← Chapters

အိမ်ရှေ့စံ သေဆုံးမှု

Vol. 7 Ch. 62

အိမ်ရှေ့စံ သေဆုံးမှု

Vol. 7 Ch. 62

ပိုင်ချူးရန်၏ မေးခွန်းအား စုရှန်းရွှယ်မှ တိုက်ရိုက်ဖြေကြားမှု မပြုဘဲ မေး်ွန်းဖြင့်သာ ပြန်လည်တုံ့ပြန်သည်။

"တင်နိုင်ငံရဲ့ ရိုးရာမှာ အင်အားကို အဓိကထားတယ် ဒင်နိုင်ငံဘုရင်ကတော့ တနိုင်ငံလုံးမှာ အားအကောင်းဆုံး ကိုယ်ခံပညာရှင်… သူ့အင်အားက ထိပ်သီး ချီသန့်စင်ခြင်းအဆင့်ကို ယှဉ်နိုင်တယ်… ပြောကြတာတော့ သူက အခြေတည်အဆင့်နဲ့တောင် တိုက်ခိုက်နိုင်တယ်ဆိုလား… သေမျိုး ကိုယ်ခံပညာရှင်တွေက အိမ်ရှေ့စံကို သတ်ဖို့ လွယ်မယ်ထင်လား…"

"ချီသန့်စင်ခြင်း အဆင့်က အခြေတည်အဆင့်ထက် အားနည်းတယ်လို့ ဘယ်သူက သတ်မှတ်ထားတာများလဲ…"

ပိုင်ချူးရန်က ခေါင်းမော့ကာ ပြောခြင်းဖြစ်သည်။

"ငါက ချီသန့်စင်ခြင်းအဆင့်လေ ဒါတောင် ဘယ်အခြေတည်အဆင့်က ငါ့ရန်သူဖြစ်နိုင်မလဲ…"

"ပြောမနေနဲ့တော့ နင်က ချီသန့်စင်ခြင်း အဆင့်မှ မဟုတ်ဘဲ…"

စုရှန်းရွှယ်က ဆံပင်များအား လက်ဖြင့်သိမ်းကာ စည်းနှောင်လိုက်သည်။

"‌နင်က သက်တမ်းကုန်ပြီးနေတာကို အသက်ရှင်နေသေးလို့ မြေအောက်လောက အလိုရှိတာဖြစ်မယ်… သေခြင်းရှင်ခြင်း သဘောတရားတွေ ကမောက်ကမ ဖြစ်နိုင်လို့ပေါ့…"

"ပြောရရင် ဒီကိစ္စမှာ တခုခုမှားနေတာ ရှိလား…"

ပိုင်ချူးရန်က မတ်တပ်ထကာ မေးပြန်သည်။

"သတင်းအတွက် ကျေးဇူးပါ… ငါ့တပည့်ကို ခေါ်ပြီး သွားလိုက်ဦးမယ်… လျှောက်ကြည့်ရတာပေါ့…"

"ခဏလောက် နေပါဦးလား…"

စုရှန်းရွှယ်က ပြောလာသည်။

"မဖြစ်ဘူးလေ…"

ပိုင်ချူးရန်က အလျင်အမြန် လက်ရမ်းလိုက်ကာ…

"ကာမသုတြာဂိုဏ်းထဲမှာ နေရင် မင့်ဆရာ စုန်းမအိုကြီးကိုပဲ ပြန်တွေးမိတယ်… သူက ငါ့အတွက် စိတ်မသက်သာစရာပဲလေ… ဘာဖြစ်ဖြစ်ပါ သွားဦးမယ် ဂရုစိုက်ဦး…"

"ထားပါတော့ ငါသွားဦးမယ်…"

စုရှန်းရွှယ်က ထိုနေရာမှာ ပင့်သက်ရှိုက်ကာ ပြောလာသည်။

"ထွက်သွားရင် တံခါးပိတ်ဖို့ မမေ့နဲ့ဦး…"

"ဟုတ်ပြီလေ…"

ပိုင်ချူးရန်က လက်မထောင်ပြကာ ထွက်သွား၏ ။ ထို့နောက်တွင် ခြံတံခါးအား ပိတ်လိုက်သေးသည်။

စုရှန်းရွှယ်က ခဏကြာ ထိုင်နေရာမှ ရုတ်တရက် လက်ခုပ်တီးလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်…"

ခြံဝန်းအတွင်းသို့ အပြင်ဘက်မှ ပုံရိပ်တခု ခုန်ဝင်လာ၏ ။ ထို့နောက်တွင် နှစ်လိုဖွယ် ဝတ်ရုံနက်ရှင် အမျိုးသမီးဖြစ်သွားကာ ဒူးတဖက်ထောက်ကာ မေးလာသည်။

"ဘာအမိန့်ပေးစရာ ရှိပါလဲ…"

"စစ်ဆေးစရာရှိတယ်…"

စုရှန်းရွှယ်က လက်မြောက်ကာ…

"သူ့တပည့်အကြောင်း စုံစမ်းခဲ့…"

………

ပိုင်ချူးရန်က သာယာမှု နယ်မြေ ဆိုင်အတွင်းမှ ထွက်လာ၏ ။ ထိုအချိန်၌ တပည့်ဖြစ်သူမှာ တံခါး၌ ဒူးတုပ်ထိုင်နေကာ ကာမသုတြာဂိုဏ်း၏ အစောင့်တပည့်နှင့် စကားပြောနေသည်။ တပည့်ဖြစ်သူ၏ ပုခုံးများပင် တုန်ရီနေလေသည်။

