အခန်း (၁၉၆၇-၁၉၆၈)
Vol. 141 Ch. 1967-1968
အပိုင်း(၁၉၆၇)
ဖျပ်... ဖျပ်... ဖျပ်...
ဝေ့ဝူယင်နှင့် သခင်လေးရှန့်တို့မှာ တည်ငြိမ်စွာပင် လမ်းလျှောက် နေကြ၏။ သို့သော်လည်း... ခြေတစ်လှမ်း လှမ်းတိုင်း သူတို့နှစ်ဦးမှာ မီတာ ရာနှင့်ချီ ခရီးပေါက်နေကြသည်။ သူတို့သည် ထိုတောက်ပသော ကမ္ဘာထဲတွင် အရိပ်နှစ်ခုအလား လှုပ်ရှား နေကြ၏။
ဝေ့ဝူယင်၏ ပွင့်လင်းလှသော လုပ်ရပ်အပေါ် သခင်လေးရှန့်မှာ အံ့အားသင့်နေမိသည်။ ဝေ့ဝူယင်က သူတို့ နယ်မြေထဲတွင် တိတ်တဆိတ် စုံစမ်းစစ်ဆေးလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ ယခုမူ ဝေ့ဝူယင်က သူတို့ကို တလေးတစား အသိပေးခဲ့သည်။ ဤသည်မှာ သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေသည်။
"ယောက်ဖ... မင်း ဘာလို့ တိုက်ရိုက် မဝင်လာတာလဲဆိုတာ မဆန်းတော့ပါဘူး... မင်း သူတို့နဲ့ တရားဝင် ဆက်ဆံရေး တည်ဆောက်ဖို့ စဉ်းစားနေတာလား..."
သခင်လေးရှန့်က မေးလိုက်၏။ သူ၏ လေသံထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေးများ ပါဝင်နေသည်။
ဝေ့ဝူယင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"အာရုဏ်ဦး အင်ပါယာကို တည်ထောင်သူ ဧကရာဇ်တစ်ဦးအနေနဲ့ သူတစ်ပါး နယ်မြေထဲမှာ၊ အထူးသဖြင့် ကိုယ့်ထက် အားနည်းတဲ့ ကမ္ဘာထဲမှာ တိတ်တဆိတ် လှုပ်ရှားတာက ငါ့ရဲ့ အဆင့်အတန်းနဲ့ မလျော်ညီသလို၊ ငါ့ရဲ့ အင်ပါယာနဲ့ ငါ့လူမျိုးတွေအပေါ်မှာလည်း အမြင်မတင့်တယ်စေဘူး... အထူးသဖြင့် ငါက ဒီကမ္ဘာအပေါ်မှာ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်မျှ မရှိတဲ့အတွက်ကြောင့်ပဲ... အကယ်၍ အခြေအနေက အရေးမကြီးဘူးဆိုရင် အခြားအရာတွေ မလုပ်ခင် အရင်ဆုံး ငါ ဒီကမ္ဘာရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာပါ"
"..."
သခင်လေးရှန့်သည် သူ၏ ဝိုင်အိတ်ထဲမှ တစ်ကျိုက် သောက်လိုက်သည်။ အဖြူရောင် အဘိဿဲလ် ဂလက်ဆီ အကြောင်းကို သူ ပြန်စဉ်းစားမိသည်။ ဝေ့ဝူယင်သည် ထိုနေရာသို့ တိုက်ရိုက်ဝင်ရောက်ပြီး စူးစမ်းနိုင်ပါလျက်နှင့်၊ ထိုနေရာရှိ လူသားများ လုံးဝ မသိရှိနိုင်လောက်အောင် လုပ်ဆောင်နိုင်ပါလျက်နှင့်၊ ဂလက်ဆီ၏ နယ်စပ်ရှိ ကင်းစခန်း အနီးတွင်သာ ရပ်တန့်ခဲ့သည်။ ၎င်းမှာ တမင်တကာ လုပ်ဆောင်ခဲ့ခြင်းလော။
ဤသည်မှာ ဧကရာဇ်တစ်ဦး၏ မာန်မာနလော။
