← Chapters

အခန်း (၆၇၁-၆၇၂)

Vol. 68 Ch. 671-672

အခန်း (၆၇၁-၆၇၂)

Vol. 68 Ch. 671-672

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၁ + ၆၇၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 16376

အမျိုးသမီး စစ်သူကြီး ဖူဟုန်ပင်းသည် မြင်းတပ်ကို ဦးဆောင်ကာ မြို့တံခါးမှ ထွက်လာပြီး ဒူးတစ်ဖက်ထောက်၍ ဂါရဝပြုကာ လျှောက်တင်လိုက်၏။ “ကျွန်မ ဖူဟုန်ပင်း… အရှင်သခင်နဲ့ သခင်မလေးကို ဂါရဝပြုပါတယ်။ ရေချိုးဖို့ ၊ စားသောက်ဖို့နဲ့ အဝတ်အစားတွေ အားလုံး အဆင်သင့် ပြင်ဆင်ထားပြီးပါပြီ”

ဖူဟုန်ပင်းသည် တုပိုင်၏ ပုံသဏ္ဍာန်ကို မော့ကြည့်လိုက်မိလေသည်။ သူမ၏ အရှင်သခင်သည် အရပ်ပိုရှည်လာပြီး စိတ်နေသဘောထားမှာလည်း အာဏာစက် ပြင်းထန်လာလေသည်။ ယခင်ကကဲ့သို့ အားနွဲ့သော မိန်းမလှလေးတမျှ နူးညံ့သည့် လူငယ်တစ်ယောက် မဟုတ်တော့ချေ။

ဤသည်မှာ အလွန်ကောင်းမွန်လှပေ၏။ ဤသည်မှာ သူတို့၏ အရှင်သခင် စစ်စစ်ပင် ဖြစ်သည်။ တုပိုင် အမိန့်ပေးလိုက်၏။ “စစ်သူကြီး ဖူဟုန်ပင်း တာဝန်ကျေသွားပြီ။ မြို့ထဲ ဝင်ကြတာပေါ့”

တစ်ချိန်တည်းမှာပင် ကင်းထောက်တစ်ဒါဇင်ကျော်ကို မြို့တော်သို့ အမြန်ဆုံး စေလွှတ်လိုက်၏။

အပျိုတော်များ၏ ပြုစုမှုအောက်တွင် မင်းသမီးနင်းရွှဲ့သည် ပန်းပွင့်များနှင့် အဆီအနှစ်များကို အသုံးပြုကာ ရေချိုးကန်ထဲတွင် နာရီဝက်ခန့် စိမ်ချိုးလိုက်လေသည်။ ရုတ်တရက် သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် တစ်ဖန် ပြန်လည် ဖြူဝင်းလာပြီး အပြစ်အနာအဆာ ကင်းစင်သွားကာ မွှေးပျံ့သော ရနံ့များ သင်းပျံ့လာသည်။

ရေချိုးကန်ထဲမှ ထွက်လာကာ မှန်ထဲတွင် သူမ၏ လှပသော ခန္ဓာကိုယ်ကို ကြည့်လိုက်မိ၏။ အလွန် ဂုဏ်ယူစရာကောင်းသော ကျောက်စိမ်းရုပ်သွင်ပင် ဖြစ်လေ၏။ အရပ်အမောင်း လုံလောက်စွာ မြင့်မားပြီး ခန္ဓာကိုယ် အကွေးအကောက်များမှာလည်း လှုပ်ရှားသက်ဝင်နေသည်။

နီရှန် နတ်မိမယ်နှင့် နှိုင်းယှဉ်လျှင် သူမ၏ ခန္ဓာကိုယ်အချိုးအစားက ပိုမို ဆွဲဆောင်မှု ရှိသော်လည်း မင်းသမီးယွီကျိန်း လောက်မူ မကြီးမားချေ။ အထူးသဖြင့် တစ်နှစ်ပတ်လုံး သိုင်းပညာ လေ့ကျင့်ထားသောကြောင့် သူမ၏ ခြေတံများမှာ သွယ်လျပြီး သန်မာကာ စွမ်းအားများ ပြည့်ဝနေသည်။ ခါးလေးမှာ သေးငယ်သော်လည်း ကျစ်လျစ်သော ကြံ့ခိုင်မှု ရှိလေ၏။

ရင်ဘတ်ဖြစ်စေ ၊ ခါးဖြစ်စေ အကွေးအကောက်တိုင်းသည် ပြီးပြည့်စုံပြီး ဆွဲဆောင်မှု ရှိနေသည်။ ကံဆိုးစွာဖြင့် ဤနူးညံ့သော ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များ ရှိနေခြင်းပင်။ သူမ၏ သိုင်းပညာသည် အလွန်မြင့်မားပြီး သိုင်းပညာရှင် တစ်ဒါဇင်ကျော်၏ ကာကွယ်စောင့်ရှောက်မှု ရှိသော်လည်း သူမသည် စစ်မြေပြင်သို့ ကိုယ်တိုင် သွားရောက် တိုက်ခိုက်ခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ပေါ်တွင် တိမ်ဝင်နေသော အမာရွတ် ခုနစ်ခု ၊ ရှစ်ခုခန့် ရှိ​၏။

သို့သော် ထိုအချက်ကပင် သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပို၍ အရသာ ထူးကဲစေပြီး အဝတ်အစား ဝတ်ထားသည်ထက်ပင် ပို၍ ဆွဲဆောင်မှု ရှိစေသည်။

