အသူရာကျမ်းစာ
Vol. 2 Ch. 190
ထိုလူငယ်၏ အဖြူရောင် ဝတ်ရုံမှာ နှင်းစကဲ့သို့ ဖြူဆွတ် နေလေသည်။ ဖုံမှုန့်လေး တစ်စပင် စွန်းထင်းနေခြင်း မရှိပေ။ ထိုလူငယ်က ညစ်ပေနေသည့် ရေများကို စိုက်ကြည့် နေလေသည်။ သူ၏ အကြည့်က အဆုံးမရှိ နက်ရှိုင်းနေလေသည်။
မြစ်တစ်ဖက်ကမ်း မြူခိုးများကြားတွင် ကြီးမားသည့် တောင်ကြီး တစ်တောင်ကို တွေ့မြင် နိုင်သည်။ တောင်ကြီးမှာ အဆုံးမရှိဟု ထင်ရလောက်အောင် မြင့်မား လွန်းလေသည်။
ထိုတောင်ကြီး၏ တစ်ဖက်တွင် မြစ်တစ်စင်း ရှိလေမလား၊ သို့မဟုတ် ကုန်းမြေရှိမည်လား ဆိုသည်ကို လူအများ သိချင်ကြမည် ဖြစ်လေသည်။ သို့သော် အဖြူရောင်ဝတ် လူငယ်ကတော့ ထိုတောင်ကြီး၏ အခြားဘက်တွင် မည်သည့်အရာ ရှိသည်ကို ရှင်းရှင်းလင်းလင်း သိလေသည်။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူက ထိုတောင်ကြီး တစ်ဖက်မှ ဤနေရာသို့ ရောက်လာ ခဲ့ခြင်းကြောင့် ဖြစ်လေသည်။
လူအများ မရောက်နိုင်သည့် ဒဏ္ဍာရီထဲမှ နေရာများစွာ ရှိလေသည်။ ထိုနေရာများမှာ မိုးနှင့်မြေကြားတွင် ဖြစ်တည် လာပြီး ရှေးကျကာ မပြောင်းမလဲ တည်ရှိသည့် နေရာများ ဖြစ်လေသည်။
ထိုတောင်ကြီးမှာလည်း ထိုကဲ့သို့သော နေရာများထဲမှ တစ်ခုဖြစ်လေသည်။ ထိုတောင်ကြီးကို မည်သူမျှ တွေ့မြင်ဖူးကြခြင်း မရှိပေ။ ထိုတောင်ကြီး၏ အမည်မှာ "ယင်းစန်း" တောင် ဖြစ်လေသည်။ ထိုတောင်ခြေတွင် အသူရာချောက်မှ စီးထွက်နေသည့် ဝိညာဉ်မြစ်သည် အဆုံးမရှိ စီးဆင်းနေလေသည်။ တောင်၏ အလယ်တွင် တိမ်တိုက်များက ဝန်းရံနေသည်ကို တွေ့နိုင်လေသည်။ ထိုလူငယ်ကို "ယင်းစန်းတောင်မှ ယင်း" ဟု သိကြလေသည်။ ထိုနေရာသည် ကောင်းကင်ကို မမြင်ရသည့် နေရာတစ်ခု ဖြစ်လေသည်။
ဝိညာဉ် မြစ်ရေထဲမှ လွတ်မြောက်ရန် ကြိုးစားနေကြသည့် ဒေါသ ထွက်နေသည့် ဝိညာဉ်များကို အဝါရောင် မြစ်ရေထဲသို့ ပြန်ဆွဲချပြီးသည့်နောက် လူငယ်သည် သွေးနီရောင် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲ သွားလေသည်။ လူငယ်နှင့်အတူ သွေးနီရောင် ပလ္လင်ပါ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။ ထို့နောက် မိုက်တစ်ရာ အဝေးတွင် ထိုလူငယ် ပြန်ပေါ်လာလေသည်။
ထိုနေရာမှာ မြစ်ကမ်းနံဘေးမှ စစ်တပ် စခန်းတစ်ခု ဖြစ်လေသည်။
လူငယ် ပေါ်လာသည်နှင့် အစောင့် စစ်သည်က မေးလိုက်သည်။
"ခုရောက်လာတာ ဘယ်သူလဲ"
