← Chapters

ချီလန်၏ သဘောထား

Vol. 34 Ch. 362

ချီလန်၏ သဘောထား

Vol. 34 Ch. 362

ဝိညာဉ်စုစည်းပုတီးစေ့များနှင့် အင်မော်တယ် ဝိညာဉ်ပုတီးစေ့များကို အပြည့် သယ်ဆောင်ပြီးနောက် ထန်ထျန်းနှင့် ရှောင်မောက်တို့က လျူလီကမ္ဘာမှ အတူတကွ ထွက်လာခဲ့ကြ၏။

ထူးဆန်းသော ဥ နေရာလွတ်ထဲသို့ ပြန်ရောက်သည့်အခါ ပတ်ဝန်းကျင် အခြေအနေမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

လျူလီကမ္ဘာနှင့် ယှဉ်လျှင် ဤနေရာမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

သို့သော် ထူးဆန်းသည်မှာ ထန်ထျန်းသည်လည်း ရှောင်မောက်ပြောခဲ့သော ခံစားချက်မျိုးကို ခံစားလိုက်ရခြင်းပင် ဖြစ်၏။

ဤနေရာ၌ ဘာမှမရှိသော်လည်း လျူလီကမ္ဘာထက်စာလျှင် လူကို ပို၍ သက်သောင့်သက်သာ ဖြစ်စေပေသည်။

"ဒါဆိုရင်တော့ မင်း ဒီမှာပဲ ဆက်နေဦးမှာပေါ့"

"တကယ်လို့ အပြင်ထွက်ကစားချင်တာဖြစ်ဖြစ်၊ တစ်ခုခုရှိရင်ဖြစ်ဖြစ် ငါ့ကို တိုက်ရိုက်ပြောလို့ ရတယ်"

ထန်ထျန်းက ရှောင်မောက်ကို အနည်းငယ် မှာပြီးနောက် နေရာလွတ်ထဲမှ ထွက်လာခဲ့၏။

မိခင်ကမ္ဘာထဲသို့ ပြန်ဝင်လိုက်သည့်အခါ နောက်ထပ် ထူးခြားသော ခံစားချက်တစ်ခုကို ရရှိပြန်သည်။

မတူညီသော ကမ္ဘာသုံးခုကြားတွင် ကူးလူးသွားလာနေခြင်းက ထန်ထျန်းကို ထူးခြားသော သိမြင်နားလည်မှု တစ်မျိုး ရရှိစေခဲ့၏။

လတ်တလောတွင် အခြားကိစ္စများကြောင့် ရပ်တန့်နေခဲ့သော သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း နောက်ဆုံးတွင် လှုပ်ခတ်လာသည့် အရိပ်အယောင် ပြလာခဲ့ပြီ ဖြစ်သည်။

အချိန်မရွေး ရွှေအင်မော်တယ် အဆင့်သို့ တက်လှမ်းသွားနိုင်မည့်ပုံပင်။

သို့သော် ထန်ထျန်းမှာ တက်လှမ်းရန် မလောသေးဘဲ ဆက်သွယ်ရေး ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်၏။

ထျန်းရှထုန် ကုန်သွယ်ရေးအသင်း အခြေချမည့် ကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရန် လိုအပ်ပေသည်။

......

ထျန်းချီတောင်

လန်တင်းအင်မော်တယ်အရှင်က ခန်းမကြီးအတွင်း ထိုင်နေရင်း ထျန်းဖူနန်းတော်ရှိ တပည့်များ၏ ကြီးငယ်မဆိုသော ကိစ္စအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနေပေသည်။

တပည့်ပေါင်း ၁၀ သန်း ချီ၍ သူ၏ လက်အောက်တွင် ရှိနေသဖြင့် နေ့စဉ်ကိစ္စရပ်များမှာ အလွန်ပင် များပြားလှ၏။

သို့သော် အင်မော်တယ်အရှင် အထွက်အထိပ်အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးအတွက်မူ ဤအရာမှာ ပြဿနာကြီး မဟုတ်ပေ။

ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ် အစွမ်းကြောင့် ရှုပ်ထွေးသော ကိစ္စများကို အလွယ်တကူ ကိုင်တွယ်နိုင်ခြင်း ဖြစ်၏။

ရုတ်တရက် သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြား လှုပ်ခတ်လာသည်ကို သူ ခံစားလိုက်ရသည်။

ထုတ်ကြည့်လိုက်သည့်အခါ သူ၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားခဲ့၏။

"သူ နောက်တစ်ခါ ဘာဖြစ်ပြန်ပြီလဲ..."

