← Chapters

အခန်း (၂၈၇)

Vol. 29 Ch. 287

အခန်း (၂၈၇)

Vol. 29 Ch. 287

ချက်ချင်းဆိုသလိုပင် ကျန်းချင်းသည် နေရာတွင်တင် တောင့်ခဲသွားပြီး မျက်နှာတစ်ခုလုံး ပျက်ယွင်းသွားကာ စိတ်ထဲတွင်လည်း ရှုပ်ထွေးနောက်ကျိကုန်သည်။

"ဒုတိယခေါင်းဆောင်... ဘာဖြစ်လို့လဲခင်ဗျာ"

ဘေးနားရှိ လီဟန်သည် ကျန်းချင်း၏ မူမမှန်မှုကို သတိပြုမိပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။ ဇွန်ဘီဘုရင်ဆိုသည်မှာ ကြောက်စရာကောင်းသည်မှန်သော်လည်း သူတို့နှစ်ဦးနှင့် တိုက်ရိုက်

ပတ်သက်မှု မရှိဘူးဟု သူ ထင်မြင်ထားသည်။ တကယ်လို့ ဇွန်ဘီဘုရင် ရောက်လာခဲ့လျှင်ပင် ထွက်ပြေးလိုက်ရုံသာ ရှိသည်။

"လီဟန်... ဒီသတ္တဝါက ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တယ်တဲ့။ ဒါကို ကြည့်ပြီး ငါတို့ နဂါးကျားဂိုဏ်းကြုံခဲ့ရတဲ့ ထူးဆန်းတဲ့ ဇွန်ဘီလှိုင်းလုံးကြီးကို မင်း မမှတ်မိဘူးလား"

ကျန်းချင်းသည် စိတ်ကို ပြန်လည်ထိန်းချုပ်ကာ လေကို အားရပါးရ တစ်ချက် ရှူသွင်းလိုက်သည်။

ထိုစကားကို ကြားသောအခါ လီဟန်လည်း ရိပ်မိသွားပြီး မျက်နှာပျက်သွားတော့သည်။

"ဒုတိယခေါင်းဆောင်... အဲဒါဆို ပိုင်ချန်မြို့ထဲမှာ ဇွန်ဘီဘုရင် တစ်ကောင် ရှိနေတယ်လို့ ဆိုလိုတာလား"

"မဟုတ်ဘူး"

ကျန်းချင်းက ခေါင်းခါပြလိုက်သည်။

တကယ်တမ်း ဇွန်ဘီဘုရင် ရှိမရှိကို သူလည်း အသေအချာ မသိပေ။ သို့သော် သူတို့ ကြုံတွေ့ခဲ့ရသော ထိုမိန်းမနှင့် ဇွန်ဘီဘုရင်၏ စွမ်းရည်များမှာ ဆင်တူလွန်းနေခြင်း ဖြစ်သည်။ နှစ်ဦးစလုံးမှာ ဇွန်ဘီများကို စိတ်ကြိုက်ခိုင်းစေနိုင်ပြီး ဇွန်ဘီလှိုင်းလုံးကြီးများကို ဖန်တီးနိုင်ကြသည်။

"ဒါဆိုရင်တော့..."

ကျန်းချင်း၏ စကားကြောင့် လီဟန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ နဂါးကျားဂိုဏ်းမှာ ကြုံခဲ့ရသော ဇွန်ဘီလှိုင်းလုံးကြီးမှာ အမှန်တကယ်ပင် ထူးဆန်းလှပြီး ဇွန်ဘီဘုရင်တစ်

ကောင်က ထိန်းချုပ်နေသကဲ့သို့ပင်။

ဒါပေမဲ့ ဒုတိယခေါင်းဆောင်က ဘာကြောင့် မဟုတ်ဘူးလို့ ငြင်းနေရတာလဲ။

"ဇွန်ဘီတွေကို ထိန်းချုပ်နေတာက အဲဒီ ယုတ်မာတဲ့ မိန်းမဆိုတာ ရှင်းနေတာပဲ။ ဇွန်ဘီဘုရင်တော့ လုံးဝ မဟုတ်နိုင်ဘူး"

