အရင်းရှင်တို့၏နည်းလမ်း
Vol. 34 Ch. 364
လန်တင်းအင်မော်တယ်အရှင်က တပည့်များကြောင့် ဒေါသထွက်ရသည်မှာ ယခုတစ်ကြိမ်က ပထမဆုံး မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက တပည့်များအပေါ် အလွန်အမင်း အလေးထားပြီး သူတို့၏ အနာဂတ်အတွက် အမြဲစိုးရိမ်ပေးတတ်သူဖြစ်ရာ ဒေါသထွက်ရသည့် အကြိမ်အရေအတွက်မှာ မနည်းလှပေ။
အကြောင်းမှာ လူငယ်ဟူသည် အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်သည့် အကျင့်လေးများ ရှိတတ်ကြသောကြောင့်ပင်။
အချို့တပည့်များမှာ ပါရမီ အလွန်ကောင်းပါလျက်နှင့် ကိုယ်ရည်ကိုယ်သွေးကြောင့် ကျင့်ကြံခြင်း ပါရမီကို အလကား ဖြုန်းတီးပစ်တတ်ကြ၏။
ဥပမာအားဖြင့် အချို့မှာ နေရာတကာ ထင်ပေါ်ချင်ပြီး စတိုင်ထုတ်လွန်းသဖြင့် အင်အားကြီး ရန်သူများနှင့် ငြိစွန်းကာ တစ်ဝက်တစ်ပျက် သေလုနီးပါး အရိုက်ခံရပြီး အခြေခံများ ပျက်စီးသွားတတ်ကြသည်။
အချို့မှာ အပြင်ပန်း ကို အလွန်အမင်း အလေးထားပြီး အလှအပနှင့် စည်းစိမ်နောက် လိုက်နေသဖြင့် ကျင့်ကြံခြင်းလမ်းမှ ဝေးကွာကာ သာမန်လူဘဝသို့ ပြန်ရောက်သွားကြ၏။
အချို့ကမူ တိမ်လို လေနှင်ရာလွှင့် သော အချစ်နောက် လိုက်ရင်း နောက်ဆုံးတွင် စိတ်ဒဏ်ရာရကာ ပြန်မထနိုင်တော့ပေ။
ဤကဲ့သို့သော ကိစ္စများ ဖြစ်လာတိုင်း လန်တင်းအင်မော်တယ်အရှင်မှာ အလွန်ပင် ဒေါသထွက်ရ၏။
သူတို့အတွက် နှမြောတသ ဖြစ်ရပေသည်။
သို့သော် ယနေ့တွင်မူ တပည့်ဖြစ်သူက အလွန်အမင်း လူကြီးဆန်လွန်းပြီး စကားနားထောင်လွန်းသောကြောင့် ဒေါသထွက်ရခြင်းမှာ ပထမဆုံးပင် ဖြစ်၏။
ဒေါသထွက်လွန်း၍ ပေါက်ကွဲထွက်လုနီးပါးပင်။
သူက ထန်ထျန်းအပေါ် အကြွေးတင်နေသည်ဟု ခံစားနေရသဖြင့် အခွင့်အရေးရလျှင် ပြန်လည် ပေးဆပ်ရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ထန်ထျန်းက အကူအညီတောင်းလာသည့်အခါ သူ အတော်လေး ဝမ်းသာသွားခဲ့၏။
ထန်ထျန်းက ရှင့်ပေါင်ကျွန်းပေါ်တွင် နေရာတစ်ခု တောင်းဆိုသည့်တိုင် သူ တွေဝေခြင်း မရှိဘဲ ထန်ထျန်း၏ သတ္တိကိုပင် ချီးကျူးခဲ့ပေသေးသည်။
သို့သော် ထန်ထျန်း လိုချင်သည့်နေရာမှာ ရွှမ်ယွင်မျှော်စင်၏ ဘေးကပ်လျက် ကုန်းမြေ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ဤသည်မှာ သေတွင်းထဲ တိုက်ရိုက် ခုန်ဆင်းနေခြင်းသာ ဖြစ်၏။
သူက ဖျောင်းဖျကြည့်သော်လည်း ထန်ထျန်းက နားမဝင်ခဲ့ပေ။
'ကောင်းပြီလေ... မင်း ကြိုက်သလိုသာ ကစားတော့၊ မြေငှားခလည်း ငါ မယူတော့ဘူး'
' ဘာပဲဖြစ်ဖြစ် မင်း အဲဒီမှာ ကြာကြာ ခံမှာ မဟုတ်ဘူး'
