← Chapters

မိစ္ဆာကျင့်ကြံသူများ ဝင် ရောက်လာခြင်း

Vol. 26 Ch. 380

မိစ္ဆာကျင့်ကြံသူများ ဝင် ရောက်လာခြင်း

Vol. 26 Ch. 380

ထိုအချိန်တွင် ကောင်းကင်အင်ပါယာ တပ်ဖွဲ့များကြားရှိ လေထုက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ပိုင်ကျီဟန်သည် ဤသားရဲဒီရေလှိုင်းကြီးကို အစုလိုက်အပြုံလိုက် ရိတ်သိမ်းပွဲတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သောကြောင့် ၎င်းသည် ကမ္ဘာပျက်ကပ်ဘေးတစ်ခုကဲ့သို့ မခံစားရတော့ပေ။

"ဟိုမှာကြည့်စမ်း”

ပိုင်ကျီဟန်အနေဖြင့် အဆင့် (၉) သားရဲတစ်ကောင်ကို အေးအေးလူလူပင် ခုတ်ပိုင်းလိုက်သည်ကို မြင်သောအခါ ဂျူနီယာ ကျင့်ကြံသူတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

"သူတို့က သေဖို့အတွက် တန်းစီနေကြတာပဲ"

"ဒီသားရဲတွေက သင်ခန်းစာမယူတတ်ကြဘူးလား" နောက်တစ်ဦးက နှာခေါင်းရှုံ့ရင်း ပြောသည်။ "ဒီလောက် အလောင်းချင်းထပ်အောင် တိုးဝင်နေလည်း ရလဒ်က ပြောင်းလဲသွားမှာမဟုတ်ဘူး”

"တကယ်ပဲ... ဒါက အဆင့်မြင့်သားရဲဒီရေလှိုင်း ဟုတ်လို့လား"

လှံကိုင်ထားသော အတွင်းစည်းတပည့်တစ်ဦးကလည်း ကြားဖြတ်ပြောဆိုလိုက်သည်။

ထိုစကားကြောင့် တပ်ခွဲများကြားတွင် ရယ်မောသံများ ပျံ့လွင့်သွားခဲ့သည်။

ဝါရင့်အကြီးအကဲများပင်လျှင် ခပ်မှိန်မှိန် ပြုံးလိုက်မိကြသည်။

ပြီးခဲ့သောတစ်ခေါက်ကမူ ၎င်းတို့သည် သားရဲအရေအတွက်ကို ကြည့်

ရုံနှင့်ပင် ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

သို့သော် ယခုမူ...

ပိုင်ကျီဟန်သည် အဆင့် (၉) သားရဲများကို တစ်သုတ်ပြီးတစ်သုတ် သုတ်သင်နေသည်ကို ကြည့်ရင်း သူတို့ စိတ်လက်ပေါ့ပါးသွားကြသည်မှာ... အနည်းငယ် လွန်ကဲနေသည်ဟုပင် ဆိုနိုင်သည်။

အချို့ဆိုလျှင် တိုက်ပွဲကို ဖျော်ဖြေပွဲတစ်ခုကဲ့သို့ပင် သဘောထားကာ နောက်ပြောင်ကျီစယ်သည့် စကားများပင် အော်ဟစ်နေကြတော့သည်။

"ဟေ့... နောက်တစ်အုပ် လာနေပြန်ပြီဟေ့! သူတို့အကုန် သေဖို့ ဘယ်လောက်ကြာမယ် ထင်သလဲ?"

"ငါ့ရဲ့ လစဉ်သုံးငွေအားလုံးကို လောင်းတယ်... အသက်ရှူအကြိမ် (၁၀) ကြိမ်ပဲ”

"အသက်ရှူ (၁၀) ကြိမ်ဟုတ်လား? မင်းက သခင်လေးပိုင်ကို အထင်သေးနေတာပဲ။ အများဆုံး (၅) ကြိမ်ပဲ ကြာမယ်”

ရက်အတော်ကြာအောင် သူတို့ကို အသက်ရှူကျပ်စေခဲ့သည့် ဖိအားများမှာ နောက်ဆုံးတွင် လျော့ပါးသွားခဲ့ပြီဖြစ်သည်။