သခင်လေးရှန့် နှုတ်ခမ်းကို မဲ့လိုက်မိ၏။ သို့သော်လည်း... ဝေ့ဝူယင်မှာ သူ့ လက်အောက်ငယ်သားများထံသို့ မျှော်လင့် မထားသော စိန်ခေါ်မှုများကို ပေးရန်ဖြစ်စေ၊ သူ့ ဇနီးသည်များအား လောကတစ်ခုလုံး အားကျရမည့် အံ့ဖွယ်မြင်ကွင်းများ ပြသရန်ဖြစ်စေ... စည်းမျဉ်းများကို ချိုးဖောက်ဖို့ ဝန်လေးသူမဟုတ်ပေ။
သူက ရွှေဖုန်းပေါင်ကို တိုက်ပွဲအလယ်သို့ တိုက်ရိုက်စေလွှတ်ခဲ့ပြီး ယခုထက်တိုင် မပြီးဆုံးသေးသော ပဋိပက္ခတစ်ခုကို ဖန်တီးခဲ့သည်။ ယခု သူတို့ရှိနေသည့် နေရာမှပင် ဂြိုဟ်တစ်ခုလုံး ရောင်စုံအလင်းတန်းများဖြင့် တောက်လောင်နေသည်ကို မြင်နေရသည်။
ကြည့်ရသည်က... ဝေ့ဝူယင်သည် ထိုစံနှုန်းများကို မိမိကိုယ်တိုင်အတွက်သာ ကျင့်သုံးပုံရသည်။ ထို့ကြောင့်လည်း သူ ဟင်းလင်းပြင်တံခါးကို အသုံးမပြုဘဲ ဂလက်ဆီ၏ အလွှာကို ကိုယ်တိုင် ဖြတ်သန်းပျံသန်းလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤသည်မှာ သိမ်မွေ့သော အချက်ကလေးတစ်ခု ဖြစ်သော်လည်း အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားသူတစ်ဦး၏ သဘောထားကို အထင်အရှား ပြသနေသည်။ ဝေ့ဝူယင်မှာ ပွင့်လင်းစွာ လှုပ်ရှားပြီး ပွင့်လင်းစွာပင် အောင်နိုင်သူဖြစ်သည်။ ဤသည်မှာ လေးစားဖွယ်ကောင်းလှပြီး ထက်မြက်သော စိတ်ဆန္ဒနှင့် ခိုင်မာသော မိမိကိုယ်ကိုယ် ယုံကြည်မှု၏ လက္ခဏာပင် ဖြစ်သည်။
"မင်းပြောတာ မှန်ပါတယ်... သူခိုးတွေနဲ့ ယုတ်ညံ့တဲ့ မြေခွေးအိုကြီးတွေပဲ အဲဒီလို ပုန်းလျှိုးကွယ်လျှိုး လုပ်တတ်တာ..."
သခင်လေးရှန့်က တောက်ပစွာ ပြုံးလျက် ဆိုလိုက်၏။
"..."
ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ သခင်လေးရှန့်က သူ့အကြောင်း ကောင်းစွာ မသိသေးဟုလည်း တွေးလိုက်မိသည်။ သူသည် ဤကဲ့သို့ ပွင့်လင်းစွာ လုပ်ဆောင်တတ်သူ ဖြစ်သလို၊ လှည့်ဖြားမှုပေါင်းများစွာဖြင့် ဝါရင့်နေပြီ ဖြစ်သော မြေခွေးအိုကြီးများကိုပင် တုန်လှုပ်သွားစေလောက်သည့် အစီအစဉ်များကိုလည်း ထိရောက်စွာ ချမှတ်နိုင်သူ ဖြစ်သည်။ ၎င်းမှာ သဘောထားနှင့် ရည်ရွယ်ချက်အပေါ်၌သာ မူတည်ပေသည်။
မကြာမီမှာပင် သူတို့နှစ်ဦးသည် ထို့ပိဟန် နားနေသည့် နေရာသို့ ရောက်ရှိလာကြသည်။ ၎င်းမှာ သစ်သားနှင့် မြေကြီးတို့ဖြင့် တည်ဆောက်ထားသော မြို့တစ်မြို့ကို အပေါ်စီးမှ မြင်ရသည့် မြက်ခင်းပြင် ကုန်းမြင့်လေးတစ်ခု ဖြစ်သည်။ အနီးအနားတွင် တလက်လက် တောက်ပနေသော ကန်ငယ်လေးတစ်ခု ရှိသည်။
"အာရုဏ်ဦး အရှင်သခင်..."
