← Chapters

မိစ္ဆာသားရဲများ ဆုတ်ခွာခြင်းလော

Vol. 26 Ch. 377

မိစ္ဆာသားရဲများ ဆုတ်ခွာခြင်းလော

Vol. 26 Ch. 377

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ခဏ၌ ပိုင်ရွှယ်ချင်း၏ အသက်ရှူသံများ ရပ်တန့်သွားခဲ့ရသည်။

ဗလာခြေလှမ်း ဦးချိုသားရဲ၏ ချိုသည် ပိုင်ကျီဟန်၏ ဝမ်းဗိုက်ကို ဖောက်ထွက်သွားခဲ့ကာ ပြတ်သားလွန်းပြီး ရက်စက်လွန်းသည့်အပြင် သွေးအေးလွန်းလှသည်။

အမြဲတမ်း တည်ငြိမ်အေးစက်နေတတ်သည့် သူမ၏ မျက်နှာထက်၌ ရှားရှားပါးပါး ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်လာသည်။

မည်သည့်အခါမျှ စိတ်လှုပ်ရှားမှု မပြတတ်သော သူမပင်လျှင် သိသိသာသာ တုန်ရင်နေမိသည်။

(သူ... တိုက်ရိုက် အထိခံလိုက်တာလား?)

ချူကျီယန်ကတော့ ငယ်သံပါအောင် အော်ဟစ်လိုက်မိတော့သည်။

"မဖြစ်နိုင်တာ... မဖြစ်ရဘူး..."

သူမ၏ အသံများ တုန်ရီနေကာ ရင်ထဲတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေ၏။

ယခုမြင်လိုက်ရသည့် မြင်ကွင်းကို သူမ ဘယ်လိုမှ လက်မခံနိုင်ပေ။

ပိုင်ထျန်းဟမ်သည်လည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် လက်ဖျံကြောများမှာ ထောင်ထွက်နေပြီး ဧရာမ ငရဲ နဂါးကို ဓားဖြင့် အဆက်မပြတ် ခုတ်ယိမ်းနေသော်လည်း ခေတ္တမျှ ရင်ထဲ၌ ထိတ်လန့်သွားရသည်မှာ အမှန်ပင်။

သို့သော် သူက ထိုကြောက်စိတ်ကို အတင်းဖိသိပ်ကာ...

"ကျီဟန်က ဒီလောက်နဲ့ လဲကျမယ့်သူ မဟုတ်ဘူး" မေးကြောများ တင်းအောင် စေ့ထားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက်... ပိုင်ကျီဟန်၏ ဝမ်းဗိုက် ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။

သို့သော် သူ၏ နှုတ်ခမ်းဖျား၌ အပြုံးမှာ... ထက်မြက်ပြီး ယုံကြည်ချက် အပြည့်ရှိနေ၏။

သားကောင်ကို ကျော့ကွင်းထဲ ဖမ်းမိလိုက်သည့် မုဆိုးတစ်ဦး၏ အပြုံးမျိုးပင်။

ထိုအကျွမ်းတဝင်ရှိလှသော လှည့်ဖြားတတ်သည့် အပြုံး

ပိုင်ရွှယ်ချင်း တစ်ယောက် သက်ပြင်းချနိုင်ရင်း စိတ်သက်သာရာရမှုနှင့် မယုံကြည်နိုင်မှုတို့ ရောယှက်နေမိသည်။

ပိုင်ကျီဟန်နှင့် ကြာမြင့်စွာ သိကျွမ်းခဲ့သူဖြစ်၍ ထိုအပြုံးက ဘာကို ဆိုလိုမှန်း သူမ ကောင်းကောင်းသိသည်။ ၎င်းမှာ သူခင်းထားသည့် ထောင်ချောက်ထဲသို့ သားကောင် ကျရောက်သွားပြီဟူသည့် အဓိပ္ပာယ်ပင်။

ထိုစဉ်—

လောကကြီးတစ်ခုလုံး တုန်ခါသွားတော့သည်။

တိမ်တိုက်များကိုပင် တုန်လှုပ်သွားစေနိုင်သည့် အင်အားကြီးမားလှသော စွမ်းအင်တစ်ခုသည် ပိုင်ကျီဟန်၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

လူတိုင်း ခံစားလိုက်ရသည်။

လူတိုင်းပင်!