တကယ်တမ်းလည်း သူတို့အတွက် ရန်သူကို သတ်ဖြတ်ရန်မှာ ဖိအားများများစားစား မရှိတော့ပေ။

သူတို့အနေဖြင့် ရန်သူကို အချိန်ဆွဲထားနိုင်ရုံနှင့် ပိုင်ကျီဟန်က အဆင့် (၉) မိစ္ဆာသားရဲများကို အရေအတွက် လျှော့ချပေးမည်ဖြစ်ရာ အကြီးအကဲများက သူတို့ဆီသို့ လာရောက်ကူညီရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ယခုတစ်ကြိမ်တွင်လည်း ၎င်းတို့အတွက် လုံးဝဥဿုံ အောင်ပွဲရမည်မှာ သေချာနေပေသည်။

သို့သော်လည်း...

ထိုစဉ်မှာပင် စစ်တလင်းတစ်ခုလုံးကို ခွင်းလျက် အသံတစ်ခု ထွက်ပေါ်လာသည်။

ရွှပ်... ရွှပ်... ရွှပ်

ရှေ့တန်းစစ်မျက်နှာ၏ အရှေ့ဘက်ခြမ်းမှ စူးရှသော အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် သွေးစက်များ ပန်းထွက်ကာ အလောင်းများ တစ်လောင်းပြီးတစ်လောင်း လဲပြိုသွားတော့သည်။

"အားးးးးး”

ချက်ချင်းဆိုသလိုပင် အော်ဟစ်သံများ ဟိန်းထွက်လာသည်။

မရှေးမနှောင်းကပင် ရယ်မောစကားပြောနေကြသော ကျင့်ကြံသူများသည် ရုတ်တရက်ဆိုသလို ခုတ်ပိုင်းခံလိုက်ရပြီး အချို့မှာ ကိုယ်ခန္ဓာနှစ်ပိုင်းပြတ်ကာ လဲကျသွားကြသလို အချို့မှာမူ ကြိုးပြတ်သွားသော ရုပ်သေးရုပ်များနှယ် မြေပြင်ပေါ်သို့ ခွေခေါက်ကျသွားကြသည်။

ခြေလက်အင်္ဂါများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားခဲ့ချေပြီ။

လေထုထဲတွင် သွေးမြူများ ပျံ့လွင့်သွားသည်။

တိုက်ခိုက်မှုကို မြင်တောင်မမြင်လိုက်ရဘဲ ကောင်းကင်အင်ပါယာ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ အစုလိုက်အပြုံလိုက် လဲကျသွားချိန်တွင် ခုခံစစ်ကြောင်းမှာလည်း ပျက်ယွင်းသွားတော့သည်။

အသက်ရှင်ကျန်ရစ်သူများမှာ နောက်သို့ ဆုတ်ခွာရင်း မိမိတို့အဖွဲ့အတွင်း၌ ပွင့်အာလာသော သွေးစွန်းသည့် သတ်ကွင်းကြီးကို ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်နေကြရသည်။

မည်သူမျှ ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောမပေါက်နိုင်ကြသေးပေ။

တင်းမာမှုများဖြင့် ပြည့်နှက်နေသော စစ်တလင်းကြီးတစ်ခုလုံး အေးခဲသွားသယောင် ရှိခဲ့သည်။

အကြည့်အားလုံးသည် အရှေ့ဘက်ခြမ်းသို့ စုပြုံရောက်ရှိသွားကြရာ ထိုနေရာတွင် အလောင်းများမှာ လတ်လတ်ဆတ်ဆတ် ခုတ်ပိုင်းခံထားရပြီး သွေးနံ့များမှာ အေးစက်သော လေထုထဲတွင် လှိုင်နေလေသည်။

ထို့နောက်—

သေမင်းတမန် ပန်းတစ်ပွင့် ပွင့်အာလာသကဲ့သို့ မိစ္ဆာစွမ်းအင် အမျှင်တန်းပေါင်း ထောင်ချီ၍ ရုတ်ခြည်း ထွက်ပေါ်လာသည်။

"ဟီးဟီး... တကယ်ကို အနိုင်ကျင့်လို့ကောင်းတဲ့ သားကောင်လေးတွေပဲ..."

"ကြည့်စမ်းပါဦး... သူတို့က ဘယ်လောက်တောင် နုနယ်လိုက်သလဲ..."