ထို့ပိဟန်က ထရပ်ကာ ဝေ့ဝူယင်ကို ဂါရဝပြုလိုက်၏။ သို့သော်လည်း... သူ့ ခေါ်ဝေါ်ပုံကြောင့် သခင်လေးရှန့်ကပင် သူ့ကို ထူးဆန်းသလို ကြည့်လိုက်မိသည်။ ဤအဖိုးကြီး နာမည်အဆန်းများ ပေးသည့် အလေ့အထ အလွန် ထူးဆန်းလှပေသည်။
ဝေ့ဝူယင်က ထို့ပိဟန်၏ အနားသို့ ရောက်ရှိလာပြီး အောက်ဘက်ရှိ မြို့ကို အကဲခတ်လိုက်သည်။ ထိုမြို့သည် အလွန်မင်း ကြီးမားခြင်း မရှိသလို သေးငယ်ခြင်း မရှိဘဲ မိုင်အနည်းငယ်မျှ ကျယ်ဝန်းသည်။ လူဦးရေ လေးသိန်းခန့်သာ ရှိ၏။ မြို့၏ အလယ်ဗဟိုတွင် ဝတ်ပြု ဘုရားကျောင်းကဲ့သို့ အဆောက်အအုံတစ်ခု ရှိနေပြီး ထိုနေရာမှ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာ အငွေ့အသက်များနှင့် လျှို့ဝှက်အော်ရာများ ထွက်ပေါ်နေသည်။
ဝေ့ဝူယင်က အထဲသို့ လှမ်းကြည့်လိုက်သောအခါ ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် လျှို့ဝှက်ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးကို တွေ့လိုက်ရသည်။ ထိုပုဂ္ဂိုလ်မှာ အရပ်ရှည်ရှည် အဖိုးအိုတစ်ဦးဖြစ်ပြီး တင်ပျဉ်ခွေကာ တရားမှတ်နေသည်။ သူ၏ ဝိညာဉ်အာရုံမှာ တစ်မြို့လုံးသို့ ပျံ့နှံ့နေပြီး လောကကြီးကို နတ်ဘုရားတစ်ပါးကဲ့သို့ စောင့်ကြည့်နေပုံရ၏။
ဤနေရာသို့ ရောက်ရှိလာကတည်းက ကောင်းကင်တာအို၏ လွှမ်းမိုးမှုဆိုင်ရာ သတိပေးချက်များ မရရှိတော့ပေ။ ကောင်းကင်တာအိုမှာ ဆက်လက် 'မမြင်' နိုင်တော့ဟု ဝေ့ဝူယင် ခံစားလိုက်ရသည်။ ၎င်းမှာ ဝေဝါးလှသည်။ သူ ဘယ်ဘက်လက်မောင်းကို ငုံ့ကြည့်လိုက်၏။
[ဘယ်ဘက်လက်မောင်း]
ကမ္မ တန်ဖိုး - ချိပ်ပိတ်ထားဆဲ
အပြစ်သား ထုံးတမ်း ဆက်လက်ဖြစ်ပေါ်နေခြင်း
ပထမ ကပ်ဘေး - ...
အပြစ်သား သွေးမျိုးဆက်ထံမှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို သူ ခံစားနေရသည်။ ၎င်းက တစ်ခုခုကို 'လုပ်ဆောင်' နေသည်မှာ သေချာလှသည်။
ဤအချက်က ဝေ့ဝူယင်အား သူ၏ ပင်ကိုယ်အသိစိတ်ကို ယုံကြည်ရန် အားတက်စေသည်။ သူသည် သာမန်သေမျိုးဘဝဖြင့်ပင် ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို စေ့စေ့ကြည့်ဝံ့သူ ဖြစ်သည်။ ထိုဖီဆန်သော လုပ်ရပ်ကပင် အပြစ်သား သွေးမျိုးဆက်၏ အတိုင်းအတာကို ကျော်လွန်သည့် ရင်းနှီးကျွမ်းဝင်မှုကို ပေးစွမ်းထားသည်။
"အရှင်မင်းကြီး... ကျွန်တော် ရှာဖွေတွေ့ရှိထားတဲ့ အရာက မြို့ထဲမှာ မဟုတ်ပါဘူး... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ထို့ပိဟန်က အခေါ်အဝေါ် တစ်မျိုးပြောင်း၍ ရိုသေစွာ ဆိုလိုက်သည်။
ဝေ့ဝူယင်က ခေါင်းညိတ်ပြကာ ထို့ပိဟန်နောက်သို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် လိုက်ပါသွား၏။ သခင်လေးရှန့်ကလည်း အရေးကြီးသည့်အရာများ လွတ်သွားမည် စိုးသဖြင့် အနောက်မှ ကပ်လိုက်လာသည်။ သူတို့သည် မြို့၏ ဆန့်ကျင်ဘက်ဘက်ခြမ်းရှိ ကုန်းမြင့်မှနေ၍ သေမျိုးများကဲ့သို့ လမ်းလျှောက် ဆင်းလာခဲ့ကြ၏။
ထို့ပိဟန်က လမ်းလျှောက်ရင်း ဆက်လက် ရှင်းပြလိုက်သည်။
"ကျွန်တော် ဒီကို စရောက်တုန်းက ဒီက လူတွေအကြောင်းကို စူးစမ်းချင်စိတ် ပေါ်လာတယ်... သားရဲတွေ စိုးမိုးထားတဲ့ ဂလက်ဆီထဲမှာ၊ အထူးသဖြင့် ကမ္ဘာငယ်တစ်ခုထဲမှာ လျှို့ဝှက်အရှင် အဆင့်ရှိတဲ့ ကျင့်ကြံသူ တစ်ယောက် ရှိနေပြီး တိုးတက်တဲ့ လူ့ယဉ်ကျေးမှုတစ်ခု ရှိနေလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး... ဒါပေမဲ့ အခုတော့ ရှိနေတာပဲ... ဒါပေါ့... အရှင်မင်းကြီးကတော့ ဒါကို သိပြီးသား ဖြစ်မှာပါ... ဟား ဟား..."