မှန်ရှေ့တွင် သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို သဘောကျစွာ ကြည့်ရှုနေစဉ် အခန်းတံခါး ရုတ်တရက် ပွင့်သွားလေ၏။ တုပိုင် ဝင်လာခြင်း ဖြစ်သည်။

မင်းသမီးနင်းရွှဲ့သည် တိုးတိုးလေး ရေရွတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် အဝတ်အစားများကို အလိုအလျောက် ဆွဲယူလိုက်မိလေသည်။ သို့သော် ခဏကြာသောအခါ သူမသည် သွားကို တင်းတင်းကြိတ်ပြီး အဝတ်အစားများကို ပြန်ချလိုက်၏။

သူမ၏ မျက်နှာသည် နီရဲနေပြီး သွားလေးများကို ကိုက်ထားမိသည်။ အလွန် ရှက်ရွံ့နေသော်လည်း သူမသည် ရဲရင့်စွာနှင့် ဂုဏ်ယူစွာပင် တုပိုင်အား သူမ၏ လှပသော ခန္ဓာကိုယ်ကို ပြသလိုက်လေသည်။

တုပိုင်သည် နင်းရွှဲ့ကို ကြည့်လိုက်၏။ အလွန် အလေးအနက်ထားပြီး ကြည့်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ တကယ်ကို လှပပြီး အပြစ်ကင်းစင်သော မျက်နှာလေး ဖြစ်ကာ ကျက်သရေရှိမှုနှင့် မြင့်မြတ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

လီဝမ်ဝမ်၏ အလှသည် သူမ၏ ညှို့ဓာတ်ပြင်းသော မိစ္ဆာ စိတ်နေသဘောထား အပေါ်တွင် မှီခိုနေသည်။ ရိုးရှင်းသော မျက်နှာထား၏ အလှတရားတွင်တော့ တာ့နင်အင်ပါယာ တစ်ခုလုံး၌ နီရှန်နှင့် နင်းရွှဲ့တို့သည် ထိပ်သီးနေရာတွင် ရှိနေကြပြီး အခြားအမျိုးသမီးများထက် အဆင့်တစ်ဝက်မျှ သာလွန်နေကြသည်။

ချီးကျူးစရာ ကောင်းသည်မှာ နင်းရွှဲ့သည် မြင့်မြတ်သော အဆင့်အတန်း ရှိသော်လည်း သူမ၏ စိတ်နေသဘောထားသည် တရားမျှတမှု ၊ အပြစ်ကင်းစင်မှုနှင့် ကြည်နူးဖွယ်ကောင်းမှုတို့ကို ထိန်းသိမ်းထားနိုင်ခြင်းပင်။ ရှက်ရွံ့နေသော်လည်း သူမသည် အလွန် ရဲရင့်ပြီး ဟန်ဆောင်မှု ကင်းမဲ့လေသည်။

တုပိုင်သည် ရှေ့သို့ တိုးလာပြီး သူမ၏ လှပသော မျက်နှာလေးကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။ ထို့နောက် လက်ချောင်းတစ်ချောင်းဖြင့် မေးစေ့အောက်သို့ လျှောချလိုက်သည်။ ရုတ်တရက် မင်းသမီးနင်းရွှဲ့၏ အသက်ရှူသံများ မြန်ဆန်လာပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး နီရဲလာလေသည်။

ဤသည်မှာ ဖြူစင်ပြီး အပြစ်ကင်းသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထို့ပြင် မင်းသမီးနင်းရွှဲ့သည် တုပိုင် လုံးဝ ကွာခြားသွားကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။ ယခင်က သူမသည် တုပိုင်ကို မောင်လေးတစ်ယောက် ၊ မိန်းမလှလေးကဲ့သို့သော လူငယ်တစ်ယောက် အဖြစ်သာ သဘောထားခဲ့သည်။

သူမ၏ ခမည်းတော်က သူမကို တုပိုင်နှင့် လက်ထပ်ခိုင်းသောအခါ သူမ သဘောတူခဲ့ပြီး အနာဂတ်အတွက် မျှော်လင့်ချက်များနှင့် တုပိုင်နှင့် ချစ်ခင်ရင်းနှီးရန် ဆန္ဒရှိခဲ့သည်။ သို့သော် တုပိုင်နှင့် ရင်ဆိုင်ရသောအခါ ယခုလို ခံစားချက်မျိုး မရခဲ့ဖူးချေ။ ယခု သူမ၏ တစ်ကိုယ်လုံး ပူနွေးနေပြီး နှလုံးခုန် မြန်လာကာ အသက်ရှူရပင် ကြပ်လာသလို ဖြစ်နေသည်။

တုပိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ထူးခြားသည့် အရှိန်အဝါသည် သူမကို အလွန်အမင်း ဆွဲဆောင်နေ၏။

တုပိုင် မေးလိုက်၏။ “မင်းသမီး… အေးလား”

သူ့နှုတ်ခမ်းများသည် မင်းသမီးနင်းရွှဲ့၏ နှုတ်ခမ်းနီနီလေးကို ဖွဖွလေး ကိုက်လိုက်၏။

နင်းရွှဲ့ ပြန်ဖြေ၏။ “မအေးပါဘူး… ပူတယ်”

တုပိုင် စနောက်လိုက်၏။ “ဒါဆို အဝတ်အစား မဝတ်ချင်တော့ဘူးလား”

နင်းရွှဲ့ တိုးတိုးဆိုလိုက်၏။ “အင်း… မဝတ်ချင်တော့ဘူး”

