← Chapters

မတော်တဆ သတ်ဖြတ်မိနိုင်ခြင်း(၁)

Vol. 7 Ch. 68

မတော်တဆ သတ်ဖြတ်မိနိုင်ခြင်း(၁)

Vol. 7 Ch. 68

တင်နိုင်ငံ၏ ဧကရာဇ် ချူပိန်က ပြောစကား၏ သက်ရော်မှုအား သတိမပြုမိဘဲ ဖြစ်နေသည်။ ထို့ကြောင့် တန်ရော်ဝေအား စိုက်ကြည့်ကာ ဆက်ပြောပြန်သည်။

"လာလေ‌ ကောင်မလေး မင်းရဲ့ အင်အားကို စမ်းသပ်ကြည့်ရတာပေါ့…"

"ဒါ… ထားလိုက်ပါတော့…'

တန်ရော်ဝေက တုံ့ဆိုင်းနေ၏ ။

"ဆရာက သတ်ဖြတ်ဖို့ တိုက်ကွက်တွေပဲ သင်ပေးထားတာ… အြ့တာမို့ မတော်တဆ သတ်မိသွားမှာကို စိုးရိမ်မိပါတယ်…"

"အို…"

ဧကရာဇ် ချူပိန်က လှောင်ပြုံးပြုံးသွားသည်။

"လေလုံးကတော့ မသေးပါလား… ငါ့ကို ဘယ်လိုသတ်မလဲဆိုတာ မြင်ကြည့်ချင်ပါသေးတယ်လေ… ဒါပေမယ့် ငါကလည်း ပြည့်ရှင်မင်း ဖြစ်နေတယ်… မင်းက ငါ့ကို မတော်တဆသတ်မိရင် လက်အောက်ငယ်သားတွေ လက်စားချေမှာ သေချာတယ်… ထားလိုက်ပါတော့… ဒီအမှုမှာပဲ အင်အားပြတော့…"

ဧကရာဇ်က လက်မြောက်ကာ မိန့်ကြားပြန်သည်။

"စစ်သည်တွေ ဒီမိန်းကလေးနှစ်ယောက်ကို အိမ်ရှေ့စံအလောင်းကြည့်ဖို့ ခေါ်သွားပေးကြ…"

ခြံဝန်းအပြင်မှ အစောင့်နှစ်ဦးဝင်လာသည်။ ထို့နောက် ပိုင်ချူးရန်တို့အား အိမ်ရှေ့စံ၏ အလောင်းအား စစ်ဆေးရန် ခေါ်သွားကြသည်။

အိမ်ရှေ့စံ၏ အလောင်းအား ခန်းမအလယ်ရှိ စင်မြင့်ထက်တွင် ပိတ်ဖြူအုပ်၍ နေရာချထားသည်။ အစောင့်များက အခန်းအတွင်းသို့ ဝင်မလာကြပေ။ ထို့အစား မိန်းမစိုးအိုကြီးကသာ ဧည့်သည်တော် သုံးဦးအား အထဲ‌သို့ ဦးဆောင်သွားသည်။ ထိုသူမှာ အိမ်ရှေ့စံ၏ အလောင်းစစ်ဆေးမှုအား စောင့်ကြည့်ရန် တာဝန်ရထားပုံရသည်။

ကျိုးယန်ဖေးက ပုံမှန်အတိုင်းသာ ပြုမူနေသည်။ ခန်းမအတွင်း ရောက်လာပြီးချိန်၌ စကားမဆိုဘဲ အိမ်ရှေ့စံ၏ အလောင်းရှိရာသို့သာ ဦးတည်သွားသည်။ ထို့ နောက်တွင် အလောင်းအား ဖုံးလွှမ်းထားသည့် ပိတ်ဖြူအား ဖယ်ရှားပစ်သည်။

ပိတ်ဖြူအား ဖယ်ပစ်ပြီးချိန်၌ အိမ်ရှေ့စံ၏ အလောင်းအား မြင်လိုက်ရသည်။ တာဝန်ရှိ‌သူများ၏ သေချာစွာထိန်းသိမ်းထားမှုကြောင့် အလောင်းမှာ ပုံပျက်ခြင်း မရှိသည့်အပြင် အနံ့ထွက်ခြင်းလည်း ရှိမနေပေ။

