← Chapters

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း (၁၉၀)

Vol. 19 Ch. 190

အခန်း။ ၁၉၀

ထိုနောက်တစ်ခဏတွင်...

ဖောက်... ဖောက်... ဖောက်

အပြာရောင်ဝတ်စုံနှင့်လူငယ်သည် သူ၏လက်သီးကို ဓားတစ်စင်းအသွင် ပြောင်းလဲလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ရန်သူများ၏ လည်ပင်းများကို ပိုင်းဖြတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်နက်ကိုင်ထားသော စစ်သားတစ်ဒါဇင်ကျော်မှာ သူတို့၏ ပြတ်တောက်သွားသော လည်ပင်းများကို ဖိထားရင်း မျက်ဖြူလန်ကာ အသကပျောက်သွားကြတော့သည်။

သူ့နောက်ကွယ်မှ ဤမြင်ကွင်းကို ကြည့်နေရသော သိုင်းပညာရှင်အားလုံးမှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ တစ်ချိန်တည်းမှာပင် ငွေရောင်ဆံပင်နှင့် ဆရာကြီး၏ နှုတ်ခမ်းဖျားတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့သော်လည်း ထိုအပြုံးမှာ ထာဝရ အေးခဲသွားခဲ့သည်။

အမှန်တကယ်ကမ္ဘာတွင်မူ လုံယီသည် မျက်လုံးများကို ဖွင့်လိုက်သည်။ ဟင်းလင်းပြင်မှ စွမ်းအင်စီးကြောင်းကြီးမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး သူ၏ ကြံ့ခိုင်မှုကို ပိုမိုခိုင်မာလာအောင် အဆက်မပြတ် ပြုပြင်ပေးနေသည်။ လုံယီ၏ လက်ရှိခန္ဓာကိုယ် အနေအထားအရ ဤတိုးတက်မှုမှာ အခြေခံအဆင့်တွင် သိသာလွန်းသော ပြောင်းလဲမှု မဟုတ်သော်လည်း ဘာမှမရှိသည်ထက်စာလျှင် များစွာသာလွန်လှသည်။

သို့သော် အကြီးမားဆုံးသော ရရှိမှုမှာ ခန္ဓာကိုယ် တိုးတက်မှုမဟုတ်ဘဲ ဦးနှောက်ထဲသို့ ရုတ်တရက် စီးဝင်လာသော မှတ်ဉာဏ်သစ်များပင်။

မှတ်ဉာဏ်ထဲမှ နည်းလမ်းအတိုင်း လုံယီသည် သူ၏ သွေးစွမ်းအင်အားလုံးကို ရုတ်တရက် ပေါက်ကွဲထွက်စေလိုက်ရာ သူ၏ ခန္ဓာကိုယ်မျက်နှာပြင်တစ်ခုလုံးမှာ စူးရှသော အနီရောင်အလင်းတန်းများ တောက်ပလာပြီး အဖြူရောင် ရေနွေးငွေ့များ တလိပ်လိပ် တက်လာတော့သည်။ သူသည် ကြီးမားသော မြူခိုးဖြူကြီးတစ်ခုအတွင်း ရောက်ရှိနေသည့်အလား ထင်မှတ်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏ရင်ထဲ၌ ငါမှတစ်ပါး အခြားမရှိ ငါ့ကို မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ဟူသော ပြင်းထန်သော ယုံကြည်ချက် စိတ်ဓာတ်မှာ အဆုံးမရှိသော မြစ်ကြီးတစ်စင်းအလား ဆူပွက်လာသည်။ ထိုယုံကြည်ချက်နှင့် သွေးစွမ်းအင်တို့ ပေါင်းစပ်လိုက်သောအခါ ထူးခြားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

မမြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုမှာ သူ၏ခန္ဓာကိုယ်မှ ရှေ့သို့ တိုးထွက်သွားသည်။ ထိုစဉ် လုံယီ၏ အနားမှ ပျံသန်းသွားသော ခြင်နက်တစ်ကောင်မှာ လေထဲ၌ပင် တောင့်တင်းရပ်တန့်သွားပြီးနောက် ဖောက်ဟူသော အသံနှင့်အတူ သွေးစက်အမှုန်အမွှားများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။

“ဒါက... အရှိန်အဝါလား”

လုံယီသည် ယခင်ကကဲ့သို့ ဘာမှမသိသော အခြေခံသမား မဟုတ်တော့ချေ။ ရှေးဟောင်းကျမ်းစာ အမြောက်အမြားကို ဖတ်ရှုခဲ့ဖူးသဖြင့် အရှိန်အဝါဟူသော အရာ တည်ရှိကြောင်းကို သူ ကောင်းကောင်း နားလည်ထားပြီးဖြစ်သည်။

သွေးစွမ်းအင်သည် အထွတ်အထိပ် အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ မတုန်လှုပ်သော ယုံကြည်ချက် စိတ်ဓာတ်နှင့် ပေါင်းစပ်လိုက်ပါက အရှိန်အဝါဟူ၍ ဖြစ်ပေါ်လာခြင်းပင်။

သိုင်းပညာရှင်တို့ကြားတွင်ပင် အရှိန်အဝါကို နားလည်သဘောပေါက်သူမှာ အလွန်ရှားပါးလှပြီး ထိုသို့သော ပုဂ္ဂိုလ်တို့သည် သမိုင်းတစ်လျှောက် အမည်ကျော်ကြားခဲ့ကြသည်ချည်း ဖြစ်ပါသည်။ အဆင့်မြင့်ပညာရှင်ချင်း ယှဉ်ပြိုင်သည့်အခါ လက်နက်ချင်း မထိတွေ့မီမှာပင် ဤအရှိန်အဝါက အရင်ဆုံး အားပြိုင်ကြခြင်းပငါ။

အရှိန်အဝါကို ပိုင်ဆိုင်သွားပြီးနောက်တွင်မူ လုံယီအနေဖြင့် သူ့ထက် အားနည်းသော ရန်သူများကို လုံးဝဖိနှိပ်ထားနိုင်ပြီး မည်သည့်အရာမျှ လုပ်ဆောင်ခွင့်မပေးဘဲ အနိုင်ယူနိုင်မည် ဖြစ်သလို

သူ့ထက် သာလွန်သော ရန်သူနှင့် တွေ့ဆုံရလျှင်ပင် သူတို့၏ စိတ်အာရုံကို နှောင့်ယှက်ကာ အန္တရာယ်ကြားမှ အောင်ပွဲကို ရှာဖွေနိုင်မည်ပင်။

၎င်းမှာ တောင်ဖြိုပုဆိန်သိုင်းကွက်က ပေးစွမ်းသော ခြောက်ခြားမှုထက် ပိုမိုအစွမ်းထက်လှပါသည်။ အရှိန်အဝါကို သူ့စိတ်ကြိုက် ထုတ်ဖော်နိုင်သလို ပြန်လည်ရုပ်သိမ်းနိုင်သကဲ့သို့ လွှမ်းခြုံနိုင်သော အတိုင်းအတာမှာလည်း ပိုမိုကျယ်ပြန့်ပါသည်။

“အရှိန်အဝါ ရှိနေပြီဆိုမှတော့ သိုင်းပညာရှင် အစစ်အမှန်တွေနဲ့ ယှဉ်ရင်တောင် ငါ့မှာ အခွင့်အရေး ပိုရှိသွားပြီ”