တုပိုင် ထပ်မေးလိုက်၏။ “ကြမ်းပြင်ပေါ်မှာဆို အေးနေမလား”

နင်းရွှဲ့ ဖြေကြားလိုက်၏။ “သိုးမွှေးကော်ဇောအသစ် ခင်းထားတယ်လေ… မအေးပါဘူး”

တုပိုင် မေးမြန်းလိုက်၏။ “ဒါဆို ဒီနေရာမှာပဲလား… ကုတင်ပေါ် မသွားတော့ဘူးလား”

နင်းရွှဲ့ တုံ့ပြန်လိုက်၏။ “ကျွန်မလည်း ကုတင်ပေါ် သွားချင်တာပေါ့”

ရုတ်တရက် သူတို့နှစ်ဦး ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်ကြလေသည်။ ထို့နောက် ကော်ဇောပေါ်တွင် လှိမ့်နေကြတော့၏။ သူတို့နှစ်ဦး၏ စိတ်အားထက်သန်မှုများသည် မီးလုံးကြီး တစ်လုံးအသွင် လောင်ကျွမ်းသွားလေသည်။

ဘေးနားရှိ ဆွဲဆောင်မှုရှိသော အပျိုတော်လေးမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး အချိန်အတော်ကြာမှ သူမ၏ မျက်လုံးများကို အုပ်ကာ ရေရွတ်လိုက်မိလေသည်။

“ငါ့မျက်လုံးတွေ ကန်းကုန်တော့မယ်… ငါ့မျက်လုံးတွေ ကန်းကုန်တော့မယ်”

သို့သော် ကြမ်းပြင်ပေါ်ရှိ တုပိုင်နှင့် နင်းရွှဲ့တို့သည် အခြားလူများ မရှိသကဲ့သို့ လုံးဝ လစ်လျူရှုထားကြလေ၏။

**--**--**--**--**--**--**--**

သက်တောင့်သက်သာရှိသော ကုတင်ကြီးပေါ်တွင် မင်းသမီးနင်းရွှဲ့သည် ကြောင်ပေါက်လေးတစ်ကောင်လို အသက်ရှူရင်း တုပိုင်၏ ရင်ခွင်ထဲတွင် ပျင်းရိစွာ လှဲနေသည်။ ဤအခိုက်အတန့်မှ စတင်ကာ သူမ တုပိုင်ကို အမှန်တကယ် ချစ်မိသွားပြီဟု သူမ ယုံကြည်လိုက်၏။

ယခင်က သံယောဇဉ်နှင့် ခင်မင်ရင်းနှီးမှုထက် ကျော်လွန်သော အမျိုးသားနှင့် အမျိုးသမီးကြား စစ်မှန်သော ချစ်ခြင်းမေတ္တာပင်။ သူမသည် ချစ်ရသည့် အမျိုးသားလေး၏ ရင်ခွင်ထဲတွင် လှဲနေရင်း အိုမင်းသွားမည့်အချိန်နှင့် ကလေးတစ်သိုက် ရလာမည့် အချိန်များကို တွေးတောနေမိလေသည်။

မင်းသမီးနင်းရွှဲ့ မေးလိုက်၏။ “ခင်ပွန်း… ကျွန်မ ကိုယ်ဝန်ရနိုင်မလား”

တုပိုင် ပြန်မေးလိုက်၏။

“အမက ကလေးလိုချင်လို့လား”

မင်းသမီးနင်းရွှဲ့ ဖွင့်ဟလိုက်၏။

“ဟုတ်တယ်… အထူးသဖြင့် စစ်မြေပြင်မှာ ၊ အထူးသဖြင့် ရက်ရက်စက်စက် တိုက်ခိုက်နေရတဲ့အချိန်မှာပေါ့။ ကျွန်မခေါင်းထဲမှာ ကလေးလေးရဲ့ တီတီတာတာ အသံလေးတွေကို မစဉ်းစားဘဲ မနေနိုင်ဘူး။ ဒီပုံရိပ်ကို တွေးမိတိုင်း ခွန်အားတွေနဲ့ မျှော်လင့်ချက်တွေ ပြည့်လာသလို ခံစားရတယ်”

တုပိုင် နှစ်သိမ့်လိုက်၏။ “အကယ်၍ မောင်တို့မှာ မကြာခင် ကလေးရလာမယ်ဆိုရင် မောင်ပိုကြိုးစားပါမယ်။ မောင်တို့မိသားစုကို ဒီလို မရေရာတဲ့ ကမ္ဘာကြီးထဲမှာ မထားချင်ဘူးဗျ”

မင်းသမီးနင်းရွှဲ့သည် ကြောင်လေးတစ်ကောင်လို လျှာလေးထုတ်ပြီး တုပိုင်၏ ရင်ဘတ်ကို နမ်းလိုက်လေသည်။ တကယ်တော့ သူမ ဆော့ကစားပြီး ချစ်ရည်လူးနေခြင်း ဖြစ်၏။ သို့သော် တဖြည်းဖြည်းနှင့် စိတ်ပြန်လှုပ်ရှားလာပြီး မတော်တဆလိုလိုနှင့် တုပိုင်အပေါ် လှန်တက်လိုက်လေသည်။

ညနေခင်းတွင် တုပိုင် ၊ မင်းသမီးနင်းရွှဲ့ ၊ ဖူဟုန်ပင်းနှင့် လီလင်းတို့သည် စစ်ရေးအစည်းအဝေး ကျင်းပကြ၏။ နံရံပေါ်တွင် ရှန်ဟိုင်ကွမ်၏ ကြီးမားသော မြေပုံကြီး တစ်ချပ် ရှိသည်။