ဝေးကွာလှသော စစ်မြေပြင်မှ မိစ္ဆာကျင့်ကြံသူများနှင့် အင်မော်တယ်နယ်ပယ် မိစ္ဆာသားရဲများကို စောင့်ကြိုနေကြသည့် အင်မော်တယ်နယ်ပယ် ပညာရှင်များပင် အသက်ရှူရပ်မတတ် တုန်လှုပ်သွားကြသည်။

"ဒီစွမ်းအင်က ဘာလဲ...”

“ပြင်းထန်လွန်းလှချေလား... အင်မော်တယ်နယ်ပယ်က မိစ္ဆာသားရဲများလား”

ပိုင်ရမ်ကတော့ ထိုအရှိန်အဝါကို ရင်းနှီးသလို ခံစားရသော်လည်း သေချာတော့ မမှတ်မိပေ။

"ငါတို့ သွားကြည့်သင့်လား?"

အင်မော်တယ်ပညာရှင်တစ်ဦးက အကြံပြုသည်။ အကယ်၍ အင်မော်တနယ်ပယ်မှ ရန်သူတစ်ဦးသာ အာရုံမခံမိဘဲ ပေါ်လာခဲ့လျှင် အကြီးအကျယ် ပျက်စီးပေလိမ့်မည်။

သို့သော် အရာရှိတစ်ဦးက အပြေးအလွှား ရောက်ရှိလာကာ အခြေအနေကို ရှင်းပြသည်။

"အင်မော်တယ်အရှင်သခင်တို့ စိတ်အေးအေးထားပါ။ ကျွန်တော်တို့ဘက်က လူတစ်ယောက်က အစွမ်းထက်တဲ့ နည်းစနစ်တစ်ခုကို သုံးနေတာပါ"

ထိုလူတစ်ယောက်သည် အသက် ၁၈ နှစ်သာ ရှိသေးသည်ဟု ပြောပြနေလျှင် ရှင်းပြရသည်မှာ အချိန်ကုန်လှမည်ဖြစ်၍ အသေးစိတ်ကိုတော့ သူ ချန်လှပ်ထားခဲ့သည်။

"အိုး... ဟုတ်လား? အဲ့ဒီလူက ဘယ်သူလဲ? မကြာခင် အင်မော်တယ်နယ်ပယ်ကို တက်လှမ်းနိုင်မယ့်သူပဲ ဖြစ်ရမယ်”

အင်မော်တယ်ပညာရှင်တစ်ဦးက ရယ်မောရင်း ပြောသည်။

ထိုအရာရှိမှာတော့ အောင့်သက်သက် အပြုံးဖြင့်သာ ပြန်တုံ့ပြန်နိုင်၏။

နောက်ထပ် အင်မော်တယ်နယ်ပယ်လား? သူက ဗလာသန့်စင်ခြင်း နယ်ပယ်ကိုတောင် မရောက်သေးပေ

မျက်စိဖြင့်မမြင်နိုင်သော ဖိအားတစ်ခုက ကောင်းကင်နှင့် မြေပြင်အနှံ့ ရိုက်ခတ်သွားသည်။

လူသားနယ်ပယ်၏ အထွတ်အထိပ်စွမ်းအားပိုင်ရှင်များကိုပင် စိုးရိမ်ထိတ်လန့်သွားစေနိုင်သည့် နည်းစနစ်တစ်ခု

အလင်းဓားချက်တစ်ခုက ကောင်းကင်ယံကို စက္ကူတစ်ချပ်လို ဖြတ်ပိုင်းပစ်လိုက်သည်။

တစ်ချက်တည်း၊

တစ်စက္ကန့်တည်းသာ!

