အခန်း (၁၈၈)
Vol. 19 Ch. 188
အခန်း။ ၁၈၈
“ဟေ့ကောင် လုံယီ... မင်း ဘာဖြစ်နေတာလဲ ငါ့ကို ကြောက်အောင်မလုပ်နဲ့နော်”
ကျန်းဝေတ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားသည်။
ဒီနေ့ကြုံခဲ့ရတဲ့ သွေးချောင်းစီးတိုက်ပွဲကြောင့် လုံယီ စိတ်ဒဏ်ရာရသွားပြီလို့ သူ ထင်မှတ်
လိုက်ခြင်းပင်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် သူကိုယ်တိုင်တောင် မကြောက်သည်မှာ လုံယီကဲ့သို့ လူမျိုးက အဘယ်ကြောင့် စိတ်ဓာတ်ကျရမှာလဲ။
သူ့ဘေးတွင်ရှိသော လုံယီမှာမူ ဘာမှမကြားတော့ဘဲ စိတ်လှုပ်ရှားမှုတို့ဖြင့်သာ ပြည့်နှက်
နေသည်။ သူ၏မျက်လုံးထဲတွင် ကျုံးအတွင်း၌ စုပုံနေသော သားရဲအလောင်းများမှာ တစ်
စက်ချင်း စုဆောင်းရမည့် အဖိုးတန် စွမ်းအင်အမှတ်များသာ ဖြစ်တော့သည်။
ထိုအလောင်းအားလုံးမှာ ဝိညာဉ်သားရဲများ မဟုတ်နိုင်သော်လည်း ၁၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းလောက်က ဝိညာဉ်သားရဲ ဖြစ်နေလျှင်ပင် စုစုပေါင်းပမာဏမှာ အလွန်ပင် အားရစရာ ကောင်းလှသည်။ ယခုကဲ့သို့ နှစ်ဖက်စလုံး ခေတ္တနားနေချိန်တွင် အောက်သို့ဆင်းပြီး စွမ်းအင်သွားမစုပ်ယူလျှင် သူသည် လူအနုံ့အဖျင်းသာ ဖြစ်ပေလိမ့်မည်။
အောက်ကို ဘာလို့ဆင်းရသလဲဆိုတဲ့ မေးခွန်းအတွက်မူ... သူ၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုလျှင် မည်သူ့ကိုမျှ ရှင်းပြနေစရာ မလိုချေ။
ထိုသို့တွေးပြီးသည်နှင့် လုံယီသည် ကိုယ်ဟန်ကို ပြင်လိုက်ကာ ပေငါးဆယ်ခန့် မြင့်သော မြို့ရိုးပေါ်မှ ဝုန်းခနဲ ခုန်ချလိုက်တော့သည်။
“ဟေ့ကောင်...”
လုံယီ မြို့ရိုးပေါ်က ခုန်ချသွားသည်ကို ကြည့်ရင်း ကျန်းဝေတမှာ အော်ပင်အော်လိုက်မိတော့သည်။ လုံယီ၏ ခွန်အားနှင့် စရိုက်ကို မသိသူဆိုလျှင် ဤလုပ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်သည်ဟုပင် ထင်မှတ်သွားနိုင်သည်။
လုံယီသည် အရှိန်ဖြင့် ကျဆင်းလာစဉ် မြို့ရိုးမျက်နှာပြင်ကို ခြေဖျားဖြင့် တစ်ချက်ချင်း ထိကန်ကာ အရှိန်သတ်လိုက်သည်။ မြေပြင်ပေါ် မကျရောက်မီလေးတွင် သူ၏ လက်ချောင်းဆယ်ချောင်းမှာ ကျောက်သားကဲ့သို့ မာကျောသွားပြီး မြို့ရိုးကို ကုတ်ခြစ်လိုက်ရာ မီးပွင့်များ ထွက်ပေါ်လာကာ အစင်းရာများ ထင်ကျန်ခဲ့သည်။
မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် သူသည် မြားတစ်စင်းအလား ရှေ့သို့ ထိုးထွက်သွားတော့သည်။
ရှုး...