ပိုင်ချူးရန်က တပည့်ဖြစ်သူရှိရာသို့ လျှောက်သွား၍ ပုခုံးပုတ်လိုက်သည်။ သို့ဖြစ်ရာ မျက်ရည်ဝဲနေသည့် တန်ရော်ဝေကာ စိုက်ကြည့်လာ၏ ။

"သူ့ကို ဘာလုပ်လိုက်တာတုံး…"

ပိုင်ချူးရန်က ကာမသုတြာဂိုဏ်း၏ တပည့်အား မေးမြန်းမိသည်။

"အနိုင်ကျင့်တာလား…"

"မဟုတ်ပါဘူး…"

တန်ရော်ဝေက ရှိုက်သံဖြင့် ဝင်ပြောသည်။

"ဒီအစ်မက သူ့ရဲ့ အတိတ်အကြောင်း ပြောပြနေတာ… နတ်ဆိုးကျင့်ကြံသူ ဖမ်းတာခံရပြီးတော့ ပျော်တော်ဆက် ဖြစ်ခဲ့ရတယ်လေ … ပြီးတော့ ကာမသုတြာဂိုဏ်းဆီ ရောင်းစားခံရတာ… ဟင့် သနားစရာကောင်းလိုက်တာ…"

"အို…"

ပိုင်ချူးရန်က အခြေအနေအား နားလည်မိသွားသည်။ ထို့ကြောင့် မျက်နှာသေဖြင့် ထပ်ပြောသည်။

"ဒါဆိုရင် နောက်ထပ်ကော ဆက်ပြောသေးလား…"

"ဘာကိုလဲ…"

တန်ရော်ဝေက ကြောင်ငေးမိနေသည်။

"နောက်ထပ် ဇာတ်လမ်းအဆက်ပေါ့… ကာမသုတြာဂိုဏ်းဆီ ရောက်လာပြီးတော့ လေ့ကျင့်ခန်းတွေ ကြိုးစားတယ်… ကြိုးစားလွန်းတာမို့ ခဏလေးနဲ့ ရာထူးအမြင့်ပိုင်း ရောက်လာခဲ့တာ… ပြီးတာနဲ့ နတ်ဆိုး ကျင့်ကြံသူကို ပြန်ဖမ်းပြီး ကိုယ်ပိုင် လိင်ဆက်ဆံရေးအရုပ်အဖြစ် ပြောင်းပစ်တယ်… နေ့တိုင်းသူ့ကို မနားတမ်း ကစားတာမို့ သူ့ရဲ့ အင်္ဂါတောင် ကျိုးသွားရတာပေါ့…"

ပိုင်ချူးရန်က အစောင့်ဖြစ်သူအား တချက်ကြည့်ကာ…

"တကယ်ကြီး တုံးလွန်းတာလား… ဒါက နတ်ဆိုးဂိုဏ်းကြီး သုံးခုထဲက ကာမသုတြာဂိုဏ်းလေ… သူတို့က စီးပွားရေး လုပ်နေရုံနဲ့ လူကောင်းလို့ မဆိုလိုဘူး… မှတ်ထားဦး ကာမသုတြာဂိုဏ်းကို မိန်းမသားတွေ ကြီးစိုးထားတာ… ဖောက်သည်ဆိုတာက ဂိုဏ်းရဲ့ ကျွန်တွေပဲ ဂိုဏ်းကတပည့်တွေ့ကမှ သခင်… မင့်အဖေ ဧကရာဇ်က မိန်းမ တယောက်နဲ့ အိပ်ဖို့ ငိုယိုပြီး သတ်သေသွားရင် ဘယ်လိုနေမလဲ…"

"ဒါဆို…"

ထိုအချိန်မှသာ တန်ရော်ဝေက နားလည်သွားသည်။ ထို့ကြောင့် ကာမသုတြာဂိုဏ်း၏ တပည့်အား စိုက်ကြည့်မိသွား၏ ။

"ငါ့ကို လိမ်နေတာပဲ…"

"ငါမလိမ်ပါဘူး… စီနီယာ ပြောတာတွေကော ထပ်ပေါင်းထည့်ရင် ဒါတွေက ငါ့ဘဝဇာတ်ကြောင်းပဲပေါ့…"

ကာမသုတြာဂိုဏ်းမှ တပည့်က မာယာနှော၍ ရယ်မောက ပြောလေသည်။

"အို စီနီယာရှင့် ဂျူနီယာ ညီမလေးက တကယ်စိတ်ဝင်စားစရာပဲ… စီနီယာ သူ့ကို ကစားလို့ဝရင် ကာမသုတြာဂိုဏ်းဆီ ပို့ဖို့များ စိတ်ဝင်စားမလား…"

"ဟုတ်ပြီလေ အချိန်ကျရင်တော့လည်း…"

ပိုင်ချူးရန်က ထိုသူအား လက်မ ထောင်ပြကာ ပြုံးလိုက်သည်။

"တကယ်တော့ ငါလည်း လိမ်နေတာ… ငါက နတ်ဆိုး ကျင့်ကြံသူ မဟုတ်ဘူး… ချီမင်ဓားဂိုဏ်းကပေါ့… ဒီတယောက်က ငါ့တပည့်လေ…"

"ချီမင်ဓားဂိုဏ်းတဲ့လား…"

ကာမသုတြာဂိုဏ်းမှ တပည့်က ရယ်လိုက်လေသည်။

"စီနီယာက တကယ်ကို ဟာသဉာဏ်ရှိတာပဲ… ချီမင်ဓားဂိုဏ်း မပြောနဲ့ ဘယ်အမှန်တရား ကျင့်ကြံသူမှ နတ်ဆိုးမဟာမိတ်အဖွဲ့ရဲ့ အဆင့်မြင့် တံဆိပ်ပြားကို မကိုင်နိုင်ဘူး… တယောက်ကတော့ ချွင်းချက်…"

All Chapters