အဆင့် (၁၀) ဗလာခြေလှမ်း ဦးချိုသားရဲ မှာ ကိုယ်ထည်တစ်ဝက်စီ အတိအကျ ပြတ်

တောက်သွားတော့သည်။

တိတ်ဆိတ်မှု

တုန်လှုပ်မှုနှင့်

အံ့သြကြည်ညိုမှု လွှမ်းမိုးသွားသည်။

ဖုန်မှုန့်များ ပြေဖုံးသွားသောအခါ ပျက်စီးနေသော မြေပြင်ထက်၌ တစ်ဦးတည်းသော ပုံရိပ်မှာ မားမားမတ်မတ် ရပ်နေဆဲသာ

သူကတော့ ပိုင်ကျီဟန်ပင်

ဗိုက်မှ ဒဏ်ရာမှ သွေးများ စီးကျနေသော်လည်း အရာအားလုံးမှာ သူ၏ စီမံကိန်းအတိုင်း ဖြစ်လာသည့်နှယ် ပြုံးနေဆဲဖြစ်သည်။

ခေတ္တမျှ လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

မိစ္ဆာသားရဲများပင်လျှင် ဘာဖြစ်သွားသည်ကို နားလည်သွားပုံရပြီး လူသားများကဲ့သို့ပင် ထိတ်လန့်သွားကြသည်။

အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင်ကို ပထမဆုံး သတ်ဖြတ်နိုင်သူမှာ ဂိုဏ်းချုပ် သို့မဟုတ် မျိုးနွယ်စုခေါင်းဆောင် မဟုတ်ပေ။

ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်မှ အသက် ၁၈ နှစ်အရွယ် လူငယ်လေး ပိုင်ကျီဟန် ဖြစ်နေလေသည်။

ပိုင်ကျီဟန်ကတော့ သူလုပ်ဆောင်ခဲ့သည့် အောင်မြင်မှု၏ ကြီးကျယ်မှုကို ဂရုမစိုက်ဘဲ ဆေးလုံးတစ်လုံးကို သောက်ကာ ဒဏ်ရာကို ကုသလိုက်ရင်း သူ၏ အကြည့်များကို အဆင့် (၉) မိစ္ဆာသားရဲများဆီသို့ လွှဲပြောင်းလိုက်၏။

"ငါ အချိန်တွေ အများကြီး ဖြုန်းလိုက်မိပြီ..."

သူက တိုးတိုးလေး ရေရွတ်ရင်း သူ၏ စနစ်မျက်နှာပြင် ကို ဆွဲဖွင့်ကာ အဆင့် (၁၀) မိစ္ဆာသားရဲကို သတ်ဖြတ်လိုက်၍ ရရှိသည့် အမှတ်များကို စစ်ဆေးလိုက်သည်။

"၁၀၀၀ မှတ်လား? မဆိုးပါဘူး..."

သို့သော် တွေးကြည့်လျှင် အသက်နှင့်ရင်းရသည်မှာ မထိုက်တန်လှပေ။ အဆင့် (၉) မိစ္ဆာသားရဲများကိုသာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက ရရှိမည့် စုစုပေါင်းအမှတ်မှာ ပို၍ပင် များပြားပေလိမ့်မည်။

တစ်ကောင်တည်းကို သတ်ပြီး ဆယ်ဆသော အမှတ်ရသည်မှာ သဘောကျစရာ ကောင်းသော်လည်း ယခုကဲ့သို့ အချိန်ကုန်ပြီး အန္တရာယ်များလှသည့် ကိစ္စမှာ မတွက်ခြေမကိုက်ပေ။

အဆင့် (၁၀) သားရဲများမှာ သတ်ရခက်ရုံသာမက သူ၏ အသက်ကိုပါ ရင်းခဲ့ရသည်။

ဗလာခြေလှမ်း ဦးချိုသားရဲကို အနီးကပ် ဆွဲခေါ်ပြီး ဒဏ်ရာရဖို့ သူ ကြံစည်ခဲ့သော်လည်း သားရဲ၏ တိုက်ခိုက်မှုမှာ ဤမျှ ပြင်းထန်မည်ဟု သူ မထင်ထားခဲ့ပေ။ အကယ်၍ သူ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် သန့်စင်မထားခဲ့လျှင် ထိုနေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားနိုင်ပေသည်။ထို့ပြင် ကံကြမ္မာဖြတ်တောက်ခြင်း ဓားချက်ကိုလည်း နောက်ထပ် တစ်ကြိမ်သာ အသုံးပြုနိုင်တော့မည်။ အကယ်၍ ကံကောင်းလျှင် အဆင့် (၁၀) ကောင် နောက်တစ်ကောင်ကို သတ်ပြီး ၁၀၀၀ မှတ် ထပ်ရနိုင်သော်လည်း ထိုမျှနှင့်ပင် ကုန်ဆုံးသွားပေလိမ့်မည်။