ခေတ်သစ်ကမ္ဘာ၌ ရှန်ဟိုင်ကွမ်သည် ကမ္ဘာ့နံပါတ်တစ် တောင်ကြားလမ်း ဖြစ်သည်။ ဤကမ္ဘာ၌လည်း ရှန်ဟိုင်ကွမ်သည် တာ့နင်အင်ပါယာ၏ ပထမဆုံးသော ခံတပ်ဂိတ်ကြီး ဖြစ်ပေသည်။ မြို့ရိုးသည် တစ်ဆယ့်ငါးမီတာ မြင့်ပြီး ဆယ်မီတာ ထူသည်။

ဂိတ်မြို့တော်၏ ပတ်လည်သည် ဆယ်မိုင်နီးပါး ရှိပြီး ဝမ်ချန်မြို့ ၊ မြောက်ဘက်နှင့် တောင်ဘက် တောင်ပံမြို့များလည်း ရှိသေးသည်။ ခံစစ်သည် အနောက်ဘက် တောင်တန်းများမှ စတင်ပြီး အရှေ့ဘက် ပင်လယ်ထဲထိ တိုးဝင်သွားရာ တကယ်ကို ကမ္ဘာ့အကောင်းဆုံး ၊ ခုခံရန် လွယ်ကူပြီး တိုက်ခိုက်ရန် ခက်ခဲသော နေရာဖြစ်သည်။

သို့သော် ရှန်ဟိုင်ကွမ်၏ နယ်မြေသည် ရှည်လျားလွန်းလှသည်။ တောင်တန်းမှ ပင်လယ်အထိ တိုက်ခိုက်ခံရနိုင်သော တံတိုင်းအရှည်သည် မိုင်နှစ်ဆယ်ကျော် ရှိသည်။ ယခုအချိန်တွင် တုပိုင်၌ အမြောက် သုံးဆယ်နှင့် စစ်သည် လေးသောင်းသာ ရှိသည်။

ဝမ်ယန်ယင်းတူ၏ ရှန်ဟိုင်ကွမ်ကို တိုက်ခိုက်မည့် စစ်တပ်သည် သုံးသိန်းကျော်နိုင်ပြီး အမြောက် နှစ်ရာနီးပါး ရှိသည်။ နှစ်ဖက် စစ်အင်အား ကွာခြားချက်သည် ဆယ်ဆခန့် ရှိလေသည်။

ဖူဟုန်ပင်း သုံးသပ်ပြ၏။ “ဂျာချင်စစ်သည်တွေက တိုက်ရည်ခိုက်ရည် အရမ်းကောင်းမွန်ပါတယ်။ သူတို့ရဲ့ လက်နက်ကိရိယာတွေက ကျွန်မတို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်တွေလောက် မကောင်းပေမယ့် တိုက်ခိုက်နိုင်စွမ်းနဲ့ စိတ်ဓာတ်ပိုင်းမှာတော့ မနိမ့်ကျပါဘူး။ ဒါ့အပြင် အမြောက် နှစ်ရာနီးပါး ရှိတာကြောင့် ကျွန်မတို့ ရှန်ဟိုင်ကွမ်မှာ မထိန်းထားနိုင်ပါဘူး”

လီလင်းလည်း ဝင်ရောက်ဆွေးနွေး၏။ “ကျွန်တော် မင်းသမီးလေးကို သွားကြိုတုန်းက ဂျာချင်စစ်သည်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရတယ်။ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ပဲ သိပ်ကောင်းပါတယ်။ ဂျာချင်တွေက ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ စကားက ပိုပြောထားတာ ဖြစ်ပေမယ့် တိုက်ခိုက်နိုင်စွမ်းကတော့ တကယ်ကို သန်မာပြီး လီမိသားစုတပ်ထက် ပိုသာတယ်။ ယန်တိုင်းပြည်ရဲ့ စစ်တပ်ထက် အများကြီး ပိုသန်မာတယ်။ ကျွန်တော် ဦးဆောင်တဲ့ တတိယတပ်မတော်က စစ်သည်တွေ အားလုံး လက်နက်အပြည့်အစုံ တပ်ဆင်ထားပေမယ့် တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်းမှာတော့ ဂျာချင်မြင်းတပ်ထက် အနည်းငယ် နိမ့်ကျနိုင်ပါတယ်”

ဖူဟုန်ပင်း ဆက်လက်ရှင်းပြ၏။ “တစ်ဦးချင်း တိုက်ခိုက်နိုင်စွမ်း အရဆိုရင် ဂျာချင်စစ်သည်တွေက အရှေ့ဘက် ပြည်ထောင်စုက စစ်သည်တွေနဲ့ တူညီပြီး ကျွန်မတို့ရဲ့ ပြိုင်ဘက်ကင်း မြေအောက်မြို့တော် စစ်သည်တွေထက် အနည်းငယ် နိမ့်ကျပါတယ်”