"ကဲပါ... လိုရင်း ဆက်သွားရအောင်... စူးစမ်းလိုစိတ်ကြောင့် ကျွန်တော် ဒီလောကကို လှည့်လည်ကြည့်ရှုခဲ့တယ်... ကျွန်တော့်ရဲ့ အမြင်ကို ကျယ်ပြန့်စေမယ့် စိတ်ဝင်စားစရာ အရာတွေကို ရှာဖွေခဲ့တယ်... သူတို့တွေက အတော်လေးကို ရှေးကျနေတာကို တွေ့ရတယ်... ဟင်းလင်းပြင် တံခါးတွေ၊ ကောင်းကင်သင်္ဘောတွေနဲ့ အဆင့်မြင့် ကျိန်စာအစီအရင်တွေ ကင်းမဲ့နေကြတယ်... ခိုင်မာတဲ့ အမွေအနှစ် ဒါမှမဟုတ် သွေးမျိုးဆက် အထောက်အထားလည်း မရှိကြဘူး... တကယ်တော့ သူတို့က သူတို့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေကို အခြေခံအကျဆုံး ပုံစံနဲ့ပဲ အားကိုးနေကြတာပါ..."
"သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေအရ ကျွန်တော် သူတို့ကို အပြစ်မတင်ပါဘူး... ဒါပေမဲ့ သာမန်လူထုကြားမှာ တက်ကြွတဲ့ ရည်မှန်းချက်တွေ ကင်းမဲ့နေတာကတော့ အထင်အရှားပဲ... သူတို့ထဲက အတော်များများက လက်ရှိ အခြေအနေကိုပဲ ကျေနပ်နေကြပြီး ဘာအပြောင်းအလဲမှ မလုပ်ချင်ကြဘူး... ပြင်ပကမ္ဘာက ဖိနှိပ်သူတွေနဲ့ သားရဲတွေရဲ့ ရန်ကနေ ဘေးကင်းနေတာကိုပဲ ပျော်မွေ့နေကြတာပေါ့.... သူတို့က ကောင်းကင်နှလုံးသား ဂလက်ဆီကို 'သားရဲတို့၏ နယ်မြေ' လို့ ခေါ်ကြတယ်... အစတုန်းကတော့ ဒါဟာ လူသားတွေရဲ့ သဘာဝပဲလို့ ကျွန်တော် ထင်ခဲ့တာ.... အာဏာရှိသူတွေက ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေကို နှိပ်ကွပ်ထားပြီး သူတို့အာဏာကို ထိန်းသိမ်းထားချင်လို့ပေါ့... ဒါပေမဲ့ ကျွန်တော့်ရဲ့ သံသယကို မြင့်တက်စေတဲ့ အရာတစ်ခုကို ကျွန်တော် ရှာတွေ့ခဲ့တယ်"
"ဒီလောကနဲ့ မြို့အသီးသီးမှာ ကလေးမွေးဖွားနှုန်းက ပုံမှန်ထက် အလွန်မြင့်မားနေတယ်... ဒါပေမဲ့ မွေးဖွားပြီးနောက်မှာ ကလေးငယ်တွေ သေဆုံးနှုန်းကလည်း မယုံနိုင်လောက်အောင် မြင့်မားနေပြန်တယ်... ကလေးအတော်များများဟာ မွေးရာပါ သေဆုံးတယ်လို့ သတ်မှတ်ခံရပေမယ့်၊ ဒီက လူတွေကတော့ ကျိန်စာသင့်တာလို့ပဲ ခေါ်ကြတယ်... အဲဒီကျိန်စာတွေဟာ သားရဲတွေဆီက လာတာလို့ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အပြစ်တင်ကြတယ်... အဲဒီနောက် သေဆုံးသွားတဲ့ ကလေးတွေကို ဝိညာဉ်တွေ ငြိမ်းချမ်းစွာ အနားယူနိုင်ဖို့နဲ့ နောင်အနာဂတ်မှာ သန့်စင်တဲ့ ကလေးတွေအဖြစ် ပြန်လည်ဝင်စားနိုင်ဖို့ဆိုပြီး တံခါးပေါက်တစ်ခုထဲကို ပစ်ထည့်ပြီး သင်္ဂြိုဟ်ကြတယ်... အဲဒါက အတော်လေးကို ထူးဆန်းနေတယ်"
