သူ့ဆန္ဒကိုဓားနဲ့ဖြည့်ပေးလိုက်
Vol. 33 Ch. 422
"အဟွန့်.... အဟွန့်... အဟွန့်...."
ဝမ်ချန်ဂျန် လျှာကိုက်ပြီး သွေးတစ်လုပ်အန်ကာ ပြောလိုက်သည်။
"ဂျူနီယာညီမ.... မင်း... အရမ်းနှလုံးသားကင်းမဲ့တာပဲ...."
ထိုအရာကိုကြားသည့်အခါ လျိုချင်းရှန် သူမနှလုံးသားအား အပ်ဖြင့်ထိုးခံရသလိုခံစားလိုက်ရသည်။
ပြင်ပဂိုဏ်းတပည့်သုံးယောက်လည်း နောက်ထပ်သီးမခံနိုင်တော့ပေ။
"စီနီယာအမလျို, စီနီယာအကိုဝမ်အသက်က မင်းဆီက စကားလေးတစ်ခွန်းလောက်တောင်မတန်ဖူးလား..."
"သူက မင်းအသက်ကိုကယ်ခဲ့ပေမယ့် သူရဲ့သေခါနီးဆန္ဒသေးသေးလေးကိုတောင် မင်းက ဖြည့်ဆည်းမပေးနိင်ဘူး...."
"သူက သေတော့မှာပဲ, သဘာတူညီမှုလေးက ဘာတွေထိခိုက်သွားမှာမိုလို့လဲ။ မင်းတကယ်ဆန္ဒဖြည့်ပေးရတာလည်းမဟုတ်ဘူးလေ...."
လျိုချင်းရှန်စိတ် သူတို့စကားတွေကြောင့် ဗျာများသွား၏။
သူမဟာ တကယ်ပဲသွေးအေးနေလွန်းလားဆိုတာတောင် ကိုယ့်ဟာကိုယ်သံသယဝင်လာမိ၏။
ဝမ်ချန်းဂျန်စိတ်ထဲမှာ မျှော်လင့်ချက်တွေနှင့်ပြည့်နှက်နေခဲ့သည်။
လျိုချင်းရှန်ခံစစ်ယိမ်ယိုင်လာပြီး လက်ခံဖို့နီးကပ်လာတာကို သူခံစားမိ၏။
ထို့ကြောင့် သူ့လျှာကိုနောက်တစ်ကြိမ်ကိုက်ပြီး ပါးစပ်အပြည့်သွေးတစ်လုတ်အန်ထုတ်ကာ ဒဏ်ရာအပြင်းအထန်ရနေသည့်ပုံစံပြသလိုက်၏။
သူက အားနည်းစွာဖြင့် ကောင်းကင်ကိုမော့ကြည့်ပြီး ပြောလိုက်သည်။
"ငါ... ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မသေနိုင်တော့ဘူး...."
လျိုချင်းရှန် ကြီးမားသည့်အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။
သူမ၏အတွင်းပိုင်းခံစစ် နောက်တစ်ကြိမ် ပျက်စီးတော့မည့်အချိန်မှာပဲ....
ပုံရိပ်အများအပြား အောက်ကို အလျှင်အမြန်ခုန်ဆင်းလာခဲ့သည်။
ဦးဆောင်လာသူက ဂျန်ဖန်းပင်။
"စီနီယာအမ..."
လျိုချင်းရှန်ဒဏ်ရာရတာမမြင်တော့ ဂျန်ဖန်းနှလုံးသား နောက်ဆုံးမှာ သက်သာယာရသွားခဲ့သည်။
လျိုချင်းရှန်မသေသေးမှန် သူခန့်မှန်းမိသော်လည်း....
သူမ ဒဏ်ရာရလား ဒါမှမဟုတ် ထိခိုက်ထားတာတစ်ခုခုရှိလားဆိုတာ မသေချာပေ။
သူမလုံးဝ ထိခိုက်ထားတာမြင်မှသာ သူတကယ်ပဲ သက်သာယာရသွားခဲ့သည်။
ဟမ်?....
လျိုချင်းရှန် သူမ ကယောင်ချောက်ခြားဖြစ်နေသည်ဟု ထင်လိုက်မိ၏။
သူမ ဂျန်ဖန်းအသံကြားလိုက်သည်လား?
စိတ်ရှုပ်ထွေးသည့်အမူအရာနှင့် ခေါင်းလှည့်ကြည့်လိုက်သည်။
ထိုအခါ သူမအကြည့်တွေ လုံးဝအေးခဲသွားခဲ့သည်။
သူမအကြီးအကျယ်လွမ်းနေပြီး တွေ့ရမှာကြောက်လည်းကြောက်နေသည့် ချောမောသည့်မျက်နှာတစ်ခု....
