အခန်း (၄၂၀)
Vol. 33 Ch. 420
ထိုအရာကိုကြားသည့်အခါ....
ပင်လယ်ညို့ဓာတ်မျက်လုံးတွေ တောက်ပသွားခဲ့သည်။
သူက ထိုအရာကိုမျှော်လင့်ထားပြီးဖြစ်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲက သေချာပေါက်အသိဉာဏ်ဖွံဖြိုးပြီးဖြစ်နိုင်၏။
၎င်းသာ အသိဉာဏ်ဖွံ့ဖြိုးပြီးလျှင် လောဘကြီးသည့်လူသားတွေကို ဘယ်လိုနည်းနှင့်မှသည်းခံလိမ့်မည်မဟုတ်ပေ။
ဤကဲ့သို့ခန့်မှန်းချက်နှင့် ဂျန်ဖန်း သံသယရှိစရာမလိုအောင် သေမည်ဖြစ်သည်။
သူသေသွားလျှင် သူမလည်ပင်းရှိနတ်ဆိုးကံကြမ္မာလည်းဆွဲလည်း ပိုင်ရှင်မဲ့ဖြစ်သွားမည်ပင်။
ထိုအခါ ချွတ်ဖို့နည်းလမ်းရှာတွေ့နိုင်မည်ဖြစ်သည်။
ထိုအရာကိုတွေးပြီး ပင်လယ်ညို့ဓာတ်၏နှလုံးသား မျှော်လင့်ချက်တွေနှင့် တောက်ပလာခဲ့သည်။
ယွဲ့မင်ကျူး ချွေးတွေဆွဲနစ်နေပြီး အလျှင်အမြန်ပြောလိုက်သည်။
"ခဏနေပါအုန်း...."
"ပတ်ဝန်းကျင်ကိုတစ်ချက်လောက်ကြည့်လိုက်, ဒါ နင့်သခင်ရဲ့နန်းတော်ဟုတ်သေးလို့လား...."
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ ၎င်းခန္ဓာကိုယ်ကို လည်ပတ်လိုက်ပြီး တစ်ခဏမိန်မောသွား၏။
"ဒါဘယ်နေရာလဲ...."
"ဒါ နတ်ဆိုးဧကရာဇ်ရဲ့ နတ်ဘုရားခန်းမဟုတ်ဘူးလား...."
ယွဲ့မင်ကျူး သူ့ကို စိတ်ရှည်စွာလမ်းညွှန်ပေးလိုက်သည်။
"ခုံကောင်ပုလဲလေး, နင်လည်းမြင်တာပဲ။ ဒါက နတ်ဆိုးဧရာဇ်ရဲ့နတ်ဘုရားခန်းမမဟုတ်ဘူး။ ဒါကြောင့် ငါတို့က ကျူးကျော်သူတွေမဟုတ်ဘူး...."
"နင့်သခင်ရဲ့အမိန့်က ဒီနေရာမှာ အသုံးပြုလို့မရဘူး...."
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ ခေါင်းညိတ်လိုက်၏။
ထို့နောက် နူးညံ့သည့်ကလေးအသံဖြင့် ပြောလိုက်သည်။
"ဒါ အဓိပ္ပာယ်ရှိတယ်, မင်းတို့က ကျူးကျော်သူတွေမဟုတ်ဘူး..."
"ဒါ ငါ့အမှားပဲ, တောင်းပန်ပါတယ်...."
ယွဲ့မင်ကျူး နှုတ်ခမ်းတွေ တွန့်လိမ်သွား၏။
၎င်းက တကယ်ပဲ ဘယ်လိုတောင်းပန်ရမလဲဆိုတာသိ၏။
အတော်လေး ကောင်းစွာပြုမူသည့်ကလေးတစ်ယောက်ပင်။
သို့ပေမယ့် နောက်ပြောလိုက်သည့်စကားက ယွဲ့မင်ကျူး ကျောရိုးတစ်လျှောက် နောက်တစ်ကြိမ်အေးစိမ့်သွားစေခဲ့သည်။
"ဒါပေမယ့် သခင်ကငါ့ကိုပြောဖူးတယ်။ ငါနိုးလာတဲ့အချိန် ကြိုဆိုတဲ့လူတွေက သေချာပေါက် နတ်ဆိုးမျိုးနွယ်ကတဲ့..."