သို့သော် ထိုနေ့က ကွမ်ရှီးသို့ ဝင်ရောက်လာသော အရှေ့ဘက် ပြည်ထောင်စုမှ စစ်သည် အရေအတွက်သည် ငါးသောင်းသာ ရှိပြီး တုပိုင်၏ စစ်တပ်နှင့် တကယ်တမ်း တိုက်ခိုက်ခဲ့သည်မှာ နှစ်သောင်းသာ ရှိသည်။ ယခု တုပိုင် ရင်ဆိုင်နေရသော ဂျာချင်အင်ပါယာ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တပ်မတော်သည် နှစ်သိန်း ဖြစ်ပြီး ဂျိုဆွန်းစစ်တပ် ၊ မွန်ဂိုစစ်တပ်နှင့် လက်နက်ချ ဟန်စစ်တပ် စသည့် လက်အောက်ခံ တပ်များကိုပါ ပေါင်းလိုက်လျှင် ငါးသိန်း ကျော်သွားနိုင်သည်။

မင်မင်းဆက် နှောင်းပိုင်းကာလမှ မန်ချူးနှင့် ချင်းမင်းဆက်၏ စစ်အင်အားနှင့် ယှဉ်လျှင် ဤစစ်တပ်က ပို၍ သန်မာလေသည်။

ဖူဟုန်ပင်း ထောက်ပြလိုက်၏။ “ဒီ ဂျာချင်မျိုးနွယ်စုတွေကလည်း အခြားကမ္ဘာက စွမ်းအင်တွေ ပိုကြွတဲ့ နေရာတွေမှာ နေထိုင်ကြပြီး အသားကိုပဲ အချိန်ကြာမြင့်စွာ စားသောက်ကြတဲ့အတွက် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ တိုက်ခိုက်နိုင်စွမ်းက ကွမ်နေးတံတိုင်းအတွင်းက လူတွေထက် သိသိသာသာ ပိုသန်မာပါတယ်”

ရှိနေကြသူ အားလုံးလုံး ထိုအချက်ကို သေချာပေါက် သိကြသည်။ တုပိုင်၏ စစ်သည် လေးသောင်းကို အားကိုးပြီး ဂျာချင်အင်ပါယာ၏ စစ်သည် သုံးလေးသိန်းနှင့် အမြောက် နှစ်ရာကို ရင်ဆိုင်ကာ ရှန်ဟိုင်ကွမ်ကို ကာကွယ်ရန်မှာ မဖြစ်နိုင်ချေ။

ဆက်လက်ပြီး ဖူဟုန်ပင်း ပိုမိုရှင်းလင်းစွာ အကြံပြုလိုက်၏။

“ဒါကြောင့် ကျွန်မ ဆိုလိုချင်တာက ဂျာချင်အင်ပါယာက မစုစည်းရသေးခင် ရှန်ဟိုင်ကွမ်ကို စွန့်လွှတ်လိုက်ပြီး ကျွန်မတို့ရဲ့ တိုက်ရိုက်အင်အားစု စစ်တပ်ကို ထိန်းသိမ်းထားသင့်သလားလို့ပါ”

ရှန်ဟိုင်ကွမ်ကို စွန့်လွှတ်ခြင်းသည် မြို့တော်ကို စွန့်လွှတ်ခြင်း ဖြစ်ပြီး တာ့နင်အင်ပါယာ၏ မြောက်ဘက်ခြမ်း တစ်ခုလုံးကို စွန့်လွှတ်လိုက်ခြင်းလည်း ဖြစ်သည်။ မင်းသမီးနင်းရွှဲ့၏ မျက်နှာသည် ခဏမျှ ဖြူဖျော့သွားလေ၏။

တုပိုင် ရှန်ဟိုင်ကွမ်ကို စွန့်လွှတ်လိုက်သည်နှင့် တာ့နင်အင်ပါယာသည် လက်အောက်ခံနိုင်ငံ ဘဝသို့ ရောက်လုနီးပါး ဖြစ်သွားလိမ့်မည်။ မြောက်ဘက်ပိုင်း ကျဆုံးသွားသည်နှင့် ဖန်းမိသားစု ထိန်းချုပ်ထားသော ယန်ဟွေးမင်းသားသည် နန်ကျင်းတွင် ထီးနန်းတက်လာပေလိမ့်မည်။

သို့သော် မင်းသမီးနင်းရွှဲ့ ဘာမှ မပြောချေ။ ရှန်ဟိုင်ကွမ် သို့မဟုတ် တာ့နင်အင်ပါယာ၏ မြို့တော်ကို မစွန့်လွှတ်နိုင်ပါဘူးဟု သူမဘက်က စတင် ထုတ်မပြောလိုချေ။ ဖူဟုန်ပင်း၏ အမြင်တွင် တာ့နင်အင်ပါယာ ပျက်စီးသွားမည်ကို ဂရုမစိုက်ပေ။ သူမသည် အနောက်တောင်ပိုင်းရှိ တုပိုင်၏ အခြေခံအုတ်မြစ်ကိုသာ ဂရုစိုက်သည်။

ထိုသို့ဆိုလျှင် တုပိုင်သည် ရှန်ဟိုင်ကွမ်ကို စွန့်လွှတ်နိုင်မည်လော။ မဖြစ်နိုင်ချေ။ အကယ်၍ စွန့်လွှတ်လိုက်ပါက ဂျာချင်အင်ပါယာသည် မြို့တော်ကို သိမ်းပိုက်ပြီး မြို့တော်တွင် တိုက်ရိုက် ဧကရာဇ်အဖြစ် ကြေညာပေလိမ့်မည်။ ထို့နောက် ဂျာချင်၏ သံခွာများသည် မြောက်ဘက်ပိုင်း တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်။