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလေလံပွဲ၌...
သူမ ဂျန်ဖန်းကို စိတ်လိုက်မာန်ပါနမ်းလိုက်မိကတည်းက သူ့ကိုတွေ့ရမှာ အရမ်းရှက်နေခဲ့သည်။
ထို့ကြောင့် တောင်ထိပ်ကိုးခုပြိုင်ပွဲမှာတောင် လူလုံးထွက်မပြရဲခဲ့ပေ။
သို့ပေမယ့် ၁၀ ရက်ကျော်လောက် ဤနေရာမှာပိတ်မိနေပြီးနောက် သူမတဖြည်းဖြည်းနောင်တရလာခဲ့သည်။
သိုင်းပညာရှင်တစ်ယောက်၏လမ်းကြောင်းက အန္တရာယ်တွေနှင့်ပြည့်နေပြီး ထင်မှတ်မထားသည့်အရာတွေက အချိန်မရွေးဖြစ်သွားနိုင်တာပဲဖြစ်သည်။
မပြောဖြစ်ခဲ့သည့်ခံစားချက်အချို့က တစ်သက်လုံးဘယ်သောအခါမှမပြောရတော့တာဖြစ်သွားနိုင်၏။
ထို့ကြောင့်...
ဤမျက်နှာကို ရုတ်တရက်မြင်လိုက်သည့်အခါ သူမ ကိုယ့်ကိုယ်ကို မထိန်းထားနိုင်တော့ပေ။
ချက်ချင်းပဲ သူမကိုယ်သူမ ဂျန်ဖန်းရင်ခွင်ထဲပစ်ဝင်ကာ နှင်းကဲ့သို့ဖြူဖွေးသည့်လက်မောင်းလေးတွေက သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သူ့ရင်ခွင်ထဲနစ်မြုပ်ထားလိုက်သည်။
ဤရက်တွေ၌ သူမကအမြဲတမ်း ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်ထားပြီး စိတ်ဓာတ်သန်မာသည့်ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ပြသခဲ့သည်။
သို့ပေမယ့်ယခုတော့ သူမ၏အထောက်အပံ့တိုင်ကြီးနားပြန်ရောက်သကဲ့သို့....
သူမ၏ အားနည်းသည့်တစ်ဖက်ခြမ်းကိုပြသလာခဲ့သည်။
သူမက သူ့ရင်ခွင်ထဲမှာမှီနေပြီး သနားစရာကောင်းစွာအော်ငိုလိုက်သည်။
"နင်ဘာလို့ အရမ်းနောက်ကျနေရတာလဲ...."
"ငါက နင့်ကို ဘယ်တော့မှပြန်မတွေ့ရတော့ဘူးထင်နေတာ...."
"ဝါး..."
ပြင်ပဂိုဏ်းတပည့်သုံးယောက် အံ့အားသင့်သွားကြ၏။
ဤရက်တွေ၌ လျိုချင်းရှန် ဒဏ်ရာအပြင်းအထန်ရလျှင်တောင် မျက်မှောင်တစ်ချက်မကြုတ်ခဲ့ပေ။
သူမက အမျိုးသားတပည့်တွေထက်ကို ပိုအကြမ်းခံ၏။
သို့ပေမယ့် ယခုတော့ အရမ်းကိုနုယွသည့်ပုံစံဖြစ်နေခဲ့သည်။
သူတို့ကို ပိုလို့တောင်ဂရုဏာသက်သွားစေတာက ဝမ်ချန်းဂျန်ပင်။
လျိုချင်းရှန်အတွက် ဝမ်ချန်းဂျန်သေလုမျှောပါးဖြစ်ခဲ့ပေမယ့် သူမက သူ့အတွက် မျက်ရည်တစ်စက်မကျခဲ့ပေ။
ဂျန်ဖန်းကျတော့ လူလုံးထွက်ပြရုံရှိသေး လျိုချင်းရှန် သူ့ရင်ခွင်ထဲပစ်ဝင်ပြီး ငိုနေခဲ့သည်။
လူနှစ်ယောက်ကြားခြားနားမှုက...