လူငယ်၏ လက်ထဲတွင် သွေးနီရောင် လက်မှတ်လေး တစ်စောင် ပေါ်လာပြီး အစောင့် စစ်သည်ကို ပေးလိုက်သည်။ ထိုလက်မှတ်လေးဆီမှ ကြီးမားသည့် စွမ်းအားတစ်ခု ထွက်ပေါ်နေပြီး အစောင့် စစ်သည်မှာ ထိုလက်မှတ်လေးကို မြင်သည်နှင့် ထိတ်လန့် တုန်လှုပ် သွားလေသည်။
အစောင့်စစ်သည်က ချက်ချင်းပင် စခန်းထဲသို့ ပြေးဝင်သွားပြီး သူနှင့်အတူ စစ်သည်တော် တစ်စုကို ခေါ်လာလေသည်။
စစ်သည်တော် အုပ်စုကို ဦးဆောင်သူမှ သွေးနီရောင် ဝတ်ရုံကြီးကို ရုံထားသည့် စစ်သူကြီး တစ်ယောက် ဖြစ်လေသည်။ ထိုစစ်သူကြီးထံမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ညီမျှလေသည်။
ထိုစစ်သူကြီး၏ မျက်နှာ တစ်ချမ်းမှာ ပျက်စီးနေပြီး အတွင်းမှ အဖြူရောင် အရိုးများကိုပင် မြင်နေရလေသည်။ ထို့ကြောင့် သူပြုံးလိုက်သည့် အခါ လွန်စွာမှ ကြောက်မက်ဖွယ် ကောင်းလေသည်။ တစ္ဆေတစ်ကောင် အလားပင် ဖြစ်လေသည်။
"အသူရာချောက် လက်မှတ်ပါလား၊ ဧည့်သည်တော်က ဘယ်ထူကျူ အရှင်ရဲ့ လက်အောက်ကလဲ၊ ဒီကို ဘာလာ လုပ်တာလဲ"
စစ်သူကြီးက မေးလိုက်သည်။
သူ၏ လေသံကသာ လူငယ်ကို လေးစားသည့်ဟန် ဖြင့်ပြောနေခြင်း ဖြစ်လေသည်လည်း လူငယ်ကို စိုက်ကြည့်နေသည့် အကြည့်များကတော့ ကြောက်မက်ဖွယ်ရာ ဖြစ်လေသည်။ စစ်သူကြီး၏ အတွေးကို ခန့်မှန်းရန် ခက်ခဲလွန်းလှသည်။ စစ်သူကြီး၏ ဝတ်ရုံကြီးပေါ်တွင်လည်း ဓားဒဏ်ရာများ အများအပြား ရှိလေသည်။ မိုးမြေစွမ်းအား အချို့မှာ ထိုဓားဒဏ်ရာများ ပေါ်တွင် ပျံသန်း နေကြလေသည်။ ထိုဝတ်ရုံမှာ သာမန်ပစ္စည်း တစ်ခု မဟုတ်သည်မှာ သိသာ လွန်းလှသည်။
စစ်သည်တော်များ အားလုံးမှာလည်း ဝိညာဉ်စွမ်းအားများ တုန်ခါနေပြီး ချောင့်တုန့် အဆင့် ကျင့်ကြံသူများကဲ့သို့ စွမ်းအား ရှိလေသည်။ အချို့သော စစ်သည်များမှာ တန်ခိုးစွမ်းအား ပြင်းထန်ကြပြီး ချူးစန်းနှင့် ရုဟွအဆင့် ကျင့်ကြံသူများနှင့်ပင် အဆင့် ညီမျှကြလေသည်။
ထိုမျှလောက်သော လူအနည်းငယ်လေးမျှဖြင့်ပင် လူ့လောကတွင် နတ်ဘုရား ဂိုဏ်းလေး တစ်ဂိုဏ်း တည်ထောင်နိုင်အောင် အဆင့် မြင့်မားကြလေသည်။
