← Chapters

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း (၁၈၉)

Vol. 19 Ch. 189

အခန်း ၁၈၉

လုံယီသည် သူ့ခန္ဓာကိုယ်မှ ပြန်ကန်ထွက်လာသော တုံ့ပြန်မှုအားကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

တကယ်လို့ ရန်သူ့ရဲ့ ကြံ့ခိုင်မှုကသာ အားနည်းမယ်ဆိုရင် သူတို့ ငါ့ကို မသတ်နိုင်တဲ့အပြင် ဒီပြန်ကန်အားကြောင့်ပဲ သူတို့ပြန်သေသွားနိုင်တယ်။

လုံယီက ခပ်ပြုံးပြုံး တွေးလိုက်မိသည်။

သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ပြန်လည်စစ်ဆေးကြည့်လိုက်သည်။

[စွမ်းရည်ပြမျက်နှာပြင်]

[အမည်: လုံယီ]

[အသက်: ၁၉ / ၆၈ နှစ်]

[ကျင့်ကြံမှုအဆင့်: တတိယအဆင့်ချီစွမ်းအား သိုင်းသမား [၄၇၀ / ၆၀ဝ]

[ကျင့်စဉ်: အဝါရောင် အစွန်းရောက်အသက်ရှူကျင့်စဉ် ဒုတိယအဆင့်၊ အောင်မြင်မှုအသေးစား 0/1000 + နိဗ္ဗာန်နတ်ပန်း ၂ ပွင့်]

[ဟူမိသားစု အသက်ရှူကျင့်စဉ်: မစတင်ရသေး 0/10]

[စွမ်းရည်:လုံမိသားစု ပုဆိန်သိုင်း အောင်မြင်မှုအကြီးစား 0/5000၊ အစွန်းရောက်လက်သီး ကျွမ်းကျင် 0/100၊ ကျောက်ခဲပစ်သိုင်း ကျွမ်းကျင် 0/30၊ ပေါ့ပါးသောကိုယ်ဟန်သိုင်း အောင်မြင်မှုအသေးစား 0/200၊ အခြေခံလှံသိုင်း အဆင့်သစ် 0/6၊ လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းခြင်း အပိုင်းအစ ၁၊ အရှိန်အဝါပိတ်ဆို့ခြင်း အဆင့်သစ် 0/3]

[ပါရမီ: ကျောက်သားအသွင်ပြောင်းခြင်း အောင်မြင်မှုအသေးစား 0/1000 + နှင်းဖြူကျောက် ၅ တုံး + ကြယ်အအေးသံရိုင်း ၁ တုံး၊ လျင်မြန်ခြင်း ကျွမ်းကျင် 0/100 + နတ်ဘုရားပိုးနွယ် ၁ ခု၊ ရုပ်ဖျက်ခြင်း အဆင့်သစ် 0/50 + မြေကမ္ဘာကျောက်စိမ်း ၁ ခု၊ ကြံ့ခိုင်ခြင်း ကျွမ်းကျင် 0/200 + ရွှေပျော့ ၁ ခု]

[စွမ်းအင်: ၆၈၂]

စွမ်းအင်အမှတ်များ အလျှံပယ်ရှိနေသဖြင့် လုံယီသည် အခြားသော သိုင်းပညာရပ်များဘက်သို့ အာရုံလှည့်လိုက်ပါသည်။ ပုဆိန်သိုင်းနှင့် နှိုင်းယှဉ်လျှင် အစွန်းရောက်လက်သီးမှာ သူ၏ ဒုတိယအရေးအကြီးဆုံး သိုင်းပညာရပ်ပင်။

စွမ်းအင်အမှတ် ၁၀၀ ကို အသုံးပြုလိုက်သည့်အခါ အစွန်းရောက်လက်သီး၏ အခြေအနေမှာ [ကျွမ်းကျင် (၀/၁၀၀) အဆင့်မှ အောင်မြင်မှုအသေးစား (၀/၅၀၀)]သို့ ပြောင်းလဲသွားပါသည်။ ဆက်လက်၍ စွမ်းအင်အမှတ် ၅၀၀ ထပ်မံအသုံးပြုလိုက်ရာတွင်မူ [အောင်မြင်မှုအသေးစား (၀/၅၀၀) မှ အောင်မြင်မှုအကြီးစား (၀/၃၀၀၀) အဆင့်သို့] တစ်ဟုန်ထိုး တက်လှမ်းသွားတော့သည်။

ချက်ချင်းဆိုသလိုပင် သူနှင့် စိမ်းသက်နေသော မှတ်ဉာဏ်ဟောင်းများက ဦးနှောက်အတွင်းသို့ တိုးဝင်လာပါသည်။

ယွန်းမင်းဆက်နှောင်းပိုင်း၊ မာချန်မြို့...

