← Chapters

အခန်း (၁၁၀၇-၁၁၀၈)

Vol. 65 Ch. 1107-1108

အခန်း (၁၁၀၇-၁၁၀၈)

Vol. 65 Ch. 1107-1108

အပိုင်း (၁၁၀၇)

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “တော်လောက်ပြီ။ ရှင်နဲ့ စေတီတောင်ကြားက ကိစ္စကို ကျွန်မ စိတ်မဝင်စားဘူး။ ရှင်နဲ့ ရင်ကွမ်းကြား ကိစ္စကိုလည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျောက်ခေါင်းတလား ထဲက ဓားကို ပေးခဲ့ပါ။”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “အစ်မရွှမ်အာ... ဒါက ရွှေဓားရိုးရိုးလေးပါ။ အလေးချိန် ပိဿာချိန် ရာဂဏန်း လောက်ပဲ ရှိတာပါ။ အစ်မက တော်ဝင်ရန်အင်ပါယာရဲ့ မင်းသမီးပဲ။ ပိုက်ဆံလိုနေလို့လား။”

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “တတိယအကြိမ် ထပ်မပြောခိုင်းပါနဲ့။”

စကားဆုံးသည်နှင့် သူမ ဓားကို ဆွဲထုတ်လိုက်၏။ ချက်ချင်းပဲ သူမ၏ ဝတ်ရုံသည် အဖြူရောင်မှ အပြာရောင်သို့ ပြောင်းလဲသွားသည်။ သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံး တောက်ပလာပြီး မျက်ဝန်းနှစ်ဖက်သည် ကြယ်တာရာများကဲ့သို့ လင်းဖြာထွက်လာသည်။ ဤသည်မှာ တင်စားချက် မဟုတ်ပေ။ လက်တွေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “ချောင်ယောင်းအာက ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ သူ့အတွက် မျှော်လင့်ချက် မထားနဲ့။”

ထို့အပြင် ဤနေရာတွင် ကျိရွှမ်တစ်ယောက်တည်း ရှိနေခြင်း မဟုတ်ပေ။ သူမသည် မဟာပညာရှင် တစ်ရာကျော်ကို ခေါ်ဆောင်လာခဲ့၏။

“ကျွန်မ သုံးအထိ ရေတွက်မယ်။ ဓားကို မပေးရင် တိုက်ခိုက်တော့မယ်။ ရှင်တို့ ထိခိုက်သွားရင် ဒါမှမဟုတ် ချောင်ယောင်းအာ သေသွားရင် ကျွန်မကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့။”

ရှမ့်လန်သည် လက်ထဲမှ ဓားကို နှမြောတသစွာ ကြည့်လိုက်သည်။ ထိုအရာက နဂါးဓား ဖြစ်နိုင်ခြေ များသည်။ ရှေးဟောင်းဘုရင် သေဆုံးချိန်တွင် လက်ထဲ ထည့်သွင်း မြှုပ်နှံခဲ့သည့် အရာဖြစ်၏။ ထိုဓားမရှိလျှင် ရင်ဝူမင်ကို မည်သို့ နိုင်အောင် တိုက်မည်နည်း။ ရင်ဝူမင်ကို မနိုင်လျှင် အခြေအနေကို မည်သို့ ဖြေရှင်းမည်နည်း။

“တစ်... ”

ရှမ့်လန်က ပြောလိုက်သည်။

“အစ်မရွှမ်းအာ... ဒီဓားက တန်ဖိုးမရှိပါဘူး။ ရွှေဓားရိုးရိုးလေးပါ။ တကယ်ပြောတာပါ။ ကျုပ် မလိမ်တတ်တာ အစ်မလည်း သိသားပဲ။ ဒီလောကမှာ ကျုပ်ထက် ရိုးသားတဲ့သူ ရှာတွေ့မှာ မဟုတ်ဘူး။”

မည်သူကမှ သူ့စကားကို အလေးမထားကြပေ။

“နှစ်... ”

ရှမ့်လန်က ပြောလိုက်၏။ “အစ်မရွှမ်းအာ... ကျုပ်တို့ သဘောတူညီမှု တစ်ခုလောက် လုပ်ရအောင်။ လောကကြီး တုန်ဟီးသွားမယ့် သဘောတူညီမှုမျိုးလေ။”

စကားပြောနေရင်း ရှမ့်လန် သက်ပြင်းချလိုက်မိသည်။ နှံကောင်က ပုစဉ်းရင်ကွဲကို ဖမ်းရန် ချောင်းနေသော်လည်း နောက်ကွယ်တွင် စာကလေး ရှိနေသည်ကို သတိမမူမိပေ။ မင်းသမီး ကျိရွှမ်က ဤနေရာ၌ စောင့်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

ဆိုလိုသည်မှာ အဘယ်နည်း။ ရှမ့်လန်နှင့် စေတီတောင်၏ ဉာဏ်ဆင်မှုများကို တော်ဝင်ရန်အင်ပါယာက ရိပ်စားမိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုမျှသာမက တော်ဝင်ရန်အင်ပါယာသည် ဤရှေးဟောင်း ရင်ပြင်နှင့် ကျောက်ခေါင်းတလားကို ရှာတွေ့ထားပြီး ဖြစ်သော်လည်း ဖွင့်မကြည့်ခဲ့ခြင်း ဖြစ်နိုင်သည်။

နောက်ထပ် အချက်အလက်တစ်ခုလည်း ရှိနေသေးသည်။ ရှေးဟောင်းရင်ပြင်၏ အနောက်ဘက်တွင် ရှည်လျားသော လမ်းမကြီးကို ဖြတ်သန်းသွားပါက ချောက်နက်ကြီးတစ်ခုသို့ ရောက်ရှိမည် ဖြစ်သည်။ ထိုနေရာတွင် ကြီးမားသော လှိုဏ်ဂူများစွာ ရှိသည်။ ထိုလှိုဏ်ဂူများတွင် လှုပ်ရှားမှုကြီးများ ရှိနေသည်ကို ရှမ့်လန် တွေ့ရှိခဲ့၏။

ထိုစဉ်က သူ အလွန် အံ့အားသင့်ခဲ့ရသည်။ ထိုချောက်နက်သို့ မည်သူများ ရောက်ရှိနေသနည်း။ ပျံသန်းနိုင်သော သားရဲမြောက်မြားစွာကို မည်သူ ခေါ်ဆောင်သွားသနည်း။ ယခုတွင် ပုစ္ဆာက အဖြေပေါ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်ငြား တော်ဝင်ရန်အင်ပါယာ သို့မဟုတ် ကျောက်စိမ်းဖြူမြို့သည် ပျံသန်းနိုင်သော သားရဲ မည်မျှ ခေါ်ဆောင်သွားသည်ကို သူ မသိပေ။ ထို့ပြင် တချောင်က အဘယ့်ကြောင့် ကျန်ရစ်ခဲ့သနည်း။

