စုရှန်းရွှယ်
Vol. 7 Ch. 61
စုရှန်းရွှယ်၏ ခြံဝန်းသို့ ရောက်နေသည့် ပိုင်ချူးရန်က စကားစပြန်သည်။
"ငါတို့ အမှတ်တရဟောင်းတွေ အကြောင်းတွေ ပြန်ပြောလို့ ရတာပဲလေ…"
ထိုစကားကြောင့် စုရှန်းရွှယ်က သတိကပ်ကာ ပြောလာသည်။
"ပိုင်ချူးရန် နင်ဒီကို ဘာလာလုပ်တာတုံး… ငါသတိပေးထားမယ် ငါ့တို့ ကာမသုတြာဂိုဏ်းက ဒီနှစ်တွေထဲမှာ သတ်ဖြတ်တာတွေ မရှိတော့ဘူး…"
"ဘာတွေ ပူပန်နေပြန်တာတုံး… ငါရောက်လာတာက ဝေဖန်ဖို့ မဟုတ်ဘူး…"
ပိုင်ချူးရန်က အကြမ်းရည်ခွက် ချကာ သက်ပြင်းချလိုက်သည်။
"ငါ့ဆရာကို သတ်တုန်းကလဲ နင်ဒီစကားပဲ ပြောခဲ့တာ…"
စုရှန်းရွှယ်က သတိကပ်ထားဆဲ ဖြစ်၏ ။
"နင် ဘာလုပ်ချင်နေတာတုံး… ငါ့ဂိုဏ်းထဲက တပည့်တွေကိုတော့ ထိဖို့ မစဉ်းစားနဲ့…"
"ဟော ဒီလိုတော့ ပြောမနေနဲ့လေ…မင်းဆရာလို့ ခေါ်နေတဲ့ စုန်းမအိုကြီးက ငါ့ရဲ့ ယန်ဓာတ်ကို လိုချင်နေတာ ငါတို့ကတော့ တိုက်ပွဲပြီးတာတောင် မိတ်ဆွေတွေ ဖြစ်တုန်း မဟုတ်လား… ဒီလောက် ကြောက်ပြနေမှတော့ ငါတောင် ဝမ်းနည်းလာပြီ…"
ပိုင်ချူးရန်က သက်ပြင်းချလိုက်ကာ…
"စိတ်အေးအေးထား ဒီတခေါက်က ကာမနဲ့ ပက်သက်လို့ လာတာ မဟုတ်ဘူး…"
စုရှန်းရွှယ်က ခဏကြာ စဉ်းစားကာ စိတ်အေးမိသွားသည်။
"ဒါဆို ဘာလာလုပ်တာတုံး…"
"အခုတလော ငါ့တပည့် လက်ခံထားတယ်… အဲ့တာကြောင့် ငါ့တပည့်ကို လေ့ကျင့်ပေးဖို့ ထွက်လာတာပဲ…"
ပိုင်ချူးရန်က ပြောလိုက်သည်။
"ဘယ်လို… တပည့် လက်ခံထားတာလား…"
စုရှန်းရွှယ်က အံ့အားသင့်သွားသည်။
"ယောက်ျားလေးလား မိန်းကလေးလား… အာ… မှန်းကြည့်ရသလောက်တော့ မိန်းကလေးပဲ ဖြစ်ရမယ်…"
ပိုင်ချူးရန်က တုံ့ဆိုင်းစွာဖြင့် ချောင်းဟန့်လိုက်သည်။
"အဟမ်း…"
စုရှန်းရွှယ်က ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွား၏ ။
"အံ့ဩစရာပဲ… ပိုင်ချူးရန်ရေ နင်က နွားအိုမြက်နုကြိုက်ဆိုတဲ့ စကားပုံလို ဖြစ်လာမယ်လို့ မထင်ထားမိဘူး…"
"ဘာတွေ ပြောနေတာတုံး…"
ပိုင်ချူးရန်ပင် ခေါင်းကုတ်မိသွားသည်။
… ဒီလောကမှာ ရှိတဲ့သူအကုန်လုံးက ငါနဲ့ ယှဉ်ရင် ငယ်နေကြတာလား…
ပိုင်ချူးရန်က ကာမသုတြာ ဂိုဏ်းခေါင်းဆောင် စိတ်ဆိုးရသည့် အကြောင်းအရင်းအား စဉ်းစားကြည့်သော်လည်း အဖြေမပေါ်နေပေ။ ထို့ကြောင့် စကားဆက်လိုက်သည်။
"ဒါဆိုလည်း… မင်းရဲ့ သတင်းကွန်ယက်မှာ ဘာသတင်းတွေ ရှိထားသေးလဲ… သေမျိုးလောက အကြောင်းပေါ့…"
"ငါတို့ ဂိုဏ်းက အဆင့်နိမ့် ပျော်ပါးတဲ့ နေရာလေးပါ…ဘာသတင်းတွေ ရှိဦးမှာတုံး…"
စုရှန်းရွှယ်က ရေနွေးကြမ်းငှဲ့ကာ တကျိုက်မော့၍ ပြောနေသည်။
"ပိုင်ချူးရန် နင်က ချီမင်ဓားဂိုဏ်းရဲ့ ဘိုးဘေး မဟုတ်လား နင့်စကားတခွန်းနဲ့ ချီမင်ဓားဂိုဏ်းရဲ့ သတင်းကွန်ယက်က နင်လိုတဲ့ အချက်အလက်အကုန် ပေးမှာပဲ…"
