← Chapters

ခန္ဓာကိုယ်နဲ့ပဲ ပေးဆပ်ပါရစေ၊ ဘယ်ယောက်ျားက ဒီလိုစမ်းသပ်မှုကို တောင့်ခံနိုင်မှာလဲ(၂)။

Vol. 42 Ch. 465

ခန္ဓာကိုယ်နဲ့ပဲ ပေးဆပ်ပါရစေ၊ ဘယ်ယောက်ျားက ဒီလိုစမ်းသပ်မှုကို တောင့်ခံနိုင်မှာလဲ(၂)။

Vol. 42 Ch. 465

"ယူ... အကုန်လုံးကို ယူရမယ်..."

ကျိုးစွေ့ အလွန်ပင် စိတ်လှုပ်ရှားနေသည်။

ရတနာမျှော်စင်ထဲတွင် ရတနာ မည်မျှ ရှိသည်ကို ဂရုစိုက်မနေတော့ဘဲ အကုန်လုံးကို ယူသွားရန်သာ ရှိသည်။

ဤသည်မှာ ‘သူခိုးဟူသည် မည်သည့်အခါမျှ လက်ဗလာနှင့် မပြန်’ ဆိုသကဲ့သို့ပင်။

သူ့အတွက် အသုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အကုန်သာ ယူရပေမည်။ အသုံးမဝင်လျှင်လည်း ရောင်းထုတ်လိုက်ပါက ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိနိုင်သည် မဟုတ်ပါလော။

ထို့အပြင် 'အရပ်ရှစ်မျက်နှာ ကပ်ဘေးရွှေ' သည် အမှန်တကယ်ပင် အသုံးဝင်မှုမှာ အကန့်အသတ်မရှိပေ။

'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်အစီအရင်'ကို ပြုပြင်ရာတွင် သူ့ကို ကူညီပေးနိုင်သည်။

ဝုန်း...

ချက်ချင်းပင် လျှပ်တစ်ပြတ်အတွင်း ရတနာမျှော်စင်ထဲရှိ မှော်ရတနာ အများအပြား၊ စတုတ္ထအဆင့် ပစ္စည်းများနှင့် ပဉ္စမအဆင့်ပစ္စည်းများ အားလုံးသည် သူ၏ သိုလှောင်အိတ်ထဲသို့ ရောက်ရှိသွားကြတော့သည်။

မျက်နှာသစ်လိုက်သကဲ့သို့ ပြောင်စင်အောင် သိမ်းကျုံးလုယူလိုက်သည်မှာ မည်သည့်ပစ္စည်းမှ မကျန်ရစ်တော့ပေ။

သူသည် ရတနာမျှော်စင်၏ တံခါးပေါက်များနှင့် ပြတင်းပေါက်များကိုပင် ဖြုတ်ယူချင်နေသေးသည်။

အဘယ်ကြောင့်ဆိုသော် ဤတံခါးပေါက်များနှင့် ပြတင်းပေါက်များသည်လည်း နှစ်တစ်ထောင် ဝိညာဉ်သစ်သားများ ဖြစ်ပြီး အလွန် တန်ဖိုးရှိသောကြောင့် ဖြစ်သည်။

"ဟုတ်သားပဲ... ကျမ်းစာမျှော်စင် ကျန်သေးတယ်... အထဲမှာ မိစ္ဆာသတ်ဂိုဏ်းရဲ့ အမွေအနှစ်တွေ ရှိတယ်..."

"အကုန်လုံး ယူသွားလိုက်တာပေါ့..."

ကျိုးစွေ့သည် မိစ္ဆာသတ်ဂိုဏ်း၏ အမွေအနှစ်များကိုလည်း အလွန်ပင် လိုချင်တပ်မက်နေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ယခင်က နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခု ဖြစ်ရာ၊ အတွင်းရှိ ကျင့်စဉ်အမွေအနှစ်များ၏ တန်ဖိုးကို မှန်းဆကြည့်နိုင်ပြီး သေချာပေါက် သာမန်မဟုတ်နိုင်ပေ။

မိမိကိုယ်တိုင် မလေ့လာလျှင်တောင်မှ 'စာအုပ်ကူ'ကို ကျွေးလိုက်ပြီး 'စာအုပ်ကူ'၏ အစာအဖြစ် အသုံးပြုနိုင်သည်။

သူသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ၊ ကျမ်းစာမျှော်စင်၏ တားမြစ်အစီအရင်ကို ချက်ချင်း ဖြိုခွင်းပြီး အတွင်းသို့ ဝင်ရောက်လိုက်သည်။

"ငါ့ မိစ္ဆာသတ်ဂိုဏ်းရဲ့ အမွေအနှစ်ကို ရရှိသူမည်သူမဆို မိစ္ဆာသတ်ဂိုဏ်းရဲ့ တပည့်ပဲ ဖြစ်တယ်"

"နောင်တစ်ချိန် မင်းတို့ဟာ မိစ္ဆာသုတ်သင်ခြင်းကို တာဝန်တစ်ရပ်အနေဖြင့် ခံယူရမယ်"

"မိစ္ဆာတွေကို ငါတို့ကမ္ဘာကနေ အပြီးတိုင် မောင်းထုတ်ပစ်ရမယ်"

"မဟုတ်ရင် ငါတို့ အသေဖြောင့်မှာ မဟုတ်ဘူး…"

ဤအချိန်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါး၏ အသံ ထပ်မံ ထွက်ပေါ်လာပြီး အလွန် ဝမ်းနည်းပူဆွေးနေပုံရကာ အမုန်းတရားနှင့် မျှော်လင့်ချက်မဲ့မှုများ ပါဝင်နေလေသည်။

ထင်ရှားသည်မှာ ဤသည်မှာလည်း ယခင်က မိစ္ဆာသတ်ဂိုဏ်း နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင် ချန်ရစ်ခဲ့သော သေတမ်းစာပင် ဖြစ်သည်။

ဤအမွေအနှစ်များတွင်လည်း မည်သည့် တားမြစ်အစီအရင်မျှ ချန်ထားခြင်း မရှိဘဲ မည်သူမဆို ယူဆောင်နိုင်လေသည်။

မိစ္ဆာသတ်ဂိုဏ်း၏ ယခင်ကျင့်ကြံသူများသည် မိမိတို့ဂိုဏ်း၏ ကျင့်စဉ်များ ပြန့်ပွားသွားမည်ကို လုံးဝ ဂရုမစိုက်ကြပေ။

ကျင့်ကြံသူတိုင်းထံ ဖြန့်ဝေပေးပြီး ကျင့်ကြံသူတိုင်း၏ စွမ်းအားကို မြှင့်တင်ပေးရန်ပင် မျှော်လင့်နေကြသည်။

ထိုသို့မှသာ မိစ္ဆာများကို ကျင့်ကြံခြင်းလောကမှ မောင်းထုတ်နိုင်မည့် မျှော်လင့်ချက် ရှိလာမည် ဖြစ်သည်။

"ရှေးဟောင်းခေတ်ရဲ့ စစ်ပွဲတွေက ဘယ်လောက်တောင် ပြင်းထန်ခဲ့သလဲဆိုရင်... နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တွေတောင် သေတမ်းစာ ချန်ထားခဲ့ရတယ်..."

"ဒါပေမဲ့ ရလဒ်ကို ကြည့်ရင်တော့ လူသားမျိုးနွယ် အနိုင်ရခဲ့တာပဲ..."

"ဒါမှမဟုတ်ရင် အခုချိန်မှာ ကမ္ဘာကြီးတစ်ခုလုံးကို မိစ္ဆာတွေ သိမ်းပိုက်ထားလောက်ပြီ..."

"ဒါပေမဲ့ မိစ္ဆာတွေက အခု တစ်ကျော့ပြန် ပြန်လာမယ့် အရိပ်အယောင်တွေ ရှိနေတယ်..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။

သူသည် အင်မော်တယ်ရှားကျွန်းရှိ သွေးမိစ္ဆာသစ်ပင်ကို သတိမရဘဲ မနေနိုင်တော့ပေ။ ထိုအရာသည် စွမ်းအားကြီးမားသော မိစ္ဆာတစ်ကောင် ဖြစ်ပြီး စွမ်းအားမှာ သာမန်မဟုတ်ပေ။