ကျန်းချင်းက အမုန်းတရားများဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ သူသည် ထိုမိန်းမနှင့် ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။ သူမမှာ ဇွန်ဘီတစ်ကောင်နှင့် လုံးဝ မတူဘဲ ဇွန်ဘီဘုရင် ဖြစ်ဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ချေ။

"ဒုတိယခေါင်းဆောင်... ဒါဆိုရင် ဘာလို့ ဇွန်ဘီဘုရင်ရဲ့ စွမ်းရည်က အဲဒီမိန်းမရဲ့ စွမ်းရည်နဲ့ ဒီလောက်တောင် တူနေရတာလဲ"

လီဟန်သည် မျက်မှောင်ကြုတ်လျက် ဤကိစ္စကို ဇဝေဇဝါ ဖြစ်နေတော့သည်။

လူသားတစ်ဦးက ဇွန်ဘီဘုရင်နှင့် ဆင်တူသော စွမ်းရည်မျိုး နိုးထလာခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသက်သက်သာ ဖြစ်နိုင်ပါ့မလား။

"ငါလည်း မသိဘူး။ ထားလိုက်တော့... အခုချက်ချင်း သွားကြစို့ အတွင်းမြို့ကို သွားပြီး အာဏာပိုင်တွေနဲ့ အဆက်အသွယ် လုပ်ရမယ်"

လီဟန်၏ မေးခွန်းကို ကျန်းချင်းလည်း အဖြေမပေးနိုင်သော်လည်း ထိုအချက်နှစ်ခုကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှုရှိနေနိုင်ကြောင်း သူ ခံစားမိသည်။ သို့သော် အမှန်တရားမှာ ဘာလဲဆိုသည်ကိုမူ သူ မသိချေ။

သဋတို့နှစ်ဦးကြားက ဆက်နွယ်မှုကို သူ ရှင်းရှင်းလင်းလင်း မသိသော်လည်း ဤအချက်မှာ အလွန်အရေးကြီးသော သတင်းအချက်အလက် ဖြစ်နေသည်။ ၎င်းကို အခြေစိုက်စခန်းသို့ သတင်းပို့ခြင်းဖြင့် သူတို့အတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများ ရရှိနိုင်သည့်အပြင် စခန်းအာဏာပိုင်များကို အသုံးချ၍ သူတို့ဂိုဏ်းချုပ်အတွက် လက်စားချေရာတွင်လည်း အကူအညီ ဖြစ်စေနိုင်သည်။

ဇွန်ဘီဘုရင်ဆိုသည်မှာ အစိုးရအာဏာပိုင်များပင် ကြောက်ရွံ့ရသည့် အရာဖြစ်ရာ အကယ်၍ ထိုမိန်းမ ကျောက်လင်း သို့မဟုတ် ကျိရုရွှယ် တည်ရှိနေမှုကို သူတို့ သိသွားပါက သူမကို လွှတ်ထားကြမည် မဟုတ်သည်မှာ သေချာသည်။ ထိုအခါကျလျှင် အာဏာပိုင်များ၏ အကူအညီဖြင့် သူ၏ လက်စားချေမှုမှာ အလွယ်တကူပင် အထမြောက်တော့မည် ဖြစ်သည်။

ဤသို့တွေးမိရင်း ကျန်းချင်းသည် တွန့်ဆုတ်မနေတော့ဘဲ လီဟန်ကို ခေါ်ဆောင်ကာ အတွင်းမြို့ရှိ ဌာနချုပ်ဆီသို့ အပြေးအလွှား သွားတော့သည်။

မကြာမီမှာပင် ကျန်းချင်းသည် ပိုင်ချန်အခြေစိုက်စခန်း၏ အုပ်ချုပ်ရေးဌာနချုပ်ရှိရာ တစ်မြို့လုံး၏ ဗဟိုချက်မဆီသို့ ရောက်ရှိခဲ့သည်။ တင်းကျပ်စွာ ချထားသော တံခါးဝရှိ ကင်းစောင့်များကို ကြည့်ရင်း ကျန်းချင်းသည် စိတ်ကို တည်ငြိမ်အောင် ထားကာ မှန်မှန်ခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။

"ရပ်စမ်း"