နိုင်ငံခြားရန်သူများ ကျူးကျော်ဝင်ရောက်လာပြီး အမြောက်သံများမှာ တစ်ညံညံ မြည်ဟည်းနေပါသည်။ မာချန်မြို့ရှိ သိုင်းပညာရှင်များသည် အရှုံးမပေးဘဲ အသက်ကိုစွန့်၍ စုပေါင်းခုခံခဲ့ကြသော်လည်း သိုင်းသမားတို့၏ အသွေးအသားမှာ ကျည်ဆန်နှင့် အမြောက်ဒဏ်ကို မည်သို့မျှ ခံနိုင်ရည်မရှိခဲ့ပေ။

"အနှစ်ငါးဆယ်ကြာအောင် လေ့ကျင့်ထားတဲ့ ဆရာကြီးကျုံးရဲ့ သံသဲလက်ဝါးက ရန်သူနှစ်ယောက်ကိုပဲ သတ်နိုင်ခဲ့ပြီး သိုင်းမသိတဲ့ သာမန်စစ်သားတစ်ယောက်ရဲ့ သေနတ်ဒဏ်နဲ့ အသက်ပျောက်ခဲ့ရပြီ"

"ဓားသမားကြီး ဝမ်လျူဆိုရင် သူ့ဓားကိုတောင် အိတ်ထဲကမထုတ်ရသေးဘူး၊ နိုင်ငံခြားသားတွေရဲ့ သေနတ်အောက်မှာ လဲကျသွားခဲ့ရတယ်"

"ဟောက်ယွဲ့သိုင်းခန်းမက ဆရာကြီးဟုန်ဆိုရင် သေနတ်နဲ့ ချိန်ခံရလို့ လက်ပြန်ကြိုးတုပ် ဒူးထောက်ခဲ့ရပြီး နိုင်ငံခြားသားတွေရဲ့ စံအိမ်ကို ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး အခုထိ သတင်းမကြားရတော့ဘူး"

"သိုင်းပညာတွေ သင်နေလို့ရော ဘာထူးမှာလဲ ဆယ်စုနှစ်ချီပြီး ဒုက္ခခံလေ့ကျင့်ထားသမျှဟာ ကျည်ဆန်တစ်တောင့်တည်းနဲ့ အရာအားလုံး ပျက်စီးသွားတာပဲ"

နိုင်ငံခြားသားများ၏ သေနတ်နှင့် အမြောက်စွမ်းအားမှာ မာချန်မြို့သားတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေပါသည်။ သူတို့တစ်သက်လုံး ကိုးကွယ်ယုံကြည်လာသော သိုင်းပညာမှာ ခေတ်မီလက်နက်များရှေ့တွင် အသုံးမဝင်သကဲ့သို့ပင်။

သိုင်းပညာရှင်တို့သည် မိမိကိုယ်မိမိ ယုံကြည်မှု လုံးဝပျောက်ဆုံးသွားကြပါသည်။ အချို့က ထွက်ပြေးတိမ်းရှောင်ကြပြီး အချို့က ရန်သူ့ထံတွင် ဒူးထောက်အညံ့ခံခဲ့ကြသော်လည်း အနည်းငယ်သော သူတို့ကမူ ဆက်လက်ခုခံနေဆဲပင်။

မာချန်မြို့၏ နံပါတ်တစ်သိုင်းသမား ဆရာကြီးဟုန် အဖမ်းခံရပြီးနောက်တွင်မူ မြို့သားများသည် ယခင်က ဆရာကြီးဟုန်ကို အနိုင်ယူခဲ့ဖူးသူ ဟုန်ယန်သိုင်းခန်းမမှ လုံယီဆီသို့သာ မျှော်လင့်ချက်ကြီးစွာဖြင့် ရောက်ရှိလာကြတော့သည်။

"စီနီယာအစ်ကိုကြီးက ကျင့်စဉ်အသစ်အတွက် တံခါးပိတ်ကျင့်ကြံနေပါတယ်။ တောင်းပန်ပါတယ်ခင်ဗျာ"