လက်ရှိ သူပင်လျှင် ယခင်က မိစ္ဆာအရှိန်အဝါကို ပြန်တွေးမိပါက ရင်တုန်နေဆဲ ဖြစ်သည်။

‘အင်မော်တယ်ရှားကျွန်း အခု ဘယ်လိုနေလဲ မသိဘူး…’

ရိုးရိုးသားသား ဝန်ခံရလျှင် သူသည် ပြန်သွားကြည့်ချင်ပြီး ထိုသွေးမိစ္ဆာသစ်ပင်နှင့် ယှဉ်ပြိုင်ကြည့်ချင်မိသည်။

သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် မလုပ်တာက ပိုကောင်းမည်ဟုသာ တွေးလိုက်သည်။ အလွန်အကျွံ စွန့်စားရသည်ကို သူ မလိုလားပေ။

နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းပြီး လူ့လောကတွင် ပြိုင်ဘက်ကင်းဖြစ်မှသာ သွားရောက် စမ်းသပ်ခြင်းကလည်း နောက်မကျသေးပေ။

ထိုအချိန်ရောက်လျှင် မည်သည့်ရန်သူနှင့် တွေ့ဆုံသည်ဖြစ်စေ အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။

ဝုန်း...

ဤအကြောင်းကို တွေးမိပြီးနောက် ကျိုးစွေ့ လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ဤနေရာရှိ အမွေအနှစ် ကျောက်စိမ်းမှတ်တမ်း အားလုံးကို သိမ်းဆည်းလိုက်တော့သည်။

အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းများထဲတွင် မည်သည့် ကျင့်စဉ်များ ပါဝင်သည်ကို သူ ယာယီအားဖြင့် မသိရှိသေးပေ။

မည်သို့ပင်ဖြစ်စေ ယခုအချိန်သည် မိစ္ဆာသတ်ဂိုဏ်း၏ ကျင့်စဉ်များကို လေ့လာရမည့်အချိန် မဟုတ်သေးရာ အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်ရောက်မှသာ ဆက်လက် လုပ်ဆောင်ရပေမည်။

"ဒီလောက် မြန်မြန်ဆန်ဆန် အကုန်ပြောင်အောင် သိမ်းလိုက်တာလား... ဘယ်လိုလုပ် ဒီလောက်တောင် မြန်ရတာလဲ..."

ချန်ဇီယွင်သည် ကျိုးစွေ့ကို ပြောစရာစကားမဲ့စွာ ကြည့်နေမိတော့သည်။

ဤအမျိုးသား၏ လက်သွက်ခြေသွက် ရှိမှုသည် လွန်ကဲလွန်းလှပြီး ဤကဲ့သို့သော အလုပ်မျိုးကို မည်မျှ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့မှန်း မသိနိုင်အောင် ယဉ်ပါးလွန်းလှသည်ဟုသာ သူမ ခံစားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဤနေရာရှိ ရတနာများကို ပြောင်စင်အောင် သိမ်းဆည်းလိုက်သည်။

ထင်ရှားသည်မှာ ရတနာ အနည်းငယ်မျှပင် မကျန်ရစ်ခဲ့ပေ။

အကယ်၍ မိစ္ဆာသတ်ဂိုဏ်း ကျင့်ကြံသူများ ပြန်လည် အသက်ရှင်လာပြီး ဤမြင်ကွင်းကို မြင်တွေ့ပါက ငိုကြွေးကြမည်မှာ သေချာပေသည်။

"အဟဲ… ဒါက အတွေ့အကြုံကနေ ဖြစ်လာတဲ့ စွမ်းရည်လေးပါ..."

ကျိုးစွေ့က ပေါ့ပါးစွာ ပြောလိုက်လေသည်။

"ဒါက..."

ချန်ဇီယွင်သည် ဤအမျိုးသားကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။ သူမ ထင်မှတ်ထားသည့်အတိုင်းပင် ဤအမျိုးသားသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အကြွင်းအကျန်ရတနာများကို မည်မျှတိုင် အကြိမ်ပေါင်းများစွာ သိမ်းဆည်းခဲ့မှန်း မသိနိုင်အောင် ဖြစ်နေပြီး အတွေ့အကြုံများပင် ရရှိနေပြီ ဖြစ်သည်။

ဤအမျိုးသား၏ ကံတရားသည် ကောင်းကင်ဘုံကို ဆန့်ကျင်လွန်းနေပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အကြွင်းအကျန်ရတနာများကို မည်မျှ ရရှိခဲ့မှန်း မသိနိုင်ဟုသာ ပြောရပေမည်။