ဤမျှမြန်သော အရှိန်မျိုးမှာ နေ့ခင်းဘက်တွင်ပင် အရိပ်တစ်ခုအဖြစ်သာ မြင်နိုင်ပြီး ညဘက်တွင်မူ လုံးဝမမြင်ရသလောက်ပင်။ ထို့ကြောင့် သူ့ကို အမြဲစောင့်ကြည့်နေသည့် ကျန်းဝေတမှလွဲ၍ မြို့ရိုးပေါ်ရှိ အခြားသူများမှာ လုံယီ ထွက်ခွာသွားသည်ကို သတိမထားမိလိုက်ကြချေ။ သတိထားမိနိုင်သည့် လူများရှိခဲ့လျှင်ပင် သူတို့သည် လုံယီ၏ လုပ်ရပ်ကို ဝင်ရောက်နှောင့်ယှက်မည် မဟုတ်ပေ။
ကျန်းဝေတသည် ငတုံးမဟုတ်ပေ။ လုံယီတွင် ယခုကဲ့သို့ ပြုလုပ်ရသည့် ကိုယ်ပိုင်အကြောင်းပြချက် ရှိရမည်ဆိုသည်ကို သူ နားလည်ထားသဖြင့် မည်သူ့ကိုမျှ လျှောက်မပြောဘဲ နှုတ်ဆိတ်နေလိုက်သည်။
လုံယီသည် သူ၏ ပေါ့ပါးသော ကိုယ်ဟန်သိုင်းနှင့် လျင်မြန်ခြင်း ပါရမီတို့ကို ပေါင်းစပ်လိုက်
သည်။ သူ၏ ခါးနှင့် ကျောပြင်မှာ တင်းမာသွားပြီး ခြေထောက်ကြွက်သားများမှာလည်း နဂါးပတ်သကဲ့သို့ ထူထဲတောင့်တင်းလာသည်။ ဤအစွမ်းကြောင့် လုံယီသည် မီတာရာပေါင်းများစွာကို အသံအနည်းငယ်မျှသာ ထွက်စေပြီး အားစိုက်စရာမလိုဘဲ ခုန်ကူးနိုင်စွမ်း ရှိသွားသည်။
မကြာမီမှာပင် သူသည် ကာကွယ်ရေးကျုံးကို ဖြတ်ကျော်ကာ မြို့ရိုးပတ်လည်ရှိ ကျုံးအစွန်းသို့ ရောက်ရှိသွားတော့သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ ကျုံးအတွင်း၌ ရေမြင်းများ၊ တောကျွဲများနှင့် ဆင်သားရဲများ၏ အလောင်းများမှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေပြီး ၎င်းတို့မှာ ယခုအခါ လုံယီအတွက် အဖိုးတန် နင်းခြေရာ ကျောက်တုံးများ ဖြစ်လာတော့သည်။
ရှုး...
သူသည် ခုန်ပျံလိုက်ပြီး အနီးဆုံးရှိ ရေမြင်းအလောင်းပေါ်သို့ ခြေချလိုက်သည်။ လက်ဖြင့် အသာအယာ ထိလိုက်ရုံဖြင့် ရင်းနှီးပြီးသား စာတန်းတစ်ခု ပေါ်လာတော့သည်။
စွမ်းအင် +၂ စုပ်ယူမလား။
“စုပ်ယူမယ်”
ခဏအကြာတွင် အခြားစာတန်း ထပ်မံပေါ်မလာတော့သဖြင့် သူသည် ဒုတိယမြောက် ရေမြင်းအလောင်းပေါ်သို့ ဆက်လက် ခုန်ကူးလိုက်သည်။ ဤတစ်ကောင်မှာမူ စွမ်းအင်မရှိချေ၊ သာမန်တိရစ္ဆာန်အဆင့်သာ ဖြစ်ဟန်တူသည်။ လုံယီသည် စိတ်မပျက်ဘဲ တတိယမြောက် တောကျွဲအလောင်းပေါ်သို့ ခုန်တက်လိုက်ပြန်သည်။
စွမ်းအင် +၂ စုပ်ယူမလား ဘ
ထို့နောက် စတုတ္ထမြောက်၊ ပဉ္စမမြောက်... မှသည် ရေတွက်မရနိုင်သော အလောင်းများအထိ သူ ဆက်လက် စုပ်ယူနေတော့သည်။ လုံယီ၏ စုစုပေါင်း စွမ်းအင်အမှတ်များမှာ ၁၀၀ ကျော်မှသည် ၁၅၀၊ ၂၀၀၊ ၃၀၀ ဟု အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး နောက်ဆုံးတွင် ၃၅၀ ကျော် ၌ ရပ်တန့်သွားသည်။
