← Chapters

နတ်ဆိုးမျိုးနွယ်

Vol. 7 Ch. 69

နတ်ဆိုးမျိုးနွယ်

Vol. 7 Ch. 69

"ငါတို့ နန်းတော်ပြန်သွားမှ ဖြစ်မယ်…"

အခင်းဖြစ်ပွားရာ နေရာအား စစ်ဆေးပြီးနောက်တွင် ကျိုးယန်ဖေးက အကြံပြုစကား ဆိုလာသည်။

"မင်းသားရဲ့ အစောင့်တွေက ဘယ်နေရာမှာ သေတယ်ဆိုတာတော့ သိကြမှာပဲ… ငါတို့ စစ်ဆေးတာကို အရှိန်မြှင့်ဖို့ လိုမယ် မဟုတ်ရင် ‌သက်သေတွေ ဖျောက်ဖျက်ခံရနိုင်တယ်…"

"ဟုတ်ပြီလေ…"

တန်ရော်ဝေက ခေါင်းညိမ့် သဘောတူ၏ ။

ထိုအချိန်၌ ပိုင်ချူးရန်က လက်မြောက်ကာ စကားဆိုလေသည်။

"နေပါဦး စီနီယာ အစ်မနဲ့ အစ်မကျိုးရေ…"

"ဟမ်… ပိုင်ငယ်လေး ဘာများလဲ…"

ကျိုးယန်ဖေးက မေးလေသည်။

"ဒီမှုက ထူးဆန်းသလိုပဲ… ကျွန်တော်တော့ မကူညီပေးနိုင်လောက်ဘူး ထင်တယ်…"

ပိုင်ချူးရန်က အရှက်ရဟန်ဖြင့် ပြောနေခြင်းတည်း။

"အစ်မတို့ အချိန်မနှောင့်နှေးရအောင် ကျွန်တော် နန်းတော်ထဲပဲ နေခဲ့တော့မယ်…"

တန်ရော်ဝေက ပိုင်ချူးရန် အနီးသို့ လျှောက်သွားကာ တိတ်တဆိတ် မေးခွန်းထုတ်ကြည့်သည်။

"ဆရာ ဘာတွေလုပ်နေတာတုံး…"

"ငါ့မိတ်ဆွေဆီ သွားဦးမယ်…"

ပိုင်ချူးရန်က ပါးစပ်လှုပ်ရှားမှု မပြုဘဲ ပြောနေသည်။

တန်ရော်ဝေက သာယာမှု နယ်မြေမှ မိတ်ဆွေ ဆိုသူအား သတိရသွားသည်။

ကာမသုတြာဂိုဏ်း၌ မိန်းမသားများသာ ရှိနေသည့်အတွက် ဆရာ၏ မိတ်ဆွေမှာ မိန်းမသား ဖြစ်ရမည်ဟု ကောက်ချက်ချမိသည်။ ကာမသုတြာဂိုဏ်း၏ အပြုအမူများအား သတိရမိသည့် တန်ရော်ဝေက စိတ်မသက်မသာ ဖြစ်သွားသည်။

သို့သော်လည်း သူမအနေဖြင့် ဆရာဖြစ်သူနှင့်အတူ လိုက်ပါ၍ မရပေ။ သူမအနေဖြင့် အမှုစုံစမ်းရန် ရှိနေသည့်အတွက် ကျိုးယန်ဖေးအား တကိုယ်တည်း ချန်ခဲ့၍ မရပေ။ ထို့အပြင် ပိုင်ချူးရန်၏ အနောက်သို့ လိုက်ပါရန်လည်း မဖြစ်နိုင်ချေ။ ထို့အပြင် သူမ၏ ကိုယ်ပိုင် စမ်းသပ်မှု ဖြစ်သည် မဟုတ်လော။ စည်းမျဉ်းအရ ပိုင်ချူးရန်မှာတောင်အောက်ဆင်းရန်ပင် မလိုအပ်ပေ။