သခင်လေးရှန့်မှာ ဝိုင်ကို အငမ်းမရ သောက်နေမိ၏။ သူ၏ မျက်ဝန်းများမှာ မှုန်ကုပ်ကုပ် ဖြစ်နေပြီး မျက်မှောင်ကြုတ်ထားပုံကို ကြည့်ရသည်မှာလည်း အလွန် စိတ်မသက်မသာ ဖြစ်နေပုံရသည်။
"ပြီးခဲ့တဲ့ ရက်ပိုင်းက မွေးဖွားခဲ့တဲ့ ကလေးငယ်အချို့ကိုလည်း အဲဒီလိုပဲ သတ်မှတ်လိုက်ကြတယ်... ကျင့်ကြံခြင်း စွမ်းအားတွေက မွေးဖွားခြင်း ဖြစ်စဉ်ကို အများကြီး အထောက်အကူ ပေးနိုင်ပါလျက်နဲ့ ဒီလို ဖြစ်နေတာက ထူးဆန်းတယ်လို့ ကျွန်တော် ထင်ခဲ့တယ်... ဒါနဲ့ ကျွန်တော် နည်းနည်း စုံစမ်းကြည့်လိုက်တော့... အဲဒီ ကလေးငယ်တွေဟာ အသက်ရှင်နေကြတုန်းပဲ ဆိုတာ သိလိုက်ရတယ်... သူတို့ဟာ ကျိန်စာသင့်တယ် ဒါမှမဟုတ် သေဆုံးတယ်လို့ မဟုတ်မမှန် သတ်မှတ်ခံလိုက်ရတာပါ... သူတို့ကို ပစ်ထည့်လိုက်တဲ့ တံခါးပေါက်ဟာ ရော့ငှက်တွေ အုပ်စိုးတဲ့ လောကတစ်ခုဆီကို ဦးတည်နေတာပါ"
"အဲဒီ ရော့ငှက်တွေက ကလေးငယ်တွေကို စုဆောင်းတယ်... အရွယ်ရောက်ပြီးသား လူသားတွေကို အသုံးပြုပြီး သူတို့ကို ကျွေးမွေးပြုစုခိုင်းတယ်... အဲဒီနောက် ဂလက်ဆီရဲ့ အခြားနေရာတွေကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ပို့ဆောင်ကြတယ်... တကယ်တော့ ဒီနေရာဟာ... လူသား မွေးမြူရေးခြံပဲ"
***
အပိုင်း(၁၉၆၈)
“တကယ်တော့ ဒီနေရာဟာ... လူသား မွေးမြူရေးခြံပဲ"
ထို့ပိဟန်က လေးနက်သော လေသံဖြင့် ရှင်းပြမှုကို အဆုံးသတ်လိုက်၏။ သူ၏ အသံထဲတွင် ဒေါသအရိပ်အယောင်များ ပါဝင်နေ၏။ သူသည် လူသားမျိုးနွယ်အပေါ် ဘက်လိုက်မှု အနည်းငယ် ရှိနေဆဲ ဖြစ်သည်။
ဝေ့ဝူယင်၏ တန်းတူညီမျှမှု ဝါဒကို သူ ပြန်လည် စဉ်းစားမိသည်။ အပင်ဖြစ်စေ၊ သားရဲဖြစ်စေ၊ လူသားဖြစ်စေ သက်ရှိအားလုံးမှာ အတူတူပင် ဖြစ်သည်။ ကံကောင်းခြင်းများ ရရှိနေသည်ဖြစ်စေ၊ အုပ်စုလိုက် သတ်ဖြတ်ခံနေရသည်ဖြစ်စေ အားလုံးမှာ သက်ရှိများသာ ဖြစ်သည်။
ထို့ပိဟန် အသက်ပြင်းပြင်း ရှူလိုက်ရင်း ရင်ထဲမှ မွန်းကြပ်မှုများကို ထုတ်ပစ်လိုက်၏။ ကံကောင်းတာ တစ်ခုက... ဝေ့ဝူယင်မှာ လူသားတို့၏ ဘက်လိုက်မှုကို နားလည်ပေးပြီး၊ လွန်လွန်ကျူးကျူး မဟုတ်သရွေ့ အာဏာရှင် အဖွဲ့သားများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ပေးထားခြင်းပင် ဖြစ်သည်။ ထို့ပြင် သူသည် စည်းလုံးညီညွတ်မှုကို အတင်းအကျပ် ဟောပြောခြင်းမျိုးလည်း မလုပ်ပေ။ မည်သည့် လူမျိုးဖြစ်စေ၊ သတ်ဖြတ်ခြင်းကိုတော့ ခံရနိုင်သည်သာ ဖြစ်သည်။
