← Chapters

ကာမသုတြာဂိုဏ်း

Vol. 6 Ch. 59

ကာမသုတြာဂိုဏ်း

Vol. 6 Ch. 59

နှစ်သုံးထောင်လော သံချောင်းလော။ အပိုင်း (၅၉)

မူရင်းစာရေးဆရာ -

ဘာသာပြန် - Author Aven

Team - True Immortal Team

ဆရာဖြစ်သူ ပိုင်ချူးရန်မှာ သာယာမှုနယ်မြေဟူသော ဆိုင်အတွင်းသို့ ဝင်သွားလိုသည်။ ထို့ကြောင့် တန်ရော်ဝေက အလျင်အမြန် သတိပေးမိသည်။

"ဆရာ ဘာလုပ်မို့များလဲ…"

"သတင်းရမို့ အသိအကျွမ်းတွေ ရှာရမယ်လေ…"

ပိုင်ချူးရန်က ပြောလာ၏ ။

"ဆရာ ဒါက ဘယ်လိုနေရာလဲ သိတယ်မလား…"

မျက်နာနီရဲနေသည့် တန်ရော်ဝေက ရေရွတ်လာပြန်သည်။

"တကယ်ပဲ မရှက်ဘူးလား…"

"ငါ့မှာ တခြားစိတ်မှ မရှိတာ… ဘာလို့ ရှက်နေရမလဲ…'

ပိုင်ချူးရန်က တပည့်ဖြစ်သူအား မေးခွန်းထုတ်လိုက်၏ ။

တန်ရော်ဝေက မနေနိုင်တော့ဘဲ ထပ်မံပြောကြားလာသည်။

"ဆရာ ဒါက ဆောင်ကြာမြိုင်ကြီးလေ… ဆရာ့လို နှစ်သုံးထောင်ကျော် လူပျိုစင်က ဂိုဏ်းခေါင်းဆောင် မဖွယ်မရာတွေ ဖတ်တုန်းကတောင် ရှက်နေသေးတာ မဟုတ်လား… စိတ်အေးအေးထားပါဦး ဘာလို့ ဒီလိုနေရာကို လာတာပါလိမ့်… နောက်ပြီး တပည့်က မိန်းကလေးလေ… ဒီလိုနေရာကို ခေါ်လာလို့ မကောင်းဘူးဆို‌တာတော့ သိသင့်တယ်…"

တန်ရော်ဝေက ထိတ်လန့်နေသည့်အတွက် ဆရာဖြစ်သူမှ စန္ဒရား စကားပြောပေးလာသည်။

"ဒီနေရာက ကာမသုတြာဂိုဏ်းနယ်မြေပဲ…"

ထိုစကားကြောင့် တန်ရော်ဝေမှာ ကြောက်လန့်မိသွား၏ ။ သူမက ချီမင်ဓားဂိုဏ်းတွင် ထိုဂိုဏ်း၏ အမည်နာမအား ကြားဖူးထားသည်။ အမှန်တရား မဟာမိတ်အဖွဲ့ကဲ့သို့ပင် ပြည်နယ်ကိုးခု၌ နတ်ဆိုးဂိုဏ်းလေးခု၏ မိစ္ဆာမဟာမိတ်အဖွဲ့ ရှိသည်။

ထိုနတ်ဆိုးဂိုဏ်း လေးခု၌ သွေးနတ်ဆိုးဂိုဏ်းမှာ ဖျက်ဆီးလွန်းသည့် ဂိုဏ်းဖြစ်ရာ ကျန်နတ်ဆိုးဂိုဏ်းများပင် သည်းမခံနိုင်ကြချေ။ လွန်ခဲ့သည့် နှစ်တထောင်၌ သွေးနတ်ဘုရားဂိုဏ်းမှာ ကျန်နတ်ဆိုးဂိုဏ်း သုံးခု၏ သစ္စ‌ာဖောက်မှုဖြင့် ရင်ဆိုင်ရသည်။ ထို့ကြောင့်လည်း အမှန်တရား မဟာမိတ်အဖွဲ့၏ ဖျက်ဆီးမှုအား ရရှိခဲ့၏ ။

ကျန်နတ်ဆိုးဂိုဏ်း သုံးခုက သွေးနတ်ဆိုးဂိုဏ်း၏ အမွေအနှစ်များအား ခွဲဝေယူကာ အားကောင်းလာကြသည်။

ကာမသုတြာဂိုဏ်းမှာ ယနေ့ထက်တိုင် တည်ရှိနေသည့် နတ်ဆိုးဂိုဏ်းသုံးခုမှ တခုဖြစ်သည်။ ထိုဂိုဏ်း၌ မိန်းမသားများကိုသာ တပည့်အဖြစ် လက်ခံ၏ ။ ကောလဟလများအရ ကာမသုတြာဂိုဏ်း၏ ကျင့်စဉ်အား ကျင့်ကြံသည့် မိန်းမသားများမှာ ဆွဲဆောင်မှု တိုးလာသည်။ အမြင့်ဆုံးအဆင့်အထိ ကျင့်ကကံပြီးပါက ကျင့်ကြံမှု အဆင့်တူ အမျိုးသားများအား ကျွန်ဖြစ်လာသည်အထိပင် ပြုလုပ်နိုင်မည်ဖြစ်သည်။ ကာမသုတြာဂိုဏ်း၏ အထူးကခုန်မှုဖြင့် ပေါင်းစပ်ပါက အင်မော်တယ်များပင် သက်ရောက်မှု ကြုံတွေ့ရနိုင်သည်။