ထန်ထျန်းနှင့် ပတ်သက်လျှင် လန်တင်းအင်မော်တယ်အရှင်၏ စိတ်နေစိတ်ထားမှာ အနည်းငယ် ရှုပ်ထွေးလှပေသည်။

အစပိုင်းတွင် ထန်ထျန်းမှာ ပါရမီထူးချွန်ပြီး အစွမ်းအစရှိသော သာမန်တပည့်တစ်ဦးသာ ဖြစ်သည်ဟု သူ ထင်ခဲ့၏။

ကံမကောင်းစွာဖြင့် နဂါးတံခါးဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခဲ့ရပြီး အကြောင်းမဲ့ အပြစ်ပေးခံခဲ့ရသူအဖြစ် သူက သနားမိခဲ့ခြင်း ဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဤ ၁၈ နှစ်အရွယ် လူငယ်လေးမှာ သူ ထင်ထားသလောက် မရိုးရှင်းကြောင်း သူ သတိထားမိလာခဲ့သည်။

ထန်ထျန်းက အပြင်လောကမှ လာသူဖြစ်သော်လည်း တာဝန်ယူလိုစိတ် အလွန် ပြင်းထန်၏။

ပေးဆပ်ရန် မလိုသော အကြွေး အမြောက်အမြားကိုပင် သူက နှမြောတွန့်တိုခြင်း မရှိဘဲ ပေးဆပ်ခဲ့သည်။

ခွန်အား ပိုင်းတွင်လည်း လူတိုင်း၏ ထင်မှတ်ထားတာထက်ကို အကြိမ်ကြိမ် ကျော်လွန်ပြခဲ့၏။

ကျင့်စဉ်မျှော်စင် တွင်လည်း ကျင့်စဉ်မျှော်စင် ၏ ပုံမှန်လည်ပတ်မှုကိုပင် ပျက်စီးလုနီးပါး ဖြစ်စေလောက်အောင် နားလည်ရခက်သော စံချိန်တစ်ခုကို တင်ခဲ့ပေသေးသည်။

ပြန်စဉ်းစားကြည့်လျှင် ထန်ထျန်း ပါဝင်ပတ်သက်ခဲ့သော ကိစ္စမှန်သမျှမှာ ထူးခြားဆန်းပြားသွားတတ်သည်ချည်းသာ ဖြစ်၏။

ထန်ထျန်းဆိုသော လူမှာ တစ်ကိုယ်လုံး လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေကြောင်း လန်တင်းအင်မော်တယ်အရှင် သိလာခဲ့သည်။

သို့သော်လည်း ထျန်းဖူနန်းတော် တပည့်များကို စီမံသူတစ်ဦးအနေဖြင့် တပည့်များ၏ လျှို့ဝှက်ချက်ကို စုံစမ်းခြင်းမှာ သိက္ခာကျသလို စည်းကမ်းနှင့်လည်း မညီပေ။

ထန်ထျန်းအနေဖြင့် ထျန်းဖူနန်းတော် တပည့်တစ်ဦးအဖြစ် အေးအေးဆေးဆေး နေ နေသရွေ့ သူက ထန်ထျန်း၏ အနာဂတ်အတွက် ကောင်းမွန်ရန်သာ ဆုတောင်းပေးမည် ဖြစ်၏။

ဒါပေမဲ့...

ထန်ထျန်းက သူ့ကို ဆက်သွယ်လာသည့် အကြိမ်အရေအတွက်မှာ အနည်းငယ် စိပ်နေသလိုပင်။

ဖြစ်နိုင်သည်မှာ နောက်တစ်ခါ အကြွေးဆပ်ဖို့လား။

လန်တင်းအင်မော်တယ်အရှင် ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်း ဆက်သွယ်တာ ကို လက်ခံလိုက်၏။

"အရှင်ချီ မင်္ဂလာပါ၊ တပည့်မှာ အရှင်ကို အကူအညီတောင်းစရာ ကိစ္စလေးတစ်ခု ရှိလို့ပါ"

တစ်ဖက်မှ ထန်ထျန်း၏ စကားသံ ထွက်ပေါ်လာသည်။

လန်တင်းအင်မော်တယ်အရှင် မျက်ခုံးပင့်လိုက်ရင်း "အကြွေးဆပ်မလို့လား"

ထန်ထျန်းက ချက်ချင်း ပြုံး လိုက်ပြီး "တပည့်ရဲ့ အတွေး ကို အရှင်ချီ က အကဲခတ်မိနေတာပဲ။"

" ဟုတ်ပါတယ်... တပည့်က လတ်တလောမှာ တာအိုကျောက်စိမ်း အချို့ ထပ်ရထားလို့ အကြွေး တစိတ်တပိုင်းလောက် ထပ်ဆပ်ချင်လို့ပါ"