သူတို့သည် စွမ်းအင်ဝဲကတော့ မဟုတ်သည့် ကြီးမားသော တံခါးပေါက်ဖြစ်သည့် ချောက်နက်ဝင်ပေါက်မှ ဝင်ရောက် လာကြခြင်း ဖြစ်သည်။ သူတို့တွင် ထိုတံခါးကို ဖွင့်နိုင်သည့် အခွင့်အာဏာ ရှိနေ၏။

“သုံး... ”

မင်းသမီး ကျိရွှမ်၏ ရေတွက်ခြင်း ပြီးဆုံးသွားပြီ ဖြစ်၏။ ရှမ့်လန်သာ နဂါးဓားကို မအပ်လျှင် သူမ အတင်းအဓမ္မ လုယူပြီး သတ်ပစ်ရပေတော့မည်။

ရှမ့်လန် ရုတ်တရက် အော်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်... ကြည့်မနေပါနဲ့တော့။ တတိယလူ အမြတ် ထွက်သွားမှာကို ကြည့်နေတော့မလို့လား။ ဒါက တောင်ပင်လယ် ရှေးဟောင်းအပျက်အစီး နယ်မြေနော်။ ကိုယ့်အိပ်ရာဘေး တခြားလူ လာအိပ်တာ ခံမလို့လား။ ကျိရွှမ်က ခင်ဗျားပိုင်နက်ထဲ မဟာပညာရှင် ရာချီ ခေါ်လာတာကို ဒီအတိုင်း ကြည့်နေတော့မလို့လား။”

ရှေးဟောင်းရင်ပြင် တစ်ခုလုံး တိတ်ဆိတ်သွား၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဂိုဏ်းချုပ်ရန်... တော်ဝင်ရန်အင်ပါယာကလူတွေ ခင်ဗျားခေါင်းပေါ်တက်ပြီး အရမ်းကာရော လုပ်နေတာကို ခံတော့မလို့လား။ ပြင်ပလူအနေနဲ့တောင် ကျုပ် သည်းမခံနိုင်တော့ဘူး။”

‘သောက်ကျိုးနည်း... လွန်ခဲ့တဲ့ တစ်နာရီလောက်ကမှ မင်းနဲ့ ဂိုဏ်းချုပ်ရန် အသေအကြေ တိုက်ခိုက်ခဲ့ကြတာလေ။ အခုကျတော့ သွေးခွဲဖို့ ကြိုးစားနေပြန်ပြီ။’

နောက်တစ်စက္ကန့်တွင် ရင်ပြင်ကျယ်ထဲ၌ လူရိပ်များစွာ ပေါ်ထွက်လာကြသည်။ ရှမ့်လန်သည် ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ ယခင်က စွမ်းအင်ဝဲကတော့ နှစ်ခု ခြားနေသောကြောင့် ဝင်ရောက်၍ မရခဲ့ပေ။

စေတီတောင် ဂိုဏ်းချုပ်ရန် ရောက်လာပြီ ဖြစ်၏။ သူက အထူးစစ်သည် ရာချီကို ခေါ်ဆောင်လာခဲ့သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်က တကယ် စွမ်းတာပဲ။ ခင်ဗျားလက်ထဲက လွတ်ဖို့ဆိုတာ ကောင်းကင်ပေါ် တက်ရသလို ခက်ခဲတာပါလား။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “အားနာမနေပါနဲ့ အရှင်ရှမ့်လန်... ခင်ဗျား လွတ်တော့မလို့ပါပဲ။ ကျုပ်ရဲ့ ရှေးဟောင်း အမွေအနှစ် နေရာအများကြီးကို ဖျက်ဆီးလိုက်ရတာ ကျေနပ်ရဲ့လား။”

“မကျေနပ်ပါဘူးဗျာ။ တကယ်ပါ။”

ရှမ့်လန်က ဝမ်းနည်းပက်လက် ပြောလိုက်၏။ “ဒါတွေက လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ ဘုံရတနာတွေပါ။ လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ ရှေးဟောင်းယဉ်ကျေးမှုကို ကိုယ်စားပြုနေတာပါ။ ကျုပ်ကို ယုံပါ။ ကျုပ် ဖျက်ဆီးလိုက်ရတဲ့အချိန် ရင်ထဲက သွေးတွေတောင် ယိုစီးကျလာသလိုပါပဲ။ ကျုပ်တို့ ရပ်တည်ချက် မတူပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်လိုစိတ်ကတော့ တူညီကြပါတယ်။”

ရင်ပြင်တစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားပြန်၏။ ရှမ့်လန်ကဲ့သို့ အရှက်မဲ့သူနှင့် စကားပြောရသည်မှာ စိတ်ပျက်ဖို့ ကောင်းလွန်းလှသည်။ ဤလူသည် အလွန်တရာ အရှက်မဲ့လွန်းသူ ဖြစ်သည်။

‘လွန်ခဲ့တဲ့ တစ်လအတွင်း ရှေးဟောင်းအမွေအနှစ် ဘယ်လောက်များများ မင်း ဖျက်ဆီးခဲ့လဲ။ အခုမှ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းရေးအကြောင်း လာပြောနေရတာလား။ ဖွီ...’

ရှမ့်လန်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... ကျုပ်တို့က တောင်ပိုင်းသားတွေလေ။ တော်ဝင်ရန်အင်ပါယာက မြောက်ပိုင်းသားတွေ။ အခု မင်းသမီးကျိရွှမ်က တောင်ပိုင်းအထိလာပြီး ဗိုလ်ကျနေတာ။ ခင်ဗျား သည်းခံနိုင်ပေမဲ့ ကျုပ်ကတော့ သည်းမခံနိုင်ဘူး။ ကျုပ်တို့ ပူးပေါင်းပြီး သူ့ကို ရှင်းပစ်ရအောင်။”

စေတီတောင် ဂိုဏ်းချုပ်ရန်သည် ရှမ့်လန်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောပေ။

‘ဘာလို့လဲ။ ဒီလောက်ကောင်းတဲ့ အကြံဉာဏ်ကို ဘာလို့ ပြန်မပြောတာလဲ။’

ရှမ့်လန်က ကျိရွှမ်ဘက် လှည့်ပြောပြန်သည်။ “အစ်မရွှမ်းအာ... အစ်မက ကျုပ်နဲ့ စေ့စပ်ထားသူပါ။ ဒီဂိုဏ်းချုပ်ရန်နဲ့ ကျုပ်က မုန်းတီးမှု ကြီးမားတယ်။ ဒီလူက အရမ်း ယုတ်မာတယ်။ အစ်မရဲ့ အဒေါ်တော်တဲ့ တော်ဝင်ရန်အင်ပါယာ မင်းသမီးကြီးကို သူဘာလုပ်ခဲ့လဲ သိလား။

