အင်မော်တယ်အဆင့် ပညာရှင်များ နေရာယူခြင်း
Vol. 26 Ch. 391
ချီလင်းတစ်ပိုင်း သတ္တဝါကြီးထံမှ ထွက်ပေါ်လာသော ဖိအားသည် သူတို့တစ်ခါမှ မကြုံဖူးသည့် အရာမျိုးဖြစ်သည်။
အင်မော်တယ်အဆင့် ကျင့်ကြံသူများပင်လျှင် စိတ်ထဲ၌ မလုံမလဲ ဖြစ်မှုကို ခံစားနေရသည်။
၎င်း၏ ကျင့်စဉ်မှာ အင်မော်တယ် မြေကမ္ဘာအဆင့်၏ အထက်အဆင့်တွင် ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးမျိုးဆက်လည်း ရှိနေသောကြောင့် ဤနေရာတွင် ရှိနေသူများထဲ၌ ထိုချီလင်းတစ်ပိုင်း သတ္တဝါကို တစ်ယောက်ချင်း ယှဉ်တိုက်ပြီး အနိုင်ရနိုင်သူ မရှိဟုပင် ဆိုရမည်။
စစ်သူကြီး ရှုယုချန်းသည် ယခုကဲ့သို့ အဆင့်မြင့် သားရဲလှိုင်းလုံးကြီးကို ဦးဆောင်လာသူမှာ ဤမျှ ကြောက်စရာကောင်းသော သတ္တဝါဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ချက်ချင်းပင် အမိန့်များထုတ်ပြန်ကာ နန်းတော်သို့ အရေးပေါ် သတင်းစကားများ ပေးပို့လိုက်သည်။ ချီလင်းတစ်ပိုင်း သတ္တဝါ ပေါ်လာကြောင်း သတင်းပို့ပြီး ထပ်မံ၍ စစ်ကူများ၊ အထူးသဖြင့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများကို ထပ်မံတောင်းခံလိုက်သည်။
"ဒါဟာ ငါတို့ရဲ့ ခွန်အားတွေကို ချွေတာပြီး တိုက်လို့ရမယ့် ပြိုင်ဘက်မျိုး မဟုတ်ဘူး။"
သူနှင့် အခြားသူများသည် သူတို့ယူဆောင်လာသော အင်အားမှာ လုံလောက်သည်ထက် ပိုသည်ဟု ယုံကြည်ထားခဲ့ကြသည်။ ဤကဲ့သို့သော အင်အားမျိုးမှာ ရက်ပိုင်းအတွင်း အိမ်နီးချင်း အင်ပါယာတစ်ခုကိုပင် အမှုန့်
ခြေပစ်နိုင်သည်။
ကောင်းကင်အင်ပါယာ၏ စုစုပေါင်းအင်အား ၅၀ ရာခိုင်နှုန်းကျော်သည် ဤနေရာတွင် ရောက်ရှိနေခြင်း ဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများ ပါဝင်လာလျှင်ပင် ဤအင်အားမှာ ပိုလျှံနေသည်ဟုပင် သူတို့ ထင်ခဲ့မိကြသည်။
သို့သော် သားရဲလှိုင်းလုံးကြီးကို ချီလင်းသွေးပါသော အင်မော်တယ် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် လက်တစ်ကမ်းအလို၌ ရှိနေသော မိစ္ဆာသားရဲတစ်ကောင်က ဦးဆောင်လာလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
"လက်နက်ချရင် အသက်ချမ်းသာခွင့် ပေးမယ်" ချီလင်းတစ်ပိုင်း သတ္တဝါက တည်ငြိမ်စွာ ကြေညာသည်။
"ခုခံမယ်ဆိုရင်တော့ နောက်နေ့ နေထွက်တာကို ဘယ်သူမှ မြင်ခွင့်ရမှာ မဟုတ်ဘူး။"
နောက်ဆုံး သတိပေးချက်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ယခုအခါ သူတို့ဘက်မှ တုံ့ပြန်ရမည့် အလှည့်ဖြစ်သည်။
သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက ရှေ့သို့ ထွက်ရဲမည်နည်း။
သာမန်အချိန်မျိုးဆိုလျှင် အင်ပါယာ၏ အင်အားစုများရှေ့တွင် မိမိတို့၏ အရှိန်အဝါကို ပြသရန်၊ လွှမ်းမိုးမှု တည်ဆောက်ရန် လူအများအပြားက ပြောဆိုခွင့်ကို လုယူကြမည် ဖြစ်သည်။
ဒါပေမဲ့ အခုကရော?
