မိစ္ဆာကျင့်ကြံသူများ၏ တိုက်စစ်
Vol. 26 Ch. 381
"ဟီးဟီး... နောက်ဆုံးတော့ ဒီမောက်မာလှတဲ့ တရားဓမ္မဘက်တော်သား ခွေးအုပ်ကို စစ်မှန်တဲ့ စွမ်းအားဆိုတာ ဘာလဲဆိုတာ သင်ခန်းစာပေးဖို့ အခွင့်အရေးရပြီပဲ။"
"သူတို့ ရုန်းကန်နေတာကို ကြည့်နေလိုက်စမ်းပါ။ သူတို့ရဲ့ ထိတ်လန့်မှု... သူတို့ရဲ့ မျှော်လင့်ချက်မဲ့မှုတွေက... အကောင်းဆုံး ပူဇော်မှုတွေပဲ။"
"သူတို့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။"
"ဒါဟာ ခေတ်သစ်တစ်ခု စတင်ဖို့ အချိန်ပဲ”
မိစ္ဆာကျင့်ကြံသူများ၏ အသံများတွင် မျှော်လင့်စောင့်စားမှု၊ သွေးဆာမှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသည်။
သို့သော် ထိုလှောင်ပြောင်သံများအားလုံးသည် တစ်ဦးတည်းသော ပုံရိပ်တစ်ခု ရှေ့သို့တိုးလာသည်နှင့် တစ်ပြိုင်နက် ငြိမ်သက်သွားခဲ့သည်။
မိုထျန်းကျီ
သူသည် နီညိုရောင် မိစ္ဆာဂိုဏ်း၏ သူတော်စင်သားတော်ပင် ဖြစ်သည်။
သူ၏ အကြည့်များတွင် နာကျည်းမှုများဖြင့် တောက်လောင်နေသည်။
"ပိုင်ကျီဟန်..."
ထိုအမည်သည် သူ၏ နှုတ်ခမ်းဖျားမှ မြွေဆိပ်ကဲ့သို့ ထွက်ပေါ်လာသည်။
သူ၏ ဘေးပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူ ဒါဇင်ပေါင်းများစွာသည် မိုထျန်းကျီထံမှ ထွက်ပေါ်လာသော အတိုင်းအဆမဲ့ သွေးဆာမှုကို အာရုံခံမိပြီး ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။
ရှေးဟောင်းအပျက်အစီးများတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် မိုထျန်းကျီ၏ ဂုဏ်သိက္ခာမှာ တော်တော်လေး ကျဆင်းသွားခဲ့ရသည်။
သို့သော်လည်း သူ၏ အစွမ်းအစက သံသယရှိသူများကို နှုတ်ပိတ်နိုင်ခဲ့ပြီး သူ၏ အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ခြင်းဖြစ်သည်။
မိုထျန်းကျီသည် သူ၏ဘဝတွင် အကြီးမားဆုံး အရှက်ရခဲ့သည့် ထိုနေ့ကို ပြန်လည်အမှတ်ရမိရင်း လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
သူသည် ပိုင်ကျီဟန်ကို ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာပေးချင်စိတ်မှလွဲ၍ အခြားမရှိပေ။
သို့သော် သူ အမှန်တရားကို သိသည်။ ပိုင်ကျီဟန်သည် သူ့ထက် အဆပေါင်းများစွာ သန်မာနေပြီဖြစ်ရာ ၎င်းတို့ဂိုဏ်း၏ အကြီးအကဲများပင်လျှင် ပိုင်ကျီဟန်နှင့် ရင်ဆိုင်ရန် ရုန်းကန်ရပေလိမ့်မည်။
ပိုင်ကျီဟန်ကို မဆင်မခြင် သွားရောက်မစိန်ခေါ်ရန် သူကိုယ်တိုင် အပါအဝင် အားလုံးကို သတိပေးထားပြီးသားဖြစ်သည်။
"ဟင်း..ငါကိုယ်တိုင် မင်းကို မသတ်နိုင်ရင်တောင်... ဒီတစ်ခါတော့ မင်း သေရမှာ သေချာတယ်"
