ကောင်းကင်တပ်မှ ကျိုးယန်ဖေး(၁)
Vol. 7 Ch. 65
ကောင်းကင်တပ်အား တည်ထောင်ခဲ့သူမှာ လူသားနှင့် နတ်ဆိုး စစ်ပွဲတွင် ရှင်ကျန်ရစ်သည့် လူသား စစ်သူကြီးတဦး ဖြစ်သည်။ ဂိုဏ်း၏ အမည်နာမသည်လည်း စစ်ပွဲတွင်းမှ တပ်တခု၏ အမည်ပင်။
ဂိုဏ်းအတွင်းမှ ရာထူးအဆင့်အတန်းများ၊ တပ်စုခွဲများ စသည့်ဖြင့် အရာရာမှာ ထိုစဉ်က စစ်တပ်တွင် အသုံးပြုသည့်အတိုင်း ဖြစ်၏ ။ ဂိုဏ်းအတွင်း၌ စစ်ဉပဒေသများ အသုံးပြုကာ စစ်ပုံစံများကိုသာ လေ့ကျင့်သည်။ ဂိုဏ်းသားများ၏ တိုက်ခိုက်ရေး ပုံစံများသည်လည်း ရဲရင့်ကာ အားမာန် ပြည့်ဝသည်။
ကောင်းကင် စစ်တပ်၌ တိုက်ပွဲများတွင် အသုံးပြုသည့် တပ်ရင်း အမိန့်ပေး အလံများမှတပါး တခြားသော သတ်မှတ် အဆင်တန်ဆာဟူ၍ ရှိမနေပေ။ ထို့အစား သေမျိုးစစ်တပ်များ အသုံးပြုသည့် ဓား၊ ဆေဘာဓား၊ လှံ စသည်တို့အား ချီဖြင့်အသုံးပြုရန်ပြင်ဆင်ထားသည့် လက်နက်များကိုသာ အသုံးပြုသည်။ ထိုလက်နက်များမှာ ကောင်းကင်စစ်တပ်၏ တိုက်ကွက်များဖြင့် အသားကျစေရန် ပြုပြင် ဖန်တီးထားကြသေးသည်။
သေမျိုးများက ကောင်းကင်စစ်တပ် စခန်းမှ အဖွဲ့ဝင်များအား ကောင်းကင်စစ်သည်ဟု ခေါ်ဝေါ်ကြသည်။
"ချီမင်ဓားဂိုဏ်းကို ကြားဖူးနေတာတော့ ကြာပါပြီ…"
ကျိုးယန်ဖေးက တန်ရော်ဝေ၏ ဘေးမှ ပိုင်ချူးရန်အား ကြည့်ကာ ပြောလိုက်သည်။
"ဒီတယောက်က နင့်ရဲ့ ဂျူနီယာမောင်လေးလား…"
"အာ သူက…"
တန်ရော်ဝေက မည်သို့ ဖြေရမည်ကို မသိနေသည့်အတွက် တုံ့ဆိုင်းနေ၏ ။ ထိုအချိန်တွင် ပိုင်ချူးရန်က ရိုးသားကြင်နာသည့် အပြုံးတပွင့် ဖန်တီးကာ လည်ပြန်ကြည့်တော့သည်။
"ဟုတ်တယ် စီနီယာ အစ်မ ကျွန်တော်ကလေ့ကျင့်ဖို့ အစ်မနဲ့ လိုက်ခဲ့တာ… ကျွန်တော်က အရည်အချင်း သိပ်မကောင်းဘူးလေ… ဆရာပြောတာတော့ စီနီယာ အစ်မနဲ့မှပဲ လောကထဲ လျှောက်သွားနိုင်မယ်တဲ့လေ…"
… အိုဘုရားရေ ငါ့ဆရာက ဒီလောက်ထိ ချစ်ဖို့ကောင်းအောင် လုပ်တတ်တယ်ပေါ့…
တန်ရော်ဝေက ဆရာဖြစ်သူ၏ ဟန်ဆောင်ကောင်းမှုကြောင့် မင်သက်မိသွားသည်။
သို့သော်လည်း သူမ၏ အတွေး၌ ပိုင်ချူးရန်ဖြင့် ပထမဆုံးတွေ့ဆုံခဲ့မှုအား ပြန်သတိရသွားသည်။ ထိုစဉ်က ပိုင်ချူးရန်မှာ လေးနက်သည့် စစ်သည်တဦးဖြင့်ပင် ဆင်တူသေးသည်။ သို့သော်လည်း ရင်းနှီးလာသောအခါတွင် စိတ်လိုလက်ရ ပြောဆိုတတ်သည့်အပြင် သရော်တတ်သည့် စွမ်းရည်လည်း ရှိနေသည်ကို မြင်ရသည်။
"ဪ ဒီလိုကိုး…"
ကျိုးယန်ဖေးက ပြုံး၍ မှတ်ချက်ပေးသည်။
"ဒီအစ်မနာမည်က ကျိုးယန်ဖေး မောင်လေးကကော…"
"မျိုးရိုးကတော့ ပိုင်ပါပဲဗျာ… စီနီယာ အစ်မကတော့ ပိုင်ငယ်လေးလို့ ခေါ်လို့ရပါတယ်…"
ပိုင်ချူးရန်က ရယ်မောကာ ပြောနေသည်။
တန်ရော်ဝေက ကျိုးယန်ဖေးတို့၏ စကားဝိုင်းအား ဝင်ပြောရန် တုံ့ဆိုင်းနေသည်။
"ရတယ်လေ…"
ကျိုးယန်ဖေးက တန်ရော်ဝေ၏ မျက်နှာထားကြောင့် နားလည်မှု လွဲသွားကာ အတွေးပေါက်သွားသည်။ ထို့ကြောင့် ပြုံးကာ တန်ရော်ဝေအား စကားဆိုလိုက်၏ ။