ရှေ့ထွက်လာသူတိုင်းသည် ထိုချီလင်းတစ်ပိုင်းသတ္တဝါ၏ တိုက်ရိုက်ပစ်မှတ် ဖြစ်သွားနိုင်သည့် အန္တရာယ်ရှိသည်။
သြဇာအာဏာ သို့မဟုတ် နာမည်ကျော်ကြားမှုအတွက်နှင့် ဤမျှ ကြောက်စရာကောင်းသော ဘီလူးကြီးကို ရင်ဆိုင်ခြင်းမှာ ပညာရှိသော ဆုံးဖြတ်ချက် မဟုတ်ပေ။
သို့သော် တစ်စုံတစ်ဦးကတော့ စကားပြောရမည် ဖြစ်သည်။
မဟုတ်လျှင် ရောက်ရှိနေသူအားလုံး၏ ရှေ့တွင် သူရဲဘောကြောင်သူများအဖြစ်သာ မြင်ကြလိမ့်မည်။
"သားရဲတစ်ကောင်အတွက်တော့ တော်တော်လေး စကားကြီးနေတာပဲ”
တိုက်ပွဲမြေပြင်တစ်ခုလုံးတွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ဟိန်းထွက်သွားသည်။
"ငါတို့ကို မင်းနောက်က မိစ္ဆာသားရဲတွေလိုမျိုး မင်းရဲ့ အစေခံတွေလို့ ထင်နေတာလား?"ဤမျှ ရဲတင်းသော စကားများကို ပြောလိုက်သူဆီသို့ အားလုံး၏ အကြည့်များ ရောက်သွားကြသည်။
ပိုင်ရမ်ပင်
သူသည် ဤနေရာတွင် ရှိနေသူများထဲ၌ အင်အားအကြီးဆုံး အင်မော်တယ်ပညာရှင် မဟုတ်သလို၊ ပိုင်မျိုးနွယ်စု၏ အကြီးအကဲများထဲတွင်ပင် အားအကောင်းဆုံး မဟုတ်ပေ။
သို့သော် သူ စကားပြောလိုက်သည့် အခိုက်အတန့်တွင် ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲများကြား၌ မကျေနပ်မှု လုံးဝမရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤအပြုအမူမှာ သူနှင့် အကိုက်ညီဆုံးပင်။
ပိုင်ရမ်သည် ခန့်ခန့်ထည်ထည် ရပ်နေပြီး သူ၏ မျက်နှာအမူအရာမှာ အေးဆေးနေကာ လှောင်ပြောင်သည့် အရိပ်အယောင်ပင် ပါဝင်နေသည်။ သူသည် ချီလင်းတစ်ပိုင်း သတ္တဝါ၏ အကြည့်ကို မမှိတ်မသုန် တုံ့ပြန်ရင်း ပြောလိုက်သည်မှာ
"တိုက်ချင်ရင် တိုက်လိုက်စမ်းပါ။ လက်နက်ချဖို့ ပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်လိုက်တော့။ မင်း ကြောက်နေတယ်ဆိုရင်လည်း နောက်လှည့်ပြီး မင်းလာခဲ့တဲ့ နေရာကိုပဲ ပြန်သွားလိုက်တော့။"
ပိုင်ရမ်က ချီလင်းတစ်ပိုင်း သတ္တဝါကို ထပ်မံ ရန်စလိုက်သည့်အခါ တိုက်ပွဲမြေပြင်ကြီးမှာ အေးခဲသွားသကဲ့သို့ပင်။
