← Chapters

နှုတ်ဆက်လမ်းခွဲခြင်း

Vol. 6 Ch. 60

နှုတ်ဆက်လမ်းခွဲခြင်း

Vol. 6 Ch. 60

“မောင်လေးရဲ့ယောက်ဖကိုပါ တစ်ခါတည်း ခေါ်လာမလို့ စိတ်ကူးထားပေမဲ့ ဒီရက်ပိုင်း သူ့ခါးဒဏ်ရာက ပြန်ပေါ်လာပြီး လှုပ်ရှားရခက်နေလို့လေ”

ထောင်ယွင်ချွမ်းအကြောင်း ပြောနေသည့် ရွှီလျန်၏လေသံမှာ အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရသည်။

“ဒါဆိုရင် အစ်မက အိမ်မှာပဲ သူ့ကို ပြုစုပေးခဲ့သင့်တာပေါ့...”

ရွှီနင်၏လေသံတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်အချို့ ပါဝင်နေလေသည်။

ရွှီလျန်က ရှင်းပြလေသည်။ “အစ်မလည်း အိမ်မှာပဲနေပြီး သူ့ကို ပြုစုပေးမလို့ပါပဲ... ဒါပေမဲ့ နင့်ယောက်ဖက ရာသီဥတု ပူလာပြီတဲ့... မောင်လေးဆီမှာ နွေရာသီဝတ်ဖို့ အဝတ်အစားတွေ သိပ်မရှိဘူးဆိုပြီး အစ်မကို အဝတ်အစားနဲ့ စားစရာတချို့ လာပို့ခိုင်းလိုက်တာ... မောင်လေးအတွက် ယူလာတဲ့ပစ္စည်းတွေက တည်းခိုခန်းမှာ ထားခဲ့တယ်”

“ပြီးတော့ ထောင်ထောင်ကလည်း မောင်လေးကို လွမ်းတယ်လို့ ပြောနေတာနဲ့... သူက အစ်မတို့ကို လာလည်ခိုင်းလိုက်တာ”

ဤစကားကို ကြားလိုက်ရသောအခါ ရွှီနင် စိတ်မကောင်းဖြစ်သွားမိသည်။

“သူ့ဒဏ်ရာကို ကုသဖို့ နည်းလမ်းရှိမလား မသိဘူးနော်...”

.

ရွှီနင် အတွေးတစ်ခု ဝင်လာသည်။

ယခင်တုန်းက ထောင်ယွင်ချွမ်းသည် မတော်တဆမှုတစ်ခုကြောင့် ဒဏ်ရာရခဲ့ဖူးသည်။ ထိုစဉ်က ခြေလက်များ ထိခိုက်ခဲ့ရုံသာမက ခန္ဓာကိုယ်အတွင်းပိုင်း၌ပါ ဒဏ်ရာဟောင်းများ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ရာသီဥတုအပြောင်းအလဲ ကာလများတွင် ထောင်ယွင်ချွမ်း၏ ဒဏ်ရာဟောင်းများ ပြန်ပေါ်လာတတ်ပြီး ခန္ဓာကိုယ် ကိုက်ခဲနာကျင်တတ်လေသည်။

ယခုအခါ ရွှီနင်သည် တရားဝင် လက်ထောက်တစ်ဦး ဖြစ်လာပြီဖြစ်ရာ အဆက်အသွယ်များနှင့် အရင်းအမြစ်များ ပိုမိုရရှိလာပြီဟု ခံစားမိသည်။

ယောက်ဖဖြစ်သူ၏ ဒဏ်ရာဟောင်းများကို ကုသပေးနိုင်မည့် ဝိညာဉ်ဆေးဝါး သို့မဟုတ် ဆေးလုံးများ ရှိမရှိ ချွီးတယိုအား မေးမြန်းကြည့်ရန် ရွှီနင် ဆုံးဖြတ်လိုက်သည်။

“ဆရာ... သူတို့တည်းခိုဖို့ နေရာရှာပေးရမလား”

