ကျန်းပြည်နယ်ရှိ တင်နိုင်ငံ(၁)
Vol. 6 Ch. 58
နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၈)
မူရင်းစာရေးဆရာ -
ဘာသာပြန် - Author Aven
Team - True Immortal Team
သုံးရက် ကြာပြီးချိန်တွင် ဖြစ်သည်။ ခရီးထွက်ရန် အပြည့်အစုံ ပြင်ဆင်ပြီးဖြစ်သည့် ပိုင်ချူးရန်က တပည့်ဖြစ်သူနှင့်အတူ ချီမင်ဓားဂိုဏ်းမှ ထွက်ခွာလာသည်။
တပည့်ဖြစ်သူအတွက် ပိုင်ချူးရန်က သိုလှောင်အိတ် ဖန်တီးထားပြီး ဖြစ်သည်။ အကြောင်းမှာ တပည့်ဖြစ်သူ၏ အသုံးအဆောင်များ များပြားသည့်အတွက် နေရာယူခြင်းကြောင့်ပင်။ သိုလှောင်အိတ် ရှိနေခြင်းကြောင့် ဆရာတပည့် နှစ်ဦးက အိတ်များသယ်ဆောင်ကာ နာကျင်သည့် ဝေဒနာအား ကြုံတွေ့ရန် မရှိတော့ပေ။ သို့ဖြစ်ရာ နှစ်ဦးသားက ပေါ့ပါးစွာဖြင့် ခရီးစတင်သည်။
ဆရာတပည့် နှစ်ဦးက ချီမင်ဓားဂိုဏ်း၏ ဂိတ်တံခါးအား အနှောင့်အယှက် ပေးလိုစိတ် မရှိကြချေ။ ထို့ကြောင့် ကြယ်ခုနှစ်ခု တောင်ထွဋ်မှ ဂိုဏ်း၏ နယ်နိမိန်အပြင်သို့ ထွက်ခွာကြသည်။
ချီမင်ဓားဂိုဏ်းမှ ထွက်ခွာပြီးချိန်တွင် တန်ရော်ဝေက သက်ပြင်းချမိသည်။ ထို့နောက်တွင် ဆရာဖြစ်သူ ပိုင်ချူးရန်အား မေးခွန်းထုတ်သည်။
"ဆရာ အခုက ဘယ်ကို သွားမှာလဲ… ရှန်ရွှမ်ကိုပဲလား…"
"မဟုတ်ဘူး ငါတို့ ကုပညြည်နယ်ထဲ မနေဘူး…"
ပိုင်ချူးရန်က ဖြေပေးသည်။
"ဘာလို့များလဲ…"
"တကယ်ကြီး တုံးအတာများလား…"
ပိုင်ချူးရန်က နောက်လှည့်ကာ တပည့်ဖြစိသူအား နဖူးတောက်လိုက်သည်။
"ချီမင်ဓားဂိုဏ်းက သေမျိုးလောကထဲ ဝင်မပါပေယမ့် ပြည်နယ်ကိုးခုမှာ နာမည်ကြီးဂိုဏ်းတခုလေ… ပြီးတော့ ကုပညည်နယ်က ငါတို့ရဲ့ အိမ်နောက်ဖေးလို့တောင် ပြောနိုင်သေးတာ… အဲ့မှာဆို ချီမင်တပည့်ဆိုတာ အရေးပါတယ်… မင်းရဲ့ ဘိုးဘေးလို ကျင့်စဉ် အပိုင်းအစကနေ စပြီးကျင့်ကြံတဲ့ တကိုယ်တည်း ကျင့်ကြံသူတွေပဲ မင်းကို ပြဿနာရှာရဲလိမ့်မယ်…"
"ဆရာ ပြောသလိုဆိုရင် တောင်အောက်ဆင်းတာက ပြဿနာနဲ့ ကြုံရဖို့လား…"
တန်ရော်ဝေက ရေရွတ်မိသွားသည်။
"ဒါပေါ့ အမှန်ပဲ…"
ပိုင်ချူးရန်က တပည့်ဖြစ်သူအား ပုခုံးပုတ်၍ နှစ်သိမ့်လိုက်သည်။
"တောင်အောက်ဆင်းတယ်ဆိုတာ ပြဿနာတွေ ကြုံရဖို့ပဲ…'
"ဒါဆို ကုပြည်နယ်က အဆင်မပြေမှတော့ ဘယ်သွားမလဲ…"
"လာ ဆရာ့လက်ကို ကိုင်လိုက်…"
ပိုင်ချူးရန်က တပည့်ဖြစ်သည့် တန်ရော်ဝေ၏ လက်အား ဆုပ်ကိုင်ကာ ပြောလိုက်သည်။
………
လမ်းတလျှောက်၌ အလင်းတန်းကိုသာ မြင်ရတော့သည်။ တန်ရော်ဝေ အနေဖြင့် မိုင်မည်မျှ ကျော်လွန်ပြီးသည်ကိုပင် မသိနေတော့ပေ။ ခဏကြာပြီးချိန်၌ ပတ်ဝန်းကျင် မြင်ကွင်းများ တည်ငြိမ်လာသည်။ ထိုအချိန်၌ တန်ရော်ဝေမှာ စိမ်းသက်သည့် နယ်မြေတခုသို့ ရောက်ရျိနေသည်ကို သတိပြုမိသွားသည်။