"ဒီလို အရေးကြီးနေတဲ့အချိန်မှ တံခါးပိတ်ကျင့်ကြံနေတယ် ဟုတ်လား နိုင်ငံခြားသားတွေကို ကြောက်လို့ အကြောင်းပြချက် ပေးနေတာ မဟုတ်လား"

“စကားကို ဆင်ခြင်ပြောပါ။ ငါ့ရဲ့ စီနီယာအစ်ကိုကြီးက အခက်အခဲကို ကြောက်ပြီး ပုန်းနေမယ့်သူမျိုး မဟုတ်ဘူး”

ရောက်ရှိလာကြသော သိုင်းပညာရှင်တို့သည် ဒေါသအမျက် ထွက်နေကြပြီး လုံယီ တံခါးပိတ်ကျင့်ကြံနေသည်ဟူသော သတင်းကို လုံးဝယုံကြည်နိုင်ခြင်း မရှိကြပေ။

“အခုချက်ချင်း အရေးမယူဘူးဆိုရင် အဖမ်းခံထားရတဲ့ ဆရာကြီးဟုန်နဲ့ နတ်ဘုရားနှင်တံကိုးပါးတို့က နိုင်ငံခြားသားတွေရဲ့ ကွပ်မျက်တာကို ခံရတော့မယ်”

သိုင်းပညာရှင်တို့သည် ပူပြင်းလှသော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်များကဲ့သို့ပင် အသည်းအသန် ဖြစ်နေကြသော်လည်း မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ ဝေခွဲမရ ဖြစ်နေကြရပါသည်။

“ငါသွားမယ်”

ငွေရောင်ဆံပင်နှင့် သိုင်းပညာရှင်ကြီးက ရှေ့သို့တစ်လှမ်းတိုး၍ ကြေညာလိုက်ပါသည်။

သူ၏ဆံပင်တို့မှာ ဖြူဖွေးနေပြီး မျက်နှာတွင်လည်း အရေးအကြောင်းများ ထူထပ်ကာ မျက်လုံးများမှာ ဝါဖျော့နေပြီ ဖြစ်သော်လည်း သူသည် ခါးကိုမတ်မတ်ဆန့်လျက် တည်ကြည်စွာ ရပ်တည်နေဆဲပင်။

“ဆရာကြီး... ဆရာကြီးက အသက်ကြီးလှပြီ။ ဒီလို အန္တရာယ်ကြားထဲ ကိုယ်တိုင်မသွားပါနဲ့တော့”

သိုင်းခန်းမမှ တပည့်တို့မှာ ထိတ်လန့်သွားကြပြီး ဆရာကြီးကို ဝိုင်းဝန်းတားဆီးကြပါသည်။ လူသည် အသက်ကြီးရင့်လာလေလေ အသက်ဓာတ်များ ဆုတ်ယုတ်လာလေလေဆိုသည်မှာ မပြောင်းလဲနိုင်သော အမှန်တရားတစ်ခုပင်။

ဤငွေရောင်ဆံပင်နှင့် သိုင်းပညာရှင်ကြီးသည် လွန်ခဲ့သော အနှစ်ငါးဆယ်က မာချန်မြို့၏ နံပါတ်တစ်သိုင်းသမား ဖြစ်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် သူ၌ ခွန်အားမည်မျှ ကျန်ရှိနေသေးသည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။ သို့သော် ဆရာကြီးသည် ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်လိုက်ပြီး နိုင်ငံခြားသားများအပေါ် နာကျည်းချက်အပြည့်ဖြင့် သိုင်းသမားများကို ဦးဆောင်ကာ ရန်သူတို့၏ စံအိမ်ဆီသို့ ထွက်ခွါသွားတော့သည်။

သို့သော်... သူတို့အားလုံးမှာ ဘယ်သောအခါမျှ ပြန်လည်ရောက်ရှိမလာခဲ့ကြပေ။

“စီနီယာအစ်ကိုကြီး... ကျင့်ကြံတာကို ရပ်လိုက်ပါတော့။ ဆရာကြီး အဖမ်းခံလိုက်ရပြီ”

တံခါးပိတ်ကျင့်ကြံရာ အခန်းအပြင်ဘက်၌ ဟုန်ယန်သိုင်းခန်းမမှ တပည့်တို့သည် ရူးမတတ် အော်ဟစ်နေကြပါသည်။