ပိုင်ရမ်တွင် သံမဏိနှလုံးသား ရှိသည်ကို လူတိုင်းက သဘောတူကြရသည်။
ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်၏ ရှေ့တွင် မည်သူက ဤကဲ့သို့သော စကားမျိုးကို ဤပုံစံဖြင့် ပြောရဲမည်နည်း။
ပိုင်ရမ်ကဲ့သို့ လူမျိုးသာလျှင် လုပ်ရဲပေလိမ့်မည်။
သို့သော် ချီလင်းတစ်ပိုင်း သတ္တဝါသည် ဒေါသဖြင့် တုံ့ပြန်ခြင်း မရှိပေ။
ဟိန်းဟောက်ခြင်းလည်း မပြုပေ။
ထိုအစား ၎င်း၏ ကြီးမားလှသော မျက်လုံးများက အေးစက်တည်ငြိမ်စွာဖြင့် အနည်းငယ် ကျဉ်းမြောင်းသွားလေတော့သည်။
"ကောင်းပြီလေ၊" ၎င်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဒါဟာ မင်းရဲ့ ဆုံးဖြတ်ချက်ပဲ။"
၎င်း၏ အကြည့်သည် လူသားအင်အားစုများအပေါ်သို့ ဝေ့ဝဲသွားသည်။
"ဒီနေ့ မင်းတို့အားလုံး ဒီမှာ သေရမှာက သူ့ရဲ့ မိုက်မဲတဲ့ ရွေးချယ်မှုကြောင့်ပဲလို့သာ မှတ်လိုက်ကြ။"
ထိုစကားများ အဆုံးမှာပင် — ချီလင်းတစ်ပိုင်း သတ္တဝါကြီးသည် ဦးခေါင်းကို မော့လိုက်သည်။
ထို့နောက် တိုက်ပွဲမြေပြင်ကြီး တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့သည်။
မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးနှင့်အတူ ၎င်းက အမိန့်ပေးလိုက်သည်။
သိန်းနှင့်ချီသော မိစ္ဆာသားရဲများသည် တစ်ပြိုင်နက်တည်း ရှေ့သို့ အလုံးအရင်းနှင့် ပြေးဝင်လာကြသည်။
သားရဲလှိုင်းလုံးကြီး တိုးဝင်လာသည်နှင့်အမျှ မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါနေပြီး လက်သည်းများက မြေကြီးကို ကုတ်ခြစ်ကာ ဟိန်းဟောက်သံများမှာ လွှတ်လိုက်သော မုန်တိုင်းတစ်ခုကဲ့သို့ လေထုကို ခွဲထွက်သွားသည်။
တစ်ချိန်တည်းမှာပင် —
မိုကျွင်းသည် သူ၏ လက်ကို မြှောက်လိုက်သည်။
"တိုက်ခိုက်ကြစမ်း”
အမိန့်မှာ ရိုးရှင်းပြီး ပြတ်သားလှသည်။
မိစ္ဆာကျင့်ကြံသူများသည် ချက်ချင်းပင် လှုပ်ရှားလာကြပြီး အမည်းရောင် ဒီရေလှိုင်းကြီးကဲ့သို့ စီးဆင်းလာကာသူတို့၏ မိစ္ဆာစွမ်းအင်များကို အတားအဆီးမဲ့ ထုတ်ဖော်ရင်း တိုက်ပွဲအတွင်းသို့ အရှိန်အဟုန်နှင့် ဝင်ရောက်လာကြသည်။
ဂလု!
