← Chapters

သွေးရောင်တောကြောင်

Vol. 5 Ch. 71

သွေးရောင်တောကြောင်

Vol. 5 Ch. 71

ရွှီရှင်းသည် ခလုတ်ကိုဆွဲလိုက်ပြီး လျင်မြန်စွာ ပြေးဝင်လာသော သွေးရောင်တောကြောင်ထံသို့ နောက်ထပ်မြှားတစ်စင်း ပစ်လွှတ်လိုက်ပြန်သည်။

သူ့ထံသို့ အရှိန်အဟုန်နှင့် ပြေးဝင်လာသော သွေးရောင်တောကြောင် သည် မြှားလာသည်ကို မြင်သောအခါ ဘေးဘက်သို့ အတင်းရှောင်လိုက်ရသည်။

သို့သော် မြှား၏အရှိန်မှာ မြန်လွန်းလှသလို ကြောင်၏ အရှိန်အဟုန်ကလည်း ပြင်းထန်လွန်းသဖြင့် ရုတ်တရက် လမ်းကြောင်းပြောင်းရန် ခက်ခဲလှသည်။

အဆိပ်မြှားကို လုံးဝမရှောင်နိုင်ဘဲ ကြောင်၏ ကိုယ်လုံးကို ပွတ်ဆွဲသွားကာ အရေခွံပေါ်တွင် သွေးစွန်း ဒဏ်ရာတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။

ဤပစ်ချက်သည် သွေးရောင်တောကြောင် ၏ အရှိန်ကို နှေးကွေးသွားစေရုံသာမက ၎င်းကို ဒဏ်ရာပါ ရရှိစေခဲ့သည်။

"ခရမ်းရောင်အဆင့်အောက်မှာ အကောင်းဆုံး မြှားသေနတ်ဆိုတာ တကယ်ပဲဟ"

ရွှီရှင်းမှာလည်း နောက်ထပ်မြှားတစ်စင်းကို လျင်မြန်စွာ ထပ်တင်လိုက်သည်။

နောက်ထပ်တစ်ကြိမ် ဒဏ်ရာရသွားသဖြင့် သွေးရောင်တောကြောင် မှာ ဒေါသတကြီး အက်ကွဲစူးရှသောအသံဖြင့် အော်ဟစ်တော့သည်။

၎င်းမှာ အသိစိတ်လွတ်သွားသည့်အလား အရှိန်ကို ပိုမြှင့်ကာ ရွှီရှင်းနှင့် အကွာအဝေးကို လျင်မြန်စွာ ချဉ်းကပ်လာသည်။

"ငွေရောင်ဘုရင်... အရှိန်မြှင့်လိုက်"

"အူးးး"

ငွေရောင်ဘုရင်က အားကုန်ရုန်း၍ ပြေးထွက်ခဲ့၏။

မြှားတစ်စင်းမှာ ထပ်မံပြေးထွက်သွားသော်လည်း ဤတစ်ကြိမ်တွင်တော့ သားရဲမှာ သင်ခန်းစာရသွားပုံရသည်။

ရွှီရှင်း မြှားသေနတ်ကို မြှောက်လိုက်သည်နှင့် ၎င်းက ဘေးသို့ ရှောင်လိုက်သည်။

မြှားမှာ ကြောင်၏ အမွေးများကိုသာ ပွတ်သွားပြီး ဘာထိခိုက်မှုမှ မဖြစ်စေခဲ့ချေ။

"သောက်ကျိုးနည်း ဒီတောကြောင်က တော်တော်မြန်တာပဲ"

တောကြောင်နှင့် ငွေရောင်ဘုရင်ကြား အကွာအဝေးမှာ တိုတောင်းလာသည်ကို မြင်သောအခါ ရွှီရှင်း စိတ်ကို တည်ငြိမ်အောင်ထားကာ မြှားထပ်တင်လိုက်သည်။

ထို့နောက် မြေပြင်ပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူ၍ လိုက်လာသော တောကြောင်ဆီသို့ ပစ်လိုက်သည်။

တောကြောင်က ဗီဇအရ ရှောင်လိုက်သည်။

ထိုခဏချင်းမှာပင် ရွှီရှင်း ခလုတ်ကို ဆွဲလိုက်တော့သည်။

"မြောင်"

မြှား၏ အလွန်ပြင်းထန်သော အရှိန်နှင့် အား အပြင် တောကြောင်ကိုယ်တိုင်ကလည်း သူ့ထံသို့ အရှိန်နှင့် ပြေးဝင်လာခြင်းကြောင့် ရှောင်တိမ်းနေစဉ် တုန့်ပြန်ရန် အချိန်မရတော့ချေ။