“ဒီလောက် အကျယ်ကြီး အော်မနေကြနဲ့။ အစ်ကိုကြီးရဲ့ ကျင့်စဉ်ကို သွားရောက်ထိခိုက်ပြီး သွေးလေချောက်ချားသွားရင် ဘယ်လိုလုပ်မလဲ”

တစ်ဦးက ဒေါသတကြီး ပြန်လည်အော်ဟစ်လိုက်သည်။

အခန်းအတွင်း၌မူ အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးမှာ ခုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်နေပြီး သူ၏မျက်နှာထားမှာ အလွန်တရာ တည်ကြည်ပြတ်သားလှပါသည်။ ထိုစဉ်မှာပင် သူသည် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်ရာ မျက်ဝန်းအတွင်းမှ နီမြန်းသော အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားပါတော့သည်။

“ဆရာကြီး ဘယ်မှာလဲ”

သူသည် လေပြင်းတစ်ချက်အလား သိုင်းခန်းမအလယ်၌ ရုတ်တရက် ပေါ်ပေါက်လာခြင်းကြောင့် သူ၏ ဂျူနီယာ မောင်နှမများအားလုံး လန့်ဖျန့်သွားကြရပါသည်။

မာချန်မြို့တော်ဝန် စံအိမ်….

ယခင်က အဆင့်မြင့်အရာရှိကြီးများ နေထိုင်ခဲ့သော အဆိုပါစံအိမ်ကြီးကို ယခုအခါတွင်မူ နိုင်ငံခြားသားများက အပိုင်စီးထားကြပါသည်။ မူလပိုင်ရှင်မှာမူ မြို့အတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားသည်မှာ ကြာလှပြီ ဖြစ်ပါသည်။

စံအိမ်ကြီး၏ ခြံဝင်းအတွင်း၌ နိုင်ငံခြားသားများ၏ ခေတ်မီသေနတ်များနှင့် အမြောက်များက နေရာယူထားကြပြီး အဖမ်းခံထားရသော သိုင်းပညာရှင်တို့မှာမူ ဂုဏ်သိက္ခာမဲ့စွာဖြင့် အချည်နှောင်ခံထားရတော့သည်။

ရွှေအိုရောင်ဆံပင်နှင့် ပြာလဲ့သောမျက်လုံးများရှိသည့် နိုင်ငံခြားသား အမျိုးသား၊ အမျိုးသမီးတစ်စုသည် လှပတင့်တယ်သော ဥယျာဉ်တစ်ခုအတွင်း ထိုင်နေကြသည်။ သူတို့သည် ကပွဲတစ်ခုကို ကြည့်ရှုရင်း ရယ်မောမြူးထူးနေကြသည်မှာ အလွန်ပင် မောက်မာရိုင်းစိုင်းလှသည်။

သူတို့၏အနားတွင်မူ သေနတ်ဖြင့် ချိန်ရွယ်ခြင်းခံထားရသဖြင့် အတင်းအဓမ္မ ဒူးထောက်နေရသော သိုင်းပညာရှင်များကို တွေ့ရသည်။ ထိုသူတို့၏ မျက်နှာများမှာ ပြာနှမ်းနေပြီး မျက်ဝန်းများမှာလည်း အသက်မဲ့နေသကဲ့သို့ပင်။ သို့သော်လည်း တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီး မျက်နှာတွင် သွေးများပေကျံနေသည့် ငွေရောင်ဆံပင်နှင့် အဘိုးအိုတစ်ဦးကမူ ရှေးဟောင်းထင်းရှူးပင်ကြီးတစ်ပင်အလား ခါးကို မတ်မတ်ဆန့်ကာ ရပ်နေဆဲပင်။

“လေးစားရပါသော သိုင်းဆရာကြီး...မင်းသာ ငါတို့ရဲ့ ကောင်းကင်လင်းယုန်နိုင်ငံအပေါ် သစ္စာခံမယ်ဆိုရင် မင်းကို ဘာရွန်ဘွဲ့အပြင် မျိုးဆက်ပေါင်းများစွာ ခံစားရမယ့် စည်းစိမ်ချမ်းသာတွေကို ပေးအပ်မှာပါ”

ထိပ်ဆုံးတွင် ထိုင်နေသည့် ခပ်နွမ်းနွမ်းဦးထုပ်နှင့် ဝတ်စုံနက်ဝတ်ထားသော ရွှေရောင်ဆံပင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက မောက်မာစွာ ပြောလိုက်သည်။