ကျန်းချင်းနှင့် လီဟန် ချဉ်းကပ်လာသည်ကို မြင်သောအခါ တံခါးစောင့်များသည် သတိကြီးစွာဖြင့် ဟန့်တားလိုက်ကြသည်။ သံမဏိဒိုင်းလွှား ကိုင်ဆောင်ထားသော စစ်သားတစ်ဦးမှာ ရှေ့သို့ တိုးထွက်လာပြီး ကျန်းချင်းတို့ကို ထွက်ခွာသွားရန် ပြောဆိုနေသည်။

"ကျွန်တော့်မှာ သတင်းပေးဖို့ အရေးကြီးတဲ့ သတင်းအချက်အလက် ရှိတယ်။ အဲဒါက ဇွန်ဘီဘုရင်နဲ့ ပတ်သက်တဲ့ သတင်းပဲ။"

ကျန်းချင်းသည် ဤသို့ ဖြစ်လာမည်ကို ကြိုတင်တွက်ဆထားသဖြင့် အမြန်ပင် ပြောချလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဇွန်ဘီဘုရင်ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် စောင့်ကြပ်နေသော စစ်သား၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ၎င်း၏ နောက်ကွယ်ရှိ စစ်သားများမှာလည်း ကျန်းချင်းကို အံ့သြတကြီး ကြည့်လာကြတော့သည်။

"ညီအစ်ကို... ဇွန်ဘီဘုရင်နဲ့ ပတ်သက်တဲ့ သတင်းက အရမ်းအရေးကြီးတယ်..."

တံခါးစောင့်စစ်သားမှာ ကျန်းချင်းကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေဆဲပင်။

"ကျွန်တော်တို့က ဆင့်ကဲပြောင်းလဲသူတွေပါ။ အခြေစိုက်စခန်းကို လိမ်ညာလှည့်ဖြားဖို့ဆိုတာ မထိုက်တန်ပါဘူး။ ကျွန်တော်တို့အတွက် ဘာအကျိုးရှိမှာမို့လို့လဲ"

ကျန်းချင်းက လေးနက်သောလေသံဖြင့် ပြောရင်း ဘေးနားရှိ လီဟန်ကို မျက်ရိပ်ပြလိုက်သည်။

ဖုန်း

လီဟန်က အချက်ကို နားလည်လိုက်ပြီး ခေါင်းညိတ်ပြကာ နောက်တစ်စက္ကန့်တွင် သူ၏ကျောပြင်မှ အတောင်ပံများ ဖြန့်ထွက်လာတော့သည်။ အတောင်ပံများကို ခပ်ဖွဖွခတ်လိုက်ရုံဖြင့် သူ၏ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက်သွားခဲ့သည်။

သဋတို့နှစ်ဦးမှာ အမှန်တကယ်ပင် ဆင့်ကဲပြောင်းလဲသူများဖြစ်ကြောင်း မြင်လိုက်ရသောအခါ တံခါးစောင့်၏ မျက်နှာမှာ ပိုမိုလေးနက်သွားပြီး သံသယများ လျော့ပါးသွားခဲ့သည်။ သူက ခေါင်းညိတ်ပြရင်း "ဇွန်ဘီဘုရင်နဲ့ ပတ်သက်တဲ့ကိစ္စက တကယ့်ကို အရေးကြီးပါတယ်။ ခဏလောက် စောင့်ပေးကြပါ။ ကျွန်တော် အထက်ကို သတင်းပို့ပေးပါ့မယ်" ဟု ဆိုကာ အတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။

ထိုအခါမှသာ ကျန်းချင်းမှာ စိတ်သက်သာရာရသွားတော့သည်။

ပိုင်ချန်အခြေစိုက်စခန်း ဌာနချုပ်အတွင်း၌...