မိုထျန်းကျီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူတစ်ဦးတည်းသာ ဤသို့ နာကျည်းနေသည်မဟုတ်ပေ။ မိစ္ဆာကျင့်ကြံသူ အများအပြားသည် တရားဓမ္မဂိုဏ်းများအပေါ် ရန်ငြိုးထားကြသူများဖြစ်သည်။
အချို့မှာ ဖိနှိပ်ခံထားရသည်ဟု ခံစားရသည်။ အချို့မှာ ယခင်က ထိပ်တိုက်တွေ့ဖူးကြသည်။ မိုထျန်းကျီကဲ့သို့ အချို့သူများမှာမူ ပိုင်ကျီဟန်ကဲ့သို့သော ပါရမီရှင်များအပေါ် ပုဂ္ဂိုလ်ရေးအရ နာကျည်းမှုများ ရှိနေကြသည်
မည်သို့ပင်ဆိုစေကာမူ ယခုတစ်ကြိမ်တွင်မူ ၎င်းတို့သည် ကြီးမားသော စီမံကိန်းကို အကောင်အထည်ဖော်ကာ ကောင်းကင်အင်ပါယာကို သိမ်းပိုက်ရန် သန္နိဋ္ဌာန်ချထားကြသည်။
နောက်ဆုံးတွင် သူတို့သည် ဤနယ်မြေ၏ အရှင်သခင်များ ဖြစ်လာရမည့်အချိန် ရောက်ပြီဖြစ်သည်။
ထိုစဉ် မိစ္ဆာကျင့်ကြံသူများ၏ တီးတိုး စကားသံများကို ဖြတ်တောက်လျက် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ “ တိတ်စမ်း”
မိစ္ဆာကျင့်ကြံသူများ၏ အကြီးတန်းအမှုဆောင်တစ်ဦး ရှေ့သို့ တိုးထွက်လာသည်။
သူ၏ တည်ရှိမှုကပင် ပတ်ဝန်းကျင်ရှိ မြူထုများကို ဘေးသို့ လွင့်စင်သွားစေပြီး သူသည် အရိုးထွင်း ကြေးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ လွှမ်းခြုံထားသည့် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်ကြီးတစ်ဦး ဖြစ်သည်။
"အချက်ပြသံ လာတာနဲ့ ငါတို့ စတင်မယ်"
သူ၏ အကြည့်များက ဝတ်ရုံနက်ခြုံထားသော မိစ္ဆာစစ်သည်တော်များအပေါ်သို့ ဝေ့ဝဲသွားသည်။
"လုပ်ကြံသတ်ဖြတ်သူတွေက သူတို့ရဲ့ စစ်ဗျူဟာထဲကို အခုလေးတင် ခိုးဝင်သွားကြပြီ"
ယုတ်မာကောက်ကျစ်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ပေါ်လာသည်။
"သူတို့ရဲ့ ဓားသွားတွေ ကျရောက်လာတဲ့အခါ... တရားဓမ္မကျင့်ကြံသူတွေ ပရမ်းပတာနဲ့ သေကျေပျက်စီးလာတဲ့အခါ... အဲ့ဒါ မင်းတို့ လှုပ်ရှားရမည့်အချိန်ပဲ"
စုရုံးနေသော မိစ္ဆာကျင့်ကြံသူများသည် ရိုသေခန့်ညားစွာဖြင့် ကိုယ်ကို မတ်လိုက်ကြပြီး ၎င်းတို့၏ သွေးဆာနေသော စိတ်ရိုင်းများကို ထိန်းချုပ်ထားကြသည်။
သူက လက်တစ်ဖက်ကို မြှောက်ကာ ဝေးလံသော စစ်တလင်းဆီသို့ ညွှန်ပြလိုက်သည်။
"ငါတို့ရဲ့ ရည်မှန်းချက်က ပြောင်းလဲမသွားဘူး"
"တရားဓမ္မအင်အားစုတွေကို ငါတို့နဲ့ သားရဲဒီရေလှိုင်းကြားမှာ ညှပ်ပိတ်ထားလိုက်ကြစမ်း။ မိစ္ဆာသားရဲတွေကိုတော့ လုံးဝ သွားမပိတ်ဆို့နဲ့"
"သူတို့ကို သေမင်းတမန် ညှပ်ပိတ်တိုက်စစ်ထဲ ရောက်အောင် တွန်းပို့ကြ”