လုံယီက မတွေးဘဲ မနေနိုင်တော့ပေ။

သူ အရင်က သတ်ဖြတ်ခဲ့သော လေးလံသောဓားဂိုဏ်း၏ ဂိုဏ်းချုပ် ကျန်းချီမှာ သိုင်းပညာရှင်အဆင့်သို့ စတင်တက်လှမ်းကာစ ဖြစ်သဖြင့် အောက်ခြေအဆင့်၌သာ ရှိသေးသည်။ အတွေ့အကြုံရင့် ဝါရင့်သိုင်းပညာရှင်ကြီးများနှင့် ယှဉ်ပြိုင်လျှင်မူ လုံယီ့တွင် အနိုင်ရရန် အာမခံချက် သိပ်မရှိခဲ့ပေ။ သို့သော် ယခုမူ သူ၏လက်ဝယ်၌ နောက်ထပ် ဝှက်ဖဲတစ်ချပ် တိုးလာခဲ့ပြီ ဖြစ်ပါသည်။

လက်သီးသိုင်းကို အဆင့်မြှင့်တင်လိုက်ရုံဖြင့် ဤကဲ့သို့ အကျိုးကျေးဇူးများ ရရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယင်းမှာ သူ၏ သွေးစွမ်းအင်မှာ သာမန်လူတို့ထက် အဆပေါင်းများစွာ သာလွန်နေခြင်းကြောင့်ပင်။ တကယ်လို့ သူ၏ သွေးစွမ်းအင် နည်းပါးနေစဉ်ကသာ ဤသိုင်းကို မြှင့်တင်ခဲ့လျှင် အရှိန်အဝါကို ရရှိချင်မှ ရရှိမည်ပင်။

အစွန်းရောက်လက်သီးကို အောင်မြင်မှုအကြီးစားအဆင့်ရောက်အောင် မြှင့်တင်ပြီးနောက်တွင်မူ သူ၌ စွမ်းအင်အမှတ် ၁၀၀ အောက်သာ ကျန်ရှိတော့သည်။ သို့သော် လုံယီသည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ မြို့ရိုးပေါ်သို့ ပြန်လည်တက်လှမ်းကာ မြို့ကာကွယ်ရေးတိုက်ပွဲတွင် ဆက်လက်ပါဝင်ခဲ့ပါသည်။

နောက်တစ်နေ့ည၌မူ လုံယီသည် စွမ်းအင်အမှတ် ၂၀၀ နီးပါး ထပ်မံရိတ်သိမ်းနိုင်ခဲ့ပြီး ပေါ့ပါးသော ကိုယ်ဟန်သိုင်းကို စတင်၍ မြှင့်တင်ပါတော့သည်။

[ပေါ့ပါးသောကိုယ်ဟန်သိုင်း (အောင်မြင်မှုအသေးစား ၀/၂၀၀) → အထွတ်အထိပ် အောင်မြင်မှု]

အဆင့်မြင့်ဆုံးသို့ ရောက်ရှိသွားသည့်အခါတွင်မူ နောက်ထပ်မြှင့်တင်ရန် လိုအပ်ချက်များ ထပ်မံပေါ်ပေါက်မလာတော့ပေ။ ဆိုလိုသည်မှာ ဤသိုင်းပညာသည် သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်၍ ထပ်မံမြှင့်တင်၍ မရတော့ခြင်းပင်။ သိုင်းပညာရပ်များတွင်လည်း အလားအလာအမျိုးမျိုး ရှိကြပါသည်။ အလားအလာကြီးမားသော သိုင်းများသည် ပိုမိုမြင့်မားသော အဆင့်များအထိ တက်လှမ်းနိုင်သော်လည်း အလားအလာ နည်းပါးသော သိုင်းများမှာမူ တစ်နေရာသို့ ရောက်ရှိလျှင် ရပ်တန့်သွားကြသည်သာ။

