← Chapters

အခန်း (၂၈၆)

Vol. 29 Ch. 286

အခန်း (၂၈၆)

Vol. 29 Ch. 286

ကားတန်းကြီးသည် အရှိန်အဟုန်ဖြင့် မောင်းနှင်လာခဲ့ရာ ပိုင်ချန်မြို့ပြဧရိယာမှ လျင်မြန်စွာ ထွက်ခွာနိုင်ခဲ့ပြီး မြို့ပြင်ဆင်ခြေဖုံးရပ်ကွက်များသို့ ရောက်ရှိလာခဲ့သည်။

ကောင်းကင်ယံမှာလည်း စတင်မှောင်ရီပျိုးစပြုနေပြီ ဖြစ်သည်။

ဘေးကင်းလုံခြုံမှုကို ရှေးရှုသောအားဖြင့် ကားတန်းကြီးကို ဆက်လက်မောင်းနှင်ခြင်း မပြုတော့ဘဲ လုချွမ်းသည် ကျယ်ဝန်းသော ကွင်းပြင်တစ်ခုအတွင်းသို့ မောင်းဝင်စေကာ ထိုနေရာတွင်ပင် စခန်းချရန် ဆုံးဖြတ်လိုက်သည်။

စခန်း၏ အလယ်ဗဟိုတွင် တောက်လောင်နေသော မီးပုံကြီးတစ်ခု ထွန်းညှိလိုက်ရာ ပတ်ဝန်းကျင်ရှိ မှောင်မိုက်မှုအားလုံးမှာ လွင့်စင်သွားတော့သည်။

ကျောက်လင်းနှင့် ချီချီလေးတို့မှာတော့ ကားမှသွယ်တန်းထားသော မီးချောင်းအလင်းရောင်အောက်တွင် တဲအတွင်း၌ မိုနိုပိုလီဂိမ်း ကစားနေကြသည်။ ကျောက်လင်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပြီး လက်ထဲရှိ ရုပ်ပုံလေးများကို ကိုင်ကာ ဂိမ်းဘုတ်ပေါ်ရှိ အကွက်များကို အလေးအနက် ရေတွက်နေသည်။

"ဟင်း... မိုနိုပိုလီကိုပဲ ခဏခဏ ကစားနေရတာ အန်တောင် ထွက်ချင်ပြီ"

ဘေးနားရှိ ကျိရုရွှယ်မှာ စိတ်ထဲမှ သက်ပြင်းချရင်း နောက်တစ်ခါ မြို့ထဲရောက်လျှင် တခြားဂိမ်းအသစ်တွေ ရှာဦးမှဟု ကြိတ်ပြီး စဉ်းစားနေတော့သည်။

"ချီချီလေး... သမီးအလှည့်ရောက်ပြီ အန်စာတုံး မြန်မြန်ခေါက်လေ"

ကျောက်လင်းက သူမအလှည့်ပြီးသွားသဖြင့် ငေးငိုင်နေသော ချီချီလေးကို ကြည့်ကာ လှမ်းတိုက်တွန်းလိုက်သည်။

"ဪ... ဟုတ်ကဲ့ ဟုတ်ကဲ့..."

ကျိရုရွှယ်မှာ ဘာမှမတတ်နိုင်ဘဲ ဆက်ကစားပေးနေရရှာသည်။

တဲအပြင်ဘက်ရှိ ထမင်းစားပွဲတွင်မူ လုချွမ်းတစ်ယောက် အလုပ်ရှုပ်နေသည်။ သူသည် လေစုပ်ထုတ်ပြီး ထုပ်ပိုးထားသော အမဲသားခြောက်ထုပ်များကို ဖောက်ကာ စဉ်းတီတုံးပေါ်တွင် ပါးပါးလှီး၍ ပန်းကန်ပြားထဲသို့ လှပစွာ စီထည့်လိုက်သည်။ ထို့နောက် အပေါ်မှ ဆော့စ်အချို့ ဆမ်းလိုက်ရာ အနံ့အရသာနှင့် ပြည့်စုံသော အမဲသားသုပ်တစ်ပန်းကန် အဆင်သင့် ဖြစ်သွားတော့သည်။

လုချွမ်းသည် ထိုအမဲသားသုပ်ကို ထမင်းစားပွဲပေါ်သို့ တင်လိုက်သည်။ စားပွဲပေါ်တွင် ယခင်

ကတည်းက တည်ခင်းထားသော ဟင်းတစ်ခွက်ရှိနှင့်နေပြီး ၎င်းမှာ မုန်လာဥဖြူနှင့် ဝက်နံရိုးစွပ်ပြုတ်ပင်။ မုန်လာဥမှာ သာမန်မုန်လာဥပင် ဖြစ်သော်လည်း ဝက်နံရိုးမှာမူ ပိုင်ချန်မြို့မှ ထွက်လာစဉ်က တွေ့ရှိခဲ့သော အဆင့် ၁ ဗီဇပြောင်းဝက်ဝံကြီးထံမှ ရရှိထားသော လတ်ဆတ်