လက်ထပ်ပြီးတဲ့နောက် ဒီလူ အစ်မအဒေါ်ကို လမ်းလျှောက်အလောင်းကောင် ဖြစ်အောင် လုပ်ပစ်ခဲ့တယ်။ အဲဒီလောက် မြင့်မြတ်ပြီး လှပတဲ့သူကို အသိစိတ် ပျောက်သွားအောင် လုပ်ရက်တယ်။ အစ်မက ဒီလို ရက်စက်ကြမ်းကြုတ်တာကို သည်းခံနိုင်ပေမဲ့ ကျုပ်ကတော့ သည်းမခံနိုင်ဘူး။ သူက အစ်မရဲ့ အဒေါ်တင် မဟုတ်ဘူး၊ ကျုပ်ရဲ့အဒေါ်လည်း တော်တယ်။ ကျုပ်တို့ပူးပေါင်းပြီး ဒီလူ ... ဂိုဏ်းချုပ်ရန်ကို သတ်ပစ်ကြရအောင်။”

အားလုံးက ရှမ့်လန်ကို ကြည့်လိုက်ကြပြန်သည်။

‘မင်း... ငါတို့ကို မရှိဘူးလို့ ထင်နေတာလား။ ဘက်ပြောင်းတာ မြန်လိုက်တာ။’

ကျိရွှမ်က သူ့ကို လုံးဝ မကြားချင်ယောင် ဆောင်နေ၏။

‘ငါ့မှာ ဒီလောက်ကောင်းတဲ့ အကြံဉာဏ် ရှိတာကို မင်းက စကားတောင် ပြန်မပြောဘူးလား။’

ရှမ့်လန်က ကျိရွှမ် ခေါ်လာသော မဟာပညာရှင် ရာချီကို ကြည့်လိုက်သည်။ သူတို့အားလုံးသည် နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။

ရှမ့်လန်က မေးလိုက်၏။ “ညီအစ်ကို မောင်နှမများ၊ ဦးလေး၊ ဒေါ်လေးများ... ခင်ဗျားတို့က ကျောက်စိမ်းဖြူမြို့ က ပညာရှင်တွေလား။ ကျုပ်က ကျောက်စိမ်းဖြူမြို့ သခင်ကြီးရဲ့ မြေးလေ။ ကျုပ်တို့က တူညီတဲ့ဘက်ကပါပဲ။ မင်းသမီး ကျိရွှမ်က ကျောက်စိမ်းဖြူမြို့မှာ လေးနှစ်လောက် နေခဲ့ဖူးရုံနဲ့ သူ့ဘက် မပါကြပါနဲ့။ တော်ဝင်ရန် အင်ပါယာက မကောင်းမှုမှန်သမျှ လုပ်ခဲ့တယ်။ သူတို့ကို မကူညီကြပါနဲ့။ ကျုပ်အဘိုး နေကောင်းရဲ့လား။ သူ့ကို အရမ်းလွမ်းတာပဲ။ သူ့ခန္ဓာကိုယ်က သန်စွမ်းကျန်းမာနေတုန်းပဲလား။ ထမင်းကော အများကြီး စားနိုင်လား။ သူ့အကြောင်း တွေးမိတိုင်း ညဘက်ဆို အိပ်မပျော်ဘူး။”

နောက်ဆုံးတွင် မင်းသမီး ကျိရွှမ်၏ လက်အောက်ငယ်သား တစ်ဦးက မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။ “ကျုပ်တို့က တော်ဝင်ရန်အင်ပါယာကပါ။”

‘ဟမ်... ကျောက်စိမ်းဖြူမြို့က မဟုတ်ဘူးလား။ ဒါဆိုရင်တော့ အတော် ရှက်စရာ ကောင်းသွားပြီ။’

ထို့နောက် နှစ်ဖက်စလုံးမှ လူရာချီသည် ရှမ့်လန်၏ သရုပ်ဆောင်မှုကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။ ‘မင်းမှာ နည်းလမ်းကုန်ပြီလား။ ခုန်လေ... မင်း ဘယ်လို ခုန်မလဲ ဆက်ကြည့်ရအောင်။’

ရှမ့်လန်က ချောင်ယောင်းအာကို ကြည့်ကာ မေးလိုက်သည်။ “ယောင်းအာ... ဘယ်လိုလုပ်ကြမလဲ။”

ချောင်ယောင်းအာက ဖြေလိုက်၏။ “မသိဘူး။”

ရှမ့်လန်က မင်းသမီးကျိရွှမ်ကို ကြည့်ပြီး ပြောလိုက်သည်။ “အစ်မရွှမ်အာ... ကျုပ် နဂါးဓားကို ပေးလိုက်ရင် ကျုပ်ကို ကာကွယ်ပြီး ခေါ်ထုတ်သွားပေးနိုင်မလား။”

မင်းသမီး ကျိရွှမ်က ငြင်းလိုက်၏။ “မရဘူး။”

“ဘာလို့လဲ။”

ရှမ့်လန်က ပြောလိုက်သည်။ “တော်ဝင်ရန်အင်ပါယာက ကျုပ်ကို ကာကွယ်ပေးပြီး ရင်ကွမ်း၊ စေတီတောင်တို့နဲ့ အသေအကြေ တိုက်ခိုက်ခိုင်းသင့်တာပေါ့။ အဲဒီအခါကျရင် အစ်မတို့က ကြက်နှစ်ကောင် ခွပ်တာကို ထိုင်ကြည့်နေရုံပဲ မဟုတ်လား။”

မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “အကြောင်းပြချက် မရှိဘူး။ ဒီအခြေအနေကနေတောင် မလွတ်မြောက်နိုင်ရင် ရှင်မှာ ရင်ကွမ်း၊ စေတီတောင်ကို ယှဉ်ပြိုင်ဖို့ ဘာအရည်အချင်း ရှိမှာလဲ။”

ရှမ့်လန်က လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး ပြောလိုက်သည်။ “ဖယ်ကြ... အရင်ဆုံး ဖယ်ပေးကြ။ ကျုပ် ဖျက်ဆီးပစ်လိုက်မှာနော်။ တကယ် ဖျက်ဆီးပစ်မှာ။”

ဤအကွက်က အဘယ်ကြောင့် ရင်းနှီးနေသလို ခံစားရသနည်း။ ဟိုတုန်းက မှန်ကလည်း နဂါးဥကို ဖျက်ဆီးပစ်မည်လို့ ခြိမ်းခြောက်ခဲ့ဖူးသည် မဟုတ်ပါလား။

ကျိရွှမ်က ပြောလိုက်၏။ “သဘောပဲ။”

ရှမ့်လန်သည် လက်ထဲမှ ရွှေဓားကို မြှောက်ကာ ကျောက်ခေါင်းတလားပေါ်သို့ ရိုက်ချပြီး ခြေထောက်ဖြင့် နင်းလိုက်သည်။ ဓားမှာ ပျက်စီးခြင်း အလျဉ်းမရှိချေ။

ရှမ့်လန်က ခယောင်းအာကို ပေးကာ ပြောလိုက်သည်။ “မင်းပဲ လုပ်လိုက်တော့။”

ချောင်ယောင်းအာက လှမ်းယူလိုက်၏။

“ပစ်လိုက်... ဂိုဏ်းချုပ်ရန်ဆီ ပစ်ပေးလိုက်။” ရှမ့်လန်က အော်ဟစ်လိုက်သည်။

ချောင်ယောင်းအာက လက်ထဲမှ ရွှေဓားကို အားကုန်လွှဲ၍ ကြမ်းတမ်းစွာ ပစ်လိုက်၏။

“ဝုန်း...”