တိတ်ဆိတ်နေမှုကို ဖြိုခွင်းရန် ဖုန်ဆစ်ကွားက အလျင်အမြန် မေးလိုက်သည်။

“မလိုပါဘူး... သူတို့ ငါနဲ့အတူ နေလို့ရပါတယ်... ငါ့အိမ်မှာ အခန်းလွတ်တစ်ခန်းနဲ့ အိပ်ရာအပိုတစ်ခု ရှိတယ်”

ထို့နောက် ရွှီနင်က ကောယယ်ကို ကြည့်လိုက်သည်။ “မင်းရော ငါတို့နဲ့အတူ လာနေမလား”

ကောယယ်က ခေါင်းခါလိုက်သည်။ “ငါက ဦးလေးကို ကူညီပေးရဦးမှာ... အစ်မလျန်နဲ့ ထောင်ထောင်ကိုသာ ခေါ်သွားလိုက်ပါ... ငါပြန်ခါနီးကျရင် သူတို့ကို လာခေါ်လိုက်မယ်”

“ကောင်းပြီလေ...”

ထောင်ယွင်ချွမ်းသာ ပါလာခဲ့လျှင် သုံးယောက်စလုံးကို အကြာကြီး နေစေချင်မိသည်။

သို့သော် ထောင်ယွင်ချွမ်း တစ်ယောက်တည်း အိမ်တွင် ကျန်ရစ်ခဲ့သဖြင့် ရွှီနင် စိတ်ပူနေမိသည်။

“ဒါနဲ့ ကောယယ်”

ရွှီနင်က ပြောလိုက်သည်။ “ဦးလေးကန်းက မိတ်ဆွေတွေကို ညစာဖိတ်ကျွေးမယ်ဆိုရင် ငါ့ကို လှမ်းခေါ်ဖို့ မမေ့နဲ့နော်”

ကောယယ်မှ ထိုစကားကို ကြားသောအခါ မျက်လုံးများ လင်းလက်သွားပြီး “စိတ်ချပါ” ဟု ပြန်ဖြေလေသည်။

ရွှီနင်သည် ယခုအခါ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့၏ တပ်ခွဲမှူးတစ်ဦး ဖြစ်နေချေပြီ။ အကယ်၍ ထောင်ယွင်ကန်းကသာ သူ့ကို ညစာစားပွဲသို့ ခေါ်သွားပါက အခြားစီးပွားရေးသမားများသည် ထောင်ယွင်ကန်းကို မလွဲမသွေ အထင်ကြီးလေးစားကြပေလိမ့်မည်။

ဤသို့ဆိုလျှင် စီးပွားရေးဆွေးနွေးရာ၌ ပိုမိုလွယ်ကူချောမွေ့စေမည် ဖြစ်သည်။

ထောင်ယွင်ကန်းသည် အတိတ်၌ ရွှီနင်အား များစွာကူညီခဲ့ဖူးသဖြင့် ရွှီနင်မှ ကျေးဇူးပြန်ဆပ်လိုခြင်း ဖြစ်သည်။

…

မကြာမီ သူတို့ လမ်းခွဲလိုက်ကြသည်။

ရွှီနင်သည် ရွှီလျန်နှင့် ထောင်ထောင်ကို ခေါ်ဆောင်ကာ ဈေးသို့သွား၍ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်များ ဝယ်ယူပြီးနောက် အိမ်သို့ ပြန်လာခဲ့ကြသည်။

ကောယယ်သည် ရွှီနင်၏အိမ်တွင် မနေသော်လည်း သူနှင့် ထောင်ချင်းဖင်တို့သည် ရွှီနင်တို့နှင့်အတူ အရသာရှိသော အိမ်ချက်လက်ရာ ညစာကို အတူတူ စားသောက်ခဲ့ကြသည်။

ရွှီနင်နှင့် ထောင်ချင်းဖင်တို့သည် အိမ်ချက်ထမင်းဟင်းကို မစားရသည်မှာ ကြာပြီဖြစ်၍ မြိန်ရည်ရှက်ရည် စားသောက်ခဲ့ကြသည်။