ခေါင်းကို အနည်းငယ် စောင်းလိုက်ရုံရှိသေးသော်လည်း မြှားမှာ ၎င်း၏ ခေါင်းညာဘက်အပေါ်ပိုင်းကို တည့်တည့်ထိမှန်သွားသည်။

စူးရှသော ကြောင်အော်သံတစ်ချက် ထွက်ပေါ်လာပြီး၊ မြှားမှာ သွေးရောင်တောကြောင် ၏ ခေါင်းတစ်ဖက်ကို ဖောက်ထွက်သွားကာ နားရွက်တစ်ဖက်မှာ သွေးများနှင့်အတူ လွင့်ထွက်သွားတော့သည်။

"လှချက်ပဲ"

သို့သော်လည်း ရွှီရှင်းမှာ မြှားပြန်တင်ရန် အချိန်မရတော့ချေ။

နားရွက်တစ်ဖက် ပြတ်သွားသော သွေးရောင်တောကြောင် သည် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ရုန်းထွက်လာပြီး နီရဲသော မျက်လုံးများဖြင့် ရွှီရှင်းထံသို့ ပြေးဝင်လာတော့သည်။

ရွှီရှင်းသည် မြှားသေနတ်ကို သိမ်းကာ သူ၏ အသစ်စက်စက် လှံကို ထုတ်လိုက်သည်။

"လာစမ်း... ငါ့လက်နက်သစ်ကို စမ်းကြည့်ရအောင်"

သွေးရောင်တောကြောင် သည် ရွှီရှင်းနှင့် အနီးဆုံးသို့ ရောက်လာပြီး ဖမ်းမိတော့မည့် ဆဲဆဲတွင် ရုတ်တရက် ခုန်တက်ကာ နောက်ခြေထောက်ဖြင့် သစ်ပင်ပင်စည်ကို အားပြု၍ ရွှီရှင်းထံသို့ ပျံဝင်လာတော့သည်။

၎င်း၏ အချိုးအစားမမှန်သော လက်သည်းကြီးများသည် ဝူးလ်ဗရင်း ၏ လက်သည်းများကဲ့သို့ တောက်ပနေပြီး သူ့ကို တိုက်ရိုက် ကုတ်ခြစ်တော့မည်။

လက်သည်းတွေက ရှည်သော်လည်း ရွှီရှင်း၏ လှံက ပို၍ ရှည်သည်။

ရွှီရှင်းသည် လှံတံအဆုံးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ကြောင်နီးကပ်လာသည်နှင့် အားကုန် ထိုးလိုက်၏။

အကယ်၍ ၎င်းက ရွှီရှင်းကို ဆက်လက်တိုက်ခိုက်ပါက ကြောင်၏ခေါင်းမှာ လှံဖြင့် တန်းတန်းမတ်မတ် အထိုးခံရပေလိမ့်မည်။

ထို့ကြောင့် ၎င်းသည် ဆက်မတိုက်ဝံ့သော်လည်း ရှေ့သို့ အရှိန်ပါနေသဖြင့် မရပ်နိုင်ဘဲ ၎င်း၏ လက်သည်းများကို အသုံးပြု၍ ရွှီရှင်း၏ လှံကို ကာကွယ်လိုက်ရသည်။

သတ္တဝါချင်း ပွတ်တိုက်သံနှင့်အတူ သံချောင်းချင်း ထိသံ ထွက်ပေါ်လာပြီး ရွှီရှင်းသည် မီးပွားများ ထွက်လာသည်ကိုပင် မြင်လိုက်ရသည်။

ဤတိုက်ခိုက်မှုကြောင့် သွေးရောင်တောကြောင် ၏ အရှိန်မှာ ရပ်တန့်သွားပြီး ရွှီရှင်း၏ အနောက် မီတာအနည်းငယ် အကွာသို့ လွင့်ထွက်သွားသည်။

သူ၏ လှံဦးမှာလည်း ကြောင်၏ လက်သည်းများကဲ့သို့ပင် ဗီဇပြောင်းသတ္တဝါဆီမှ ရရှိထားသည့် အစိတ်အပိုင်းဖြစ်သဖြင့် နှစ်ဦးစလုံးမှာ အင်အားချင်း ညီမျှနေသည်။