ထိုအချိန်တွင် ပိုင်ချန်အခြေစိုက်စခန်း၏ အစည်းအဝေးခန်းမအတွင်း၌ အရေးကြီးသော အစည်းအဝေးတစ်ခု ကျင်းပနေသည်။

အခြေစိုက်စခန်း၏ ခေါင်းဆောင်ဖြစ်သူ ဆံပင်ငွေရောင်နှင့် ဖန်းဝေသည် ထိပ်ဆုံးမှထိုင်ကာ ရောက်ရှိနေသော အဆင့်မြင့်အရာရှိများကို လှည့်ပတ်ကြည့်ရှုရင်း လေးနက်စွာ ပြောကြားလိုက်သည်။

"အခုလေးတင်ပဲ... ကျန်းဟိုင်မြို့ကနေ ဇွန်ဘီဘုရင်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရောက်လာပြီ"

"ဘာပြောတယ်"

ချက်ချင်းဆိုသလိုပင် အစည်းအဝေးခန်းမတစ်ခုလုံး ဗုံးပေါက်ကွဲသွားသကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ အရာရှိကြီးများ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြသည်။

အကြောင်းမှာ ကျန်းဟိုင်မြို့သည် ပိုင်ချန်မြို့နှင့် ကပ်လျက်တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ကျန်းဟိုင်မြို့တွင် ဇွန်ဘီဘုရင် ရှိနေခြင်းမှာ ပိုင်ချန်မြို့တွင် ရှိနေခြင်းနှင့် အနှစ်သာရအားဖြင့် ထပ်တူပင်။

အကယ်၍ ဇွန်ဘီဘုရင်သာ အစွမ်းထက်လာခဲ့လျှင် ပထမဆုံး အမြစ်ပြတ်ချေမှုန်းခံရမည့်နေရာမှာ ကျန်းဟိုင်အခြေစိုက်စခန်းဖြစ်ပြီး ဒုတိယပစ်မှတ်မှာ သူတို့၏ ပိုင်ချန်အခြေစိုက်စခန်း ဖြစ်လာပေလိမ့်မည်။

"ဆရာ... ဇွန်ဘီဘုရင်က ဘယ်လိုဖြစ်သွားတာလဲ ကျန်းဟိုင်အခြေစိုက်စခန်းက သူ့ကို ဖမ်းမိလိုက်တာလား ဒါမှမဟုတ် လွတ်သွားတာလား"

အဆင့်မြင့်အရာရှိတစ်ဦးက မေးခွန်းထုတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အခန်းတစ်ခုလုံး ရုတ်ချည်းတိတ်ဆိတ်သွားပြီး လူတိုင်း၏အကြည့်မှာ ဖန်းဝေထံသို့ ကျရောက်သွားတော့သည်။

အကယ်၍ ကျန်းဟိုင်အခြေစိုက်စခန်းက ဇွန်ဘီဘုရင်ကို အောင်မြင်စွာ သုတ်သင်နိုင်ခဲ့လျှင် ပိုင်ချန်မြို့အတွက် စိုးရိမ်စရာမရှိတော့ချေ။ သို့သော် ဇွန်ဘီဘုရင်သာ လွတ်မြောက်သွားခဲ့ပါက ကျန်းဟိုင်မြို့ကို ဗဟိုပြု၍ ပိုင်ချန်မြို့အပါအဝင် ပတ်ဝန်းကျင်မြို့များအားလုံး ငြိမ်းချမ်းတော့မည်မဟုတ်ပေ။

ထိုမေးခွန်းကြောင့် ဖန်းဝေ၏မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားရာ အရာရှိကြီးများမှာလည်း ရင်ထဲတွင် အေးစိမ့်သွားပြီး မျှော်လင့်ချက်မရှိတော့ကြောင်း ရိပ်မိလိုက်ကြသည်။

လူတိုင်းခန့်မှန်းထားသည့်အတိုင်းပင် ဖန်းဝေက ခက်ထန်သောလေသံဖြင့် "ဇွန်ဘီဘုရင် ပျောက်ကွယ်သွားပြီ။ သူ့ရဲ့အစွမ်းက ကိုင်တွယ်ရ တကယ့်ကို ခက်ခဲလွန်းတယ်။ ကျန်းဟိုင်မြို့က အကြိမ်ကြိမ် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပေမဲ့ အမြဲတမ်း အထိနာခဲ့ရတယ်။

နောက်ဆုံးအကြိမ် တိုက်ခိုက်မှုမှာတော့ အခြေစိုက်စခန်းရဲ့ ထိပ်တန်းအထူးတပ်ဖွဲ့ ၃ ဖွဲ့ ဆုံးရှုံးခဲ့ရရုံတင်မကဘူး။ မြို့တော်ကနေ စစ်ကူလွှတ်လိုက်တဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့လုံးပါ အမြစ်ပြတ်ချေမှုန်းခံလိုက်ရတယ်"

ရှူး...