ထိုစစ်သည်တော် တပ်ဖွဲ့မှာ အသူရာချောက်မှ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း၏ အစိတ်အပိုင်း တစ်ခု ဖြစ်လေသည်။ ဝိညာဉ်မြစ်ကမ်း တစ်လျှောက်တွင် အသူရာချောက်မှ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း၏ စစ်တပ်စခန်းလေးများ အခုတစ်ရာခန့် ရှိလေသည်။ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းမှာ မိုးနှင့်မြေတွင် လွှမ်းမိုးမှုကြီးမားသည့် နတ်ဆိုးဂိုဏ်းကြီးတစ်ခု ဖြစ်လေသည်။ သို့သော် သူတို့မှာ ယင်းစန်းတောင်ကြီး ကာဆီးထားသည့် အတွက် လူ့လောကသို့ သွားရောက်နိုင်ခြင်း မရှိကြပေ။
ရှန်ဆန်းကျန်းရန်လုကျိုးယွမ် နတ်ဘုရားဖြစ်ကာစအချိန်က ဟွမ်ချွမ်နတ်ဆိုးဂိုဏ်း၏ စန်းလော်ခန်းမဆောင်သို့ ခိုးဝင်ကာ ကျမ်းစာတစ်ခုကို ခိုးယူရန် ကြိုးစားဖူးလေသည်။ သို့သော် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းကို စောင့်ရှောက်နေသည့် ထူကျူအရှင်တစ်ပါးဖြစ်သည့် အရှင်ဝူကျန့်က တွေ့ရှိသွားကာ သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့ကြလေသည်။ လုကျိုးယွမ်မှာ သူလိုချင်သည့် ကျမ်းစာကို ရရှိခဲ့ခြင်းမရှိပေ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းမှာ သူတို့ကိုယ်ပိုင် ထိပ်တန်း ကျင့်စဉ် ပညာများဖြင့် ရပ်တည်နေသည့် ဂိုဏ်းတစ်ခု ဖြစ်ပြီး လုကျိုးယွမ်ကိုပင် ဆန့်ကျင်နိုင်လေသည်။
သို့သော် ထူကျူ အရှင်တစ်ပါး ဖြစ်သည့် အရှင်ဝူကျန့်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ရာခန့်က ထူးဆန်းစွာ ပျောက်ဆုံး သွားခဲ့လေသည်။ သူ၏နေရာကို တပည့်ဖြစ်သူ အရှင်ယိုကျန့်က ဆက်ခံ ခဲ့လေသည်။
ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းတွင် ဂိုဏ်းခွဲသုံးခု ရှိလေသည်။ ထိုဂိုဏ်းခွဲသုံးခုကို "လမ်းခွဲသုံးခု" ဟု ခေါ်လေသည်။ ထိုလမ်းသုံးခုမှာ ငရဲ၊ တစ္ဆေနှင့် တရိစ္ဆာန်တို့ ဖြစ်လေသည်။ လမ်းခွဲ တစ်ခုစီတွင် ထူကျူ အရှင်တစ်ပါးစီ ရှိကြပြီး ထူကျူအရှင်များ အားလုံးမှာ တန်ခိုး စွမ်းအား ကြီးမားသူများ ဖြစ်ကြလေသည်။
တစ္ဆေလမ်းခွဲမှ ထူကျူအရှင်မှာ ဝိညာဉ်နတ်ဘုရား တစ်ပါးဖြစ်ပြီး ကျင့်ကြံခဲ့သည့် နှစ်ပေါင်းမှာ မရေတွက်နိုင်ပေ။ ထို့ကြောင့် သူ၏ တန်ခိုးစွမ်းအားမှာလည်း ထူးခြား ဆန်းကျယ်ပြီး မခန့်မှန်းနိုင်ပေ။
တိရစ္ဆန်လမ်းခွဲမှ ထူကျူအရှင်မှာ နတ်မိစ္ဆာဂိုဏ်းမှ ဖြစ်ပြီး မဟာ နတ်မိစ္ဆာ ဘုရင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ထိုထူကျူ အရှင်မှာလည်း တန်ခိုးစွမ်းအား ကြီးမားလွန်းလေသည်။