သာမန်ကျင့်ကြံသူများအနေဖြင့် ဤကဲ့သို့သော အခွင့်အရေးမျိုး တစ်ကြိမ်ရရှိရုံဖြင့်ပင် အလွန် ကံကောင်းနေပြီ ဖြစ်သည်။

သို့သော် ဤအမျိုးသားကမူ တစ်ကြိမ်ပြီးတစ်ကြိမ် အခွင့်အရေးများ ရရှိနေသည်မှာ တကယ်ပင် ယုံကြည်နိုင်စရာ မရှိချေ။

"ဒါနဲ့... ဒီကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှိလား..."

ကျိုးစွေ့၏ နှလုံးသားမျက်လုံး အာရုံခံနိုင်စွမ်းသည် ပြန့်ကျက်သွားပြီး နန်းတော်တိုင်းကို အာရုံခံကြည့်ရာ အခြားသော ရတနာများကို မတွေ့ရှိတော့ပေ။

တစ်ခုတည်းသော ရတနာမှာ ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာ 'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်' သာ ကျန်ရှိတော့သည်။

အကယ်၍ ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ရရှိနိုင်ပါက ဤခရီးစဉ်သည် ပြီးပြည့်စုံသွားပြီဟု မှတ်ယူနိုင်ပေသည်။

"ခက်လောက်တယ်..."

"မှတ်တမ်းတွေအရ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ထိန်းချုပ်ချင်ရင် လိုက်ဖက်တဲ့ ရတနာထိန်းချုပ်မန္တန်ကို သင်ယူဖို့ လိုအပ်တယ်..."

"ခက်တာက ရတနာထိန်းချုပ်မန္တန်တွေကို အခြေခံအားဖြင့် နှုတ်နဲ့သာ လက်ဆင့်ကမ်းလေ့ရှိပြီး စာနဲ့ ရေးသားမှတ်တမ်းတင်လေ့ မရှိဘူး..."

"တိုက်ရိုက်မျိုးဆက်တွေကလွဲရင် တခြားလူတွေ သိရှိနိုင်မှာ မဟုတ်ဘူး..."

"အဲတာကြောင့် ဒီနေ့ခေတ်အထိ လက်ဆင့်ကမ်းလာတဲ့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာတွေ… ရှင့်ရှေ့မှာ ရောက်နေရင်တောင်မှ သန့်စင်ထိန်းချုပ်လို့ မရနိုင်ဘူး..."

ချန်ဇီယွင်က အကူအညီမဲ့စွာ ပြောပြလိုက်သည်။

အကြောင်းမှာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို သန့်စင်ရန်မှာ ထိုမျှ လွယ်ကူသောကိစ္စ မဟုတ်သောကြောင့် ဖြစ်လေသည်။

"ရတနာထိန်းချုပ်မန္တန် လိုအပ်တယ်လား..."

ကျိုးစွေ့ မျက်ခုံးပင့်လိုက်သည်။ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို သန့်စင်ရန် ဤမျှ ရှုပ်ထွေးလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

အကယ်၍ သာမန် ဝိညာဉ်ရတနာသာ ဆိုလျှင် အခြေခံအားဖြင့် နတ်ဘုရားအာရုံကို အသုံးပြု၍ သန့်စင်လိုက်ရုံဖြင့်ပင် လုံလောက်ပြီး စိတ်တိုင်းကျ ထိန်းချုပ်နိုင်သည်။

သို့သော် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ၏ သန့်စင်ခြင်းအခက်အခဲမှာမူ နောက်တစ်ဆင့် မြင့်မားနေသည်။

"ဒါပေါ့... ဒဏ္ဍာရီတွေထဲမှာတော့ ပါရမီ အရမ်းမြင့်မားတဲ့သူတွေက ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ရှုမြင်သုံးသပ်ပြီး သက်ဆိုင်ရာ ရတနာထိန်းချုပ်မန္တန်ကို ထိုးထွင်းသိမြင်နိုင်တယ်လို့ ဆိုကြတယ်... ဒါပေမဲ့ ဒါက ဒဏ္ဍာရီပါပဲ..."