သူ၏ အသံမှာ လောဘဇောတိုက်နေသော ဟိန်းဟောက်သံအဖြစ်သို့ ပြောင်းလဲသွားသည်။
"သူတို့တွေ ငါတို့လက်ထဲမှာ မြေစာပင်ဖြစ်သွားတဲ့အခါ... ကောင်းကင်အင်ပါယာဟာ ငါတို့အပိုင် ဖြစ်လာလိမ့်မယ်"
မိုထျန်းကျီက သက်ပြင်းကို အသာအယာ ချလိုက်သော်လည်း သူ၏ မျက်ဝန်းအိမ်ထဲတွင်တော့ နာကျည်းမှုများက ပြင်းထန်စွာ တောက်လောင်နေဆဲ။
(ပိုင်ကျီဟန်... မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ပညာရှင်ကြီးကိုယ်တိုင်က မင်းအသက်ကို ရန်ရှာနေတာဟာ မင်းရဲ့ ကံဆိုးမှုပဲ)
"ကောင်းတယ်... ပိုင်ကျီဟန်ကို သူ့ရဲ့ နောက်ဆုံးအချိန်လေးတွေကို ပျော်ပျော်ကြီး ဖြတ်သန်းခွင့် ပေးလိုက်ကြတာပေါ့"
ပုန်းအောင်းနေသော လုပ်ကြံသတ်ဖြတ်သူများထံမှ ပထမဆုံး သတ်ဖြတ်မှုအချက်ပြသံကို စောင့်ဆိုင်းနေကြစဉ် ၎င်းတို့ပတ်ဝန်းကျင်ရှိ မိစ္ဆာမြူထုများမှာ စိတ်လှုပ်ရှားမှုနှင့် သတ်ဖြတ်လိုစိတ်များကြောင့် တဝုန်းဝုန်း လှုပ်ခတ်လာတော့သည်။
ရွှမ်
စူးရှသော အသံတစ်သံ လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
ရွှမ် ရွှမ် ရွှမ်
ထို့နောက် နောက်ထပ်တစ်သံ...
တစ်သံပြီးတစ်သံ...။
အရှေ့ဘက်ခြမ်းမှ အရိပ်ပေါင်းများစွာသည် မိစ္ဆာစွမ်းအင်များကို ခြုံလွှာသဖွယ် အသုံးပြုကာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ၎င်းတို့၏ ဓားဖျားများမှ သွေးစက်များသည် တစက်စက် ကျနေ၏။
အချက်ပြသံ ထွက်ပေါ်လာခဲ့ပြီ။
အကြီးတန်းအရာရှိ နှုတ်ခမ်းများက ရက်စက်ကြမ်းကြုတ်သော အပြုံးအဖြစ်သို့ ကွေးညွတ်သွားသည်။
"အခုပဲ”
သူ၏ အမိန့်ပေးသံသည် နာရေးခေါင်းလောင်းသံကဲ့သို့ ဟိန်းထွက်သွားတော့သည်။
တစ်ခဏချင်းမှာပင် မိစ္ဆာမြူထုကြီးသည် ရှေ့သို့ တိုးဝှေ့လာပြီး ပုန်းအောင်းနေသော မိစ္ဆာကျင့်ကြံသူ ထောင်ပေါင်း များစွာမှာလည်း အပြင်သို့ ထွက်ပေါ်လာကြသည်။ သူတို့၏ မှောင်မည်းသော အရိပ်များသည် မိုးကုတ်စက်ဝိုင်းကို ဝါးမျိုသွားသော နေကြတ်မှုတစ်ခုကဲ့သို့ စစ်တလင်းတစ်ပြင်လုံးသို့ ပျံ့နှံ့သွားလေတော့သည်။
၎င်းတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ အသက်ရှူကျပ်စေလောက်သော ဒီရေလှိုင်းကြီးတစ်ခုနှယ် လိပ်တက်လာသည်။
စစ်ဗုံသံများမှာ စစ်တလင်းထက်တွင် မုန်တိုင်းကျရောက်လာသကဲ့သို့ တခြိမ်းခြိမ်း မြည်ဟည်းနေတော့သည်။
ထိုအချိန်ကျမှသာ သားရဲဒီရေလှိုင်းကို တိုက်ခိုက်နေကြသော ကျင့်ကြံသူများသည် မိမိတို့ ဝိုင်းရံခံထားရသည်ကို အမှန်တကယ် မြင်တွေ့လိုက်ကြရသည်။
မြောက်ဘက်၊ တောင်ဘက်၊ အရှေ့ဘက်နှင့် အနောက်ဘက်...
