ခြုံခို တိုက်ခိုက်ခြင်း
Vol. 7 Ch. 70
စွေ့လော် ထွက်သွားပြီးနောက်တွင် ငြိမ်ကျနေသည့် စုရှန်းရွှယ်က ငြိမ်သက်သွားသည်။ ထို့နောက် သူမက ရုတ်တရက် ရေရွတ်လိုက်သည်။
"သူသွားပြီ… ထွက်လာတော့…"
စကားအဆုံး၌ ခြံတံခါးပွင့်သွားကာ ပိုင်ချူးရန် ဝင်လာ၏ ။
"အိုး တကယ်ကို မထင်ထားမိဘူး… ပိုင်ချူးရန်က တခြားသူမမြင်ရအောင် ပုန်းရေမယ့်နေ့ ရောက်လာမယ်လို့ပေါ့…"
စုရှန်းရွှယ်၏ မျက်ဝန်း၌ ရွှင်ပျမှုများ ပြည့်နေသည်။
"နင်ကြောက်နေတာတဲ့လား…"
"အဲ့လိုတော့လည်း မဟုတ်ပြန်ဘူး… မင်းပြောသလိုပဲ မျိုးနွယ်စု နှစ်ုရဲ့ ငြိမ်းချမ်းရေးကြောင့်ပေါ့…"
ပိုင်ချူးရန်က စုရှန်းရွှယ်အနီးသို့ သွားကာ ဝမ်းနည်းစွာဖြင့် ထိုင်လိုက်သည်။
"ပြောရရင် ငါက နတ်ဆိုးမင်းသားတင် မဟုတ်ဘူး သူ့အမေကိုပါ သတ်ခဲ့တာလေ… ပြီးတော့ စွေ့လော်က တည်တည်ငြိမ်ငြိမ် တွေးနိုင်မှာ မဟုတ်ဘူး…"
စုရှန်းရွှယ်က ပိုင်ချူးရန် သုံးဆောင်ရန် ရေနွေးကြမ်း ငှဲ့လိုက်ကာ စကားဆက်သည်။
"ပြီးတော့ ငါက ပြန်ပြီး တိုက်ခိုက်တာတို့ ဆူဆဲတာတု့ မလုပ်တဲ့ ဗုဒ္ဓရုပ်ပွားတော်လည်း မဟုတ်ဘူးလေ… သူတိုက်ခိုက်လာရင် ငါကလည်း ပြန်တိုက်ခိုက်မှာပဲ… သူဘေးကင်ဖို့ဆိုရင် ငါ့ရှေ့ သူပေါ်မလာတာပဲ ကောင်းမယ်…"
"နှစ်နှစ်ထောင်ကျော်တောင် ကြာနေပြီးပြီပဲ… တကယ်တော့ အမုန်းတရားတွေလည်း ပျောက်ကွယ်နေပါပြီလေ…"
စုရှန်းရွှယ်က စိုက်ကြည့်၍ ပြောနေသည်။
"နင်သာ ငါ့အကြံပြုချက် နားထောင်ပြီးတော့ စွေ့လော်ရိုက်တာခံလိုက်ရင် အမုန်းတွေတောင် ပြေသွားဦးမယ်… သူ့အင်အားနဲ့က နင့်ကို မသတ်နိုင်ပါဘူး…"
"ငါက သူရိုက်နှက်လာရင် ပြန်မတိုက်ခိုက်ဘဲ နေမယ်ထင်တာလား…"
ပိုင်ချူးရန်က မေးခွန်းထုတ်မိသည်။
"ငါ့အမေလည်း မဟုတ်ဘူး…"
"ထားပါတော့ ငါလည်း နင့်သဘောထားကို အပြစ်မတင်ပါဘူး…"
စုရှန်းရွှယ်က ပိုင်ချူးရန်အား ပုခုံးပုတ်လိုက်ကာ…
"ဆက်ပြောပါဦး…"
ပိုင်ချူးရန်က စကားမဆိုသေးဘဲ ရေနွေးသောက်လိုက်သည်။ ထိုအချိန်၌ စုရှန်းရွှယ်က သံစဉ် စတင်လိုက်၏ ။
"စကားမစပ် နင့်ရဲ့ တပည့် ရှန်ရွှမ် မင်းသမီးကို မလေ့ကျင့်ဘူးလား… ဘာလို့ ဒီရောက်လာတာများလဲ…"
စုရှန်းရွှယ်က မေးပြန်သည်။
"နင်က ကာမသုတြာဂိုဏ်းရဲ့ ပုံရိပ်ကို မစိုးရိမ်တာများလား…"
"မဟုတ်ဘူး… မင်းသားတင်ကောကို လုပ်ကြံတဲ့သူထဲမှာ မြေခွေးနတ်ဆိုး တကောင်ပါနေတာ တွေ့ခဲ့လို့… အဲ့တာကို လာပြောတာ…"
ပိုင်ချူးရန်က သက်ပြင်းချလိုက်သည်။
"နှစ်နှစ်ထောင်တောင် ကြာပြီ မဟုတ်လား… လူငယ်တွေက နတ်ဆိုးမျိုးနွယ်ထဲမှာ မြေခွေးကလန်က ဘယ်လိုဆိုတာကို မသိကြတော့ဘူးလေ… ဒါပေမယ့်လည်း အခုအခြေအနေကို ကြည့်ရရင် မင်းက သိထားပြီးပုံပဲ အဲ့တော့လည်း ငါက ရေနွေးကြမ်းသောက်ဖို့ ရောက်လာတာပေါ့…"