အင်မော်တယ်အဆင့် တည်ရှိမှုများ ဦးဆောင်လာသည့် မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများ၏ အင်အားအပြည့် ကျူးကျော်မှုကို ရင်ဆိုင်ရသည့်အခါ ကောင်းပင်အင်ပါယာ၏ တပ်ဖွဲ့ဝင်များသည် သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ကုတ်ခြစ်ခံရသလို ခံစားလိုက်ရသည်။
အကယ်၍ ထိုကဲ့သို့သော အဆင့်မြင့်တည်ရှိမှုများ၏ တိုက်ခိုက်မှုကို တစ်ချက်တည်း ခံလိုက်ရလျှင်ပင် ဘာဖြစ်သွားမှန်း မသိလိုက်မီမှာပင် သေဆုံးသွားနိုင်ပေသည်။
ပိုင်ရမ်၏ အသံမှာ မတုန်မလှုပ်ဘဲ နောက်တစ်ကြိမ် ဟိန်းထွက်လာသည်။
"ဒီအမှိုက်တွေကို ကြည့်ပြီး ကြောက်နေစရာ မလိုဘူး”
သူ၏ အကြည့်က ကောင်းကင်အင်ပါယာ၏ တပ်ရင်းများကို ဝေ့ကြည့်လိုက်သည်။
"မင်းတို့ လုပ်နေကျအတိုင်းပဲ လုပ်ကြ”
သူ၏ နှုတ်ခမ်းများက ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"ဒုက္ခပေးမဲ့ ကောင်တွေကိုတော့ ငါတို့ ကိုင်တွယ်ဖြေရှင်းပေးမယ်။"
သူ၏ စကားများက စိတ်ဓာတ်များကို ပြန်လည် နိုးကြားလာစေသည်။
"သူတို့ဘက်က အင်မော်တယ်ပညာရှင်တွေကို ထုတ်သုံးတယ်ဆိုတော့ရော ဘာဖြစ်လဲ? ငါတို့မှာလည်း ရှိတာပဲ မလား”
"သူတို့ အရင်က နှစ်ခါတောင် ရှုံးထားတာ။ ဒီနေ့ သူတို့ကို တတိယအကြိမ်မြောက် သင်ခန်းစာ ထပ်ပေးရမှာပေါ့”
"လူကြောက်တွေ၊ ဒီတစ်ခါတော့ မင်းတို့ အရင်လို လွယ်လွယ်နဲ့ ထွက်မပြေးဖို့ မျှော်လင့်ပါတယ်”
ကောင်းကင်အင်ပါယာ၏ အင်အားစုများသည်လည်း ရှေ့သို့ တိုးထွက်လာကြပြီး ကျူးကျော်လာသော အင်အားစုနှစ်ခုလုံးကို ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
ထိုလှိုင်းလုံးကြီးများ ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် တိုက်ပွဲမြေပြင်မှာ ယခင်ကကဲ့သို့ပင် ပရမ်းပတာ အခြေအနေသို့ ရောက်ရှိသွားတော့သည်။
အင်မော်တယ်အဆင့်ပညာရှင်များကတော့ ချက်ချင်း ဆင်းမတိုက်ကြသေးပေ။
လောလောဆယ်တွင် အောက်ခြေတိုက်ပွဲမြေပြင်မှာ ယခင်တိုက်ပွဲနှစ်ကြိမ်ကဲ့သို့ပင် အင်မော်တယ်အဆင့် အောက်ရှိသူများ၏ ကဏ္ဍသာ ဖြစ်နေသေးသည်။
ယခင်ကကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်သော ရုန်းရင်းဆန်ခတ်မှုမျိုး ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ အရေးကြီးသော ကွာခြားချက်တစ်ခု ရှိနေသည်။
၎င်းမှာ ရန်သူ့ဘက်၌ အစကတည်းက မိစ္ဆာကျင့်ကြံသူများ ပါဝင်နေခြင်းဖြစ်ပြီး၊ သူတို့
အရန်တပ်ဖွဲ့များသည်လည်း သူတို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေကြသည်။
အင်အားစုသုံးစုမှာ ထိပ်တိုက်ရင်ဆိုင်မိသွားကြသည်။
ကောင်းကင်အင်ပါယာ၏ ကျင့်ကြံသူများ၊ မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများ။