တောအုပ်နှင့် ကွင်းပြင် ထိစပ်နေသည့် ဘက်ပေါင်းစုံမှနေ၍...
မှောင်မည်းသော မိစ္ဆာမြူလှိုင်းများသည် ဧရာမ အသက်ရှူကျပ်စေသော ဒီရေကြီးတစ်ခုကဲ့သို့ အပြင်ဘက်သို့ လှိမ့်တက်လာသည်။
ထိုမြူထုအတွင်း၌မူ
မရေမတွက်နိုင်သော အရိပ်များသည် ထိုနေရာတွင် အစကတည်းက ရှိနေခဲ့သည့်အလား တိတ်ဆိတ်စွာ ရပ်နေကြပြီး တစ်စုံတစ်ခုကို စောင့်ကြည့်မျှော်လင့်နေကြသည်။
အချို့မှာ အလောင်းကို စောင့်နေသော လင်းတများကဲ့သို့ ကောက်ကွေးနေသော သစ်ကိုင်းများပေါ်တွင် နားနေကြသည်။
အချို့မှာမူ ဓားများကို အောက်သို့နှိမ့်ကာ မလှုပ်မယှက် ရပ်နေကြသော်လည်း ၎င်းတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ လေးလံစွာ ဖိနှိပ်ထားသည်။
ကောင်းကင်အင်ပါယာ ကျင့်ကြံသူများ၏ ရင်ထဲတွင် တူဖြင့် အထုခံလိုက်ရသကဲ့သို့ အခြေအနေမှန်ကို သတိပြုမိသွားကြသည်မှာ—
သူတို့ ဝိုင်းရံခံလိုက်ရချေပြီ။
၎င်းသည် အသေးစား ခိုးဝင်တိုက်ခိုက်မှု မဟုတ်ပေ
၎င်းသည် စစ်မျက်နှာတစ်ဖက်တည်းကနေ လာတဲ့ အလစ်အငိုက် တိုက်ခိုက်မှုမျိုးလည်း မဟုတ်ပေ။
၎င်းသည် သားရဲဒီရေလှိုင်းကြီးနဲ့တင် အင်အားချင်း ယှဉ်နိုင်လောက်သည့် အင်အားကြီးမားလှတဲ့ မိစ္ဆာကျင့်ကြံသူ တပ်ဖွဲ့ကြီး၏ ကြိုတင်ကြံစည်ပြီး စနစ်တကျ ပြုလုပ်ထားတဲ့ ဝိုင်းရံပိတ်ဆို့မှုကြီးသာ
မိစ္ဆာကျင့်ကြံသူ သောင်းနှင့်ချီ၍ သူတို့ထံသို့ စစ်ကြောင်းဖြန့်ကာ ချီတက်လာကြသည်မှာ အထင်အသား ပေါ်ပေါက်လာတော့သည်။
တီးတိုး စကားသံများ ပျောက်ကွယ်သွားသည်။
အသက်ရှူသံများပင် ရပ်တန့်သွားကြရလေတော့သည်။
ဗလာသန့်စင်ခြင်းနယ်ပယ်အဆင့်အကြီးအကဲများပင်လျှင် သူတို့၏ ကျောရိုးထဲအထိ စိမ့်ကနဲ ဖြစ်သွားကြရသည်။
အကယ်၍ မိစ္ဆာကျင့်ကြံသူများသာ သားရဲဒီရေလှိုင်းနှင့် အမှန်တကယ် ပူးပေါင်းသွားပါက ၎င်းတို့တွင် အရန်အင်အားများ ရှိနေသော်လည်း တောင့်ခံနိုင်ပါ့မလားဟု မသေချာတော့ပေ။
လှုပ်ခတ်နေသော စစ်တလင်း၏ ဘေးတစ်ဖက်တွင် ပိုင်ထျန်းဟမ်သည် မြူထုကြီးကို အကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်ကာ မျက်နှာထားမှာ အလွန်ပင် တည်ကြည်လေးနက်နေ၏။
မိစ္ဆာကျင့်ကြံသူများသည် ၎င်းတို့၏ အင်အားကို ဖုံးကွယ်မထားတော့ဘဲ မဟာကောင်းကင်ဘုံတက်ခြင်း အဆင့်အရှိန်အဝါ အများအပြားကို သူ အာရုံခံမိနေပြီဖြစ်သည်။
"သူတို့ အစွမ်းကုန် ထုတ်သုံးတော့မယ့်ပုံပဲ"