ဝေ့ဝူယင်၏ ဤကဲ့သို့သော လွတ်လပ်စွာ တွေးခေါ်ခွင့်ပေးမှုကပင် လူအများအား သူ တစ်ခါမျှ မစဉ်းစားဖူးသည့် အမြင်သစ်များကို ဖြည်းဖြည်းချင်း နားလည်လာစေရန် လမ်းပြပေးနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် - အကယ်၍ ဤနေရာရှိ လူသားများကို သားရဲများဖြင့် အစားထိုးကြည့်လျှင် မည်သို့ ဖြစ်မည်နည်း။ ၎င်းကို လူသား အမြောက်အများက လက်ခံကြမည်သာ။
ထို့ပိဟန်က သားရဲများအတွက် လူသားမွေးမြူရေးခြံ ဖြစ်နေသော ဤဟန်ပြ နိဗ္ဗာန်ဘုံအကြောင်းကို အသေးစိတ် ရှင်းပြရင်း ဆက်လက် လျှောက်လှမ်းလာခဲ့ကြရာ၊ နောက်ဆုံးတွင် ကန်ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။
"ကျွန်တော် စုံစမ်းနေတုန်းမှာ ဒီကန်ကို ရှာတွေ့ခဲ့တာပါ... ကန်ကတော့ အရေးမကြီးပါဘူး၊ ဒါပေမဲ့ အဲဒီထဲမှာ ကူးခတ်နေတဲ့ အရာကတော့..."
"ဘာကူးခတ်နေလို့လဲ"
သခင်လေးရှန့်၏ စူးစမ်းလိုစိတ်မှာ မြင့်တက်လာ၏။ သူ အရင်တစ်ကြိမ်က ဤကန်ကို မတွေ့ခဲ့ဖူးပေ။ သူ လွဲချော်သွားခဲ့ခြင်းလား။ ကြိုးစားစဉ်းစားကြည့်စဉ် ဦးနှောက်က အနည်းငယ် နာကျင်လာ၏။
ဝေ့ဝူယင်က ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် တလက်လက် တောက်ပနေသော ကန်ရေပြင်ကို စစ်ဆေးကြည့်လိုက်၏။ ထိုသို့ ကြည့်လိုက်စဉ်မှာပင်...
“ဟမ်...”
သူ့ မျက်ဝန်းများမှာ ထူးခြားသော ပုံရိပ်တစ်ခုကို ဖမ်းယူလိုက်မိသည်။ ရွှယ်ရီဖေးနှင့် စတင် တွေ့ဆုံခဲ့စဉ်က ခံစားခဲ့ရသော ခံစားချက်မျိုး ယခုတစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး၊ သူ အသက်ရှူပင် ရပ်တန့်သွားမတတ် ခံစားလိုက်ရသည်။ သူ၏ မျက်ဝန်းများမှာ ယခင်က တစ်ခါမျှ မဖြစ်ဖူးလောက်အောင် အစွန်းကုန် တောက်ပလာတော့၏။
ဝေ့ဝူယင်၏ ရုတ်ခြည်း တုံ့ပြန်မှုကို မြင်ရသောအခါ ထို့ပိဟန်က သူ့အား အကြောင်းကြားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း သိလိုက်ရသည်။
ကန်ရေပြင်အတွင်း၌ ရွှေရောင် ပိုးအိမ် တစ်ခု ရှိနေသည်။ ဝေ့ဝူယင်မှာ အသက်ရှူမှားလောက်အောင် ဖြစ်နေချိန်တွင်၊ သခင်လေးရှန့်က မျက်လုံးကျင့်စဉ်ကို သုံးကာ ရွှေရောင်ပိုးအိမ် အတွင်းရှိ မှိန်ပျပျ ပုံရိပ်ကို ကြည့်လိုက်၏။ ချက်ချင်းပင် သူ့ မျက်လုံးများ ပြူးထွက်သွားတော့သည်။
သူ မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားပြီး လက်ထဲမှ ဝိုင်အိတ်ပင် လွတ်ကျသွား၏။ ပါးစပ်မှ ဝိုင်များ စီးကျလာသည် အထိပင် ဆွံ့အသွားရသည်။ သူသည် မျက်လုံးများကို အစွမ်းကုန် ပြူးကြည့်ရင်း လက်နှစ်ဖက်ဖြင့် ညွှန်ပြကာ အော်ဟစ်လိုက်တော့သည်။
"ကောင်းကင်ဘုံ... ကောင်းကင်ဘုံ... ကောင်းကင်ဘုံ..."