လန်တင်းအင်မော်တယ်အရှင် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။

အကြွေးဆပ်ခြင်းကိစ္စ ဖြစ်နေပြန်ပြီ။

ထန်ထျန်း၏ ဤလုပ်ရပ်မှာ သူ နားမလည်နိုင်ဆုံး အရာပင် ဖြစ်၏။

မဆပ်ဘဲ နေလို့ရပါလျက်နှင့် အတင်းအကျပ် ဆပ်နေခြင်းမှာလည်း အကြွေးတောင်းသူထက်ပင် ပို၍ တက်ကြွနေပေသေးသည်။

သူ ဘယ်လိုပင် စဉ်းစားကြည့်သော်လည်း ထန်ထျန်း ဤသို့လုပ်ရသည့် အကြောင်းရင်းကို ရှာမတွေ့ပေ။

နောက်ဆုံးတွင်တော့ ထန်ထျန်း၏ တာဝန်ယူလိုစိတ် ပြင်းထန် လွန်းခြင်းကြောင့်ဟုသာ သူ သတ်မှတ်လိုက်တော့သည်။

"ဒီတစ်ခါ ဘယ်လောက် ဆပ်မှာလဲ"

လန်တင်းအင်မော်တယ်အရှင်က မေးလိုက်၏။

ထန်ထျန်းက ခဏရပ်ပြီး "တိကျတဲ့ ပမာဏကိုတော့ အရှင် နဲ့ လူချင်းတွေ့မှ ပြောပြချင်ပါတယ်။"

" ဘာလို့လဲဆိုတော့ ဒီတစ်ခါ အကြွေးဆပ်တာအပြင် အရှင့်ကို ဆုံးဖြတ်ပေးစေချင်တဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ"

ထန်ထျန်း၏ စကားကို ကြားလိုက်ရသည့်အခါ လန်တငိးအင်မော်တယ်အရှင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

အကူအညီတောင်းစရာ ရှိနေလို့ကိုး။

ဤသို့ဆိုလျှင်တော့ ပို၍ ပုံမှန်ဖြစ်သွားပြီ ဖြစ်၏။

လန်တင်းအင်မော်တယ်အရှင်မှာ စိတ်ဆိုးခြင်း မရှိသည့်အပြင် အနည်းငယ်ပင် ဝမ်းသာသွားခဲ့သည်။

အမှန်စင်စစ် နဂါးတံခါးဖြစ်ရပ် ပြီးကတည်းက သူသည် ထန်ထျန်းကို အခွင့်အရေးရလျှင် ပြန်လည် ပေးဆပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ထန်ထျန်းမှာ အကြောင်းမဲ့ ဘေးဒုက္ခ ကြုံခဲ့ရသည် မဟုတ်လား။

သို့သော် သူ ဘာမှ မလုပ်ရသေးမီမှာပင် ထန်ထျန်းက အကြွေးတွေ အမြောက်အမြား အရင်လာဆပ်နေသဖြင့် သူ မည်သို့ ပြန်ပေးဆပ်ရမည်ကို မသိအောင် ဖြစ်နေခဲ့ရသည်။

ယခု ထန်ထျန်းက အကူအညီတောင်းစရာ ရှိသည်ဟု ပြော လာခြင်းက လန်တင်းအင်မော်တယ်အရှင်ကို စိတ်ပေါ့ပါးသွားစေခဲ့သည်။

"ရတာပေါ့... ပြဿနာ မရှိဘူး"

လန်တင်းအင်မော်တယ်အရှင်က တိုက်ရိုက်ပင် ပြောလိုက်၏။

ထန်ထျန်းက အံ့အားသင့်သွားရင်း "အရှင် က... ဘာကိစ္စလဲဆိုတာ မမေးတော့ဘူးလား"

လန်တင်းအင်မော်တယ်အရှင်က ပြုံး ရင်း "ထျန်းဖူနန်းတော် ရဲ့ စည်းကမ်းနဲ့ မညီတဲ့ ကိစ္စဆိုရင်တော့ မင်း ဘယ်လောက်ပဲ အကျိုးအမြတ် ပေးပေး ငါ လုပ်ပေးမှာ မဟုတ်ဘူး။"

" တကယ်လို့ စည်းကမ်းနဲ့ ညီတဲ့ ကိစ္စဆိုရင်တော့ ငါ မလုပ်ပေးနိုင်တာ မရှိသလောက်ပဲ။ "

"မင်း အခုပဲ လာခဲ့လိုက်တော့၊စည်းကမ်း ထိန်းသိမ်းရေး ခန်းမ ဘက်က သီးသန့်အခန်းမှာ တွေ့ကြတာပေါ့"