ထောင်ထောင် တစ်ယောက်သာ မပျော်မရွှင် ဖြစ်နေရှာသည်။ မြို့ထဲသို့ မလာခင်က ကောယယ်သည် သူမကို စားသောက်ဆိုင်ကြီး၌ အဝစားရန် ခေါ်သွားမည်ဟု ကတိပေးထားခဲ့သောကြောင့် ဖြစ်သည်။

သို့သော် နောက်တစ်နေ့တွင် ထောင်ထောင်၏ စိတ်ပျက်မှုများ ပျောက်ကွယ်သွားတော့သည်။ ရွှီနင်သည် သူ့ခွင့်ရက်များကို အသုံးပြုကာ ထောင်ထောင်နှင့် ရွှီလျန်ကို ခန်းယွင်ခရိုင်အနှံ့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

ရွှီနင်သည် ထောင်ထောင်အတွက် ကစားစရာများစွာ ဝယ်ပေးခဲ့သလို ဈေးကြီးသော စားသောက်ဆိုင်များ၌လည်း လိုက်လံကျွေးမွေးခဲ့သည်။

ရွှီလျန်က ရွှီနင် ပိုက်ဆံဖြုန်းသည်ဟုဆိုကာ ညည်းညူလေသည်။

သို့သော် ရွှီနင်၏ ဝင်ငွေပမာဏကို သိလိုက်ရပြီးနောက်တွင်မူ ဆက်လက်မငြီးငြူတော့ပေ။

မကြာမီ ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။

ထောင်ယွင်ကန်း၏ လှည်းတန်းသည် အိမ်ပြန်ခရီးစတင်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

ရွှီနင်သည် မခွဲခွာချင်သော်လည်း မြို့ပြင်အထိ ကိုယ်တိုင်လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

“အစ်မ... ဒီပိုက်ဆံတွေ ယူသွားလိုက်”

ရွှီနင်က ငွေစ ၁၀၀ တန် ငွေစက္ကူကို ရွှီလျန်၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူသည် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်မှာ သုံးလရှိပြီဖြစ်ပြီး ထိုကာလအတွင်း ငွေအမြောက်အမြား ရရှိခဲ့သည်။ သို့သော် သူ့ပိုက်ဆံအများစုမှာ စွမ်းအင်အမှတ်များရရှိရန် အရင်းအမြစ်များ ဝယ်ယူရာတွင် ကုန်ဆုံးသွားခဲ့သည်။

ဤငွေစ ၁၀၀ မှာ ချွီးတယိုထံမှ ရရှိထားခြင်း ဖြစ်သည်။

ရွှီလျန်က ငြင်းဆန်လိုသော်လည်း နောက်ဆုံးတွင် လက်ခံလိုက်ရသည်။

“ရွှီနင်... ဒါ မင်းအတွက်”

ကောယယ်နှင့် ထောင်ယွင်ကန်းတို့ ရောက်လာပြီး ရွှီနင်အား သစ်သားသေတ္တာတစ်လုံး ပေးလိုက်ကြသည်။

ရွှီနင်သည် မဖွင့်ကြည့်ဘဲနှင့်ပင် အတွင်း၌ ဘာရှိမှန်း သိနေသည်။

သေချာပေါက် ဝိညာဉ်ဆေးပင်များ ဖြစ်ပေလိမ့်မည်။

“ဦးလေးကန်း၊ ကောယယ်... ခင်ဗျားတို့ဆီက အကူအညီတွေ အများကြီး ရပြီးသားပါ... ဒါတွေ ပေးစရာမလိုပါဘူး”

ရွှီနင်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။

ယခုအခါ သူသည် လစဉ် ချီယွမ်ဆေးပြား သုံးပြား ရရှိနေပြီဖြစ်ရာ သာမန်အရင်းအမြစ်များကို မလိုအပ်တော့ပေ။

“ရွှီနင်... ဟိုတစ်နေ့က မင်း ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ... မင်းလက်ခံလိုက်မှ ငါ စိတ်သန့်မှာပါ”

ထောင်ယွင်ကန်းက ဖြောင်းဖျလေသည်။

လွန်ခဲ့သော နှစ်ရက်က ထောင်ယွင်ကန်းသည် ခရိုင်မြို့မှ ဆိုင်ရှင်များနှင့် ညစာစားသောအခါ ရွှီနင်လည်း ပါဝင်ခဲ့သည်။