ပိုင်ချူးရန်၏ အင်အားက ထူးခြားလှသည်။ အနာဂတ်ကာလ၌ တန်ရော်ဝေ အနေဖြင့် ဆရာဖြစ်သူနောက်သို့ လိုက်ပါလိုပါက ဆရာဖြစ်သူ၏ အင်အားဖြင့် ယှဉ်နိုင်ရန် လိုအပ်သည်။ သို့မဟုတ်ပါက ဆရာဖြစ်သူ ပိုင်ချူးရန်အား ဝန်ထုပ်ဝန်ပိုး ဖြစ်စေပေလိမ့မည်။

ထို့ကြောင့် တန်ရော်ဝေက ခဏကြာ စဉ်းစားကာ စကားပြန်လိုက်သည်။

"နားလည်ပြီ မောင်လေး နေခဲ့တော့လေ… အစ်မနဲ့ ယန်ဖေးပဲ ဆက်စုံစမ်းတော့မယ်…"

သာယာမှု နယ်မြေ အမည်ရသော အဆောက်အဦး၏ အနောက်မှ ခြံဝန်းတွင် ဖြသ်သည်။ ဝတ်ရုံဖြူ ဆင်မြန်းထားသော လှပသည့် မိန်းမပျိုလေးက ကျောက်စိမ်း တူရိယာတခုအား တီးခတ်နေသည်။

ဝါးရွက်ကလေးများ၏ လှုပ်ရှားသံနှင့် ပေါင်းစပ်နေသည့် ယစ်မူးဖွယ်ကောင်းသော ဂီတသံမှာ နားသောတဆင်ရသူများအား ကျေနပ်ဖွယ်ကောင်းသည့် ခံစားချက် ပေးစွမ်းနေသည်။

ရုတ်တရက်တွင် ဝါးရွက် လှုပ်ခတ်သံ၌ လေတိုးသံများ ပါဝင်လာ၏ ။ စုရှန်းရွှယ်က ဂီတ တူရိယာအား ဆက်လက်တီးခတ်နေသော်လည်း ပင့်သက်ရှိုက်မိနေသည်။

"နောက်တခေါက် လာမယ်ဆိုရင် တံခါးကပဲ လာလို့ရမလား…"

"ငါနင့် တပည့်တွေကို သဘောမကျဘူး… သူတို့က ရမ္မက်ကြီးလွန်းတယ်…"

ခြံဝန်းအတွင်း၌ သစ်ရွက်များ လှုပ်ရမ်းသွားကာ ပုံရိပ်တခု ပေါ်လာသည်။

ထိုသူမှာ အစိမ်းရောင် အစိမ်းရောင် ဆံနွယ်များရှိနေကာ မျက်နှာအား ဇာပုဝါဖြင့် ဖုံးကွယ်ထားသည့် မိန်းမပျိုတဦး ဖြစ်၏ ။ သူမက စုရှန်းရွှယ်အား ဦးညွတ်လိုက်ကာ…

"အရှင့်သမီး မတွေ့ရတာ ကြာပါပြီ…"

"ငါက နင်တို့ မင်းသမီးမဟုတ်ဘူး…"

စုရှန်းရွှယ်က သံစဉ်တီးခတ်မှုအား ရပ်နားကာ သက်ပြင်းချလိုက်သည်။

"နင်ရောက်လာတယ်ဆိုတော့ နိုင်ငံထဲ လှုပ်ရှားနေတာတွေက နတ်ဆိုးတွေဆိုတာ သေချာသွားပြီ…"

အစိမ်းရောင် ဆံနွယ်ရှင် မိန်းကလေးက စုရှန်းရွှယ်အား မော့ကြည့်လာသည်။

"မင်းသ… မိန်းကလေး ရှန်းရွှယ် တကယ်ပဲ စွေ့လော် နားချတာ လက်မခံတော့ဘူးလား… နတ်ဆိုးလောကကိုကော ပြန်မလာတော့ဘူးလား…"