ထိုအချိန်ကျလျှင် မင်မင်းဆက် နှောင်းပိုင်းကာလမှ သမိုင်းဝင် အဖြစ်ဆိုးကြီးသည် ထပ်မံ တကျော့ပြန်လာပေလိမ့်မည်။ မရေမတွက်နိုင်သော ဟန်လူမျိုးများသည် တိုင်းတစ်ပါးမျိုးနွယ်စုများ၏ သတ်ဖြတ်ခြင်းကို ခံရမည် ဖြစ်ပြီး လူသန်းပေါင်းများစွာ သေဆုံးကာ အများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ကြရလိမ့်မည်။ ရှန်ဟိုင်ကွမ်ကို စွန့်လွှတ်လိုက်သည်နှင့် ထိုလုပ်ရပ်သည် ဤကမ္ဘာ၌ ရာဇဝင်ရိုင်းမည့် အပြစ်သားကြီး ဖြစ်သွားစေလိမ့်မည်။

တုပိုင် မြေပုံကြီးကို ကြည့်ကာ ပြတ်သားစွာ ဆိုလိုက်၏။ “ဟင့်အင်း… ငါတို့ ရှန်ဟိုင်ကွမ်ကို လုံးဝ လက်မလွှတ်နိုင်ဘူး။ ငါတို့က ရှန်ဟိုင်ကွမ်ကို ကာကွယ်ပြီး ဂျာချင်အင်ပါယာကို ဂိတ်ထဲ တစ်ယောက်မှ ပေးမဝင်ရုံတင် မကဘူး။ တန်ပြန် တိုက်ခိုက်ပြီး လျောင်တုန်းဒေသကို သိမ်းပိုက်ကာ ဂျာချင်အင်ပါယာကို အမြစ်ပြတ် ချေမှုန်းပစ်မယ်”

ဖူဟုန်ပင်း ကြောင်သွားသည် ၊ ထို့နောက် ဦးညွှတ်ပြီး လိုက်နာကြောင်း လျှောက်တင်လိုက်၏။

“အရှင်သခင်ရဲ့ အမိန့်အတိုင်းပါ… တိုက်ပွဲအတွက် ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်”

လီလင်းလည်း ထောက်ခံလိုက်၏။

အနောက်တောင်ပိုင်းတွင် ဤသို့ပင် ဖြစ်သည်။ အစပိုင်းတွင် လူတိုင်း မိမိတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော် ပြောဆိုနိုင်ကြသည်။ သို့သော် တုပိုင် ဆုံးဖြတ်ချက် ချလိုက်သည်နှင့် တိကျပြတ်သားသွားပြီး မည်သည့် ဆန့်ကျင်သံမျှ ထပ်မထွက်လာတော့ချေ။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် လီလင်း မေးမြန်းလိုက်၏။

“မဟာနယ်စားမင်းတု... အနောက်တောင်ဘက်ကနေ စစ်ကူ ခေါ်ချင်လား”

တုပိုင် ငြင်းပယ်လိုက်၏။ “မခေါ်တော့ဘူး… အချိန်က အရမ်း နောက်ကျနေပြီ။ ပြီးတော့ အနောက်တောင်ဘက်က ပိုအရေးကြီးတယ်။ ရန်သူကို အခွင့်အရေး ပေးလို့ မဖြစ်ဘူး”

ထို့နောက် တုပိုင် ဆိုလိုက်၏။ “ရှန်းယန်တိုက်ပွဲက ဟာသပြဇာတ် တစ်ခုပဲ။ ရှန်ဟိုင်ကွမ်တိုက်ပွဲကမှ တာ့နင်အင်ပါယာနဲ့ ဂျာချင်အင်ပါယာတို့ရဲ့ ကံကြမ္မာ အဆုံးအဖြတ် တိုက်ပွဲပဲ”

မှန်ပေသည်။ လျောင်တုန်းနှင့် ရှန်းယန်ကြားက တိုက်ပွဲဟောင်းသည် အစမှအဆုံးထိ ရုပ်ဆိုးအကျည်းတန်သော ပြဇာတ်တစ်ခုသာ ဖြစ်သည်။ ရှန်ဟိုင်ကွမ်တိုက်ပွဲကသာ စစ်မှန်သော ခမ်းနားထည်ဝါသည့် တိုက်ပွဲကြီး ဖြစ်ပေလိမ့်မည်။

**--**--**--**--**--**--**--**

နေ့လယ်ပိုင်း အနားယူချိန်တွင် တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့သည် ကုတင်ပေါ်တွင် ထပ်မံ၍ ချစ်ရည်လူးနေကြပြန်၏။ ချစ်ရည်လူးခြင်းကို တုပိုင်က စွဲလမ်းနေခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် မင်းသမီးနင်းရွှဲ့က စွဲလမ်းနေခြင်း ဖြစ်ပြီး သူမ လုံးဝ ပျော်ရွှင်နေလေသည်။ အားလပ်ချိန် ရသည်နှင့် သူမသည် တုပိုင်နှင့် အတူနေရန် မစောင့်နိုင်တော့ချေ။

မင်းသမီးနင်းရွှဲ့သည် အသက် နှစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်ကာ သူမ၏ ခန္ဓာကိုယ်သည် အပြည့်အဝ ရင့်ကျက်နေသော်လည်း ဤအံ့သြဖွယ် အရသာကို ယခုမှ မြည်းစမ်းဖူးခြင်း ဖြစ်ရာ မောင်နှံသစ်လွင်များ အတွက်မူ ဤသို့ ဖြစ်လေ့ရှိပေသည်။ အရေးကြီးဆုံး အချက်မှာ တုပိုင်၏ အရှိန်အဝါသည် အလွန် အားကောင်းလွန်းသဖြင့် သူ့အနားတွင် နေရုံဖြင့် သူမ၏ နှလုံးသားထဲမှ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ခက်ခဲနေခြင်း ဖြစ်လေ၏။