သူက ထန်ထျန်းကို အပျော်ကစားခိုင်းသလိုမျိုး သဘောထားလိုက်သည်။
ဒါပေမဲ့ ထန်ထျန်းက ဘာပြန်ပြောသလဲ။
မြေငှားခကို အတင်းအကျပ် ပေးချင်သည်တဲ့... ဤသည်မှာ တကယ်ကို...။
လန်တင်းအင်မော်တယ်အရှင်က အသက်ကို ပြင်းပြင်းရှူရင်း စိတ်တိုနေမှုကို လျှော့ချကာ ထန်ထျန်းကို ရိုက်ချင်သည့် စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားလိုက်ရ၏။
ထန်ထျန်းနှင့် အကြိမ်ကြိမ် ထိတွေ့ဖူးသဖြင့် ထန်ထျန်းမှာ စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်သလို အမိုက်မဲဆုံး လူစားမျိုးလည်း မဟုတ်ကြောင်း သူ သိပေသည်။
သို့သော် ထန်ထျန်း လုပ်နေသည်များကတော့ ထိုသို့ပင် ထင်စရာ ဖြစ်နေ၏။
"အဲဒီမြေရဲ့ ငှားခက ဘယ်လောက်လဲဆိုတာ မင်း သိရဲ့လား"
"မင်းရဲ့ ထျန်းရှထုန် ကုန်သွယ်ရေးအသင်း တစ်ခုလုံးကို ရောင်းလိုက်ရင်တောင် ခြောက်လစာ ငှားခအတွက် လောက်မှာ မဟုတ်ဘူး"
လန်တင်းအင်မော်တယ်အရှင်က အော်ဟစ်ကာ ပြောလိုက်သည်။
ထန်ထျန်းကတော့ ငြိမ်နေပေသည်။
ငှားခ မည်မျှရှိသည်ကို သူ အသေအချာ သိ၏။
သို့သော် ထို့ကြောင့်ပင် သူက ပေးချင်နေခြင်း ဖြစ်သည်။
မဟုတ်ပါက ပေးချင်တာထက် သုံးစွဲမှုအမှတ် တွေကို ဘယ်လိုလုပ်ပြီး ရနိုင်တော့မည်နည်း။
တာအိုကျောက်စိမ်း သန်းပေါင်းများစွာ ရနိုင်မည့် အခွင့်အရေးကို သူ အလကား အဆုံးရှုံးမခံနိုင်ပေ။
သူက စကားလုံးများကို အသေအချာ ရွေးချယ်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ "အရှင်ချီ... အရှင်က တပည့်အပေါ် စေတနာထားတာကို တပည့် သိပါတယ်။ "
"ဒါပေမဲ့ တပည့်က စည်းကမ်းကို အလေးထားတဲ့သူပါ။"
" ဒါကြောင့် အရှင်နဲ့ ရင်းနှီးတာကို အခွင့်ကောင်းယူပြီး ဒီလိုနေရာကောင်းကို အလကား မယူချင်ပါဘူး။"
" တခြားသူတွေ မြင်ရင်လည်း အတင်းအဖျင်း ပြောကြပါလိမ့်မယ်"
လန်တင်းအင်မော်တယ်အရှင်က မျက်လုံးအပြူးသားဖြင့် "ဘယ်သူက အတင်းပြောဝံ့လို့လဲ"
"ငါ ခွင့်ပြုတာလို့သာ ပြောလိုက်၊ ငါ့ရှေ့မှာ ဘယ်ကောင်က အသံထွက်ဝံ့မလဲ ကြည့်ရသေးတာပေါ့"
အမြဲတမ်း ယဉ်ကျေးသိမ်မွေ့သော သူကပင် ရုန့်ရင်းသော စကားလုံးများကို မထိန်းနိုင်ဘဲ ပြောထွက်လာတော့သည်။
ထန်ထျန်းက မကြားချင်ယောင်ဆောင်ကာ ဆက်ပြော၏။ "နှုတ်ကနေ မပြောရင်တောင် စိတ်ထဲမှာတော့ မကျေနပ်ကြမှာ အမှန်ပါပဲ။ "
"တပည့်က အဲဒီလို ရလဒ်မျိုးကို မတွေ့ချင်ပါဘူး။ "
"ပိုက်ဆံလေး နည်းနည်းပေးပြီး ဖြေရှင်းလို့ရတဲ့ ကိစ္စကို အပိုတွေ မလုပ်ချင်ပါဘူး"
"နောက်ပြီးတော့..."