"စုရှန်းရွှယ်က လူသားလေ နတ်ဆိုး မဟုတ်ဘူး… နတ်ဆိုးလောကကို ဘာကြောင့် ပြန်သွားမလဲ…"

စုရှန်းရွှယ်က လက်ဖက်ရည်အိုးအား မလိုက်ကာ ရေနွေးခွက်အတွင်းသို့ လောင်းထည့်သည်။

"နတ်ဆိုး ဧကရာဇ်က သက်တမ်းကုန်တော့မှာပါ…"

စွေ့လော်ဟု အမည်ရသော ဆံနွယ်စိမ်းရှင်က သတင်းပေးနေသည်။

စုရှန်းရွှယ်က အနည်းငယ် တုန်လှုပ်သွားသော်လည်း စကားဆိုလိုက်သည်။

"ငါနဲ့ ဆိုင်နေလို့လား…"

" နှစ်နှစ်ထောင်အရှင်သားဆုံးပြီးတဲ့ နှစ်နှစ်ထောင် ကာလကတည်းက နတ်ဆိုးဧကရာဇ်က ဆက်ခံသူ ထပ်မယူတော့ဘူး… အခု အရှင်လည်း သက်တမ်းကုန်တော့မှာဆိုတော့ နတ်ဆိုးလောကရဲ့ ဘုရင်ဆယ်ပါးစလုံး လှုပ်ရှားကြတော့မယ်…"

"ကိုယ်ပြုတဲ့ကံ ကိုယ်ခံရမှာပဲလေ… အိမ်ရှေ့စံက လင်ပြည်နယ်က လူတွေကို သတ်ဖြတ်ဖို့ အမိန့်မပေးရင် ချီမင်ဓားခေါင်းဆောင် သတ်တာခံရမှာ မဟုတ်ဘူး…"

စုရှန်းရွှယ်က တဖက်သူအား မကြည့်ဘဲ ပြောနေသည်။

"နတ်ဆိုး ဧကရာဇ်ကလည်း မှားတာပါပဲ… သူက မိန်းမလိုက်စားတော့ မင်းသား တယောက် နှစ်ယောက်လောက် ထပ်မွေးရမှာလေ… အခုမှ ငါ့ကို နေရာလွတ် လာပေးတယ်တဲ့လား…"

စွေ့လော်က မှတ်ချက်ပေးရန်ပင် ဆွံ့အနေမိတော့သည်။

"နင်သွားသင့်ပြီ… ကာမသုတြာဂိုဏ်းရဲ့ သတင်းကွန်ယက်က နတ်ဆိုး အုပ်စု တည်နေရာကို သိထားပြီးပြီ… တံခါးကိုသွားလိုက်တော့ ငါ့တပည့်တွေ ခေါ်သွားပေးလိမ့်မယ်…"

စုရှန်းရွှယ်က တံခါးဆီသို့ ညွှန်ပြလိုက်ကာ…

"ဒီကိစ္စထဲ ဝင်ပါနေတဲ့သူတွေ ရှိနေတယ် ဒါပေမယ့် တည်တည်ငြိမ်ငြိမ်ပဲ လှုပ်ရှားပါ… ငါတို့တွေ နှစ်နှစ်ထောင်ကျာ် ငြိမ်းချမ်းရေး ရထားခဲ့ပြီးပြီ တိုက်ခိုက်တာက နှစ်ဖက်စလုံးအတွက် ကောင်းမှာ မဟုတ်ဘူး…"

"ဒါဆို နှုတ်ထွက်လိုက်ပါ့မယ်…"

ဆံနွယ်စိမ်းရှင်က ဦးညွတ်လိုက်၏ ။ ထိုခဏ၌ သူမအား သစ်ရွက်စိမ်းလေပွေမှ ရစ်ပတ်ကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

All Chapters