အပြင်းအထန်သင်ခန်းစာပေးခြင်း
Vol. 33 Ch. 423
"ဘာဖြစ်တာလဲ..."
"ဝမ်ချန်းဂျန် အပြင်းအထန်ဒဏ်ရာရနေတာမဟုတ်ဘူးလား။ စောနကတင်သေခါနီးဖြစ်နေပြီး စကားတောင်ကောင်းကောင်းမပြောနိုင်ဘူးလေ..."
"ဘယ်လိုလုပ်ရုတ်တရက်ကြီး အရမ်းလျှင်မြန်သွားရတာလဲ...."
"ဒီလိုပြင်းထန်တဲ့ဓားချက်ကိုတောင် ရှောင်နိုင်တယ်...."
"ပြီးတော့..."
"သူက လျိုချင်းရှန်ကို သူခံစားနေရတာ အဆုံးသတ်ပေးဖို့ တောင်းဆိုနေတာမဟုတ်ဘူးလား...."
"ဘာလို့ရှောင်လိုက်တာလဲ..."
လျိုချင်းရှန် အံံ့အားသင့်သွားပြီး ပြောလိုက်သည်။
"စီနီယာအကိုဝမ်, ဒါ...ဒါက ဘယ်လိုဖြစ်တာလဲ..."
ဂျန်ဖန်း သူမလက်ထဲကဓားကိုယူပြီး တစ်ချက်ဝှေ့ယမ်းကာ ဓားအိမ်ထဲပြန်ထည့်လိုက်သည်။
ထို့နောက် ထူးမခြားနားစွာပြောလိုက်သည်။
"လူ့စိတ်ကကြောက်စရာကောင်းတယ်ဆိုတဲ့ စကားက အလကားသက်သက်မဲ့မဟုတ်ဘူး...."
"အဲ့စကားမှာ ငါတို့ဘိုးဘေးတွေရဲ့ သွေးနဲ့ရင်းထားတဲ့သင်ခန်းစာတွေပါတယ်...."
လျိုချင်းရှန် ထိုအခါမှသာ နားလည်သွား၏။
သူမက ဝမ်ချန်းဂျန်ကို သေချာစစ်ဆေးကြည့်လိုက်ရာ သူက လျှင်မြန်ဖျတ်လတ်ရုံတင်မဟုတ်ပေ။
လေအေးနှင့်တိုက်ခိုက်ခံရသော်လည်း သူခန္ဓာကိုယ်က အေးခဲမည့်အရိပ်အယောင်မပြပေ။
ထိုအရာအရ သူအဆိပ်မိမထားဘူးဆိုတာ ညွှန်ပြနေခဲ့သည်။
အစောပိုင်း၌ သူမက ဝမ်ချန်းဂျန်၏သေခါနီးအသွင်အပြင်ကြောင့် စိတ်ပျံ့လွင့်နေပြီး အသေးစိတ်အာရုံမစိုက်နိုင်ဖြစ်သွားခဲ့သည်။
ဤအခိုက်အတန့်၌ အမြင်အသစ်ဖြင့်...
သူမကို လပ်ထပ်မှုသဘောတူအောင် ဝမ်ချန်းဂျန်ဟာ သူရဲကောင်းကအလှလေးအားကယ်သည့်ပြဇာတ်ကနေတာ ဘယ်လိုလုပ်နားမလည်ပဲနေမည်နည်း။
"နင် အရှက်မရှိတဲ့ကောင်..."
လျိုချင်းရှန် ချက်ချင်း ဒေါသထွက်သွား၏။
သူမ၏ကြင်နာမှုကို အသုံးချပြီး လက်ထပ်မှုကို သဘောတူအောင်လှည့်ဖျားခဲ့သည်။
ဤကဲ့သို့ စက်ဆုပ်ဖွယ်နည်းလမ်းမျိုးသုံးပြီး နှစ်ပေါင်းများစွာကြာ သူမ၏စီနီယာအကိုကြီးဖြစ်နေခဲ့သည်လား။
သူမက ခါးမှဓားကိုဆွဲထုတ်ပြီး ဝမ်ချန်းဂျန်ကို တိုက်ခိုက်လိုက်၏။
ဝမ်ချန်းဂျန် ထိတ်လန့်သွားပြီး အလျှင်အမြန်ရှောင်တိိမ်းလိုက်၏။
သို့ပေမယ့် သူက အခြေခံတည်ဆောက်ခြင်းအဆင့် ၉သာရှိပြီး လျိုချင်းရှန်က အမြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်၏။
ဘယ်လိုလုပ် ရှောင်တိမ်းနိုင်မည်နည်း။
ချက်ချင်းပဲ လျိုချင်းရှန် သူ့လက်မောင်သားကို ဖြတ်ထုတ်လိုက်ရာ လက်မောင်းကိုဆုပ်ကိုင်ပြီး နာကျင်စွာအော်ဟစ်လိုက်ရ၏။
ဤတစ်ချိန် သူက အမှန်တကယ်ဒဏ်ရာရသွားပြီဖြစ်သည်။
လျိုချင်းရှန်မျက်လုံးတွေက မနှစ်မြို့မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
"ဂိုဏ်းတူတပည့်တွေချင်းဖြစ်နေလို့သာမဟုတ်ရင် ငါနင့်ကို ဓားတစ်ချက်တည်းနဲ့သတ်ပစ်တယ်...."
