ခန္ဓာကိုယ်နဲ့ပဲ ပေးဆပ်ပါရစေ၊ ဘယ်ယောက်ျားက ဒီလိုစမ်းသပ်မှုကို တောင့်ခံနိုင်မှာလဲ(၁)။
Vol. 42 Ch. 464
"ဘာ..."
ဤစကားကို ကြားလိုက်ရပြီးနောက် ကျိုးစွေ့၏ ရိုးသားစစ်မှန်သော မျက်ဝန်းများကို မြင်လိုက်ရသောအခါ ချန်ဇီယွင်၏ နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။ သူမ၏ လက်ထဲရှိ ဆေးလုံးများနှင့် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များသည် ဆွဲဆောင်မှု မရှိတော့သကဲ့သို့ သူမ ချက်ချင်း ခံစားလိုက်ရသည်။
ဤအမျိုးသား၏ အမူအရာကို ကြည့်ရသည်မှာ ဤဆေးလုံးများနှင့် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များကို အမှန်တကယ်ပင် အထင်မကြီးသည့်ပုံ ပေါက်နေချေသည်။
ဆိုလိုသည်မှာ ဤအမျိုးသား၏ ကိုယ်ပေါ်တွင် နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်များနှင့် ဆေးလုံးအမြောက်အမြား ရှိနေသည်မှာ သေချာသလောက်ပင်။
ဤနေရာရှိ ပမာဏထက်ပင် များစွာ ကျော်လွန်နေနိုင်သဖြင့် သူသည် ဤမျှ တည်ငြိမ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
သူမ၏ တပည့် ချူတျဲယီသည် ထိုအမျိုးသားအိမ်တွင် တွယ်ကပ်နေပြီး ကောင်းကင်မိစ္ဆာဂိုဏ်းကို ပြန်မလာချင်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ကောင်းကင်မိစ္ဆာဂိုဏ်း၏ တည်ရှိမှုကိုပင် မေ့လျော့နေပုံရသည်။
အစကတည်းက ထိုအမျိုးသား၏ အိမ်တွင် စတုတ္ထအဆင့် ရတနာဆေးလုံးများ လုံးဝ မပြတ်လပ်သောကြောင့်သာ ဖြစ်ရပေမည်။
ကောင်းကင်မိစ္ဆာဂိုဏ်းသို့ ပြန်လာလျှင်ပင် ကျင့်ကြံခြင်းအရင်းအမြစ် များများစားစား ရရှိနိုင်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် ဤအမျိုးသား၏ အိမ်တွင် နေထိုင်ခြင်းက ပိုမကောင်းပေလော။
"ဟုတ်သားပဲ..."
"ဒီကောင်က ကံတရားရဲ့ သားတော်ပဲ... ဒီနှစ်တွေအတွင်း ရတနာဘယ်လောက်တောင် ရထားမလဲဆိုတာ ဘယ်သူသိမှာလဲ..."
"နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးနယ်မြေ အများအပြားကိုတောင် ဝင်ရောက်ခဲ့ဖူးလောက်တယ်..."
"ဒါကြောင့် ဒီဆေးလုံးတွေနဲ့ နှစ်တစ်ထောင် ဝိညာဉ်ဆေးမြစ်တွေကို မက်မောခြင်း မရှိတာပဲ..."
"တကယ့်ကို စိတ်ပျက်စရာပါပဲ..."
"ဘာလို့ ငါ့တပည့်ရဲ့ ကံတရားက ဒီလောက် ကောင်းနေရတာလဲ... အသက်နှစ်ရာ သုံးရာလောက်ပဲ ရှိသေးတာကို ဒီလို စိတ်တိုင်းကျတဲ့ ခင်ပွန်းမျိုးနဲ့ တွေ့ဆုံခဲ့တယ်... ပြီးတော့ ကံကောင်းမှုတွေ ပေါက်ကွဲထွက်နေတဲ့ တာအိုလက်တွဲဖော် ဖြစ်နေသေးတယ်..."
"ဒီလိုယောက်ျားမျိုးနဲ့ ပေါင်းဖက်ရရင် အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာဖို့တောင် မျှော်လင့်ချက် ကြီးကြီးမားမား ရှိတယ်..."