"တပည့် ဒီနေရာ ကို ရွေးချယ်တာက သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်တာပါ။ စိတ်လိုက်မာန်ပါ လုပ်တာ မဟုတ်ပါဘူး။"
" ရွှမ်ယွင်မျှော်စင်ရဲ့ ဘေးမှာ တပည့် အေးအေးချမ်းချမ်း ရပ်တည်နိုင်လိမ့်မယ်လို့လည်း ယုံကြည်မှု ရှိပါတယ်"
လန်တင်းအင်မော်တယ်အရှင်က နှုတ်ခမ်းမဲ့လိုက်မိ၏။
တာအိုကျောက်စိမ်း သန်းပေါင်းများစွာကို "ပိုက်ဆံလေး နည်းနည်း" ဟု ပြောနေသည်လား။
နောက်ပြီး ထိုနေရာတွင် ဘယ်လိုလုပ် ရပ်တည်နိုင်မည်ဟု ယုံကြည်နေရသနည်း။
"မင်းရဲ့ ယုံကြည်မှုက ဘယ်ကနေ လာတာလဲဆိုတာ ငါ တကယ် မသိတော့ဘူး"
လန်တင်းအင်မော်တယ်အရှင်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ဖုံးလွှမ်းနေပေသည်။
ထန်ထျန်းလည်း အနည်းငယ် စိတ်ပျက်သွားရ၏။ ပိုက်ဆံပေးချင်တာတောင် ဤမျှ ခက်ခဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက နေရာလွတ်ထဲမှ တောက်ပပြီး ကြည်လင်နေသော ပုတီးစေ့ ခြောက်စေ့ကို ထုတ်ကာ လန်တင်းအင်မော်တယ်အရှင်၏ ရှေ့သို့ ချပြလိုက်၏။
"တပည့် မှတ်မိသလောက်ဆိုရင် ဒီလို အရည်အသွေးမျိုးက ဈေးကွက်ထဲမှာ မရှိသေးပါဘူး။"
" အရှင် တစ်ချက်လောက် ကြည့်ပေးပါဦး"
ထန်ထျန်းက ပြော သည်။
သူ ထုတ်ပြလိုက်သည်မှာ လျူလီကမ္ဘာမှ ထုတ်လုပ်ထားသော ဝိညာဉ်စုစည်းပုတီးစေ့ နှင့် အင်မော်တယ် ဝိညာဉ်ပုတီးစေ့များပင် ဖြစ်၏။
လန်တင်းအင်မော်တယ်အရှင်က မျက်ခုံးပင့်လိုက်ရင်း လက်ကို ဝှေ့ယမ်းကာ ပုတီးစေ့ ခြောက်စေ့လုံးကို သူ၏ လက်ဖဝါးထဲသို့ သိမ်းယူလိုက်သည်။
အသေအချာ စစ်ဆေးပြီးနောက် သူက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
"ဟင်... အရမ်းကို သန့်စင်တဲ့ ဝိညာဉ်စွမ်းအားနဲ့ အင်မော်တယ်စွမ်းအားတွေပါလား"
"အရည်အသွေးကလည်း မြင့်မားသလို ပါဝင်တဲ့ ပမာဏကလည်း အတော်လေး များတာပဲ။ "
"မင်းမှာ ဒီလို ရတနာမျိုး ရှိနေတာလား"
လန်တင်းအင်မော်တယ်အရှင်မှာ အနည်းငယ် အံ့သြသွားရ၏။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ သန့်စင်သော ဝိညာဉ်ပစ္စည်းမျိုးမှာ သဘာဝထဲတွင် အလွန် ရှားပါးသောကြောင့် ဖြစ်သည်။