သည့် အသားများပင်။

အမဲသားသုပ်ကို ချပြီးနောက် လုချွမ်းသည် တဲဆီသို့ ဦးတည်သွားကာ ချီချီလေးနှင့် ကျောက်လင်းတို့ကို ထမင်းစားရန် လှမ်းခေါ်လိုက်သည်။

"ဖေဖေ... ထမင်းစားချိန် ရောက်ပြီလား ဒီနေ့ ဘာဟင်းတွေ ချက်ထားလဲဟင်"

လုချွမ်း လာနေသည်ကို မြင်သောအခါ ကျိရုရွှယ်သည် ဂိမ်းကစားရာမှ ပျင်းရိနေမှုများ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်ကာ မေးလိုက်တော့သည်။

ညစာအကြောင်း ကြားလိုက်ရသည်နှင့် ကျောက်လင်း၏ အကြည့်မှာ စိတ်ဝင်တစား ပြောင်းလဲသွားသည်။

အစားပုတ်လေး...

လုချွမ်းက ချီချီလေး၏ ခေါင်းကို ချစ်ခင်စွာ ပုတ်လိုက်ပြီး ကြိုတင်ရေးသားထားသော စက္ကူလေးကို ကမ်းပေးလိုက်သည်။ ဘေးနားရှိ ကျောက်လင်းကလည်း ချက်ချင်းပင် အနားသို့ တိုးကပ်ကြည့်ရှုသည်။

"အမဲသားသုပ်နဲ့ မုန်လာဥဖြူ ဝက်နံရိုးစွပ်ပြုတ်လား သွားရအောင် ချီချီလေး။ ထမင်းစားကြမယ်။ ငါလည်း အတော်လေး ဗိုက်ဆာနေတာ"

ကျောက်လင်း၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး ချီချီလေး၏ ဖိနပ်ကို အမြန်စီးပေးကာ ထမင်းစားပွဲဆီသို့ ဦးဆောင်ခေါ်သွားတော့သည်။

လုချွမ်းကတော့ သူတို့နောက်သို့ မလိုက်ဘဲ ဇွန်ဘီရုပ်သေးအချို့ကို ခေါ်ဆောင်ကာ စခန်းနှင့် မလှမ်းမကမ်းရှိ တောအုပ်ဆီသို့ ထွက်လာခဲ့သည်။ ယနေ့ညတွင် အာဖန်းကို ဒုတိယမြောက် အဆင့် ၅ ဇွန်ဘီရုပ်သေး ဖြစ်လာစေရန် သူ ရည်ရွယ်ထားသည်။

သူ့ရှေ့တွင် တန်းစီရပ်နေသော အဆင့် ၄ ဇွန်ဘီရုပ်သေးများကို ကြည့်ရင်း လုချွမ်းက စိတ်အာရုံကို လှုပ်ရှားလိုက်ရာ မသေနိုင်သူ ၁ က ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။

ဖောက်... ဖောက်...

မသေနိုင်သူ ၁ သည် ၎င်း၏ လေးခြမ်းကွဲပါးစပ်ကြီးကို ဖြဲလိုက်ပြီး သွေးရောင်လျှာရှည်ကြီးကို လျင်မြန်စွာ ပစ်လွှတ်ကာ အဆင့် ၄ ဇွန်ဘီရုပ်သေး ၄ ကောင်၏ ဦးခေါင်းများကို ဆက်တိုက် ထိုးဖောက်လိုက်သည်။ မူလက အလွန်မာကျောလှသော ဦးခေါင်းခွံများသည် မသေနိုင်သူ ၁ ၏ လျှာအောက်တွင် တို့ဖူးကဲ့သို့ ပျော့အိနေတော့သည်။

ဘုန်း...

ဦးနှောက်နှင့် သွေးများမှာ ဦးခေါင်းနောက်စေ့မှ ရွံရှာဖွယ်ကောင်းအောင် ပန်းထွက်လာပြီး တိုက်ခိုက်ခံရသော ဇွန်ဘီ ၄ ကောင်မှာ လုချွမ်း၏ ထိန်းချုပ်မှုအောက်မှ ချက်ချင်း လွတ်ထွက်သွားကာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားတော့သည်။