ထျန်းချီတောင်ပေါ်သို့ စိတ်ကြိုက် တက်ခွင့်မရှိသဖြင့် သူက စည်းကမ်း ထိန်းသိမ်းရေး ခန်းမတွင် ချိန်းလိုက်ခြင်း ဖြစ်သည်။

အရင်က စစ်ဆေးမှုအပြီး သူတို့နှစ်ဦး စကားပြောခဲ့သည့် နေရာမှာလည်း စည်းကမ်း ထိန်းသိမ်းရေး ခန်းမ၏ သီးသန့်အခန်းပင် ဖြစ်၏။ ထိုနေရာမှာ လုံခြုံမှုရှိပြီး အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန် အလွန်ပင် သင့်တော်သော နေရာ ဖြစ်သည်။

အင်အားကြီး မိသားစုများကြား အစည်းအဝေးများကိုလည်း ဤနေရာ၌သာ ပြုလုပ်လေ့ ရှိကြပေသည်။

"ကောင်းပါပြီ... အခုပဲ လာခဲ့ပါ့မယ်"

ထန်ထျန်းက ပြန် ဖြေလိုက်၏။

ထို့နောက် သူတို့နှစ်ဦး၏ ဆက်သွယ်မှုမှာ ပြီးဆုံးသွားခဲ့သည်။

ထန်ထျန်းက မေးစေ့ကို အသာအယာ ပွတ်ရင်း တစ်ခုခုကို စဉ်းစားနေမိ၏။

ခုနက စကားပြောနေစဉ်အတွင်း လန်တင်းအင်မော်တယ်အရှင်က သူ့အပေါ် သဘော အတော်လေး ကောင်းကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ဘာကိစ္စလဲဆိုတာတောင် မမေးဘဲ တိုက်ရိုက် လက်ခံလိုက်သည် မဟုတ်လား။

ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်း အဖြေတစ်ခုကို တွေ့လိုက်၏။

ဖြစ်နိုင်သည်မှာ ရှန့်ထန်းတာအိုကျောက်စိမ်းများကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ပိုက်ဆံဆိုသည်မှာ တကယ်ကို ကောင်းသော အရာပင်။

အရာရာနီးပါးကို ဖြေရှင်းနိုင်ပေသည်။

ဤလောကတွင် ပိုက်ဆံဖြင့် ဖြေရှင်း၍ မရသော ကိစ္စများ ရှိသည်ဟု ပြောကြသော်လည်း အမှန်စင်စစ်မှာ ပိုက်ဆံ မလုံလောက်ခြင်း သို့မဟုတ် အသုံးပြုသည့် နည်းလမ်း မမှန်ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

လန်တင်းအင်မော်တယ်အရှင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို တိုက်ရိုက် သွားပေးလျှင်တော့ သူ၏ မျက်နှာကို ဖြတ်ရိုက်ခြင်း ခံရနိုင်သလို လူသိရှင်ကြား အပြစ်တင်ခြင်းကိုလည်း ခံရနိုင်ပေသည်။

သို့သော် ထျန်းဖူနန်းတော်အတွက် သင့်တင့်လျောက်ပတ်သော အကြောင်းပြချက်ဖြင့် ပေးအပ်မည်ဆိုပါက ရရှိမည့် အကျိုးကျေးဇူးမှာ တိုက်ရိုက်ပေးခြင်းထက် အဆပေါင်းများစွာ သာလွန်ပေလိမ့်မည်။

ထို့အပြင် လန်တင်းအင်မော်တယ်အရှင် အနေဖြင့်လည်း အားနာစိတ် ဖြစ်ပေါ်လာပြီး ပြန်လည် ပေးဆပ်ရန် နည်းလမ်းမျိုးစုံ ကြိုးစားပေလိမ့်မည်။

ဤသို့ဆိုလျှင် ကိစ္စအတော်များများမှာ ပို၍ လွယ်ကူသွားပြီ ဖြစ်၏။

ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက် ထန်ထျန်းက ပြုံး ရင်း ထလိုက်သည်။

အမှန်စင်စစ် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာခြင်းမှာ သူ တမင်တကာ ကြံစည်ခဲ့ခြင်း မဟုတ်ဘဲ တိုက်ဆိုင်မှုများကြောင့်သာ ဖြစ်၏။

သူ၏ စိတ်နေစိတ်ထားကြောင့် ဖြစ်ပေါ်လာရသော ရလဒ်ဟုလည်း ပြော၍ ရပေသည်။

ယနေ့ ကိစ္စမှာ သူ ထင်ထားသလောက် ချောမွေ့ပါ့မလား ဆိုသည်ကိုတော့ စောင့်ကြည့်ရပေဦးမည်။

ထန်ထျန်းက တံခါးကို ဖွင့်ကာ ချင်းရွှီခြံဝင်းမှ ထွက်လာခဲ့တော့သည်။

All Chapters