ချက်ချင်းပဲ ရွှေဓားသည် လေထဲတွင် တောက်ပသော မျဉ်းကွေးတစ်ခုအဖြစ် ဆွဲကာ တစ်စက္ကန့်လျှင် မီတာ နှစ်ရာ၊ သုံးရာနှုန်းဖြင့် စေတီတောင် ဂိုဏ်းချုပ်ရန်ထံသို့ ပျံသန်းသွားသည်။

“ဝုန်း ဝုန်း ဝုန်း...”

မင်းသမီး ကျိရွှမ်မှာ အလှမ်းဝေးလွန်းနေပြီး သူမ၏ လက်အောက်ခံ ပညာရှင်များက လေထဲတွင် ကြားဖြတ် လုယူရန် ခုန်တက်လိုက်ကြသည်။ သို့သော်ငြား အချိန်မမီတော့ပေ။

ချောင်ယောင်းအာ၏ သိုင်းပညာမှာ မြင့်မားလွန်းလှသည်။ သူမ၏ပစ်အားမှာ မြန်ဆန်းလွန်းပြီး အမြင့်မှာလည်း မြင့်လွန်းသောကြောင့် ရှေးဟောင်းသံချပ်ကာတပ်၏ အကွာအဝေးကို ကျော်လွန်သွားခဲ့၏။ စေတီတောင် ဂိုဏ်းချုပ်ရန်သည် မလန့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ သူလိုချင်သည်မှာ ရှမ့်လန် ဖြစ်သည်။ ဤနဂါးဓား မဟုတ်ပေ။

သို့သော်ငြား ကျိရွှမ်က လူတစ်ရာကျော် ခေါ်လာပြီး ဤဓားကို လိုချင်နေသည်မှာ သိသာသည်။ ဤသည်မှာ အလွန် တန်ဖိုးရှိသော အရာဖြစ်ရမည်။ ဤကဲ့သို့သော ထိပ်တန်းရတနာကို သူ မည်သို့ အဆုံးရှုံးခံမည်နည်း။

ချက်ချင်းပဲ သူနှင့် သူ့လက်အောက်ငယ်သားများသည် လေပေါ်သို့ ခုန်တက်ကာ ဓားကို ဖမ်းယူလိုက်ကြသည်။

ထိုအချိန်၌ မင်းသမီး ကျိရွှမ်နှင့် ပညာရှင်တစ်ရာတို့သည် ဂိုဏ်းချုပ်ရန်ထံသို့ လျှပ်စီးလက်သကဲ့သို့ ပြေးဝင်သွား ကြ၏။ ထိုရှားပါးသော အခွင့်ကောင်းကို အသုံးချကာ ရှမ့်လန်နှင့် ချောင်ယောင်းအာတို့သည် ရှေးဟောင်းဘုရင် ကျောက်ခေါင်းတလားထဲသို့ ခုန်ဝင်လိုက်ကြ၏။

“ဝုန်း... ” နောက်တစ်စက္ကန့်မှာတော့ ကျောက်ခေါင်းတလား အဖုံး ပိတ်သွားသည်။

......

ကျောက်ခေါင်းတလားသည် အလွန် ကြီးမားသောကြောင့် ရှမ့်လန်နှင့် ချောင်ယောင်းအာတို့ ဝင်နေရန် လုံလောက်ရုံမက ပိုလျှံနေသေးသည်။ ရှေးဟောင်းဘုရင် အလောင်း ထည့်ထားရန်ပင် နေရာလွတ် အများကြီး ကျန်နေသေး၏။

....

နောက်ဆုံးတွင် ဂိုဏ်းချုပ်ရန်က ဓားကို ဖမ်းမိလိုက်သည်။

မင်းသမီး ကျိရွှမ်နှင့် သူမ၏ လက်အောက်ငယ်သားများ ချက်ချင်း ရပ်တန့်သွားကြသည်။ သူမက ဂိုဏ်းချုပ်ရန် ထံ လက်ဖြန့်လိုက်ပြီး တောင်း၏။ “ကျေးဇူးပြုပြီး ပေးပါ။”

သူမသည် ခြိမ်းခြောက်စကား မပြောသော်လည်း ခြိမ်းခြောက်စကား မပြောခြင်းက အကြီးမားဆုံး ခြိမ်းခြောက်မှုပင် ဖြစ်၏။

တော်ဝင်ရန် အင်ပါယာသည် အထူး အဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုကို ပြသခဲ့ပြီး ဖြစ်သည်ကို သိထားရပေမည်။

ဂိုဏ်းချုပ်ရန် ခေတ္တမျှ ငြိမ်သက်သွားသည်။ “မင်းသမီး ကျိရွှမ်... ဒီဓားက တန်ဖိုးရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ ကျုပ် လိုချင်တာက ရှမ့်လန်။ ခင်ဗျား ကျုပ်ကို တားလို့မရဘူး။”

မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “ကောင်းပြီလေ။ ဓားကို ကျွန်မဆီ ပေးရင် ရပြီ။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ရှမ့်လန်က ကျောက်ခေါင်းတလားထဲ ဝင်ပုန်းနေပြီ။ ခင်ဗျားလည်း ဖွင့်မရဘူး။ ကျုပ်တို့လည်း ဖွင့်မရဘူး။”

ကျိရွှမ် ဖွင့်မရမှန်း သူ သိသည်။ ဖွင့်ရမည် ဆိုပါက သူမ အဘယ်ကြောင့် ဤနေရာ၌ ချောင်းမြောင်း နေမည်နည်း။

မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “ဟုတ်တယ်... ကျွန်မ ဖွင့်မရဘူး။ ဒါပေမဲ့ ရှင်ကိုင်ထားတဲ့ ဓားက ဖွင့်နိုင်မလား။”

ဂိုဏ်းချုပ်ရန်က မေးလိုက်သည်။ “တိုက်ရိုက် ခုတ်ပိုင်းလိုက်ရမလား။”

“ဟုတ်တယ်။ တိုက်ရိုက် ခုတ်ပိုင်းလိုက်။”

အပိုင်း (၁၁၀၈)

ကျောက်ခေါင်းတလားသည် ကျောက်သားဖြင့် ပြုလုပ်ထားပုံ ရသော်လည်း ကျောက်သား မဟုတ်ပေ။ လုံးဝ ဖျက်ဆီး၍မရသော ရှေးဟောင်း အထူးသတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