"ကြည့်ရတာ ဒီလက်သည်းတွေကို ထိခိုက်အောင်လုပ်ဖို့ဆိုရင် ယဇ်ပူဇော်ဓား လိုလိမ့်မယ်။"

ရွှီရှင်းသည် မြှားသေနတ်ကို မြှားတင်ရင်း စဉ်းစားလိုက်သည်။

သို့သော် ရွှီရှင်း ယဇ်ပူဇော်ဓား ကို မထုတ်ခဲ့ချေ။

၎င်းမှာ သေးငယ်လွန်းသဖြင့် အနီးကပ် တိုက်ပွဲမှလွဲ၍ မထိရောက်နိုင်သလို၊ သွေးရောင်တောကြောင်

နှင့် အနီးကပ် လုံးထွေးသတ်ပုတ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် ဖြစ်သည်။

မီတာအနည်းငယ်ဆိုသည်မှာ သွေးရောင်တောကြောင် အတွက် ဘာမှမဟုတ်ချေ။

၎င်းသည် ရှေ့သို့ တစ်ဖန် ပြန်လည်ပြေးဝင်လာပြီး လက်သည်းများဖြင့် ရွှီရှင်းကို လှမ်းကုတ်တော့သည်။

ရွှီရှင်း လျင်မြန်စွာပင် နောက်ထပ်မြှားတစ်စင်း ပစ်လိုက်ပြီး လှံကို အသုံးပြု၍ လက်သည်းများကို ထပ်မံ ကာကွယ်လိုက်သည်။

လက်သည်းများကို ထပ်မံကာကွယ်နိုင်ခဲ့သော်လည်း မြှားမှာမူ သွေးရောင်တောကြောင် ၏ ရင်ဘတ် ညာဘက်ခြမ်းကို ဖောက်ဝင်သွားခဲ့သည်။

လှံ၏ ခုခံမှုနှင့် မြှား၏ ဖောက်ထွင်းဒဏ်ရာတို့ ပေါင်းစပ်သွားသဖြင့် ၎င်းမှာ မြေပြင်ပေါ်သို့ လူးလိမ့်ကာ ပြုတ်ကျသွားသည်။

သို့သော် ချက်ချင်းပင် ပြန်ခုန်ထလာပြီး ညည်းတွားသံပြုလျက် ရွှီရှင်းထံသို့ တစ်ဖန် ပြန်လည်ခုန်အုပ်ပြန်သည်။

"အခုထိတောင် မပြေးသေးဘူးပဲ။ ယဇ်ပလ္လင်က ထွက်လာတဲ့ ဒီသွေးရောင်သတ္တဝါတွေက တကယ်ပဲ အသိဥာဏ်မရှိကြဘူး"

ရွှီရှင်း လက်နက်ကိုမြှောက်၍ ထပ်မံကာကွယ်လိုက်ရာ ဤတစ်ကြိမ်တွင်မူ သွေးရောင်တောကြောင်၏ အင်အားမှာ ယခင် နှစ်ကြိမ်ထက် သိသိသာသာ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။

"သူ အားကုန်နေပြီ"

ရွှီရှင်း ဝမ်းသာသွားသည်။

"အီးးး အီးးး"

ရုတ်တရက် ခဲခဲ က သူ့နောက်မှနေ၍ နှစ်ချက် လှမ်းဆွဲသည်။

ငွေရောင်ဘုရင်၏ အရှိန်ပင် နှေးသွားသည်။

"ဘာဖြစ်တာလဲ"

ရွှီရှင်း ရုတ်တရက် စိုးရိမ်စိတ်ဝင်လာသည်။

၎င်းမှာ သွေးရောင်တောကြောင် ဆီမှ လာသည့် ခြိမ်းခြောက်မှု မဟုတ်ဘဲ၊ ငွေရောင်ဘုရင် ရှေ့ဆက်သွားမည့် လမ်းကြောင်း၏ အနောက်ဘက်မှ လာခြင်းဖြစ်သည်။

သူ မြေပုံကို လှမ်းကြည့်လိုက်သောအခါ ချက်ချင်းပင် ထိတ်လန့်သွားရသည်။

"ငွေရောင်ဘုရင်... လှည့်လိုက်၊ ဘယ်ဘက်ကို လှည့်"

ငွေရောင်ဘုရင်၏ ရှေ့ဆက်သွားမည့်လမ်းတွင် တောက်ပသော အနီစက်တစ်ခုမှာ မလှုပ်မယှက် ရှိနေသည်။