အဆင့် ၄ ဇွန်ဘီရုပ်သေး ၄ ကောင်ကို ချက်ချင်း ဆုံးရှုံးလိုက်ရသဖြင့် လုချွမ်း၏ ရင်ထဲတွင် နှမြောတသဖြစ်သွားမိသည်။ သို့သော် အဆင့် ၅ ဇွန်ဘီရုပ်သေးတစ်ကောင် ရရှိရန်အတွက် ဤအဆင့် ၄ ဇွန်ဘီများကို လိုအပ်သော စတေးမှုပြုလုပ်ရန်သာ ရှိသည်။ အဆင့် ၅ တစ်ကောင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့် ၄ လေးကောင်ထက် များစွာ သာလွန်၏။

ဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ အဆင့် ၄ စွမ်းအင်ကျောက်တုံး ၄ တုံးကို တစ်ခုချင်း ထုတ်ယူပြီး အာဖန်းကို ကျွေးလိုက်သည်။ ထို့နောက် ဇွန်ဘီအုပ်စုနှင့်အတူ နောက်သို့ အနည်းငယ် ဆုတ်ကာ အာဖန်း၏ ပြောင်းလဲမှုကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

ဝုန်း….

ကျောက်တုံး ၄ တုံးကို ဝါးမျိုပြီးသည်နှင့် အာဖန်းထံ၌ ချက်ချင်း တုံ့ပြန်မှု ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များသည် ၎င်း၏ ထွားကြိုင်းသော ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ စီးဆင်းသွားပြီး ထူထဲသော အရိုးများ၊ ကြီးမားသော ကြွက်သားများနှင့် သန်မာသော အရေပြားများတစ်လျှောက် ပျံ့နှံ့သွားတော့သည်။

ဝူး... ဝူး... ဝူး...

နောက်တစ်ခဏတွင် စွမ်းအင်များဖြင့် သန့်စင်ခြင်းခံရပြီးနောက် အာဖန်းသည် ကောင်းကင်ယံ တုန်ဟီးသွားလောက်အောင် ဟိန်းဟောက်လိုက်သည်။ စွမ်းအင်များ အရှိန်ပြင်းစွာ စီးဆင်းမှုကြောင့် အာဖန်း၏ ကိုယ်ထည်ကြီးမှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေပြီး မြေပြင်ကို နင်းထားသော ခြေထောက်များကြောင့် မြေကြီးပင် တုန်ခါသွားရသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ နက်မှောင်သော အကြေးခွံ သံချပ်ကာများမှာလည်း တဖြည်းဖြည်း ပွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ မှောင်ရီသော အလင်းတန်းများ ဖြာထွက်နေတော့သည်။

အာဖန်း၏ အဆင့် ၅ သို့ ကူးပြောင်းခြင်းမှာလည်း မသေနိုင်သူ ၁ ကဲ့သို့ပင် ခန္ဓာကိုယ်ပြင်ပ ရုပ်သွင်မှ စတင်ပြောင်းလဲလာခဲ့သည်။

ပထမဦးစွာ အာဖန်း၏ ကိုယ်ထည်မှာ သာမန်မျက်စိဖြင့် မြင်သာလောက်အောင်ပင် တစ်ရှိန်ထိုး ကြီးထွားလာပြီး အဝေးမှကြည့်လျှင် နက်မှောင်သော တောင်ကုန်းကြီးတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။ ထို့အပြင် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ နက်မှောင်သော အကြေးခွံ သံချပ်ကာများမှာလည်း အတွင်းစွမ်းအင်များ၏ ပံ့ပိုးမှုကြောင့် လျင်မြန်စွာ ကြီးထွားလာရာ လူကြီးတစ်ယောက်၏ လက်ဖဝါးခန့် အရွယ်အစားအထိ ရှိလာခဲ့သည်။

ထိုအကြေးခွံများမှာ အလွန်မာကျောလှပြီး တစ်ခုနှင့်တစ်ခု နီးကပ်စွာ စီရီနေသဖြင့် ဓားနှင့်ပိုင်းလျှင်ပင် မည်သို့မျှ မထိခိုက်နိုင်ချေ။ ထူးခြားချက်မှာ ထိုသံမဏိဆန်သော အကြေးခွံများပေါ်တွင် ချောမွတ်သည့် အဖုအထွက်များ ပါရှိလာခြင်းဖြစ်သည်။ ထိုသို့ ချောမွတ်နေခြင်းကြောင့် ရန်သူ့ဓားသွားများဖြင့် ထိမှန်ပါက ချော်ထွက်သွားစေနိုင်သဖြင့် ခုခံရေးစွမ်းအားမှာ အဆမတန် မြင့်တက်သွားခြင်းပင်။

လုချွမ်းကတော့ မလှုပ်မယှက် ရပ်နေမြဲပင်။ အာဖန်း၏ ခန္ဓာကိုယ် ပြောင်းလဲမှုမှာ ယခုထက်မက ကျန်ရှိနေသေးကြောင်း သူ သိနေသည်။