"သူတို့ကို အပိုင်းပိုင်း ဓားနဲ့မွှန်းပစ်စမ်း... တစ်ယောက်မှ အသက်မချန်နဲ့..."

အရိုးပေါ်တွင် ဖန်ကွဲစဖြင့် ခြစ်နေသကဲ့သို့ စူးရှပြီး သွေးဆာနေသော ရူးသွပ်မှုများ ရောယှက်နေသည့် အသံများ ထွက်ပေါ်လာသည်။

ကောင်းကင်အင်ပါယာ တပ်ဖွဲ့များထဲတွင် စိမ့်ကနဲ ချမ်းတုန်သွားကြတော့သည်။

ထိုအချိန်ကျမှသာ လူတိုင်း အခြေအနေကို သဘောပေါက်သွားကြတော့သည်။

ဤသေဆုံးမှုများသည် သားရဲများကြောင့် မဟုတ်ပေ။

မိစ္ဆာကျင့်ကြံသူများပင် ဖြစ်သည်။

၎င်းတို့သည် သားရဲဒီရေလှိုင်းကြီး၏ အရိပ်အောက်တွင် ပုန်းအောင်းကာ စစ်တလင်းအတွင်းသို့ ခိုးဝင်လာခဲ့ကြခြင်းဖြစ်သည်။

တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းနေခဲ့ကြပြီး ယခုမူ ၎င်းတို့၏ ရုပ်သွင်များမှာ မှောင်မည်းသော မြူထုထဲမှ အထင်အသား ထွက်ပေါ်လာကာ ယုတ်မာသော ရယ်မောသံများကလည်း ပျံ့လွင့်လာတော့သည်။

၎င်းတို့သည် ကြိုတင်သတိပေးချက်မရှိဘဲ ရောက်ရှိလာခဲ့သည်။

အသံမထွက်ဘဲ...

အာရုံခံ၍ပင် မရနိုင်ဘဲ ရောက်ရှိလာခဲ့ခြင်းပင်။

စစ်သေနာပတိချုပ် ဝေကျုံးယွမ်၏ မျက်နှာအမူအရာမှာ စောစောက စိတ်အေးလက်အေး ရှိနေသည့် ယုံကြည်ချက်များ ပျောက်ဆုံးသွားပြီး တုန်လှုပ်ခြောက်ခြားမှုနှင့် ဒေါသအရှိန်များအဖြစ်သို့ ကူးပြောင်းသွားတော့သည်။

"ဘာ... ကင်းထောက်တွေ ဘာလုပ်နေကြတာလဲ”

သူ၏ ကျင့်ကြံခြင်းစွမ်းအင်များ သောင်းကျန်းစွာ ပေါက်ကွဲထွက်လာရင်း ဟိန်းဟောက်လိုက်သည်။

"ဒီလောက်များပြားလှတဲ့ မိစ္ဆာကျင့်ကြံသူတွေက ငါတို့ရဲ့ စစ်ဗျူဟာထဲကို ဘယ်လိုလုပ်ပြီး အာရုံမခံမိဘဲ ဝင်လာနိုင်ရတာလဲ—"

စစ်သေနာပတိ ဝေကျုံးယွမ်သည် ကင်းထောက်များ၏ တာဝန်ပေါ့လျော့မှုကို အပြစ်တင်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားကာ အကြီးအကျယ် တုန်လှုပ်သွားရသည်။

ဤမျှများပြားသော မိစ္ဆာကျင့်ကြံသူများ ခိုးဝင်လာနိုင်သည်အထိ ကင်းထောက်များ ပျက်ကွက်ခဲ့ခြင်းသည် အင်မော်တယ်အဆင့် ကျင့်ကြံသူကြီးများပင်လျှင် ၎င်းတို့ကို အာရုံမခံမိခဲ့ခြင်းကို ဆိုလိုနေသည်။

အကယ်၍သာ အဆင့်မြင့်ပညာရှင်ကြီးများ အာရုံခံမိခဲ့ပါက အနည်းဆုံးတော့ ကြိုတင်သတိပေးချက် ထုတ်ပြန်ပေးခဲ့မည် မဟုတ်ပါလော

ဆိုလိုသည်မှာ ထိုမိစ္ဆာများသည် အင်မော်တယ်အဆင့် ကျင့်ကြံသူများ၏ အာရုံခံနိုင်စွမ်းမှပင် လွတ်မြောက်အောင် ၎င်းတို့၏ စွမ်းအင်များကို ဖုံးကွယ်ထားနိုင်သည့် နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ကြခြင်းပင်။