၎င်းမှာ သူတို့နှင့် မီတာအနည်းငယ်သာ ကွာတော့သည်။

၎င်းမှာ ကျားတစ်ကောင် ဖြစ်သည်။

ကျားကြီး ပြန်ရောက်လာပြီဖြစ်သည်။

၎င်းသည် သားကောင်ကို ဖမ်းရန် ထိုနေရာတွင် ချောင်းမြောင်းနေခြင်း ဖြစ်သည်။

အမိန့်ရသည်နှင့် ငွေရောင်ဘုရင်မှာ ချက်ချင်း လှည့်လိုက်သဖြင့် လိုက်လံတိုက်ခိုက်နေသော သွေးရောင်တောကြောင် မှာ လွဲချော်သွားပြီး ရှေ့သို့ အရှိန်လွန်သွားကာ ကျား၏ အမဲလိုက်ကွင်းအတွင်းသို့ ကျရောက်သွားတော့သည်။

ချုံပုတ်များကြားမှ လိမ္မော်ရောင် အရိပ်ကြီးတစ်ခု ရုတ်တရက် ခုန်ထွက်လာပြီး၊ လောလောလတ်လတ် ရောက်လာသာ သွေးရောင်တောကြောင် ထံသို့ ခုန်အုပ်လိုက်သည်။

"သောက်ကျိုးနည်း အဲဒီကျားကြီးက တော်တော်ကြီးတာပဲ၊ အလေးချိန် အနည်းဆုံး လေးငါးရာ ကီလိုလောက် ရှိမယ်"

အလေးချိန် ကီလို ၁၀၀ အောက်သာ ရှိသော သွေးရောင်တောကြောင် မှာ လေးငါးရာ ကီလိုရှိသော ကျားကြီး၏ ရှေ့တွင် ကစားစရာ အရုပ်လေးတစ်ခုအလား ဖြစ်နေသည်။

သို့သော်လည်း ချောင်းမြောင်းတိုက်ခိုက်ခံရချိန်တွင် ဒဏ်ရာရနေပြီး ဒေါသထွက်နေသော ၎င်းသည် ရှောင်တိမ်းမည့်အစား လက်သည်းဖြင့် ပြန်လည် တိုက်ခိုက်လိုက်ပါတော့သည်။

"မိုက်လှချေလား သူရဲကောင်းကြီးရယ်"

ရွှီရှင်း အံ့သြသွားပြီး ငွေရောင်ဘုရင်ကို ရပ်ခိုင်းကာ ကြောင်နှင့် ကျားတို့၏ တိုက်ပွဲကို အဝေးမှ စောင့်ကြည့်နေလိုက်သည်။

၎င်းတို့မှာ ကြောင်မျိုးနွယ်ချင်း တူသော်လည်း၊ ပိုမိုသန်မာသော သားရဲကြီးများက ၎င်းတို့ထက်ငယ်သော မျိုးနွယ်စုဝင်များကို စားသုံးခြင်းမှာ သဘာဝပင် ဖြစ်သည်။

၎င်းတို့က ရုပ်ချင်းတူတာကို ဂရုမစိုက်ကြချေ။

လိမ္မော်ရောင် ကျားကြီးမှာ ဤသတ္တဝါငယ်လေးက ထွက်ပြေးမည့်အစား ပြန်လည်ခုခံလိမ့်မည်ဟု မထင်ထားပုံရသည်။

ထို့ကြောင့် လက်သည်းချက်ကို ဂရုမစိုက်ဘဲ ကြောင်ကို ၎င်း၏ ခြေဖဝါးဖြင့် ဖိထားကာ လည်ပင်းကို ကိုက်သတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း သွေးရောင်တောကြောင် ၏ လက်သည်းများမှာ ထူးဆန်းသော အင်အားကြောင့် ဗီဇပြောင်းလဲနေခြင်း ဖြစ်သည်။

ကျား၏ ဖိထားခြင်းကို ခံနေရသော်လည်း ၎င်း၏ လက်သည်းများကို ကျုံ့လိုက်ပြီး ကျား၏ ခြေထောက်ထဲသို့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်ရာ၊ ကျားကြီးမှာ နာကျင်လွန်းသဖြင့် ကိုက်ခါနီးဆဲဆဲမှာတင် အပေါ်သို့ လှမ်းခုန်လိုက်ရတော့သည်။

ကျား၏ ခြေဖဝါးနှင့် ခြေထောက်ပေါ်တွင် နက်ရှိုင်းသော သွေးထွက်ဒဏ်ရာ အတော်များများကို ရွှီရှင်း ခပ်ဝါးဝါး မြင်လိုက်ရသည်။