အရှင်ဝူကျန့်နှင့် အရှင်ယိုကျန့်တို့ နှစ်ယောက်လုံးမှာ ငရဲမှ ထူကျူအရှင်များ ဖြစ်ကြလေသည်။ သို့သော် အရှင်ယိုကျန့်မှာ အရှင်ဝူကျန့်လောက် တန်ခိုး စွမ်းအား ကြီးမားခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် အရှင်ယိုကျန့်မှာ လူ့လောကသို့ တစ်ကြိမ် ခိုးပြီး သွားရောက်ခဲ့ရာမှ ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး ထိုဒဏ်ရာမှာ ပြန်ကောင်းလာခြင်း မရှိတော့ပေ။
ဟွမ်ချွမ် နတ်ဆိုး စစ်တပ်မှာ ထူကျူ အရှင်သုံးပါးလုံး၏ အမိန့်ကို နာခံရလေသည်။ အမှန်တော့ လမ်းခွဲသုံးခု၊ ထူကျူ အရှင်သုံးပါးနှင့် စစ်တပ်သုံးခု ရှိခြင်း ဖြစ်လေသည်။ ထူကျူ အရှင်တစ်ပါးစီတွင် ကိုယ်ပိုင်စစ်တပ် တစ်တပ်စီ ရှိလေသည်။ တရားဝင် ထုတ်ပြန်ထားဝည့် ဥပဒေ မဟုတ်သည့်တိုင် နားလည်မှုဖြင့် ထိုသို့ လုပ်ဆောင်ထားကြခြင်း ဖြစ်သည်။
သို့သော် ... အရှင်ယိုကျန့် ဒဏ်ရာ အပြင်းအထန် ရသည့်အခါတွင် သူ့လက်အောက်တွင် အင်အားကြီးသည့် စစ်သူကြီးများ မရှိကြတော့သလို စစ်သည်တော်များမှာလည်း အခြားသော အင်အားကြီးသည့် ထူကျူ အရှင်များဆီသို့ ခိုဝင်သွားကြလေသည်။ အချို့ စစ်သူကြီးများမှာလည်း အခြားသော ထူကျူအရှင်များ လက်အောက်သို့ မခိုဝင်သည့်တိုင် အရှင်ယိုကျန့်၏ စကားကို နားမထောင် ကြတော့ဘဲ ကိုယ့်ဟာကိုယ် အုပ်စုဖွဲ့ပြီး နေကြလေတော့သည်။
အမှန်တော့ စွမ်းအားကြီးသော စစ်သူကြီးများသည် အရှင်ယိုကျန့်ကို ဖြုတ်ချပြီး သူ၏ နေရာကို ယူလိုကြခြင်း ဖြစ်လေသည်။
အခြား ထူကျူ အရှင်နှစ်ပါးသာ သဘောတူလျှင် သူတို့က ငရဲ၏ ထူကျူအရှင် ယိုကျန့်ကို ဖြုတ်ချ ကြတော့မည် ဖြစ်လေသည်။ သို့သော် အခြားသော ထူကျူ အရှင်နှစ်ပါးမှာ အတိတ် တစ်ချိန်က ထူကျူ အရှင်ဝူကျန့်နှင့် ဆက်ဆံရေး ကောင်းမွန်သူများ ဖြစ်ကြသည့် အတွက် ထိုကိစ္စကို ခပ်မဆိတ်သာ နေကြလေသည်။
ထို့ကြောင့် ငရဲမှ နတ်ဆိုးစစ်တပ်မှာ အကြပ်အတည်းနှင့် ရင်ဆိုင်ရလေသည်။ နောက်ဆုံးတွင်တော့ ငရဲမှ စစ်သူကြီးများသည် အခြားသော ထူကျူ အရှင်များကို ဆက်သွယ်ခြင်း မပြုလုပ် ကြတော့ပေ။ မည်သူ့ လက်အောက်မှ မဟုတ်ဘဲ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ်သာ နေကြ လေတော့သည်။ အခြားသော ထူကျူ အရှင်များကလည်း ထိုသို့ ပရမ်းပတာ ဖြစ်နေသည်ကို မသိချင်ယောင် ဆောင်နေကြလေသည်။
