← Chapters

ကျန်းပြည်နယ်ရှိ တင်နိုင်ငံ

Vol. 6 Ch. 57

ကျန်းပြည်နယ်ရှိ တင်နိုင်ငံ

Vol. 6 Ch. 57

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၇)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

မျက်စိတ်မှိတ် အတွင်း၌ အချိန်များ တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားသည်။ ခြောက်လကျော် ကြာပြီးဖြစ်ကာ တန်ရော်ဝေ အနေဖြင့် တောင်ထွဋ်၏ လမ်း၌ ရန်သူတော် မျောက်ဖြင့် ရင်ဆိုင်ရသည်မှာ (၁၃၈)ကြိမ်မြောက် ဖြစ်၏ ။

"ကွိ… ကွီ ကွီ…"

ထိုမျောက်က ရော်ဝေအား မည်သို့ ရန်စရမည်ကို ကောင်းစွာ သိနားလည်ထားသည်။ သို့ဖြစ်ရာ အုန်းခွံနှစ်ခုအား ကောက်ယူပြီး တန်ရော်ဝေအား လှမ်းခေါ်ကာ ရင်ဘတ်၌ ကပ်ပြ၏ ။ ထို့နောက်တွင် ဟားတိုက် ရယ်တော့သည်။

သို့သော်လည်း တန်ရော်ဝေက ယခင်ကကဲ့သို့ ဓားကိုင်ဆွဲ၍ တိုက်ခိုက်ခြင်း မပြုလုပ်ထားပေ။

မိန်းကလေးငယ်က လက်တွင် ကိုင်ဆောင်ထားသည့် ဆေးပင်များအား အောက်ချကာ မျောက်ငယ်အား စိုက်ကြည့်၍ ပြုံးလိုက်သည်။

ထိုခဏ၌ အနက်ရောင် ဓားအလင်းတခု ပေါ်လာပြီး မျောက်ငယ်၏ အမွှေးများအား ပွတ်တိုက်သွားကာ လမ်းရှိ သစ်ပင်အား သွားရောက် ထိမှန်သည်။ မျောက်ငယ် အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

သစ်ပင်ငယ်မှာ နှစ်ခြမ်းကွဲသွားသည့်အပြင် မျောက်ငယ်၏ ရင်ဘတ်မှ အုန်းခွံများသည်လည်း နှစ်ခြမ်းကွဲ၍ အောက်သို့ ကျသွားသည်။

မျောက်ငယ်၏ သိတ်စိတ်၌ တဖက်သူမှာ ယခင်ကကဲ့သို့ အားနည်းသူ မဟုတ်တော့သည်ကို သိသွား၏ ။ ထို့ကြောင့် ကြောက်လန့်တကြား အော်ဟစ်ကာ တောအတွင်းသို့ ပြေးဝင်သွားတော့သည်။

သို့သော်လည်း ထိုသို့ပြုလုပ်သည့်တိုင် အချည်းအနှီးသာ ဖြစ်၏ ။ တန်ရော်ဝေက မျောက်ငယ်၏ နောက်သို့ တပ်ကြပ်မကွာ လိုက်ကာ တောင်အောက်ရှိ ဂူတခု အနီးသို့ ရောက်သွားသည်။

"ဘုန်း…"

မျောက်ငယ်၏ ပုခုံးထက်မှ လက်ဝါးချက်တခု ဖြတ်သွားကာ အနီးရှိ ကျောက်ဆောင်သို့ သွားရောက် ထိမှန်သည်။ သို့ဖြစ်ရာ ကျောက်ဆောင်ထက်၌ အက်ကွဲရာများ ပေါ်သွားသည်။

"သေစမ်း မျောက်စုတ်…"

မိန်းကလေးငယ်က မျောက်ငယ်အနီးသို့ ချဉ်းကပ်ကာ ကောက်ကျစ်သည့် အပြုံးတပွင့်ဖြင့် နှုတ်ဆက်သည်။

"အတုံ့အလှည့်ဆိုတာ ရှိစမြဲပြလေ… နောက်ဆုံးတော့ ဒီနေ့ နင့်ကို မိပြီပေါ့…"