ဧကရာဇ် ချူပိန်၏ မျိုးဆက်ဖြစ်သည့် အိမ်ရှေ့စံမှာ ကိုယ်ကာယ ကြံ့ခိုင်တောင့်တင်းသူ ဖြစ်၏ ။ ဖခင်ဖြစ်သူကဲ့သို့ ကြွက်သားမများလှသော်လည်း အိမ်ရှေ့စံ၏ အင်အားက ထူးခြားမည်မှာ မြင်သာလွန်းသည်။

ထိုသို့ အင်အားထူးခြားသည့်တိုင် ပွဲကြည့်စဉ်၌ သတ်ဖြတ်ခံခဲ့ရသည် မဟုတ်လော…

ကျိုးယန်ဖေးက သေဆုံးရသည့် အကြောင်းအရင်း သိနိုင်ရန် စတင်စစ်ဆေး၏ ။ တန်ရော်ဝေသည်လည်း ဘေး၌ စောင့်ကြည့်နေသည်။ တချိန်တည်းတွင် ပိုင်ချူးရန်ကလည်း အလောင်းအား သေချာကြည့်နေသည်။

ခဏကြာ စိုက်ကြည့်ပြီးချိန်၌ ပိုင်ချူးရန်က သေဆုံးရသည့် အကြောင်းအရင်းကို သိသွားသည်။ ထိုအချိန်တွင် တန်ရော်ဝေက မေးခွန်းထုတ်လာ၏ ။

"ဂျူနီယာမောင်လေးကော ဘယ်လိုမြင်ထားလဲ…"

ကျိုးယန်ဖေးကလည်း ပိုင်ချူးရန်အား စိုက်ကြည့်နေသည်။

"ငါ့အမြင်လား… ဘာအမြင်လဲ…"

ပိုင်ချူးရန်က မသိကျိုးကျွံပြုကာ ခေါင်းကုတ်လိုက်သည်။

"ကျွန်တော်က တုံးအတယ်ဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး…"

…သေစမ်း တကယ်ဉာဏ်များတာပါလား…

တန်ရော်ဝေက စိတ်အတွင်း၌ ကျိန်ဆဲမိသွားသည်။ သူမက ပိုင်ချူးရန်၏ မျက်လုံးအား စိုက်ကြည့်လိုက်ရာ ဆရာဖြစ်သူက တစုံတခု သိထားသည်ကို သိလိုက်သည်။ ဆရာဖြစ်သူမှာ ရုတ်တရက် မေးသည့်တိုင် ဖြေကြားပေးမည် မဟုတ်ချေ။ ဆရာဖြစ်သူမှာ နှစ်သုံးထောင်ကြာ ရှင်သန်လာသူဖြစ်ပြီး အတွေ့အကြုံရှိများသူ မဟုတ်လော။

"ဒါဆိုလည်း ငါတွေပထားတာကို ပြောတော့မယ်…"

ကျိုးယန်ဖေး၏ အိမ်ရှေ့စံ၏ ပုခုံးမှ ဒဏ်ရာအား ညွှန်ပြကာ…

"ဒီနေရာ… ဒဏ်ရာက လူသားလက်ချက် မဟုတ်တာ သိသာတယ်…

တန်ရော်ဝေက ထိုဒဏ်ရာအား ကြည့်လိုက်ရာ ကိုက်ဖြတ်ထားသည့် ဒဏ်ရာဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း ဒဏ်ရာ၏ ပုံစံနှင့် အတိမ်အနက်အရ လူ့သွားဖြင့် ထိခိုက်ခြင်းမျိုး မဖြစ်နိုင်ပေ။

"ဒါဆို ဒီဒဏ်ရာက ဘယ်လို ဖြစ်လာတာများလဲ…"

"မြေခွေးဖြစ်မယ်…"

ကျိုးယန်ဖေးက ထပ်ပြောလာသည်။

"ငါ့မိသားစုက အမဲလိုက်တဲ့သူတွေ… ကောင်းကင်စစ်တပ်ထဲ မရောက်ခင်တုန်းက င့ါအဖေ အမဲလိုက်ရင် လိုက်သွားနေကြပဲ… အဲ့အချိန်က မြေခွေးအမွှေးက အဖိုးတန်တယ်လေ… ငါတောင် မြေခွေးအကိုက်ခံလိုက်ရသေးတယ်…"

"နတ်ဆိုးများလား…"

ထိုစကားကြောင့် တန်ရော်ဝေက ချီမင် ကျန်းကျုံ၏ ယဉ်ကျေးမှု သင်တန်းမှ ပို့ချချက်အား သတိရသွားသည်။