တစ္ဆေမျက်နှာနှင့် စစ်သူကြီးမှာ သူ့ကို မည်သူမျှ အမိန့် မပေးသည့်တိုင် အကောင်းဆုံး လုပ်ဆောင်ခဲ့သူ ဖြစ်လေသည်။ ဝိညာဉ်မြစ်ရေ မခမ်းခြောက်သရွေ့ နတ်ဆိုး စစ်တပ်မှာလည်း အန္တရာယ် ကင်းနေမည် ဖြစ်လေသည်။
ထို့ပြင် နတ်ဆိုး စစ်တပ် ဆိုသည်မှာ အသူရာချောက်ရှိ ဒေါသ ထွက်နေသည့် ဝိညာဉ်များမှ ဖြစ်တည်လာသည့် စစ်တပ် ဖြစ်လေသည်။ သို့သော် စစ်သည်တော်များမှာ သေဆုံးလေ့ ရှိကြသည့် အတွက် မြစ်ကမ်းပါး တစ်လျှောက်ရှိ ဟွမ်ချွမ် နတ်ဆိုးစစ်တပ်မှာ အမြဲတမ်း လူအင်အား ဖြည့်ရလေသည်။
ယခု စခန်းရှိ မျက်နှာတစ်ခြမ်း ပျက်နေသည့် တစ္ဆေမျက်နှာနှင့် စစ်သူကြီးမှာ မည်သည့် ထူကျူအရှင်၏ လက်အောက်မှ မဟုတ်ပေ။
အဖြူရောင်ဝတ် လူငယ်လက်ထဲမှ အသူရာချောက် လက်မှတ်သည် သူ့ကို ထိတ်လန့်သွားအောင် မလုပ်နိုင်ပါ။ သူက ထို အသူရာချောက် လက်မှတ်မှာ မည်သည့် ထူကျူအရှင်က ပေးလိုက်သည့် လက်မှတ်လဲ ဆိုသည့် အချက်ကိုပင် သိချင်နေခြင်း ဖြစ်လေသည်။
အသူရာချောက် လက်မှတ် ဆိုသည်မှာ ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ်ရှိစဉ် အချိန်တုန်းက ပြုလုပ်ထားသည့် လက်မှတ် ဖြစ်လေသည်။
ဟွမ်ချွမ် နတ်ဆိုးဂိုဏ်း၏ နောက်ဆုံး ဂိုဏ်းချုပ်သည် ဉာဏ်မမီနိုင်လောက်သည့် တန်ခိုး စွမ်းအားများဖြင့် လူ့လောကကို ကျော်လွန်သွားပြီးသည့် နောက်ပိုင်း အသူရာချောက်၏ မူလကျင့်စဉ် ဖြစ်သည့် "အသူရာကျမ်းစာ" နှင့်အတူ ပျောက်ကွယ် သွားခဲ့လေသည်။ ထိုအချိန်မှစပြီး ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းမှာ လမ်းပျောက် ခဲ့ရလေသည်။
ဂိုဏ်းချုပ် မရှိတော့သည့် နောက်ပိုင်း ထူကျူ အရှင်သုံးပါးက ဂိုဏ်းကို ယာယီ အုပ်ချုပ်ထားသော်လည်း စည်းလုံးခြင်းလည်း မရှိတော့ဘဲ ပရမ်းပတာ ဖြစ်နေရကာ ယင်းစန်း တောင်ထိပ်မှ ဗုဒ္ဓဘာသာ ဂိုဏ်း၏ ဖိနှိပ်ခြင်းကိုလည်း များစွာ ခံကြရလေသည်။
"ကျုပ်ရဲ့ဆရာက ထူကျူအရှင် ယိုကျန့်ပါ၊ အခု ဒီ စခန်းက ကျုပ်ရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်သွားပါပြီ"
လူငယ်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
"ကျုပ်တို့စခန်းက ထူကျူအရှင်တွေရဲ့ လက်အောက်ကပါပဲ၊ မင်းက အရှင်ယိုကျန့်ရဲ့ တပည့် ဆိုမှတော့ မင်းရဲ့ အမိန့်ကို မနာခံနိုင်စရာ မရှိပါဘူး၊ မင်းနာမည် ဘယ်လို ခေါ်သလဲဆိုတာ သိပါရစေ"
တစ္ဆေမျက်နှာနှင့် စစ်သူကြီးက မေးလိုက်လေသည်။
လူငယ်က စစ်သူကြီးကို စိုက်ကြည့်လိုက်ရင်း....