………

"လားလားလား… လလာလားလား…"

တန်ရော်ဝေက ဆေးပင်များ ကိုင်ဆောင်ကာ သီချင်းညည်း၍ ခြံဝန်းအတွင်းသို့ ဝင်လာသည်။ ထို့နောက်တွင် ပိုင်ချူးရန် ရှိရာနေရာ၌ ဆေးပင်များ ချလိုက်သည်။

"တခုခု လွဲနေသလိုပဲ…"

တပည့်ဖြစ်သူ၏ ရွှင်ပျနေမှုကြောင့် အခန်းအတွင်း၌ တင်ပျဉ်ခွေထိုင်နေသည့် ပိုင်ချူးရန်က မေးလာသည်။

"မျောက်မ တကောင်က မိတ်လိုက်ဖို့ ပြိုင်တာ အနိုင်ရသလိုပဲ… စိတ်တွေ ထကြွနေပြီလား…"

"ဟေး…"

တန်ရော်ဝေ၏ စိတ်ခံစားချက် ကောင်းမွန်မှုက ရုတ်ချည်းပင် ပျက်စီးသွား၏ ။ ထို့ကြောင့် ဒေါသတကြီးဖြင့် ရေရွတ်လိုက်တော့သည်။

"ကိုယ့်တပည့်ကို ဘယ်သူကမှ ဒီလိုစကားပြောမယ် မထင်ပါဘူး…"

"အို နားလည်ပြီ…"

ပိုင်ချူးရန်က တပည့်ဖြစ်သူအား တချက်ကြည့်‌ကာ ကောက်ချက်ချမိသွားသည်။

"င့ါတပည့်ရဲ့ ကိုယ်ထဲက မူလချီလည်း စီးဆင်းမှုရယ် လက်ဝါးက ‌‌ေကျာက်မှုန့်ရယ်ရယ်က တိုက်ပွဲ ဖြစ်ခဲ့တာကို ပြနေတယ်… စဉ်းစားကြည့်ရင် ဒီတောင်ထွဋ်မှာ မင်းကြည့်မရတာဆိုလို့ မျာက်တကောင်ပဲ ရှိတာ… ဒီလောကမှာ မျောက်တကောင်ကို အနိုင်ရလို့ ပီတိဖြာနေတဲ့ လူ ရှိမယ်လို့တောင် မထင်ထားဘူး… တကယ်ကို မျက်စိပွင့်ရပါတယ်…"

"ဆရာ့ကို မပြောတော့ဘူး…"

တန်ရော်ဝေက ဒေါသတကြီးဖြင့် အခန်းမှ ထထွက်သွားသည်။

"ဟေး နေဦး မသွားသေးနဲ့…"

ပိုင်ချူးရန်က တပည့်ဖြစ်သူအား ပြောလိုက်သည်။

"ဆရာ ပြောစရာ ရှိတယ်… တကယ့် အရေးကြီး ကိစ္စပဲ…"

မိန်းကလေးငယ်က အခန်းအတွင်းသို့ ဝင်လာပြီး ဆူဆောင့်ကာ ထိုင်ခုံ၌ ထိုင်လိုက်သည်။

ပိုင်ချူးရန်က လှောင်ပြောင်မှု မပြုတော့ဘဲ တိုက်ရိုက်သာ ပြောတော့သည်။

"အခြေတည့်အဆင့် ရောက်ပြီးပြီဆိုတော့ တောင်အောက်ဆင်းဖို့ အချိန်ကျပြီ…"

"ဘယ်လို…'

မျှော်လင့် မထားသည့် စကားအား ကြားလိုက်ရသည့်အတွက် တန်ရော်ဝေမှာ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

"ရုတ်တရက်ကြီး ဘာလို့ တောင်အောက် ဆင်းရမှာများလဲ…"