...
"ကောင်းကင်ဘုံ... ကောင်းကင်ဘုံ... ကောင်းကင်ဘုံ..."
သခင်လေးရှန့်သည် လုံးဝ စိတ်ဖောက်ပြန်သွားသည့်အလား ထိုစကားလုံးကိုပင် တတွတ်တွတ် ရွတ်ဆိုနေတော့၏။ သူ၏ လက်ချောင်းများမှာ တုန်ရင်နေပြီး လက်ထဲမှ ဝိုင်ဘူးမှာလည်း မြက်ခင်းပြင်ပေါ်သို့ မှောက်ကျနေသည်။ သူ့ အသက်ရှူသံများမှာ ပိုမိုမြန်ဆန်လာပြီး ကောင်းကင်ဘုံ ဟု တစ်ခွန်းဆိုတိုင်း ပို၍ ပို၍ အသံကျယ်လာကာ သူကိုယ်တိုင် မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင် ဖြစ်နေပုံရသည်။
ထို့ပိဟန်မှာ မည်သို့ တုံ့ပြန်ရမှန်းမသိဘဲ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ကာ ကြောက်ရွံ့စိတ်ပင် ပေါ်ပေါက်လာ၏။ သူ ဝေ့ဝူယင်၏ အမြဲတမ်း တည်ငြိမ်အေးဆေးလှသော မျက်နှာကို အားကိုးတကြီး လှမ်းကြည့်လိုက်မိချိန်တွင် နှလုံးခုန်သံမှာ ဒိန်းခနဲ ဖြစ်သွားရ၏။
ဝေ့ဝူယင်၏ လက်ရှိ ပုံရိပ်မှာ အလွန်တရာ စွဲမက်ဖွယ်ကောင်းသလို ပြင်းထန်လှသည်။ လူငယ်၏ ငွေရောင်မျက်ဝန်းတစ်စုံမှာ ထိန်းချုပ်မရသော အလိုရမ္မက်များနှင့် တောက်ပနေပြီး ဝိညာဉ်၏ အနက်ရှိုင်းဆုံးမှ လာသော မူလ ဆာလောင်မှုများကို ဖော်ပြနေသည်။
ထို့ပိဟန် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွား၏။ သူ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်း ဖြစ်လာကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ ထိုခြေလှမ်းကြောင့် ကမ္ဘာကြီးပင် တုန်ခါသွားသယောင် ရှိ၏။
ဝေ့ဝူယင်၏ စိတ်ထဲတွင် ဗရမ်းပတာ ဖြစ်နေသည်။ ကောင်းကင်စစ်ဝိညာဉ်မှာ အသိစိတ်ပင်လယ်အတွင်း ရွှေရောင်ဒြပ်ထုတစ်ခုအဖြစ် လူးလွန့်လှုပ်ရှားနေပြီး စိတ်စွမ်းအင်များကို ရူးသွပ်မတတ် လှုံ့ဆော်နေသဖြင့် သူ ထို့ပိဟန်၏ ပူပန်မှုများကို သတိမထားမိပေ။
"ဒါ ရှိနေတာပဲ"
ကောင်းကင်စစ်ဝိညာဉ်မှာလည်း ထိုစကားလုံးကို ထပ်တလဲလဲ ရေရွတ်လိုက်၏။
"သတိထား"
တစ်ခဏ ကြာပြီးနောက် သူမက ဝေ့ဝူယင်ကို ကောင်းကင်မိုးကြိုးသံကဲ့သို့ ကျယ်လောင်လှသော အသံဖြင့် သတိပေးလိုက်သည်။ ထိုအသံက လူငယ်၏ စိတ်အာရုံကို ထူးထူးခြားခြား နိုးကြားသွားစေသည်။
"ဟမ်..."