မင်းသမီး ကျိရွှမ်သည် နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း ဖွင့်၍ မရခဲ့ပေ။ အကြမ်းတမ်းဆုံး နည်းလမ်းများ ပင် အရာမထင်ခဲ့ချေ။

စေတီတောင် ဂိုဏ်းချုပ်ရန်သည် အချိန်ကြာမြင့်စွာ တွန့်ဆုတ်နေသည်။

မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... လောဘကြီးတာကောင်းပေမဲ့ ကိုယ်ဘာလိုချင်လဲ ဆိုတာ သိဖို့က ပိုအရေးကြီးတယ်။”

ဂိုဏ်းချုပ်ရန်က မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘာလိုချင်တာလဲ။ တော်ဝင်ရန်အင်ပါယာ ဘာလိုချင်တာလဲ။ ခင်ဗျားတို့ ဘာလို့ အခုချိန်ထိ ရှမ့်လန်ကို သတ်ဖို့ ဆန္ဒမရှိရတာလဲ။”

မင်းသမီး ကျိရွှမ်က ဖြေလိုက်၏။ “ရှမ့်လန်ကို မသတ်ရတဲ့ အကြောင်းရင်းက ကျွန်မတို့မှာ ရှိပြီးသားပါ။”

“ကြက်နှစ်ကောင် ခွပ်တာကို ထိုင်ကြည့်ချင်ရုံ သက်သက်တော့ မဟုတ်ဘူးမလား။”

“ဒါပေါ့ မဟုတ်ဘူး။ ပိုအရေးကြီးတဲ့ အကြောင်းရင်း ရှိတယ်။”

ထိုအကြောင်းရင်းကား အဘယ်နည်း ဆိုသည်ကို မင်းသမီး ကျိရွှမ် ပြောမည် မဟုတ်ပေ။

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ဒါဆို ကျုပ်တို့ သဘောတူညီမှု လုပ်ကြမလား။”

ကျိရွှမ်က ပြော၏။ “ရှမ့်လန်နဲ့ ဒီဓားကို လဲမယ်ပေါ့။ ရတာပေါ့။”

ဂိုဏ်းချုပ်ရန်က ပြောလိုက်သည်။ “ဒါဆို ကျောက်ခေါင်းတလားအနားကနေ ဖယ်ပေးပါ။ ကျုပ် ဒီကျောက်ခေါင်းတလား ကို ခွဲပြီး ရှမ့်လန်ကို ဖမ်းမယ်။ ပြီးရင် ဒီဓားကို ခင်ဗျားဆီ ပေးမယ်။”

“ကောင်းပြီ။”

ကျိရွှမ်က အမိန့်ပေးလိုက်၏။ “ခြေလှမ်း တစ်ရာ ဆုတ်။”

သူမ၏အမိန့်ပေးသံအဆုံးတွင် လက်အောက်ခံ ပညာရှင် ရာပေါင်းများစွာသည် ခြေလှမ်း တစ်ရာ နောက်ဆုတ် သွားကြသည်။

စေတီတောင် ဂိုဏ်းချုပ်ရန်သည် ရှေ့တိုးလာသည်။ ရွှေဓားသည် တစ်လက်မျှသာ ဖြစ်၏။ အနည်းငယ် ပို၍ လှပသော်လည်း သူတို့မျက်လုံးထဲတွင် အလှအပသည် အသုံးမဝင်ဆုံးအရာ ဖြစ်၏။

“တိုက်ပွဲဝင်ဓား။” ဂိုဏ်းချုပ်ရန် ပြောလိုက်သည်။

ဘေးနားရှိ အထူးစစ်သည်က ရှေးဟောင်း အိပ်မက်ဆိုးကျောက်တုံး တိုက်ပွဲဝင်ဓားကို ကမ်းပေးလိုက်သည်။ ဤလက်နက်သည် မာကျောလွန်းလှပြီး ခုတ်ပိုင်းလိုက်သည်နှင့် ဒီဂရီ တစ်သောင်းကျော် အပူချိန် ထွက်ပေါ်လာကာ သံချပ်ကာများကို ရွှံ့ကဲ့သို့ ပိုင်းဖြတ်နိုင်စွမ်း ရှိ၏။

“ဘုန်း... ” ဂိုဏ်းချုပ်ရန်ကရှေးဟောင်း တိုက်ပွဲဝင်ဓားကို ဝှေ့ယမ်းကာ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

“ဖြောင်း... ”

အပြာရောင် လျှပ်စီးတန်းတစ်ခု ကျောက်ခေါင်းတလား မျက်နှာပြင်ကို ရိုက်ခတ်သွားသကဲ့သို့ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။ လက်ထဲမှ ရှေးဟောင်း တိုက်ပွဲဝင်ဓားသည် အပိုင်းပိုင်း ကွဲကြေသွား၏။

သို့သော်ငြား ကျောက်ခေါင်းတလား မျက်နှာပြင်တွင် မီးလောင်ရာ တစ်ခုသာ ထင်ကျန်ရစ်ပြီး ပွန်းပဲ့သွားခြင်းပင် မရှိပေ။ အမှန်တကယ်ပင် အံ့မခန်း မာကျောလှသည်။ ထို့နောက် ဂိုဏ်းချုပ်ရန်သည် လက်ထဲမှ ရှေးဟောင်း တိုက်ပွဲဝင်ဓားကို လွှင့်ပစ်လိုက်ပြီး ရွှေဓားကို တင်းတင်းဆုပ်ကိုင်ကာ အားကုန် ခုတ်ချလိုက်သည်။

“ဘုန်း... ” ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

ယခင်က ဖြိုဖျက်၍ မရနိုင်ခဲ့သော ကျောက်ခေါင်းတလား အဖုံးသည် နှစ်ပိုင်း ကွဲသွားသည်။ လုံးဝ အားစိုက်ထုတ်လိုက်ရခြင်း မရှိပေ။ ဤလောကတွင် ဤမျှ စွမ်းအားကြီးသော ဓားတစ်လက် ရှိနေပြီး ရွှေရိုးရိုးဖြင့် ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်မှာ မယုံနိုင်စရာပင်။

ကံကောင်းစွာဖြင့် ဂိုဏ်းချုပ်ရန် အချိန်မီ ရပ်တန့်လိုက်နိုင်၏။ ထိုသို့မဟုတ်ပါက ရှေးဟောင်း ကျောက်ခေါင်းတလား တစ်ခုလုံးနှင့် အတွင်းမှလူပါ နှစ်ပိုင်းပြတ်သွားနိုင်၏။

ဂိုဏ်းချုပ်ရန်၏ အကြည့်သည် ရွှေဓားပေါ်တွင် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်နေသည်။

‘ဒါက တကယ်ပဲ ရှေးဟောင်းရတနာလား။ ကျိရွှမ်ကို ဒီအတိုင်း ပေးလိုက်ရတော့မှာလား။’