ချစ်ရည်လူးပြီးနောက် နင်းရွှဲ့သည် ကြောင်လေးတစ်ကောင်ကဲ့သို့ပင် တုပိုင်၏ ရင်ခွင်ထဲတွင် ထပ်မံ ကွေးနေပြီး တုပိုင်၏​ တောင့်တင်းသော ရင်ဘတ်ကို နမ်းရှိုက်နေသည်။ သူ့ကို နဂါးအကြေးခွံများ ထုတ်ပြခိုင်းပြီးနောက် သူမသည် လျှာဖျားလေးဖြင့် တစ်ခုပြီးတစ်ခု ဖွဖွလေး လိုက်နမ်းနေသည်။ ဤမျှ ရိုးရှင်းသော ကစားနည်းလေးကိုပင် သူမ တစ်နာရီကြာအောင် ကစားနိုင်လေ၏။

သူမနှင့် ပို၍ ရင်းနှီးလာလေလေ ၊ တုပိုင်သည် သူ့ဇနီးသည်၏ အပြစ်ကင်းစင်မှုနှင့် ရိုးသားမှုတို့ကို ပို၍ တွေ့ရှိလာလေလေ ဖြစ်သည်။ ဤကိစ္စတွင် သူမသည် ဧကရာဇ်ထျန်ယွင်၏ စရိုက်ကို အမှန်တကယ် အမွေဆက်ခံထားသည်။ ဧကရာဇ်ထျန်ယွင်သည်လည်း ကိုယ်လိုရာဆွဲတတ်ပြီး ရိုးအလေသည်။ ဤစရိုက်လက္ခဏာသည် နင်းရွှဲ့၏ ခန္ဓာကိုယ်တွင် ပေါ်လွင်နေပြီး တကယ်ကို ချစ်ဖို့ကောင်းပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ အပေါ်ယံတွင် မြင့်မြတ်ပြီး ခန့်ညားထည်ဝါသော်လည်း သူမ၏ နှလုံးသားထဲတွင် ကလေးတစ်ယောက် နေထိုင်နေသည်။

ထိုအချိန်၌ပင် မိန်းမစိုးယွင်ဖုန်း၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာကာ ကြေညာလိုက်၏။

“ကောင်းကင်အလိုအရ ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်… တုပိုင်ကို ရာထူးတိုးမြှင့်လိုက်ကြောင်းနှင့် မင်းသမီးနင်းရွှဲ့ ချက်ချင်း မြို့တော်သို့ လာရောက်ရန် အမိန့်တော် ပြန်တမ်း”

တုပိုင် ကြောင်သွားမိသည်။ ထို့နောက် မိန်းမစိုးယွင်ဖုန်း အသိပေးလိုက်၏။

“မင်းသမီးလေး… မဟာနယ်စားမင်းတုပိုင်… အရှင်မင်းမြတ် သတိရလာပါပြီ”

ထိုစကား ကြားလိုက်သည်နှင့် တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့ ကုတင်ပေါ်မှ လုခုန်ဆင်းလိုက်ကြ၏။ သို့သော် ယွင်ဖုန်း၏ အသံထဲတွင် မည်သည့် ပျော်ရွှင်မှုမှ မပါဝင်ချေ။

ဧကရာဇ်မင်းမြတ် နိုးထလာခြင်းသည် သေခါနီး လူမမာများ ယာယီပြန်ကောင်းလာခြင်းသာဖြစ်ပြီး တုပိုင်ကို နောက်ဆုံးအကြိမ် တွေ့ချင်နေခြင်း ဖြစ်ပုံရသည်။ တုပိုင်နှင့် နင်းရွှဲ့တို့သည် လျင်မြန်စွာ ထလိုက်ကြပြီး အမြန်ဆုံး ရေချိုးကာ အဝတ်အစား လဲလှယ်လိုက်ကြ၏။

**--**--**--**--**--**--**--**

နာရီဝက် ကြာပြီးနောက် တုပိုင်နှင့် မင်းသမီးနင်းရွှဲ့တို့သည် မြင်းတပ်သား ဒါဇင်အနည်းငယ်ကို ဦးဆောင်ကာ ရှန်ဟိုင်ကွမ်မှ ထွက်ခွာပြီး မြို့တော်သို့ အသည်းအသန် ဒုန်းစိုင်း နှင်ကြလေတော့သည်။

“အရှင်မင်းမြတ်… တောင့်ခံထားပေးပါဦး”

**--**--**--**--**--**--**--**

ပေမင်ဓားဂိုဏ်းချုပ် နင်တောက်ရွှမ်သည် တစ်ယောက်တည်း နေရသည်ကို နှစ်သက်သည်။ ယခုအချိန်တွင် သူသည် မြင့်မားသော တောင်ထိပ်တစ်ခုပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသော်လည်း မျက်လုံးများက ပွင့်နေသည်။ မြောက်ဘက်သို့ လှမ်းကြည့်နေ၏။

သူ၏ မျက်လုံးများသည် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော နေရာသို့ ခရီးနှင်ပြီး တိမ်တိုက်လွှာများကို ဖြတ်ကျော်ကာ တစ်စုံတစ်ခုကို မြင်ချင်နေသကဲ့သို့ပင်။ သူ အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ နင်တောက်ရွှမ်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်စုံတစ်ခုကို ထိချင်သကဲ့သို့ ပြုမူလိုက်သည်။ သို့သော် သူထိလိုက်မိသည်မှာ လေထုသာ ဖြစ်သည်။