"ဆရာ…"
တန်ရော်ဝေက လမ်းမထက်မှ လူများ၏ ခြားနားသည့် ဝတ်စားဆင်ယင်ပုံများကြောင့် တီတိုးမေးလာသည်။
"ဆရာ အခာက ဘယ်ရောက်နေတာလဲ…"
"ဘယ်နေရာပါလိမ့်...စဉ်းစားကြည့်တာပေါ့ ဒီနေရာက…"
ပိုင်ချူးရန်က မျက်လုံးမှိတ်၍ စဉ်းစားကာ စကားပြန်လာသည်။
"ကျန်းပြည်နယ် တင်နိုင်ငံ…"
"ကျန်းပြည်နယ်…"
တန်ရော်ဝေက မင်သက်သွားတော့၏ ။
…ထွက်လာတာက နာရီဝက်တောင် မရှိသေးဘူး… ဆရာက ဘယ်လိုတောင် မြန်တာပါလိမ့်…
ပြည်နယ်တခုစီမှာ အလွန်ပင် ကျယ်ပြန့်လှပြီး တိုက်ကြီးတခုအလား နယ်နိမိတ် ရှိကြသည်။ ထိုသို့ ကြီးမားကျယ်ပြန့်သည့်အတွက် နတ်ဆိုးနှင့် နတ်ဘုရားများမှာ သီးခြားနေထိုင်နိုင်ကြသည်။
ကျန်းပြည်နယ်မှာ ကုပြည်နယ်၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ကြား၌ ယွမ်ပြည်နယ်ပင် ရှိနေသေး၏ ။ သို့ဖြစ်ရာ ပိုင်ချူးရန်က မိုင်ပေါင်းသိန်းချီအား ခရီးနှင်ခဲ့သည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
သာမန်သေမျိုးများ အနေဖြင့် ပြည်နယ်နှစ်ခုကြား အကွာအဝေးမှာ ကမ္ဘာနှစ်ခု ခြားနားသည်ဟုပင် ဆိုရလောက်သည်။ သို့သော်လည်း ပိုင်ချူးရန်က ထိုအကွာအဝေးက ခေတ္တခဏအတွင်း သွားလာနိုင်သည်။ အချိန်ကာလအားဖြင့် တစ်နာရီပင် မကြာခဲ့ချေ။
…ငါက ဆရာ့ကို မမီနိုင်သေးဘူး…
တန်ရော်ဝေက ဆရာဖြစ်သူအား အားကျမိနေကာ ကိုယ့်ကိုယ်ကိုယ်လည်း သတိပေးမိသည်။
"အံ့ဩစရာ မလိုပါဘူး… ငါက ရှင်သန်နေတာ နှစ်သုံးထောင်ကျော်ပြီပဲ…"
တပည့်ဖြစ်သူ၏ အတွေးကို ရိပ်စားမိသည့်အတွက် ပိုင်ချူးရန်က ရှင်းပြပြောဆိုပေးသည်။
"ကြိုးစားကျင့်ကြံ အင်မော်တယ် လောကို ရောက်ရင် ဒီလိုနှုန်းနဲ့ သွားနိုင်လိမ့်မယ်… ပြောရရင် မင်းက ဓားပျံတောင် ထိန်းချုပ်နိုင်ပြီ မဟုတ်လား…"
"ဟုတ်ကဲ့ပါ…"
တန်ရော်ဝေက နာခံကြောင်းပြောလာကာ မေးခွန်းထုတ်ပြန်သည်။
"ဒါဆို တပည့်တို့ ဘယ်ကို ဦးတည်နေတာများလဲ…"
"ငါ့တပည့်အတွက် ရှာပေးစရာ ရှိတယ်… အဲ့တာကြောင့်မို့ အချက်အလက် အရင်စုဆောင်းရတာပေါ့…"
ပိုင်ချူးရန်က ဘေးဘီသို့ ဝေ့ကြည့်နေရင်းမှ ဖြေလာသည်။
"ဆရာနဲ့ လိုက်ခဲ့… ဒီနေ့တော့ ဆရာကပဲ ဦးဆောင်ပြီး ခေါ်သွားရတာပေါ့…"
ဆရာတပည့်နှစ်ဦးက နိုင်ငံအတွင်းရှိ မြို့ကြီးတမြို့ဆီသို့ ဦးတည်နေကြသည်။
ပိုင်ချူးရန်က နယ်မြေကျွမ်းကျင်နေပုံရပြီး ခရီးစဉ် တခုလုံးအား ဦးဆောင်ဦးရွက်ပြုနေသည်။
လမ်း၏ ဘေးနှစ်ဖက်စီတွင် လှစ်ဖော်ထားသည့် အဝတ်အစားများဖြင့် အမျိုးသမီးများက ကခုန်နေကြသည်။ ထိုမြင်ကွင်းကြောင့် တန်ရော်ဝေပင် မျက်နှာပူနေတော့သည်။ သို့သော်လည်း ပိုင်ချူးရန်က တပည့်ဖြစ်သူအား သာယာမှုနယ်မြေဟု အမည်ရသည့် ဆိုင်တခုအတွင်းသို့ ဆွဲခေါ်သွားသည်။