လူနှင့်ခွေးကြားရှိ ခြားနားမှုထက်ပင် ပိုကြီးမားနေခဲ့သည်။
ဝမ်ချန်းဂျန် ဒေါသထွက်လွန်း၍ သွေးအန်လိုက်ရပြီး ဂျန်ဖန်းဘိုးဘေး ၈ဆက်လောက်ကို ကျိန်ဆဲလိုက်သည်။
ထိုကောင်က ဤအချိန်မှ ကွက်တိကြီးရောက်လာခဲ့သည်။
သူ၏စတေးမှုက ဂျန်ဖန်းထွက်ပေါ်ရုံလောက်ကို မယှဥ်နိုင်ဟု မယုံပေ။
"အား... အရမ်းနာတယ်.... ဂျူနီယာညီမ ငါ့ကို မင်းဓားနဲ့သတ်ပေးပါ..."
ဝမ်ချန်းဂျန် နာကျင်ချင်ယောင်ဆောင်လိုက်၏။
လျိုချင်းရှန် ထိုအခါမှသာ တစ်စုံတစ်ယောက် မြေပြင်ပေါ်လဲလျောင်းနေသေးတာ အမှတ်ရသွား၏။
သူမအလျှင်အမြန်ပဲ မျက်ရည်တွေသုတ်ကာ အပြစ်ရှိစိတ်ဖြင့်ပြောလိုက်သည်။
"ဖန်း, စီနီယာအကိုဝမ်က အစောပိုင်းက ငါ့ကို သေစေနိုင်တဲ့အဆိပ်ဆီကနေ ကယ်ထားတာ..."
"အခု... သူသေတော့မယ်...."
သေစေနိုင်တဲ့အဆိပ်?....
ဂျန််ဖန်း ထိုအရာက အလွန်အဆိပ်ပြင်းတာသိ၏။
၇ရောင်ခြယ်အဆိပ်ဖား၏အဆိပ်ထက်တောင်ပိုကြောက်စရာကောင်းတာပဲဖြစ်သည်။
သို့ပေမယ့် ဝမ်ချန်းဂျန်ကိုကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်က အေးခဲမည့်လက္ခဏာမပြရုံသာမက အဆိပ်မိသည့်လက္ခဏာလည်းမပြပေ။
သူက အမှန်တရားကိုသိရဖို့ တိတ်တဆိတ်ပဲ ချီရှာဖွေခြင်းနည်းစနစ်ကို အသုံးပြုလိုက်၏။
ထိုအခါ ဝမ်ချန်းဂျန်၏သွေးစီးဆင်းမှုက ချောမွေ့ပြီးကျန်းမာနေတာ မြင်လိုက်ရ၏။
အဆိပ်မိသည့်အရိပ်အယောင်မရှိပေ။
သူက မနေနိုင်ပဲ ပဟေဠိဖြစ်သွား၏။
"စီနီယာအမ, သူအဆိပ်မိနေတယ်ဆိုတာ သေချာလို့လား...."
လျိုချင်းရှန် စိုးရိမ်ပြီးစိတ်ရှုပ်နေရာ အလေးအနက်မတွေးတော့ပဲ ခေါင်းညိတ်လိုက်သည်။
တစ်ခဏတွေးပြီးနောက် သူမက ဝမ်ချန်းဂျန်၏အစောပိုင်းတောင်းဆိုမှုကိုလည်း ပြောပြလိုက်သည်။
သူမ ဂျန်ဖန်းကို မလှည့်စားချင်ပေ။
လုံးဝမလှည့်စားချင်ပေ။
"စီနီယာအကိုဝမ်ရဲ့ သေခါနီးဆန္ဒက.. ငါသူ့ကိုလက်ထပ်ဖို့ သဘောတူဖို့ပဲ..."
ထို့နောက်အလျှင်အမြန်ပဲ ထပ်ပေါင်းပြောလိုက်၏။
"ဒါပေမယ့် ငါသဘောမတူခဲ့ဘူး...."
ဂျန်ဖန်း ရုတ်တရက် နားလည်သွားခဲ့သည်။
ဒီတော့ အဆိပ်မိချင်ယောင်ဆောင်ပြီး လျိုချင်းရှန် လက်ထပ်ပွဲသဘောတူရန်အကြပ်ကိုင်တာဖြစ်သည်။
ဤကိစ္စသာအပြင်ပျံ့သွားလျှင် သူက ထိုအချက်ကို ဆင်ခြေအဖြစ်သုံးပြီး လျိုချင်းရှန်ကို ဖိအားပေးလက်ထိုင်းခိုင်မည်ဖြစ်သည်။
ထိုကောင်က အပြင်ထွက်လာရင်း တကယ်ကို အကျင့်ပျက်လာခဲ့သည်။
သူက အမှန်တရားကိုထုတ်မပြောပဲ လျိုချင်းရှန်အားမေးလိုက်သည်။
"မင်း သဘောတူချင်လား..."