ကျင့်ကြံခြင်းအတွက်သာမက ဆေးလုံးဖော်စပ် ခြင်းနှင့် လက်နက်သွန်းလုပ်ခြင်း အတတ် ပညာများတွင်လည်း ဤကဲ့သို့ သန့်စင်သော စွမ်းအားမျိုးကို လိုအပ်သည့် အကြိမ်များစွာ ရှိပေသည်။
"တိုက်ဆိုင်မှုတစ်ခုကြောင့် ရရှိခဲ့တာပါ"
ထန်ထျန်းက ပြော၏။ "ဒီအရာတွေက တပည့်ဆီမှာ အမြောက်အမြား ရှိပါတယ်။ ဒါကြောင့် ဒါကို အဓိက အရောင်းရဆုံး ထုတ်ကုန် အဖြစ် ရောင်းချဖို့ ပြင်ဆင်ထားတာပါ။ "
"တခြားသူမှာ မရှိဘဲ ကိုယ့်ဆီမှာပဲ ရှိတာက အကြီးမားဆုံး အားသာချက် မဟုတ်လား"
လန်တင်းအင်မော်တယ်အရှင်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြကာ ပုတီးစေ့များကို ပြန်ချလိုက်၏။
"အင်း... တကယ်လို့ ဒီလိုဆိုရင်တော့ ရပ်တည်နိုင်မယ့် အခွင့်အရေး ရှိတာပေါ့။"
" အခွင့်အရေးက နည်းနေသေးပေမဲ့ပေါ့လေ။"
" မင်း ဘယ်လောက်နဲ့ ရောင်းဖို့ စိတ်ကူးထားလဲ"
ထန်ထျန်းက ခဏစဉ်းစားပြီး "အဆင့်မြင့် ဝိညာဉ်စုစည်းပုတီးစေ့ တစ်စေ့ကို ရှန့်ထန်းတာအိုကျောက်စိမ်း ၁၀ တုံးလို့ သတ်မှတ်ထားပါတယ် "
"အလယ်အလတ်နဲ့ အဆင့်နိမ့်ကိုတော့ ဝိညာဉ်ကျောက်စိမ်းနဲ့ပဲ ရောင်းမှာပါ။ "
"အဆင့်နိမ့် အင်မော်တယ် ဝိညာဉ်ပုတီးစေ့ကိုတော့ တစ်စေ့ကို ၂၀၊ အလယ်အလတ်ကို ၁၀၀၊ ထိပ်တန်း ကိုတော့ တန်ဖိုးကြီးတဲ့အတွက် ၁၀၀၀ လို့ သတ်မှတ်ထားပါတယ် "
သူက ပုတီးစေ့များအတွင်းရှိ စွမ်းအားစုစုပေါင်းကို တွက်ချက်ကာ ဈေးနှုန်းကို ခန့်မှန်းလိုက်ခြင်း ဖြစ်၏။ း
သို့သော် လန်တင်းအင်မော်တယ်အရှင်ကတော့ ထန်ထျန်းကို အူကြောင်ကြောင် ပုံစံဖြင့် ကြည့်နေပေသည်။
"မင်းက အလကား ပေးလိုက်တော့မှာလား"
သူက နှာခေါင်းရှုံ့ရင်း ပြော၏။ "မင်း ပုံမှန် စီးပွားရေး ဘယ်လိုလုပ်လဲဆိုတာ ငါ တကယ် မသိတော့ဘူး။ ထျန်းရှထုန် က အခုထိ မပျက်စီးသေးတာက တကယ့်ကို အံ့သြစရာပဲ။"
" ဒီအရာတွေက တန်ဖိုးကြီးမှန်း မင်း သိရက်နဲ့ ဘာလို့ အထဲက စွမ်းအားပမာဏနဲ့ပဲ ဈေးနှုန်း သတ်မှတ်နေရတာလဲ"
လန်တင်းအင်မော်တယ်အရှင်က ထန်ထျန်း၏ ဈေးနှုန်းတွက်ချက်ပုံမှာ အထဲက စွမ်းအားကိုသာ ကြည့်နေခြင်း ဖြစ်ကြောင်း တစ်ချက်တည်းနှင့် သိလိုက်၏။