"လောကတခွင် လှည့်လည်တယ်ဆိုတာက တပည့်တိုင်း လုပ်ရမယ့် အတွေ့အကြုံတခုပဲလေ… မင်းက တောင်ပေါ်‌မှာ နေတာ ခြောက်နှစ်ကျော်ပြီ အဲ့တာမို့ တောင်အောက်ဆင်းပြီး ဗဟုသုတ ရှာဖို့ အချိန်ကျပြီ…"

ပိုင်ချူးရန်က တပည့်ဖြစ်သူအား ရှင်းပြနေသည်။

"မင်းရဲ့ အစ်ကို ရှန်ရွှမ် အိမ်ရှေ့မင်းသား လက်ထပ်သွားပြီဆိုတာ မကြားသေးဘူးလား…"

"လက်ထပ်ပြီတဲ့လား…"

တန်ရော်ဝေက တုန်လှုပ်မိသွား၏ ။

" အစ်ကိုက ဘယ်လို မိန်းကလေးမျိုးကို လက်ထပ်သွားတာများလဲ…"

ပိုင်ချူးရန်က တပည့်ဖြစ်သူအား သေမျိုးလောကနှင့် ပက်သက် ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ရမည်ဟု ကြိမ်ဖန်များစွာ သတိပေးထားသည်။ သို့သော်လည်း သွေးသားရင်း၏ သတင်းကြားရချိန်၌ တန်ရော်ဝေက ဆရာဖြစ်သူ၏ သတိပေးမှုအား မေ့သွား၏ ။ ထို့ကြောင့် မေးခွန်းထုတ်လာခြင်း ဖြစ်သည်။

"သူက ရင်သားရှိတဲ့ မိန်းကလေးကို လက်ထပ်တာ…"

သို့သော်လည်း ပိုင်ချူးရန်၏ အဖြေစကားမှာ အရှက်မဲ့လွန်းသည့် အကြောင်းအရာပင်။

"အရင်အတိုင်းပဲ ဘယ်လို ကြိုးစားကြိုးစား အချည်းအနှီးပေါ့… ရှန်ရွှမ်နိုင်ငံရဲ့ အနာဂတ် မင်းသမီးက ဘယ်လို အနာဂတ်ရှိမယ်ဆိုတာတောင် မြင်ယောင်နေပြီ…"

"ကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်…"

တန်ရော်ဝေက စကားပြန်လိုက်သည်။

"ဒီစကားကို ပြောဖို့ ခန္ဓာပြောင်းလဲခြင်းအတတ် အဆင့်ငါးဆယ်ရောက်အောင် အရင်ကြိုးစား… ဆရာကတော့ တပည့်ကို အကောင်းမြင်ပေးထားပါတယ်…"

ပိုင်ချူးရန်က စကားလမ်းကြောင်း ပြောင်းမသွားဘဲ ပြောနေသည့် အကြောင်းအရာကို ဆက်ပြောသည်။

"ပြောရရင် ဒီတခေါက်က ငါ့တပည့် ပထမဆုံး ခရီးထွက်တဲ့ အတွေ့အကြုံဖြစ်မယ်…ဆရာလည်း အခြေတည်အဆင့် တက်လှမ်းဖို့ အခွင့်အလမ်းရှာမှာမို့ ငါ့တပည့်နဲ့ အတူလိုက်ခဲ့မယ်…"

ထိုစကားကြောင့် တန်ရော်ဝေက စိတ်အေးမိသွားသည်။

"ဒါပေမယ့် ပျော်မနေနဲ့ဦး…"

ပိုင်ချူးရန်က ဆက်ပြောလာသေး၏ ။

"နှစ်ယောက် အတူသွားမှာ ဆိုပေမယ့် ငါ့တပည့် အတွေ့အကြုံရဖို့ပဲ အဓိကထားမယ်… အဲ့တာကြောင့် လမ်းမှာ ဘာပဲ ဖြစ်လာဖြစ်လာ ဆရာ ဝင်မပါဘူး… အနိုင်မရနိုင်တဲ့ ရန်သူနဲ့ မကြုံရမချင်း ကူညီပေးဖို့ မရှိဘူးဆိုတာ မှတ်ထား… ကိုယ့်ဘာသာ ပြဿနာ ဖြေရှင်းရမယ်…"

All Chapters