ဝမ်ချန်းဂျန်သိ၏။
သူနှင့် လျိုချင်းရှန်ကြား၌ လုံးဝပြီးသွားပြီဖြစ်သည်။
သို့ပေမယ့် သူဆန္ဒမရှိပေ။ အတော်လေးဆန္ဒမရှိပေ။
ရှင်းလင်းစွာပဲ သူက လျိုချင်းရှန်နားကို ဂျန်ဖန်းထက်အများကြီးစောပြီးရောက်ခဲ့တာဖြစ်သည်။
ဘာကြောင့် နောက်မှရောက်လာသည့်ဂျန်ဖန်းက သူ့ကို ကျော်တက်သွားရသနည်း။
"ဂျန်ဖန်း, ဒါကိုလက်ခံဖို့ ငါငြင်းတယ်..."
"မင်းလို စိတ်ဝိညာဥ်အမြစ်မရှိတဲ့ကောင်က ဘယ်လိုလုပ်ငါနဲ့ယှဥ်နိုင်မှာလဲ...."
မူလက သူ လျစ်လျူရှုထားဖို့စီစဥ်ထား၏။
သို့ပေမယ့် ထိုကောင်က တိုက်ရိုက်မေးလာပြီဖြစ်၍ ဂျန်ဖန်း ရှင်းရှင်းလင်းလင်း တုံ့ပြန်လိုက်၏။
"စီနီယာအကို, မင်းကိုယ်မင်း ငါ့ထက်သန်မာတယ်ထင်နေတာလား...."
ဝမ်ချန်းဂျန် လှောင်ပြောင်လိုက်၏။
"မင်းက ရုပ်ခန္ဓာခွန်အားကိုမှီခိုပြီး တန်ထျန်းလုံဂရုမမူမိဖြစ်သွားတာကို အခွင့်ကောင်းယူသွားရုံပါ..."
"အဲ့တာကလည်း မင်းကြွားဝါနိုင်တဲ့တစ်ခုတည်းသော တိုက်ပွဲမလား...."
သူက အလျှင်အမြန်ပဲဲ မကြာသေးခင်ကမှ ချိုးဖျက်ထားသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ စွမ်းအားကို ထုတ်ဖော်လိုက်သည်။
"ငါနဲ့ဆို, မင်းအဲ့လိုရိုက်နိုင်မှာတဲ့လား...."
ပြင်ပဂိုဏ်းတပည့်သုံးယောက် နည်းနည်းလေးမှလေးစားမှုမရှိပဲ ကြည့်လိုက်ကြသည်။
ဤကမ္ဘာကြီး၌ အခြေခံတည်ဆောက်ခြင်း အဆင့် ၉ ရောက်နိုင်သည့်မည်သူမဆို ဂိုဏ်း ၉ ဂိုဏ်းတပည့်တွေ၌ ထိပ်တန်းအဖြစ်သတ်မှတ်နိုင်၏။
မည်သူမှ လျော့မတွက်နိုင်ပေ။
လျိုချင်းရှန် ဂျန်ဖန်းဘက်ကပြောပေးလိုက်သည်။
"အဲ့ဒီတော့ဘာဖြစ်လဲ...."
"ဖန်းကိုအချိန်သာပေးလိုက်, သေချာပေါက်နင့်ထက်သာသွားမှာ..."
ဝမ်ချန်းဂျန် လှောင်ပြောင်လိုက်၏။
"အချိန်? တစ်နှစ်လား နှစ်နှစ်လား? ဒါမှမဟုတ် ၁၀နှစ်လား အနှစ် ၂၀လား...."
