← Chapters

မိစ္ဆာလက်သည်းများထက် ထက်ရှသော သဘောထားကွဲလွဲမှု

Vol. 26 Ch. 389

မိစ္ဆာလက်သည်းများထက် ထက်ရှသော သဘောထားကွဲလွဲမှု

Vol. 26 Ch. 389

လူအများအပြား၏ စိတ်ထဲတွင် သံသယများ ရှိနေကြသော်လည်း ထိုကိစ္စကို မသိကျိုးကျွန်ပြုကာ တမင်တကာပင် ထုတ်မပြောဘဲ ထားလိုက်ကြသည်။ ခိုင်လုံသော သက်သေအထောက်အထား မရှိဘဲ စွပ်စွဲချက်များ ထုတ်ဖော်လိုက်ခြင်းသည် အချင်းချင်း မယုံကြည်မှုများကိုသာ တိုးပွားစေလိမ့်မည်ဖြစ်သည်။ ယခုကဲ့သို့ မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများကို ဘက်ပေါင်းစုံမှ ခုခံတိုက်ခိုက်နေရချိန်တွင် အချင်းချင်း မယုံကြည်မှုဖြစ်ခြင်းက နောက်ဆုံးမှ ဖြစ်စေချင်သော အရာပင်။

"သူလျှိုလို့ ပြောတာလား..."

စစ်သူကြီး ရှုယုချန်းက ကျောက်ဝူထျန်းကို စိုက်ကြည့်ရင်း ထိုစကားလုံးကို ဖြည်းညှင်းစွာ ထပ်ကျော့လိုက်သည်။

သူ့မျက်နှာအမူအရာသည် သံသယများဖြင့် တင်းမာသွားခြင်းမျိုး မရှိသလို၊ ငြင်းပယ်သည့် သဘောမျိုးလည်း မရှိပေ။ ထိုအစား သူသည် အလွန်တရာ လေးနက်သော သတိထားမှုဖြင့် စဉ်းစားခန်း ဝင်သွားလေသည်။

"မင်းပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်" စစ်သူကြီး ရှုယုချန်းက တည်ငြိမ်စွာ ဝန်ခံလိုက်သည်။

"ဒါပေမဲ့..." သူက ဆက်ပြောသည်မှာ "ဒီလို ကောက်ချက်ချဖို့က နည်းနည်း စောလွန်းမနေဘူးလား?"

ခိုင်လုံသော သက်သေမရှိဘဲ သူလျှိုရှိနေသည်ဟု စွပ်စွဲခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ ၎င်းမှာ မိစ္ဆာကျင့်ကြံသူတစ်ဦး သူတို့ကြားထဲတွင် ခိုးအောင်းနေခြင်းမျိုး မဟုတ်နိုင်ပေ။

အကယ်၍ ထိုသို့သာ ဖြစ်ပါက သူတို့၏ မိစ္ဆာစွမ်းအင်သည် ဟိုးကတည်းက ပေါ်လွင်နေမည်ဖြစ်သည်။

အထူးသဖြင့် အဆင့်မြင့် ကျွမ်းကျင်သူများ စုဝေးနေသည့် နေရာမျိုးတွင် ထိုစွမ်းအင်ကို ထာဝရ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ

ရောက်ရှိနေသူအားလုံးသည် မိမိတို့၏ အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်ခဲ့ကြပြီး မည်သူမျှ မိစ္ဆာစွမ်းအင်ကို အသုံးမပြုခဲ့ကြသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဆိုလိုသည်မှာ မိစ္ဆာကျင့်ကြံသူတစ်ဦးက သူတို့၏ အဆင့်အတန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာခြင်း မဟုတ်နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထိုသို့ဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုသာ ကျန်တော့သည်။

တရားသောလမ်းစဉ်ကို ကျင့်ကြံသော အင်အားကြီး ခေါင်းဆောင်တစ်ဦးက မိစ္ဆာကျင့်ကြံသူများဘက်မှ ကူညီပေးနေခြင်းပင်။

၎င်းကသာ အခြေအနေကို အမှန်တကယ် ထိတ်လန့်စရာ ကောင်းစေသည်။

တရားသော ကျင့်စဉ်စွမ်းအင်ကို ကျင့်ကြံသည့် မိမိတို့ဘက်တော်သား တစ်ဦးက ထိုလူမဆန်သော သတ္တဝါများကို ကူညီရန်အတွက် လူသားဆန်မှုကို စွန့်လွှတ်ကာ သစ္စာဖောက်သွားခြင်းပင် ဖြစ်သည်။

မိစ္ဆာကျင့်ကြံသူတစ်ဦး ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်ပါက တရားခံကို ဖော်ထုတ်ရန် လွယ်ကူလိမ့်မည်။

သို့သော် မိမိတို့ထဲမှ တစ်ဦးက သစ္စာဖောက်သွားခြင်း ဖြစ်ပါက...