"ဒါပေမယ့် သေလောက်တဲ့ ဒဏ်ရာ မဟုတ်နေဘူး…"

"ဟုတ်တယ် အပေါ်ယံမှာတော့ ဒဏ်ရာမများဘူး…"

ကျိုးယန်ဖေးက အတွေးဝင်မိသွားကာ…

"သူ့ကို ရင်ခွဲနိုင်ရင်တော့…"

"အို ဘုရား… ဒီက မိန်းကလေးနှစ်ယောက်ရေ…"

မိန်မစိုးအိုကြီးက အံ့ဩမိသွားကာ အလျင်အမြန် တားမြစ်လိုက်သည်။

"ဒါက အရှင့်သားရဲ့ ခန္ဓာကိုယ်ပါ… ဒီလောက်ထိ မလုပ်သင့်ပါဘူး…"

"အလိုလေး… ဧကရာဇ်က သူ့သားကို ကြည့်ခွင့်ပေးတာတောင် မျက်နှာပေးလွန်းထားတာ… သေတဲ့သူကိုလည်း လေးစားရမယ်… အလောင်းကို စိတ်ကြိုက် မလုပ်သင့်ဘူးလေ…"

ကျိုးယန်ဖေးက နောင်တရစွာဖြင့် ပြောလေသည်။

"လာလာ ရော်ဝေရေ… တခြားနေရာတွေကို သွားကြည့်တာပေါ့…"

ကျိုးယန်ဖေးက ခန်းမအပြင်သို့ ထွက်ရန် ဦးဆောင်လိုက်သည်။ သုံးဦးသားက အိမ်ရှေ့စံ သေဆုံးခဲ့သည့် နေရာအား စစ်ဆေးရဦးမည် ဖြစ်၏ ။

အိမ်ရှေ့စံ လုပ်ကြံခံရသည့် နေရာမှာ မြို့တော်တွင်းရှိ တူးမြောင်းဘေးတွင် ဖြစ်သည်။ အကအဖွဲ့၏ ဖျော်ဖြေမှုပေးရာ နေရာမှာ ထိုတူးမြောင်း၏ ဘေးမှ လမ်းတွင် ဖြစ်၏ ။ ထိုစဉ်က ပွဲကြည့်ရာနေရာတွင် အိမ်ရှေ့စံနှင့် သက်တော်စောင့်များသာ ရှိနေသည်။

သို့သော်လည်း ကျိုးယန်ဖေးနှင့် တန်ရော်ဝေတို့က ပြဿနာအား သတိပြုမိကြသည်။

"ရုန်းရင်းဆန်ခတ် ဖြစ်ထားတာလည်း မတွေ့ရဘူး…"

ကျိုးယန်ဖေးက ကောက်ချက်ချနေသည်။

"ဒါကို အသာထားဦး အိမ်ရှေ့စံရဲ့ အမာရွက်ကိုက ထူးဆန်းနေတာ…"

တန်ရော်ဝေကလည်း သုံးသပ်ချက် ပြောလေသည်။

"မြေးခွေး မိစ္ဆာဆိုတာ သေချာတယ် ဒါပေမယ့် အဆင့်မြင့် အစောင့်တွေ ရှိနေတာတောင် ထိပ်သီးချီသန့်စင်ခြင်းအဆင့် အင်အားရှိတဲ့ အိမ်ရှေ့စံကို တိတ်တဆိတ် လုပ်ကြံတယ်တဲ့လား… အစောင့်တွေ သတိမထားမိဖို့ တော်တော် အားထုတ်ရမှာပဲ… အရှင့်သားကို သေလောက်တဲ့အထိလည်း ကိုက်ခဲ့တာ မဟုတ်ပြန်ဘူး… စိတ်မှန်တဲ့သူက ဒီလို လှုပ်ရှားမယ် မထင်ဘူး…"

"ဒီလိုဆိုမှတော့ ဒီနေရာက အိမ်ရှေ့စံ သေတဲ့နေရာ မဟုတ်တော့ဘူး…"

ကျိုးယန်ဖေးက သုံးသပ်မိနေ၏ ။

"ဖုံကွယ်ထားချင်တာ တခုခုရှိရမယ်… အသက်ဘေးက လွတ်အောင်လား ဒါမှမဟုတ် တခြားရည်ရွယ်ချက် ရှိနေတာများလား…"

All Chapters