တိုက်ပွဲမြေပြင်သည် ချက်ချင်းပင် အသားကြိတ်စက်တစ်ခုကဲ့သို့ ပြောင်းလဲသွားတော့သည်။
ဒေါသတကြီး အော်ဟစ်သံများ၊ နာကျင်မှုနှင့် ပေါက်ကွဲသံများက အဆုံးအစမရှိ ပဲ့တင်ထပ်နေသည်။ ကျင့်စဉ်စွမ်းအားများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာပြီး မြေပြင်နှင့် ကောင်းကင်ယံကို တစ်စစီ ဆွဲဖြဲနေသကဲ့သို့ပင်။
ဤရုန်းရင်းဆန်ခတ်မှုများကြားတွင် — လူရိပ်တစ်ခုမှာ မုန်တိုင်းတစ်ခုကဲ့သို့ လှုပ်ရှားနေသည်။
ပိုင်ကျီဟန်
သူ၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး မိစ္ဆာသားရဲအုပ်စုကို ထိုးဖောက်ဖျက်ဆီးနေစဉ် သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ရှိနေသည်။
သူသည် လှုပ်ရှားနေရင်း တိုးတိုးလေး ရယ်မောလိုက်သည်။
အရန်တပ်ဖွဲ့များသည် မိစ္ဆာကျင့်ကြံသူများကို ကိုင်တွယ်ပေးနေပြီဖြစ်သောကြောင့် သူသည် နောက်တစ်ကြိမ် အဆင့်-၉ မိစ္ဆာသားရဲများကိုသာ အာရုံစိုက်ပြီး စနစ်မှတ်များကို ရှာဖွေနိုင်တော့မည် ဖြစ်သည်။
ပိုင်ကျီဟန်သည် အဆင့်-၉ မိစ္ဆာသားရဲများ အထူထပ်ဆုံးနေရာသို့ ခုန်ဝင်လိုက်ပြီး သူ၏ လှုပ်ရှားမှုများမှာ ထက်ရှကာ ပြတ်သားလှသည်။
တိုက်ချက်တိုင်းသည် သေသပ်၏ သတ်ဖြတ်မှုတိုင်းမှာ ထိရောက်လှသည်။ သူ၏ ဓားမှာ အေးစက်သော အလင်းတန်းတစ်ခုကဲ့သို့ ကခုန်နေပြီး သားရဲလှိုင်းလုံးကြီးထဲတွင် သွေးစွန်းသော လမ်းကြောင်းတစ်ခုကို ထွင်းထုသွားသည်။
သူ့ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲများမှာ သူ၏ ခြိမ်းခြောက်မှုကို ခံစားမိပြီး ဒေါသတကြီး ဟိန်းဟောက်နေကြသည်။
သားရဲအတော်များများက သတ်ဖြတ်လိုသော အရှိန်အဝါများဖြင့် သူ့ထံသို့ တစ်ပြိုင်နက်တည်း အာရုံစိုက်လာကြသည်။
ပိုင်ကျီဟန်ကလည်း ထိုအခြေအနေကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်သည်။
သို့သော် သူ မည်မျှပင် သတ်ဖြတ်ပါစေ၊ ၎င်းမှာ အရေးမကြီးလှပေ။ အဘယ်ကြောင့်ဆိုသော် ပင်မတိုက်ပွဲသည် သူတို့ကြားတွင် မဟုတ်သောကြောင့် ဖြစ်သည်။
အင်မော်တယ်ပညာရှင်များ၏ တိုက်ပွဲရလဒ်ကသာ အဖြေကို ဆုံးဖြတ်ပေးလိမ့်မည်။ ကောင်းကင်အင်ပါယာ၏ မဟာကောင်းကင်ဘုံပညာရှင်များက ပထမဆုံး စတင်လှုပ်ရှားလိုက်ကြသည်။
ပိုင်ရမ်သည် မိစ္ဆာကျင့်ကြံသူများကြားရှိ ရင်းနှီးသော လူရိပ်တစ်ခုထံသို့ အကြည့်ချင်း ဆုံလိုက်သည်။
ကုံးယောင်
ရက်စက်ပြီး ဖိနှိပ်ချုပ်ချယ်သော မိစ္ဆာစွမ်းအင်များမှာ ကုံးယောင်၏ ပတ်ပတ်လည်တွင် အသက်ဝင်နေသော မြွေများကဲ့သို့ ရစ်ပတ်နေသည်။
အင်မော်တယ်အဆင့်ရှိ မိစ္ဆာကျင့်ကြံသူများထဲတွင်ပင် သူသည် အန္တရာယ်အရှိဆုံးသူတစ်ဦးအဖြစ် ထင်ရှားနေသည်။