"မဟုတ်သေးပါဘူး ဂိုဏ်းခေါင်းဆောင်စုရာ … မင့်စကားတွေ မမှန်ပါဘူး…"
ပိုင်ချူးရန်က တဖက်သူ၏ စကားအား နားမလည်ပေ။ ထို့ကြောင့် ပြုံး၍ လက်ရမ်းကာ…
"ချီမင်ဓားဂိုဏ်းရဲ့ သတင်းစုဆောင်းမှုက ကာမသုတြာဂိုဏ်းကို မမီဘူး… ယောက်ျာ?တွေ ရိုးသားတာက နှစ်ချိန်ပဲ ရှိတာလေ အရက်သောက်တဲ့ အချိန်နဲ့ အိပ်ယာပေါ်မှာ အလှကလေးကို အဖော်ပြုနေတဲ့ အချိန်တွေပေါ့…"
စုရှန်းရွှယ်က ပိုင်ချူးရန်အား အချိန်အတန်ကြာ စိုက်ကြည့်နေသည်။ သို့သော်လည်း တဖက်သူ၏ နားမလည်သည့် အသွင်အပြင်ကြောင့် ပင့်သက်ရှိုက်မိသွား၏ ။
"ငါလည်း နားမလည်နေဘူး… ငါက ဘာလို့ နင့်ကို စိတ်ဆိုးနေရတာပါလိမ့်… ရူးချင်စရာပဲ…"
"အယ် ဘာလို့များလဲ…"
ပိုင်ချူးရန်က အံ့ဩမိသွားသည်။
"ဘာလို့ စိတ်ဆိုးနေတာတုံး… ငါလည်း ရန်မစထားပါဘူး ငါ့ဘက်က အပြစ်ကင်းတယ်…"
ထိုခဏ၌ စုရှန်းရွှယ်က သူမ၏ သည်းခံနိုင်စွမ်းမှာ အမှန်တရား မဟာမိတ်အဖွဲ့ရှိ ဂိုဏ်းခေါင်းဆောင်များထက်ပင် သာလွန်သည်ဟု ခံစားမိသွားသည်။
"ကဲလိုရင်းကို ဆက်ပြော…"
ကာမသုတြာ ဂိုဏ်းခေါင်းဆောင်က ကြိမ်ဖန်များစွာ ပင့်သက်ရှိုက်နေရာမှ အခါးရည်အိုး မြောက်၍ ရေနွေးခွက်များအား ဖြည့်လိုက်သည်။
"ကျန်းပြည်နယ်ရဲ့ ကျင့်ကြံရေးလောကမှာ ဖြစ်ပျက်နေတာတွေက စိတ်ဝင်စားစရာတွေပါပဲ… ဒါပေမယ့် အခြေတည်အဆင့် ရောက်ကာစ တယောက်အတွက်တော့ မသင့်တော်ဘူး…ဟုတ်သား သင့်တော်မှာတော့ တခုရှိတယ် ဒါပေမယ့် တော်ဝင်မိသားစုနဲ့ ဆိုင်နေတာ နားထောင်မှာလား…"
"အို တော်ဝင်မိသားစုပဲလား… သူတို့က ပြဿနာ တော်တော်များတာပဲ…"
ပိုင်ချူးရန်က တွေးမိနေသည်။
"ဟုတ်ပြီလေ ဘာအကြောင်းများလဲ…"
"ဒီမှာ အခုတလော အိုင်ဒေါလ်ဆိုပြီး ခေတ်စားနေတာ ရှိတယ်…"
စုရှန်းရွှယ်က ပြောလာသည်။
"အိုင်ဒေါလ်…"
ပိုင်ချူးရန်က ရေရွတ်မိလိုက်သည်။
"ဘာပါလိမ့်…"
"နိုင်ငံခြား ဘာသာစကားပဲ… တကယ်တော့ ဒါက သီချင်းဆိုဖို့နဲ့ ကဖို့ ရုပ်လှတဲ့ မိန်းကလေးတဖွဲ့ပေါ့… ဒါပေမယ့် ဒီနိုင်ငံက ယောက်ျား တော်တော်များများကို ဆွဲဆောင်နိုင်တယ်လေ…"
"အို…"
ပိုင်ချူးရန်က ရုတ်တရက် သဘောပေါက်သွားသည်။
"အနုပညာ ရောင်းစားတဲ့ ဂေးရှားမယ်တမျိုး မဟုတ်လား…"
"ပြောလို့ရတယ် ဒါပေမယ့် ဒါက အဖွဲ့လိုက်လုပ်တာ…"
စုရှန်းရွှယ်က အခါးရည် တငုံမော့လိုက်သည်။
"တင်နိုင်ငံရဲ့ အိမ်ရှေ့စံက ဒီလိုအဖွဲ့ကို သဘောကျတယ် ဒါပေမယ့်အရင်သုံးရက်က ဖျော်ဖြေပွဲမှာ သူအသတ်ခံလိုက်ရတာပဲ… တင်နိုင်ငံဘုရင်က ဒေါသဖြစ်နေတော့တာပေါ့ … အဲ့တာကြောင့် လူသတ်သမားကို ဆုကြေးထုတ်ထားပြီ…"
"ဝိုး ပျော်စရာကောင်းတာလား…"
ပိုင်ချူးရန်က မေးလိုက်သည်။
"ကိုယ်ခံပညာရှင် ဖြစ်မလား ကျင့်ကြံသူပဲ ဖြစ်နေမလား…"