မင်းသမီး ကျိရွှမ်က အေးစက်စွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ရန်... ကတိဖျက်ဖို့တော့ မစဉ်းစားနဲ့နော်။

ဂိုဏ်းချုပ်ရန် ပြန်ဖြေလိုက်သည်။ “ဒါပေါ့... မဖျက်ပါဘူး။”

ထို့နောက် သူ့အကြည့်သည် ကျောက်ခေါင်းတလား အဖုံးမှ အက်ကွဲကြောင်းပေါ်သို့ ရောက်ရှိသွား၏။ ‘ရှမ့်လန်... မင်း ဘယ်လောက်ပဲ ဉာဏ်များပါစေ ငါ့လက်ခုပ်ထဲကနေ မလွတ်နိုင်ပါဘူး။’

“ဖွင့်လိုက်။” ဂိုဏ်းချုပ်ရန် အမိန့်ပေးလိုက်သည်။

ချက်ချင်းပဲ အထူးစစ်သည် နှစ်ဦး ရှေ့တိုးလာပြီး ကွဲအက်နေသော ကျောက်ခေါင်းတလား အဖုံးကို အားဖြင့် ဆွဲဖွင့်လိုက်သည်။ ထို့နောက် လူရာချီက ကျောက်ခေါင်းတလားကို ဝိုင်းထားလိုက်ကြ၏။ ရှမ့်လန်က အမှိုက်မို့ မကြောက်ရသော်လည်း ချောင်ယောင်းအာက ထိပ်တန်း ပညာရှင်ဖြစ်သောကြောင့် သူမ၏ ရုတ်တရက် တိုက်ခိုက်မှုကို သတိထားရမည်။

သို့သော်ငြား နောက်တစ်စက္ကန့်တွင်တော့ အားလုံးတို့သည် ဟာလာဟင်းလင်း ဖြစ်နေသော ကျောက်ခေါင်းတလားကို ကြည့်ကာ အံ့အားသင့်သွားကြသည်။

ရှမ့်လန် ဘယ်ရောက်သွားသနည်း။ သူနှင့် ချောင်ယောင်းအာသည် စောစောကမှ ကျောက်ခေါင်းတလားထဲ ဝင်သွားခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ယခု အရိပ်အယောင်မျှ မတွေ့ရတော့သနည်း။

‘ဒါ... ဒါ သရဲလား။’

မင်းသမီးကျိရွှမ်ပင် ကြောင်အသွားရ၏။ စောစောက လူအများ၏ မျက်စိရှေ့မှောက်တွင် ရှမ့်လန် ဝင်သွားသည်ကို မြင်တွေ့ခဲ့ကြ၏။ ‘ဒါက မျက်လှည့်ပြကွက် တစ်ခုများလား။’

ရှမ့်လန်နှင့် ချောင်ယောင်းအာ ပျောက်သွားရုံသာမက ရှေးဟောင်းဘုရင်အလောင်းပါ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကျောက်ခေါင်းတလား အောက်တွင် လျှို့ဝှက်လမ်းကြောင်း ရှိနေသည်လား။ စေတီတောင် ဂိုဏ်းချုပ်ရန်သည် လက်ထဲမှ ရွှေဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ရာ လျင်မြန်စွာပင် ကျောက်ခေါင်းတလား တစ်ခုလုံး ကွဲကြေသွားသည်။ မြေအောက် လျှို့ဝှက်လမ်းကြောင်း မတွေ့ရပေ။ ခေါင်းတလားအောက်တွင် မြေကြီးသာရှိပြီး ကွာဟမှု မရှိပေ။

သူသည် လက်ထဲမှ ရွှေဓားကို ဆက်လက် ဝှေ့ယမ်းကာ အသည်းအသန် တူးဆွလိုက်သည်။ ဆယ်မီတာခန့် တူးပြီးသည့်တိုင် လျှို့ဝှက်လမ်းကြောင်း ရှာမတွေ့ခဲ့ပေ။ ထို့ပြင် ဆယ်မီတာအနက်ရှိ မြေကြီးသည် အလွန် ထူးဆန်းလာသည်။ မာကျောခြင်း မရှိသော်လည်း မည်သည့်လက်နက်နှင့် ထိုးနှက်သည်ဖြစ်စေ တုံ့ပြန်မှု မရှိ၊ ကွဲအက်ခြင်း မရှိဘဲ ပြန်ကန်ထွက်လာသည်။

“ငရဲတပ်တော်နဲ့ အထူးစစ်သည်တွေကို အမိန့်ပေးလိုက်။ ကျင်းကန်တောင် ရှေးဟောင်းအမွေအနှစ် နေရာကနေ ထွက်ပြီး ပင်လယ်ပြင်တစ်ခုလုံးကို တစ်လက်မမှ မလွတ်တမ်း ရှာခိုင်း။”

“ကောင်းပါပြီ၊”

ထို့နောက် စေတီတောင် ဂိုဏ်းချုပ်ရန်၊ မင်းသမီး ကျိရွှမ်နှင့် လူရာပေါင်းများစွာတို့ စတင် ရှာဖွေကြသည်။

နာရီဝက်ခန့် ကြာသည်အထိ ဘာမS ရှာမတွေ့ခဲ့ပေ။ ကျောက်ခေါင်းတလား အောက်တွင် အလွန် ခိုင်ခံ့သော မြေကြီးသာ ရှိသည်။ ယန္တရား မရှိ၊ လျှို့ဝှက်လမ်းကြောင်း မရှိ၊ ဝင်ပေါက် မရှိပေ။

ထိုသို့ဆိုလျှင် ရှမ့်လန် ဘယ်ရောက်သွားသနည်း။ မိုးပေါ် ပျံတက်သွားသည်လား၊ မြေကြီးထဲ တိုးဝင်သွားသည်လား။

“ရှာမနေနဲ့တော့။”

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “ရှမ့်လန် ထွက်ပြေးသွားပြီ။ သူ့ရဲ့အရှိန်အဝါကို လုံးဝ အာရုံခံလို့ မရတော့ဘူး။”

‘ထွက်ပြေးသွားပြီတဲ့လား။ ထွက်ပြေးသွားပြန်ပြီလား။’

စေတီတောင်မှ လူရာချီသည် ရူးချင်သလို ဖြစ်သွားကြသည်။ ဤရှမ့်လန်က တကယ် ပြေးနိုင်လွန်းသည်။ လူရာချီ၏ မျက်စိရှေ့မှောက်မှ ထွက်ပြေးကာ အစအနမကျန် ပျောက်ကွယ်သွားနိုင်သည်လား။ တကယ်တော့ ရှမ့်လန်က ဖမ်းခံချင်မှသာ ဖမ်းနိုင်မည့် သဘောမျိုး ဖြစ်နေသည်။ သူ အဖမ်းမခံချင်သရွေ့ သူ့ကို ဖမ်းဆီးနိုင်မည် မဟုတ်ပေ။ သူက တကယ့် သရဲတစ္ဆေလိုပင်။