"တကယ်လို့ ဒီလို ပါရမီရှင်မျိုး ရှိခဲ့ရင်တောင်မှ အဲဒါက သန်းဂဏန်းမှာမှ တစ်ယောက်ရှိခဲတဲ့ ဖြစ်တည်မှုမျိုးပဲ..."

"ပြီးတော့ ရတနာထိန်းချုပ်မန္တန်ကို တကယ် ရရှိရင်တောင်မှ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို သန့်စင်နိုင်မယ်လို့ မဆိုလိုသေးဘူး..."

"ဘာလို့လဲဆိုတော့ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို အမှန်တကယ် ထိန်းချုပ်ချင်ရင် အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် ရှိဖို့ လိုအပ်တယ်..."

"တကယ်လို့ ဝိညာဉ်သန္ဓေသားအဆင့် ဆိုရင်တော့ သန့်စင်ထိန်းချုပ်ဖို့ ခက်ခဲလောက်တယ်..."

"အတင်းအကျပ် သန့်စင်မယ်ဆိုရင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရနိုင်တယ်..."

ချန်ဇီယွင်က လေးနက်စွာ ပြောလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို သန့်စင်ရာတွင် အခက်အခဲအမျိုးမျိုး ကြုံတွေ့ရနိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမသည် ကောင်းကင်အဆင့် ဝိညာဉ်ရတနာအပေါ် များစွာ စိတ်ကူးမယဉ်ပေ။ ဤသည်မှာ သာမန်ကျင့်ကြံသူများ ရရှိနိုင်သော ရတနာမျိုး မဟုတ်ပေ။

နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်မှသာ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်ပေလိမ့်မည်။

"ကောင်းကင်အဆင့် ဝိညာဉ်ရတနာကို ရှုမြင်သုံးသပ်တာလား..."

ဤအကြောင်း တွေးမိသောအခါ ကျိုးစွေ့ စိတ်ထဲတွင် လှုပ်ရှားသွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ ဤအချက်ကို လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်သောကြောင့် ဖြစ်ပေသည်။

သူသည် 'အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ်' ကို ကျင့်ကြံထားပြီး နှလုံးသားမျက်လုံး သုံးလုံးကို စုစည်းထားသည် မဟုတ်ပါလော။

နှလုံးသားမျက်လုံး တစ်လုံးစီတွင် အတုမဲ့သော အသုံးဝင်မှုများ ရှိသည်။

နှလုံးသားမျက်လုံး စွမ်းအားကို အသုံးပြုပြီး ကောင်းကင်အဆင့် ဝိညာဉ်ရတနာပေါ်မှ ရတနာထိန်းချုပ်မန္တန်ကို ရရှိနိုင်ကောင်း ရရှိနိုင်သည်။

ထို့ကြောင့် သူ စမ်းသပ်ကြည့်ချင်မိသည်။ ကျရှုံးလျှင်လည်း မည်သည့် ဆုံးရှုံးမှုမျှ ရှိမည် မဟုတ်ပေ။

အကယ်၍ အောင်မြင်ပါက ဤကောင်းကင်အဆင့် ဝိညာဉ်ရတနာ 'အရပ်ရှစ်မျက်နှာ မိစ္ဆာချုပ်မျှော်စင်' သည် သူ့လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။

ဝုန်း...

သို့သော် ထိုအချိန်တွင် မိစ္ဆာသတ်လျှို့ဝှက်နယ်မြေတစ်ခုလုံး ရုတ်တရက် ကြီးမားသော တုန်ဟီးမှုကြီး ဖြစ်ပေါ်လာပြီး အဆင့် ၇၊ ၈ ရှိသော ငလျင်လှုပ်သကဲ့သို့ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။

တားမြစ်အစီအရင် အများအပြား စတင် တုန်ခါလာကြသည်။ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ဤပြင်းထန်သော တုန်ခါမှုကို ခံစားနိုင်ပေသည်။

"ဘာဖြစ်တာလဲ..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်သည်။ အခြေအနေ မဟန်တော့ကြောင်း သူ၏ပင်ကိုအသိစိတ်က သတိပေးနေပြီး၊ မိစ္ဆာသတ်လျှို့ဝှက်နယ်မြေတွင် ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်ပျက်နေပုံ ရလေသည်။

All Chapters