ပိုင်ချန်မြို့ အသက်ရှင်ကျန်ရသူများ အခြေစိုက်စခန်း၌ ပိုင်ချန်မြို့ပြဧရိယာ၏ အနောက်မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ ရေနံဘေး နယ်မြေတစ်ခုတွင် အခြေစိုက်စခန်းတစ်ခု တည်ရှိသည်။

၎င်းမှာ ကျန်းဟိုင်အခြေစိုက်စခန်းနှင့် ပုံစံချင်း ဆင်တူပြီး အပြင်ဘက် တံတိုင်းများကို ကုန်သေတ္တာဟောင်းများနှင့် ဆောက်လုပ်ရေး အပျက်အစီးများဖြင့် အခိုင်အမာ တည်ဆောက်ထားသည်။ ငါးမီတာမှ ခြောက်မီတာခန့် မြင့်သော ထိုတံတိုင်းများပေါ်တွင် ရိုင်ဖယ်သေနတ်ကိုယ်စီ ကိုင်ဆောင်ထားသော ကင်းလှည့်စစ်သားများကို မြင်တွေ့ရသည်။

တံတိုင်းအတွင်း၌မူ သစ်သားတဲတန်းလျားများ ရှိနေပြီး အဝတ်စုတ်များ ဝတ်ဆင်ထားကာ နွမ်းနယ်နေသော အသက်ရှင်ကျန်ရသူများမှာ ဟိုဟိုဒီဒီ သွားလာနေကြသည်။ အဝေးတစ်နေရာတွင်မူ သစ်သားဖြင့် ဆောက်လုပ်ထားသော စက်ရုံများရှိပြီး ထိုနေရာမှ စက်သံများကို ကြားနေရသဖြင့် တစ်စုံတစ်ရာ ထုတ်လုပ်နေပုံပငါ။

ထိုစဉ် စုတ်ပြတ်သတ်နေသော လူနှစ်ဦးမှာ မြို့စောင့်တပ်များ၏ ခွင့်ပြုချက်ဖြင့် မြို့ထဲသို့ ဝင်လာကြသည်။ သူတို့မှာ ပိုင်ချန်မြို့ပြအတွင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကြသော ကျန်းချင်းနှင့် ပျံသန်းနိုင်သည့် ဆင့်ကဲပြောင်းလဲသူ လီဟန်တို့ပင်။

သူတို့နှစ်ဦးမှာ အဝတ်အစားများ စုတ်ပြတ်ကာ တစ်ကိုယ်လုံး သွေးစွန်းနေပြီး ဖုန်မှုန့်များနှင့် သွေးများ ရောနှောပေကျံနေသဖြင့် အတော်ပင် သနားစဖွယ် ဖြစ်နေတော့သည်။ ပိုင်ချန်မြို့ပြမှ ထွက်ပြေးလာစဉ်တစ်လျှောက် ဒုက္ခအမျိုးမျိုးကို ခါးစည်းခံခဲ့ရပြီး ဗီဇပြောင်း သားရဲကြီးများ၏ စားသောက်ခြင်းကို ခံရလုနီးပါးအထိ ဖြစ်ခဲ့ကြသည်။

"ဒုတိယခေါင်းဆောင်... ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"

လီဟန်က မေးလိုက်သည်။

"ဒါပေါ့... ဒီစခန်းထဲကို ဝင်ရမှာပေါ့။ အဲဒီလိုမှ မဟုတ်ရင် ငါ့ညီအတွက် ငါ ဘယ်လို လက်စားချေနိုင်မှာလဲ"

ကျန်းချင်းက အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြတ်သားစွာ ပြန်ပြောလိုက်သည်။

"သွားကြစို့... အတွင်းမြို့ထဲကို သွားရအောင်။ ငါတို့က ဆင့်ကဲပြောင်းလဲသူတွေဆိုတော့ ဒီစခန်းထဲကို ဝင်ဖို့ မခက်ခဲပါဘူး"

သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်တွင် တံတိုင်းပေါ်တွင် ကပ်ထားသော ကြေညာချက်တစ်ခုက သူတို့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

"ဇွန်ဘီဘုရင်"

"ဇွန်ဘီတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်သလို ဇွန်ဘီလှိုင်းလုံးကိုလည်း ဖြစ်ပေါ်စေနိုင်သည်"

တံတိုင်းပေါ်ရှိ ဇွန်ဘီဘုရင်အကြောင်း အချက်အလက်များကို ဖတ်ကြည့်ရင်း ကျန်းချင်းသည် ပိုင်ချန်မြို့ထဲတွင် သူတို့ ကြုံတွေ့ခဲ့ရသည်များကို ချက်ချင်း ပြန်လည်အမှတ်ရသွားပြီး မျက်နှာမှာလည်း ပြာနှမ်းသွားတော့သည်။

All Chapters