အချို့သော အလောင်းများမှာ ရေအောက်သို့ နစ်မြုပ်သွားခဲ့သော်လည်း သွေးများ၊ အမွေးအမှင်များနှင့် အညစ်အကြေးများဖြင့် ညစ်ပတ်နေသော မြစ်ရေမျက်နှာပြင်ကို ကြည့်ကာ လုံယီသည် ရေငုပ်ရန် မဆုံးဖြတ်တော့ချေ။
“ဒီနေ့ ရိတ်သိမ်းမှုက တကယ်ကို တန်ဖိုးရှိတာပဲ”
လုံယီသည် စွမ်းအင်များ စုဆောင်းရသည့်တစ်လျှောက် ယခုကဲ့သို့ စိတ်လှုပ်ရှားကျေနပ်မှုမျိုး တစ်ခါမျှ မခံစားဖူးချေ။ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ ရှေ့လျှောက် ရက်ပေါင်းများစွာ ဆက်ရှိနေဦးမည်ဖြစ်သည်။ သားရဲဒီရေလှိုင်းဆိုသည်မှာ စမ်းသပ်မှုတစ်ခု ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရှားပါးသော အခွင့်အလမ်းကြီးတစ်ခုပင်။
တကယ်လို့သာ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ခဲ့ရင် သူ၏ ခွန်အားမှာ ဒုံးပျံတစ်စင်းလို ဟုန်ခနဲ မြင့်တက်သွားတော့မည်ပင်။
မြို့ရိုးပေါ်သို့ ပြန်ရောက်လာသောအခါ လုံယီ၏ မျက်နှာတွင် အပြုံးတစ်ခု စွဲထင်နေဆဲပင်။
“ဟေ့ကောင်... မင်း အောက်ကို ဘာသွားလုပ်တာလဲ”
ကျန်းဝေတက မနေနိုင်ဘဲ မေးလိုက်သည်။
“လျှို့ဝှက်ချက်လေ”
လုံယီက ပြုံးစိစိနှင့် ပြန်ဖြေသည်။
ထိုအမြင်ကပ်စရာကောင်းသော မျက်နှာပေးကြောင့် ကျန်းဝေတမှာ သူ့ကို လက်သီးနှင့် တစ်ချက်လောက် ထိုးချင်စိတ်ပင် ပေါက်သွားရသည်။
နောက်ရက်များတွင်...
သားရဲဒီရေလှိုင်း၏ ရှေ့ပြေးတပ်နှင့် ထိုင်ဝမ်မြို့ ခုခံစစ်တပ်တို့မှာ ရှည်လျားသော အားပြိုင်မှု တိုက်ပွဲကြီးကို စတင်ခဲ့ကြသည်။
ရေမြင်းဝိညာဉ်၊ ဆင်ဝိညာဉ်၊ တောကျွဲဝိညာဉ်၊ ကြံ့ဝိညာဉ်၊ မြင်းကျားဝိညာဉ်... အမျိုးစုံလှသော သားရဲကြီးများသည် သူတို့၏ ခန္ဓာကိုယ်များဖြင့် ကျုံးကြီးကို မကြောက်မရွံ့ ဖြည့်တင်းနေကြသည်။ မြို့ရိုးပေါ်ရှိ မြားသမားများနှင့် သိုင်းပညာရှင်များကလည်း ကျောက်တုံးပစ်စက်များ၊ လေးမြားများနှင့် အခြားလက်နက်များကို အသုံးပြုကာ ကျုံးကြီး ပြည့်မသွားစေရန် တားဆီးနေကြသည်။
တိုက်ပွဲများမှာ နေ့ဘက်တွင် အပြင်းအထန် ဖြစ်ပွားလေ့ရှိပြီး ညဘက် သန်းခေါင်ယံအချိန်များတွင်မူ နှစ်ဖက်စလုံး ခေတ္တ အနားယူကြသည်။ ထိုအချိန်မှာ လုံယီအတွက် စွမ်းအင်စုဆောင်းရန် အကောင်းဆုံးအချိန်ပင်။
ပထမနေ့တွင် စုစုပေါင်း စွမ်းအင် ၃၅၀ ရရှိပြီး ဒုတိယနေ့၌ ၅၀၀ ကျော်အထိ မြင့်တက်လာသည်။ တတိယနေ့တွင်မူ ၇၀၀ ကျော်အထိ ရောက်ရှိသွားသည်။