ဤအကြောင်းကို တွေးမိသောအခါ ချန်ဇီယွင်သည် ဤအမျိုးသားကို ပိုင်ဆိုင်လိုစိတ် ပိုမို ပြင်းပြလာသည်။
မိစ္ဆာသတ်ဂိုဏ်း၏ ဆေးလုံးများက မည်မျှ ရေးကြီးခွင်ကျယ် ပြောပလောက်မည်နည်း။
ဤအမျိုးသားကို ရရှိခြင်းကသာ အရေးကြီးဆုံး ကိစ္စဖြစ်ပေသည်။
ဤအမျိုးသားနှင့် ပေါင်းဖက်နိုင်သရွေ့ အနာဂတ်တွင် မိစ္ဆာသတ်ဂိုဏ်းကဲ့သို့ နတ်ဘုရားအသွင်ပြောင်းအဆင့် လျှို့ဝှက်နယ်မြေကို ရရှိနိုင်ရုံသာမက၊ အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် လျှို့ဝှက်နယ်မြေများမှ အမွေအနှစ်များကိုလည်း ရရှိနိုင်ကောင်း ရရှိနိုင်ပေလိမ့်မည်။
ဤသည်မှာ စစ်မှန်သော ရွှေငန်းကြီးပင်။
ရွှေဥများကို အဆက်မပြတ် ဥပေးနိုင်သော အမျိုးအစား ဖြစ်ပေ၏။
"ဒီလိုဆိုရင်တော့ တာအိုရောင်းရင်းကျိုးကို အများကြီး ကျေးဇူးတင်ရတော့မှာပဲ..."
"တကယ်တော့ ကျွန်မက ဘာမှလည်း လုပ်ဆောင်ပေးခဲ့တာ မဟုတ်ဘဲနဲ့ ဒီလောက်များတဲ့ ဆေးလုံးတွေနဲ့ ဝိညာဉ်ဆေးမြစ်တွေကို ရရှိခဲ့တာ..."
"တကယ့်ကို လက်ခံရမှာ အားနာစရာပါပဲ..."
"တကယ်လို့ မကန့်ကွက်ဘူးဆိုရင် ကျွန်မနဲ့ တစ်ညတာ ပျော်ပါးနိုင်ပါတယ်... အဖိုးအခအနေနဲ့ပဲ သဘောထားလိုက်ပါ..."
"ကျွန်မမှာ တခြားပြန်ပေးဆပ်စရာ မရှိတော့ ကိုယ်ခန္ဓာနဲ့ပဲ ပေးဆပ်ရတော့မှာပေါ့..."
ချန်ဇီယွင်သည် ညှို့ဓာတ်ပြင်းသော မျက်လုံးများဖြင့် ကျိုးစွေ့ကို ကြည့်လိုက်ပြီး သစ်ခွပန်းကဲ့သို့ မွှေးပျံ့သော လေငွေ့များကို မှုတ်ထုတ်လိုက်လေသည်။
သူမသည် သူမ၏ အဝတ်အစားကို အနည်းငယ် ဆွဲဟလိုက်ပြီး ဂုဏ်ယူဖွယ်ရာ ခန္ဓာကိုယ်အလှနှင့် အံ့မခန်း ကောက်ကြောင်းများကို ထုတ်ဖော်ပြသလိုက်သည်။
လှုပ်ရှားမှုတိုင်းသည် ဆွဲဆောင်မှုအပြည့် ရှိနေတော့သည်။
အချိန်မရွေး သူမရှေ့မှ အမျိုးသား၏ တွန်းလှဲခြင်းကို ခံယူရတော့မည့်အလား ရှိနေလေသည်။
‘ဒီစုန်းမကတော့...’
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့ခမျာ အနည်းငယ် ကြောင်အသွားမိသည်။ ဤအမျိုးသမီးသည် ရိုးရိုးရှင်းရှင်းပင် မိစ္ဆာမ၊ စုန်းမတစ်ကောင်ပင် ဖြစ်ချေသည်။
အဘယ်သို့သောယောက်ျားက ဤကဲ့သို့သောစမ်းသပ်မှုကို တောင့်ခံနိုင်ပါမည်နည်း…။
အကယ်၍ 'ချစ်ခြင်းမေတ္တာကူ'ထဲရှိ နှစ်သက်မှုပမာဏ မလုံလောက်သေးကြောင်းကိုသာ အာရုံမခံမိပါက၊ သူ ချက်ချင်းပင် ဤအမျိုးသမီးကို တွန်းလှဲမိလောက်သည်။
သို့သော် ဤအမျိုးသမီးသည် သူ့ကို ကစားနေခြင်းသာ ဖြစ်ကြောင်း သူ သိရှိသည်။
အကယ်၍ သူသာ အမှန်တကယ် လက်ရဲဇက်ရဲ လုပ်မိပါက အကွက်ထဲ တည့်တည့်တိုးဝင်သွားခြင်းဖြစ်ပြီး တစ်ဖက်လူ၏ နှစ်သက်မှုပမာဏ လျော့ကျသွားမည်မှာ သေချာပေသည်။
ထို့အပြင် သူ အောင်မြင်နိုင်မည်လည်း မဟုတ်ပေ။
‘စောင့်နေလိုက်စမ်းပါ... အချိန်တန်ရင် မင်းလို စုန်းမကို ငါ့နဂါးဆင်ခန္ဓာ ဘယ်လောက် စွမ်းလဲဆိုတာ မြည်းစမ်းခိုင်းရမယ်... ဟမ့်…’
"တာအိုရောင်းရင်းချန်... ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး..."