ပိုင်ထျန်းဟမ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူသည် မလွဲမသွေ ရင်ဆိုင်ရတော့မည့် မိစ္ဆာအင်အားစုများနှင့် တိုက်ပွဲအတွက် စွမ်းအင် ကို ချွေတာသောအားဖြင့် သူ၏ တိုက်စစ်များကို အရှိန်လျှော့လိုက်သည်။
အခြားသူ အများအပြားလည်း ထိုနည်းတူပင် ပြုလုပ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှင်းလင်းသွားသည်မှာ—
မိစ္ဆာသားရဲများသည် တစ်ဦးတည်းသော ခြိမ်းခြောက်မှု မဟုတ်တော့ပေ။
သို့သော်လည်း ရှေ့တန်း၏ အစွန်းဆုံးတွင်မူ—
မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ၊ တင်းမာမှုများ၏ ရိုက်ခတ်မှုပင် မရှိဘဲ တစ်ကိုယ်တည်း မတ်မတ်ရပ်နေသူမှာ...
ပိုင်ကျီဟန် ပင် ဖြစ်သည်။
သူ၏ ဓားဖျားမှ အဆင့် (၉) သားရဲသွေးများမှာ မြေပြင်ပေါ်သို့ တစက်စက် ကျနေဆဲပင်
မိစ္ဆာကျင့်ကြံသူများမှ ဝိုင်းရံပိတ်ဆို့မှုကို တင်းကျပ်လိုက်သည့် အခိုက်အတန့်တွင် သူသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။
သူ စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
"အနှောင့်အယှက်တွေ တိုးလာပြန်ပြီ"
သူက ခပ်တိုးတိုး ဆိုလိုက်သည်။
ကြောက်ရွံ့မှုကြောင့် မဟုတ်ပေ
သူ၏ သတ်ဖြတ်မှုနှင့် ရမှတ်ရရှိနေမှုများကို ကြားဖြတ်နှောင့်ယှက်ရဲသည့်အတွက် စိတ်တိုသွားခြင်းသာ ဖြစ်သည်။
သူသည် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း မိစ္ဆာသားရဲများကို သတ်ဖြတ်နေခြင်းကိုမူ လက်မနှေးဘဲ ဆက်လက်လုပ်ဆောင်နေဆဲသာ။
အနှောင့်အယှက်များ မကြာမီ ရောက်လာတော့မည်ကို သိရှိထားသဖြင့် အဆင့် (၉) မိစ္ဆာသားရဲများကို သတ်ဖြတ်သည့် အရှိန်ကို ပို၍ပင် မြှင့်တင်လိုက်သေးသည်။
သူ၏ အတွေးထဲတွင် မိစ္ဆာကျင့်ကြံသူများ ရောက်လာပြီးပါက ရမှတ်များကို ဤမျှလောက် များများစားစား ရရှိရန် အခွင့်အရေး မရှိတော့ဟု ယူဆထားသဖြင့် ရနိုင်သမျှ အခွင့်အရေးကို အသုံးချနေခြင်းဖြစ်သည်။
မိစ္ဆာကျင့်ကြံသူများသည် မီတာ (၂၀၀) ပတ်လည် အကွာအဝေးသို့ ရောက်ရှိလာတော့မှသာ သူသည် မိစ္ဆာသားရဲများအား အာရုံစိုက်နေခြင်းကို ရပ်လိုက်သည်။
သူ၏ မျက်လုံးများက အနည်းငယ် ပင့်တက်သွားပြီး မရေမတွက်နိုင်သော ပုံရိပ်များအပေါ်သို့ ဝေ့ဝဲကြည့်လိုက်သည်။
"ငါသာ ဗလာသန့်စင်ခြင်းနယ်ပယ်အဆင့် မိစ္ဆာကျင့်ကြံသူတွေကို သတ်ရင် ရမှတ်တွေ ရဦးမလား?"