သို့သော် ထိုမျှနှင့် မပြီးသေးချေ။
တတိယနေ့တွင် လုံယီသည် သေဆုံးနေသော ကြံ့ဝိညာဉ်တစ်ကောင်ထံမှ စွမ်းအင်အမှတ် ၂၀ အသုံးပြုကာ ပါရမီအသစ်တစ်ခုကို ရရှိခဲ့သည်။
[ကြံ့ခိုင်ခြင်း 0/5]
နောက်ထပ် စွမ်းအင် ၅ မှတ် ထပ်မံအသုံးပြုလိုက်သောအခါ [ကြံ့ခိုင်ခြင်းအဆင့်မှာ 0/5 မှ 0/30 + နွားဝိညာဉ်ဦးချို ၁ ခု] သို့ ပြောင်းလဲသွားသည်။
ရုတ်တရက် ထူးဆန်းသော စွမ်းအင်တစ်ခုမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံမှ လုံယီ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။ ၎င်းသည် လုံယီ၏ အရေပြားအောက်ရှိ ကြွက်သားအမြှေးပါးများကို လျင်မြန်စွာ ပြုပြင်ပြောင်းလဲပေးကာ ပိုမိုမာကျောပြီး သိပ်သည်းလာစေသည်။
ညဘက်တွင် တိုက်ပွဲများ ရပ်နားထားသော်လည်း မြို့ရိုးအောက်ရှိ အခြေအနေမှာ အလွန်ပင် ရှုပ်ထွေးလှသည်။ ထို့ကြောင့် လုံယီသည် ထိုနေရာတွင် အသေးစိတ် မလေ့လာတော့ဘဲ သူ၏ အရပ်ထက်ပင် မြင့်သော ကြံ့ဝိညာဉ်ဦးချိုကြီးကို ထမ်းကာ သူ၏ နေရာသို့ ပြန်လာခဲ့သည်။
ကြံ့ခိုင်ခြင်းပါရမီကို ကြည့်လိုက်သောအခါ ၎င်းနှင့် ပတ်သက်သည့် အချက်အလက်များမှာ သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် ပေါ်လာတော့သည်။
[အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ဒဏ်ခံနိုင်စွမ်းမှာ တဖြည်းဖြည်း မြင့်တက်လာမည်။
ခန္ဓာကိုယ်မှ လက်ခံနိုင်သော အတိုင်းအတာအတွင်းရှိပါက ရရှိလာသော ထိခိုက်မှု၏ ၂၀% ကို စုပ်ယူဖျက်ဆီးပစ်နိုင်သည်]
ထိခိုက်မှုကို စုပ်ယူနိုင်တယ် ဟုတ်လား။
လုံယီ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။
သူ့တွင် ခုခံစစ်အတွက် ကျောက်သားလက်ချောင်းစွမ်းရည်ရှိပြီးသားဖြစ်ရာ ပြင်ပတိုက်ခိုက်မှုများကို အမြင့်ဆုံးအဆင့်အထိ ခုခံနိုင်သည်။ သို့သော် လေးလံသော လက်နက်များ သို့မဟုတ် ပြင်းထန်သော အားဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုနှင့် အတွင်းဒဏ်ရာများကိုမူ လုံးဝမရှောင်လွှဲနိုင်ချေ။
စွမ်းရည်ပြမျက်နှာပြင်တွင် ကုသခြင်းစွမ်းရည် ရှိသော်လည်း တိုက်ခိုက်မှုက ပြင်းထန်လွန်း၍ သူ ချက်ချင်း သတိလစ်သွားပါက ထိုကုသမှုကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ယခု ရရှိလိုက်သော ကြံ့ခိုင်ခြင်း ပါရမီမှာ သူ့အတွက် ဒုတိယမြောက် အာမခံချက်ရလိုက်ခြင်းပင်။ ၎င်းက အခြေခံအဆင့်မှာတင် ဤမျှအစွမ်းထက်နေခြင်းပင်။