ဝေ့ဝူယင်မှာ ထိုအသံကြောင့် တုန်လှုပ်သွားခဲ့၏။ ထိုအခိုက်၌ သူသည် ကန်ရေပြင်၏ အစွန်းတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရပြီး ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ရေပြင်ပေါ်သို့ နင်းမိတော့မည့် အခြေအနေ ဖြစ်နေသည်။ သူ ထိုနေရာသို့ တမင်တကာ နီးကပ်အောင် သွားခဲ့ခြင်း မဟုတ်ပေ။
ထိုစဉ်မှာပင် နောက်ဘက်မှ သခင်လေးရှန့်၏ အသက်ရှူသံ အပြင်းအထန် ကြားလိုက်ရသဖြင့် ဝေ့ဝူယင် လှည့်ကြည့်လိုက်သည်။ ဝတ်ရုံဖြူနှင့် လူငယ်လေးမှာ ဒူးကို လက်ဖြင့်ပိုက်ကာ ထိုင်နေပြီး မျက်လုံးများ ရဲရဲနီလျှက် အံကို တင်းတင်းကြိတ်ထားသည်။ ကြိတ်အားမှာ အလွန် ပြင်းထန်လွန်းရကား သွားဖုံးများမှ သွေးပင်ထွက်နေ၏။ သူ့ မျက်လုံးများမျာ အရှေ့သို့သာ စိုက်ကြည့်နေပြီး သွားကြားထဲမှ တစ်လုံးတည်းသော စကားလုံးကို တိုးတိုးလေး ရွတ်နေသည်။
"ကောင်းကင်ဘုံ"
ဝေ့ဝူယင် ခြေလှမ်းများကို ရပ်တန့်လိုက်၏။ သူ ထိတ်လန့်သွားခြင်း သို့မဟုတ် မဆင်မခြင် လုပ်ဆောင်ခြင်း မရှိဘဲ စိတ်အခြေအနေကို ဖြည်းဖြည်းချင်း ပြန်လည် ထိန်းညှိလိုက်သည်။ ထို့နောက် မိမိ၏ သတိစိတ် မပါဘဲ အတင်းအကျပ် ခိုင်းစေနေသော ထိုလှုံ့ဆော်မှု၏ အရင်းအမြစ်ကို စူးစမ်းလိုက်သည်။
"ငါ့ဝိညာဉ်လား..."
ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် သူ၏ ဝိညာဉ်သည် ကန်ရေပြင်အတွင်းမှ ထွက်ပေါ်လာသော အသံတိုးတိုးကြောင့် ခေါ်ဆောင်ခြင်း ခံနေရကြောင်း သိလိုက်ရသည်။ အထူးသဖြင့် ရွှယ်ရီဖေး၏ အလှအပနှင့် တင့်တယ်မှုကဲ့သို့ပင် သူ့ နှလုံးသားကို ဖမ်းစားထားသည့် ထိုရွှေရောင်ပိုးအိမ်ကြောင့် ဖြစ်သည်။
သို့သော် ထို့ပိဟန်မှာမူ မည်သို့မျှ မခံစားရပေ။
"ဒါက ဥပဒေသတွေကြောင့်ပဲ"
ဧဒင်က ဝေ့ဝူယင် မမေးရသေးသော မေးခွန်းကို ဖြေလိုက်သည်။ ကြယ်တာရာ ဝိညာဉ်များကို ဝန်းရံထားသော သာမည ဥပဒေသ ခြောက်ခုမှာ သိသိသာသာ တုန်ခါနေပြီး ၎င်းကပင် သူ့ ဝိညာဉ်ကို သက်ရောက်စေခြင်း ဖြစ်သည်။
သခင်လေးရှန့်မှာမူ သူ၏ စိတ်ကို သီးခြားခွဲထုတ်ရန် စိတ်မန္တန် တစ်ခုကို အသုံးပြုနေပုံရ၏။ သူသည် ရူးသွပ်လုနီးပါး ဖြစ်နေသော်လည်း စိတ်ဓာတ်ခိုင်မာစေရန် ထူးခြားသော မှတ်ဉာဏ်ကူ နည်းလမ်း တစ်ခုကို အသုံးပြုကာ စိတ်ကို ထိန်းချုပ်နေခြင်း ဖြစ်သည်။
၎င်းမှာ အံ့ဖွယ်ကောင်းသော ကျိန်စာတစ်ခုပင်။ သို့သော် ထိုလွှမ်းမိုးမှုမှာ အလွန်ကျယ်ပြန့်ပြီး ကျူးကျော်ဝင်ရောက်နိုင်စွမ်း ရှိသဖြင့် မိမိ၏ ဆန္ဒမပါဘဲ ကန်ထဲသို့ ဆင်းမိတော့မည့် အပြုအမူမျိုးကို မလုပ်မိစေရန် တင်းတင်းကျပ်ကျပ် ထိန်းထားရသည်။ ဤသည်က မည်မျှ ကြောက်စရာ ကောင်းလိုက်ပါသနည်း။
***