"ကျုပ်နာမည်က ရဲ့လျိုယွင်ပါ၊ ဒါပေမယ့် ဆရာက ကျုပ်ကို "မင်ဟယ်" ဆိုတဲ့ နာမည် အသစ်ပေးထားတယ်၊ ဒါပေမဲ့ ကျုပ်က နာမည်တွေကို သဘောမကျဘူး၊ ဒါကြောင့် ကျုပ်ကို သခင်လေးလို့ ခေါ်နိုင်တယ်၊ လောလောဆယ်တော့ ကျုပ်ဆိုလိုတဲ့ အဓိပ္ပာယ်ကို မင်းတို့ နားလည်ချင်မှ နားလည်မယ်၊ ဒါပေမဲ့ ခုချိန်ကစပြီး မင်းတို့အားလုံး ကျုပ်အမိန့် တစ်ခုကိုပဲ နာခံကြရမယ်"
"ဒါတော့ မဖြစ်နိုင်ဘူး ထင်တယ်၊ ကျုပ်တို့အားလုံးက ဟွမ်ချွမ် နတ်ဆိုးဂိုဏ်းက လူတွေပဲ၊ လူတစ်ဦး တစ်ယောက်ရဲ့ အမိန့်ကိုပဲ နာခံဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူး"
တစ္ဆေမျက်နှာနှင့် စစ်သူကြီးက ခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
ထိုသို့ လေသံမာမာဖြင့် ပြောလိုက်ခြင်းမှာ ရဲ့လျိုယွင်မှာ ထူကျူ အရှင်ယိုကျန့်၏ တပည့် ဖြစ်သောကြောင့် ဖြစ်လေသည်။ လက်ရှိ အချိန်တွင် ထူကျူ အရှင်ယိုကျန့်၏ အခြေအနေမှာ ဆိုးဝါးနေပြီး မည်သည့် စစ်သူကြီးကမှ သူ့ကို အရေး မလုပ်ကြတော့ပေ။ အရှင်ယိုကျန့်၏ သစ္စာအရှိဆုံး လူယုံများပင် သူ့ကို သစ္စာ ဖောက်ကုန်ကြပြီ ဖြစ်လေသည်။ မီးမရှိသည့် မီးဖိုကို ပူမှာ ကြောက်နေစရာ မလိုတော့ပေ။
"စိတ်မကောင်းစရာပဲ၊ မင်းတော့ သေမင်းနဲ့ တွေ့ရတော့မယ်”
ရဲ့လျိုယွင်က သက်ပြင်းချရင်း ပြောလိုက်လေသည်။
ရဲ့လျိုယွင်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့် အခါတွင်တော့ သွေးနီရောင် အလင်းတန်းတစ်ချက် လင်းလက် သွားလေသည်။ တစ္ဆေမျက်နှာနှင့် စစ်သူကြီးမှာ ခုခံချိန်ပင် မရလိုက်ပေ။ သွေးနီရောင် အလင်းတန်းက သူ၏ လည်ပင်းကို စက်ဝိုင်း ပုံသဏ္ဌာန် ပိုင်းဖြတ် ပစ်လိုက်လေသည်။
တစ္ဆေမျက်နှာနှင့် စစ်သူကြီး၏ ဦးခေါင်းသည် မြေပြင်ထက်သို့ လိမ့်ဆင်း သွားလေသည်။ အစိမ်းရောင် အမျှင်တန်းလေးသည် သူ၏ ကိုယ်ထဲမှ ထွက်ခွာသွားလေသည်။ ထိုအငွေ့လေးမှာ သူ၏ ဝိညာဉ် ဖြစ်လေသည်။ ခန္ဓာကိုယ်မှာ ခဏတာ အကြောဆွဲနေပြီးမှ ပေါက်ကွဲ ထွက်သွားလေသည်။ သွေးနီရောင် အလင်းတန်းမှာ ရဲ့လျိုယွင်၏ အင်္ကျီ လက်တွင်းသို့ ပြန်ဝင်သွားလေသည်။
တစ္ဆေမျက်နှာနှင့် စစ်သူကြီးမှာ ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် တန်ခိုးစွမ်းအား ညီမျှလေသည်။ သို့သော် ရဲ့လျိုယွင်ကတော့ လွယ်လွယ်လေးပင် သုတ်သင် ပစ်ခဲ့လေပြီ။
အကယ်၍ ဆန်းလျန်သာ ဤနေရာတွင် ရှိနေမည် ဆိုလျှင် ရဲ့လျိုယွင်၏ သွေးနီရောင် အလင်းတန်းမှာ ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်နှင့် ဆင်တူနေသည်ကို သတိပြုမိမည် ဖြစ်လေသည်။
***