"ဒီလက်သည်းတွေက တကယ်ကို မိုက်တာပဲ"

ရွှီရှင်း အံ့သြမိသွားသည်။

အကယ်၍ သူ့တွင် တန်ဖိုးတူ ယုန်နားရွက်လှံသာ မရှိခဲ့လျှင်၊ ဤတောကြောင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။

ကျားကြီးက ၎င်း၏ ဟန်ချက်ကို ချက်ချင်းပြန်ထိန်းကာ သွေးရောင်တောကြောင် ထံသို့ ဟိန်းဟောက်သံပေးလိုက်သည်။

ကျားကြီးကတော့ ဒီသတ္တဝါငယ်လေးကို အလွတ်ပေးမည့်ပုံ မရှိချေ။

တောအုပ်တစ်ခုလုံး တုန်ဟည်းသွားစေမည့် ဟိန်းသံကြီးဖြင့် ပြန်လည်တုန့်ပြန်ကာ ၎င်းကို ထပ်မံခုန်အုပ်ပြီး ဖိချလိုက်ပြန်သည်။

"ဒါနဲ့... သွေးရောင်တောကြောင် ရဲ့ အသားကလည်း ဟိုယုန်သားလိုပဲ ညစ်ညမ်းနေမှာပဲ မဟုတ်လား အကယ်၍ ကျားက အဲဒါကို စားရင် သေသွားမလား ဒါမှမဟုတ် ဗီဇပြောင်းသွားမလား။"

ရွှီရှင်း ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။

အကယ်၍ သေသွားလျှင်တော့ ညစ်ညမ်းနေတဲ့ အသားကိုစားပြီး သေသွားတဲ့ ကျားဆီက ကုန်ကြမ်းတွေ မရနိုင်တော့လို့ နှမြောစရာကောင်းပေလိမ့်မည်။

သို့သော် အကယ်၍ ဗီဇပြောင်းသွားခဲ့လျှင်တော့ ဒါဟာ တကယ့် ဘေးအန္တရာယ်ပင်။

ဗီဇပြောင်းတောကြောင် တစ်ကောင်တည်းတင် ဤမျှသန်မာနေလျှင် ကျားကြီးသာ ဗီဇပြောင်းသွားပါက...

ရွှီရှင်း ဆက်မတွေးဝံ့တော့ချေ။

သို့သော်လည်း သူသည် လောလောဆယ်တွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိချေ။

ထိုဧရာမ ကျားကြီးကို ခေတ်ဟောင်းလက်နက်များဖြင့်သာ ရင်ဆိုင်ရန်မှာ သူ၏ အစွမ်းအစထက် ကျော်လွန်နေသည်။

"ဗီဇမပြောင်းပါစေနဲ့၊ ဗီဇမပြောင်းပါစေနဲ့၊ သေရုံပဲ သေလိုက်ပါ"

ရွှီရှင်းသည် ကျားကြီးကို စိုက်ကြည့်ရင်း စိတ်ထဲမှ ဆုတောင်းနေမိသည်။

နေဦး... တကယ်လို့ ကျားက တောကြောင်ကို သတ်လိုက်ရင် သူ အမှတ်တွေ မရတော့ဘဲ ဖြစ်နေမလား။

ကျားကြီးက သွေးရောင်တောကြောင် ၏ လည်ပင်းကို ကိုက်ချလိုက်ပြီး ချိုးပစ်လိုက်သည်။

[ညစ်ညမ်းနေသော အဆိပ်ရှိသန္ဓေပြောင်းတောကြောင်တစ်ကောင်ကို သတ်ဖြတ်နိုင်သဖြင့် အမှတ် ၅၀၀ ရရှိသည်။]

အကြောင်းကြားစာကို ကြားလိုက်ရချိန်မှ ရွှီရှင်း သက်ပြင်းချနိုင်တော့သည်။

တော်သေးတာပေါ့။

အမှတ်တွေက သူ့ဆီပဲ ရောက်လာသည်။

ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင် ကုန်ကြမ်းတွေ ပူဇော်ပြီး ဆင့်ခေါ်ခဲ့တာဖြစ်သလို၊ ၎င်းကို ဒဏ်ရာရအောင်နဲ့ အားကုန်အောင်လည်း လုပ်ခဲ့တာ မဟုတ်ပါလား။

၎င်းကို သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပေးခြင်းက တရားမျှတလှသည်။

အခန်း ၇၁ ပြီး။

All Chapters