"စိတ်ဝိညာဥ်အမြစ်မရှိတာက မရှိတာပဲ။ သိုင်းပညာလမ်းစဥ်မှာ ဘယ်တော့မှ ကြီးမားတဲ့အနာဂတ်ရှိလာမှာမဟုတ်ဘူး..."
"ဂျူနီယာညီမလျို, မင်းရဲ့ယောက်ျားရွေးချယ်မှုက တကယ်ညံ့တယ်လို့ ပြောရမယ်..."
"ငါကိုလျစ်လျူရှုပြီး အဆုံးသမားတစ်ယောက်ကို..."
အဆုံးသမား ဆိုသည့်စကား သူ့ပါးစပ်ထဲ၌ရှိနေစဥ်...
သူရှေ့ဆက်မပြောနိုင်တော့ဘူးဆိုတာ သိလိုက်၏။
မျက်လုံးတွေလည်း မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေကာ လေအေးတွေရူသွင်းလိုက်၏။
"မင်း... မင်း...."
သူက ဂျန်ဖန်းပတ်လည်ရှိ သန်မာသည့်စိတ်ဝိညာဥ်စွမ်းအားကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေပြီး သစ္ဆေသရဲတစ်ကောင်မြင်နေရသလိုပင်။
လျိုချင်းရှန် တစ်စုံတစ်ခုကို ခံစားမိသွားပြီး လှည့်ကြည့်လိုက်ရာ အံ့အားသင့်မှုကော ပျော်ရွင်မှုပါ ခံစားလိုက်ရသည်။
"ဖန်း, နင်... နင် အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖျက်သွားပြီ...."
ဂျန်ဖန်းပြုံးပြီး သူ၏စိတ်ဝိညာဥ်စွမ်းအားကိုပြန်ရုတ်သိမ်းကာ ပြောလိုက်သည်။
"မင်းရဲ့ယောက်ျားရွေးချယ်မှုက အရမ်းကြီးမဆိုးပါဘူး..."
လျိုချင်းရှန် ဂုဏ်ယူစွာဖြင့် ဝမ်ချန်းဂျန်ကို ကြည့်လိုက်သည်။
"ဖန်းက အမှိုက်ဆိုရင်...."
"နင်ကဘာဖြစ်မလဲ။ နှစ်ပေါင်းများစွာကျင့်ကြံလာတာတောင် ဖန်းလောက်မတော်ပဲနဲ့များ...."
ဝမ်ချန်းဂျန်မျက်နှာ နီရဲသွား၏။
စီနီယာအကိုကြီးဟူသည့်ဂုဏ်သိက္ခာကိုအပြင်းအထန်ထိပါးလာ၍ အံကြိတ်ပြီးပြောလိုက်သည်။
"ငါမယုံဘူး..."
"ဂျန်ဖန်း လက်ရှိအဆင့်ကိုရောက်ဖို့ သေချာပေါက် နတ်ဆိုးနည်းလမ်းသုံးတာဖြစ်ရမယ်....."
"ငါ ဒီကစ္စဆရာ့ဆီကို တင်ပြရမယ်..."
ဂျန်ဖန်းမျက်လုံးထဲ၌ အေးစက်မှုတွေ စုဝေးလာခဲ့သည်။
ဂိုဏ်းမှာတုန်းက သူက ဝမ်ချန်းဂျန်၏လှည့်ကွက်လေးတွေကို အမြဲရယ်နေခဲပြီး ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ပေ။
ယနေ့, ထိုကောင်က လျိုချင်းရှန်ဆီမှလက်ထပ်သဘောတူညီမှုရဖို့ မသမာသည့်နည်းလမ်းကို အသုံးပြုခဲ့သည်။
ယခုပေါ်သွားပေမယ့် လုံးဝနောင်တရသည့်အရိပ်အယောင်မပြပေ။
ထို့ပြင် သူ့ကိုပါ ပေါ်တင်ခြိမ်းခြောက်လာခဲ့သည်။
ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းချုပ်တိုင်ကြားတာတောင်မကြောက်ရာ သဘာဝအတိုင်း ဤကဲ့သို့ဖော်ထုတ်ခံရတာမျိုးကို မကြောက်ပေ။
သို့ပေမယ့် ဝမ်ချန်းဂျန် သူ့ကိုယ်သူ အနည်းငယ်ထိန်းထားသင့်၏။
သူ့ခြေဖျားထိပ်ကိုလှုပ်ရှားပြီး ချက်ချင်းတိုက်ခိုက်လိုက်၏။
ဝမ်ချန်းဂျန် ဒေါသတကြီးရယ်လိုက်၏။
"အချိန်ကိုက်ပဲ...."