နှစ်လိုဖွယ်ကောင်းခြင်းမှာ ကောင်းမွန်သည့် အရာတခုပင် မဟုတ်လော။ ပြောရပါက မိန်းမသားများ အနေဖြင့် အလှအပလိုက်စားခြင်းမှာ ပြဿနာကြီး မဟုတ်နေပေ။ ကာမသုတြာဂိုဏ်းမှ ကျင့်ကြံမှုနည်းလမ်းများ၏ အရေးအကြီးဆုံးသော အချက်မှာ အမျိုးသားများ၏ အဆီအနှစ် လိုအပ်ခြင်းတည်း။

ထယ်ထိုးခြင်းဖြင့် လယ်မြေများ ပျက်စီးမသွားနိုင်သော်လည်း နွားသိုးများမှာ အားအင်ကုန်ခမ်းကာ သေဆုံးနိုင်သည်ဟူသော ဆိုရိုးပင် ရှိထားသေးသည်။ ကာမသုတြာဂိုဏ်းမှ မိန်းမသားများမှာ အားအကောင်းဆုံးသော နွားသိုးများအား အားအင်ကုန်ခမ်းသွားစေနိုင်သည့် လယ်မြေများဟုပင် ဆိုနိုင်သည်။

နတ်ဆိုးဂိုဏ်းများ၏ ဆောင်ပုဒ်မှာ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းဟူသော စကားပင်။ ကာမသုတြာဂိုဏ်း၏ စွမ်းရည်သည်လည်း အားနည်းသည်ဟု မဆိုနိုင်ချေ။ ထို့ကြောင့် အစောပိုင်းကာလများ၌ နတ်ဆိုးမများကြောင့် လှိုင်းဂယက်များ ထခဲ့သေးသည်။ ထိမိန်းမသားများ ခြေချရာနေရာတိုင်း၌ အမျိုးသားများ သေဆုံးကြရသည်။ ထို့အပြင် လမ်းမများပေါ်၌ ခြောက်ကပ်သေဆုံးနေသည့် အလောင်းများကိုလည်း တွေ့ခဲ့ရသည်။

ကာမသုတြာဂိုဏ်းမှာ နတ်ဆိုးဂိုဏ်းသုံးခု၌ ဝရမ်းအနည်းဆုံးသော ဂိုဏ်းဟု ဆိုရလောက်သည်။ ကျန်ဂိုဏ်းနှစ်ခုမှာ အားကောင်းသော်လည်း အမှန်တရားဘက်တော်သားများအား သတ်ဖြတ်ခြင်းသာ ပြုလုပ်နိုင်သည်။ သို့သော်လည်း ကာမသုတြာဂိုဏ်း၏ ဖမ်းဆီးမှုကြုံရပါက အမျိုးသား ကျငိ့ကြံသူအနေဖြင့် သာယာမှုအောက်တွင် ဇီဝန်ချုပ်ရမည် ဖြစ်၏ ။ သို့သော်လည်း မိန်းမသားများမှာ သေခြင်းတရားထက်ပင် ဆိုးဝါးသည့် ကံတရားဖြင့် ကြံရမည် ဖြစ်သည်။

ကောလဟလများအရ အမှန်တကား ကျင့်ကြံသူများဖြင့် ကာမသုတြာဂိုဏ်း ကြုံတွေ့ပါက အမျိုးသားများမှာ အလောင်းချောက်ကပ်သည်အထိ စုပ်ယူခံရမည် ဖြစ်သည်။ သို့သော်လည်း အမျိုးသမီးများမှာ ဂိုဏ်း၏ လျှို့ဝှက်နေရာ၌ ဖမ်းဆီးခံထားရကာ ဦးနှောက်ဆေးခြင်းဟု ခေါ်ရလောက်သည့် နားချသိမ်းသွင်းခြင်းဖြင့် ကြုံတွေ့ရသည်။ နောက်ဆုံးတွင်မူ ဂိုဏ်း၏ ကျွန်တဦး ဖြစ်လာသည်။

ယဉ်ကျေးမှု သင်ရိုးအား ပို့ချသည့် ဆရာများကလည်း မှာကြားထားမှုများ ရှိသည်။ ထို့ကြောင့် ကာမသုတြာဂိုဏ်း၏ နယ်မြေဟု ကြားရချိန်၌ တန်ရော်ဝေက ထွက်ပြေးမိသည်။ ပိုင်ချူးရန်က တပည့်ဖြစ်သူအား လက်ဆွဲ၍ တားဆီးလိုက်ရသည်။

"ငါ့တပည့်က ဘာတွေကြောက်နေတာတုံး…"

တန်ရော်ဝေက ယဉ်ကျေးမှုသင်ရိုးမှ ပို့ချချက်များအား ဆရာဖြစ်သူထံသို့ ပြန်လည်ပြောပြသည်။

"ကြောက်စရာ မလိုပါဘူး… ဒီလိုဖြစ်ရပ်တွေက အရင်မျိုးဆက်ရဲ့ လုပ်ရပ်တွေ… ကာမသုတြာဂိုဏ်းမှာ ဒီလိုလုပ်တဲ့ သူတွေ ရှိနေပေမယ့် ငါ့တပည့်ကိုတော့ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး…"

"ဘာလို့များလဲ…"

တန်ရော်ဝေက မေးလာသည်။

"တပည့်က ချီမင်ဂိုဏ်းဝင်တင်မကဘူး ငါပိုင်ချူးရန်ရဲ့ တပည့်လေ… နားထောင်ဦး အမှန်တရား မဟာမိတ်အဖွဲ့က ဂိုဏ်းတခုမို့ သူတို့ကတောင် ပြန်ကြောက်ရားမယ်…"

ပိုင်ချူးရန်က ရှင်းပြနေသည်။

"ငါလက်‌ေတွ့ပြမယ်…"

All Chapters