"နင့်တပည့်ကကော…'
စုရှန်းရွှယ်က စူးစမ်းလာပြန်သည်။
"အိမ်ရှေ့စံကို သတ်တဲ့သူက အများဆုံးဖြစ်နိုင်မှ အခြေတည်အဆင့်ဖြစ်မယ်… နည်းလမ်းကတော့ တော်တော့်ကို မသေသပ်တာ…"
ပိုင်ချူးရန်က ဖြေပေးသည်။
'ရော်ဝေမှာက ကောင်းကင် စစ်တပ်ရဲ့ တပည့်လည်း အဖော်ပါနေသေးတယ်… သူတို့ နှစ်ယောက်ပေါင်းတာတောင် ဒီလို ရန်သူကို မကိုင်တွယ်နိုင်ရင် ပြန်ရောက်ရင် အပြစ်ပေးဖို့ပဲ ရှိတာပေါ့… အခု ပြဿနာက စွေ့လော် စိတ်ရူးပေါက်ပြီး သတ်ဖြတ်တာတွေ လုပ်လာမှာကိုပဲ…"
"ဒါဆို ဘာလို့ မသွားသေးတာလဲ…"
"မလောပါဘူး… သူတို့နှစ်ယောက် နတ်ဆိုးလေးတွေ ပုန်းနေတဲ့ နေရာကို တွေ့တဲ့အထိ စောင့်တာပေါ့…"
ပိုင်ချူးရန်က ရေနွေးခွက်အား စားပွဲထက်သို့ ပြန်ချလိုက်သည်။
"မဟုတ်မှလွဲရော ဂိုဏ်းသခင်စုက ငါ့လို လူအိုကို မကြိုဆိုတာလား…"
"သေချာပေါက် ကြိုဆိုတာပေါ့…'
သာယာ နာပျော်ဖွယ်ကောင်းသည့် သံစဉ်နှင့်အတူ ညင်သာသိမ်မွေ့လှသည့် ဝတ်ရုံဖြူရှင် မိန်းကလေးတို့မှာ ယောက်ျားသားတိုင်း၏ နှလုံးသားအား လှုပ်ခတ်ကာ ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသည့်အရာပင်။
"နင်သာ ဆန္ဒရှိရင် ညပါ နေလို့ရတယ်…"
……
ကျိုးယန်ဖေး စိတ်ပူပန်နေသည့် အရာမှာ ဖြစ်ပျက်သွားခဲ့ပြီး ဖြစ်သည်။
သူမနှင့် တန်ရော်ဝေတို့က ပိုင်ချူးရန်အား နှုတ်ဆက်ကာ နန်းတော်သို့ သွားလိုက်ကြသည်။ နန်းတော်သို့ ရောက်ချိန်၌ ဧကရာဇ်ဖြင့်ပင် ဆုံကြသေးသည်။ သို့သော်လည်း အိမ်ရှေ့စံ၏ အစောင့်များမှာ ခေါင်းဖြတ်ခံလိုက်ရပြီ ဖြစ်၏ ။
ထိုဖြစ်ရပ်ကြောင့် ဧကရာဇ် ချူပိန်က တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့အား တောင်းပန်စကား ဆိုသေးသည်။
"မင်းတို့ နှစ်ယောက် ဒီအမှုကို စစ်ဆေးချင်ရင် ငါထင်ထားတာတော့ ရှိနေတယ်… မှန်မမှန်တော့ မပြောတတ်ဘူး…"
ဧကရာဇ် ချူပိန်က ဆက်ပြောနေသေးသည်။
"ငါ့သားအကြောင်း သိထားသလောက်တော့ သူသေတဲ့နေရာက စားသောက်ဆိုင် မဖြစ်နိုင်ဘူး တခြားတနေရာပဲ ဖြစ်ရမယ်…"
"အို…"
ကျိုးယန်ဖေးက မေးခွန်းထုတ်ကြည့်သည်။
"ငါက သူ့ကို အိမ်ရှေ့စံရွေးထားတာပဲ သူ့အကြောင်းကိုလည်း အသိဆုံးပဲလေ…"
ဧကရာဇ်က စကားဆိုနေရာမှ တုံ့ဆိုင်းသွားကာ စကားခဏရပ်သွားသည်။
"ငါ့သားက သန်မာပြီး ဉာဏ်ထက်ပေမယ့် အကျင့်စရိုက် ကောင်းတယ်… အကုန် အဆင်ပြေမယ် ရာဂကြီးတယ်… ငါ့အမြင်မှာတော့ ဧကရာဇ် ဖြစ်ဖို့အတွက် ရမ္မက်က ပြစ်ချက် မဟုတ်နေဘူးပေါ့… ဖျော်ဖြေပွဲပြီးတာနဲ့ သူက ဖျော်ဖြေသူထဲက တယောက်ယောက်ကို ဖိတ်ခိုင်းမှာ သေချာတယ်… ပြီးရင်တော့ နွေဦးပွဲတော်အတွက် ပြင်ဆင်ထားတဲ့ နေရာကို သွားလောက်မယ်…"