← Chapters

အိမ်ရှေ့စံ သေဆုံးမှု

Vol. 7 Ch. 63

အိမ်ရှေ့စံ သေဆုံးမှု

Vol. 7 Ch. 63

ကာမသုတြာဂိုဏ်း၏ တပည့်ဖြစ်သူမှာ ရုတ်တရက် သတိဝင်သွားပုံရသည်။ ထို့ကြောင့် ပိုင်ချူးရန်အား ခြေဆုံးခေါင်းဆုံး စိုက်ကြည့်တော့သည်။

…နေပါဦး မျက်ခုံးကော ဆံပင်ပါ ဖြူနေတယ်… ကျပန်းသိုင်းဆရာ တယောက်နဲ့တောင် တူနေသေး… ချီမင်ဓားဂိုဏ်းကဆိုတော့…

"မင်္ဂလာပါ ငါ့နာမည်က ပိုင်ချူးရန်လေ…"

ပိုင်ချူးရန်က ကိုယ်တိုင်ပင် နှုတ်ဆက်ကာ လက်ကမ်းပေးလိုက်၏ ။

"တွေ့ရတာ ဝမ်းမြောက်မိပါတယ်…"

ပိုင်ချူးရန် ဟူသော အမည်ကြောင့် ကာမသုတြာဂိုဏ်းမှ တပည့်ဖြစ်သူမှာ ကြောက်လန့်ကာ ဖြူဖျော့သွားသည်။

သူမ အနေဖြင့် ပိုင်ချူးရန်နှင့် လက်ဆွဲနှုတ်ဆက်မှု မပြုရဲပေ။ ထို့ကြောင့် တဖြေးဖြေးချင်း နောက်ဆုတ်ကာ သာယာမှုနယ်မြေ ဆိုင်တံခါးဝသို့ ရောက်သွားသည်။

"ဟား ဟား ဟား…"

ခံစားချက် ကောင်းနေသည့် ပိုင်ချူးရန်က တပည့်ဖြစ်သူအား ပြောလိုက်သည်။

"သွားကြတာပေါ့… ငါ့တပည့်အ‌တွက် အတွေ့အကြုံကောင်း တခု တွေ့ထားပြီ… ခေါ်သွားဦးမယ်…"

………

အနီရောင် အလင်းများ ဖုံးလွှမ်းနေသော နယ်မြေ၏ လမ်းမများထက်၌ တန်ရော်ဝေက ဆရာဖြစ်သူအား အမှီလိုက်နေသည်။ ထို့အပြင် အနောက်တွင် ကျန်နေသည့် သာယာမှု နယ်မြေအဆောက်အဦးအား လှည့်ကြည့်ကာ မေးလာသေးသည်။

"ဆရာ ကာမသုတြာ ဂိုဏ်းရဲ့ တပည့်က ဘာလို့ ကြောက်နေတာများလဲ…"

"ဪ ဒါက ပြဿနာကြီး မဟုတ်ပါဘူး…"

ပိုင်ချူးရန်က ခဏကြာစဉ်းစားကာ အဖြေပေးလေသည်။

"ဆရာက သူတို့ရဲ့ အရင်ခေါင်းဆောင်ကို သတ်ထားတာလေ…"

"ဒါက ဘာမှ မဟုတ်ဘူးတဲ့လား…"

တန်ရော်ဝေက ရေရွတ်နေမိ၏ ။

စကားအဆုံး၌ ပိုင်ချူးရန်က မြို့ပြင်သို့ ဦးတည်သွားသည်။ ထို့ကြောင့် တန်ရော်ဝေက မေးခွန်းထုတ်ပြန်သည်။

"ဆရာ အခုက ဘယ်သွားမှာတုံး…"

ပိုင်ချူးရန်က တပည့်ဖြစ်သူအား ဆွဲခေါ်ကာ ရေရွတ်ပြန်သည်။

"မြို့ဝောာ်ဆီ သွားကြတာပေါ့…"

……

တင်နိုင်ငံ၏ မြို့တော်တွင် ဖြစ်၏ ။ တော်ဝင်နန်းတော်၌ မှူးမတ်များနှင့် စစ်‌ဘက်ဆိုင်ရာ အရာရှိကြီးများ စုဝေးနေကြသည်။ သို့သော်လည်း လက်တလော၌ မည်သူကမျှ ဆူညံမှု မပြုရဲကြချေ။

ပြည့်ရှင်မင်း ဖြစ်သေည ချူပိန်မှာ နိုင်ငံတွင်း၌ အားအကောင်းဆုံး စစ်သည် ဖြစ်ရုံသာမကဘဲ ကျန်းပြည်နယ်တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ အရပ်အမောင်းအားဖြင့် နှစ်မီတာခွဲ မြင့်ကာ ကိုယ်ကာယကြံ့ခိုင်ပြီး မျက်နှာသည်လည်း ခက်ထန်နေသည်။ သာမန်သူများ အနေဖြင့် ပြည့်ရှင်မင်းဖြင့် မျက်လုံးချင်း ဆုံချိန်၌ ကြောက်လန့်ကာ လှုပ်ရှားမှုပင် ပြုနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုတွင် ဧကရာဇ်ဖြစ်သူမှာ ပုလ္လင်ထက်၌ ငိုကြွေးနေလေသည်။

