ဓားချက်တခု၊ လက်ဝါးချက်နှင့် လွတ်မြောက်ရေးနည်းလမ်း(၁)
Vol. 6 Ch. 54
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၄)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
တန်ရော်ဝေက ဆရာဖြစ်သူ၏ လက်မှ ဓားအား ယူလိုက်သော်လည်း ပိုင်ချူးရန်မှာ လက်မလွတ်နိုင်ဘဲ ဖြစ်နေသည်။
"ဆရာရေ လွှတ်ပါတော့…"
တန်ရော်ဝေက အားသုံး၍ ဆွဲယူသည့်တိုင် ဓားပါမလာဘဲ ဖြစ်နေသေးသည်။
"ငါ့မှာ အိပ်မက်တခု ရှိတယ်…"
ပိုင်ချူးရန်က ဓားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်းမှ တပည့်ဖြစ်သူအား ပြောပြနေသည်။
"တနေ့ ငါအခြေတည်အဆင့် တက်လှမ်းပြီးရင် အစ်အမှန်ချီနဲ့ ဓားပျံတွေကို သွေးဆက်စပ်မှုလုပ်မှာ… ဒါဆိုရင် ရောင်စုံဓားပျံတွေကိုာထိန်းချုပ်နိုင်ပြီပေါ့… အဲ့အခါမှ ငါ့ကို လှောင်ပြောင်တဲ့သူတွေ အပေါ်ကနေ ဓားပျံနဲ့ ပျံသန်းမယ်လို့ စိတ်ကူးထားတာ…"
"ဆရာ့ကို ဘယ်သူမှ ဂရုမစိုက်တော့ပါဘူး… ဆရာ ဒီဓားကို မပေးတော့ဘူးလား…"
တန်ရော်ဝေ အနေဖြင့် ပိုင်ချူးရန်၏ လက်မှ ဓားအား မယူနိုင်သေးပေ။ နောက်ဆုံးတွင် သူမက ဆရာဖြစ်သူ၏ လက်အား ကိုက်လိုက်၏ ။ ထိုအချိန်မှသာ ပိုင်ချူးရန်က တွန့်ဆုတ်စွာဖြင့် ဓားအား လက်လွှတ်တော့သည်။
ဓားအား လက်ဝယ် ရရှိပြီးချိန်၌ တန်ရော်ဝေက သွေးဆက်နွယ်မှု ပြုလုပ်သည်။ ထို့နောက်တွင် ဓားပျံအား သိမ်းဆည်းလိုက်၏ ။
"ဘာတွေ ကြောက်နေတာတုံး…"
ထိုဖြစ်ရပ်ကြောင့် ပိုင်ချူးရန်က မှတ်ချက်ပေးလာသည်။
"ငါကပဲ ပြန်လုတော့မယ့် ပုံစံပါလား…"
"ဆရာက ပြောရသေးတယ်နော်…"
တန်ရော်ဝေက ဆရာဖြစ်သူအား စိုက်ကြည့်နေတော့သည်။
ပိုင်ချူးရန်က နှာခေါင်းအယး လက်ဖြင့်ထိကာ မကြားသယောင် ပြုနေသည်။
"အို ဟုတ်သားပဲ… ဆရာ…"
တန်ရော်ဝေက ဓားပျံအား သိမ်းဆည်းပြီးနောက်တွင် တစုံတစ်ခုအား သတိရပုံပေါ်ကာ စကားစလာသည်။
"အခု ဓားပျံ ထိန်းချုပ်နိုင်ပြီဆိုတော့ တိုက်ကွက်တချို့ သင်ပေးတော့မယ် မဟုတ်လား…"
လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလ၌ ခန္ဓာပြောင်းလဲခြင်း အတတ်နှင့် မဟာမြေဆွဲအား ထိန်းချုပ်ခြင်းတို့မှ လွဲ၍ တခြားသော ပညာရပ်များအား သင်ကြားပေးခြင်း မရှိခဲ့ပေ။
သို့ဖြစ်ရာ တန်ရော်ဝေ အနေဖြင့် ကျင့်ကြံမှု တိုးတက်လာသော်လည်း တိုက်ခိုက်စွမ်းရည်၊ အတွေ့အကြုံနှင့် တိုက်ကွက်များ၌ တိုးတက်မှု မကြုံရချေ။ ကြယ်ခုနှစ်ခု တောင်ထွဋ်၌ နေထိုင်သူများမှာ သူမနှင့် ပိုင်ချူးရန်ချည်းသာ မဟုတ်ကြပေ။ များစွာသော စိတ်ဝိညာဉ် သားရဲများလည်း ရှိနေသေးသည်။
ပိုင်ချူးရန်၏ ခွင့်ပြုမှုကြောင့် သားရဲများက တောင်အောက်ဆင်း၍ ကျင့်ကြံမှုပြုခြင်းနှင့် ရေချိုးခြင်းတို့ ပြုလုပ်သည့် တန်ရော်ဝေအား ပြဿနာရှာကြသည်။ ထိုသားရဲများတွင် ရေပူစမ်း၌ ရင်ကော့ပြသော မျောက်မငယ်မှာ အဆိုးဆုံးဖြစ်သည်။