အဆင့် (၉) ကောင်များကို သတ်ဖြတ်ခြင်းကသာ ပို၍ ထိရောက်သည်။

ချီကုန်ဆုံးမှုမှာလည်း အနည်းငယ်မျှသာ ရှိပြီး တစ်စက္ကန့်အတွင်းမှာပင် အဆင့် (၉) မိစ္ဆာသားရဲ အများအပြားကို သုတ်သင်နိုင်၏။

ရွှမ် ရွှမ်

ပိုင်ကျီဟန်သည် အဆင့် (၉) မိစ္ဆာသားရဲများကို သတ်ဖြတ်သည့် အလုပ်ဆီသို့ ချက်ချင်း ပြန်လှည့်သွားတော့သည်။

"သူ... သူ ဘာလုပ်နေတာလဲ?"

"သူက ဆက်တိုက်ချင်သေးတာလား? မပင်ပန်းဘူးလား?"

"အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ နည်းစနစ်ကို သုံးပြီးတာတောင် ဒဏ်ရာတွေက ချက်ချင်းပျောက်သွားတာလား? သူက ဘယ်လို ခန္ဓာကိုယ်မျိုးလဲ?"

လူတိုင်း အံ့အားသင့်နေကြသည်။ သေဘေးမှ သီသီလေး လွတ်မြောက်လာပြီးနောက် နောက်ဆုတ်မည့်အစား ချက်ချင်းပင် ပြန်လည်သတ်ဖြတ်နေ၏

ပိုင်ကျီဟန်၏ စိတ်ဓာတ်ကို သူတို့ နားမလည်နိုင်တော့ပေ။

ဘာပဲဖြစ်ဖြစ် အဆင့် (၁၀) မိစ္ဆာသားရဲတစ်ကောင် သေဆုံးသွားပြီဖြစ်သည်။ သို့သော် အားသာချက်မှာ တစ်ဖက်သတ်တော့ မဟုတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် မြစိမ်းရောင်နေမင်းဂိုဏ်း၏ ဂိုဏ်းချုပ်မှာလည်း ဆက်လက် မတိုက်ခိုက်နိုင်တော့သောကြောင့် ဖြစ်သည်။

အကယ်၍ ပိုင်ကျီဟန်သာ မရှိလျှင် မဟာကောင်းကင်ဘုံတက်ခြင်းကျင့်ကြံသူတစ်ဦး အင်အားချည့်နဲ့သွားသည့်အတွက် မိစ္ဆာသားရဲများဘက်က အသာစီး ရသွားပေလိမ့်မည်။

သို့သော် ယခုမူ ပိုင်ကျီဟန်သည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ရုံသာမက အားနည်းသော သားရဲများကို တလစပ် နှိမ်နင်းခြင်းဖြင့် လူသားများဘက်ကို အသာစီးရစေခဲ့သည်။

ထိုစဉ်—

"ဝူးးးးးးးးး”

မဟာတောရိုင်းတစ်ခုလုံး ဟိန်းထွက်သွားစေမည့် စိတ်ပျက်အားငယ်စွာ အမိန့်ပေးသံတစ်ခု ပေါ်ထွက်လာတော့သည်။

အဆင့် (၉) နှင့် အဆင့် (၈) မိစ္ဆာသားရဲများသာါ ကျန်ရှိနေသော အဆင့် (၁၀) သားရဲများထံမှ အမိန့်ရရှိလိုက်သည့်နှယ် တုန်လှုပ်သွားကြသည်။

ထို့နောက် ၎င်းတို့သည် နောက်သို့လှည့်ကာ ထွက်ပြေးကြတော့၏။

ဧရာမ သားရဲကြီးများမှာ ပျက်စီးနေသော မြေပြင်ထက်၌ မိုးချုန်းသံကဲ့သို့ ဆူညံစွာ ပြေးလွှားရင်း တောရိုင်းမြေရိုင်းများအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြသည်။

"သူတို့... တကယ်ကြီး ထွက်ပြေးနေကြတာလား?"