ထန်ထျန်းမှာ အနည်းငယ် အနေရခက်သွားရသည်။ သူက ကုန်သွယ်ရေးအသင်း ပိုင်ရှင်ဖြစ်သော်လည်း ဤကဲ့သို့ ကိစ္စများကို ကိုယ်တိုင် မကိုင်တွယ်ဖူးသဖြင့် ဈေးနှုန်းသတ်မှတ်ပုံကို အမှန်တကယ် မသိပေ။
ထို့အပြင် သူ၏ ရည်ရွယ်ချက်မှာ အမြတ်ရဖို့ထက် နေရာမြဲဖို့သာ ဖြစ်သောကြောင့်လည်း ပါဝင်ပေသည်။
"ဒါဆို... အရှင်က ဘယ်လို ဈေးနှုန်း သတ်မှတ်သင့်တယ်လို့ ထင်ပါသလဲ"
ထန်ထျန်းက နှိမ့်ချစွာ မေးလိုက်၏။
လန်တင်းအင်မော်တယ်အရှင်က ထပ်မံ နှာခေါင်းရှုံ့ရင်း "မင်းရဲ့ ဒီပုတီးစေ့တွေက မူလ ဝိညာဉ်ပစ္စည်းတွေနဲ့ နီးစပ်နေပြီ၊ ဈေးနှုန်းက နိမ့်လို့ မရဘူး။ "
"တကယ်လို့ မင်းပြောတဲ့ ဈေးနဲ့သာ ရောင်းမယ်ဆိုရင် လူတွေက ဒါကို အပြစ်အနာအဆာ တစ်ခုခု ရှိတယ်လို့ ထင်သွားကြလိမ့်မယ်"
"ဒီလို လုပ်... အဆင့်နိမ့် ဝိညာဉ်ပုတီးစေ့တွေကို လူတိုင်းသုံးနိုင်အောင် ဈေးလျှော့ပေးပြီး ထိပ်တန်း ဝိညာဉ်ကျောက်စိမ်း တစ်သောင်းလို့ သတ်မှတ်လိုက်။ "
"အလယ်အလတ် ဝိညာဉ်ပုတီးစေ့ကို ရှန့်ထန်းတာအိုကျောက်စိမ်း တစ်တုံး။ အဆင့်မြင့် ဝိညာဉ်ပုတီးစေ့ကိုတော့ တာအိုကျောက်စိမ်း တစ်ရာ လို့ သတ်မှတ်ရမယ်"
"အဆင့်နိမ့် အင်မော်တယ်ပုတီးစေ့ကို တစ်ထောင်၊ အလယ်အလတ်ကို တစ်သောင်း။ အဆင့်မြင့် အင်မော်တယ်ပုတီးစေ့ကိုတော့ သောင်းဂဏန်း သိန်းဂဏန်းကနေ တစ်သန်းအထိ မင်းကြိုက်သလို သတ်မှတ်လို့ ရတယ်။"
" ဒါပေမဲ့ တစ်သိန်းအောက်တော့ မကျစေနဲ့။ နောက်ပြီး ကန့်သတ်ချက် အမျိုးမျိုး ထားရမယ်။ ဒါမှ လူတွေက ဒါဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ သိကြမှာ။"
" နားလည်လား"
လန်တင်းအင်မော်တယ်အရှင်က ထန်ထျန်း၏ ဈေးနှုန်းများကို အကုန်ဖျက်ပစ်ပြီး အသစ် ပြန်လည် သတ်မှတ်ပေးလိုက်၏။
၎င်းဈေးနှုန်းများမှာ ထန်ထျန်း ခန့်မှန်းထားသည်ထက် အဆပေါင်းများစွာ သာလွန်နေပေသည်။
ထန်ထျန်းမှာ အံ့သြဘနန်း ဖြစ်သွားရ၏။
ဤသည်မှာ... အရင်းရှင်တို့၏ နည်းလမ်း ပါတကားဟု သူ ရင်ထဲကနေ တိတ်တဆိတ် ချီးကျူးမိတော့သည်။