လုံယီသည် ကြံ့ခိုင်ခြင်း ပါရမီဘေးမှ အပေါင်းသင်္ကေတလေးကို ကြည့်ကာ စိတ်အားထက်သန်စွာဖြင့် ထပ်မံ မြှင့်တင်လိုက်သည်။
[ကြံ့ခိုင်ခြင်း 0/30+၁ - နွားဝိညာဉ်ဦးချို → 0/200+၁ ရွှေပျော့]
ချက်ချင်းဆိုသလိုပင် သူကိုင်ထားသော နို့နှစ်ရောင် ကြံ့ဝိညာဉ်ဦးချိုကြီးမှာ အရည်အဖြစ်သို့ ပြောင်းလဲသွားပြီး လုံယီ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းကာ အရေပြားအတွင်းသို့ စိမ့်ဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်မှ အင်အားကြီးမားသော စွမ်းအင်များ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး သူ၏ ကြံ့ခိုင်မှုကို လျင်မြန်စွာ ပြန်လည်တည်ဆောက်ပေးသည်။
ချီစွမ်းအင်ပတ်လမ်းငယ် သိုင်းသမားတစ်ဦး၏ အရေပြားအောက်တွင် ထိခိုက်မှုကို ခုခံရန် ကြွက်သားအမြှေးပါးများ ရှိနေပြီးသား ဖြစ်သော်လည်း ယခု စွမ်းအင်များ၏ အသွင်ပြောင်းမှုအောက်တွင် ထိုအနီရောင်အမြှေးပါးများမှာ ပျော်ဝင်သွားပြီး ပိုမိုသိပ်သည်းသော အဖြူရောင် အမြှေးပါး များအဖြစ် ပြန်လည်ဖြစ်ပေါ်လာသည်။ ထိုအဖြူရောင်အမြှေးပါးများသည် ပင့်ကူအိမ်သဖွယ် တစ်ကိုယ်လုံးကို အရေပြားအောက်မှ ရစ်ပတ်ထားပြီး ပျော့ပျောင်းမှု၊ ခိုင်ခံ့မှုနှင့် စွမ်းအားတို့ကို အဆပေါင်းများစွာ မြှင့်တင်ပေးလိုက်သည်။
ပြင်ပရုပ်သွင်အရ လုံယီမှာ ယခင်အတိုင်းပင် ဖြစ်သော်လည်း သူ မျက်လုံးဖွင့်၍ ကိုယ်လက်ဆန့်လိုက်သောအခါ တစ်ကိုယ်လုံးမှ တဂျွတ်ဂျွတ် အသံများ ထွက်ပေါ်လာပြီး လှုပ်ရှားမှုတိုင်းမှာ ယခင်ထက် ပိုမိုချောမွေ့နေသည်ကို ခံစားလိုက်ရသည်။
ယခုအခါ ကြံ့ခိုင်ခြင်း ပါရမီ၏ ဖော်ပြချက်မှာ ပြောင်းလဲသွားပြီ ဖြစ်သည်။
[အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ဒဏ်ခံနိုင်စွမ်းမှာ တဖြည်းဖြည်း မြင့်တက်လာမည်။
ခန္ဓာကိုယ်မှ လက်ခံနိုင်သော အတိုင်းအတာအတွင်းရှိပါက ရရှိလာသော ထိခိုက်မှု၏ ၅၀% ကို စုပ်ယူဖျက်ဆီးပစ်နိုင်သည်]
ထိခိုက်မှု၏ ၅၀% ကို စုပ်ယူနိုင်ခြင်းမှာ အမှန်တကယ်ပင် အံ့မခန်းဖွယ် အစွမ်းပင်။
လုံယီသည် ဝေယိုသောက်ပေးထားသော နက်မှောင်သော လျှို့ဝှက်သံရိုင်းပုဆိန်ကို ထုတ်ယူကာ ပုဆိန်ကျောဖြင့် သူ၏လက်ကို ခပ်ပြင်းပြင်း ရိုက်ကြည့်လိုက်သည်။
ဗုန်း…
သူ၏ လက်မျက်နှာပြင်မှာ အနည်းငယ် ချိုင့်ဝင်သွားသော်လည်း ရော်ဘာကဲ့သို့ပင် မူလအခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားတော့သည်။