ထိုသတင်းကို ကြားလိုက်ရချိန်တွင် လူတိုင်း အံ့အားသင့်တုန်လှုပ်သွားကြသည်။ မူလက ဇွန်ဘီဘုရင်မှာ မကြီးထွားသေးဘူးဟု ထင်မှတ်ထားခဲ့သော်လည်း ယခုတိုက်ပွဲမှတ်တမ်းများအရ အခြေအနေမှာ လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ မြို့တော်ကလွှတ်လိုက်သော အထူးချွန်ဆုံးတပ်ဖွဲ့ပင်လျှင် ဤမျှလွယ်လွယ်နှင့် ချေမှုန်းခံလိုက်ရသည်လား။

"ဆရာ... ကျန်းဟိုင်မြို့က ကိုယ့်ဘာကိုယ် မကိုင်တွယ်နိုင်တော့လို့ မြို့တော်ဆီကနေ အကူအညီတောင်းခဲ့တာ ထင်တယ်နော်"

အရာရှိတစ်ဦးက စိတ်မသက်မသာဖြင့် မေးလိုက်သည်။ ဤအခြေအနေမှာ ဇွန်ဘီဘုရင်သည် သာမန်အခြေစိုက်စခန်းများ ကိုင်တွယ်နိုင်သည့် အဆင့်ထက် ကျော်လွန်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။

ဖန်းဝေက ခဏတာတိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။

"မှန်တယ်။ ကျန်းဟိုင်ဘက်က တရားဝင်ထုတ်ဖော်မပြောပေမဲ့ အားလုံးသိကြတဲ့အတိုင်း ငါတို့လို အခြေစိုက်စခန်းတွေက တကယ့်ကို မတတ်သာတော့တဲ့ အခြေအနေမျိုးမှပဲ မြို့တော်ဆီက အကူအညီတောင်းကြတာလေ"

အခြေစိုက်စခန်းတစ်ခု၏ ထိပ်တန်းအရာရှိတစ်ဦးအနေဖြင့် မြို့တော်၏အကူအညီကို ယူရခြင်းမှာ မိမိ၏မစွမ်းဆောင်နိုင်မှုကို ပြသရာရောက်သဖြင့် အလွန်ရှက်ဖို့ကောင်းလှသည်။

ထို့နောက် ဖန်းဝေသည် အားလုံးကို ဝေ့ဝဲကြည့်ကာ ခက်ထန်သောအမူအရာဖြင့် ဆက်ပြောသည်။

"လောလောဆယ် ဇွန်ဘီဘုရင် ဘယ်မှာလဲဆိုတာ အတိအကျမသိရသေးပေမဲ့ သူက ပိုင်

ချန်မြို့ဘက်ကို ဦးတည်နေပုံပဲ။ ဒါမှမဟုတ် ပိုင်ချန်မြို့ထဲကိုတောင် ရောက်နေလောက်ပြီ"

ဇွန်ဘီဘုရင် ပိုင်ချန်မြို့သို့ ရောက်ရှိနေနိုင်သည်ဟူသော စကားကြောင့် လူတိုင်း တုန်လှုပ်သွားပြီး အချို့မှာ မျက်နှာများပင် ဖြူဖျော့သွားကြသည်။

ဖန်းဝေက အမိန့်ကို အတည်ပြုလိုက်သည်။

"မမျှော်လင့်တဲ့ ဖြစ်ရပ်တွေမဖြစ်အောင် လက်အောက်က တပ်ဖွဲ့အားလုံးကို ဖြန့်ပြီး ပိုင်ချန်မြို့တစ်ခွင်ကို အသေအချာ ရှာဖွေစစ်ဆေးကြ။

တကယ်လို့ ဇွန်ဘီဘုရင်ရဲ့ အရိပ်အယောင်တွေ့ရင် ချက်ချင်းသတင်းပို့ပါ။ ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်တာမျိုး လုံးဝခွင့်မပြုဘူး။ နားလည်လား"

"နားလည်ပါပြီ"

All Chapters