ဂျန်ဖန်းမရောက်ခင်၌ သူမ စိတ်ပျော့သွားစေမည့် အခွင့်အရေးအနည်းငယ်ရှိ၏။
သို့ပေမယ့် ယခု ဂျန်ဖန်းရင်ခွင်ထဲမှာမှီနေရာ တွေဝေမနေပဲ ခိုင်မာစွာပြန်ပြောလိုက်၏။
"လုံးဝပဲ..."
"ငါသူ့ကို ငါ့အသက်နဲ့ပြန်ပေးဆပ်နိုင်တယ်။ ဒါပေမယ့် ဂုဏ်သိက္ခာနဲ့အကြွေးပြန်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး..."
ခဏရပ်ပြီးနောက်...
သူမက ရှေ့ရှိဂျန်ဖန်းကို နက်နက်ရှိုင်းရှိုင်းကြည့်ပြီ သတ္တိမွေးကာပြောလိုက်သည်။
"ငါက ဖန်းကိုပဲလက်ထပ်ချင်တာ...."
၁လကျော်ကြာခွဲခွာပြီးနောက် သူမက ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိလာခဲ့သည်။
တစ်ချို့စကားတွေက မပြောရလိုက်ချင် ဘယ်တော့မှပြောခွင့်ရတော့မည်မဟုတ်ပေ။
အာ....
ပြင်ပဂိုဏ်းတပည့်သုံးယောက် ကြောင်သွားကြ၏။
သူတို့က မယုံနိုင်စရာတစ်ခုခုကိုကြားလိုက်သည်လား?
ဂိုဏ်း ၉ ဂိုဏ်းနံပါတ် ၁အလှလေးဖြစ်တဲ့ လျိုချင်းရှန်က ဝန်ခံနေခဲ့သည်။
ဂျန်ဖန်း တည်တည်ငြိမ်ငြိမ်ပဲရှိနေခဲ့သည်။
လျိုချင်းရှန် သူမခံစားချက်ကို ဘယ်တုန်းကမှ မဖော်ပြခဲ့သော်လည်း ဂျန်ဖန်းက သစ်သားတုံးမဟုတ်ပေ။
သူက ဘယ်လိုလုပ် လျိုချင်းရှန်၏ခံစားချက်တွေကို နားမလည်ပဲနေမည်နည်း။
သူမဤကဲ့သို့ဝန်ခံလာမည်လို့ မျှော်လင့်မထားရုံသာဖြစ်သည်။
ဂျန်ဖန်း အများကြီးမပြောပဲ သူလက်မောင်းတွေကို သူမခါး၌ရစ်ပတ်ထားလိုက်သည်။
တစ်ခါတစ်ရံ တိတ်ဆိတ်နေတာက စကားလုံးတွေထက်ပိုထိရောက်၏။
လျိုချင်းရှန်မျက်နှာနီရဲသွားပြီး သူမမျက်လုံးတွေထဲ၌ ရှက်ရွံ့မှုနှင့်ပျော်ရွင်မှုတွေပြည့်နှက်နေခဲ့သည်။
သို့ပေမယ့် ဒေါသတကြီးအသံတစ်ခုက လေထုကို နောက်ယှက်လိုက်သည်။
"ဂျူနီယာညီမလျို...မင်း... မင်းက ငါ့အပေါ် ဒီလောက်တောင် အသည်းနှလုံးမရှိဆက်ဆံတယ်ပေါ့....."
ဝမ်ချန်းဂျန် ဒေါသထွက်သွား၏။
သူက လျိုချင်းရှန်သဘောတူညီမှုရဖို့ သနားစရာကောင်းစွာဟန်ဆောင်ခဲ့ရ၏။
သို့ပေမယ့် ဂျန်ဖန်းကတော့ ဘာမှမလုပ်ရပဲ လျိုချင်းရှန်က သူ့ကိုဆန္ဒရှိရှိလက်ထပ်ချင်နေခဲ့သည်။
ဤနိုင်ယှဥ်မှုက ကွာခြားလွန်းပြီး သူ့ကို လုံးဝကျိုးပျက်သွားစေခဲ့သည်။
လျိုချင်းရှန် အသိပြန်ဝင်လာပြီး ဂျန်ဖန်းကိုအလျှင်အမြန်မေးလိုက်သည်။
"ဂျူနီယာမောင်လေး, နင့်မှာ ပြန်လည်ရှင်သန်ခြင်းဆေးလုံးရှိသေးလား..."