“သိုင်းပညာဆိုတာ ခေတ်နောက်ကျပြီး ဖုန်တောထဲ ရောက်သွားပြီဆိုပေမဲ့... သိုင်းပညာရှင် အစစ်အမှန်ဖြစ်လာတဲ့ သူတွေကိုတော့ ဒီဘာရွန်က အလေးထားပါတယ်”

ငွေရောင်ဆံပင်နှင့် သိုင်းဆရာကြီးမှာမူ တစ်ချက်နှာခေါင်းရှုံ့လိုက်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောချေ။

“နှမြောစရာပဲ... ငါက လူသတ်ရမှာကို တကယ် ဝါသနာမပါဘူး။ မင်းတို့က ဘာလို့ ဒီဘာရွန်ရဲ့ ကရုဏာကို နားမလည်ကြတာလဲ”

ရွှေရောင်ဆံပင်နှင့် လူက လက်ယမ်းပြလိုက်သည်။

ချက်ချင်းပင် သူ၏နောက်ကွယ်မှ စစ်သားတစ်ဒါဇင်ကျော်မှာ သေနတ်များကို မြှောက်လိုက်ကြသည်။ အနက်ရောင်ပြောင်းဝများမှာ ငွေရောင်ဆံပင်နှင့် ဆရာကြီးနှင့် ဒူးထောက်နေသော သိုင်းသမားများဆီသို့ တည့်တည့်ချိန်ရွယ်ထားသည်။ အချို့သော သိုင်းသမားများမှာ ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲတွင် ဆီးထွက်ကုန်ကြသည်။

“ဒါ နောက်ဆုံးအခွင့်အရေးပဲ”

ဘာရွန်က ပြောအပြီးတွင် ဆရာကြီးမှာ မလှုပ်မယှက် ရှိနေဆဲဖြစ်ရာ သူ၏မျက်လုံးထဲတွင် ရက်စက်သည့် အရိပ်အယောင်များ ပေါ်လာပြီး ကွပ်မျက်ရန် အမိန့်ပေးတော့မည့်ဆဲဆဲ...

ရုတ်တရက် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးသည် ခြံဝင်းအတွင်း၌ တိတ်ဆိတ်စွာ ပေါ်လာသည်။ သူသည် နိုင်ငံခြားသားများကို ကျောခိုင်းထားပြီး ဘေးတွင် လူမရှိသည့်အလား ဆရာကြီး၏ ကိုယ်ပေါ်မှ ကြိုးများကို စတင်ဖြေပေးနေတော့သည်။

“ဆရာ... ကျွန်တော် နောက်ကျသွားပါတယ်”

လူငယ်က တိုးတိုးလေး ပြောလိုက်သည်။

“သူက ဘယ်သူလဲ”

“ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ”

“သူ့ကို ပစ်သတ်ကြစမ်း”

ဘာရွန်နှင့် သူ၏အပေါင်းအပါများမှာ ထိုလူငယ် မည်သို့ပေါ်လာသည်ကို မမြင်လိုက်ရသဖြင့် သူတို့၏ ကြောက်စိတ်ကို ဖုံးကွယ်ရန်အတွက် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

“ဟမ်”

အစိမ်းရောင်ဝတ်စုံနှင့် လူငယ် လုံယီက ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ စူးရှစွာ တောက်ပနေသည်။ သိုင်းပညာရှင်တစ်ဦး၏ ထူးခြားသော စိတ်ဝိညာဉ်၊ စွမ်းအင်နှင့် သွေးဓာတ်များမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး ထိုလူရိုင်းများအပေါ်သို့ ပြင်းထန်စွာ ဖိနှိပ်လိုက်တော့သည်

မာချန်မြို့ကို ကျူးကျော်လာသော ထိုနိုင်ငံခြားသား အရာရှိကြီးများသည် ရှေးဦးကမ္ဘာမှ ဒိုင်နိုဆော ဘုရင်ကြီးတစ်ကောင်နှင့် ထိပ်တိုက်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ဝိညာဉ်ထဲအထိ စွဲမြဲနေသော ကြောက်ရွံ့မှုများမှာ နိုးထလာပြီး ကိုယ်လက်အင်္ဂါများကို မလှုပ်ရှားနိုင်တော့ဘဲ ကျောက်ရုပ်များအလား တောင့်တင်းသွားကြတော့သည်။ သေနတ်တစ်

ချက်ပင် ပစ်ရန် မစွမ်းသာကြတော့ချေ။

All Chapters