ကျိုးစွေ့သည် ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် ချန်ဇီယွင်ကို အေးစက်စွာ ကြည့်လိုက်ပြီး တိုက်ရိုက် ငြင်းပယ်လိုက်လေသည်။
"ရှင်..."
ဤစကားကို ကြားသောအခါ ချန်ဇီယွင်တစ်ယောက် ဒေါသထွက်လွန်း၍ လဲသေလုနီးပါးပင် ဖြစ်သွားရသည်။
သူမ ဤမျှထိတိုင် အောက်ကျခံပြီး လုပ်ဆောင်နေသော်လည်း ဤအမျိုးသားကမူ မတုန်မလှုပ် ရှိနေပြီး၊ သူမကို ဆွဲဆောင်မှုမရှိသော အမျိုးသမီးတစ်ယောက်ကဲ့သို့ သဘောထားနေသည်ဟုသာ ခံစားလိုက်ရသည်။
သူမ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သည့်တိုင် အဘယ်ကြောင့် ဤအမျိုးသားသည် လုံးဝ မတုန်လှုပ်ရသနည်း…။
ထို့အပြင် သတင်းအချက်အလက်များအရ ဤအမျိုးသားတွင် တာအိုလက်တွဲဖော် တစ်ဒါဇင်ကျော် ရှိနေပြီး တည်ငြိမ်ရင့်ကျက်သော အမျိုးသားတစ်ဦး မဟုတ်ပေ။
"ဟုတ်သားပဲ... ဒီလူက အတွေ့အကြုံရင့်ကျက်နေတဲ့ ဝါရင့်တစ်ယောက် ဖြစ်နေလို့ ငါ့ရဲ့ ညှို့ဓာတ်ကို တုတ်တုတ်မလှုပ်တာ ဖြစ်ရမယ်..."
"ငါ့ရဲ့ အကွက်ပေါင်းစုံက ဒီလူ့မျက်လုံးထဲမှာ ရယ်စရာကောင်းပြီး ကလေးဆန်နေသလိုများ ဖြစ်နေတာလား..."
"လူကြီးတစ်ယောက်က ကလေးတစ်ယောက်ရဲ့ အချွဲအနွဲ့ကို ရယ်ချင်ပက်ကျိနဲ့ ကြည့်နေသလိုမျိုးပေါ့..."
ဤအကြောင်းကို တွေးမိသောအခါ သူမ ပို၍ပင် ဒေါသထွက်သွားသည်။
သူမသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည် မဟုတ်ပါလော။ မည်သည့်အချိန်က အမျိုးသားတစ်ဦး၏ လျစ်လျူရှုခြင်း၊ ကစားခြင်းနှင့် အထင်သေးခြင်းကို ခံခဲ့ရဖူးပါသနည်း။
သူမသည် စိတ်ဓာတ်ကျမသွားသည့်အပြင် ပို၍ပင် တိုက်ခိုက်လိုစိတ် ပြင်းထန်လာတော့သည်။
မည်သည့်နည်းလမ်းကိုမဆို အသုံးပြုပြီး ဤအမျိုးသားကို သူမ၏ ဂါဝန်အောက်တွင် ပြားပြားမှောက်၍ ဒူးထောက်စေရပေမည်။
ဝှစ်...
သို့သော် ကျိုးစွေ့သည် ချန်ဇီယွင်ကို ဆက်လက် ဂရုမစိုက်တော့ဘဲ 'ရတနာမျှော်စင်' ဘက်သို့ လျှောက်လှမ်းသွားလေသည်။
အဘယ်ကြောင့်ဆိုသော် 'ပစ္စည်းရှာဖွေကူ'၏ အချက်အလက်များအရ 'အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေ' သည် ရတနာမျှော်စင်ထဲတွင် သိုဝှက်ထားကြောင်း သိရသောကြောင့် ဖြစ်သည်။
အုန်း...