မင်းသမီးကျိရွှမ်သည် ဂိုဏ်းချုပ်ရန်ကို ကြည့်လိုက်ပြီး သူမ၏အကြည့်သည် လက်ထဲမှ ရွှေဓားပေါ်သို့ ရောက်ရှိသွားသည်။

“ဂိုဏ်းချုပ်ရန်... ဒီဓားကို ကျွန်မဆီ ပြန်ပေးမှာလား။” ကျိရွှမ်က မေးလိုက်၏။

“ခင်ဗျား ဘယ်လိုထင်လို့လဲ။” ဂိုဏ်းချုပ်ရန်က ပြန်မေးလိုက်သည်။

ယခင်က ရှမ့်လန်ကို ဖမ်းမိလျှင် ဓားကို ကျိရွှမ်အား ပေးမည်ဟု ကတိပြုခဲ့သည်။ ယခု ရှမ့်လန် ပျောက်သွားပြီဖြစ်သောကြောင့် ဤဓားကို ကျိရွှမ်အား မည်သို့ ပေးနိုင်မည်နည်း။ ဤသည်မှာ ရှေးဟောင်း ထိပ်တန်းရတနာ ဖြစ်၏။

မင်းသမီးကျိရွှမ်သည် ဂိုဏ်းချုပ်ရန်ကို ကြာမြင့်စွာ စိုက်ကြည့်ပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်။”

သူမသည် မည်သည့် ခြိမ်းခြောက်မှုကိုမှ မပြုလုပ်ဘဲ လူရာချီနှင့်အတူ တိုက်ရိုက် ထွက်ခွာသွား၏။

ထို့နောက် ဂိုဏ်းချုပ်ရန်သည် လူရာချီကို ခေါ်ဆောင်ကာ ရှေးဟောင်းရင်ပြင်၏ နေရာအနှံ့အပြားနှင့် လမ်းကြောင်းတိုင်း ကို ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။ ရှမ့်လန်သည် မိုးပေါ် ပျံတက်ပြီး မြေကြီးထဲ တိုးဝင်သွားသကဲ့သို့ပင်။

“ဒီမှာ ဆက်စောင့်ကြပ်နေ။ ခြေလှမ်းဝက်တောင် မခွာနဲ့။ ရှမ့်လန် ပေါ်လာတာနဲ့ ချက်ချင်း တိုက်ခိုက်။” ဂိုဏ်းချုပ်ရန် အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ၊” အထူးစစ်သည် တစ်ရာက ပြန်လည် ဖြေကြားလိုက်၏။

ဂိုဏ်းချုပ်ရန်သည် ကျန်ရှိသော လူရာချီကို ခေါ်ဆောင်ကာ တောင်ပင်လယ် ရှေးဟောင်းအမွေအနှစ် နေရာသို့ ပြန်သွားသည်။ ထိုနေရာတွင် အခြေအနေ ဆိုးရွားနေပြီ ဖြစ်၏။ ဘုန်းကြီးက ထွက်ပြေးနိုင်သော်လည်း ဘုန်းကြီးကျောင်းက ပြေး၍ မရပေ။ သူသည် နုရှောင့်မြို့သို့ ပြန်လာရမည်သာ။

နောက်တစ်ဆင့်တွင် ရင်ဝူမင်၏ တပ်တော်သည် ရွှဲ့ပြည်နယ် မြို့တော်ကို တိုက်ရိုက် တိုက်ခိုက်ပြီး ရွှဲ့ပြည်နယ် နန်းတွင်းနှင့် နင်ကလန် တော်ဝင်မိသားစုကို သုတ်သင်ပစ်မည်။ တော်ဝင်ချန် အင်ပါယာ၏ အရှင်သခင် အနေဖြင့် ရှမ့်လန် ပေါ်မလာဘဲ နေမည်လား။

ရွှဲ့ပြည်နယ် မြို့တော် ပျက်စီးသွားသည်ကို ဤအတိုင်း ထိုင်ကြည့်နေမည်လား။ လုံးဝ မဖြစ်နိုင်ပေ။ သူသာ ထိုမျှ သွေးအေးရက်စက်တတ်လျှင် မင်းသားကျင်းကို အသက်နှင့်ရင်း၍ ကယ်တင်ခဲ့မည် မဟုတ်ပေ။

ရှမ့်လန်ကို မဖမ်းမိသော်လည်း ရှေးဟောင်းဘုရင်၏ ဓားဖြစ်သော ရွှေဓားတစ်လက်ကို ရရှိခဲ့သည်။ ကျိရွှမ်နှင့် ရှမ့်လန်တို့ မိုင်ထောင်ချီ ခရီးနှင်ခဲ့သည်မှာ ဤအရာအတွက် ဖြစ်၏။ ဓားသည် သေချာပေါက် ရှေးဟောင်း ရတနာ ဖြစ်ပေသည်။

......

ထိုသို့ဆိုလျှင် ရှမ့်လန် ဘယ်ရောက်သွားသနည်း။ တကယ်ပဲ မိုးပေါ် ပျံတက်ပြီး မြေကြီးထဲ တိုးဝင်သွား သည်လား။

ရှေးဟောင်းဘုရင် ကျောက်ခေါင်းတလားထဲ ဝင်ရောက်ပြီးနောက် ရှမ့်လန်သည် မူလက ဤနေရာရှိ ရှေးဟောင်း စွမ်းအင်ဗဟိုချက်ကို ဖောက်ခွဲပစ်ရန် စီစဉ်ခဲ့သည်။ ရန်သူရာချီကို မသတ်နိုင်လျှင်ပင် ထိုသူတို့ကို မောင်းထုတ်နိုင်မည်။

အဘယ့်ကြောင့်ဆိုသော် ရှေးဟောင်းရင်ပြင်ရှိ ရှေးဟောင်းအမွေအနှစ် နေရာသည် အလွန် ကြီးမားပြီး ရှေးဟောင်း အပျက်အစီး တည်နေရာ တစ်ခုလုံးကို စွမ်းအင် ထောက်ပံ့ပေးနေသောကြောင့်ပင်။ ထို့အပြင် ထိန်းချုပ်ရေး ဗဟိုချက်သည် ဤကျောက်ခေါင်းတလားထဲတွင် ရှိနေသည်။ သို့သော်ငြား ရှမ့်လန် လဲလျောင်းလိုက်ချိန်မှာတော့ စွမ်းအင်ဗဟိုချက်ကို ဖောက်ခွဲရန် ရွေးချယ်စရာ ကရိယာ ကိုသာမက စာလုံးသုံးလုံး ရေးသားထားသော အိပ်မက်ဆိုးကျောက် တစ်တုံးကိုပါ တွေ့ရှိလိုက်ရသည်။

“ယင်ယန်လမ်း… ဒါက ဘာကြီးလဲ။”

ကြည့်ရသည်မှာ အလွန် ဆန်းကြယ်လှသည်။ အလိုအလျောက်ပင် သူသည် ယင်ယန်လမ်း ခလုတ်ကို နှိပ်လိုက်မိ၏။

“ရွှီး...”

ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အဆုံးမဲ့ ချောက်နက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ အရှိန်မှာ အလွန်အမင်း မြန်ဆန်းလှသည်။

ရှေးဦးစွာ ပြုတ်ကျသွားပြီးနောက် အမည်မသိ ဦးတည်ချက်သို့ လျင်မြန်စွာ ခရီးနှင်နေသည်။ ရှမ့်လန်တွင် အလွန်ပြင်းထန်သော အရှိန်ကို ခံနိုင်ရည်ရှိသည့် ရှေးဟောင်းဘုရင်လက်စွပ် ရှိသော်လည်း ဤအရှိန်မှာ မြန်ဆန်းလွန်းလှ၏။

ယခုတစ်ကြိမ်၌ သူသည် အာကာသကို ဖြတ်သန်းသွားလာနေသကဲ့သို့ ခံစားလိုက်ရ၏။ တကယ့် ယင်ယန်လမ်း ကို ဖြတ်သန်းနေရသလိုပင်။ ထိုခံစားချက်သည် ထူးဆန်းလွန်းပြီး လျှို့ဝှက်နက်နဲ ဆန်းကြယ်လွန်းလှသည်။

လက်ရှိ၌ အချိန်ကြာမြင့်စွာ ကုန်ဆုံးသွားသကဲ့သို့ ခံစားရသလို တစ်ခဏလေးသာ ကြာမြင့်သကဲ့သို့လည်း ခံစားနေရသည်။ သူ့ကို ကာကွယ်ရန် ရှေးဟောင်းဘုရင် လက်စွပ်က သူ့ကို သတိလစ်သွားစေခဲ့၏။

................

အချိန်မည်မျှ ကြာသွားသည်မသိပေ။ ရှမ့်လန် နိုးထလာသည်။ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

‘သောက်ကျိုးနည်း... ဒါ ဘယ်နေရာလဲ။ ဘယ်လောက် ဝေးဝေး ရောက်လာတာလဲ။ ငါ ဘယ်လောက်ကြာကြာ သတိလစ်နေတာလဲ။’

အချိန်အတော်ကြာမှ ရှမ့်လန် အမြင်အာရုံ ပြန်ရလာပြီး လုံးဝ စိမ်းသက်သော ပတ်ဝန်းကျင်တစ်ခုတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။ ‘ဒါ... ဒါက ရှေးဟောင်းရင်ပြင် မဟုတ်တော့ဘူး။’

ဤအချိန်တွင် ချောင်ယောင်းအာသည် သူ့ဘေးတွင် တရားထိုင်နေသည်။

“ငါ ဘယ်လောက်ကြာကြာ သတိလစ်နေတာလဲ။” ရှမ့်လန်က မေးလိုက်၏။

“သုံးရက်နဲ့ သုံးည။”

ချောင်ယောင်းအာက ဖြေသည်။ “ရှေးဟောင်းဘုရင် လက်စွပ်က ရှင့်ကို အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့ပေမဲ့ ပေးဆပ်ရတာတွေ ရှိတယ်။”

“ငါ့ရဲ့ စိတ်စွမ်းအင်တွေပေါ့။”

ရှမ့်လန် ပြောလိုက်သည်။ သူ့စိတ်စွမ်းအင် ကုန်ခမ်းသွားသည်နှင့် ချက်ချင်း သတိလစ်သွားခြင်း ဖြစ်မည်။

လက်ရှိ ရှမ့်လန် အံ့အားသင့်နေသည်မှာ ပတ်ဝန်းကျင် အနေအထားသည် အနည်းငယ် ရင်းနှီးနေသကဲ့သို့ ရှိခြင်းပင်။ ဟုတ်ပေသည်။ ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသည်။ တစ်ခါမှ မရောက်ဖူးသောကြောင့် စိမ်းသက်နေခြင်းဖြစ်ပြီး စွမ်းအင်အရှိန်အဝါနှင့် ဗိသုကာ လက်ရာဟန်မှာ အလွန် ရင်းနှီးနေ၏။

ဟုတ်ပေသည်။ ဤနေရာ သဲကန္တာရလူရိုင်းနယ်မြေ မြွေတစ်သောင်းလှိုဏ်ဂူ၏ ရှေးဟောင်း အမွေအနှစ် နေရာပင်။ ၎င်းသည် ကျင်းကန်တောင်ခြေရှိ ရှေးဟောင်းအမွေအနှစ် နေရာနှင့် ဆက်စပ်နေသည်လား။

ရှမ့်လန်က မေးလိုက်သည်။ “ကျောက်ခေါင်းတလား အောက်ကို ဖြတ်ပြီးတော့ ငါတို့ ဘယ်လောက်ဝေးဝေး ရောက်လာတာလဲ။”

“ကီလိုမီတာ နှစ်ထောင်ကျော်။” ချောင်ယောင်းအာက ဖြေလိုက်၏။

ဟုတ်ပေသည်။ ဤနေရာက မြွေတစ်သောင်းလှိုဏ်ဂူတွင် မင်းသားကျင်း ရှိနေခဲ့သည့် ရှေးဟောင်းအမွေအနှစ် နေရာ ဖြစ်သည်။ မင်းသားကျင်း တောင်ဘက်သို့ ရောက်ပြီးနောက် ဤနေရာကို ကောင်းကင်ပင်လယ် နန်းဆောင်က သိမ်းပိုက်ခဲ့သည်။ ထို့နောက် ကောင်းကင်ပင်လယ်နန်းဆောင်က ရွှဲ့ပြည်နယ်မှ လုံးဝ ဆုတ်ခွာသွားပြီး ဤနေရာကို စေတီတောင်က သိမ်းပိုက်ခဲ့သည်။

သို့သော်ငြား ဤရှေးဟောင်းအမွေအနှစ် နေရာသည် အလွန် သေးငယ်သည်။ ဖော်ထုတ်နိုင်သမျှ အရာအားလုံး ဖော်ထုတ်ပြီးဖြစ်ကာ ပစ္စည်းအားလုံးနီးပါး ယူဆောင်သွားပြီး ဖြစ်သည်။ သို့သော်ငြား ရှမ့်လန် ယခု ရောက်ရှိနေသော နေရာမှာတော့ ဖော်ထုတ်ခံထားရသည့် လက္ခဏာ မရှိပေ။

“ဒီမှာ သေတ္တာတစ်လုံး ရှိတယ်။ အရှင်ကျန်းလီက ရှင့်အတွက် ထားခဲ့တာ ဖြစ်မယ်။” ချောင်ယောင်းအာ က ပြောလိုက်သည်။

All Chapters