ထိုသူကို ရှာဖွေတွေ့ရှိရန်မှာ မတွေးဝံ့စရာပင် ခက်ခဲလိမ့်မည်။

အဆင်အခြင်မဲ့စွာ ဤကိစ္စကို လိုက်လံစုံစမ်းနေခြင်းက သံသယနှင့် စိတ်ဝေဒနာများကိုသာ ဖြစ်ပေါ်စေမည်။

မဟာမိတ်များအကြား တစ်ဦးနှင့်တစ်ဦး သံသယဝင်လာမည်ဖြစ်ပြီး ညီညွတ်မှု ပြိုကွဲသွားလိမ့်မည်။ ရန်သူက ထပ်မံ မတိုက်ခိုက်မီမှာပင် အချင်းချင်း အားနည်းသွားပေလိမ့်မည်။

မိစ္ဆာသားရဲများနှင့် မိစ္ဆာကျင့်ကြံသူများကို ရင်ဆိုင်နေရချိန်တွင်... မယုံကြည်မှုဟူသော လက်နက်ကို မိမိတို့အချင်းချင်း ပြန်လှည့်ရန် မဖြစ်နိုင်ပေ။

တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထိုသစ္စာဖောက်အား မိစ္ဆာကျင့်ကြံသူများနှင့် ဆက်သွယ်နေသည့် အချိန်တွင် လက်ရဖမ်းမိရန်သာ ဖြစ်သည်။

လေထုက ပိုမိုလေးလံလာသည်။

ခဏတာ တိတ်ဆိတ်သွားမှုမှာ စုဝေးနေသော ခေါင်းဆောင်များအပေါ် ဖိအားတစ်ခု သက်ရောက်နေသကဲ့သို့ ခံစားရသည်။

စစ်သူကြီး ရှုယုချန်းသည် နောက်ဆုံးတွင် တည်ငြိမ် ပြတ်သားသော လေသံဖြင့် ထပ်မံ ပြောကြားလိုက်သည်။

"သံသယတစ်ခုတည်းနဲ့တင် မလုံလောက်ဘူး။”သူသည် ကျောက်ဝူထျန်းဆီ ကြည့်လိုက်၏

“ခိုင်လုံတဲ့ သက်သေရော ရှိလား?"

ကျောက်ဝူထျန်းက ချက်ချင်း ပြန်မဖြေပေ။

"မရှိပါဘူး" သူက နောက်ဆုံးတွင် ဝန်ခံလိုက်သည်။ "ကျွန်တော့်မှာ ခိုင်လုံတဲ့ သက်သေမရှိပါဘူး။"

အဆောင်အတွင်းတွင် တိုးတိုးတိတ်တိတ် ဆူညံသွားသည်။

"ဒါပေမဲ့..." ကျောက်ဝူထျန်းက ဦးခေါင်းကို မော့ကာ ဆက်ပြောသည်မှာ "ကျွန်တော့်စိတ်ထဲမှာ သံသယရှိတဲ့လူ တစ်ယောက်တော့ ရှိတယ်။"

စစ်သူကြီး ရှုယုချန်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

"သံသယရှိတဲ့သူ? ဘယ်သူလဲ?"

ကျောက်ဝူထျန်းက ချက်ချင်း မဖြေပေ။

ထိုအစား သူ၏ အကြည့်ကို ဖြည်းဖြည်းချင်း တမင်တကာပင် လွှဲပြောင်းလိုက်သည်။

နောက်ဆုံးတွင် သူ၏အကြည့်သည် ပိုင်ထျန်းဟမ်ဆီသို့ ရောက်သွားလေသည်။

အဆောင်အတွင်းရှိ မျက်လုံးအားလုံးသည် သူ၏ အကြည့်နောက်သို့ လိုက်ပါသွားကြပြီး တစ်ခဏအတွင်းမှာပင် လေထုက ပြောင်းလဲသွားသည်။

ကျောက်ဝူထျန်းက ထက်ရှသော လေသံဖြင့် ပြောလိုက်သည်။

"ပိုင်မျိုးနွယ်စု ခေါင်းဆောင်... “ သူကပြော၏ “ဒီမှာရှိတဲ့ အင်အားစုတွေထဲမှာ ခင်ဗျားတို့ ပိုင်မျိုးနွယ်စုက ဒီနေ့ အထိခိုက် အကျဆုံးပဲ။"

ထိုစကားလုံးများသည် တူဖြင့် ထုလိုက်သကဲ့သို့ပင်။

အချို့သော ခေါင်းဆောင်များမှာ မျက်မှောင်ကြုတ်သွားကြ၏ အချို့ကမူ တစ်ဦးကိုတစ်ဦး စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။

လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့ ကြုံတွေ့ခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ပါက... ပိုင်မျိုးနွယ်စု၏ အခြေအနေမှာ အမှန်တကယ်ပင် ထူးခြားနေသည်။

ပိုင်ထျန်းဟမ်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။

"ကျောက်ဝူထျန်း..." သူက ဒေါသတကြီး ရှေ့သို့ ခြေတစ်လှမ်းတိုးရင်း အေးစက်စွာ ပြောလိုက်သည်။

"မင်း ဘာကို ပြောချင်တာလဲ?"