ရွှီနင်၏ အဆင့်အတန်းအား သိရှိသွားပြီးနောက် ဆိုင်ရှင်များ၏ ထောင်ယွင်ကန်းအပေါ် ဆက်ဆံပုံများ လုံးဝ ပြောင်းလဲသွားခဲ့သည်။

သူတို့သည် ရက်ရောလာကြပြီး မလိုအပ်ဘဲ ဈေးဆစ်ခြင်းများ မပြုလုပ်ကြတော့သလို နောက်တစ်နေ့တွင် ထောင်ယွင်ကန်းအတွက် ကုန်ပစ္စည်းလမ်းကြောင်းသစ်များကိုပင် မိတ်ဆက်ပေးခဲ့ကြသည်။

ဤသည်မှာ ဆေးကုန်သည်လုပ်သက်တစ်လျှောက်၌ ထောင်ယွင်ကန်းတစ်ယောက် အပျော်ရွှင်ဆုံး အချိန်ပင် ဖြစ်သည်။

ဤအရာအားလုံးမှာ ရွှီနင်၏ ကူညီပေးမှုကြောင့်ဖြစ်ကြောင်း သူသိလေသည်။

သူသည် ကောယယ်အား ရွှီနင်ကိုကူညီရန် အမြဲခွင့်ပြုခဲ့သော်လည်း တစ်နေ့တွင် ရွှီနင်က ကျေးဇူးပြန်ဆပ်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

သို့သော် နောက်ဆုံးတွင် ရွှီနင်၏ ဂုဏ်သတင်းကြောင့် သူ များစွာ အကျိုးအမြတ် ရရှိခဲ့လေသည်။

“ဦးလေးကန်း... ကျွန်တော် လက်မခံချင်ပါဘူးဗျာ”

ရွှီနင် ပြောလိုက်သည်။

နောက်ဆုံးတွင် သူတို့နှစ်ဦး ရွှီနင်ကို အတင်းအကျပ် မပေးတော့ဘဲ လက်ဆောင်ကို ပြန်ယူလိုက်ကြသည်။

မြည်းလှည်းသည် စတင်ရွေ့လျားသွားလေသည်။

“တာ့တာ... ဦးလေး”

ထောင်ထောင်က ရွှီနင်ကို လက်ပြနှုတ်ဆက်သည်။

ရွှီနင်လည်း ရပ်လျက် ပြန်လည်လက်ပြလိုက်သည်။

“တာ့တာ... ဦးလေး”

ထောင်ထောင်က ထပ်ခါတလဲလဲ အော်ဟစ်နှုတ်ဆက်နေလေသည်။

လှည်းတန်း ဝေးကွာသွားသည်အထိ ထောင်ထောင်၏ အသံကို ရွှီနင် ကြားနေရဆဲပင်။

ခဏအကြာတွင် မြည်းလှည်းသည် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

ရွှီနင်သည် မူလနေရာတွင် ဆက်လက်ရပ်နေမိသည်။ သူ သက်ပြင်းချလိုက်ပြီး ခရိုင်မြို့ထဲသို့ ပြန်လှည့်လာခဲ့သည်။

…

မိသားစုနှင့် မိတ်ဆွေများကို နှုတ်ဆက်ပြီးနောက် ရွှီနင်၏ရင်ထဲ၌ ဟာတာတာ ဖြစ်ကျန်ရစ်ခဲ့သည်။

သူသည် တပ်ဖွဲ့စခန်းသို့ ပြန်လာပြီး လွန်ခဲ့သော ရက်အနည်းငယ်က သတင်းများကို ဖတ်ရှုလိုက်သည်။

ခန်းယွင်ခရိုင်ရှိ တပ်ဖွဲ့စခန်းတိုင်းသည် မနေ့ကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို နံနက်တိုင်း အစီရင်ခံစာ ရရှိလေ့ရှိရာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ဝင်တိုင်း ခရိုင်အတွင်း ဖြစ်ပျက်နေသည်များကို သိရှိနားလည်ထားကြသည်။