ထိုစဉ်မှာပင် သွေးအိုင်ထဲ နစ်နေသော ကင်းထောက်တစ်ဦးသည် ဝေကျုံးယွမ်၏ ရှေ့မှောက်သို့ ယိုင်တိယိုင်တိုင်ဖြင့် ရောက်ရှိလာပြီး အသက်ကို လုရှူရင်း ဒူးတစ်ဖက် ထောက်လိုက်ရသည်။

"သ... သတင်းပို့ပါရစေ”

ဝေကျုံးယွမ်က အမိန့်ပေးလိုက်သည်။ "ပြောစမ်း”

ကင်းထောက်၏ အသံမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေ၏။

"စစ်သေနာပတိချုပ်... ကျွန်တော်တို့... ရှေ့တန်းကင်းထောက်အဖွဲ့တွေ... အခုလေးတင် တွေ့ရှိခဲ့တာက..."

သူသည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။

နောက်ထပ်ပြောမည့် စကားလုံးများကို ဆိုရန်ပင် သူကိုယ်တိုင် ထိတ်လန့်နေပုံရသည်။

"...ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ကို ဝိုင်းထားတဲ့... မိစ္ဆာကျင့်ကြံသူ အုပ်စုကြီး အမြောက်အမြားကို တွေ့လိုက်ရပါတယ်ခင်ဗျာ။"

ဝေကျုံးယွမ်၏ မျက်နှာထားမှာ တင်းမာခက်ထန်သွားတော့သည်။

မိစ္ဆာကျင့်ကြံသူများကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ဟု ထင်မှတ်ထားခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့အားလုံးကို အလစ်အငိုက် ဝိုင်းရံထားနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

မိစ္ဆာကျင့်ကြံသူများသည် သားရဲဒီရေလှိုင်းကြီး တစ်ကျော့ပြန် အသတ်ခံနေရသည်ကို လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း သူတို့ သိထားပြီးသားဖြစ်သည်။

သို့မဟုတ်ပါက ၎င်းတို့ အချိန်အတော်ကြာ ပြင်ဆင်လာခဲ့သော အစီအစဉ်မှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

ဤကဲ့သို့သော အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း... မိစ္ဆာကျင့်ကြံသူများသည် မည်သို့မျှ မဖြစ်နိုင်သည့် အကွာအဝေးအထိ အာရုံမခံမိဘဲ တိုးကပ်လာနိုင်သည်ကို တွေ့လိုက်ရပြီးနောက်တွင်တော့ စစ်သေနာပတိ ဝေကျုံးယွမ်၏ ရင်ထဲတွင် မသက်မသာဖြစ်မှုများ တိုးဝင်လာလေတော့သည်။

မည်သူမျှ သတိမပြုမိလိုက်ခင်မှာပင်...။

ဝေကျုံးယွမ်က သက်ပြင်းကို အသာအယာ ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့ ကြိုတင်ပြင်ဆင်ထားသည့် တန်ပြန်ဗျူဟာများအတိုင်းသာ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။

ထို့နောက် သူ၏ အမိန့်ပေးသံမှာ စစ်ဟိန်းသံတစ်ခုကဲ့သို့ ဟိန်းထွက်လာတော့သည်။

"အရန်တပ်ဖွဲ့တွေ... အခုချက်ချင်း လှုပ်ရှားကြစမ်း”

ဤအချိန်ကို စောင့်ဆိုင်းနေကြသော အရန်အင်အားစုအားလုံးမှာ ရှေ့သို့ ဝုန်းကနဲ တိုးထွက်သွားကြသည်။

"ငါထင်တဲ့အတိုင်းပဲ" ဝေကျုံးယွမ်က ခပ်တိုးတိုးနှင့် ခက်ထန်စွာ ရေရွတ်လိုက်သည်။ "မိစ္ဆာကျင့်ကြံသူတွေက သူတို့ရဲ့ သားရဲတွေ အသတ်ခံနေရတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကိုပေါ့။"