"ပြီးတော့ လူသားကလန်ကလူတွေက ငါ့ကို သေချာပေါက်ဖျက်ဆီးကြလိမ့်မယ်တဲ့...."
"မင်းတို့နှစ်ယောက်က လူသားကလန်ကဆိုတော့ ငါ့ကိုဖျက်ဆီးဖို့လာကြတာလား..."
"သခင် ငါ့ကို အရင်တိုက်ခိုက်ဖို့မှာထားတယ်...."
"ဒါကြောင့် ငါမင်းတို့ကို သတ်ရအုန်းမှာပဲ...."
ပြောပြီးသည်နှင့်...
၎င်းခန္ဓာကိုယ်ပေါ်ရှိမီးတောက်တွေ ကြမ်းတမ်းစွာတောက်လောင်လာခဲ့သည်။
ချက်ချင်းပဲ ယွဲ့မင်ကျူးအဝတ်အစာတွေလောင်ကျွမ်းသွားပြီး သူမကိုယ်သူမ ချော်ရည်ပူထဲကျသွားသလိုခံစားလိုက်ရသည်။
ပူပြင်းသည့်နာကျင်မှုက မခံမရပ်နိုင်လောက်အောင်ပင်။
အသက်ရူချိန် ၁၀ ရှိုက်လောက်ကြာသည်နှင့် သူမက တူးခြစ်သွားတော့မည်ဖြစ်သည်။
ဤအရာက ၎င်းထုတ်လွတ်သည့်အပူအနည်းငယ်လေးသာရှိသေး၏။
တိုက်တောင်မတိုက်ခိုက်ရသေးပေ။
ထိုသို့ဆိုလျှင်တောင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၈ တစ်ယောက်ကို အရှင်လတ်လတ်လောင်ကျွမ်းပစ်နိုင်တာပဲဖြစ်သည်။
၎င်း၏ခြိမ်းခြောက်နိုင်စွမ်းက နားလည်နိုင်စွမ်းကိုကျော်လွန်နေခဲ့သည်။
"ငါက လူသားကလန်ကလို့ဘယ်သူပြောလဲ..."
ထိုအချိန်၌ မှိန်ဖျော့သည့်နတ်ဆိုးအော်ရာတစ်ခု ဂျန်ဖန်းဆီမှထွက်ပေါ်လာပြီး သူကိုလုံးဝဝန်းရံထားလိုက်၏။
သေချာကြည့်လျှင်...
ထိုအရာက သူ့ပါးစပ်ထဲရှိကြည်လင်သည့်အလုံးတစ်ခုမှဖြစ်သည်။
ထိုအရာက သူ လျိုလိဆီမှရထားသည့် မီရူနတ်ဆိုးအမြုတေပင်။
လျို့လီ သူမ၏နတ်ဆိုးအော်ရာကိုဖုံးကွယ်ဖို့ ထိုအရာကိုအသုံးပြုနိုင်၏။
ထိုသို့ဆိုလျှင် ဘာကြောင့်ဂျန်ဖန်းက သူ၏လူသားအော်ရာကိုဖိနှိပ်ဖို့အသုံးမပြုနိုင်ရသနည်း။
ထို့ပြင် မီရူနတ်ဆိုးအမြုတေက သဘာဝအတိုင်း နတ်ဆိုးစွမ်းအင်ကို ထုတ်လွတ်ပေး၏။
သူက နတ်ဆိုးမျိုးနွယ်ဝင်မဟုတ်လျှင် ဘာဖြစ်မည်နည်း။
ပင်လယ်ညို့ဓာတ်၏စိတ်အားထက်သန်သည့်အကြည့်တွေ နေရာတင်ပဲအေးခဲသွား၏။
သူမက တုန်လှုပ်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။
မဖြစ်နိုင်ဘူး...
ဂျန်ဖန်း ဘယ်လိုလုပ် ဤကစားနည်းကို ကစားနိုင်ရသနည်း။
သေချာပေါက် ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ သူ့ကိုယုံမည်မဟုတ်ပေ။ ဟုတ်တယ်မလား...