‘ဘာပါလိမ့်’

အတွင်းရေးအစီရင်ခံစာများကို ဖတ်ရှုနေစဉ် ရွှီနင်သည် ‘မိစ္ဆာဂိုဏ်း’ ဟူသော ခေါင်းစဉ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။

တယွမ်ကုန်သွယ်ရေးအဖွဲ့ အဖြစ်အပျက်ကြောင့် ရွှီနင်သည် မိစ္ဆာဂိုဏ်းများကို အထူးဂရုပြုနေခဲ့သည်။

ရွှီနင်သည် အကြောင်းအရာကို သေချာစွာ ဖတ်ရှုလိုက်သည်။

အစီရင်ခံစာသည် မနေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ရက်က လျူရွှေလမ်းကြားတွင် ဖြစ်ပွားခဲ့သော မိစ္ဆာဂိုဏ်းသားတစ်ဦး၏ လူသတ်မှုအကြောင်းကို ဖော်ပြထားသည်။

ထိုမိစ္ဆာဂိုဏ်းသားသည် ခရိုင်မြို့ရှိ သာမန်ဆိုင်အကူတစ်ဦးသာ ဖြစ်သည်။

သို့သော် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် သူသည် မိစ္ဆာသိုင်းပညာရပ်တစ်ခုကို သင်ယူမိခဲ့သည်။

မိစ္ဆာသိုင်းပညာကို စတင်သင်ယူကာစတွင် ဆိုင်အကူသည် ကြောက်လန့်နေသဖြင့် မလေ့ကျင့်ရဲခဲ့ပေ။

သို့သော် တစ်နေ့တွင် ဆိုင်ပိုင်ရှင် အပြောင်းအလဲဖြစ်သွားပြီး ပိုင်ရှင်အသစ်သည် ဆိုင်အကူကို နှိပ်စက်စော်ကားလာခဲ့သည်။

ထို့ကြောင့် မကျေနပ်ချက်များ ဖြစ်ပေါ်လာသော ဆိုင်အကူသည် မိစ္ဆာသိုင်းပညာကို တိတ်တဆိတ် စတင်လေ့ကျင့်လာခဲ့တော့သည်။

နှစ်ဝက်ပင် မကြာလိုက်ဘဲ ဆိုင်အကူသည် အတွင်းအားပြည့်ဝအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

လွန်ခဲ့သော သုံးရက်က ဆိုင်ပိုင်ရှင်သည် သူ့ကို ထပ်မံထိုးကြိတ်ကန်ကျောက်ခဲ့ရာ ဆိုင်အကူက လက်တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ထိုညတွင် ဆိုင်အကူသည် ဆိုင်ပိုင်ရှင်၏ အိမ်ထဲသို့ ခိုးဝင်ပြီး ဆိုင်ပိုင်ရှင်ကို ရိုက်နှက်ရန် ပြင်ဆင်ခဲ့သည်။

သို့သော် သူသည် မိစ္ဆာသိုင်းပညာကို လေ့ကျင့်ထားသောကြောင့် သူ့စိတ်ထဲမှ အမုန်းတရားများသည် ဟန်ချက်ပျက်ပြားကာ စိတ်အခြေအနေကို ထိခိုက်စေခဲ့သည်။

သူသည် ဆိုင်ပိုင်ရှင်ကို ပညာပေးရုံသာ ရည်ရွယ်ခဲ့သော်လည်း စိတ်လွတ်သွားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်မိသားစုမှ လူအများအပြားကို သတ်ဖြတ်မိခဲ့သည်။

သူ ထွက်ပြေးစဉ်တွင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

နောက်ဆုံး စစ်ဆေးမေးမြန်းနေစဉ်အတွင်း ဆိုင်အကူသည် ရုတ်တရက် သေဆုံးသွားခဲ့ရာ အသုံးဝင်သော သတင်းအချက်အလက် များများစားစား မရရှိလိုက်ပေ။

မိစ္ဆာဂိုဏ်း၏ လူသတ်မှုသည် ရေရေရာရာ အဖြေမပေါ်ဘဲ ပြီးဆုံးသွားခဲ့ရသည်။

All Chapters