တင်းမာမှုက ပြတ်တော့မည့် လေးကြိုးကဲ့သို့ ဖြစ်နေသည်။

" ငါ စွပ်စွဲနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မိစ္ဆာကျင့်ကြံသူတွေ ကျူးကျော်လာတာတောင် မင်းတို့ ပိုင်မျိုးနွယ်စုမှာ အထိအခိုက် မရှိသလောက် ဖြစ်နေတာက သံသယဖြစ်စရာပဲ" ကျောက်ဝူထျန်းက ပြန်ပြောသည်။

"ဟက်... ဒါတော့ ဘာဖြစ်လဲ?"

ပိုင်ထျန်းဟမ်က လှောင်ပြုံးဖြင့် ရယ်လိုက်သည်။

"ကျောက်ဝူထျန်း... မင်းတို့ ကျောက်မျိုးနွယ်စုရဲ့ အရည်အချင်း မရှိတာကို ငါ့ကို လာအပြစ်မတင်နဲ့။ ဘာလဲ... ငါ့လူတွေကိုလည်း မင်းတို့ ကျောက်မျိုးနွယ်စုဝင်တွေလိုမျိုး အသေခံခိုင်းရမှာလား?"

ကျောက်ဝူထျန်းသည် ထိုအဖြေကြောင့် အလွန်ဒေါသထွက်သွားသော်လည်း မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်သည်။

"ပိုင်ထျန်းဟမ်..." သူက စူးစူးဝါးဝါး ပြောလိုက်သည်။ "မင်း မိစ္ဆာကျင့်ကြံသူတွေနဲ့ ပေါင်းနေတာ ဖြစ်ရမယ်။ မဟုတ်ရင် မင်းတို့ ပိုင်မျိုးနွယ်စုက တစ်ယောက်မှ အကျအဆုံး မရှိတာက အဓိပ္ပာယ် မရှိဘူး”

"တောက်..မင်း ဘယ်လောက်တောင် မိုက်မဲနေတာလဲ?"

ပိုင်ထျန်းဟမ်က နှာခေါင်းရှုံ့လိုက်သည်။

"ဟုတ်တယ်၊ ငါ့ပိုင်မျိုးနွယ်စုက အထိအခိုက် အနည်းဆုံးပဲ။ ဒါပေမဲ့ ငါတို့က မိစ္ဆာကျင့်ကြံသူတွေကို အများဆုံး သတ်နိုင်ခဲ့တာ။ မင်းတို့ မျိုးနွယ်စုကရော ဘယ်နှယောက် သတ်နိုင်လို့လဲ?"

သူက ဆက်လက်၍ မညှာမတာ ပြောလိုက်သည်။

"မင်းတို့ မျိုးနွယ်စုက တာဝန်မကျေတာ သိသာနေတာပဲ။ အခုတော့ ငါတို့ကို လာစွပ်စွဲရဲတယ်ပေါ့? သူလျှိုအကြောင်းတွေ ပြောပြီး ငါ့ကို လက်ညှိုးထိုးနေတာက... ကျောက်ဝူထျန်း၊ ဒါဟာ ရန်တိုက်ပေးနေတာ မဟုတ်ဘူးလား?"

"မင်းကိုယ်တိုင်ကရော မိစ္ဆာကျင့်ကြံသူတွေကို ကူညီနေတာ မဟုတ်ဘူးလား? မင်းတို့ မျိုးနွယ်စုက သူတို့ကို သတ်တာ နည်းနေတာကို ကြည့်ရင် မင်းတို့ပဲ သူတို့ကို တမင်လွှတ်ပေးလိုက်သလားတောင် သံသယရှိတယ်"

"ပိုင်ထျန်းဟမ်” ကျောက်ဝူထျန်းက ဟောက်လိုက်သည်။ "မင်းမှာ အဲဒီလို ပြောဖို့ သက်သေရှိလား?"

"ဒါဆို မင်းမှာရော ရှိလို့လား?"