ပိုင်ရမ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ငါတို့ ပြန်တွေ့ကြပြန်ပြီနော်”
၎င်းမှာ လွန်ခဲ့သော နှစ်နှစ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း သူတို့အတွက်တော့ မကြာသေးမီကမှ တွေ့ဆုံခဲ့သလိုပင်။
တစ်ဦးနှင့်တစ်ဦး ဆုံတွေ့ရန် အလွန်ခဲယဉ်းသော အင်မော်တယ်အဆင့်ပညာရှင်များအတွက် ဆယ်နှစ်ကြာမှ ဆုံတွေ့ခြင်းကိုပင် မကြာသေးမီကဟု သတ်မှတ်နိုင်ရာ၊ နှစ်နှစ်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ပေ။
ကုံးယောင်သည်လည်း ပိုင်ရမ်ကိုသာ အာရုံစိုက်ထားပြီး သူ့ကို ပစ်မှတ်ထားလိုက်
သည်။
မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ပိုင်ရမ်သည် ဝေဟင်ထက်သို့ ခြေလှမ်းလှမ်းလိုက်သည်။ သူ၏ ပတ်ဝန်းကျင်တွင် အင်မော်တယ်အဆင့် စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကုံးယောင်ထံသို့ အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းဝင်ရောက်သွားလေတော့သည်။
သူတို့၏ အရှိန်အဝါများ ထိပ်တိုက်တွေ့လိုက်သည့် အခိုက်အတန့်တွင် ဟင်းလင်းပြင်ကြီးကိုယ်တိုင် ပုံပျက်ရှုံ့တွသွားတော့သည်။
တစ်ချိန်တည်းမှာပင် ပိုမိုကြောက်မက် ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု လှုပ်ရှားလာသည်။
မိုကျွင်း
မိစ္ဆာကျင့်ကြံသူများ၏ အရှင်သခင်သည် ဆူညံပွက်လောရိုက်နေသော တိုက်ပွဲအလယ်တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ရပ်နေသည်။ ပြင်းထန်လှသော တိုက်ပွဲမြေပြင်မှာ သူ့အတွက် ဘာမှမဟုတ်သည့်အလားပင်
ထို့နောက်—
သူ့ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာသည်။
ပိုင်ချူ
ပိုင်မျိုးနွယ်စု၏ မဟာအကြီးအကဲငါးဦးထဲတွင် အင်အားအကြီးဆုံးသူ ဖြစ်သည်။
ရောက်ရှိနေသော အင်မော်တယ်ပညာရှင်များ အားလုံးထဲတွင် သူ့ထက်သာသည်ဟု မည်သူမျှ မပြောရဲပေ။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။
မည်သည့်စကားမျှ မပြောဖြစ်ကြ။
ပြောနေစရာလည်း မလိုပေ။
ပိုင်ချူသည် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သည်နှင့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် စွမ်းအင်များမှာ ဒီရေတက်သကဲ့သို့ မြင့်တက်လာပြီး မိုကျွင်း၏ မိစ္ဆာစွမ်းအင်များကို တိုက်ရိုက် ဖိနှိပ်လိုက်တော့သည်။
သူတို့နှစ်ဦး၏ ထိပ်တိုက်တွေ့မှုမှာ တိတ်ဆိတ်နေသော်လည်း—
အောက်ခြေရှိ မည်သည့်ပေါက်ကွဲမှုထက်မဆို အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအချိန်တွင် မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။
အရိပ်တစ်ခုက ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။