အစောပိုင်းပုလင်းက ဂျန်ဖန်း သူမကို ပေးခဲ့တာဖြစ်သည်။
ယခု ပြန်လည်ရှင်သန်ခြင်းဆေးလုံးကသာ ဝမ်ချန်းဂျန်ကို ကယ်နိုင်တော့မှာဖြစ်သည်။
ဂျန်ဖန်း ပခုံးတွန့်လိုက်၏။
"ငါသုံးလို့ကုန်တာကြာပြီ..."
လျိုချင်းရှန် အကူအညီမဲ့သွား၏။
"ဒါဆို ငါဘာလုပ်သင့်လဲ..."
"စီနီယာအကိုအခုလိုဖြစ်ရတာ ငါ့ကြောင့်ပဲ...."
ဂျန်ဖန်း ကျောမှလွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုဆွဲထုတ်ပြီး သူမလက်ဝါးထဲထည့်ကာ ပြောလိုက်သည်။
"စီနီယာအမ, စီနီယာအကို အရမ်းနာကျင်နေမှာပဲ...."
"အစောပိုင်းသူ့ဆန္ဒအတိုင်း ပိုပြီးမနာကျင်ရအောင် သူ့အသက်ကိုအဆုံးသတ်ပေးလိုက်ပါ..."
"နှစ်တိုင်း ချင်းမင်ပွဲတော်ရောက်ရင် ငါ သူ့အတွက် စက္ကူတွေမီးရှို့ပေးမှာပါ...."
"သူ့ရဲ့မင်းအပေါ်မှာရှိတဲ့ အသက်ကယ်ကျေးဇူးကို ငါဘယ်တော့မမေ့ပါဘူး...."
ဟမ်?...
ပြင်ပဂိုဏ်းတပည့်သုံးယောက်ကြောင်သွားကြ၏။
ဤအရာကြီးက နည်းနည်းနှလုံးသားကင်မဲ့ရာရောက်မနေဘူးလား?
လျိုချင်းရှန်ဘယ်လိုလုပ် သဘောတူနိုင်မည်နည်း။
"ဒါ...ဒါက အဆင်ပြေတယ်လား..."
လျိုချင်းရှန် တွေဝေသွား၏။
ဂျန်ဖန်း ပြောလိုက်သည်။
"အခုတောင် မင်းက ငါ့စကားနားမထောင်တော့ဘူးပေါ့...."
လျိုချင်းရှန် ဂျန်ဖန်းဒေါသထွက်သွားမှာကြောက်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"ငါနားထောင်ပါ့မယ်, ငါနားထောင်ပါ့မယ်...."
ထို့နောက် ဓားကိုဆုပ်ကိုပြီး ဝမ်ချန်းဂျန်နားလျှောက်သွားကာ ပြောလိုက်သည်။
"စီနီယာအကို, အဆိပ်ရဲ့နာကျင်မှုက ဓားတစ်ချက်ထက် ၁၀ဆလောက်ပိုဆိုးတယ်..."
"ညီမ အကို့ကို ဓားတစ်ချက်တည်းနဲ့သတ်ပြီး နာကျင်မှုတွေကို သက်သာအောင်လုပ်ပေးပါ့မယ်...."
"မစိုးရိမ်ပါနဲ့, ဖန်းကကြင်နာတတ်ပါတယ်။ သူက ငါ့အပေါ်မှာရှိတဲ့နင့်ကျေးဇူးတွေကို အမှတ်ရနေပြီး နှစ်တိုင်းစက္ကူတွေမီးရှို့ပေးမှာပါ..."
ပြောပြီးနောက် သူမက ဓားကိုရှေ့သို့ထိုးလိုက်သည်။
ဝမ်ချန်းဂျန် လုံးဝဒေါသထွက်သွား၏။
ဂျန်ဖန်း, မင်းခွေးမသား...
ထိုကောင်က စကားအနည်းငယ်ဖြင့် အလွန်မာနကြီးသည့်လျိုချင်းရှန်ကို ထိန်းကျောင်းနိုင်ခဲ့ပြီး သူ့ဦးဆောင်မှုနောက်ကို နာနာခံခံလိုက်သွားစေ၏။
ဓားနီးကပ်လာတာမြင်တော့ သူဘယ်လိုလုပ်ဆက်ဟန်ဆောင်ရဲတော့မည်နည်း။
အလျင်အမြန်ပဲ အဝေးကိုလိမ့်သွားကာ ကပ်သီလေးရှောင်တိမ်းနိုင်လိုက်၏။
ဟမ်?...
လျိုချင်းရှန် ကြောင်သွား၏။
ပြင်ပဂိုဏ်းတပည့်သုံးယောက်လည်း မျက်လုံးတွေပြူးကျယ်နေခဲ့သည်။