"ဂျူနီယာမောင်လေးက မိန်းကလေးတန်အတွက် အရေးပါပုံပဲနော်…"
"ရော်ဝေလို့ပဲ ခေါ်လို့ရပါတယ်…"
တန်ရော်ဝေက ပင့်သက်ရှိုက်ကာ စကားပြန်ပေးသည်။
"အစ်မ ကျိုးယန်ဖေး နားလည်မှု လွဲတာဖြစ်မယ်… အစ်မ ထင်ထားသလို မဟုတ်ဘူး…"
ပိုင်ချူးရန်က ကူညီရှင်းပြပေးရတော့သည်။
"အစ်မကျိုး အစ်မ နားလည်မှု လွဲနေတာ… ပြောရရင်တော့ အစ်မထင်ထားသလို မဟုတ်ဘူးလေ… ကျွန်တော့်အစ်မက အထူးနည်းလမ်းတခုကို လေ့ကျင့်တော့ တခါတလေ တုံ့ပြန်မှုနှေးတာ ကြုံနေရတာပဲ… သူသေချာ သတိဝင်တာကို စောင့်ရမှာပေါ့…"
"ဪ နားလည်ပြီ…"
ကျိုးယန်ဖေးက နားမလည်နိုင်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
"ချီမင်ဓားဂိုဏ်းရဲ့ နည်းလမ်းက … တော်တော် ဆန်းကြယ်တာပါလား…"
ထိုအချိန်၌ တင်နိုင်ငံ၏ အမှုထမ်းများ ရောက်လာကြသည်။ ဝတ်ရုံနက်တွင် ကြိုးကြာပုံများ ပန်းထိုးပါရှိသည့် အမှုထမ်းဝတ်စုံဖြင့် လူအိုကြီးတဦးက အစောင့်နှစ်ဦး ခြံရံကာ လူစုဝေးရာနေရာသို့ ရောက်လာသည်။
"အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်… ကျုပ်ကတော့ လုံခြံရေး ဝန်ကြီးပေါ့လေ…"
ထိုသူက မိတ်ဆက်စကား ပြောလေသည်။
"အကုန်လုံး ဒီရောက်နေရတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားကြမယ်လို့ ယူဆထားပါတယ်… ဘယ်လို နည်းလမ်းလို့ မကန့်သတ်ဘူး အဖွဲ့လိုက်ဖြစ်ဖြစ် တယောက်ထဲဖြစ်ဖြစ် လှုပ်ရှားလို့ရတယ်… အဖွဲ့လိုက်ဆိုရင်တော့ ဆုကြေးခွဲဖို့ ေဆွးနွေးကြပေါ့… ဒီတခေါက် အရှင်မင်းကြီးက ဆုကြေးထပ်တိုးထားတယ်… အိမ်ရှေ့စံကို သတ်တဲ့သူကို အသေရရ အရှင်ရရ အရင်ဆုကြေးအပြင် နိုင်ငံရတနာတိုက်ကနေ အဆင့်သုံးဆေးပင်ပါ ထပ်တိုးချီးမြှင့်မယ်… ရလဒ်ကိုတော့ အစောင့်တွေက စစ်ဆေးမှာပဲ… သက်သေအနေနဲ့က ခေါင်းဖြတ်ယူလာနိုင်ဖို့ လိုလိမ့်မယ်…"
လုံခြုံရေး ဝန်ကြီး၏ ကြေငြာချက် အဆုံးသတ်ချိန်၌ လူအုပ်ကြီး၏ တီးတိုးစကားများ ထွက်ပေါ်လာသည်။
ခဏကြာ စဉ်းစားပြီးနောက်တွင် ကျိုးယန်ဖေးက တန်ရော်ဝေအား စကားဆိုလိုက်သည်။
"ရော်ဝေ ဘယ်လိုထင်လဲ…"
"ဘာကိုလဲ…"
တန်ရော်ဝေက ပြောနေသည်။
"ငါပြောချင်တာက…"
ကျိုးယန်ဖေးက သူမ၏ စကားများအား ဆင်ခြင်နေပုံပင်။
"ဒီတခေါက် ငါတို့ ပူးပေါင်းကြမလား…"
"အတူတူ လှုပ်ရှားမှာလား…"
"ဟုတ်တယ်…"
ကျိုးယန်ဖေးက ရှင်းပြလာသည်။
"ငါက ကွေ့ဝိုက်နေရတာ မကြိုက်ဘူး တညိ့ပဲ ပြောတော့မယ်… ရော်ဝေ ငါတို့က အမှန်တရား မဟာမိတ်ဂိုဏ်းက တပည့်တွေ… အဆင့်သုံ
ဆေးပင်လား… ငါတို့ အကျိုးဆောင်မှုတခုနဲ့ကို ရနိုင်တာလေး… ငါကတော့ ဧကရာဇ်ရဲ့ ဆုလာဘ်ကို စိတ်မဝင်စားဘူး… နင်လဲ တူတူပဲဖြစ်မှာ… ငါက အတွေ့အကြုံရဖို့ ရောက်လာတာ… အခုတော့ အိမ်ရှေ့စံကို ဘယ်သူသတ်တယ်ဆိုတာပဲ စိတ်ဝင်စားတယ်… ငါတို့ ပူးပေါင်းကြမလား…"