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ အလျှင်အမြန်ပဲ ၎င်း၏မီးတောက်တွေကို ပြန်ရုတ်သိမ်ကာ ပြောလိုက်သည်။
"တောင်းပန်တယ်, တောင်းပန်တယ်, ငါ မင်းကို အထင်လွဲသွားတယ်...."
"ဒါပေမယ့် မင်းဘေးက လူသားမျိုးနွယ်ကကော ဘယ်လိုဖြစ်တာလဲ...."
ဂျန်ဖန်း သူ့ဘေးရှိယွဲ့မင်ကျူးကိုပုတ်ပြီး ပြောလိုက်သည်။
"သူမလား? သူမက ငါ့အကျဥ်းသားလေ...."
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ နားလည်သည့်အမူအရာပြသလာ၏။
"အို, ငါနာလည်ပြီ..."
ပင်လယ်ညို့ဓာတ် အလွန်စိုးရိမ်နေပြီး သူမကိုယ်သူမမထိန်းနိုင်ပဲ အော်ပြောလိုက်သည်။
"သူတို့က..."
"ပါးစပ်ပိတ်ထား..."
ဂျန်ဖန်း ဖြတ်ပြောလိုက်၏။
စိတ်ဝိညာဥ်မှမချိမဆံ့နာကျင်မှုက ပင်လယ်ညို့ဓာတ်ကို ချက်ချင်းတိတ်ဆိတ်သွားစေ၏။
သူမက ဘေးမှာ နာခံစွာရပ်နေပြီး နောက်ထပ်ဘာစကားမှမပြောရဲတော့ပေ။
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ ဂျန်ဖန်းကို မသတ်နိုင်ခင်....
ဂျန်ဖန်း နတ်ဆိုးကံကြမ္မာလည်ဆွဲသုံးပြီး သူမကို အရင်သတ်နိုင်တာပဲဖြစ်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ အံ့အားသင့်စွာ မှတ်ချက်ပေးလိုက်၏။
"သူမတောင် မင်းကျွန်လား..."
"အထင်ကြီးစရာပဲ...."
ဂျန်ဖန်း ပြောလိုက်သည်။
"မင်းက ငါ့ကိုမြောက်နေတာပါ။ နတ်ဆိုးမျိုးနွယ်မှာ ငါ့ထက်ပိုအစွမ်းထက်တဲ့လူတွေ အများကြီးပါ..."
"အခု မင်းထွက်လာပြီးဆိုတာ အစီအစဥ်ကဘာလဲ..."
"ငါနဲ့အတူ လည်ပတ်ဖို့လိုက်ခဲ့မလား..."
ပင်လယ်ညို့ဓာတ် ပါးစပ်အဟောင်းသားဖြင့် တိတ်တဆိတ်ကြောင်ကြည့်နေခဲ့သည်။
နင်ကတကယ်သူ့ကို လူသားကလန်ဆီ သွေးဆောင်ခေါ်သွားဖို့တွေးနေတာလား...
ကောင်းကင်လောင်ကျွမ်းခြင်းခုံးကောင်ပုလဲ ခေါင်းခါယမ်းလိုက်သည်။
"ငါ ငါ့သခင်ကိုရှာချင်သေးတယ်။ ဒါပေမယ့် အကိုကြီးရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...."
"ရေစက်ရှိရင် တစ်နေ့နေ့ ငါတို့ပြန်တွေ့ကြအုန်းမှာပါ..."
၎င်းကလည်ပတ်လာပြီး ထွက်သွားဖို့ပြင်လိုက်ချိန်မှာပဲ...
ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။
ထို့နောက် ဖျတ်ခနဲဆိုသလို ဂျန်ဖန်းရှေ့သို့ ရောက်လာခဲ့သည်။
ထိုအရာက ဂျန်ဖန်းကိုထခုန်သွားစေပြီး ယွဲ့မင်ကျူးကိုလည် ထပ်တူထိတ်လန့်သွားစေ၏။
ကံကောင်းစွာပဲ ၎င်းက ဂျန်ဖန်းရင်ဘတ်နားမှာဝဲနေပြီး အဆက်မပြတ်လှည့်ပတ်နေခဲ့သည်။
"ထူးဆန်းတယ်, တော်တော့်ကိုထူးဆန်းတယ်..."