"နတ်ဆိုးနည်းစနစ်ကရတဲ့မင်းစွမ်းအားက ဘယ်လောက်သန်မာလည်း ကြည့်ရအောင်...."
ဂျန်ဖန်း ဂိုဏ်းကိုဝင်ရောက်ခဲ့သည့် ပထမဆုံးရက်ကတည်းက သူက ထိုကောင်ကို အတော်လေးမကြိုက်ခဲ့တာဖြစ်သည်။
ထို့ပြင် သူမကြိုက်သည့်ကောင်က အချိန်တိုင်းပိုပိုသန်မာလာခဲ့သည်။
ယနေ့၌ ထိုအရာက သူ၏ဂုဏ်သိက္ခာကိုဆုံးရှုံးစေသည်အထိ ဖွံ့ဖြိုးလာပြီဖြစ်သည်။
သူက ဂျန်ဖန်းကို လျိုချင်းရှန်ရှေ့မှာ နင်းခြေပစ်ချင်၏။
ဂိုဏ်းသခင်တောင်ထိပ်၌ မည်သူက အသန်မာဆုံးလဲဆိုတာ လျိုချင်းရှန်ကို ပြဖို့ပင်။
"တုန်လှုပ်နေသောနဂါး...."
ဂျန်ဖန်း ဓားဆွဲထုတ်ဖို့ စိတ်မဝင်စားပဲ ဦတည်ရာမဲ့နဂါးလက်ဝါးကို ထုတ်သုံးလိုက်သည်။
ဝမ်ချန်းဂျန် လှောင်ပြောင်လိုက်၏။
ဓားတောင်မထုတ်ဘူးလား?....
ဒါဆို ရန်သူကိုလျော့တွက်တဲ့အတွက် မင်းကို သင်ခန်းစာပေးရသေးတာပေါ့...
ထန်!
သူက ပြတ်ပြတ်သားသားပဲ ဓားဆွဲထုတ်ပြီး ဂျန်ဖန်းလက်ဝါးဆီ ထိုးသွင်းလိုက်သည်။
ဂျန်ဖန်းလက်ဝါးဖောက်ထွင်းခံရပြီး သွေးအလိမ်းလိမ်းဖြစ်သွားမည်ဟု တွေးထားခဲ့သည်။
သို့ပေမယ့် လက်တွေ့၌...
သူက သံမဏိတုံးတစ်ခုကို ထိုးလိုက်သကဲ့သို့ ခံစာလိုက်ရသည်။
မထိုးဖောက်နိုင်ရုံသာမက ထိုသံမဏိလက်ဝါးက သူ့ဓားကို တစ်လက်မချင်း ကွဲကျေသွားစေပြီး နောက်ဆုံး သူ့ရင်ဘတ်ပေါ ကျဆင်းလာခဲ့သည်။
ဘုန်း!
ကြီးအားသည့်အားက ဆင်တစ်ကောင်နှင့်တိုက်မိသကဲ့သို့လေးလံပြီး သူ့ရင်ဘတ်ရှိအရိုးတွေအားလုံးကျိုးသွားကာ နေရာတင်ပဲကိုယ်တွင်းအင်္ဂါတွေ ပျက်ဆီးသွားခဲ့သည်။
အသားစတွေပါသည့်ပါးစပ်အပြည့်သွေးတစ်လုတ်အန်လိုက်ရပြီး ခန္ဓာကိုယ်က ရေခဲနံရံတစ်ခုဆီလွင့်ပျံသွားပြီး အထဲနစ်မြုပ်သွားခဲ့သည်။
ဝမ်ချန်းဂျန်မျက်လုံးတွေ ကြောက်ရွံ့မှုတွေနှင့်ပြည့်နှက်သွား၏။
သူ၏ခွန်အားပြည့်တိုက်ခိုက်မှုက ဂျန်ဖန်း၏အသာအယာလက်ဝါးချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။
သူတို့ကြားရှိကွာခြားချက်က သူနှင့်လျိုချင်းရှန်ကြားရှိကွာခြားချက်ထက်ပင် အဆများစွာပိုကြီးမားနေခဲ့သည်။
ဂျန်ဖန်း လက်နောက်ပစ်လျှောက်လာလိုက်သည်။
"ငါ့ကို တိုင်ချင်သေးလား...."
ဝမ်ချန်းဂျန် တစ်ကိုယ်လုံးတုန်ယင်သွားပြီး ပြောလိုက်သည်။
"မလုပ်ရဲပါဘူး။ ငါ နောက်ထပ်မလုပ်ရဲတော့ပါဘူး...."