ပေါ့ပါးသော ကိုယ်ဟန်သိုင်းမှာ အဆင့်မြင့်ဆုံးသို့ ရောက်ရှိသွားခြင်းက လုံယီ၏ လှုပ်ရှားမှုများကို ပိုမိုဆန်းကြယ်ပြီး ဖမ်းဆုပ်ရခက်ခဲစေသည်။ ၎င်းမှာ သူနှင့် အဆင့်တူ ကျင့်ကြံသူတစ်ဦး အနှစ် ၇၀၊ ၈၀ ကြာအောင် အားထုတ်ကျင့်ကြံထားသည့် အဆင့်နှင့် ညီမျှနေပြီဖြစ်သည်။ ၎င်းကို လျင်မြန်ခြင်း ပါရမီနှင့် ပေါင်းစပ်လိုက်ပါက သိုင်းပညာရှင်အဆင့်ရှိသူများပင် သူ့ကို ဖမ်းမိရန် ခဲယဉ်းပေလိမ့်မည်။

ထိုအချိန်တွင် ကျုံးအနီးရှိ တိုက်ပွဲများမှာ ဆက်လက် ပြင်းထန်နေဆဲပင်။ ဂိုဏ်းကြီးများနှင့် မိသားစုကြီးများမှ ဒုတိယအသုတ် တပည့်များကို ထိုင်ဝမ်မြို့ ကာကွယ်ရေးအတွက် မြို့ရိုးပေါ်သို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။ ငှက်သိုက်ပြိုလျှင် ဥများ မကျန်နိုင်ဟူသော စကားအတိုင်း မြို့ရိုးသာ ကျိုးပေါက်သွားပါက သူတို့ပိုင်ဆိုင်သမျှ အားလုံး ဆုံးရှုံးရမည်ဖြစ်ရာ မည်သူမျှ မခိုကပ်ရဲကြတော့ချေ။

သို့သော် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်ထက် မြင့်သော အဆင့်မြင့် အင်အားစုများမှာမူ တိုက်ပွဲထဲသို့ ဝင်မလာသေးချေ။ အဖိုးတန်သံမဏိကို အသွားထက်ဆုံးနေရာတွင်သာ အသုံးပြုရမည်ဖြစ်ရာ ပိုမိုခက်ခဲသော စမ်းသပ်မှုများအတွက် သူတို့ကို ချန်ထားခြင်း ဖြစ်သည်။

လုံယီမှာမူ ပထမနေ့ကကဲ့သို့ပင် နေ့ဘက်တွင် မြို့ရိုးပေါ်မှနေ၍ သူ၏ဂိုဏ်းသားများကို စောင့်ရှောက်ရင်း ဗိုလ်မှူးဝမ်နှင့် စကားစမြည်ပြောကာ သာမန်လူများ မသိနိုင်သော လျှို့ဝှက်ချက်များကို လေ့လာသည်။ ညဘက်တွင်မူ မြို့ရိုးပေါ်မှ တိတ်တဆိတ် ဆင်းကာ စွမ်းအင်များကို စုဆောင်းသည်။

ငါးရက်မြောက်သောအခါ သူ၏ စွမ်းအင်အမှတ်မှာ တစ်ထောင် ၁၀၀၀ ကျော်သွားပြီး အဆင့်တက်လှမ်းရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။ သူ၏ နေအိမ်သို့ ပြန်ရောက်သောအခါ အဆင့်မြှင့်တင်မှုကို စတင်လိုက်သည်

[တတိယအဆင့်ချီစွမ်းအား သိုင်းသမား 600/600 → စတုတ္ထအဆင့်ချီစွမ်းအား သိုင်းသမား 0/600]

လုံယီ၏ ခန္ဓာကိုယ်အတွင်းရှိ မူလ လျှို့ဝှက်သွေးများမှာ အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာပြီး ဆူပွက်နေသည့်အလား လျင်မြန်စွာ ကျယ်ပြန့်လာသည်။ အကန့်အသတ်သို့ ရောက်ရှိသွားသောအခါ တစ်ခုချင်းစီမှ အစိတ်အပိုင်းတစ်ခုစီ ကွဲထွက်လာပြီး စတုတ္ထမြောက် လျှို့ဝှက်သွေး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ထိုလျှို့ဝှက်သွေးမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်သွားပြီး ရင်ဘတ်အတွင်း၌လည်းကောင်း ခြေလက်များအတွင်းသို့လည်းကောင်း ပျံ့နှံ့စီးဆင်းသွားသည်။ ၎င်းတို့သည် ကျန်ရှိနေသော စွမ်းအင်အပူရှိန်များကို စုပ်ယူကာ ခန္ဓာကိုယ်ကို ပြန်လည်အာဟာရဖြည့်တင်းပေးပြီး အချင်းချင်း ပိုမိုသန်မာလာအောင် တွန်းအားပေးနေကြသည်။