"အကိုကြီးဆီက ဘာလို့ရင်းနှီးတဲ့အော်ရာတစ်ခုရနေတာလဲ..."
"အရင်က တစ်နေနေရာမှာ တွေ့ဖူးသလိုပဲ..."
ဂျန်ဖန်း သူ့ကိုယ်သူမတ်မတ်ရပ်လိုက်ပြီး အိတ်ဖွင့်ကာ အိပ်နေသည့်ချီလင်းလေးကို ပြလိုက်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ ချက်ချင်းပဲ ပျော်ရွင်သွား၏။
"ဟုတ်တယ်, ဒါပဲ..."
"ဟေး, ဟေး, ဟေး, ထတော့, ငါနဲ့ကစားရအောင်..."
"ငါတို့ အရင်က ကျိန်းသေပေါက်တွေ့ဖူးတယ်...."
ချီလင်းလေး ၎င်းကြောင့်လန့်နိုးသွားပြီး ချက်ချင်းပဲ ဒေါသထွက်သွား၏။
သူက သူ့လက်သည်းလေးကိုမြောက်ကာ ခုံးကောင်ပုလဲအား မြေပြင်ပေါ်ရိုက်ချလိုက်ပြီး ဒေါသတကြီးမာန်ဖီလိုက်၏။
"ဘယ်လို ဆူညံနေတဲ့ဂေါ်ဖီထုပ်လဲ..."
ဘုန်း!
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ မြေပြင်ပေါ်ရိုက်ချခံလိုက်ရပြီး ရေကန်အောက်ခြေ၌ အောက်ခြေမဲ့အပေါက်ငယ်တစ်ခုဖြစ်သွားပြီး အနက်ရောင်မီးခိုးတွေ ထွက်ပေါ်လာခဲ့သည်။
ချော်ရည်ပူတွေလည်း အပေါက်အနက်ပိုင်းမှ ဖြည်းဖြည်းချင်းစီးထွက်လာခဲ့သည်။
ယွဲ့မင်ကျူး ခက်ခက်ခဲခဲ ဆံထွေးမျိုချလိုက်၏။
မြေပြင်ပေါ်ရိုက်ချခံရရုံဖြင့် အောက်အနက်ပိုင်းချော်ရည်ပူတွေထိပါထိုးဖောက်သွားခဲ့သည်။
အပူချိန်က.... အလွန်အမင်းကို ကြောက်စရာကောင်းလှ၏။
ဤပစ္စည်းကို သန္ဓေသားအဆင့်တောင် မကိုင်တွယ်နိုင်ဘူးဟု သူမသံသယရှိ၏။
ဂျန်ဖန်းလည်း ချွေးအေးတွေပြန်လာ၏။
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲမှ မီးတောက်တစ်စက သူနှင့်ယွဲ့မင်ကျူးကို အသက်ပျောက်သွားစေနိုင်မည်ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက်...
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ နောက်ဆုံးမှာ အပေါက်ထဲမှ ထွက်လာခဲ့သည်။
၎င်းက ချီလင်လေးပတ်လည်၌ အားနည်းစွာ ဝဲနေခဲ့သည်။
"မင်းက ငါနဲ့မကစားချင်ဘူးလား..."
ချီလင်းလေး ပြန်ခွေနေလိုက်ပြီး စိတ်မရှည်စွာဖြင့် လက်သေးသေးလေးတွေကို ဝှေ့ယမ်းပြလိုက်သည်။
"ဘယ်သူက မင်းလိုကောင်စုတ်နဲ့ ကစားချင်လို့လဲ..."
"သွား, သွား..."
"ဝေးဝေးသွား, ငါ့ကို လာမနှောက်ယှက်နဲ့...."
ပြောပြီးနောက် သူ့မျက်လုံးတွေကို လက်သေးသေးလေးတွေဖြင့် အုပ်ကာ ပြန်မှေးနေလိုက်သည်။
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ အနိုင်ကျင့်ခံရသည့်ပုံဖြင့် ဂျန်ဖန်းအား သနားစရာကောင်းစွာ တိုင်တန်းလိုက်သည်။
"ကိုကြီး, သူက ငါနဲ့ မကစားဘူး...."