သူက ခံစားမိ၏။
ဂျန်ဖန်းသာ သူ့ကို သတ်ချင်လျှင် ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေတာထက်ပိုလွယ်ကူသည်ဆိုတာပင်။
အကြွင်းမဲ့ခွန်အားနှင့်ယှဥ်ဆိုင်ရာ၌ အနည်းငယ်လေးမှားရုံနှင့် သေသွားနိုင်တာပဲဖြစ်သည်။
ဝှစ်!
ရုတ်တရက်...
လေပြင်းတိုက်ခတ်သံတွေ အဝေးမှထွက်ပေါ်လာခဲ့သည်။
လျိုချင်းရှန်မျက်နှာ အကြီးအကျယ်ပြောင်းလဲသွား၏။
"ဖန်း, ရေခဲလေတွေလာနေပြီး မြန်မြန်ပုန်း...."
သို့ပေမယ့် ဂျန်ဖန်း တစ်ဖက်လှည့်ပြီး လာနေသည့်ရေခဲလေတွေကို တိုက်ရိုက်ရင်ဆိုင်လိုက်၏။
"အထဲမှာ တကယ်ပဲ အအေးဆိပ်အချို့ရှိနေတာပဲ..."
အဆိပ်ကိုးမျိုးစစ်မှန်ကျမ်းကို လေ့ကျင့်ပြီးကတည်းက သူ၏အဆိပ်တွေအပေါ်အာရုံခံစားနိုင်မှုက ပိုပြီးထက်ရှလာခဲ့သည်။
ဤနေရာရှိ အအေးဆိပ်က သူ့ကို မထိခိုက်စေနိုင်ပေ။
အင်္ကျီလက်ကိုတစ်ချက်ဝှေ့ယမ်းပြီး လေအေးတွေကို ဖမ်းယူလိုက်၏။
ထို့နောက် အထဲရှိအအေးဆိပ်အားလုံးကို သူ့န္ဓာကိုယ်ထဲစုပ်ယူပြီး အဆိပ်လုံးအတွက် သန့်စင်လိုက်၏။
လေအေးထဲရှိအအေးဓာတ်တွေကိုလည်း လွတ်ဆွတ်ခြင်းဆီးနင်းဓားက စုပ်ယူသွားခဲ့သည်။
သူ့အင်္ကျီလက်ကို လွတ်ချလိုက်သည့်အခါ...
လေပြေလေညင်းလေးတစ်ခုသာ ကျန်တော့၏။
သူက လေအေးတွေ၏ဦးတည်ချက်ကိုကြည့်ပြီး အနည်းငယ်သိချင်သွား၏။
"အအေးဆိပ်တွေကို အဆက်မပြတ်ထုတ်လွတ်နေတာ ဘယ်လိုပစ္စည်းမျိုးလဲ...."
"စီနီယာအမလျို, သူတို့ကို အပေါ်ခေါ်သွားပြီး ကျွန်တော့်ကို စောင့်နေပါ..."
ပြောပြီးနောက် လှုပ်ရှားမှုနည်းလမ်းသုံးကာ လေအေးတွေ၏ဦးတည်ချက်ဆီဦးတည်လိုက်၏။
အပေါ်?...
လျိုချင်းရှန် ဂျန်ဖန်းဘာသွားလုပ်ဖို့လဲဆိုတာ မေးဖို့အချိန်မရှိပဲ အော်ပြောလိုက်၏။
"အပေါ်မျာ သွေးနဂါးတစ်ကောင်ရှိတယ်.."
ဂျန်ဖန်း၏ ပျောက်ကွယ်တော့မည့်ပုံရိပ် နောက်ပြန်လှည့်မကြည့်ပဲ ပြောလိုက်သည်။
"ငါ သတ်ပြီးပြီ..."
လူတိုင်းအံ့အားသင့်သွားကြ၏။
ပြင်ပဂိုဏ်းတပည့်သုံးယောက် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။
"ငါများ နားကြားမှားတာလား...."
"သူပြောတာ... သွေးနဂါးကိုသတ်လိုက်ပြီ?..."
ပြင်ပဂိုဏ်းတပည့်တစ်ယောက် နောက်ထပ်မထိန်းထားနိုင်တော့ပဲ မေးလိုက်သည်။
"စီနီယာအမလျို, ဒီလူက အတိအကျဘယ်သူလဲ...."
"သူက တကယ်ပဲ စိတ်ဝိညာဥ်အမြစ်မရှိတဲ့ဂျန်ဖန်းလို့တော့မပြောနဲ့...."