ချီလင်းတစ်ပိုင်း သတ္တဝါကြီး စတင်လှုပ်ရှားလာပြီ ဖြစ်သည်။
၎င်း၏ ခြေတစ်လှမ်းချင်းစီက တိုက်ပွဲမြေပြင်ကို တုန်ဟည်းသွားစေပြီး အင်မော်တယ်ပညာရှင် စွမ်းအင်နှင့် သားရဲတို့၏ ဖိအားများမှာ အသက်ရှုကျပ်
လောက်သော လှိုင်းလုံးများအဖြစ် အပြင်ဘက်သို့ လွင့်ပျံလာသည်။
၎င်း၏ တည်ရှိမှုတစ်ခုတည်းနှင့်တင် အားနည်းသော ကျင့်ကြံသူအများအပြားကို ဒူးထောက်သွားစေသည်။
ထိုသတ္တဝါကြီးကို ရင်ဆိုင်ရန် လူရိပ်သုံးခု ဝေဟင်သို့ ပျံတက်လာကြသည်။
လီမျိုးနွယ်စု၏ မဟာအကြီးအကဲ။
ကျောက်မျိုးနွယ်စု၏ မဟာအကြီးအကဲ။နှင့်
တော်ဝင်မိသားစု၏ ဘိုးဘေးတို့ဖြစ်သည်။
သူတို့သုံးဦးလုံးမှာ အင်မော်တယ်မြေကမ္ဘာအဆင့်များ ဖြစ်ကြသည်။ တစ်ဦးချင်းစီတွင် ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အစွမ်းများ ရှိကြသည်။ တစ်ယောက်ချင်းစီအနေဖြင့် ချီလင်းတစ်ပိုင်း သတ္တဝါကို နှိမ်နင်းနိုင်ရန် မသေချာသော်လည်း—
သုံးယောက်ပေါင်းလျှင်မူ အနိုင်ရရှိရန် အခွင့်အလမ်း အလွန်များပြားသည်။
ချီလင်းတစ်ပိုင်း သတ္တဝါ၏ မျက်လုံးများတွင် စိတ်ဝင်စားမှုဖြင့် တောက်ပသွားသည်။ အင်မော်တယ် မြေကမ္ဘာအဆင့် သုံးယောက်အဆင့် ..
ဖျော်ဖြေမှုပေးနိုင်ရန် လုံလောက်ပေသည်။
ကျန်ရှိနေသော အင်မော်တယ်အဆင့် ခြိမ်းခြောက်မှုများမှာလည်း အန္တရာယ်ရှိသည်မှာ အမှန်ပင်။
သို့သော် ကုံးယောင် ၊ မိုကျွင်းနှင့် ချီလင်းတစ်ပိုင်း သတ္တဝါတို့နှင့် နှိုင်းယှဉ်ပါက ဒုတိယတန်းစားများသာ ဖြစ်သည်။ ကောင်းကင်အင်ပါယာမှ အခြားသော အင်မော်တယ်ပညာရှင်များက ၎င်းတို့ကို ကြားဖြတ်တိုက်ခိုက်ကာ အောက်ခြေရှိ ပျက်စီးမှုများကို တားဆီးထားပြီး အဓိက တိုက်ပွဲကြီးသုံးခုကို မနှောင့်ယှက်နိုင်အောင် ထိန်းထားကြသည်။
စစ်ပွဲကြီးမှာ အပိုင်းကဏ္ဍများ ကွဲသွားခဲ့ပြီ။
တိုက်ပွဲမြေပြင်အတွင်း တိုက်ပွဲငယ်များစွာ ဖြစ်ပေါ်နေသည်။
အထက်ကောင်းကင်ယံတွင် အင်မော်တယ်အဆင့် ပညာရှင်များ ထိပ်တိုက်တွေ့နေကြပြီး တိုက်ချက်တိုင်းက မြေပြင် အနေအထားကို ပြောင်းလဲပစ်နိုင်သည်။ အောက်ခြေတွင်မူ မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများသည် ခံစစ်စည်းများကို အပြင်းအထန် တိုက်ခိုက်နေကြပြီး ကျင့်ကြံသူများမှာလည်း ကြောက်ရွံ့ပင်ပန်းနေကြသော်လည်း နောက်မဆုတ်တမ်း ပြန်လည်ခုခံနေကြသည်။
ရောက်ရှိနေသူတိုင်းအတွက် အမှန်တရားတစ်ခုက ရှင်းလင်းသွားခဲ့သည်။
ဒါဟာ စမ်းသပ်မှုတစ်ခု မဟုတ်တော့ပေ။
အခြေအနေကြည့် တိုက်ခိုက်ခြင်းမျိုးလည်း မဟုတ်တော့။
ဒါဟာ အလုံးအရင်းနှင့် တိုက်ခိုက်သည့် စစ်ပွဲအစစ်အမှန် ဖြစ်သည်။
စစ်ပွဲပြီးဆုံးသွားသည့်အခါ တစ်ဖက်တည်းသာ ရှင်သန် ကျန်ရစ်တော့မည် ဖြစ်သည်။