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် ရတနာမျှော်စင်၏ တားမြစ်အစီအရင်ကို လွယ်ကူစွာ ဖြိုခွင်းလိုက်သည်။ ဤတားမြစ်အစီအရင်များသည် ပဉ္စမအဆင့် အစီအရင်ပညာရှင်ရှေ့တွင်မူ အလှပြထားသကဲ့သို့ ဖြစ်နေပြီး ချက်ချင်းပင် အစီအရင်၏ ဟာကွက်ကို ရှာတွေ့သွားသည်။
ထို့နောက် သူသည် ရတနာမျှော်စင်၏ တံခါးမကြီးကို တိုက်ရိုက် ဖွင့်လိုက်သည်။ ချက်ချင်းပင် အတွင်းထဲ၌ ရတနာလက်နက် အများအပြား ထွက်ပေါ်လာတော့သည်။
မိစ္ဆာသတ်ဓား၊ မိစ္ဆာခွင်းသန်လျက်၊ မိစ္ဆာသတ်လှံ၊ မိစ္ဆာဖျက်စီးလေး...။
လက်နက်ရတနာ တစ်ခုချင်းစီတိုင်းတွင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပါဝင်နေပြီး သတ်ဖြတ်ခြင်း၊ ခုတ်ပိုင်းခြင်း၊ ချေမှုန်းခြင်း၊ ဖျက်ဆီးခြင်းဟူသော အငွေ့အသက်များ ပြည့်နှက်နေသည်။
ရိုးရှင်းစွာပင် မိစ္ဆာများကို သတ်ဖြတ်ရန်အတွက် မွေးဖွားလာသော ရတနာလက်နက်များ ဖြစ်ချေ၏။
သတ်ဖြတ်လိုစိတ်များ မိုးထိအောင် မြင့်တက်နေသကဲ့သို့၊ အမုန်းတရားများသည်လည်း ကောင်းကင်ကိုပင် ဖွင့်လှစ်တော့မည့်အလား ဖြစ်နေသည်။
အတွင်းထဲတွင် ကာကွယ်ရေး မှော်ရတနာဟူ၍ တစ်ခုတလေမျှပင် မတွေ့ရပေ။
တစ်ခုချင်းစီတိုင်းသည် တိုက်ခိုက်ရေး မှော်ရတနာများသာ ဖြစ်ပြီး စွမ်းအား အကန့်အသတ်မရှိပေ။
ဤသည်မှာ မိစ္ဆာသတ်ဂိုဏ်း၏ ခံယူချက်ဖြစ်ကြောင်း မှန်းဆကြည့်နိုင်သည်။
သေလမ်းသာရှိပြီး ရှင်လမ်းမရှိ၊ သွားလမ်းသာရှိပြီး ပြန်လမ်းမရှိ၊ ရန်သူရောကိုယ်ပါ အတူတကွ သေဆုံးခြင်းပင်။
ဝုန်း...
နောက်တစ်စက္ကန့်တွင် ကြီးမားသော တာအိုအသံတစ်ခုက ရတနာမျှော်စင်ထဲတွင် ထွက်ပေါ်လာလေသည်။
“ငါ့ မိစ္ဆာသတ်ဂိုဏ်းရဲ့ မှော်ရတနာကို ရရှိသူမည်သူမဆို ဒီဘဝမှာ မိစ္ဆာတွေကို မဖြစ်မနေ သုတ်သင်ရမယ်… မလိုက်နာရင်… ကောင်းကင်ဘုံတာအိုက လက်ခံမှာ မဟုတ်ဘဲ… တစ်လောကလုံးက ဝိုင်းဝန်းသုတ်သင်ခြင်းကို ခံရလိမ့်မယ်….”
ထင်ရှားသည်မှာ ဤအသံသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါး ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သော်လည်း ပဲ့တင်ထပ်နေဆဲပင်။
"ဒါက..."
ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။ ဤမှော်ရတနာများတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များစွာ ဖုံးလွှမ်းနေသည်ကို သူ အာရုံခံမိပြီး၊ တစ်ခုချင်းစီတိုင်းတွင် ယခင်ပိုင်ရှင်များ၏ အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်နှင့် အမုန်းတရားများ ကျန်ရစ်နေကာ၊ မိစ္ဆာများ၏ သွေးစက်များစွာလည်း စွန်းထင်းနေပုံ ရသည်။
နှစ်ပေါင်းသောင်းချီ ကြာမြင့်ခဲ့သော်လည်း ဤအရှိန်အဝါများသည် ပျောက်ကွယ်မသွားခဲ့ပေ။
ရှေးဟောင်းခေတ်က လူသားမျိုးနွယ်၊ မိစ္ဆာမျိုးနွယ်နှင့် သားရဲမျိုးနွယ်တို့၏ တိုက်ပွဲသည် မည်မျှ ပြင်းထန်ခဲ့ကြောင်း မှန်းဆကြည့်နိုင်ပေသည်။
ဤသည်မှာ မျိုးနွယ်စုများကြားမှ သေခြင်းရှင်ခြင်း စစ်ပွဲပင်ဖြစ်သည်။
လူသားကျင့်ကြံသူတိုင်း စည်းလုံးညီညွတ်ပြီး မိစ္ဆာများနှင့် သားရဲများကို မောင်းထုတ်ရန်ဟူသည့် တစ်ခုတည်းသော ရည်ရွယ်ချက်သာ ရှိခဲ့ကြသည်။
မိမိအသက်ကို စွန့်လွှတ်ရလျှင်ပင် တွန့်ဆုတ်ခြင်း မရှိခဲ့ကြပေ။
ထို့ကြောင့် မိစ္ဆာသတ်ဂိုဏ်းသည် ရတနာမျှော်စင်တွင် မည်သည့် တားမြစ်အစီအရင်မျှ မချန်ထားခဲ့ခြင်း ဖြစ်သည်။
သူတို့သည် နောက်လူများက ဤမှော်ရတနာများကို ကောင်းစွာ အသုံးချပြီး မိစ္ဆာများကို သတ်ဖြတ်ရန်သာ မျှော်လင့်ခဲ့ကြသည်။
မည်သူပင်ဖြစ်စေ၊ လမ်းမှန်ဂိုဏ်း သို့မဟုတ် မိစ္ဆာဂိုဏ်းပင် ဖြစ်စေ၊ မိစ္ဆာများကို သတ်ဖြတ်သရွေ့ သူတို့ ဝမ်းသာအားရ ကြိုဆိုကြမည်သာ ဖြစ်၏။
မည်သူမဆို သူတို့ ချန်ရစ်ခဲ့သော ရတနာများကို ရယူနိုင်သည်။
"တွေ့ပြီ..."
"ဒါက အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေပဲ..."
ဤအခိုက်အတန့်တွင် ကျိုးစွေ့၏ မျက်လုံးများ ချက်ချင်းဆိုသလို တောက်ပလာသည်။ ရတနာမျှော်စင်ထဲတွင် ဤမှော်ရတနာများ သက်သက်သာမက စတုတ္ထအဆင့် ပစ္စည်းများနှင့် ပဉ္စမအဆင့် ပစ္စည်းအမြောက်အမြား ရှိနေကြောင်း သူ ချက်ချင်း အာရုံခံမိလိုက်သည်။
ထိုအထဲတွင် 'အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေ' လည်း ပါဝင်ပေသည်။
ဤသည်မှာ မဲနက်သော ရွှေတုံးများ ဖြစ်ပြီး အရိုင်းဆန်သော ရှေးဟောင်းအရှိန်အဝါများ ဖုံးလွှမ်းနေကာ၊ မိုးကြိုးကပ်ဘေး စွမ်းအားများ ပါဝင်နေပြီး တစ်ချက်တစ်ချက် တဖျစ်ဖျစ်မြည်သော ခရမ်းရောင် ကပ်ဘေးမိုးကြိုးများကို ထုတ်လွှတ်နေလေသည်။
ထင်ရှားသည်မှာ ရှေးဟောင်းခေတ်တွင်ပင် 'အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေ' သည် အလွန် ရှားပါးသော ပဉ္စမအဆင့် ပစ္စည်းဖြစ်သည်။
ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်သန်းပြီးမှ မွေးဖွားလာသော အထူးပစ္စည်းဟု ဆိုကြသည်။ အတွင်းထဲတွင် မိုးကြိုးကပ်ဘေး စွမ်းအားများ ပါဝင်နေသည်။
အကယ်၍ တိုက်ခိုက်ရေးလက်နက်များတွင် 'အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေ' အနည်းငယ် ထည့်သွင်းလိုက်လျှင်ပင် မိစ္ဆာများနှင့် သားရဲများကို ကြီးမားသော ထိခိုက်မှု ဖြစ်စေနိုင်သည်။
မိစ္ဆာများနှင့် သားရဲများ၏ ခန္ဓာကိုယ်အကာအကွယ်ကို လွယ်ကူစွာ ဖျက်ဆီးနိုင်သည်။ ထို့ကြောင့် အလွန် တန်ဖိုးရှိလှပြီး လောကတွင် ရှားပါးလှပေသည်။