သူသည် ပြန့်လွင့်နေသော မိစ္ဆာမြူထုများဆီသို့ လက်ညှိုးညွှန်လိုက်၏

"သူတို့က ဒီရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး ကောင်းကင်အင်ပါယာရဲ့ နယ်မြေတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေတာပဲ... အင်အားအကြီးဆုံးဆိုတဲ့ ဘွဲ့ထူးကို လုယူဖို့ပေါ့။"

သူက တစ်ချက်မျှ ခပ်တိုတို ရယ်မောလိုက်သော်လည်း ထိုရယ်သံတွင် ရယ်မောလိုစိတ် လုံးဝမပါဝင်ပေ။

"ဒါပေမဲ့ အခုတော့ သူတို့ကိုယ်တိုင် ငါတို့ရဲ့ သားရဲတွင်းထဲကို တိုးဝင်လာခဲ့ပြီ။"

မိမိတို့၏ အင်အားကို ပြန်လည်ကြည့်ရှုရင်း သူ၏ ယုံကြည်ချက်များက တစ်ကျော့ပြန် အားကောင်းလာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ထံတွင် ကောင်းကင်အင်ပါယာ၏ အတော်ဆုံး ကျင့်ကြံသူများ ရှိနေသောကြောင့် ရှုံးနိမ့်စရာ အကြောင်းမရှိဟု သူ ယူဆထားသည်။

တပ်မှူးများက အော်ဟစ်အမိန့်ပေးကာ စစ်မျက်နှာနှစ်ဖက် တိုက်ပွဲအတွက် စစ်ဗျူဟာကို အလျင်အမြန် ပြန်လည်ပြင်ဆင်လိုက်ကြသည်။

စောစောက ပေါ့ပေါ့ပါးပါး ရှိနေခဲ့သော လေထုမှာလည်း အဆုံးအထိ ဆွဲဆန့်ထားသည့် လေးကြိုးတစ်မျှ တင်းမာသွားခဲ့ပြီ။

ကင်းထောက်များမှာ မိမိတို့ နေရာများသို့ အပြေးအလွှား သွားရောက်ကြသည်။

အင်မော်တယ်အဆင့်အကြီးအကဲများမှာ ရှေ့သို့ တိုးထွက်လာ ကြသော်လည်း တိုက်ပွဲထဲသို့ ချက်ချင်း ဝင်မပါသေးပေ။

ရန်သူ့ဘက်မှ အင်မော်တယ်အဆင့် ကျင့်ကြံသူများ ထွက်ပေါ်လာသည်အထိ သူတို့ စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

မြက်ခင်းပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေသည့် အရှေ့ဘက်ခြမ်းရှိ ဟာကွက်များကို အရန်တပ်ဖွဲ့များက ဝင်ရောက်ဖြည့်ဆည်းလိုက်ကြသည်။

ဝေကျုံးယွမ်က သူ၏ဓားကို မြှောက်လိုက်ရာ သူ၏ကျင့်ကြံခြင်းစွမ်းအင်များမှာ တောက်ပသော မီးတိုင် ကြီးတစ်ခုကဲ့သို့ ဝင်းလက်သွားတော့သည်။

"ဒီနေ့မှာ..." သူက ဟိန်းဟောက်လိုက်သည်။ "ကောင်းကင်အင်ပါယာရဲ့ ကပ်ဘေးနှစ်ခုလုံးကို ငါတို့ အမြစ်ပြတ် သုတ်သင်မယ်”

သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

"သားရဲဒီရေလှိုင်းနဲ့ မိစ္ဆာကျင့်ကြံသူတွေ—"

"အကုန်လုံးကို တစ်ပြိုင်တည်း အပြတ်ရှင်းပစ်ကြစမ်း”

တုန်လှုပ်သွားခဲ့သော စစ်သည်တော်များမှာလည်း စိတ်ဓာတ်များ ပြန်လည်နိုးကြားလာကာ အားတက်သရော ပြန်လည်အော်ဟစ် ကြွေးကြော်ကြတော့သည်။

နောက်တန်းမှ စစ်ဗုံသံများက တခြိမ်းခြိမ်း မြည်ဟည်းလာသည်။

ကျင့်ကြံခြင်းစွမ်းအင်များမှာလည်း ဒီရေတက်သကဲ့သို့ တိုးဝှေ့လာသည်။

ဤသည်မှာ စစ်ပွဲအစစ်အမှန် စတင်သည့် အချိန်ပင် ဖြစ်တော့သည်။

All Chapters