လုံယီ၏ ခန္ဓာကိုယ်မှာ ပိုမိုထွားကျိုင်းသန်မာလာပြီး သိသိသာသာ ပြောင်းလဲသွားသည့်

အချက်မှာ သူ၏ အခြေခံခွန်အားမှာ ၂၀% ခန့် တိုးတက်လာခြင်းပင်။

မူလက လုံယီ၏ အစွမ်းကုန်တိုက်ခိုက်မှုမှာ ပိဿာပေါင်း ၁၃,၀၀၀ အင်အားရှိရာမှ ယခုအခါ ၁၅,၀၀၀ အထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ၏ သက်တမ်းမှာလည်း ၂ နှစ် တိုးလာခဲ့ပြီး ဝါရင့်ကျင့်ကြံသူအဆင့်သို့ တရားဝင် ခြေလှမ်းလှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ စတုတ္ထအဆင့်ချီစွမ်းအားသို့ ရောက်ရှိပြီးနောက် ကျင့်ကြံမှုအမှတ်မှာ တစ်နေ့လျှင် ၃၀ စီ ဆက်လက်တိုးနေသဖြင့် နောက်ထပ် ရက်ပေါင်း ၂၀ ကြာလျှင် သူသည် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်သို့ ရောက်ရှိပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူ၏ ခွန်အားမှာ ယခုထက်ပင် သိသိသာသာ ကြီးမားစွာ ခုန်ပျံတိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

လုံယီ စတုတ္ထအဆင့်ချီစွမ်းအားသို့ တက်လှမ်းပြီးနောက် ဒုတိယမြောက်နေ့တွင်

ကျုံးကြီးမှာ နောက်ဆုံး၌ ရေမြင်းနှင့် ကျွဲအလောင်းများဖြင့် လုံးဝပြည့်နှက်သွားတော့သည်။ သားရဲဒီရေလှိုင်းတပ်မတော်ကြီးသည် မြို့ရိုးခြေရင်းရှိ ခံတပ်များအထိ ချောမွေ့စွာ ချီတက်လာနိုင်ပြီး တစ်ဝက်ခန့်ရှိသော ကျုံးနက်များကို မြေဖို့ပစ်ရန် နာရီအနည်းငယ်သာ အချိန်ယူခဲ့ရသည်။ ယခုအခါ အပြင်းထန်ဆုံးဖြစ်လာမည့် မြို့သိမ်းတိုက်ပွဲ ကြီးမှာ စတင်တော့မည် ဖြစ်သည်။

“ဝေါင်း... ဝေါင်း... ဝေါင်း”

“ဝူး... အု... ဝူး”

“ဟီး... ဟီး... ဟီး”

သားရဲရိုင်းများနှင့် သားရဲငှက်မျိုးစုံ၏ ဟိန်းဟောက်သံများမှာ ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ နားထဲတွင် တဒိန်းဒိန်း မြည်ဟည်းနေပြီး ခေါင်းမူးနောက်စေသည်။ တစ်ချိန်တည်းမှာပင် အောက်ဘက်မှ တက်လာသော အပုပ်နံ့များမှာ မြို့ရိုးပေါ်အထိ ရောက်ရှိလာသဖြင့် အမျိုးသမီးတပည့်အတော်များများမှာ မအောင့်နိုင်ဘဲ နှာခေါင်းကို အုပ်ထားကြရသည်။