"တောက်.. မိစ္ဆာသားရဲတွေက ဘယ်တုန်းကစပြီး ဆုတ်ခွာတတ်သွားတာလဲ?"

လူသားကျင့်ကြံသူများမှာမူ မိမိတို့နေရာတွင်သာ ခိုင်ခိုင်မာမာ ရပ်မြဲရပ်နေကြသည်။

"မလိုက်ကြနဲ့”

ဂိုဏ်းချုပ်တစ်ဦးသည် သူ၏ လက်မောင်းကို မြှောက်ကာ ဟန့်တားလိုက်သည်။

၎င်းသည် မိစ္ဆာသားရဲများ ခင်းထားသည့် ထောင်ချောက်လည်း ဖြစ်နိုင်၏ မဆင်မခြင် လိုက်သွားပါက ဘာနှင့် ထပ်တိုးမည်ကို မည်သူမှ မသိနိုင်ပေ။

ထို့ပြင် ကောင်းကင်တုန်ဟည်းစေမည့် တိုက်ပွဲကြီးအပြီးတွင် မဟာကောင်းကင်ဘုံနယ်ပယ် ပညာရှင်များပင်လျှင် အရိုးထဲအထိ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေကြရပြီဖြစ်သည်။

စစ်ကူတွေ အဆက်မပြတ် လွှတ်နေသည့် မိစ္ဆာသားရဲများနှင့် ယှဉ်လျှင် လူသားကျင့်ကြံသူ အများစုမှာ တစ်နေ့လုံး တိုက်ပွဲဝင်ထားရခြင်း ဖြစ်သည်။

၎င်းတို့၏ နယ်မြေထဲအထိ လိုက်လံတိုက်ခိုက်ရန် အင်အားမရှိကြတော့ပေ။

သို့သော်...

တစ်စုံတစ်ယောက်ကတော့ ထိုအချက်ကို အမှုပင်မထားပေ။

"မင်းတို့က ဘယ်ကို ပြေးချင်နေတာလဲ?"

ပိုင်ကျီဟန်၏ အေးစက်လှသော အသံမှာ သွေးစွန်းနေသော စစ်မြေပြင်ထက်၌ ဟိန်းထွက်လာသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်၏

ထို့နောက် ပျောက်ကွယ်သွားတော့၏။

"ဝူးးး...”

သူသည် ထွက်ပြေးနေသော သားရဲအုပ်ကြီးအတွင်း၌ တစ္ဆေတစ်ကောင်ကဲ့သို့ ပြန်လည်ပေါ်လာသည်။

သူ၏ ဓားအလင်းတစ်ချက် ဝင်းခနဲ လက်သွားသည်နှင့်

ရွှမ်

အဆင့် (၉) မိစ္ဆာသားရဲတစ်ကောင်မှာ နှစ်ပိုင်းပြတ်ကာ လဲကျသွားသည်။

ထို့နောက် နောက်တစ်ကောင်...

နောက်ထပ် တစ်ကောင်...။

"သူ ရူးနေပြီလား?”

"သူတစ်ယောက်တည်း လိုက်သွားတာလား? သေချင်နေတာလား?"

"သူက ကြောက်တယ်ဆိုတာရော သိရဲ့လား?"

"ဒီပိုင်ကျီဟန်က မိစ္ဆာသားရဲတွေ၊ အထူးသဖြင့် အဆင့် (၉) ကောင်တွေအပေါ် ဘယ်လိုအငြိုးတွေ ရှိနေတာလဲ? သူ သတ်လိုက်တာ အခုဆို ရာနဲ့ချီနေပြီ”

All Chapters