"ငါ့သားတော်လေး…"

ဧကရာဇ် ဖြစ်သူမှာ မျက်နှာအား လက်ဖြင့်ကာထားသည့်တိုင် လက်ချောင်းများကြားမှ မျက်ရည်များ စီးကျလာသည်။

"ငါက ဒီနယ်မြေကို အုပ်စိုးနိုင်ဖို့ ဘဝသက်တမ်း တဝက်လောက် တိုက်ခိုက်ခဲ့ရတာ… ငါ့သားတော်ကို အမွေ့ဆက်ခံဖို့ မျှော်လင့်ထားခဲ့တာပေါ့… ငါ့ကို ထားခဲ့မယ့်နေ့ ရောက်လာမယ်လို့ ထင်မထားမိဘူး…"

ဧကရာဇ်ဖြစ်သူမှာ ဆို့နင့်စွာ ငိုကြွေးနေသည့်အတွက် မိန်းမစိုး နှစ်ဦးပင် အနီးကပ်လာတော့သည်။ သို့သော်လည်း စကားမဆိုရဲကြချေ။

နောက်ဆုံးတွင် လူတဦးမှ အရဲစွန့်၍ ထပြောလာသည်။

"အရှင်မင်းကြီး…"

ထိုသူက ရာချီသည့် အမှုထမ်းများမှ တဦးဖြစ်၏ ။ ဧကရာဇ် ဖြစ်သူအား ဦးညွတ်ကာ ရိုးသားစွာဖြင့် လျှောက်တင်လာသည်။

"အရှင့်ရဲ့ ဝမ်းနည်းမှုကို ဖိနှိပ်တော်မူပါ…"

"ဝမ်းနည်းမှုကို ဖိနှိပ်ရမယ်…"

ဧကရာဇ် ချူပိန်က ဒေါသပေါက်ထွက်၍ မရမည်ကိုပင် စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ရဲတင်းလှသူ တဦးမဏ စကားဆိုလာသည် မဟုတ်လော။ ထို့ကြောင့် မျက်ရည်များအား သုတ်ကာ ဒေါသဖြင့် မိန့်မြွက်လိုက်သည်။

"မင့်သား မဟုတ်တော့ ပြောရလွယ်တာပေါ့…"

ဧကရာဇ်က ခဏကြာ စဉ်းစားကာ ‌အမိန့်တော် ထုတ်လိုက်သည်။

"စစ်သည်တွေ ပြည်တွင်းရေးရာ ဝန်ကြီးရဲ့ သားကို ကွပ်မျက်လိုက်ကြစမ်း…"

"ဘယ်လို…"

ရဲ့ဝံ့စွာဖြင့် မတ်တပ်ထရပ်သော ဝန်ကြီးမှာ တုန်လှုပ်ခြောက်ခြားသွားတော့သည်။ ထို့ကြောင့် ဦးဆောင်းပင် ပြုတ်ကျသွား၏ ။

သို့သော်လည်း မည်သို့ ဖြစ်စေကာမူ အချည်းအနှီးသာ ဖြစ်သည်။ မိန်းမစိုး နှစ်ဦးက ဝောာ်ဝင်အမိန့်တော်အား ထုတ်ပြန်ရန် စတင်လုပ်ဆောင်ကြသည်။ ဝန်ကြီး၏ အပေါင်းအဖော်များက စာနာသနားသည့် အကြည့်များဖြင့်သာ ကြည့်နေကြသည်။

ပြည်တွင်းရေးရာ ဝန်ကြီးမှာ ဧကရာဇ်၏ စကားအား ငြင်းပယ်ကန် မပြုနိုင်နေပေ။ သူ့အနေဖြင့် ငြင်းပယ်ကြောင်း ပြောမိပါက ခေါင်းဖြတ်ကွပ်မျက် ခံရမည် ဖြစ်၏ ။

"သေစမ်း…"

ပြည်တွင်းရေးရာ ဝန်ကြီးမှာ စီတန်းရာနေရာသို့ မျက်နှာသေဖြင့် ပြန်သွားသည်။ ထိုအချိန်မှသာ ဧကရာဇ်က ပင့်သက်ရှိုက်သွားသည်။

"အခု ငါခံစားရတာ သက်သာလာပြီ… ဒါနဲ့ မင်းသားကို သတ်သွားတဲ့သူကို ဖမ်းမယ့်ကိစ္စ ဘယ်လိုဖြစ်နေပြီလဲ…"

"ဒါက… အရှင်မင်းကြီး…"

အမှုအား စုံစမ်းစစ်ဆေးရန် တာဝန်ရှိထားသည့် လုံခြုံရေး ဝန်ကြီးက ခါးအားညွတ်ကိုင်းကာ ရှေ့ထွက်လာသည်။

"ခွင့်လွှတ်ပါ အရှင်မင်းကြီး ခင်ဗျား… တော်ဝင်မင်းသား အမှုအတွက်က… သဲလွန်စ ရှိမနေသေးပါဘူး…"

"အသုံးမကျဘူး…"

All Chapters