ထိုသူနှစ်ဦးကြားမှ အငြင်းအခုံမှာ ကလေးကလား ရန်ဖြစ်မှုသို့ ကူးပြောင်းသွားသည်။

ကျောက်ဝူထျန်းဘက်မှ ကြည့်လျှင်လည်း နားလည်ပေး၍ ရသည်။

သူသည် မျိုးနွယ်စုဝင် အများအပြားကို ဆုံးရှုံးခဲ့ရချိန်တွင်၊ သူ၏ ပြိုင်ဘက်မျိုးနွယ်စုမှာမူ ထိခိုက်မှု မရှိသလောက် ဖြစ်နေသည်။

ထို့ကြောင့် သူ ဒေါသထွက်ကာ လက်ညှိုးထိုး စွပ်စွဲမိခြင်း ဖြစ်မည်။

"တော်ကြတော့”

စစ်သူကြီး ရှုယုချန်းသည် အသံမြှင့်ကာ ကြားဖြတ်တားဆီးလိုက်သည်။

"နှစ်ယောက်လုံး တော်ကြတော့။ စိတ်အေးအေး ထားကြပါ”

သူ ခေါင်းကိုက်လာသလို ခံစားရသည်။

ယခင်က သူတို့နှစ်ဦး ပြေလည်သွားပြီဟု ထင်ခဲ့သော်လည်း ယခု အကျပ်အတည်း အလယ်တွင် ကလေးများကဲ့သို့ ပြန်လည် ရန်ဖြစ်နေကြပြန်သည်။

"လောလောဆယ်တော့ သစ္စာဖောက်ကိစ္စကို ဆက်မပြောကြနဲ့ဦး" ရှုယုချန်းသည်ပြတ်သားစွာ ပြောလိုက်သည်။

"အမှန်တရားကို ဖြည်းဖြည်းချင်း စနစ်တကျ ဖော်ထုတ်သွားမယ်။"

သူက အခန်းထဲရှိ လူအားလုံးကို လှည့်ကြည့်လိုက်သည်။

"လက်ရှိမှာ ငါတို့ရဲ့ ဦးစားပေးကတော့ မပြောင်းလဲသေးဘူး။ အဲဒါက မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေပဲ။"

ရှုယုချန်းသည် ခဏတာ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောသည်။

"နောက်ပြီး ငါ့ကို စိတ်ရှုပ်စေတဲ့ အချက်က မိစ္ဆာကျင့်ကြံသူတွေဘက်က သူတို့ရဲ့ အင်မော်တယ် အဆင့် ကျွမ်းကျင်သူတွေကို ထုတ်မသုံးခဲ့တာပဲ။"

လေးလံသော တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ထိုအချက်ကို အားလုံးက သတိပြုမိသွားကြသည်။

"အကယ်၍ သူတို့က သူတို့ရဲ့ အင်မော်တယ်အဆင့် အင်အားစုတွေကို မသုံးဘဲ မိစ္ဆာကျင့်ကြံသူတွေနဲ့ မိစ္ဆာသားရဲ အများအပြားကို စတေးခဲ့တယ်ဆိုရင်... ဒီတိုက်ပွဲဟာ ဆုံးဖြတ်ချက်ချဖို့ တိုက်တာ မဟုတ်ဘူး။"

"ဒါဟာ ပြင်ဆင်မှုပဲ”

သူ၏ အကြည့်က ခေါင်းဆောင်များအပေါ် ကျရောက်သွားသည်။

"အဲဒီလိုသာ ဆိုရင် နောက်လာမဲ့ တိုက်ပွဲကတော့ အရင်ကနဲ့ လုံးဝ ခြားနားလိမ့်မယ်။"

မည်သူမျှ စကားမပြောနိုင်ကြပေ။

"မိစ္ဆာကျင့်ကြံသူတွေ နောက်တစ်ကြိမ် တိုက်ခိုက်လာတဲ့အခါ” ရှုယုချန်းကဆက်ပြော၏ “ သူတို့ အစွမ်းကုန် တိုက်လာလိမ့်မယ်"

"ဒီတစ်ခါတော့ သူတို့ရဲ့ အင်အားအပြည့်နဲ့ လာလိမ့်မယ်။"

"နောက်တစ်ကြိမ် ရင်ဆိုင်ရတာက အဆုံးအဖြတ် တိုက်ပွဲလို့ ယူဆထားရမယ်” ရှုယုချန်းကဆက်ပြော၏ “ ငါတို့ ပြင်ဆင်မထားဘူးဆိုရင် ဒုတိယအကြိမ် အခွင့်အရေး ရှိမှာမဟုတ်တော့ဘူး။"

သူက စကားကို ခေတ္တရပ်ကာ လူတိုင်း စဉ်းစားနိုင်ရန် အချိန်ပေးလိုက်သည်။

"ဒီအချိန်ကစပြီး အင်အားစုအားလုံး အမြင့်ဆုံး သတိအနေအထားမှာ ရှိနေရမယ်” သူက ကြေညာလေ၏ “ နောက်တစ်ကြိမ် သူတို့နဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲက ငါတို့အတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်သွားနိုင်တယ်”

All Chapters