ပုတီးလုံးလောက်ရှိသည့် ချွေးတွေ ဂျန်ဖန်း နဖူးမှ ထွက်ပေါ်လာခဲ့သည်။
ဘယ်သူက မင်းနဲ့ကစားရဲမှာလဲ...
သူတို့တွေ အငွေ့ပြန်ကုန်မှာပေါ့ဟ...
သူက နွေးထွေးစွာပြုံးလိုက်သည်။
"သူကောင်းကောင်းနားပြီးရင် မင်းနောက်တစ်ကြိမ်မေးကြည့်လို့ရတယ်...."
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ နောင်တရစွာ သက်ပြင်းချလိုက်သည်။
"ဒါဆိုလည်း ကောင်းပြီလေ...."
"ငါ အရင်ဆုံး ငါ့သခင်ကို သွားရှာလိုက်အုန်းမယ်။ ပြီးမှ ကစားဖို့ပြန်လာခဲ့မယ်..."
ဂျန်ဖန်း ဆံပင်မွေးတွေ ထောင်မတ်သွား၏။
ကျေးဇူးပြုပြီး ပြန်မလာပါနဲ့....
ကောင်းကင်လောင်ကျွမ်းခြင်းပုလဲ တစ်ပတ်လှည့်ပြီး ကောင်းကင်သို့တိုးဝင်သွားခဲ့သည်။
ရုတ်တရက် ၎င်းက လတ်တစ်ဝက်မှာရပ်လိုက်ပြီး ပြောလိုက်သည်။
"အို, ဒါနဲ့စကားမစပ် အကိုကြီး...."
"သခင်ပြောတာအရ ပင်လယ်ခုံးကောင်ရဲ့အသားက အရမ်းအရသာရှိပြီး အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတွေအတွက် အကျိုးကျေးဇူးများတယ်တဲ့..."
"မင်း မင်းရဲ့ကျွန်ကို ကျွေးသင့်တယ်..."
ထို့နောက် ထွက်ခွာသွားခဲ့သည်။
ထိုသို့ဆိုလျှင်တောင် ၎င်းနောက်မှာချန်ထားခဲ့သည့်အပူလှိုင်းက နယ်မြေတစ်ခုလုံးကို ဖုံးလွမ်းထားဆဲဖြစ်သည်။
ထိုအခါမှသာ ဂျန်ဖန်းသတိထားမိလိုက်၏။
သန္ဓေသားအဆောင်တောင် အရည်ပျော်အောင်မလုပ်နိုင်သည့်နှင်းပြင်... လုံးဝကို ပျောက်ကွယ်သွားပြီဖြစ်သည်။
မြင်နေရတာအားလုံးက ကျက်တီးလွင်ပြင်ကြီးတစ်ခုနှင့် ထင်ရှားသည့်တောင်တန်းတွေသာဖြစ်သည်။
နှင်းမှုန်တစ်မှုန်တောင် မကျန်တော့ပေ။
ဂျန်ဖန်း တုန်ယင်သွားပြီး ချွေးအေးတွေကိုသုတ်လိုက်၏။
"ဘုရားရေ, ငါက အဖိုးတန်ရတနာတစ်ခုမွေးဖွားလာတယ်ထင်တာ..."
"လက်စသတ်တော့ ပြိင်ဘက်ကင်းအန္တရာယ်ကြီးဆင်းသက်လာတာကိုး..."
ယွဲ့မင်ကျူး၏အစောပိုင်း ထိုအရာကိုဖျက်စီးမည့်အကြံကိုပြန်တွေးမိတော့ သူက မနေနိုင်ပဲ တစ်ဖက်လှည့်ကာ လှောင်ပြောင်လိုက်၏။
"မင်း ဖျက်ဆီးချင်သေး.... အာ...."