ကျန်းဝေတသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ဦးရေပြားများပင် တစိမ့်စိမ့်နှင့် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ကျား၊ သစ်၊ ဝက်ဝံ၊ ဝံပုလွေ၊ မျောက်၊ သမင်၊ နွား၊ မြင်းကျား၊ စပါးကြီးမြွေ၊ ပုတ်သင်ညို၊ ရေမြင်းနှင့် ကြံ့များ အပါအဝင် ထောင်သောင်းချီသော သားရဲအုပ်ကြီးမှာ မြို့ရိုးခြေရင်းတွင် ပုရွက်ဆိတ်အုံသဖွယ် ပြည့်နှက်နေပြီး တစ်ကောင်နှင့်တစ်ကောင် ကျော်တက်ကာ မြို့ရိုးပေါ်သို့ တက်ရန် ကြိုးစားနေကြသည်။

ထိုင်ဝမ်မြို့၏ မြို့ရိုးများမှာ ပေ ၄၀ ခန့်မြင့်ပြီး ကျောက်တုံးဖြူကြီးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ နှစ်ကာလကြာရှည်စွာ လေဒဏ်မိုးဒဏ် ခံခဲ့ရသဖြင့် ကျောက်တုံးများကြားတွင် အက်ကြောင်းများနှင့် အပေါက်အပြဲများစွာ ရှိနေသည်။ ၎င်းတို့သည် သားရဲများအတွက် ခြေကုပ်ယူရန် အကောင်းဆုံးနေရာများ ဖြစ်လာတော့သည်။

မျောက်များ၊ သစ်ကျားများ၊ ဝက်ဝံများနှင့် ပုတ်သင်ညိုများကဲ့သို့ တွယ်တက်ရာတွင် ကျွမ်းကျင်သော သားရဲများသည် မြို့ရိုးပေါ်သို့ ပေအတော်များများအထိ လျင်မြန်စွာ ရောက်ရှိလာကြသည်။ အပေါ်ဆုံးသို့ ရောက်ရန် အလှမ်းဝေးနေသေးသော်လည်း အဟန့်အတားသာ မရှိပါက တက်ရန်မှာ အချိန်ပိုင်းကိစ္စသာ ဖြစ်သည်။

“ကျောက်တုံးတွေနဲ့ ပစ်ကြ သူတို့ကို တားဆီးကြစမ်း”

ဗိုလ်မှူးကြီးက ဒေါသတကြီး အော်လိုက်သည်။

ကျောက်တုံးများ တင်ဆောင်ထားသော လှည်းများကို မြို့ရိုးအစွန်းသို့ တွန်းပို့လိုက်ကြသည်။ အနီးအနားရှိ သိုင်းပညာရှင်များသည် တစ်ဦးလျှင် ပိဿာရာချီသော ခွန်အားကို အသုံးပြုကာ ပုံသဏ္ဌာန်မမှန်သော ကျောက်တုံးကြီးများကို မ၍ အောက်သို့ အလုအယက် ပစ်ချကြတော့သည်။

ထိုကျောက်တုံးကြီးများမှာ အနည်းဆုံး ပိဿာပေါင်း ဒါဇင်ချီ၍ လေးလံလှပြီး အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည့်အခါ ရရှိလာသော ရွေ့လျားစွမ်းအင်မှာ ထောင်သောင်းချီသော ဂျိုးအထိ ရှိသည်။ ဆင်တစ်ကောင်ကို ထိမှန်လျှင်ပင် ချက်ချင်းသေဆုံးနိုင်သည့် အင်အားမျိုး ဖြစ်သည်။

ဒိန်း... ဒုန်း... ဝုန်း ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မြို့ရိုးပေါ်သို့ အမြင့်ဆုံး တက်လာနိုင်သော သားရဲများမှာ ကျောက်တုံးများအောက်တွင် အသက်ပျောက်ကုန်ကြရတော့သည်။

All Chapters