သားရဲများမှာ ချီသန့်စင်ခြင်းအဆင့်သာ ဖြစ်သည့်အတွက် တန်ရော်ဝေ အနေဖြင့် ရွှမ်လုံနည်းလမ်းနှင့် ခန္ဓာပြောင်းလဲခြင်း အတတ်မှ အင်အားကို ပေါင်းစပ်ကာ ရင်ဆိုင်နိုင်သည်။ သို့သော်လည်း ထိုမျောက်မမှာ ချီသန့်စင်ခြင်း အထွဋ်အထိပ် အဆင့်ဖြစ်ရုံမကဘဲ ချီမင်ဓားဂိုဏ်း၏ ဓားကွက်များပါ ကျွမ်းကျင်နေသည်။
တခုသော နေ့လည်၌ တန်ရော်ဝေအား မျောက်မမှ နှစ်ကြိမ်တိုင်တိုင် ရန်စလာသည်။ ထို့ကြောင့် တိုက်ခိုက်မှု ပြုလိုက်ရာ မျောက်မမှ သစ်ကိုင်းအား ကောက်ယူ၍ တန်ရော်ဝေ၏ တင်ပါးအား မညှာမတာ ရိုက်နှက်ခဲ့သည်။ မိန်းကလေးငယ်၏ တင်ပါးတွင် ရှိုးရာများသာ ကျန်နေခဲ့ရသည်။
ရှန်ရွှမ် တော်ဝင်မိသားစု၏ နည်းလမ်းဖြစ်သော ရွှမ်လုံနည်းလမ်းမှာ လျှို့ဝှက် နည်းလမ်းဖြစ်သည့်တိုင် ကိုယ်ခံပညာ အဆင့်သာ ဖြစ်သည်။ သို့ဖြစ်ရာ တာအိုသခင် ချီမင် ဖန်တီးခဲ့သည့် ချီမင်ဓားတိုက်ကွက်အား အနိုင်ယူရန် မစွမ်းသာပေ။
သို့ဖြစ်ရာ တန်ရော်ဝေက ပြန်လည်တိုက်ခိုက်မှု မပြုနိုင်ဘဲ မျက်ရည်စက်လက်ဖြင့်သာ ပြန်လာရသည်။ ထိုအချိန်တွင်လည်း ဆရာဖြစ်သူ ပိုင်ချူးရန်က ဟားတိုက်ရယ်မော၍ လှောင်ပြောင်ခဲ့သည်။
"ငါ့တပည့်က တိုက်ကွက် သင်ချင်တာလား…"
ပိုင်ချူးရန်က ခဏကြာ သုံးသပ်မှု ပြုလိုက်သည်။
"လိုအပ်တာတော့ အမှန်ပဲ အခု အခြေတည်အဆင့်ရောက်ပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ တခြားသူတွေကို တိုက်ခိုက်ဖို့ သင်ပေးရဦးမယ်… ပြီးတော့ တခြား ကျင့်ကြံရေး နည်းလမ်းအသစ်တွေကို သင်ပေးဖို့ အချိန်ကျပြီ…"
"တခြားသူကို ရိုက်လို့ရလို့လား…"
တန်ရော်ဝေက မေးခွန်းထုတ်လာသည်။
"တပည့် တခြားသူကိုတော့ မရိုက်ချင်ဘူး… အဲ့တာထက် တောင်ပေါ်က မျောက်မရန်ကနေပဲ ကိုယ့်ဘာသာ ကာကွယ်ချင်တာ…"
"ရတယ်လေ… ငါ့တပည့်က အကောင်းမြင်တတ်တာပါလား…"
ပိုင်ချူးရန်က သင်ကြားပေးရန် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၏ ။ ထို့ကြောင့် သိုလှောင်အိတ်အတွင်းမှ သာမန်ဓားတချောင်း ထုတ်ယူလိုက်သည်။
"ပုံမှန်ဆိုရင်တော့ ချီမင်ဓားဂိုဏ်းထဲ ရောက်လာတာနဲ့ ဆရာ့ရဲ့ ဆရာ ဖန်တီးခဲ့တဲ့ ချီမင်ဓားတိုက်ကွက် သင်ပေးရမှာ… ဒါပေမယ့် အရင်နှစ်တွေမှာ အခြေတည်အဆင့်ဖို့ အားထုတ်တာကို ကြည့်ရသလောက် ချီမင်ဓားတိုက်ကွက်က မြေဆွဲအား ကျင့်ကြံတာနဲ့ မသင့်တော်နေဘူး… အဲ့တာကြောင့် ငါ့တပည့်အတွက် သင့်တော်အောင် ချီမင် ဓားတိုက်ကွက်ကို ပြင်လိုက်တယ်… အခုက ပထမဆုံး အကွက်ကို ပြမယ်… သေချာ ကြည့်ထားတော့…"
ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် ဓားမြောက်လိုက်၏ ။ ထိုအချိန်၌ သူ၏ ကိုယ်၌ မြေဆွဲအားများ ထွက်ပေါ်လာသည်။ ပိုင်ချူးရန်က သံဓား ကိုင်ဆောင်ကာ မြေဆွဲအားနှင့်အတူ ကိုယ်ပိုင်စွမ်းအားပါ ထပ်ပေါင်း၍ ထိုးစိုက်လိုက်တော့သည်။
မြေဆွဲအားအပြင် ပိုင်ချူးရန်၏ ချီစွမ်းအားတို့ကြောင့် အနက်ရောင် ဓားအလင်းတခု ထွက်ပေါ်လာကာ အနက်ရောင် တောင်ထွဋ်ရှိ ကျောက်ဆောင်တခုအား သွားရောက်ထိမှန်သည်။ ထိုကျောက်ဆောင်မှာ ရုတ်ချည်းပင် အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။