ဤအခိုက်အတန့်၌ ယွဲ့မင်ကျူးအဝတ်တွေအားလုံး မီးလောင်သွားပြီဆိုတာ သူသိလိုက်၏။
အကြည့်တစ်ချက်ဖြင့်ယခု အားလုံးက သူ့ရှေ့မှာ အတိုင်းသာပေါ်နေပြီဖြစ်သည်။
ယွဲ့မင်ကျူး တစ်ခဏအေးခဲသွားပြီး သူမလုံးလုံးလျားလျား ကိုယ်လုံးတီးဖြစ်နေတာ နားလည်လိုက်၏။
ချက်ချင်းပဲ ရင်ဘတ်ရှေ့မှာ လက်ဖြင့်ကာလိုက်၏။
သူမ၏မျက်နှာလေးလည်းနီရဲနေပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
"နင်ကြည့်နေတုန်းပဲလား..."
ဂျန်ဖန်း အလျှင်အမြန်ပဲ အကြည့်လွှဲလိုက်ပြီး ရှက်ကိုးရှက်ကန်းဖြင့်ပြန်ပြောလိုက်သည်။
"ငါ ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး..."
"ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ဘူး? ဒါဆို ကြည့်လို့ကောင်းလား..."
ယွဲ့မင်ကျူး ဒေါသတကြီးအံကြိတ်လိုက်၏။
သူမက အလျှင်အမြန်ပဲ ဖြူလေးနောက်ဝင်ပုန်းကာ အဝတ်အစားအသစ်တစ်စုံဝတ်လိုက်၏။
အဝတ်အစားဝတ်တာက ခဏသာကြာသင့်၏။
သို့ပေမယ့် သူမလက်တွေတုန်နေပြီး တော်တော်နှင့်ဝတ်လို့မပြီးခဲ့ပေ။
ရှက်လွန်း၍ မျက်ရည်ဝဲလုနီးပါးဖြစ်နေပြီး ဒေါသတကြီး ဂျန်ဖန်းကိုကြည့်လိုက်သည်။
"ပုလဲစုတ်..."
"ဒီလောက်ငယ်ငယ်နဲ့ မကောင်းတာတွေတတ်နေပြီး။ အမျိုးသမီးတစ်ယောက်အဝတ်တွေကို မီးရှို့ပစ်ရတယ်လို့...."
"အရှက်မရှိဘူး, လူယုတ်မာ, စက်ဆုပ်စရာကောင်...."
ဂျန်ဖန်း သူ့နှာခေါင်းကိုပွတ်လိုက်သည်။
သူက ညင်သာစွာရေရွတ်လိုက်၏။
"ငါ အရင်က မမြင်ဖူးတာကျလို့..."
"ဒီလောက်ပုံကြီးချဲ့ဖို့လိုလို့လား..."
ယွဲ့မင်ကျူးမျက်နှာ ပိုလို့တောင်နီရဲသွားခဲ့သည်။
ဤကောင်က ဘယ်လိုလုပ် ဤလောက်ထိ အရှက်မရှိရသနည်း။
ငါ..ငါက သူ့အမျိုးသမီးလည်းမဟုတ်ဘူးလေ...
ငါ့ကိုကြည့်ဖို့ သူ့မှာ ဘာအခွင့်အရေးရှိလို့လဲ...
ဂျန်ဖန်း ကို့ရို့ကားယားဖြင့် နန်းတော်ရှေ့ကို ချည်းကပ်သွားလိုက်သည်။
ဤနန်းတော်က အချိန်အတော်ကြာကတည်းက ပျက်စီးနေပြီဖြစ်သည်။
ဧရာမခုံးကောင်ခွံနှစ်ခြမ်းလည်းပွင့်နေပြီး...
ကြည်လင်ရွန်းစိုပြီး တို့ဖူးကဲ့သို့အသားတုံးကြီးတစ်ခု မြင်ကွင်းထဲဝင်ရောက်လာခဲ့သည်။
ဂျန်ဖန်းမျက်လုံးတွေ ပူပြသည့်အရိပ်အယောင်တွေဖြင့် တောက်ပလာ၏။
ဤခုံးကောင်အသားက ကောင်းကင်လောင်ကျွမ်းခြင်းပုလဲသခင်တောင် ချီးကျူးထားပြီး ထိုလူက ဘယ်အဆင့်တည်ရှိမှုလည်းဆိုတာ သူမခန့်မှန်းနိုင်ပေ။
သူက ဤအသားဟာ ထူးခြားတယ်ဟုပြောလျှင်...
သေချာပေါက် ထူးခြားလို့ပဲဖြစ်သည်။