“ရွှီးးး” ထိုအခိုက် အနက်ရောင် ဝတ်စုံဝတ် လူတစ်ယောက် သူ၏ နောက်ကျောဘက်တွင် ပေါ်လာကာ သတင်းပို့လိုက်၏။

“ဂိုဏ်းချုပ်… တုပိုင် မသေသေးပါဘူး” ထိုသတင်းကို နင်တောက်ရွှမ် ကြားလိုက်ရသောအခါ မျက်ခွံများ လှုပ်ရှားသွားသည်။

နင်တောက်ရွှမ် မေးမြန်းလိုက်၏။ “မင်း သေချာလား”

အနက်ရောင် ဝတ်စုံဝတ်လူ အတည်ပြုလိုက်သည်။

“သေချာပါတယ်… သူက တမြန်နေ့က လျောင်တုန်း စစ်မြေပြင်မှာ ပေါ်လာခဲ့ပြီး လေဆင်နှာမောင်းနဲ့ နှင်းထုပြိုကျမှုကို ထိန်းချုပ်ပြီးတော့ ဂျာချင်စစ်သည် တစ်သောင်းကျော်ကို မြှုပ်နှံပစ်ပြီး ဂျာချင်စစ်တပ် တစ်သိန်းကို ခြောက်လှန့် မောင်းထုတ်ခဲ့ပါတယ်”

နင်တောက်ရွှမ် တိတ်ဆိတ်သွားလေသည်။ ထိုတုပိုင်ဆိုသည့် အကောင်သည် တကယ်ကို တာဝန်ရှင် ကောင်းကင်သခင်လော။ အဘယ်ကြောင့် သူ မသေသေးသနည်း။ အချိန်အတော်ကြာမှ သူ ရေရွတ်လိုက်၏။

“ရှင်းပြချက် တစ်ခုပဲ ရှိတယ်။ သူက နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုရဲ့ အားနည်းချက်ကို သိနေတာပဲ။ အဲဒီ ဖျက်ဆီးအားပြင်းတဲ့ စွမ်းအင်က သူ့ကို လုံးဝ မထိခိုက်ခဲ့ဘူး။ သူက ပေမင်ဓားဂိုဏ်းကို တမင်သက်သက် လာခဲ့တာပဲ။ ငါ့အကြောင်းကို ရှင်းရှင်းလင်းလင်း သိနေတယ်။ ငါ သူ့ကို ရှင်းပစ်မယ်ဆိုတာ သိပေမယ့် ပေမင်ဓားဂိုဏ်းကို လာခဲ့တယ် ဆိုကတည်းက သူ့စိတ်ထဲမှာ ဖြေရှင်းနည်း ရှိပြီးသားဆိုတာ သက်သေပြနေတယ်”

အနက်ရောင် ဝတ်စုံဝတ်လူမှာ တိတ်ဆိတ်နေသည်။

နင်တောက်ရွှမ် ဆက်လက်သုံးသပ်ပြ၏။ “ဒါဆို သူက ဘာလို့ ပေမင်ဓားဂိုဏ်းကို လာတာလဲ။ အသက်အန္တရာယ် ရှိမယ်ဆိုတာ သူ ရှင်းရှင်းလင်းလင်း သိနေတာပဲ။ ပြီးတော့ ငါတို့က သူ့ကို နှစ်ဆယ့်တစ်ဆက်မြောက် ဂိုဏ်းချုပ် မခန့်အပ်နိုင်ဘူး ဆိုတာလည်း သူ့စိတ်ထဲမှာ ကောင်းကောင်း သိနေမှာပဲ”

အနက်ရောင် ဝတ်စုံဝတ်လူက စကား မပြောဘဲ နေလိုက်သည်။ ဂိုဏ်းချုပ်က သူ့ဘာသာ တစ်ယောက်တည်း စကားပြောနေမှန်း သူ သိသောကြောင့် ဖြစ်သည်။

နင်တောက်ရွှမ် ကောက်ချက်ချလိုက်၏။ “နားလည်ပြီ… ရွှေဧကရာဇ်ထယ်မူဂျင်ရဲ့ ဝိညာဉ် အမွေအနှစ်ကို လိုချင်လို့ပဲ။ တုပိုင်က အဲဒါကို လိုချင်လို့ နတ်မိစ္ဆာ စမ်းသပ်စစ်ဆေးမှုဆီ တမင် သွားခဲ့တာ။ ရွှေဧကရာဇ်ထယ်မူဂျင်က လွန်ခဲ့တဲ့ နှစ်သုံးရာက ပြစ်ဒဏ်ပေးစင်မြင့်ပေါ်မှာ သေဆုံးခဲ့တာကိုး”

ရုတ်တရက် နင်တောက်ရွှမ်၏ မျက်လုံးများ အေးစက်သွားလေ၏။ ရန်စခြင်းပင်… ရန်စနေခြင်းပင် ဖြစ်သည်။ တုပိုင်က သူ့ကို ကစားသွားသလို ပေမင်ဓားဂိုဏ်း တစ်ခုလုံးကိုပါ ကစားသွားခဲ့သည်။ ​ကောင်းပေသည်။ အလွန် ကောင်းမွန်လှပေသည်။ အရာအားလုံးကို ရှင်းပြ၍ ရသွားပြီ ဖြစ်လေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၇၁ + ၆၇၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

Characters – 16376

All Chapters