဓားပျံရရှိမည်ဟူသော အတွေးမှာ ပိုင်ချူးရန်၏ နှစ်သုံးထောင်ကျော်ကြာ အိပ်မက်ဟုလည်း ဆိုနိုင်သည်။ နေ့နေ့ညည စိတ်ကူယဉ်ကာ ဒီဇိုင်းမျိုးစုံပင် ပုံဖော်ထားခဲ့သေးသည်။ လက်တလောတွင် ထိုအရာများအား မီးပြင်းဖိုထက်မှာ အရည်အတွင်းသို့ ထည့်သွင်း သွန်းလောင်းကာ ဖန်တီးနေရသည်။

သန့်စင်ခြင်းနှင့် ပုံဖော်ခြင်း လုပ်ငန်းစဉ်များအား ဆက်တိုက် လုပ်ဆောင်ပြီးနောက်တွင် မီးပြင်းဖိုထက်၌ သလင်းကျောက် ဓားပျံပုံစံ ပေါ်လာသည်။

"ဒီဓားကို ခွန်းလင်လို့ ခေါ်တယ်…"

နောက်တနေ့ နံနက်တွင် အနက်ရောင် တောင်ထွဋ်ထိပ်၌ ပိုင်ချူးရန်က တန်ရော်ဝေအား ဓားပျံပေးအပ်သည်။

"ဒီဓားကို ခင်ပွန်းသည်လို သဘောထား မဟုတ်သေးဘူး သားသမီးလိုပေါ့…"

"သားသမီးလိုလား… ဟုတ်ကဲ့ပါ…"

All Chapters